Saturday 24 June 2017

ME Control (၂) - Remote Control Not Working

[zawgyi]

Supply boat တစ္စီးမွာပါ။ Main Engine ကို Bridge ကေန remote control မရလို႔ လို႔ေျပာပါတယ္။ သေဘၤာေပၚေရာက္ေတာ့ bridge မွာ သြားၿပီး စစ္ၾကည့္ပါတယ္။ သူႀကီးက ရွင္းျပၿပီး စမ္းလည္းျပပါတယ္။ Engine speed အတင္အခ် ဘာမွမရဘူးေျပာပါတယ္။ Engine ႏႈိး Control handle ကို ေရႊ႕ၾကည့္ေတာ့ Rpm indicator မွာ ဘာမွ မေျပာင္းပါဘူး။ Forward/ Astern ဘာမွ မရပါဘူး။ ဒါေပမဲ့ emergency control ေတာ့ရတယ္ေျပာတယ္။ စမ္းလည္း စမ္းျပပါတယ္။ အဲဒါေတာ့ speed အတင္အခ်၊ ေရွ႕၊ေနာက္ ရသားဘဲ။

ဒါနဲ႔ အဲဒီ mode ႏွစ္ခုဘာကြာလည္း ၾကည့္ပါတယ္။ Normal handle က electrical control ျဖစ္ၿပီး emergency mode က pneumatic control ျဖစ္ေနပါတယ္။ Engine Room ကို ဆင္းၾကည့္ေတာ့ governor control ကလည္း pneumatic control ဘဲ။ Motor drive မဟုတ္ဘူး။ Drawing ကိုဖတ္ပါတယ္။ Pneumatic နဲ႔ တိုက္႐ိုက္ခိုင္းယင္ အလုပ္လုပ္ၿပီး electrical နဲ႔ အလုပ္မလုပ္ဘူးဆိုေတာ့ electrical command ထုတ္ေပးမယ့္ bridge ကိုျပန္သြားပါတယ္။ Handle နဲ႔ တြဲထားတဲ့ potentiometer ကို တိုင္းထားၿပီး handle ကို ေရႊ႕ၾကည့္ပါတယ္။ Resistance က လိုက္ေျပာင္းေနတယ္ဆိုေတာ့ ေကာင္းေနပါတယ္။ Input ေကာင္းေနတယ္။ အဲဒီကေန control module ဆီ ဝင္သြားပါတယ္။ Governor ဘက္ကို ထြက္တဲ့ဘက္မွာ proportional control valve တစ္လုံး ရွိပါတယ္။ 4-20 mA signal ကို pressure output အနည္းအမ်ား ေျပာင္းေပးတာပါ။ i/p converter လို႔ ေျပာႏိုင္ပါတယ္။ Drawing ထဲမွာေတာ့ ေတြ႕ေနရတယ္။ အျပင္မွာ ေတာ္ေတာ္ရွာယူရပါတယ္။ ေနာက္မွ ER အဆင္း ေလွကားေအာက္မွာ ေတြ႕ပါတယ္။ အဲဒီ valve မွာ အဝင္ ႀကိဳး ၃ ေခ်ာင္းရွိပါတယ္။ 0,24V ႏွစ္ေခ်ာင္းနဲ႔ signal တစ္ေခ်ာင္းပါ။ တိုင္းၾကည့္ေတာ့ 24 V power မရွိပါဘူး။ ေရွ႕ဆက္ၿပီး လိုက္ၾကည့္ေတာ့ power supply ေလးတစ္ခုရွိပါတယ္။
 အဝင္ fuse/breaker တစ္ခုခု က်ေနလို႔လား။ power supply က 220V AC ဝင္ၿပီး 24V DC ထုတ္ေပးတာပါ။ အဲဒီ power supply အဝင္ကို တိုင္းၾကည့္ေတာ့ 220V ရွိေနတယ္။ အထြက္ က 0V ဆိုေတာ့ ဒါပ်က္တာေပါ့။ သေဘၤာေပၚမွာ spare ရွာၾကည့္ေတာ့ မရွိလို႔ ႐ုံးက တစ္ေယာက္ ဝယ္ၿပီး လာပို႔ေပးပါတယ္။ အသစ္မလဲခင္ အထြက္ Load side ဘက္မွာ short ရွိမရွိစစ္။ ေသခ်ာမွ power supply လဲေပးၿပီး စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္။ သူႀကီး စိတ္ႀကိဳက္စမ္းေမာင္းၾကည့္ၿပီး ေက်နပ္မွ ျပန္ခဲ့ၾကပါတယ္။ တစ္ခါတေလလည္း ဒီလို ခပ္လြယ္လြယ္ေလးေတြနဲ႔ၾကဳံယင္ သက္သာပါတယ္။

