Tuesday 13 June 2017

Insulation Resistance (၄) - DC 24V Low Insulation

[zawgyi]

Tanker တစ္စီးမွာ low insulation ျပႆနာအတြက္ သြားၾကည့္ရပါတယ္။ ျဖစ္ေနတာက DC 24 V မွာပါ။ Insulation Monitor က 24V Distribution panel မွာ။ Bridge ေပၚက အခန္းေလးတစ္ခုမွာ ထားပါတယ္။ ၾကည့္လိုက္ေတာ့ 30 k Ohm ေအာက္ေရာက္ေနတယ္။ Alarm set point က 40k ဆိုေတာ့ alarm output မီးလင္းေနၿပီး Alarm Monitoring System (AMS) မွာလည္း အၿမဲ တက္ေနတယ္ေျပာပါတယ္။ 




Low insulation ျပႆနာေတြက လြယ္တဲ့အခါလြယ္ၿပီး ေနရာအေနအထားအရ ခက္တဲ့ အခါလည္း ခက္ပါတယ္။ အခုျပႆနာက  DC circuit ေတြျဖစ္တဲ့ အတြက္ Megger မ႐ိုက္မိဖို႔ သတိထားရပါမယ္။ စက္ခ်ဳပ္ ကိုခြင့္ျပဳခ်က္ေတာင္းၿပီး DP မွာ breaker ေတြ ဖြင့္၊ ပိတ္ လုပ္ စမ္းၾကတာေပါ့။ Breaker ဆယ္ခုေလာက္ဆိုေတာ့ အေျဖက ခ်က္ခ်င္းသိရပါတယ္။ ျပႆနာက AMS ကိုသြားတဲ့ breaker အထြက္လိုင္းပါ။ အဲဒီ breaker off ထားယင္ အေကာင္း။ On လိုက္ယင္ insulation low ျဖစ္သြားၿပီး alarm trigger ျဖစ္သြားပါတယ္။ ဒီေတာ့ AMS panel ရွိတဲ့ ECR ကို ဆင္းသြားၾကည့္ပါတယ္။ AMS drawing ကိုဖတ္၊ fuse ေတြ တစ္ခုစီ ျဖဳတ္၊ တပ္လုပ္ၿပီး narrow down လုပ္လိုက္ေတာ့ PLC ရဲ႕ input terminal ေတြထဲကျဖစ္ေနတယ္။ input 200 ေလာက္ ရွိမယ္။ စမ္း ရတာလည္း မေခ်ာင္ဘူး။ Walkie talkie နဲ႔ တစ္ေယာက္က Bridge deck မွာၾကည့္ ေျပာေပးေနရတယ္။ input 200 ကို တစ္ေခ်ာင္းစီ ျဖဳတ္တပ္ ေနရယင္ အခ်ိန္ေတာ္ေတာ္ကုန္မယ္။ ေနရာကလည္း စားပြဲေအာက္ ကတ္သီးကတ္သတ္ ဝင္လုပ္ရတာေလ။
ဒီေနရာမွာ ေက်ာင္းတုန္းက နည္းေလးက အသုံးဝင္လာပါတယ္။ Binary search နည္းေလးပါ။ တစ္ဝက္ခြဲရွာနည္းေပါ့ဗ်ာ။ ပစၥည္းေတြအမ်ားႀကီးထဲက မေကာင္းတဲ့ ပစၥည္း ရွာမယ္ဆိုယင္ တစ္ဝက္ခြဲလိုက္ပါတယ္။ ေကာင္းတဲ့ဘက္ကို ဖယ္ထားလိုက္ၿပီး မေကာင္းတဲ့ အုပ္စုကို ထပ္ၿပီး တစ္ဝက္ခြဲၿပီး ရွာရပါတယ္။ အဲဒီလိုနဲ႔ ေနာက္ဆုံးတစ္ခုကို ရွာလို႔ေတြ႕သြားမွာပါ။ ဒီနည္းက ရွာရမယ့္ အေရအတြက္မ်ားေလ အသုံးတဲ့ေလပါဘဲ။ မေကာင္းတဲ့ ပစၥည္း တစ္ခုဘဲရွိမယ္ဆိုယင္ 2 ႐ဲ့ exponent က ရွာရမယ့္ အႀကိမ္ အေရအတြက္ေပါ့။ ဥပမာ 1000 items ထဲကရွာယင္ 2^10= 1024 ဆိုေတာ့ 10 ႀကိမ္ရွာယုံနဲ႔ ေတြ႕ႏိုင္ပါတယ္။ 
ဒီနည္းသုံးယင္ သတိထားရမွာက အလြယ္တကူ conclusion မခ်ဖို႔ပါဘဲ။ ဥပမာ တစ္ဝက္ကို ဖယ္ၿပီး တိုင္းလို႔ မေကာင္းဘူးဆိုယင္ ဖယ္လိုက္တဲ့ တစ္ဝက္က အကုန္ေကာင္းတယ္လို႔ မဆုံးျဖတ္ရပါဘူး။ အဲဒီတစ္ဝက္ထဲမွာ မေကာင္းတာ ေနာက္တစ္ခု ပါႏိုင္ေသးတာမို႔ ဖယ္ထားတဲ့ ပထမတစ္ဝက္ကို confirmation ျပန္စမ္းရပါမယ္။ 
ကံေကာင္းလို႔ တစ္ဝက္ဖယ္ၿပီး စမ္းတဲ့ အခ်ိန္မွာ ေကာင္းေနယင္ေတာ့၊ အဲဒီတစ္ဝက္ထဲမွာ ပ်က္တဲ့ ပစၥည္း မပါဘူးလို႔ ေကာက္ခ်က္ခ်ႏိုင္ပါတယ္။ အခုလည္း input channel 200 ဆိုေတာ့ 2^8= 256 ျဖစ္တဲ့ အတြက္ preliminary ၈ ႀကိမ္ confirmation အတြက္ ၈ ႀကိမ္။ အမ်ားဆုံး ၁၆ ႀကိမ္ ရွာယင္ မေကာင္းတဲ့ channel တစ္ခု ေတြ႕မွာပါ။ ကံဆိုးၿပီး မေကာင္းတာ တစ္ခုထက္ ပိုယင္ေတာ့ ပိုရွာရမွာေပါ့။
ဒါနဲ႔ ကၽြန္ေတာ္လည္း အဲဒီနည္းနဲ႔ ရွာလိုက္တာ သိပ္မၾကာခင္မွာ input signal ထဲက ဒုကၡေပးေနတဲ့ channel ကိုေတြ႕သြားပါတယ္။ ေသခ်ာေအာင္ က်န္တဲ့ ႀကိဳးေတြ အကုန္ျပန္တပ္ေတာ့လည္း ေကာင္းေနပါတယ္။ ဒီ တစ္ခုေၾကာင့္ဘဲဆိုေတာ့ ေတာ္ပါေသးရဲ႕။ တစ္ခါတေလ fault က တစ္ခုမက ျဖစ္တတ္ပါတယ္။ 
Drawing မွာျပန္ၾကည့္ေတာ့ fault ျဖစ္တဲ့ input က Bow Thruster ရဲ႕ bilge well high level alarm တဲ့။ Forward မွာရွိတဲ့ Bow Thruster အခန္းထဲဆင္းၿပီးေတာ့ Bilge well ထဲက float switch ကိုျဖဳတ္ယူခဲ့တယ္။ Off line စမ္းၾကည့္ေတာ့ လည္း ground နဲ႔ ၿငိေနလို႔ အသစ္လဲေပးခဲ့ပါတယ္။ ဂငယ္ စက္ခ်ဳပ္ကို ႏႈတ္ဆက္ၿပီး ျပန္ခဲ့တယ္ေပါ့ဗ်ာ။

