Tuesday 6 June 2017

ACB (၂)

[zawgyi]
 
ဒီတစ္ခါ ဒီေခါင္းစဥ္ခြဲေလးေတြ ေျပာျပပါမယ္။
(၁) Setting 
(၂) Draw out and Insertion
(၃) Testing and  Maintenance 
(၄) ACB Control Circuit နမူနာ
(၅) ACB တင္လို႔မရယင္ ဘာလုပ္မလဲ

(၁) Setting 
အဓိကက်တဲ့ current Setting ၃ ခုကေတာ့
- Long delay time trip current (Ir )
- Short delay time trip current (Isd) နဲ႔ 
- Instantaneous trip current (Ii)
ေတြပါဘဲ။
Long Delay Time Trip (အလြယ္ Long Trip လို႔ေခၚၾကပါတယ္။) ကေတာ့ သိပ္မမ်ားေပမဲ့ သတ္မွတ္ current ထက္ ပိုဆြဲေနယင္ အခ်ိန္တစ္ခုမွာ ျဖတ္ေပးလိုက္တာပါ။ Set Current ထက္ ပမာဏ နည္းနည္းဘဲ ေက်ာ္ယင္ အခ်ိန္ၾကာမွ ျဖတ္ေပးၿပီး မ်ားမ်ားေက်ာ္ယင္ေတာ့ အခ်ိန္တို အတြင္း ျဖတ္ေပးမွာပါ။ ပုံမွာၾကည့္ယင္ Current က Ir ေက်ာ္တာနဲ႔ (time Vs current ) slope ေစာင္းၿပီး ဆင္းလာတာ။ Isd ထက္ နိမ့္တဲ့ current ေတြဘဲ Long Trip အတြက္ သက္ေရာက္ပါတယ္။ 
Short Delay Time Trip (Short Trip) ကေတာ့ Current အမ်ားႀကီး စီးဝင္လာယင္ အခ်ိန္တိုတိုနဲ႔ ျဖတ္ေပးတာပါ။ Short circuit အတြက္ရည္ရြယ္တာပါ။ millisecond ေလာက္ဘဲ delay ရွိတတ္ပါတယ္။ 
Instantaneous Trip ကေတာ့ အရမ္းျမင့္တဲ့ current မွာ ခ်က္ခ်င္း ျဖတ္ေပးတာပါ။ (<50ms)
ေနာက္ Earth fault current (Ig) လည္း ACB အမ်ားစုမွာ ေတြ႕ရတတ္ပါတယ္။
Maker နဲ႔ Model ေပၚမူတည္ၿပီး တစ္ခ်ိဳ႕ setting မပါတတ္သလို တစ္ခ်ိဳ႕ မွာ feature အပိုပါတတ္ပါတယ္။ setting လုပ္ပုံလည္း တစ္ခုနဲ႔ တစ္ခု မတူၾကပါဘူး။ Manual ၾကည့္ၿပီး set လုပ္ယင္ မခက္ပါဘူး။ အခု နမူနာ ၃ ခုေလာက္ set လုပ္ပုံျပထားပါတယ္။
(က) Merlin Gerin (Schneider) ရဲ႕ Micrologic Trip unit မွာ Ir ကို set လုပ္ယင္ Rated current (In ) ရဲ႕ multiplier ကိုဘဲ ေရြးေပးရပါတယ္။ 
In =2000 A
Multiplier = 0.7
Ir = 0.7 x 2000= 1400 A

Isd ကိုေတာ့ Ir ရဲ႕ multiplier နဲ႔ set လုပ္ရပါတယ္။
Multiplier = 2
Isd = 2 x Ir = 2800 A

Ii ကိုေတာ့ In ရဲ႕ multiplier နဲ႔ set လုပ္ရပါတယ္။ 
Multiplier = 3
Ii = 3 x 2000 = 6000 A

