Showing posts with label ME remote control. Show all posts
Showing posts with label ME remote control. Show all posts

Saturday, 16 March 2019

Main Engine Control (5) - Remote Control CsnnotbTransfer to CCR


တစ္ခါတေလ ျပႆနာက ေသးေသးေလး။ ဒါေပမဲ့ Drawing မျပည့္စုံတဲ့အခါ ေတာ္ေတာ္ေလး ဒုကၡေရာက္ရပါတယ္။ Common sense သုံးၿပီး အေျဖရွာခဲ့ရပါတယ္။ အခုျပႆနာက Bunker Barge တစ္စီးရဲ႕ ME remote control ကို CCR console ဆီ transfer လုပ္မရတာလို႔ ဆိုပါတယ္။
သေဘၤာေပၚေရာက္ေတာ့ အင္ဒို စက္ခ်ဳပ္က ရွင္းျပပါတယ္။ ဒီသေဘၤာမွာ cargo pump ကို Main Engine နဲ႔ ေမာင္းပါတယ္။ Main Engine ႏွစ္လုံး ရဲ႕ေဘးမွာ Local Control Panel တစ္ခုစီရွိပါတယ္။ အခု ME ကို Local မွာ ထားၿပီး ေမာင္းလို႔ရတယ္။ Selector Switch နဲ႔ remote ထားမယ္ဆိုရင္ WH နဲ႔ CCR ႏွစ္ေနရာ ကိုလႊဲႏိုင္ပါတယ္။ ဒါေပမဲ့ အခု WH ကို လႊဲလို႔ ရေပမဲ့ CCR ကိုလႊဲလို႔ မရဘူးေျပာပါတယ္။ လက္ေတြ႕လည္း စမ္းျပပါတယ္။ Port ME ေဘးက Conttol Panel မွာပါ။ Selector ခလုတ္က ေရြးစရာ ၃ ခုရွိပါတယ္။ Local ၊ Cargo Control နဲ႔ WHC ပါ။ အခု Local မွာ ေရြးထားၿပီး Local မီးကလည္း လင္းေနပါတယ္။ WHC ကို ေရြးလိုက္ေတာ့ WHC မီးေလးက မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနပါတယ္။ အခုအခ်ိန္ WH console မွာလည္း မီး မွိတ္တုတ္မွိတ္တုတ္ လင္းၿပီး Buzzer အသံျမည္ေနတယ္ ေျပာပါတယ္။ WH က တစ္ေယာက္က accept လုပ္လိုက္ေတာ့ WHC မီးလုံး ၿငိမ္ၿပီး လင္းသြားပါတယ္။ ေနာက္ Cargo Control ကို