Saturday 3 June 2017

ACB (၁)

[zawgyi]

(၁) ACB ဆိုတာ ဘာလဲ
(၂) ပါဝင္တဲ့ အစိတ္အပိုင္းမ်ား
(၃) ACB အလုပ္လုပ္ပုံ
(၄) Auxiliary Terminal မ်ား
အစရွိတဲ့ ေခါင္းစဥ္မ်ားနဲ႔ ေျပာျပသြားပါမယ္။

(၁) ACB ဆိုတာ ဘာလဲ
Live conductor တစ္ခုနဲ႔ Load ဒါမွမဟုတ္ တစ္ျခား Live conductor တစ္ခုတို႔ဟာ Make လို႔ေခၚတဲ့ ထိေနယင္လည္း ျပႆနာမရွိပါဘူး။ Break လို႔ေခၚတဲ့ ကြာေနယင္လည္းျပႆနာမရွိပါဘူး။ Make နဲ႔ Break ၾကားက မထိတထိ အေျခအေနက အရမ္း အေရးႀကီးပါတယ္။ အဲဒီအေနအထားမွာ Arcing ဆိုတဲ့ မီးပြားေတြက သံထည္ေတြကိုေတာင္ အရည္ေပ်ာ္ေစတာပါ။ Current နည္းခ်ိန္မွာ မသိသာေပမဲ့ Ampere ရာ၊ေထာင္ခ်ီတဲ့ အေနအထားမွာ ထိန္းခ်ဳပ္ဖို႔ခက္ပါတယ္။ Breaker ဖြင့္ခ်ိန္၊ပိတ္ခ်ိန္ေတြမွာျဖစ္တတ္တဲ့ အဲဒီ Arcing ကို ထိန္းခ်ဳပ္ၿငိမ္းသတ္ေပးတဲ့ၾကားခံ ( Arc quenching medium ) အမ်ိဳး အစားေပၚမူတည္ၿပီး Circuit Breaker အမ်ိဳးအစား ခြဲရယင္ 
- Air Circuit Breaker (ACB)
- Vacuum Circuit Breaker (VCB)
- Gas Circuit Breaker (GCB)
- Oil Circuit Breaker (OCB)
ဆိုၿပီး အမ်ိဳးမ်ိဳး ရွိပါတယ္။ 
အခု ACB အေၾကာင္း ေျပာျပခ်င္ပါတယ္။ သေဘၤာေတြရဲ Main Switch Board မွာဆိုယင္ ACB က အေရးႀကီးတဲ့ safety device တစ္ခုပါ။ ACB ကို Transformer, Generator, Tie breaker နဲ႔ တစ္ျခား power မ်ားတဲ့ Device ေတြမွာ သုံးပါတယ္။ 

(၂) ပါဝင္တဲ့ အစိတ္အပိုင္းမ်ား
ACB မွာ ပါတဲ့ အဓိက အစိတ္အပိုင္းေတြကေတာ့ Fix contact, Moving contact, Arcing Chamber / Arc Chute, Spring, Manual Spring Charging Mechanism, Spring Charging Motor, Open coil, Close Coil, UVT/UVR coil, CT, Trip Control နဲ႔ Auxiliary Contact ေတြပါဘဲ။