Trip delay time ႏွစ္ခုရွိပါတယ္။ tsd ကိုေတာ့ တိုက္႐ိုက္ set လုပ္လို႔ရပါတယ္။ tr ကေတာ့ reference ဇယားကို ၾကည့္ၿပီး 6 x Ir တန္ဖိုးနဲ႔ set ရမွာပါ။ ဥပမာ 6 x Ir (8400A) အရ 1 sec set လုပ္ထားယင္ 1.5 x Ir current (2100A) စီးယင္ 25 sec ၾကာမွ trip ျဖစ္ပါမယ္။ ဒါေပမဲ့ 2800A ျဖစ္သြားယင္ေတာ့ tsd မွာ set လုပ္ထားတဲ့ 400 ms နဲ႔ trip ျဖစ္မွာပါ။ 6000A ျဖစ္ယင္ေတာ့ Ii ရဲ႕ trip ျဖစ္တဲ့ ခ်က္ျခင္း (<50 ms) နဲ႔ trip ျဖစ္မွာပါ။
(ခ) ABB PR111 Trip control မွာ ေတာ့ setting ေတြကို dip switch ေလးေတြနဲ႔ လုပ္ပါတယ္။ Ir အတြက္ multiplier ကို dip switch ရဲ႕ pattern အလိုက္ ေရြးၿပီး set လုပ္ရပါတယ္။ ဥပမာ - multiplier 2 ရဖို႔ dip switch ၃ ခုက (Off, On, On) pattern ထားရပါမယ္။ 
က်န္တဲ့ setting ေတြမွာလည္း သူ႔ reference အတိုင္း ဆီေလ်ာ္တဲ့ pattern ေရြးေပးရပါတယ္။
(ဂ) ABB ရဲ႕ ေနာက္ထြက္တဲ့ PR 122 လို Trip control unit ေတြမွာေတာ့ LCD display ၾကည့္ၿပီး up, down, enter key ေတြနဲ႔ current တန္ဖိုး တိုက္႐ိုက္ set လုပ္ရတာဆိုေတာ့ ပိုလြယ္ပါတယ္။

(၂) Draw out and Insertion
တစ္ခ်ိဳ႕ ABC ေတြမွာ fixed type mounting ျဖစ္ၿပီး ေနာက္ပိုင္း ACB ေတာ္ေတာ္မ်ားမ်ားမွာေတာ့ withdrawable / draw out type ေတြျဖစ္ပါတယ္။ Draw out လုပ္ဖို႔ Handle ေလးေတြ ေပးထားပါတယ္။ Schneider ACB မွာဆိုယင္ handle ကို breaker ရဲ႕ ေအာက္နားေလးမွာ အေပါက္တစ္ခုထဲ ထိုးထည့္ေပးထားပါတယ္။ သုံးခ်င္မွ ဆြဲထုတ္၊ အဆစ္ေလးေတြ ခ်ိဳးၿပီး key အေပါက္မွာထည့္ လွည့္ေပးရပါတယ္။ လက္ဝဲရစ္ဆို (rack out) ACB အျပင္ထြက္လာမွာျဖစ္ၿပီး၊ လက္ယာရစ္ဆို (rack in) ACB အထဲ ဝင္သြားမွာပါ။ 
အဲဒီ draw out လုပ္တဲ့ အခါမွာ position ၃ ခု ရွိပါတယ္။ Connected, Test နဲ႔  Isolated ဆိုၿပီး ျဖစ္ပါတယ္။ ACB ဘယ္ position မွာရွိသလဲဆိုတာ indicator မွာ ျပပါတယ္။
Conn position ဆိုတာက ဆြဲမထုတ္ခင္ ACB က terminal ေတြနဲ႔ bus က conductor ေတြ ထိေနတဲ့ ေနရာပါ။ အဲဒီအခ်ိန္မွာ ACB ရဲ႕ main contact ေတြ bus နဲ႔ ထိေန သလို Auxiliary contact ေတြမွာလည္း Connection ရွိပါတယ္။ 
Test position ကေတာ့ အလယ္ေလာက္မွာပါ။ ACB လွည့္ထုတ္လာယင္ Test position ေရာက္ယင္ "တက္" ဆိုတဲ့ အသံ ၾကားရၿပီး ဆက္လွည့္ မရေတာ့ပါဘူး။ လွည့္တဲ့ handle ေဘးက release ခလုတ္ေလးကို နွိပ္ၿပီးမွ ေနာက္ position တစ္ခုကို ဆက္လွည့္ထုတ္ႏိုင္မွာပါ။ Test position မွာ Main contactor ေတြမထိေတာ့ေပမဲ့ Auxiliary Contact ေတြကေတာ့ switch board နဲ႔ connection ရွိေနတုန္းပါဘဲ။
ေနာက္ဆုံး Isolated အေနအထားမွာ Main contact ေရာ Auxiliary Contact ပါ switch board နဲ႔ connection မရွိေတာ့ပါဘူး။ Breaker ကို လက္နဲ႔ ထပ္ဆြဲထုတ္ၿပီး အျပင္ကို ယူခ်လို႔ရပါၿပီ။ ေလးေတာ့ေလးတယ္။ လူႏွစ္ေယာက္ အတူ မ သင့္ပါတယ္။ 
Insertion အပိုင္းကေတာ့ draw out နဲ႔ ေျပာင္းျပန္ပါ။ ေထြေထြထူးထူး ေျပာစရာ မရွိပါဘူး။ တစ္ခုသတိထားရမွာက ထည့္လိုက္တဲ့ breaker position က Test ဒါမွမဟုတ္ Conn position မွာ ေသခ်ာမေရာက္ဘဲ ၾကားထဲမွာ ျဖစ္ေနယင္ Mechanical interlock ရွိလို ACB အလုပ္ လုပ္မွာ မဟုတ္ပါဘူး။ 