ေရြးလိုက္ေတာ့ Cargo Control မီးက မလင္းလာပါဘူး။ CCR က panel မွာလည္း ဘာမွ မလာဘူး ေျပာပါတယ္။ ဒါနဲ႔ Local မွာ ျပန္ထားလိုက္ပါတယ္။ Lamp test ႏွိပ္ၾကည့္ေတာ့လည္း Cargo Control မီးလုံးက ေကာင္းပါတယ္။ ေနာက္ Stbd ဘက္က Panel မွာစမ္းေတာ့လည္း အတူတူပါပဲ။ Port ေရာ Stbd ေရာ ME ႏွစ္ဘက္လုံးမွာ မရတာဆိုေတာ့ စဥ္းစားစရာပါ။
ဒါနဲ႔ Drawing ေတာင္းေတာ့ one line drawing ေလး တစ္ခု ယူလာပါတယ္။ ဒါပဲ ရွိတယ္တဲ့။ အဲဒီ Dwg ကို အျပန္ျပန္အလွန္လွန္ၾကည့္ၿပီး ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားၾကည့္ပါတယ္။ One line ဆိုေတာ့လည္း အေသးစိတ္ဘာမွမပါ။ ဘယ္ အခန္း ဘယ္ panel ကေန ဘယ္ panel အထိ ႀကိဳးဘယ္ႏွစ္ေခ်ာင္း ေျပးထားတယ္ဆိုတာပဲ ပါတယ္။
CCR ကိုသြား console အဖုံးလွႏ္ုၿပီး ႀကိဳးေတြ ဘယ္ကိုသြားတယ္ ဘာ ပစၥည္းေတြနဲ႔ ဆက္ထားတယ္ဆိုတာ လိုက္ၾကည့္ပါတယ္။ ဒါေပမဲ့ drawing မရွိလို႔ အေသးစိတ္ေတာ့ မသိရပါဘူး။ ႀကိဳးေတြလည္း Cable trunking ထဲမွာ ေရာေထြးကုန္ေတာ့ အၾကမ္းဖ်င္းပဲ သိႏိုင္ပါတယ္။ ျပႆနာျဖစ္တဲ့ Control ႏွစ္ခုလုံး ဒီအခန္းကို လႊဲမရဘူးဆိုေတာ့ root cause က ဒီအခန္းထဲကပဲ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဒါနဲ႔ Power supply ေတြ၊ breaker ေတြ fuse ေတြ လိုက္ၾကည့္ တိုင္းၾကည့္ေပမဲ့ အကုန္ ေကာင္းေနပါတယ္။ mini panel ေလးေပၚက ER - CCC selector ေလးကို လွည့္ၾကည့္ေတာ့လည္း ဘာ response မွ မရွိပါဘူး။ တစ္ကယ္ဆိုရင္ ER ဘက္က စၿပီး မေရႊ႕ပဲ ဒီ selector ကို လွည့္မိရင္ buzzer ျမည္ပါတယ္။ အခုေတာ့ အလုပ္ မလုပ္ဘူး ျဖစ္ေနပါတယ္။

