Monday 19 June 2017

UVT နဲ႔ Shunt Trip

[zawgyi]

Under Voltage Trip (UVT) (သို႔) Under Voltage Release (UVR) နဲ႔ Shunt Trip coil ႏွစ္မ်ိဳးလုံးဟာ breaker ကို Trip open လုပ္ေပးၾကတာခ်ည္းပါဘဲ။ ဒါေပမဲ့ ဘာကြာျခားသလဲဆိုတာ ယွဥ္ျပခ်င္ပါတယ္။


1) UVT / UVR
Breaker တစ္ခု On ဖို႔ အတြက္ UVT မွာ power အၿမဲရွိေနရပါမယ္။ တစ္နည္းအားျဖင္ UVT energize ျဖစ္ေနမွ breaker ON လို႔ရပါမယ္။ UVT တစ္ခ်က္ de-energize ျဖစ္တာနဲ႔ Breaker trip ျဖစ္သြားမွာပါ။ ဒီေတာ့ UVT ရဲ႕ circuit ဟာ အၿမဲ online ျဖစ္ေနရပါမယ္။ မီးတစ္ခ်က္ေလာက္ မ်က္ေတာင္ခတ္သြားတာမ်ိဳး (Power dip) ဆိုလည္း trip ျဖစ္မွာပါ။ အဲဒီလို power dip ကို ကာကြယ္ဖို႔ UVT supply မွာ delay timer ေလးေတြ ထားေပးေလ့ရွိပါတယ္။ Timer setting ထက္နည္းတဲ့ millisecond အနည္းငယ္ေလာက္ power dip ျဖစ္ယင္ trip မျဖစ္ေတာ့ဘူးေပါ့။ ေနာက္ၿပီး Voltage drop ျဖစ္ယင္လည္း trip ျဖစ္ပါမယ္။ မ်ားေသာအားျဖင့္ 60 - 80% ေလာက္ ဆိုယင္ trip ျဖစ္ေလ့ရွိပါတယ္။ UVT supply ဟာ AC / DC အမ်ိဳးမ်ိဳးရွိပါတယ္။ သူ႔ spec နဲ႔ ကိုက္ညီတဲ့ supply ေပး႐မွာပါ။ Circuit ရႈေထာင့္က ၾကည့္ယင္ UVT circuit က NC သဘာဝ ရွိပါတယ္။ Open ျဖစ္ယင္ trip ျဖစ္မွာပါ။ Wire break / loose contact ဆိုယင္လည္း trip ျဖစ္မွာပါ။


2) Shunt Trip

Shunt Trip ကေတာ့ coil energize ျဖစ္မွ trip လုပ္ေပးမွာပါ။ သူက online ျဖစ္ေနဖို႔ မလိုပါဘူး။ Power dip နဲ႔ temporary voltage drop ေတြရဲ႕ သက္ေရာက္မႈမရွိပါဘူး။ သူ႔ကို activate လုပ္တဲ့ အခ်ိန္ voltage နည္းေနယင္ေတာ့ trip ျဖစ္မွာ မဟုတ္ဘူးေပါ့။ ေနာက္ၿပီး loose contact နဲ႔ wire break ကိုလည္း သိႏိုင္မွာ မဟုတ္ပါဘူး။ ဒီေတာ့ periodical test လုပ္ေပးသင့္ပါတယ္။ Circuit ရႈေထာင့္က ၾကည့္ယင္ Shunt trip circuit က NO သဘာဝ ရွိပါတယ္။ Trip လုပ္ခ်င္တဲ့ အခ်ိန္မွ On ေပးရတာပါ။
ACB ေတြမွာေတာ့ coil ႏွစ္မ်ိဳးလုံးပါေလ့ရွိပါတယ္။ MCCB ေတြမွာေတာ့ model အမ်ိဳးအစားလိုက္ျပီး UVT ဒါမွမဟုတ္ Shunt trip တစ္မ်ိဳးဘဲ ပါေလ့ရွိပါတယ္။ တစ္ခ်ိဳ႕ MCCB ေတြမွာေတာ့ coil ႏွစ္မ်ိဳးလုံးအတြက္ တပ္လို႔ရေအာင္လုပ္ထားပါတယ္။ ဒါေပမဲ့ optional မွာတဲ့ coil အမ်ိဳးအစားကို တပ္ေပးပါတယ္။
UVT နဲ Shunt trip ကို Preferential trip နဲ႔ Emergency Shutdown(ESD) circuit ေတြမွာ သုံးၾကပါတယ္။ ဘယ္ အမ်ိဳးအစားကို သုံးမယ္ဆိုတာေတာ့ Designer ရဲ႕ စိတ္ကူး ေပၚမူတည္ပါတယ္။ တစ္ခါက Oil Rig အသစ္တစ္ခုရဲ႕ commissioning အခ်ိန္မွာ emergency stop အလုပ္မလုပ္လို႔ ၾကည့္ေတာ့ emergency stop circuit အတြက္ power supply breaker မဖြင့္႐ေသးတာေတြ႕ရတယ္။ Design က Fail safe မျဖစ္ဘူးေပါ့။ ဒီေတာ့ ဘယ္ေနရာမွာ ဘာသုံးမလဲဆိုတာ ေသခ်ာစဥ္းစားသင့္ပါတယ္။