(၃) Testing and Maintenance 
Testing ကို draw out test position မွာ လုပ္ႏိုင္သလို ACB ျဖဳတ္ခ်ၿပီး အျပင္မွာ လုပ္ႏိုင္ပါတယ္။ ကၽြန္ေတာ္ကေတာ့ ျဖဳတ္ခ်လိုက္ၿပီး Maintenance အယင္လုပ္လိုက္ပါတယ္။ Rack out လုပ္တဲ့ အခ်ိန္မွာ Spring Charged ျဖစ္ေနခဲ့ယင္လည္း ျပဳတ္က်သြားမွာပါ။ Safety mechanism ေပါ့။ 
ေအာက္ေရာက္တာနဲ႔ Arc chute အဖုံးေတြဖြင့္ၿပီး Cleaning လုပ္ပါတယ္။ Arc Contact point ေတြ စစ္ၾကည့္ပါတယ္။ Mechanical move ျဖစ္တဲ့ေနရာေတြမွာ လိုအပ္သလို grease နည္းနည္း ထည့္ေပးပါတယ္။ ၿပီးမွ UVT spec ကိုၾကည့္ၿပီး UVT power supply ကို Auto transformer တစ္လုံး ခံၿပီး ေပးပါတယ္။
 ေနာက္ Charging Handle သုံးၿပီး Spring charge လုပ္လိုက္ပါတယ္။ Spring Charge လုပ္ထားယင္ Safety  Precaution အေနနဲ႔ Contact ေတြကို သြားမထိဖို႔ သတိထားရပါမယ္။ မေတာ္တဆ ညပ္သြားႏိုင္လို႔ပါ။ ACB front cover မွာရွိတဲ့ Close button ကိုနွိပ္ၿပီး Close လုပ္ၾကည့္ပါတယ္။ ေနာက္ Open button နွိပ္ျပီး Open လုပ္ၾကည့္ပါတယ္။ Close ျပန္လုပ္ထားၿပီး UVT supply voltage ကို တစ္ျဖည္းျဖည္း ေလွ်ာ့ ခ်ေပးပါတယ္။ တစ္ခ်ိန္မွာ ACB trip ျဖစ္သြားယင္ အဲဒီ voltage ကို မွတ္ထားလိုက္ပါတယ္။ မ်ားေသာအားျဖင့္ 60 ~ 80% ေလာက္မွာ UVT trip ျဖစ္တတ္ပါတယ္။
ေနာက္ L,S,I trip test ေတြ အတြက္ current injection လုပ္ေပးဖို႔ လိုပါတယ္။ တစ္ခ်ိဳ႕ model ေတြအတြက္ secondary current injection ရပါတယ္။ တစ္ခ်ိဳ႕ model ေတြကေတာ့ primary current injection လုပ္ေပးရတတ္ပါတယ္။ ေနာက္ၿပီး maker အလိုက္ Test kit ေလးေတြ ရွိၾကပါတယ္။