အဲလို ေလွ်ာက္ၾကည့္ရင္း ေအာက္ဘက္မွာ PLC ေလး ႏွစ္ခုကို သတိထားမိလိုက္ပါတယ္။ အဲဒီ PLC ႏွစ္လုံးစလုံးမွာ ဘာမီးမွ မလင္းပါဘူး။ ဒီႏွစ္ခုနဲ႔မ်ား ဆိုင္သလား၊ ဒီ PLC ေတြက တစ္ျခား system ေတြအတြက္လား မသိပါဘူး။ တစ္ခု နႈိင္းယွဥ္ၾကည့္လို႔ရတာက Wheelhouse ေပၚက console ပါ။ အဲဒီ စိတ္ကူးေလးရတာနဲ႔ bridge ကို တက္သြားၿပီး console ကို လွန္ရွာၾကည့္တဲ့အခါ PLC တစ္ခု ေတြ႕ပါတယ္။ အဲဒီ PLC ကေတာ့ run ေနပါတယ္။ IO အဝင္ LED မီးေလးေတြလည္း လင္းေနပါတယ္။ အဲဒီ PLC နဲ႔ remote control ဆက္စပ္ေနသလား သိခ်င္ေနတာနဲ႔ control transfer selector switch ေလးကို လွည့္ၾကည့္ေတာ့ PLC ရဲ႕ IO မီးတစ္ခု လင္းလာတာေတြ႕ရပါတယ္။ ျပန္လွည့္လိုက္ေတာ့ ျပန္ၿငိမ္းသြားတယ္။ ဒါဆိုရင္ေတာ့ ဒီ PLC ေတြက remote control နဲ႔ ဆက္သြယ္ေနၿပီဆိုတာ ေသခ်ာသြားပါတယ္။
ဒါနဲ႔ CCR ကို ျပန္ဆင္း ေစာေစာက PLC ႏွစ္လုံး ဘာလို႔ black out ျဖစ္ေနတာလဲ စစ္ပါတယ္။ အဝင္ power ႀကိဳး ႏွစ္ေခ်ာင္းကို တိုင္းၾကည့္ေတာ့ 24V DC ရွိေနပါတယ္။ အိုး ဒုကၡပါဘဲ။ စိတ္ထဲမွာ ေမွ်ာ္လင့္ထားတာက အဝင္ power တစ္ခုခု ျပတ္သြားႏိုင္တာမို႔ power အပိုင္း ေျဖရွင္းေပးႏိုင္ရင္ အဆင္ေျပၿပီေပါ့လို႔။ အခုေတာ့ power ရွိေနရက္နဲ႔ PLC က dead ျဖစ္ေနတာဆိုေတာ့ PLC မ်ား ႂကြသြားၿပီလား စိတ္ပူသြားပါတယ္။ ဘယ္လို recover ျဖစ္ေအာင္ လုပ္ရမလဲ။ ေလာေလာဆယ္ hard reset လုပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ၿပီး powrer ႀကိဳး တစ္စကို ျဖဳတ္လိုက္ပါတယ္။ ခဏေနေတာ့ ျပန္တပ္ၾကည့္လိုက္ပါတယ္။ PLC initialize ၿပီး run ျဖစ္သြားပါတယ္။ ER - CCC selector ေလးကို လွည့္ၾကည့္ေတာ့ buzzer ျမည္သြားပါၿပီ။ ဒါဆို အဆင္ေျပသြားၿပီလို႔ ထင္ပါတယ္။