[unicode]

Tanker တစ်စီးမှာ low insulation ပြဿနာအတွက် သွားကြည့်ရပါတယ်။ ဖြစ်နေတာက DC 24 V မှာပါ။ Insulation Monitor က 24V Distribution panel မှာ။ Bridge ပေါ်က အခန်းလေးတစ်ခုမှာ ထားပါတယ်။ ကြည့်လိုက်တော့ 30 k Ohm အောက်ရောက်နေတယ်။ Alarm set point က 40k ဆိုတော့ alarm output မီးလင်းနေပြီး Alarm Monitoring System (AMS) မှာလည်း အမြဲ တက်နေတယ်ပြောပါတယ်။

Low insulation ပြဿနာတွေက လွယ်တဲ့အခါလွယ်ပြီး နေရာအနေအထားအရ ခက်တဲ့ အခါလည်း ခက်ပါတယ်။ အခုပြဿနာက  DC circuit တွေဖြစ်တဲ့ အတွက် Megger မရိုက်မိဖို့ သတိထားရပါမယ်။ စက်ချုပ် ကိုခွင့်ပြုချက်တောင်းပြီး DP မှာ breaker တွေ ဖွင့်၊ ပိတ် လုပ် စမ်းကြတာပေါ့။ Breaker ဆယ်ခုလောက်ဆိုတော့ အဖြေက ချက်ချင်းသိရပါတယ်။ ပြဿနာက AMS ကိုသွားတဲ့ breaker အထွက်လိုင်းပါ။ အဲဒီ breaker off ထားယင် အကောင်း။ On လိုက်ယင် insulation low ဖြစ်သွားပြီး alarm trigger ဖြစ်သွားပါတယ်။ ဒီတော့ AMS panel ရှိတဲ့ ECR ကို ဆင်းသွားကြည့်ပါတယ်။ AMS drawing ကိုဖတ်၊ fuse တွေ တစ်ခုစီ ဖြုတ်၊ တပ်လုပ်ပြီး narrow down လုပ်လိုက်တော့ PLC ရဲ့ input terminal တွေထဲကဖြစ်နေတယ်။ input 200 လောက် ရှိမယ်။ စမ်း ရတာလည်း မချောင်ဘူး။ Walkie talkie နဲ့ တစ်ယောက်က Bridge deck မှာကြည့် ပြောပေးနေရတယ်။ input 200 ကို တစ်ချောင်းစီ ဖြုတ်တပ် နေရယင် အချိန်တော်တော်ကုန်မယ်။ နေရာကလည်း စားပွဲအောက် ကတ်သီးကတ်သတ် ဝင်လုပ်ရတာလေ။