အဲဒီ test kit နဲ႔ ACB ကို connect လုပ္ၿပီး current injection လုပ္လုိက္တာ နဲ႔ trip ျဖစ္ျပီး trip time ကို ဖတ္လို႔ရပါတယ္။ တစ္ခ်ိဳ႕ model ေတြမွာ preferential trip နဲ႔ reverse power trip ကိုပါ test လုပ္လို႔ရပါတယ္။ နမူနာ အေနနဲ႔ test kit တစ္ခ်ို႕ကို ျပထားပါတယ္။




(၄) ACB Control Circuit နမူနာ
ေအာက္မွာ ATS circuit မွာသုံးထားတဲ့ ACB ရဲ႕ control drawing ေလးျပထားပါတယ္။ circuit ေလးကုိ အတူ ဖတ္ၾကည့္ပါမယ္။ ပန္းေရာင္ block ႏွစ္ခုက ACB ကို ကိုယ္စားျပဳပါတယ္။ ACB ရဲ႕ internal circuit ကိုလည္း ျပထားေပးပါတယ္။ 

အခု EVR -EVS မွာ power ရၿပီဆိုေတာ့ ACB ဘယ္လို close လုပ္လဲ ၾကည့္ရေအာင္။ ACB ရဲ႕ Terminal 10-11-12 က Auxiliary Contact တစ္ခုပါ။ အစဆုံးမွာ ACB က open အေနအထားဆိုေတာ့ 10-11 contact ကလည္း open ပါဘဲ။ ဒီေတာ့ E52X နဲ႔ E52XA တို႔ de-energize အေနအထားမွာေပါ့။ အဲဒီေတာ့ ေအာက္က block ရဲ႕  D terminal မွာ power ေရာက္ေနၿပီး charging motor က spring charged ျဖစ္မေနယင္ switch close ျဖစ္ေနေတာ့ charge လုပ္ေပးမွာပါ။ 
Charged ျဖစ္ၿပီးယင္ Terminal A ကို power ေရာက္တာနဲ႔ LRC ကိုျဖတ္ၿပီး ACB close လုပ္ေပးမွာပါ။ A ေရွ႕က control logic ေတြကေတာ့ ထားလိုက္ပါေတာ့။ UVT energize ျဖစ္မေနယင္လည္း ACB close လုပ္လို႔ မရႏိုင္ပါဘူး။
ACB close ျဖစ္ယင္ E52X energize ျဖစ္သြားၿပီမို႔ charging motor မလည္ႏိုင္ေတာ့ Charge motor switch က close ျဖစ္ေနမွာပါ။ ဒီေတာ့ Py2 က terminal B မွာ power ေရာက္တာနဲ႔ ACB ကို open လုပ္ေပးမွာပါ။

(၅) ACB တင္လို႔မရယင္ ဘာလုပ္မလဲ
1. Spring charged ျဖစ္ေနလား စစ္ပါ။ Charged ျဖစ္မေနယင္ ေမာင္းတံသုံးၿပီး လက္နဲ႔ charge လုပ္ပါ။ (ေနာက္မွ charging motor နဲ႔ ပတ္သတ္တဲ့ circuit ျပန္စစ္ပါ။)
2. Draw out type ACB ျဖစ္လွ်င္ Connected position မွာ ေသခ်ာေရာက္မေရာက္ ၾကည့္ပါ။ မေရာက္ယင္ လက္ကိုင္ထည့္ လွည့္ၿပီး ေရာက္ေအာင္ ထားေပးပါ။
3. UVT coil energize ျဖစ္မျဖစ္စစ္ပါ။ UVT coil မွာ voltage ေရာက္၊မေရာက္စစ္ပါ။ UVT spec နဲ႔ ညီတဲ့ voltage ျပည့္၊မျပည့္ တိုင္းၾကည့္ပါ။ UVT coil ေကာင္းမေကာင္း တိုင္းၾကည့္ပါ။
4. Open coil activate ျဖစ္ေနလား ၾကည့္ပါ။ ျဖစ္ေနယင္ circuit တစ္ေလွ်ာက္ ျပန္လိုက္ၿပီး de-energize ျဖစ္ေအာင္လုပ္ပါ။ (တစ္ခါတရံ relay contact ကပ္ေနတတ္ပါတယ္။)
5. ACB ေရွ႕အဖုံးမွာရွိတဲ့ Manual Close ခလုတ္ကို ႏွိပ္ၿပီး ပိတ္ေပးပါ။ (ေနာက္မွ close coil circuit ျပန္စစ္ပါ။)
6. အဲဒါမွ မရယင္ေတာ့ ACB service လုပ္ရပါေတာ့ မယ္။