က်န္တဲ့ PLC တစ္လုံးကိုလည္း hard reset လုပ္ေပးေတာ့ run သြားပါတယ္။ ER မွာ သြားၿပီး စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါေတာ့တယ္။ သိသြားေတာ့လည္း လြယ္လြယ္ေလး  မဟုတ္လား။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။

[Unicode]

တစ်ခါတလေ ပြဿနာက သေးသေးလေး။ ဒါပေမဲ့ Drawing မပြည့်စုံတဲ့အခါ တော်တော်လေး ဒုက္ခရောက်ရပါတယ်။ Common sense သုံးပြီး အဖြေရှာခဲ့ရပါတယ်။ အခုပြဿနာက Bunker Barge တစ်စီးရဲ့ ME remote control ကို CCR console ဆီ transfer လုပ်မရတာလို့ ဆိုပါတယ်။
သင်္ဘောပေါ်ရောက်တော့ အင်ဒို စက်ချုပ်က ရှင်းပြပါတယ်။ ဒီသင်္ဘောမှာ cargo pump ကို Main Engine နဲ့ မောင်းပါတယ်။ Main Engine နှစ်လုံး ရဲ့ဘေးမှာ Local Control Panel တစ်ခုစီရှိပါတယ်။ အခု ME ကို Local မှာ ထားပြီး မောင်းလို့ရတယ်။ Selector Switch နဲ့ remote ထားမယ်ဆိုရင် WH နဲ့ CCR နှစ်နေရာ ကိုလွှဲနိုင်ပါတယ်။ ဒါပေမဲ့ အခု WH ကို လွှဲလို့ ရပေမဲ့ CCR ကိုလွှဲလို့ မရဘူးပြောပါတယ်။ လက်တွေ့လည်း စမ်းပြပါတယ်။ Port ME ဘေးက Conttol Panel မှာပါ။ Selector ခလုတ်က ရွေးစရာ ၃ ခုရှိပါတယ်။ Local ၊ Cargo Control နဲ့ WHC ပါ။ အခု Local မှာ ရွေးထားပြီး Local မီးကလည်း လင်းနေပါတယ်။ WHC ကို ရွေးလိုက်တော့ WHC မီးလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါတယ်။ အခုအချိန် WH console မှာလည်း မီး မှိတ်တုတ်မှိတ်တုတ် လင်းပြီး Buzzer အသံမြည်နေတယ် ပြောပါတယ်။ WH က တစ်ယောက်က accept လုပ်လိုက်တော့ WHC မီးလုံး ငြိမ်ပြီး လင်းသွားပါတယ်။ နောက် Cargo Control ကို ရွေးလိုက်တော့ Cargo Control မီးက မလင်းလာပါဘူး။ CCR က panel မှာလည်း ဘာမှ မလာဘူး ပြောပါတယ်။ ဒါနဲ့ Local မှာ ပြန်ထားလိုက်ပါတယ်။ Lamp test နှိပ်ကြည့်တော့လည်း Cargo Control မီးလုံးက ကောင်းပါတယ်။ နောက် Stbd ဘက်က Panel မှာစမ်းတော့လည်း အတူတူပါပဲ။ Port ရော Stbd ရော ME နှစ်ဘက်လုံးမှာ မရတာဆိုတော့ စဉ်းစားစရာပါ။
ဒါနဲ့ Drawing တောင်းတော့ one line drawing လေး တစ်ခု ယူလာပါတယ်။ ဒါပဲ ရှိတယ်တဲ့။ အဲဒီ Dwg ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်ပါတယ်။ One line ဆိုတော့လည်း အသေးစိတ်ဘာမှမပါ။ ဘယ် အခန်း ဘယ် panel ကနေ ဘယ် panel အထိ ကြိုးဘယ်နှစ်ချောင်း ပြေးထားတယ်ဆိုတာပဲ ပါတယ်။