[unicode]

Under Voltage Trip (UVT) (သို့) Under Voltage Release (UVR) နဲ့ Shunt Trip coil နှစ်မျိုးလုံးဟာ breaker ကို Trip open လုပ်ပေးကြတာချည်းပါဘဲ။ ဒါပေမဲ့ ဘာကွာခြားသလဲဆိုတာ ယှဉ်ပြချင်ပါတယ်။

1) UVT / UVR
Breaker တစ်ခု On ဖို့ အတွက် UVT မှာ power အမြဲရှိနေရပါမယ်။ တစ်နည်းအားဖြင် UVT energize ဖြစ်နေမှ breaker ON လို့ရပါမယ်။ UVT တစ်ချက် de-energize ဖြစ်တာနဲ့ Breaker trip ဖြစ်သွားမှာပါ။ ဒီတော့ UVT ရဲ့ circuit ဟာ အမြဲ online ဖြစ်နေရပါမယ်။ မီးတစ်ချက်လောက် မျက်တောင်ခတ်သွားတာမျိုး (Power dip) ဆိုလည်း trip ဖြစ်မှာပါ။ အဲဒီလို power dip ကို ကာကွယ်ဖို့ UVT supply မှာ delay timer လေးတွေ ထားပေးလေ့ရှိပါတယ်။ Timer setting ထက်နည်းတဲ့ millisecond အနည်းငယ်လောက် power dip ဖြစ်ယင် trip မဖြစ်တော့ဘူးပေါ့။ နောက်ပြီး Voltage drop ဖြစ်ယင်လည်း trip ဖြစ်ပါမယ်။ များသောအားဖြင့် 60 - 80% လောက် ဆိုယင် trip ဖြစ်လေ့ရှိပါတယ်။ UVT supply ဟာ AC / DC အမျိုးမျိုးရှိပါတယ်။ သူ့ spec နဲ့ ကိုက်ညီတဲ့ supply ပေးရမှာပါ။ Circuit ရှုထောင့်က ကြည့်ယင် UVT circuit က NC သဘာဝ ရှိပါတယ်။ Open ဖြစ်ယင် trip ဖြစ်မှာပါ။ Wire break / loose contact ဆိုယင်လည်း trip ဖြစ်မှာပါ။

2) Shunt Trip
Shunt Trip ကတော့ coil energize ဖြစ်မှ trip လုပ်ပေးမှာပါ။ သူက online ဖြစ်နေဖို့ မလိုပါဘူး။ Power dip နဲ့ temporary voltage drop တွေရဲ့ သက်ရောက်မှုမရှိပါဘူး။ သူ့ကို activate လုပ်တဲ့ အချိန် voltage နည်းနေယင်တော့ trip ဖြစ်မှာ မဟုတ်ဘူးပေါ့။ နောက်ပြီး loose contact နဲ့ wire break ကိုလည်း သိနိုင်မှာ မဟုတ်ပါဘူး။ ဒီတော့ periodical test လုပ်ပေးသင့်ပါတယ်။ Circuit ရှုထောင့်က ကြည့်ယင် Shunt trip circuit က NO သဘာဝ ရှိပါတယ်။ Trip လုပ်ချင်တဲ့ အချိန်မှ On ပေးရတာပါ။

ACB တွေမှာတော့ coil နှစ်မျိုးလုံးပါလေ့ရှိပါတယ်။ MCCB တွေမှာတော့ model အမျိုးအစားလိုက်ပြီး UVT ဒါမှမဟုတ် Shunt trip တစ်မျိုးဘဲ ပါလေ့ရှိပါတယ်။ တစ်ချို့ MCCB တွေမှာတော့ coil နှစ်မျိုးလုံးအတွက် တပ်လို့ရအောင်လုပ်ထားပါတယ်။ ဒါပေမဲ့ optional မှာတဲ့ coil အမျိုးအစားကို တပ်ပေးပါတယ်။

UVT နဲ Shunt trip ကို Preferential trip နဲ့ Emergency Shutdown(ESD) circuit တွေမှာ သုံးကြပါတယ်။ ဘယ် အမျိုးအစားကို သုံးမယ်ဆိုတာတော့ Designer ရဲ့ စိတ်ကူး ပေါ်မူတည်ပါတယ်။ တစ်ခါက Oil Rig အသစ်တစ်ခုရဲ့ commissioning အချိန်မှာ emergency stop အလုပ်မလုပ်လို့ ကြည့်တော့ emergency stop circuit အတွက် power supply breaker မဖွင့်ရသေးတာတွေ့ရတယ်။ Design က Fail safe မဖြစ်ဘူးပေါ့။ ဒီတော့ ဘယ်နေရာမှာ ဘာသုံးမလဲဆိုတာ သေချာစဉ်းစားသင့်ပါတယ်။

No comments:

Post a Comment