( မွတ္ခ်က္။  ။Synchronization failure ေၾကာင့္ ျဖစ္တဲ့ ACB close မရျခင္းမ်ိဳး ထည့္ မစဥ္းစားထားပါ။)

ACB maker ေတြရဲ႕ မတူတဲ့ နံမည္ေပး တာေတြကုိ စုျပီး ဇယားနဲ႕ ျပထားေပးပါတယ္။
စိတ္ရွည္ရွည္နဲ႔ အဆုံးထိ ဖတ္တဲ့အတြက္ ေက်းဇူးတင္ပါတယ္။

[unicode]
ဒီတစ်ခါ ဒီခေါင်းစဉ်ခွဲလေးတွေ ပြောပြပါမယ်။

(၁) Setting
(၂) Draw out and Insertion
(၃) Testing and  Maintenance
(၄) ACB Control Circuit နမူနာ
(၅) ACB တင်လို့မရယင် ဘာလုပ်မလဲ


(၁) Setting

အဓိကကျတဲ့ current Setting ၃ ခုကတော့
- Long delay time trip current (Ir )
- Short delay time trip current (Isd) နဲ့
- Instantaneous trip current (Ii)
တွေပါဘဲ။

Long Delay Time Trip (အလွယ် Long Trip လို့ခေါ်ကြပါတယ်။) ကတော့ သိပ်မများပေမဲ့ သတ်မှတ် current ထက် ပိုဆွဲနေယင် အချိန်တစ်ခုမှာ ဖြတ်ပေးလိုက်တာပါ။ Set Current ထက် ပမာဏ နည်းနည်းဘဲ ကျော်ယင် အချိန်ကြာမှ ဖြတ်ပေးပြီး များများကျော်ယင်တော့ အချိန်တို အတွင်း ဖြတ်ပေးမှာပါ။ ပုံမှာကြည့်ယင် Current က Ir ကျော်တာနဲ့ (time Vs current ) slope စောင်းပြီး ဆင်းလာတာ။ Isd ထက် နိမ့်တဲ့ current တွေဘဲ Long Trip အတွက် သက်ရောက်ပါတယ်။

Short Delay Time Trip (Short Trip) ကတော့ Current အများကြီး စီးဝင်လာယင် အချိန်တိုတိုနဲ့ ဖြတ်ပေးတာပါ။ Short circuit အတွက်ရည်ရွယ်တာပါ။ millisecond လောက်ဘဲ delay ရှိတတ်ပါတယ်။

Instantaneous Trip ကတော့ အရမ်းမြင့်တဲ့ current မှာ ချက်ချင်း ဖြတ်ပေးတာပါ။ (<50ms)

နောက် Earth fault current (Ig) လည်း ACB အများစုမှာ တွေ့ရတတ်ပါတယ်။

Maker နဲ့ Model ပေါ်မူတည်ပြီး တစ်ချို့ setting မပါတတ်သလို တစ်ချို့ မှာ feature အပိုပါတတ်ပါတယ်။ setting လုပ်ပုံလည်း တစ်ခုနဲ့ တစ်ခု မတူကြပါဘူး။ Manual ကြည့်ပြီး set လုပ်ယင် မခက်ပါဘူး။ အခု နမူနာ ၃ ခုလောက် set လုပ်ပုံပြထားပါတယ်။

(က) Merlin Gerin (Schneider) ရဲ့ Micrologic Trip unit မှာ Ir ကို set လုပ်ယင် Rated current (In ) ရဲ့ multiplier ကိုဘဲ ရွေးပေးရပါတယ်။

In =2000 A
Multiplier = 0.7
Ir = 0.7 x 2000= 1400 A

Isd ကိုတော့ Ir ရဲ့ multiplier နဲ့ set လုပ်ရပါတယ်။
Multiplier = 2
Isd = 2 x Ir = 2800 A

Ii ကိုတော့ In ရဲ့ multiplier နဲ့ set လုပ်ရပါတယ်။
Multiplier = 3
Ii = 3 x 2000 = 6000 A