CCR ကိုသွား console အဖုံးလှန်ုပြီး ကြိုးတွေ ဘယ်ကိုသွားတယ် ဘာ ပစ္စည်းတွေနဲ့ ဆက်ထားတယ်ဆိုတာ လိုက်ကြည့်ပါတယ်။ ဒါပေမဲ့ drawing မရှိလို့ အသေးစိတ်တော့ မသိရပါဘူး။ ကြိုးတွေလည်း Cable trunking ထဲမှာ ရောထွေးကုန်တော့ အကြမ်းဖျင်းပဲ သိနိုင်ပါတယ်။ ပြဿနာဖြစ်တဲ့ Control နှစ်ခုလုံး ဒီအခန်းကို လွှဲမရဘူးဆိုတော့ root cause က ဒီအခန်းထဲကပဲ ဖြစ်နိုင်ချေများပါတယ်။ ဒါနဲ့ Power supply တွေ၊ breaker တွေ fuse တွေ လိုက်ကြည့် တိုင်းကြည့်ပေမဲ့ အကုန် ကောင်းနေပါတယ်။ mini panel လေးပေါ်က ER - CCC selector လေးကို လှည့်ကြည့်တော့လည်း ဘာ response မှ မရှိပါဘူး။ တစ်ကယ်ဆိုရင် ER ဘက်က စပြီး မရွှေ့ပဲ ဒီ selector ကို လှည့်မိရင် buzzer မြည်ပါတယ်။ အခုတော့ အလုပ် မလုပ်ဘူး ဖြစ်နေပါတယ်။
အဲလို လျှောက်ကြည့်ရင်း အောက်ဘက်မှာ PLC လေး နှစ်ခုကို သတိထားမိလိုက်ပါတယ်။ အဲဒီ PLC နှစ်လုံးစလုံးမှာ ဘာမီးမှ မလင်းပါဘူး။ ဒီနှစ်ခုနဲ့များ ဆိုင်သလား၊ ဒီ PLC တွေက တစ်ခြား system တွေအတွက်လား မသိပါဘူး။ တစ်ခု နှိုင်းယှဉ်ကြည့်လို့ရတာက Wheelhouse ပေါ်က console ပါ။ အဲဒီ စိတ်ကူးလေးရတာနဲ့ bridge ကို တက်သွားပြီး console ကို လှန်ရှာကြည့်တဲ့အခါ PLC တစ်ခု တွေ့ပါတယ်။ အဲဒီ PLC ကတော့ run နေပါတယ်။ IO အဝင် LED မီးလေးတွေလည်း လင်းနေပါတယ်။ အဲဒီ PLC နဲ့ remote control ဆက်စပ်နေသလား သိချင်နေတာနဲ့ control transfer selector switch လေးကို လှည့်ကြည့်တော့ PLC ရဲ့ IO မီးတစ်ခု လင်းလာတာတွေ့ရပါတယ်။ ပြန်လှည့်လိုက်တော့ ပြန်ငြိမ်းသွားတယ်။ ဒါဆိုရင်တော့ ဒီ PLC တွေက remote control နဲ့ ဆက်သွယ်နေပြီဆိုတာ သေချာသွားပါတယ်။
ဒါနဲ့ CCR ကို ပြန်ဆင်း စောစောက PLC နှစ်လုံး ဘာလို့ black out ဖြစ်နေတာလဲ စစ်ပါတယ်။ အဝင် power ကြိုး နှစ်ချောင်းကို တိုင်းကြည့်တော့ 24V DC ရှိနေပါတယ်။ အိုး ဒုက္ခပါဘဲ။ စိတ်ထဲမှာ မျှော်လင့်ထားတာက အဝင် power တစ်ခုခု ပြတ်သွားနိုင်တာမို့ power အပိုင်း ဖြေရှင်းပေးနိုင်ရင် အဆင်ပြေပြီပေါ့လို့။ အခုတော့ power ရှိနေရက်နဲ့ PLC က dead ဖြစ်နေတာဆိုတော့ PLC များ ကြွသွားပြီလား စိတ်ပူသွားပါတယ်။ ဘယ်လို recover ဖြစ်အောင် လုပ်ရမလဲ။ လောလောဆယ် hard reset လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး powrer ကြိုး တစ်စကို ဖြုတ်လိုက်ပါတယ်။ ခဏနေတော့ ပြန်တပ်ကြည့်လိုက်ပါတယ်။ PLC initialize ပြီး run ဖြစ်သွားပါတယ်။ ER - CCC selector လေးကို လှည့်ကြည့်တော့ buzzer မြည်သွားပါပြီ။ ဒါဆို အဆင်ပြေသွားပြီလို့ ထင်ပါတယ်။ ကျန်တဲ့ PLC တစ်လုံးကိုလည်း hard reset လုပ်ပေးတော့ run သွားပါတယ်။ ER မှာ သွားပြီး စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတော့တယ်။ သိသွားတော့လည်း လွယ်လွယ်လေး  မဟုတ်လား။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