(၃) ACB အလုပ္လုပ္ပုံ
Break ဖြင့္၊ပိတ္ လုပ္တဲ့အခါ Moving contact ကို Spring ရဲ႕ ျပင္းထန္လွတဲ့ တြန္းအားသုံး ေရြ႕ေစၿပီး Fixed Contact နဲ႔ အခ်ိန္တိုအတြင္းမွာ ထိေတြ႕ေစမွာျဖစ္ပါတယ္။ ဒါမွ Arcing ကို သက္သာေစမွာ ျဖစ္ပါတယ္။ အေသးစိတ္ေျပာရယင္ေတာ့ Main Contact နဲ႔ Arcing Contact ဆိုၿပီး ႏွစ္ခုရွိပါတယ္။ Breaker ကို Close လုပ္ယင္ Arcing contact က အယင္ထိၿပီး Main Contact က ေနာက္မွ လိုက္ထိတာပါ။ Open မွာလည္း Main contact က အယင္ခြာၿပီး Arcing contact က ေနာက္မွ ခြာပါတယ္။ အဲဒီ Arcing contact ႏွစ္ခုထိတဲ့ေနရာ တစ္စုံစီကို Arcing chamber (သို႔) Arc chute တစ္ခုစီနဲ႔ isolate လုပ္ထားပါတယ္။ Chamber တစ္ခုခ်င္းစီမွာ Arc splitter ဆိုၿပီး ၾကားေလးေတြ ျခားထားပါေသးတယ္။
Spring ကို Manual Charge လုပ္ဖို႔ လက္ကိုင္ေလးေတြရွိပါတယ္။ ေနာက္ပိုင္း ေတာ္ေတာ္မ်ားမ်ား ACB ေတြမွာေတာ့ Charging motor ပါေလ့ရွိပါတယ္။ တစ္ခ်ိဳ႕ model ေတြမွာေတာ့ မပါဘူးေပါ့။ Control line မွာ power ရွိတာနဲ႔ Charging motor က အလိုအေလ်ာက္လည္ၿပီး spring ကို ဆြဲတင္လိုက္မွာပါ။ Spring တင္းအားျပည့္ယင္ limit switch က ျဖတ္ၿပီး motor ရပ္သြားေစပါတယ္။ spring status display မွာ charged လို႔ျပေနပါလိမ့္မယ္။ Breaker ကို close လုပ္ဖို႔ အဆင္သင့္ျဖစ္ေနၿပီေပါ့။
Breaker ကို Open / Close လုပ္တာ နည္းႏွစ္နည္းရွိပါတယ္။ Electrical နဲ႔ mechanical နည္းႏွစ္မ်ိဳးပါ။ Mechanical ကေတာ့ ACB မွာရွိတဲ့ push button ျဖစ္ၿပီး  electrical ကေတာ့ open coil / close coil ကို သုံးၿပီး operate လုပ္တာပါ။
ACB ထုတ္လုပ္သူေပၚမူတည္ၿပီး close coil ကို Latch Release Coil (LRC), XF, YC စသျဖင့္ အမ်ိဳးမ်ိဳး ေခၚပါတယ္။ Open coil ကိုလည္း Shunt Trip Device (SHT), MX, YO စသျဖင့္ နံမည္ေတြ ေပးထားတတ္ပါတယ္။ Open လုပ္ထားလွ်င္ Breaker Status indicator မွာ "0" (သို႔) "OFF" (သို႔) "OPEN" ဆိုတာျပေနပါမယ္။
Close လုပ္ထားလွ်င္ Breaker Status indicator မွာ "1" (သို႔) "ON" (သို႔) "CLOSE" ဆိုတာျပေနပါမယ္။
ထားပါေတာ့ အခု breaker ကို Close လုပ္လိုက္ပါၿပီ။ ဒါေပမဲ့ close အေနအထားမွာ ထိန္းထားဖို႔ (latching) အတြက္ Under Voltage Trip (UVT) / Under Voltage Release (UVR) coil က energize ျဖစ္ေနဖို႔ လိုပါတယ္။   မဟုတ္ယင္ breaker ျပန္ျပဳတ္က်မွာပါ။ UVT ရဲ႕ supply ကို အျပင္ တစ္ေနရာက ေပးထားၿပီး circuit loop ထဲမွာ interlock contact ေတြ series ဆက္ထားတတ္ပါတယ္။ Interlock တစ္ခုခု ပြင့္ေနယင္ျဖစ္ေစ supply voltage နည္း/မရွိယင္ျဖစ္ေစ UVT energize မျဖစ္တဲ့ အတြက္ ACB close လုပ္လို႔ရမွာမဟုတ္ပါဘူး။ ACB close မရတဲ့ ျပႆနာ အမ်ားစုဟာ UVT circuit ေၾကာင့္ ျဖစ္ေလ့ရွိပါတယ္။ 
ACB close ျဖစ္ေနတဲ့ အခါ phase ရဲ႕ current ကို CT မွတစ္ဆင့္ sense လုပ္ၿပီး trip control ကို input ေပးပါတယ္။ Trip control ကို Over Current Release(OCR) လို႔လည္း ေခၚပါတယ္။ တစ္ခ်ိဳ႕ ACB ေတြမွာ internal control ျဖစ္ၿပီး တစ္ခ်ိဳ႕ကေတာ့ သီးျခား unit တစ္ခုအေနနဲ႔ တပ္ထားတတ္ပါတယ္။ ဥပမာ - Merlin Gerin / Schneider ACB ေတြမွာ Trip control အျဖစ္ သီးျခား unit ျဖစ္တဲ့ Micrologic Controller ေတြကို တပ္ထားပါတယ္။ အဲဒီ trip control ရဲ႕ setting အရ current က သတ္မွတ္တဲ့ အခ်ိန္ထက္ေက်ာ္ယင္ ACB ကို trip လုပ္ေပးမွာျဖစ္ပါတယ္။ Trip ျဖစ္သြားယင္ trip indicator ျပေနမွာျဖစ္ပါတယ္။ Breaker ျပန္မတင္ခင္ reset လုပ္ေပးရပါတယ္။