Trip delay time နှစ်ခုရှိပါတယ်။ tsd ကိုတော့ တိုက်ရိုက် set လုပ်လို့ရပါတယ်။ tr ကတော့ reference ဇယားကို ကြည့်ပြီး 6 x Ir တန်ဖိုးနဲ့ set ရမှာပါ။ ဥပမာ 6 x Ir (8400A) အရ 1 sec set လုပ်ထားယင် 1.5 x Ir current (2100A) စီးယင် 25 sec ကြာမှ trip ဖြစ်ပါမယ်။ ဒါပေမဲ့ 2800A ဖြစ်သွားယင်တော့ tsd မှာ set လုပ်ထားတဲ့ 400 ms နဲ့ trip ဖြစ်မှာပါ။ 6000A ဖြစ်ယင်တော့ Ii ရဲ့ trip ဖြစ်တဲ့ ချက်ခြင်း (<50 ms) နဲ့ trip ဖြစ်မှာပါ။

(ခ) ABB PR111 Trip control မှာ တော့ setting တွေကို dip switch လေးတွေနဲ့ လုပ်ပါတယ်။ Ir အတွက် multiplier ကို dip switch ရဲ့ pattern အလိုက် ရွေးပြီး set လုပ်ရပါတယ်။ ဥပမာ - multiplier 2 ရဖို့ dip switch ၃ ခုက (Off, On, On) pattern ထားရပါမယ်။

ကျန်တဲ့ setting တွေမှာလည်း သူ့ reference အတိုင်း ဆီလျော်တဲ့ pattern ရွေးပေးရပါတယ်။

(ဂ) ABB ရဲ့ နောက်ထွက်တဲ့ PR 122 လို Trip control unit တွေမှာတော့ LCD display ကြည့်ပြီး up, down, enter key တွေနဲ့ current တန်ဖိုး တိုက်ရိုက် set လုပ်ရတာဆိုတော့ ပိုလွယ်ပါတယ်။

(၂) Draw out and Insertion

တစ်ချို့ ABC တွေမှာ fixed type mounting ဖြစ်ပြီး နောက်ပိုင်း ACB တော်တော်များများမှာတော့ withdrawable / draw out type တွေဖြစ်ပါတယ်။ Draw out လုပ်ဖို့ Handle လေးတွေ ပေးထားပါတယ်။ Schneider ACB မှာဆိုယင် handle ကို breaker ရဲ့ အောက်နားလေးမှာ အပေါက်တစ်ခုထဲ ထိုးထည့်ပေးထားပါတယ်။ သုံးချင်မှ ဆွဲထုတ်၊ အဆစ်လေးတွေ ချိုးပြီး key အပေါက်မှာထည့် လှည့်ပေးရပါတယ်။ လက်ဝဲရစ်ဆို (rack out) ACB အပြင်ထွက်လာမှာဖြစ်ပြီး၊ လက်ယာရစ်ဆို (rack in) ACB အထဲ ဝင်သွားမှာပါ။

အဲဒီ draw out လုပ်တဲ့ အခါမှာ position ၃ ခု ရှိပါတယ်။ Connected, Test နဲ့  Isolated ဆိုပြီး ဖြစ်ပါတယ်။ ACB ဘယ် position မှာရှိသလဲဆိုတာ indicator မှာ ပြပါတယ်။

Conn position ဆိုတာက ဆွဲမထုတ်ခင် ACB က terminal တွေနဲ့ bus က conductor တွေ ထိနေတဲ့ နေရာပါ။ အဲဒီအချိန်မှာ ACB ရဲ့ main contact တွေ bus နဲ့ ထိနေ သလို Auxiliary contact တွေမှာလည်း Connection ရှိပါတယ်။

Test position ကတော့ အလယ်လောက်မှာပါ။ ACB လှည့်ထုတ်လာယင် Test position ရောက်ယင် "တက်" ဆိုတဲ့ အသံ ကြားရပြီး ဆက်လှည့် မရတော့ပါဘူး။ လှည့်တဲ့ handle ဘေးက release ခလုတ်လေးကို နှိပ်ပြီးမှ နောက် position တစ်ခုကို ဆက်လှည့်ထုတ်နိုင်မှာပါ။ Test position မှာ Main contactor တွေမထိတော့ပေမဲ့ Auxiliary Contact တွေကတော့ switch board နဲ့ connection ရှိနေတုန်းပါဘဲ။

