Thursday 8 June 2017

Insulation Resistance (၂) - High Potential Test

[zawgyi]

Dock ဝင္ေနတဲ့ FPSO သေဘၤာတစ္စီးမွာ High Potential Test  (Hipot Test) လုပ္ေပးပါဆိုလို႔ သြားခဲ့တုန္းက အျဖစ္အပ်က္ေလးပါ။ ႐ုံးကေပးလိုက္တဲ့ Hipot Tester ႀကီးက model အေဟာင္းမို႔ လူႏွစ္ေယာက္ ခက္ခက္ခဲခဲ သယ္ရပါတယ္။ သေဘၤာေပၚေတာ့ crane နဲ႔ တင္ေပးလို႔ ေတာ္ပါေသးရဲ႕။ 
 ပုံမွန္ Hipot Test ဆိုတာ ေထြေထြထူးထူး မဟုတ္ပါဘူး။ Megger tester နဲ႔ သေဘာခ်င္းတူပါတယ္။ High tension insulated cable ေတြအတြက္သုံးတာပါ။ ေက်ာင္းတုန္းက ဆရာတစ္ေယာက္ ေျပာဖူးတဲ့ စကားကို သတိရလို႔ ျန္ေျပာရယင္၊ ေလာကမွာ real insulation material ဆိုတာ မရွိပါဘူးတဲ့။ အမ်ားသိေနတဲ့ insulation ပစၥည္းေတြ အားလုံးဟာ အရမ္း ျမင့္တဲ့ voltage တစ္ခုေရာက္ယင္ break down ျဖစ္သြားပါတယ္တဲ့။ High tension insulated cable ေတြကိုလည္း သူတို႔ရဲ႕ insulation resistance ကို high potential ေပးၿပီးစမ္းတာပါ။ မ်ားေသာအားျဖင့္ (2 x operation voltage + 1000) V ေပးၿပီး စမ္းပါတယ္။ 