(၄) Auxiliary Terminal မ်ား
မ်ားေသာအားျဖင့္ ACB အေပၚဘက္တြင္ terminal block ေလးေတြ ပါေလ့ရွိပါတယ္။ အဲဒီ terminal ေလးေတြက ACB နဲ႔ အျပင္ switch board / control circuit ေတြနဲ႔ ဆက္သြယ္ေပးတာပါ။ ပါေလ့ရွိတဲ့ terminal ေတြကေတာ့ 
- Open / close status auxiliary contact (multiple)
- Open coil terminal
- Close coil terminal
- UVT coil terminal
- UVT status contact
- trip status contact
- remote reset coil terminal 
- charging motor terminal
- control power supply terminal
- Earth wire terminal
- Rack in position contacts
စသျဖင့္ Terminal အမ်ိဳးမ်ိဳး ပါေလ့ရွိပါတယ္။
ACB Model အလိုက္ Terminal မ်ား ကြဲျပားႏိုင္ပါတယ္။ တစ္ခ်ိဳ႕ terminal ေတြကေတာ့ optional ျဖစ္ပါတယ္။

ဆက္လက္ ေရးပါဦးမည္ ....

[unicode]

(၁) ACB ဆိုတာ ဘာလဲ
(၂) ပါဝင်တဲ့ အစိတ်အပိုင်းများ
(၃) ACB အလုပ်လုပ်ပုံ
(၄) Auxiliary Terminal များ
အစရှိတဲ့ ခေါင်းစဉ်များနဲ့ ပြောပြသွားပါမယ်။

(၁) ACB ဆိုတာ ဘာလဲ

Live conductor တစ်ခုနဲ့ Load ဒါမှမဟုတ် တစ်ခြား Live conductor တစ်ခုတို့ဟာ Make လို့ခေါ်တဲ့ ထိနေယင်လည်း ပြဿနာမရှိပါဘူး။ Break လို့ခေါ်တဲ့ ကွာနေယင်လည်းပြဿနာမရှိပါဘူး။ Make နဲ့ Break ကြားက မထိတထိ အခြေအနေက အရမ်း အရေးကြီးပါတယ်။ အဲဒီအနေအထားမှာ Arcing ဆိုတဲ့ မီးပွားတွေက သံထည်တွေကိုတောင် အရည်ပျော်စေတာပါ။ Current နည်းချိန်မှာ မသိသာပေမဲ့ Ampere ရာ၊ထောင်ချီတဲ့ အနေအထားမှာ ထိန်းချုပ်ဖို့ခက်ပါတယ်။ Breaker ဖွင့်ချိန်၊ပိတ်ချိန်တွေမှာဖြစ်တတ်တဲ့ အဲဒီ Arcing ကို ထိန်းချုပ်ငြိမ်းသတ်ပေးတဲ့ကြားခံ ( Arc quenching medium ) အမျိုး အစားပေါ်မူတည်ပြီး Circuit Breaker အမျိုးအစား ခွဲရယင်