ဒီနေရာမှာ ကျောင်းတုန်းက နည်းလေးက အသုံးဝင်လာပါတယ်။ Binary search နည်းလေးပါ။ တစ်ဝက်ခွဲရှာနည်းပေါ့ဗျာ။ ပစ္စည်းတွေအများကြီးထဲက မကောင်းတဲ့ ပစ္စည်း ရှာမယ်ဆိုယင် တစ်ဝက်ခွဲလိုက်ပါတယ်။ ကောင်းတဲ့ဘက်ကို ဖယ်ထားလိုက်ပြီး မကောင်းတဲ့ အုပ်စုကို ထပ်ပြီး တစ်ဝက်ခွဲပြီး ရှာရပါတယ်။ အဲဒီလိုနဲ့ နောက်ဆုံးတစ်ခုကို ရှာလို့တွေ့သွားမှာပါ။ ဒီနည်းက ရှာရမယ့် အရေအတွက်များလေ အသုံးတဲ့လေပါဘဲ။ မကောင်းတဲ့ ပစ္စည်း တစ်ခုဘဲရှိမယ်ဆိုယင် 2 ရဲ့ exponent က ရှာရမယ့် အကြိမ် အရေအတွက်ပေါ့။ ဥပမာ 1000 items ထဲကရှာယင် 2^10= 1024 ဆိုတော့ 10 ကြိမ်ရှာယုံနဲ့ တွေ့နိုင်ပါတယ်။

ဒီနည်းသုံးယင် သတိထားရမှာက အလွယ်တကူ conclusion မချဖို့ပါဘဲ။ ဥပမာ တစ်ဝက်ကို ဖယ်ပြီး တိုင်းလို့ မကောင်းဘူးဆိုယင် ဖယ်လိုက်တဲ့ တစ်ဝက်က အကုန်ကောင်းတယ်လို့ မဆုံးဖြတ်ရပါဘူး။ အဲဒီတစ်ဝက်ထဲမှာ မကောင်းတာ နောက်တစ်ခု ပါနိုင်သေးတာမို့ ဖယ်ထားတဲ့ ပထမတစ်ဝက်ကို confirmation ပြန်စမ်းရပါမယ်။

ကံကောင်းလို့ တစ်ဝက်ဖယ်ပြီး စမ်းတဲ့ အချိန်မှာ ကောင်းနေယင်တော့၊ အဲဒီတစ်ဝက်ထဲမှာ ပျက်တဲ့ ပစ္စည်း မပါဘူးလို့ ကောက်ချက်ချနိုင်ပါတယ်။ အခုလည်း input channel 200 ဆိုတော့ 2^8= 256 ဖြစ်တဲ့ အတွက် preliminary ၈ ကြိမ် confirmation အတွက် ၈ ကြိမ်။ အများဆုံး ၁၆ ကြိမ် ရှာယင် မကောင်းတဲ့ channel တစ်ခု တွေ့မှာပါ။ ကံဆိုးပြီး မကောင်းတာ တစ်ခုထက် ပိုယင်တော့ ပိုရှာရမှာပေါ့။

ဒါနဲ့ ကျွန်တော်လည်း အဲဒီနည်းနဲ့ ရှာလိုက်တာ သိပ်မကြာခင်မှာ input signal ထဲက ဒုက္ခပေးနေတဲ့ channel ကိုတွေ့သွားပါတယ်။ သေချာအောင် ကျန်တဲ့ ကြိုးတွေ အကုန်ပြန်တပ်တော့လည်း ကောင်းနေပါတယ်။ ဒီ တစ်ခုကြောင့်ဘဲဆိုတော့ တော်ပါသေးရဲ့။ တစ်ခါတလေ fault က တစ်ခုမက ဖြစ်တတ်ပါတယ်။

Drawing မှာပြန်ကြည့်တော့ fault ဖြစ်တဲ့ input က Bow Thruster ရဲ့ bilge well high level alarm တဲ့။ Forward မှာရှိတဲ့ Bow Thruster အခန်းထဲဆင်းပြီးတော့ Bilge well ထဲက float switch ကိုဖြုတ်ယူခဲ့တယ်။ Off line စမ်းကြည့်တော့ လည်း ground နဲ့ ငြိနေလို့ အသစ်လဲပေးခဲ့ပါတယ်။ ဂငယ် စက်ချုပ်ကို နှုတ်ဆက်ပြီး ပြန်ခဲ့တယ်ပေါ့ဗျာ။

No comments:

Post a Comment