နောက်ဆုံး Isolated အနေအထားမှာ Main contact ရော Auxiliary Contact ပါ switch board နဲ့ connection မရှိတော့ပါဘူး။ Breaker ကို လက်နဲ့ ထပ်ဆွဲထုတ်ပြီး အပြင်ကို ယူချလို့ရပါပြီ။ လေးတော့လေးတယ်။ လူနှစ်ယောက် အတူ မ သင့်ပါတယ်။

Insertion အပိုင်းကတော့ draw out နဲ့ ပြောင်းပြန်ပါ။ ထွေထွေထူးထူး ပြောစရာ မရှိပါဘူး။ တစ်ခုသတိထားရမှာက ထည့်လိုက်တဲ့ breaker position က Test ဒါမှမဟုတ် Conn position မှာ သေချာမရောက်ဘဲ ကြားထဲမှာ ဖြစ်နေယင် Mechanical interlock ရှိလို ACB အလုပ် လုပ်မှာ မဟုတ်ပါဘူး။

(၃) Testing and Maintenance

Testing ကို draw out test position မှာ လုပ်နိုင်သလို ACB ဖြုတ်ချပြီး အပြင်မှာ လုပ်နိုင်ပါတယ်။ ကျွန်တော်ကတော့ ဖြုတ်ချလိုက်ပြီး Maintenance အယင်လုပ်လိုက်ပါတယ်။ Rack out လုပ်တဲ့ အချိန်မှာ Spring Charged ဖြစ်နေခဲ့ယင်လည်း ပြုတ်ကျသွားမှာပါ။ Safety mechanism ပေါ့။

အောက်ရောက်တာနဲ့ Arc chute အဖုံးတွေဖွင့်ပြီး Cleaning လုပ်ပါတယ်။ Arc Contact point တွေ စစ်ကြည့်ပါတယ်။ Mechanical move ဖြစ်တဲ့နေရာတွေမှာ လိုအပ်သလို grease နည်းနည်း ထည့်ပေးပါတယ်။ ပြီးမှ UVT spec ကိုကြည့်ပြီး UVT power supply ကို Auto transformer တစ်လုံး ခံပြီး ပေးပါတယ်။

 နောက် Charging Handle သုံးပြီး Spring charge လုပ်လိုက်ပါတယ်။ Spring Charge လုပ်ထားယင် Safety  Precaution အနေနဲ့ Contact တွေကို သွားမထိဖို့ သတိထားရပါမယ်။ မတော်တဆ ညပ်သွားနိုင်လို့ပါ။ ACB front cover မှာရှိတဲ့ Close button ကိုနှိပ်ပြီး Close လုပ်ကြည့်ပါတယ်။ နောက် Open button နှိပ်ပြီး Open လုပ်ကြည့်ပါတယ်။ Close ပြန်လုပ်ထားပြီး UVT supply voltage ကို တစ်ဖြည်းဖြည်း လျှော့ ချပေးပါတယ်။ တစ်ချိန်မှာ ACB trip ဖြစ်သွားယင် အဲဒီ voltage ကို မှတ်ထားလိုက်ပါတယ်။ များသောအားဖြင့် 60 ~ 80% လောက်မှာ UVT trip ဖြစ်တတ်ပါတယ်။

နောက် L,S,I trip test တွေ အတွက် current injection လုပ်ပေးဖို့ လိုပါတယ်။ တစ်ချို့ model တွေအတွက် secondary current injection ရပါတယ်။ တစ်ချို့ model တွေကတော့ primary current injection လုပ်ပေးရတတ်ပါတယ်။ နောက်ပြီး maker အလိုက် Test kit လေးတွေ ရှိကြပါတယ်။

အဲဒီ test kit နဲ့ ACB ကို connect လုပ်ပြီး current injection လုပ်လိုက်တာ နဲ့ trip ဖြစ်ပြီး trip time ကို ဖတ်လို့ရပါတယ်။ တစ်ချို့ model တွေမှာ preferential trip နဲ့ reverse power trip ကိုပါ test လုပ်လို့ရပါတယ်။ နမူနာ အနေနဲ့ test kit တစ်ချို့ကို ပြထားပါတယ်။