- Air Circuit Breaker (ACB)
- Vacuum Circuit Breaker (VCB)
- Gas Circuit Breaker (GCB)
- Oil Circuit Breaker (OCB)

ဆိုပြီး အမျိုးမျိုး ရှိပါတယ်။

အခု ACB အကြောင်း ပြောပြချင်ပါတယ်။ သင်္ဘောတွေရဲ Main Switch Board မှာဆိုယင် ACB က အရေးကြီးတဲ့ safety device တစ်ခုပါ။ ACB ကို Transformer, Generator, Tie breaker နဲ့ တစ်ခြား power များတဲ့ Device တွေမှာ သုံးပါတယ်။

(၂) ပါဝင်တဲ့ အစိတ်အပိုင်းများ

ACB မှာ ပါတဲ့ အဓိက အစိတ်အပိုင်းတွေကတော့ Fix contact, Moving contact, Arcing Chamber / Arc Chute, Spring, Manual Spring Charging Mechanism, Spring Charging Motor, Open coil, Close Coil, UVT/UVR coil, CT, Trip Control နဲ့ Auxiliary Contact တွေပါဘဲ။

(၃) ACB အလုပ်လုပ်ပုံ

Break ဖွင့်၊ပိတ် လုပ်တဲ့အခါ Moving contact ကို Spring ရဲ့ ပြင်းထန်လှတဲ့ တွန်းအားသုံး ရွေ့စေပြီး Fixed Contact နဲ့ အချိန်တိုအတွင်းမှာ ထိတွေ့စေမှာဖြစ်ပါတယ်။ ဒါမှ Arcing ကို သက်သာစေမှာ ဖြစ်ပါတယ်။ အသေးစိတ်ပြောရယင်တော့ Main Contact နဲ့ Arcing Contact ဆိုပြီး နှစ်ခုရှိပါတယ်။ Breaker ကို Close လုပ်ယင် Arcing contact က အယင်ထိပြီး Main Contact က နောက်မှ လိုက်ထိတာပါ။ Open မှာလည်း Main contact က အယင်ခွာပြီး Arcing contact က နောက်မှ ခွာပါတယ်။ အဲဒီ Arcing contact နှစ်ခုထိတဲ့နေရာ တစ်စုံစီကို Arcing chamber (သို့) Arc chute တစ်ခုစီနဲ့ isolate လုပ်ထားပါတယ်။ Chamber တစ်ခုချင်းစီမှာ Arc splitter ဆိုပြီး ကြားလေးတွေ ခြားထားပါသေးတယ်။

Spring ကို Manual Charge လုပ်ဖို့ လက်ကိုင်လေးတွေရှိပါတယ်။ နောက်ပိုင်း တော်တော်များများ ACB တွေမှာတော့ Charging motor ပါလေ့ရှိပါတယ်။ တစ်ချို့ model တွေမှာတော့ မပါဘူးပေါ့။ Control line မှာ power ရှိတာနဲ့ Charging motor က အလိုအလျောက်လည်ပြီး spring ကို ဆွဲတင်လိုက်မှာပါ။ Spring တင်းအားပြည့်ယင် limit switch က ဖြတ်ပြီး motor ရပ်သွားစေပါတယ်။ spring status display မှာ charged လို့ပြနေပါလိမ့်မယ်။ Breaker ကို close လုပ်ဖို့ အဆင်သင့်ဖြစ်နေပြီပေါ့။

Breaker ကို Open / Close လုပ်တာ နည်းနှစ်နည်းရှိပါတယ်။ Electrical နဲ့ mechanical နည်းနှစ်မျိုးပါ။ Mechanical ကတော့ ACB မှာရှိတဲ့ push button ဖြစ်ပြီး  electrical ကတော့ open coil / close coil ကို သုံးပြီး operate လုပ်တာပါ။