Saturday, 24 June 2017

ME Control (၂) - Remote Control Not Working

[zawgyi]

Supply boat တစ္စီးမွာပါ။ Main Engine ကို Bridge ကေန remote control မရလို႔ လို႔ေျပာပါတယ္။ သေဘၤာေပၚေရာက္ေတာ့ bridge မွာ သြားၿပီး စစ္ၾကည့္ပါတယ္။ သူႀကီးက ရွင္းျပၿပီး စမ္းလည္းျပပါတယ္။ Engine speed အတင္အခ် ဘာမွမရဘူးေျပာပါတယ္။ Engine ႏႈိး Control handle ကို ေရႊ႕ၾကည့္ေတာ့ Rpm indicator မွာ ဘာမွ မေျပာင္းပါဘူး။ Forward/ Astern ဘာမွ မရပါဘူး။ ဒါေပမဲ့ emergency control ေတာ့ရတယ္ေျပာတယ္။ စမ္းလည္း စမ္းျပပါတယ္။ အဲဒါေတာ့ speed အတင္အခ်၊ ေရွ႕၊ေနာက္ ရသားဘဲ။

ဒါနဲ႔ အဲဒီ mode ႏွစ္ခုဘာကြာလည္း ၾကည့္ပါတယ္။ Normal handle က electrical control ျဖစ္ၿပီး emergency mode က pneumatic control ျဖစ္ေနပါတယ္။ Engine Room ကို ဆင္းၾကည့္ေတာ့ governor control ကလည္း pneumatic control ဘဲ။ Motor drive မဟုတ္ဘူး။ Drawing ကိုဖတ္ပါတယ္။ Pneumatic နဲ႔ တိုက္႐ိုက္ခိုင္းယင္ အလုပ္လုပ္ၿပီး electrical နဲ႔ အလုပ္မလုပ္ဘူးဆိုေတာ့ electrical command ထုတ္ေပးမယ့္ bridge ကိုျပန္သြားပါတယ္။ Handle နဲ႔ တြဲထားတဲ့ potentiometer ကို တိုင္းထားၿပီး handle ကို ေရႊ႕ၾကည့္ပါတယ္။ Resistance က လိုက္ေျပာင္းေနတယ္ဆိုေတာ့ ေကာင္းေနပါတယ္။ Input ေကာင္းေနတယ္။ အဲဒီကေန control module ဆီ ဝင္သြားပါတယ္။ Governor ဘက္ကို ထြက္တဲ့ဘက္မွာ proportional control valve တစ္လုံး ရွိပါတယ္။ 4-20 mA signal ကို pressure output အနည္းအမ်ား ေျပာင္းေပးတာပါ။ i/p converter လို႔ ေျပာႏိုင္ပါတယ္။ Drawing ထဲမွာေတာ့ ေတြ႕ေနရတယ္။ အျပင္မွာ ေတာ္ေတာ္ရွာယူရပါတယ္။ ေနာက္မွ ER အဆင္း ေလွကားေအာက္မွာ ေတြ႕ပါတယ္။ အဲဒီ valve မွာ အဝင္ ႀကိဳး ၃ ေခ်ာင္းရွိပါတယ္။ 0,24V ႏွစ္ေခ်ာင္းနဲ႔ signal တစ္ေခ်ာင္းပါ။ တိုင္းၾကည့္ေတာ့ 24 V power မရွိပါဘူး။ ေရွ႕ဆက္ၿပီး လိုက္ၾကည့္ေတာ့ power supply ေလးတစ္ခုရွိပါတယ္။
 အဝင္ fuse/breaker တစ္ခုခု က်ေနလို႔လား။ power supply က 220V AC ဝင္ၿပီး 24V DC ထုတ္ေပးတာပါ။ အဲဒီ power supply အဝင္ကို တိုင္းၾကည့္ေတာ့ 220V ရွိေနတယ္။ အထြက္ က 0V ဆိုေတာ့ ဒါပ်က္တာေပါ့။ သေဘၤာေပၚမွာ spare ရွာၾကည့္ေတာ့ မရွိလို႔ ႐ုံးက တစ္ေယာက္ ဝယ္ၿပီး လာပို႔ေပးပါတယ္။ အသစ္မလဲခင္ အထြက္ Load side ဘက္မွာ short ရွိမရွိစစ္။ ေသခ်ာမွ power supply လဲေပးၿပီး စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္။ သူႀကီး စိတ္ႀကိဳက္စမ္းေမာင္းၾကည့္ၿပီး ေက်နပ္မွ ျပန္ခဲ့ၾကပါတယ္။ တစ္ခါတေလလည္း ဒီလို ခပ္လြယ္လြယ္ေလးေတြနဲ႔ၾကဳံယင္ သက္သာပါတယ္။

[unicode]

