Sunday 25 June 2017

Generator (၈) - Safety Stop Circuit Trouble

[Zawgyi]
ေလာေလာဆယ္ Generator နဲ႔ ပတ္သတ္တာေတြ အေရးမ်ားလို႔ ၿငီးေငြ႕ေနေရာ့မယ္ ထင္တယ္။ ဒီျပႆနာက ပူပူေႏြးေႏြးေလး သြားထားတာမို႔ မေမ့ခင္ ေရးလိုက္တာပါ။ ၾကာယင္ အေသးစိတ္ မမွတ္မိမွာစိုးလို႔။  ျပႆနာကေတာ့ ေခါင္းစဥ္မွာ ေရးထားတဲ့အတိုင္း Safety stop circuit trouble တဲ့။ သေဘၤာေပၚေရာက္ေတာ့ တ႐ုတ္စက္ခ်ဳပ္က စက္ ၂ နဲ႔ လႊဲလိုက္တယ္။ စက္ ၂ နဲ႔ အတူ ECR ဆင္းၿပီး လိုက္ၾကည့္ေတာ့ AE1 နဲ႔ AE3 မွာ အဲဒီျပႆနာတက္ေနတယ္ ေျပာပါတယ္။ ထူးထူးဆန္းဆန္း ျပႆနာရွိတဲ့ စက္ႏွစ္လုံးက run ေနၿပီး ေကာင္းတဲ့ AE2 ကိုရပ္ထားတယ္တဲ့။ စက္ ၂ ေျပာျပတာက ေလာေလာဆယ္ speed sensor (Magnetic Pick-up) လဲထားတယ္တဲ့။ အမွန္က MPU ႏွစ္ခုစီရွိပါတယ္။ တစ္ခုက Rpm display ေနာက္တစ္ခုက control အတြက္။ သူေျပာတာေတာ့ MPU တစ္ခုစီလဲထားတယ္ ေျပာပါတယ္။ ဘယ္လို align လုပ္သလဲေမးၾကည့္ေတာ့ sensor ကို flywheel နဲ႔ ထိတဲ့အထိ အယင္ လွည့္တပ္လိုက္ၿပီး ၂၇၀  ံ (3/4 turn) ေနာက္ျပန္လွည့္တယ္ေျပာပါတယ္။ ဒါဆို မွန္တာေပါ့။ ထားပါေတာ့။ ကိုယ့္အပိုင္းေရာက္လာၿပီေလ။ Drawing ေတာင္းၿပီး အျပစ္ေတြကို ရွာရေဖြရေတာ့မယ္။ 
ေတြးမိသြားလို႔ ေျပာရပါဦးမယ္။ Safety circuit မေကာင္းတာ ဘာလို႔ စက္က run လို႔ ရေနတာလဲ။ သူတို႔ ေက်ာ္၊ ခြထားတာလည္း မရွိဘူး။ စက္ရဲ႕ control design လုပ္တဲ့သူရဲ႕ အေတြးအေခၚေပါ့ေနာ္။ သူက Safety interlock ေတြေတာ့ အလုပ္မလုပ္ဘူး။ Run ခ်င္ယင္ ကိုယ့္ဘာသာ risk ယူၿပီး run လို႔ design လုပ္ထားတာလားမသိ။ ေတြ႕ဖူးတဲ့ စက္ေတြမွာ Safety trouble ဆို စက္ကို interlock လုပ္ထားလို႔ ေမာင္းမရေတာ့ဘူး။ ထားပါေတာ့ ဒီမွာက တ႐ုတ္စက္နဲ႔ တ႐ုတ္ design ေပါ့။