ACB ထုတ်လုပ်သူပေါ်မူတည်ပြီး close coil ကို Latch Release Coil (LRC), XF, YC စသဖြင့် အမျိုးမျိုး ခေါ်ပါတယ်။ Open coil ကိုလည်း Shunt Trip Device (SHT), MX, YO စသဖြင့် နံမည်တွေ ပေးထားတတ်ပါတယ်။ Open လုပ်ထားလျှင် Breaker Status indicator မှာ "0" (သို့) "OFF" (သို့) "OPEN" ဆိုတာပြနေပါမယ်။

Close လုပ်ထားလျှင် Breaker Status indicator မှာ "1" (သို့) "ON" (သို့) "CLOSE" ဆိုတာပြနေပါမယ်။

ထားပါတော့ အခု breaker ကို Close လုပ်လိုက်ပါပြီ။ ဒါပေမဲ့ close အနေအထားမှာ ထိန်းထားဖို့ (latching) အတွက် Under Voltage Trip (UVT) / Under Voltage Release (UVR) coil က energize ဖြစ်နေဖို့ လိုပါတယ်။   မဟုတ်ယင် breaker ပြန်ပြုတ်ကျမှာပါ။ UVT ရဲ့ supply ကို အပြင် တစ်နေရာက ပေးထားပြီး circuit loop ထဲမှာ interlock contact တွေ series ဆက်ထားတတ်ပါတယ်။ Interlock တစ်ခုခု ပွင့်နေယင်ဖြစ်စေ supply voltage နည်း/မရှိယင်ဖြစ်စေ UVT energize မဖြစ်တဲ့ အတွက် ACB close လုပ်လို့ရမှာမဟုတ်ပါဘူး။ ACB close မရတဲ့ ပြဿနာ အများစုဟာ UVT circuit ကြောင့် ဖြစ်လေ့ရှိပါတယ်။

ACB close ဖြစ်နေတဲ့ အခါ phase ရဲ့ current ကို CT မှတစ်ဆင့် sense လုပ်ပြီး trip control ကို input ပေးပါတယ်။ Trip control ကို Over Current Release(OCR) လို့လည်း ခေါ်ပါတယ်။ တစ်ချို့ ACB တွေမှာ internal control ဖြစ်ပြီး တစ်ချို့ကတော့ သီးခြား unit တစ်ခုအနေနဲ့ တပ်ထားတတ်ပါတယ်။ ဥပမာ - Merlin Gerin / Schneider ACB တွေမှာ Trip control အဖြစ် သီးခြား unit ဖြစ်တဲ့ Micrologic Controller တွေကို တပ်ထားပါတယ်။ အဲဒီ trip control ရဲ့ setting အရ current က သတ်မှတ်တဲ့ အချိန်ထက်ကျော်ယင် ACB ကို trip လုပ်ပေးမှာဖြစ်ပါတယ်။ Trip ဖြစ်သွားယင် trip indicator ပြနေမှာဖြစ်ပါတယ်။ Breaker ပြန်မတင်ခင် reset လုပ်ပေးရပါတယ်။

(၄) Auxiliary Terminal များ

များသောအားဖြင့် ACB အပေါ်ဘက်တွင် terminal block လေးတွေ ပါလေ့ရှိပါတယ်။ အဲဒီ terminal လေးတွေက ACB နဲ့ အပြင် switch board / control circuit တွေနဲ့ ဆက်သွယ်ပေးတာပါ။ ပါလေ့ရှိတဲ့ terminal တွေကတော့
- Open / close status auxiliary contact (multiple)
- Open coil terminal
- Close coil terminal
- UVT coil terminal
- UVT status contact
- trip status contact
- remote reset coil terminal
- charging motor terminal
- control power supply terminal
- Earth wire terminal
- Rack in position contacts
စသဖြင့် Terminal အမျိုးမျိုး ပါလေ့ရှိပါတယ်။

ACB Model အလိုက် Terminal များ ကွဲပြားနိုင်ပါတယ်။ တစ်ချို့ terminal တွေကတော့ optional ဖြစ်ပါတယ်။

ဆက်လက် ရေးပါဦးမည် ....

No comments:

Post a Comment