Supply boat တစ်စီးမှာပါ။ Main Engine ကို Bridge ကနေ remote control မရလို့ လို့ပြောပါတယ်။ သင်္ဘောပေါ်ရောက်တော့ bridge မှာ သွားပြီး စစ်ကြည့်ပါတယ်။ သူကြီးက ရှင်းပြပြီး စမ်းလည်းပြပါတယ်။ Engine speed အတင်အချ ဘာမှမရဘူးပြောပါတယ်။ Engine နှိုး Control handle ကို ရွှေ့ကြည့်တော့ Rpm indicator မှာ ဘာမှ မပြောင်းပါဘူး။ Forward/ Astern ဘာမှ မရပါဘူး။ ဒါပေမဲ့ emergency control တော့ရတယ်ပြောတယ်။ စမ်းလည်း စမ်းပြပါတယ်။ အဲဒါတော့ speed အတင်အချ၊ ရှေ့၊နောက် ရသားဘဲ။

ဒါနဲ့ အဲဒီ mode နှစ်ခုဘာကွာလည်း ကြည့်ပါတယ်။ Normal handle က electrical control ဖြစ်ပြီး emergency mode က pneumatic control ဖြစ်နေပါတယ်။ Engine Room ကို ဆင်းကြည့်တော့ governor control ကလည်း pneumatic control ဘဲ။ Motor drive မဟုတ်ဘူး။ Drawing ကိုဖတ်ပါတယ်။ Pneumatic နဲ့ တိုက်ရိုက်ခိုင်းယင် အလုပ်လုပ်ပြီး electrical နဲ့ အလုပ်မလုပ်ဘူးဆိုတော့ electrical command ထုတ်ပေးမယ့် bridge ကိုပြန်သွားပါတယ်။ Handle နဲ့ တွဲထားတဲ့ potentiometer ကို တိုင်းထားပြီး handle ကို ရွှေ့ကြည့်ပါတယ်။ Resistance က လိုက်ပြောင်းနေတယ်ဆိုတော့ ကောင်းနေပါတယ်။ Input ကောင်းနေတယ်။ အဲဒီကနေ control module ဆီ ဝင်သွားပါတယ်။ Governor ဘက်ကို ထွက်တဲ့ဘက်မှာ proportional control valve တစ်လုံး ရှိပါတယ်။ 4-20 mA signal ကို pressure output အနည်းအများ ပြောင်းပေးတာပါ။ i/p converter လို့ ပြောနိုင်ပါတယ်။ Drawing ထဲမှာတော့ တွေ့နေရတယ်။ အပြင်မှာ တော်တော်ရှာယူရပါတယ်။ နောက်မှ ER အဆင်း လှေကားအောက်မှာ တွေ့ပါတယ်။ အဲဒီ valve မှာ အဝင် ကြိုး ၃ ချောင်းရှိပါတယ်။ 0,24V နှစ်ချောင်းနဲ့ signal တစ်ချောင်းပါ။ တိုင်းကြည့်တော့ 24 V power မရှိပါဘူး။ ရှေ့ဆက်ပြီး လိုက်ကြည့်တော့ power supply လေးတစ်ခုရှိပါတယ်။

 အဝင် fuse/breaker တစ်ခုခု ကျနေလို့လား။ power supply က 220V AC ဝင်ပြီး 24V DC ထုတ်ပေးတာပါ။ အဲဒီ power supply အဝင်ကို တိုင်းကြည့်တော့ 220V ရှိနေတယ်။ အထွက် က 0V ဆိုတော့ ဒါပျက်တာပေါ့။ သင်္ဘောပေါ်မှာ spare ရှာကြည့်တော့ မရှိလို့ ရုံးက တစ်ယောက် ဝယ်ပြီး လာပို့ပေးပါတယ်။ အသစ်မလဲခင် အထွက် Load side ဘက်မှာ short ရှိမရှိစစ်။ သေချာမှ power supply လဲပေးပြီး စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတယ်။ သူကြီး စိတ်ကြိုက်စမ်းမောင်းကြည့်ပြီး ကျေနပ်မှ ပြန်ခဲ့ကြပါတယ်။ တစ်ခါတလေလည်း ဒီလို ခပ်လွယ်လွယ်လေးတွေနဲ့ကြုံယင် သက်သာပါတယ်။