သေဘၤာေပၚမွာ 11kV generator ေတြသုံးပါတယ္။ Hipot test လုပ္မယ္ဆိုယင္ (2 x 11000+1000= 23000) V ေပးၿပီးစမ္းရမွာပါ။ ဒါေပမဲ့ owner ကေျပာပါတယ္။ ပထမတစ္ခါ Hipot test ကို 23kV နဲ႔ စမ္းၿပီးျဖစ္လို႔ ထပ္မစမ္းေတာ့ဘူး ေျပာပါတယ္။ အခုေခၚရတာက Cable တစ္ေခ်ာင္းမွာ နည္းနည္း နာသြားလို႔ ေသခ်ာေအာင္ အဲဒီတစ္ေခ်ာင္းဘဲ ျပန္စမ္းမွာျဖစ္ၿပီး 11kV နဲ႔ဘဲ စမ္းေပးဖို႔ ေျပာပါတယ္။ 
ကၽြန္ေတာ္တို႔လည္း သူေျပာသလို စမ္းေပးဖို႔ ျပင္ၾကပါတယ္။ Permit to work ကလည္း ၄ နာရီဘဲရပါတယ္။ High voltage ေပးမွာျဖစ္တဲ့ အတြက္ Safety ကိုအကုန္ သတိထားရပါတယ္။ စမ္းမယ့္ေနရာကို barricade တားထားပါတယ္။ မသက္ဆိုင္သူ မဝင္ရပါဘူး။ Cable ရဲ႕ ႏွစ္ဘက္စလုံးကို ျဖဳတ္ထားၿပီးပါၿပီ။ Discharge rod ေတြ leather glove ေတြ အဆင္သင့္ရွိေနပါၿပီ။ Hipot Tester ရဲ႕ power supply ကို ေပူဖို႔ရွာရပါတယ္။ Tester က 110 V AC သုံးပါတယ္။ သေဘၤာက 220V AC သုံးတာဆိုေတာ့ ဒုကၡေရာက္ရပါတယ္။ ပုံမွန္ 220/110 transformer ေလး ယူလာေလ့ရွိေပမဲ့ ဒီေန႔ေတာ့ ပါမလာပါဘူး။ owner/ crew/ yard က လူေတြကို အကူအညီေတာင္းၾကည့္ပါတယ္။ အဲဒီမွာ yard က ျမန္မာ ညီေလးတစ္ေယာက္က 110 V source ရွိတယ္ဆိုၿပီး extension နဲ႔ ဆြဲလာေပးပါတယ္။ အခ်ိန္လည္းနည္းေနေတာ့ ဝမ္းသာအားရ ကၽြန္ေတာ္တို႔လည္း plug တပ္ power on လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ Hipot Tester ထဲက ေၫွာ္နဲ႔ မီးခိုးထြက္လာပါတယ္။ အျမန္ျပန္ပိတ္ေပမဲ့ ေနာက္က်သြားပါၿပီ။ Plug ျဖဳတ္ power တိုင္းၾကည့္ေတာ့ 110V DC ျဖစ္ေနပါတယ္။ ေနာက္မွသိရတာက Welding အတြက္ outlet တစ္ခုကယူလာတာတဲ့။ ဘယ္သူ႔အျပစ္မွမဟုတ္ပါဘူး။ ကိုယ့္အမွားဘဲေလ။ power source ကို အယင္တိုင္းသင့္တာကို အလ်င္စလို လုပ္မိတာကိုး။ မတတ္ႏိုင္ဘူး။ Hipot Tester ကို အဖုံးဖြင့္ ဘာေတြထိသြားလဲၾကည့္ပါတယ္။ ျမင္သာတာကေတာ့ power on switch ေလာင္ထားတယ္။ က်န္တာမသိေသးဘူး။ Switch ကိုျဖဳတ္။ စတိုထဲကရွာေတြ႕လာတဲ့ switch တစ္လုံးနဲ႔ လဲတပ္။ Short ရွိမရွိ စစ္ၾကည့္ၿပီး အဖုံးျပန္ပိတ္လိုက္ပါတယ္။ အဲဒီအခ်ိန္မွာ 220/110 portable transformer တစ္လုံး crew တစ္ေယာက္က ရွာေပးလာပါတယ္။ ႀကိဳးဆက္၊ transformer အဝင္အထြက္တိုင္း၊ ျပီးမွ Tester ကိုခ်ိတ္လိုက္ၿပီး ON ၾကည့္ပါတယ္။ power မီးလာၿပီး တစ္ျခား ဘာ fault မွ မရွိေတာ့ အဆင္ေျပမယ္လို႔ယူဆပါတယ္။ Power ျပန္ပိတ္ လူရွင္းၿပီး output cable ေတြခ်ိတ္ဆက္ စမ္းဖို႔ အဆင္သင့္လုပ္ပါတယ္။ ၿပီးေတာ့ power ဖြင့္ Start ခလုတ္နွိပ္ၿပီး Voltmeter reading ၾကည့္ၿပီး voltage ကို ျဖည္းျဖည္းခ်င္းတင္ေပးပါတယ္။

11kV မွာ ၁၅ မိနစ္ထားၿပီး leakage current ကို ေစာင့္ၾကည့္ပါတယ္။ Insulation breakdown ျဖစ္ယင္ leakage current တက္လာမွာပါ။ Line to earth, Line to line စမ္းတာ အကုန္ အဆင္ေျပပါတယ္္။ ေနာက္ျပီးမွ အဲဒီ cable ေတြကုိ 5kV နဲ႕ Megger Test ျပန္ရုိက္ေပးလိုက္ပါတယ္။


ေစာေစာက AC source အစား DC တပ္လိုက္ေတာ့ DC က high voltage step-up transformer ကို short load အေနနဲ႔ ျမင္ၿပီး current တက္သြားတာပါ။ Fuse မရွိေတာ့ weak အျဖစ္ဆုံး switch ေလာင္သြားတာပါ။ Lesson learnt ကေတာ့ အေလာတႀကီး မလုပ္ဖို႔နဲ႔ လုပ္ရမယ့္ အဆင့္ေတြကို မေက်ာ္ဖို႔ပါဘဲ။

[unicode]

Dock ဝင်နေတဲ့ FPSO သင်္ဘောတစ်စီးမှာ High Potential Test  (Hipot Test) လုပ်ပေးပါဆိုလို့ သွားခဲ့တုန်းက အဖြစ်အပျက်လေးပါ။ ရုံးကပေးလိုက်တဲ့ Hipot Tester ကြီးက model အဟောင်းမို့ လူနှစ်ယောက် ခက်ခက်ခဲခဲ သယ်ရပါတယ်။ သင်္ဘောပေါ်တော့ crane နဲ့ တင်ပေးလို့ တော်ပါသေးရဲ့။

 ပုံမှန် Hipot Test ဆိုတာ ထွေထွေထူးထူး မဟုတ်ပါဘူး။ Megger tester နဲ့ သဘောချင်းတူပါတယ်။ High tension insulated cable တွေအတွက်သုံးတာပါ။ ကျောင်းတုန်းက ဆရာတစ်ယောက် ပြောဖူးတဲ့ စကားကို သတိရလို့ နြ်ပြောရယင်၊ လောကမှာ real insulation material ဆိုတာ မရှိပါဘူးတဲ့။ အများသိနေတဲ့ insulation ပစ္စည်းတွေ အားလုံးဟာ အရမ်း မြင့်တဲ့ voltage တစ်ခုရောက်ယင် break down ဖြစ်သွားပါတယ်တဲ့။ High tension insulated cable တွေကိုလည်း သူတို့ရဲ့ insulation resistance ကို high potential ပေးပြီးစမ်းတာပါ။ များသောအားဖြင့် (2 x operation voltage + 1000) V ပေးပြီး စမ်းပါတယ်။

သင်္ဘောပေါ်မှာ 11kV generator တွေသုံးပါတယ်။ Hipot test လုပ်မယ်ဆိုယင် (2 x 11000+1000= 23000) V ပေးပြီးစမ်းရမှာပါ။ ဒါပေမဲ့ owner ကပြောပါတယ်။ ပထမတစ်ခါ Hipot test ကို 23kV နဲ့ စမ်းပြီးဖြစ်လို့ ထပ်မစမ်းတော့ဘူး ပြောပါတယ်။ အခုခေါ်ရတာက Cable တစ်ချောင်းမှာ နည်းနည်း နာသွားလို့ သေချာအောင် အဲဒီတစ်ချောင်းဘဲ ပြန်စမ်းမှာဖြစ်ပြီး 11kV နဲ့ဘဲ စမ်းပေးဖို့ ပြောပါတယ်။

ကျွန်တော်တို့လည်း သူပြောသလို စမ်းပေးဖို့ ပြင်ကြပါတယ်။ Permit to work ကလည်း ၄ နာရီဘဲရပါတယ်။ High voltage ပေးမှာဖြစ်တဲ့ အတွက် Safety ကိုအကုန် သတိထားရပါတယ်။ စမ်းမယ့်နေရာကို barricade တားထားပါတယ်။ မသက်ဆိုင်သူ မဝင်ရပါဘူး။ Cable ရဲ့ နှစ်ဘက်စလုံးကို ဖြုတ်ထားပြီးပါပြီ။ Discharge rod တွေ leather glove တွေ အဆင်သင့်ရှိနေပါပြီ။ Hipot Tester ရဲ့ power supply ကို ပေူဖို့ရှာရပါတယ်။ Tester က 110 V AC သုံးပါတယ်။ သင်္ဘောက 220V AC သုံးတာဆိုတော့ ဒုက္ခရောက်ရပါတယ်။ ပုံမှန် 220/110 transformer လေး ယူလာလေ့ရှိပေမဲ့ ဒီနေ့တော့ ပါမလာပါဘူး။ owner/ crew/ yard က လူတွေကို အကူအညီတောင်းကြည့်ပါတယ်။ အဲဒီမှာ yard က မြန်မာ ညီလေးတစ်ယောက်က 110 V source ရှိတယ်ဆိုပြီး extension နဲ့ ဆွဲလာပေးပါတယ်။ အချိန်လည်းနည်းနေတော့ ဝမ်းသာအားရ ကျွန်တော်တို့လည်း plug တပ် power on လိုက်ပါတယ်။ အဲဒီအချိန်မှာ Hipot Tester ထဲက ညှော်နဲ့ မီးခိုးထွက်လာပါတယ်။ အမြန်ပြန်ပိတ်ပေမဲ့ နောက်ကျသွားပါပြီ။ Plug ဖြုတ် power တိုင်းကြည့်တော့ 110V DC ဖြစ်နေပါတယ်။ နောက်မှသိရတာက Welding အတွက် outlet တစ်ခုကယူလာတာတဲ့။ ဘယ်သူ့အပြစ်မှမဟုတ်ပါဘူး။ ကိုယ့်အမှားဘဲလေ။ power source ကို အယင်တိုင်းသင့်တာကို အလျင်စလို လုပ်မိတာကိုး။ မတတ်နိုင်ဘူး။ Hipot Tester ကို အဖုံးဖွင့် ဘာတွေထိသွားလဲကြည့်ပါတယ်။ မြင်သာတာကတော့ power on switch လောင်ထားတယ်။ ကျန်တာမသိသေးဘူး။ Switch ကိုဖြုတ်။ စတိုထဲကရှာတွေ့လာတဲ့ switch တစ်လုံးနဲ့ လဲတပ်။ Short ရှိမရှိ စစ်ကြည့်ပြီး အဖုံးပြန်ပိတ်လိုက်ပါတယ်။ အဲဒီအချိန်မှာ 220/110 portable transformer တစ်လုံး crew တစ်ယောက်က ရှာပေးလာပါတယ်။ ကြိုးဆက်၊ transformer အဝင်အထွက်တိုင်း၊ ပြီးမှ Tester ကိုချိတ်လိုက်ပြီး ON ကြည့်ပါတယ်။ power မီးလာပြီး တစ်ခြား ဘာ fault မှ မရှိတော့ အဆင်ပြေမယ်လို့ယူဆပါတယ်။ Power ပြန်ပိတ် လူရှင်းပြီး output cable တွေချိတ်ဆက် စမ်းဖို့ အဆင်သင့်လုပ်ပါတယ်။ ပြီးတော့ power ဖွင့် Start ခလုတ်နှိပ်ပြီး Voltmeter reading ကြည့်ပြီး voltage ကို ဖြည်းဖြည်းချင်းတင်ပေးပါတယ်။

11kV မှာ ၁၅ မိနစ်ထားပြီး leakage current ကို စောင့်ကြည့်ပါတယ်။ Insulation breakdown ဖြစ်ယင် leakage current တက်လာမှာပါ။ Line to earth, Line to line စမ်းတာ အကုန် အဆင်ပြေပါတယ််။ နောက်ပြီးမှ အဲဒီ cable တွေကို 5kV နဲ့ Megger Test ပြန်ရိုက်ပေးလိုက်ပါတယ်။

စောစောက AC source အစား DC တပ်လိုက်တော့ DC က high voltage step-up transformer ကို short load အနေနဲ့ မြင်ပြီး current တက်သွားတာပါ။ Fuse မရှိတော့ weak အဖြစ်ဆုံး switch လောင်သွားတာပါ။ Lesson learnt ကတော့ အလောတကြီး မလုပ်ဖို့နဲ့ လုပ်ရမယ့် အဆင့်တွေကို မကျော်ဖို့ပါဘဲ။ 

No comments:

Post a Comment