Circuit drawing ေတာင္းၿပီး ဖတ္ၾကည့္ေတာ့ Omron PLC နဲ႔ control လုပ္ထားတာေတြ႕ပါတယ္။ Local control panel ကို ဆင္းၾကည့္ေတာ့ PLC မွာ Power နဲ႔ Run LED လင္းေနေတာ့ PLC ပ်က္တာလို႔ သိပ္မထင္ပါဘူး။ အမွန္က email အရ လိုအပ္လာယင္ သုံးဖို႔ Omron CX programmer ပါတဲ့ laptop တစ္လုံး ယူလာခဲ့ပါတယ္။ အခုေတာ့ အဲဒါမသုံးခင္ အယင္ trouble-shoot လုပ္ၾကည့္ပါဦးမယ္။ 
ကၽြန္ေတာ္တို႔ automation system တစ္ခုစီမွာ ျခဳံၾကည့္လိုက္ယင္
- input signals
- output signals 
- control 
ဆိုၿပီး သုံးပိုင္းရွိပါတယ္။ ကၽြန္ေတာ္ ျပႆနာတစ္ခုစဥ္းစားယင္ အဲဒီသုံးခု ခြဲခ်လိုက္ၿပီး စဥ္းစားပါတယ္။ Input အပိုင္းမွာ sensor ေတြ၊ switch ေတြ၊ button ေတြ၊ တစ္ျခား device/ system တစ္ခုခုက ျပန္ယူထားတဲ့ signal ေတြပါမွာေပါ့။ output မွာ display/ light ေတြ၊ sound output ေတြ၊ solenoid/ relay ေတြ၊ တစ္ျခား device / system တစ္ခုခုကို ေပးမယ့္ signal ေတြပါမွာေပါ့။ Control ကေတာ့ PLC, relay logic, DCS နဲ႔ controller အမ်ိဳးမ်ိဳးပါ။
အခု PLC အဝင္ signal ေတြကို ျဖစ္နိင္ေခ် logic နဲ႔ တစ္ခုစီ ရွာၾကည့္ရမွာေပါ့။ ဒါေပမဲ့ ျမန္ျမန္နဲ႔ အေျဖထြက္ႏိုင္တာက ဘယ္လို နည္းလဲဆိုေတာ့၊ စာခိုးခ်တဲ့နည္း (cheating method) ေပါ့ဗ်ာ။ AE ၃လုံးမွာ ေကာင္းတဲ့ တစ္လုံး ရွိေနတယ္ဆိုေတာ့ input signal ေတြ ယွဥ္ၾကည့္လိုက္တာေပါ့။ ဒါေပမဲ့ ျဖစ္ခ်င္ေတာ့ ေကာင္းတဲ့တစ္လုံးက ရပ္ထားတယ္။ မေကာင္းတဲ့ ႏွစ္လုံးက run ေနတယ္။ လိေမၼာ္သီးနဲ႔ ပန္းသီး ယွဥ္ၾကည့္လို႔မရဘူးေလ။ AE2 မွာ lube oil pressure low လို signal ေတြ ရွိေနတယ္။ အလြယ္ဆုံးနည္း ျဖစ္တဲ့ AE2 ကို ေမာင္းခိုင္းလိုက္ပါတယ္။ အေျခအေနတူသြားၿပီေပါ့။ PLC input ေတြ ယွဥ္ၾကည့္ေတာ့ ေတြ႕ပါၿပီ။ speed input မရတာကိုး။ PLC မွာ Input signal ရွိတဲ့ channel က မီးလင္းေနေလ့ရွိပါတယ္။ AE2 ရဲ႕ Speed input ျဖစ္တဲ့ Ch 00 မွာ မီးလင္းေနၿပီး AE1 နဲ႔ AE3 မွာ မလင္းေနပါဘူး။

 
AE2 ရဲ႕ Common တစ္စနဲ႔ Ch 00 ကိုေထာက္ၿပီး DC voltage တိုင္းၾကည့္ေတည့ 7V ေလာက္ရပါတယ္။ AC frequency တိုင္း ၾကည့္ေတာ့ 250 Hz ေလာက္ထြက္ပါတယ္။ AE1 နဲ႔ AE3 မွာ ဘာမွ မထြက္ပါဘူး။ DC 0V နဲ႔ AC 0 Hz ရပါတယ္။ MPU ကလည္း အသစ္လဲထားတယ္ေျပာတယ္။ Drawing အရေတာ့ Sensor ကေန တိုက္႐ိုက္လာတာပါ။


Engine အေျခက sensor အဝင္ junction box ကိုဖြင့္ၾကည့္ပါတယ္။ ႀကိဳး ၃ ေခ်ာင္းရွိပါတယ္။ 0, 24V နဲ႔ signal  ႀကိဳးေတြျဖစ္ပါတယ္။ တိုင္းၾကည့္ေတာ့ voltage မရွိပါဘူး။ ႀကိဳးေတြလိုက္ၾကည့္ေတာ့ local panel ရဲ႕ terminal block မွာ sensor ဆီမလာခင္ 24V supply ေပးတဲ့ fuse တစ္စုံရွိပါတယ္။ တိုင္းၾကည့္ေတာ့ တစ္လုံး ျပတ္ေနတာေတြ႕ရတယ္။ sensor အထြက္ဘက္ကို စစ္ၾကည့္ေတာ့လည္း short မရွိပါဘူး။
AE1 ကိုရပ္လိုက္ပါတယ္။ ေနာက္ၿပီး fuse လဲလိုက္ေတာ့ အဆင္ေျပသြားပါတယ္။  PLC Ch 00 မွာ speed input လည္း ရပါၿပီ။ တိုင္းၾကည့္ေတာ့လည္း 7V DC နဲ႔ AC 250 Hz ရပါတယ္။ Safety circuit trouble မီး ၿငိမ္းသြားၿပီး ready မီးလည္း လင္းလာပါတယ္။ ဒါဆိုယင္ ရေလာက္ပါၿပီ။
ေနာက္ AE3 ကိုစစ္ၾကည့္ေတာ့လည္း အတူတူပါဘဲ။ fuse ျပတ္ေနလို႔ လဲလိုက္ပါတယ္။ ဒီမွာေတာ့ fuse လဲၿပီးေပမဲ့ speed input signal မရေသးပါဘူး။ Sensor junction box မွာတိုင္းၾကည့္ေတာ့ volt ေရာက္ေနပါၿပီ။ ဒါေပမဲ့ polarity ေတြမွားေနတယ္။ တ႐ုတ္ဓာတ္ႀကိဳးႀကီးက လက္ဟန္ေျခဟန္နဲ႔ ႀကိဳး မွားေနေၾကာင္း ေျပာပါတယ္။ ၾကည့္ရတာ သူသိေနတဲ့ပုံ။ ႀကိဳးေျပာင္းၿပီး စမ္းၾကည့္ထားပုံရပါတယ္။ ႀကိဳးျပန္ေျပာင္း ၾကည့္ေတာ့ အဆင္ေျပသြားပါတယ္။ စက္၂ နဲ႔ safety simulation ေတြလုပ္စမ္းၾကပါတယ္။ Lube oil pressure ေလွ်ာ့ခ်ၾကည့္တယ္။ governor ကို ဆြဲတင္ၿပီး over speed လုပ္ၾကည့္တယ္။ Shut down ျဖစ္ပါတယ္။ Alarm output ေတြလည္း ရပါတယ္။ စိတ္ႀကိဳက္ စမ္းၿပီးမွ Surveyor ကို ထပ္စမ္းျပၾကပါတယ္။ အားလုံး အဆင္ေျပပါတယ္။
ျပန္ၾကည့္ရယင္ ျဖစ္ႏိုင္စရာ Root cause က speed sensor မေကာင္းေတာ့ fuse ပ်က္ပါလိမ့္မယ္။ sensor အသစ္လဲၿပီးေတာ့ fuse မလဲလို႔ မရေသးတာကို မသိေတာ့ AE 3 မွာ sensor ႀကိဳးေျပာင္းၿပီး စမ္းၾကည့္ထားတာလို႔ ယူဆရပါတယ္။
ေနာက္တစ္ခု ေတြ႕ေနက်မဟုတ္တာ ေျပာဖို႔က်န္သြားတာက drawing ထဲမွာ speed relay တစ္လုံးပါ ပါတယ္။ ဒါေပမဲ့ local rpm indicator အတြက္ဘဲသုံးထားၿပီး over speed trip ကို speed relay output နဲ႔ သုံးမထားပါဘူး။ PLC speed input ကေနဘဲ ယူၿပီး PLC က run signal  နဲ႔ over speed signal ျပန္ထုတ္ေပးတာပါဘဲ။


[Unicode]
 လောလောဆယ် Generator နဲ့ ပတ်သတ်တာတွေ အရေးများလို့ ငြီးငွေ့နေရော့မယ် ထင်တယ်။ ဒီပြဿနာက ပူပူနွေးနွေးလေး သွားထားတာမို့ မမေ့ခင် ရေးလိုက်တာပါ။ ကြာယင် အသေးစိတ် မမှတ်မိမှာစိုးလို့။  ပြဿနာကတော့ ခေါင်းစဉ်မှာ ရေးထားတဲ့အတိုင်း Safety stop circuit trouble တဲ့။ သငေ်္ဘာပေါ်ရောက်တော့ တရုတ်စက်ချုပ်က စက် ၂ နဲ့ လွှဲလိုက်တယ်။ စက် ၂ နဲ့ အတူ ECR ဆင်းပြီး လိုက်ကြည့်တော့ AE1 နဲ့ AE3 မှာ အဲဒီပြဿနာတက်နေတယ် ပြောပါတယ်။ ထူးထူးဆန်းဆန်း ပြဿနာရှိတဲ့ စက်နှစ်လုံးက run နေပြီး ကောင်းတဲ့ AE2 ကိုရပ်ထားတယ်တဲ့။ စက် ၂ ပြောပြတာက လောလောဆယ် speed sensor (Magnetic Pick-up) လဲထားတယ်တဲ့။ အမှန်က MPU နှစ်ခုစီရှိပါတယ်။ တစ်ခုက Rpm display နောက်တစ်ခုက control အတွက်။ သူပြောတာတော့ MPU တစ်ခုစီလဲထားတယ် ပြောပါတယ်။ ဘယ်လို align လုပ်သလဲမေးကြည့်တော့ sensor ကို flywheel နဲ့ ထိတဲ့အထိ အယင် လှည့်တပ်လိုက်ပြီး ၂၇၀  ံ (3/4 turn) နောက်ပြန်လှည့်တယ်ပြောပါတယ်။ ဒါဆို မှန်တာပေါ့။ ထားပါတော့။ ကိုယ့်အပိုင်းရောက်လာပြီလေ။ Drawing တောင်းပြီး အပြစ်တွေကို ရှာရဖွေရတော့မယ်။
တွေးမိသွားလို့ ပြောရပါဦးမယ်။ Safety circuit မကောင်းတာ ဘာလို့ စက်က run လို့ ရနေတာလဲ။ သူတို့ ကျော်၊ ခွထားတာလည်း မရှိဘူး။ စက်ရဲ့ control design လုပ်တဲ့သူရဲ့ အတွေးအခေါ်ပေါ့နော်။ သူက Safety interlock တွေတော့ အလုပ်မလုပ်ဘူး။ Run ချင်ယင် ကိုယ့်ဘာသာ risk ယူပြီး run လို့ design လုပ်ထားတာလားမသိ။ တွေ့ဖူးတဲ့ စက်တွေမှာ Safety trouble ဆို စက်ကို interlock လုပ်ထားလို့ မောင်းမရတော့ဘူး။ ထားပါတော့ ဒီမှာက တရုတ်စက်နဲ့ တရုတ် design ပေါ့။

Circuit drawing တောင်းပြီး ဖတ်ကြည့်တော့ Omron PLC နဲ့ control လုပ်ထားတာတွေ့ပါတယ်။ Local control panel ကို ဆင်းကြည့်တော့ PLC မှာ Power နဲ့ Run LED လင်းနေတော့ PLC ပျက်တာလို့ သိပ်မထင်ပါဘူး။ အမှန်က email အရ လိုအပ်လာယင် သုံးဖို့ Omron CX programmer ပါတဲ့ laptop တစ်လုံး ယူလာခဲ့ပါတယ်။ အခုတော့ အဲဒါမသုံးခင် အယင် trouble-shoot လုပ်ကြည့်ပါဦးမယ်။
ကျွန်တော်တို့ automation system တစ်ခုစီမှာ ခြုံကြည့်လိုက်ယင်
- input signals
- output signals
- control
ဆိုပြီး သုံးပိုင်းရှိပါတယ်။ ကျွန်တော် ပြဿနာတစ်ခုစဉ်းစားယင် အဲဒီသုံးခု ခွဲချလိုက်ပြီး စဉ်းစားပါတယ်။ Input အပိုင်းမှာ sensor တွေ၊ switch တွေ၊ button တွေ၊ တစ်ခြား device/ system တစ်ခုခုက ပြန်ယူထားတဲ့ signal တွေပါမှာပေါ့။ output မှာ display/ light တွေ၊ sound output တွေ၊ solenoid/ relay တွေ၊ တစ်ခြား device / system တစ်ခုခုကို ပေးမယ့် signal တွေပါမှာပေါ့။ Control ကတော့ PLC, relay logic, DCS နဲ့ controller အမျိုးမျိုးပါ။
အခု PLC အဝင် signal တွေကို ဖြစ်နိင်ချေ logic နဲ့ တစ်ခုစီ ရှာကြည့်ရမှာပေါ့။ ဒါပေမဲ့ မြန်မြန်နဲ့ အဖြေထွက်နိုင်တာက ဘယ်လို နည်းလဲဆိုတော့၊ စာခိုးချတဲ့နည်း (cheating method) ပေါ့ဗျာ။ AE ၃လုံးမှာ ကောင်းတဲ့ တစ်လုံး ရှိနေတယ်ဆိုတော့ input signal တွေ ယှဉ်ကြည့်လိုက်တာပေါ့။ ဒါပေမဲ့ ဖြစ်ချင်တော့ ကောင်းတဲ့တစ်လုံးက ရပ်ထားတယ်။ မကောင်းတဲ့ နှစ်လုံးက run နေတယ်။ လိမ္မော်သီးနဲ့ ပန်းသီး ယှဉ်ကြည့်လို့မရဘူးလေ။ AE2 မှာ lube oil pressure low လို signal တွေ ရှိနေတယ်။ အလွယ်ဆုံးနည်း ဖြစ်တဲ့ AE2 ကို မောင်းခိုင်းလိုက်ပါတယ်။ အခြေအနေတူသွားပြီပေါ့။ PLC input တွေ ယှဉ်ကြည့်တော့ တွေ့ပါပြီ။ speed input မရတာကိုး။ PLC မှာ Input signal ရှိတဲ့ channel က မီးလင်းနေလေ့ရှိပါတယ်။ AE2 ရဲ့ Speed input ဖြစ်တဲ့ Ch 00 မှာ မီးလင်းနေပြီး AE1 နဲ့ AE3 မှာ မလင်းနေပါဘူး။

AE2 ရဲ့ Common တစ်စနဲ့ Ch 00 ကိုထောက်ပြီး DC voltage တိုင်းကြည့်တေည့ 7V လောက်ရပါတယ်။ AC frequency တိုင်း ကြည့်တော့ 250 Hz လောက်ထွက်ပါတယ်။ AE1 နဲ့ AE3 မှာ ဘာမှ မထွက်ပါဘူး။ DC 0V နဲ့ AC 0 Hz ရပါတယ်။ MPU ကလည်း အသစ်လဲထားတယ်ပြောတယ်။ Drawing အရတော့ Sensor ကနေ တိုက်ရိုက်လာတာပါ။

Engine အခြေက sensor အဝင် junction box ကိုဖွင့်ကြည့်ပါတယ်။ ကြိုး ၃ ချောင်းရှိပါတယ်။ 0, 24V နဲ့ signal  ကြိုးတွေဖြစ်ပါတယ်။ တိုင်းကြည့်တော့ voltage မရှိပါဘူး။ ကြိုးတွေလိုက်ကြည့်တော့ local panel ရဲ့ terminal block မှာ sensor ဆီမလာခင် 24V supply ပေးတဲ့ fuse တစ်စုံရှိပါတယ်။ တိုင်းကြည့်တော့ တစ်လုံး ပြတ်နေတာတွေ့ရတယ်။ sensor အထွက်ဘက်ကို စစ်ကြည့်တော့လည်း short မရှိပါဘူး။
AE1 ကိုရပ်လိုက်ပါတယ်။ နောက်ပြီး fuse လဲလိုက်တော့ အဆင်ပြေသွားပါတယ်။  PLC Ch 00 မှာ speed input လည်း ရပါပြီ။ တိုင်းကြည့်တော့လည်း 7V DC နဲ့ AC 250 Hz ရပါတယ်။ Safety circuit trouble မီး ငြိမ်းသွားပြီး ready မီးလည်း လင်းလာပါတယ်။ ဒါဆိုယင် ရလောက်ပါပြီ။
နောက် AE3 ကိုစစ်ကြည့်တော့လည်း အတူတူပါဘဲ။ fuse ပြတ်နေလို့ လဲလိုက်ပါတယ်။ ဒီမှာတော့ fuse လဲပြီးပေမဲ့ speed input signal မရသေးပါဘူး။ Sensor junction box မှာတိုင်းကြည့်တော့ volt ရောက်နေပါပြီ။ ဒါပေမဲ့ polarity တွေမှားနေတယ်။ တရုတ်ဓာတ်ကြိုးကြီးက လက်ဟန်ခြေဟန်နဲ့ ကြိုး မှားနေကြောင်း ပြောပါတယ်။ ကြည့်ရတာ သူသိနေတဲ့ပုံ။ ကြိုးပြောင်းပြီး စမ်းကြည့်ထားပုံရပါတယ်။ ကြိုးပြန်ပြောင်း ကြည့်တော့ အဆင်ပြေသွားပါတယ်။ စက်၂ နဲ့ safety simulation တွေလုပ်စမ်းကြပါတယ်။ Lube oil pressure လျှော့ချကြည့်တယ်။ governor ကို ဆွဲတင်ပြီး over speed လုပ်ကြည့်တယ်။ Shut down ဖြစ်ပါတယ်။ Alarm output တွေလည်း ရပါတယ်။ စိတ်ကြိုက် စမ်းပြီးမှ Surveyor ကို ထပ်စမ်းပြကြပါတယ်။ အားလုံး အဆင်ပြေပါတယ်။
ပြန်ကြည့်ရယင် ဖြစ်နိုင်စရာ Root cause က speed sensor မကောင်းတော့ fuse ပျက်ပါလိမ့်မယ်။ sensor အသစ်လဲပြီးတော့ fuse မလဲလို့ မရသေးတာကို မသိတော့ AE 3 မှာ sensor ကြိုးပြောင်းပြီး စမ်းကြည့်ထားတာလို့ ယူဆရပါတယ်။
နောက်တစ်ခု တွေ့နေကျမဟုတ်တာ ပြောဖို့ကျန်သွားတာက drawing ထဲမှာ speed relay တစ်လုံးပါ ပါတယ်။ ဒါပေမဲ့ local rpm indicator အတွက်ဘဲသုံးထားပြီး over speed trip ကို speed relay output နဲ့ သုံးမထားပါဘူး။ PLC speed input ကနေဘဲ ယူပြီး PLC က run signal  နဲ့ over speed signal ပြန်ထုတ်ပေးတာပါဘဲ။

No comments:

Post a Comment