[unicode]

Supply boat တစ်စီးမှာပါ။ Main Engine ကို Bridge ကနေ remote control မရလို့ လို့ပြောပါတယ်။ သင်္ဘောပေါ်ရောက်တော့ bridge မှာ သွားပြီး စစ်ကြည့်ပါတယ်။ သူကြီးက ရှင်းပြပြီး စမ်းလည်းပြပါတယ်။ Engine speed အတင်အချ ဘာမှမရဘူးပြောပါတယ်။ Engine နှိုး Control handle ကို ရွှေ့ကြည့်တော့ Rpm indicator မှာ ဘာမှ မပြောင်းပါဘူး။ Forward/ Astern ဘာမှ မရပါဘူး။ ဒါပေမဲ့ emergency control တော့ရတယ်ပြောတယ်။ စမ်းလည်း စမ်းပြပါတယ်။ အဲဒါတော့ speed အတင်အချ၊ ရှေ့၊နောက် ရသားဘဲ။

ဒါနဲ့ အဲဒီ mode နှစ်ခုဘာကွာလည်း ကြည့်ပါတယ်။ Normal handle က electrical control ဖြစ်ပြီး emergency mode က pneumatic control ဖြစ်နေပါတယ်။ Engine Room ကို ဆင်းကြည့်တော့ governor control ကလည်း pneumatic control ဘဲ။ Motor drive မဟုတ်ဘူး။ Drawing ကိုဖတ်ပါတယ်။ Pneumatic နဲ့ တိုက်ရိုက်ခိုင်းယင် အလုပ်လုပ်ပြီး electrical နဲ့ အလုပ်မလုပ်ဘူးဆိုတော့ electrical command ထုတ်ပေးမယ့် bridge ကိုပြန်သွားပါတယ်။ Handle နဲ့ တွဲထားတဲ့ potentiometer ကို တိုင်းထားပြီး handle ကို ရွှေ့ကြည့်ပါတယ်။ Resistance က လိုက်ပြောင်းနေတယ်ဆိုတော့ ကောင်းနေပါတယ်။ Input ကောင်းနေတယ်။ အဲဒီကနေ control module ဆီ ဝင်သွားပါတယ်။ Governor ဘက်ကို ထွက်တဲ့ဘက်မှာ proportional control valve တစ်လုံး ရှိပါတယ်။ 4-20 mA signal ကို pressure output အနည်းအများ ပြောင်းပေးတာပါ။ i/p converter လို့ ပြောနိုင်ပါတယ်။ Drawing ထဲမှာတော့ တွေ့နေရတယ်။ အပြင်မှာ တော်တော်ရှာယူရပါတယ်။ နောက်မှ ER အဆင်း လှေကားအောက်မှာ တွေ့ပါတယ်။ အဲဒီ valve မှာ အဝင် ကြိုး ၃ ချောင်းရှိပါတယ်။ 0,24V နှစ်ချောင်းနဲ့ signal တစ်ချောင်းပါ။ တိုင်းကြည့်တော့ 24 V power မရှိပါဘူး။ ရှေ့ဆက်ပြီး လိုက်ကြည့်တော့ power supply လေးတစ်ခုရှိပါတယ်။

 အဝင် fuse/breaker တစ်ခုခု ကျနေလို့လား။ power supply က 220V AC ဝင်ပြီး 24V DC ထုတ်ပေးတာပါ။ အဲဒီ power supply အဝင်ကို တိုင်းကြည့်တော့ 220V ရှိနေတယ်။ အထွက် က 0V ဆိုတော့ ဒါပျက်တာပေါ့။ သင်္ဘောပေါ်မှာ spare ရှာကြည့်တော့ မရှိလို့ ရုံးက တစ်ယောက် ဝယ်ပြီး လာပို့ပေးပါတယ်။ အသစ်မလဲခင် အထွက် Load side ဘက်မှာ short ရှိမရှိစစ်။ သေချာမှ power supply လဲပေးပြီး စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတယ်။ သူကြီး စိတ်ကြိုက်စမ်းမောင်းကြည့်ပြီး ကျေနပ်မှ ပြန်ခဲ့ကြပါတယ်။ တစ်ခါတလေလည်း ဒီလို ခပ်လွယ်လွယ်လေးတွေနဲ့ကြုံယင် သက်သာပါတယ်။

No comments:

Post a Comment