(၄) ACB Control Circuit နမူနာ

အောက်မှာ ATS circuit မှာသုံးထားတဲ့ ACB ရဲ့ control drawing လေးပြထားပါတယ်။ circuit လေးကို အတူ ဖတ်ကြည့်ပါမယ်။ ပန်းရောင် block နှစ်ခုက ACB ကို ကိုယ်စားပြုပါတယ်။ ACB ရဲ့ internal circuit ကိုလည်း ပြထားပေးပါတယ်။

အခု EVR -EVS မှာ power ရပြီဆိုတော့ ACB ဘယ်လို close လုပ်လဲ ကြည့်ရအောင်။ ACB ရဲ့ Terminal 10-11-12 က Auxiliary Contact တစ်ခုပါ။ အစဆုံးမှာ ACB က open အနေအထားဆိုတော့ 10-11 contact ကလည်း open ပါဘဲ။ ဒီတော့ E52X နဲ့ E52XA တို့ de-energize အနေအထားမှာပေါ့။ အဲဒီတော့ အောက်က block ရဲ့  D terminal မှာ power ရောက်နေပြီး charging motor က spring charged ဖြစ်မနေယင် switch close ဖြစ်နေတော့ charge လုပ်ပေးမှာပါ။

Charged ဖြစ်ပြီးယင် Terminal A ကို power ရောက်တာနဲ့ LRC ကိုဖြတ်ပြီး ACB close လုပ်ပေးမှာပါ။ A ရှေ့က control logic တွေကတော့ ထားလိုက်ပါတော့။ UVT energize ဖြစ်မနေယင်လည်း ACB close လုပ်လို့ မရနိုင်ပါဘူး။

ACB close ဖြစ်ယင် E52X energize ဖြစ်သွားပြီမို့ charging motor မလည်နိုင်တော့ Charge motor switch က close ဖြစ်နေမှာပါ။ ဒီတော့ Py2 က terminal B မှာ power ရောက်တာနဲ့ ACB ကို open လုပ်ပေးမှာပါ။

(၅) ACB တင်လို့မရယင် ဘာလုပ်မလဲ

1. Spring charged ဖြစ်နေလား စစ်ပါ။ Charged ဖြစ်မနေယင် မောင်းတံသုံးပြီး လက်နဲ့ charge လုပ်ပါ။ (နောက်မှ charging motor နဲ့ ပတ်သတ်တဲ့ circuit ပြန်စစ်ပါ။)

2. Draw out type ACB ဖြစ်လျှင် Connected position မှာ သေချာရောက်မရောက် ကြည့်ပါ။ မရောက်ယင် လက်ကိုင်ထည့် လှည့်ပြီး ရောက်အောင် ထားပေးပါ။

3. UVT coil energize ဖြစ်မဖြစ်စစ်ပါ။ UVT coil မှာ voltage ရောက်၊မရောက်စစ်ပါ။ UVT spec နဲ့ ညီတဲ့ voltage ပြည့်၊မပြည့် တိုင်းကြည့်ပါ။ UVT coil ကောင်းမကောင်း တိုင်းကြည့်ပါ။

4. Open coil activate ဖြစ်နေလား ကြည့်ပါ။ ဖြစ်နေယင် circuit တစ်လျှောက် ပြန်လိုက်ပြီး de-energize ဖြစ်အောင်လုပ်ပါ။ (တစ်ခါတရံ relay contact ကပ်နေတတ်ပါတယ်။)

5. ACB ရှေ့အဖုံးမှာရှိတဲ့ Manual Close ခလုတ်ကို နှိပ်ပြီး ပိတ်ပေးပါ။ (နောက်မှ close coil circuit ပြန်စစ်ပါ။)

6. အဲဒါမှ မရယင်တော့ ACB service လုပ်ရပါတော့ မယ်။

( မှတ်ချက်။  ။Synchronization failure ကြောင့် ဖြစ်တဲ့ ACB close မရခြင်းမျိုး ထည့် မစဉ်းစားထားပါ။)

ACB maker တွေရဲ့ မတူတဲ့ နံမည်ပေး တာတွေကို စုပြီး ဇယားနဲ့ ပြထားပေးပါတယ်။

စိတ်ရှည်ရှည်နဲ့ အဆုံးထိ ဖတ်တဲ့အတွက် ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment