Friday 30 June 2017

AVR (၃)

[zawgyi]

ဒီတစ္ခါ AVR နဲ႔ပတ္သတ္ၿပီး ဒီေခါင္းစဥ္ေလးေတြနဲ႔ ေျပာသြားပါမယ္။
၁) DIP
၂) DWELL
၃) PWL
၄) Droop Adjustment ေနာက္တစ္နည္း
၅) Effect of Voltage and Frequency in Parallel Operation
၆) Droop Compensation and Cross-Current Compensation

၁) DIP 
ေနာက္ပိုင္း တစ္ခ်ိဳ႕ AVR ေတြမွာပါလာတဲ့ setting တစ္ခ်ိဳ႕ပါ။ သူ႔ရည္ရြယ္ခ်က္က ဒီလိုပါ။ တစ္ခ်ိဳ႕Turbo Charger ပါတဲ့ Generator မ်ိဳးေတြရဲ႕ Engine မွာ Load အမ်ားၾကီး ႐ုက္တရက္ တင္လိုက္ယင္ speed ခ်က္ခ်င္း ျပန္မတက္ႏိုင္တဲ့ ျပႆနာ ရွိတတ္ပါတယ္။ အဲဒါဆိုယင္ Under Frequency Roll-Off(UFRO) set point ေအာက္ ေရာက္သြားၿပီး AVR trip ျဖစ္ႏိုင္ပါတယ္။ ေအာက္ပုံမွာဆို 95% ေပါ့။ ဒီလိုမျဖစ္ဖို႔ AVR ရဲ႕ DIP setting က frequency က်သြားတဲ့ အခ်ိဳးအလိုက္ Excitation Voltage ကို ေလွ်ာ့ခ်ေပးျပီး UFRO trip မျဖစ္ဘဲ Engine speed ျပန္တက္လာဖို႔ အခ်ိန္ရေအာင္ လုပ္ေပးတဲ့ setting ပါ။
DIP control ကို ညာဘက္အဆုံးလွည့္ထားယင္ slope အမတ္ဆုံး ျဖစ္ေနမယ္။ တစ္နည္းအားျဖင့္ Frequency 1% က်သြားတိုင္း Voltage 3% ေလွ်ာ့ခ်ေပးမွာပါ။
DIP control ကို ဘယ္ဘက္အဆုံးလွည့္ထားယင္ slope အေျပဆုံး ျဖစ္ေနမယ္။ တစ္နည္းအားျဖင့္ Frequency 1% က်သြားတိုင္း Voltage 1% ဘဲေလွ်ာ့ခ်ေပးမွာပါ။
DIP က Frequency အလိုက္ ေလွ်ာ့ခ်ေပးမယ့္ Voltage အခ်ိဳး (proportion) ကို set လုပ္ေပးတာပါ။ သူနဲ႔ တြဲဖက္ေနတာကေတာ့ DWELL setting ေတြပါ။

၂) DWELL
အေပၚမွာေျပာတဲ့ Load effect မခံႏိုင္တဲ့ TC ပါတဲ့ Engine မ်ိဳးမွာ DIP နဲ႔ ေလွ်ာ့ခ်ထားတဲ့ Excitation Voltage ကို အျပည့္ျပန္မတင္ခင္မွာ ထားေပးတဲ့ Delay time ကို သတ္မွတ္တာက DWELL ပါ။ 
ပုံမွာ အနိမ့္ဆုံး setting နဲ႔ အျမင့္ဆုံး setting ရဲ႕ မတူတဲ့ slope ေတြျပထားပါတယ္။ Slope ျမင့္ေတာ့ အခ်ိန္တိုအတြင္း recover ျဖစ္ရမွပါ။ Slope ေျပတာေတာ့ recover ျဖစ္ဖို႔ အခ်ိန္ပိုေပးထားတာေပါ့။
Engine performance အရ DIP, DWELL setting ေတြကို သင့္ေတာ္ေအာင္ ညွိေပးရမွာပါ။
၃) PWL (Pulse Width Limit) 
ဒါက Excitation Voltage အျမင့္ဆုံးကို ကန္႔သတ္ေပးတာပါ။ တစ္နည္းအားျဖင့္ AVR ရဲ႕ firing pulse ON/OFF % ကို limit လုပ္ေပးတာပါ။ Setting အျမင့္ဆုံးျဖစ္တဲ့ ညာဘက္ဆုံးထိလွည့္ထားယင္100% ခြင္ျပဳထားေတာ့ limit မရွိေတာ့ပါဘူး။ ဘယ္ဘက္ျပန္လွည့္ေပးမွ limit % တစ္ခုရွိမွာပါ။ သူက ဘာအတြက္ အသုံးဝင္တာလဲဆိုေတာ့ Short ျဖစ္လို႔ Excitation အျမင့္ဆုံးထိေပးေနယင္ alternator ပ်က္စီးသြားႏိုင္တဲ့ အေျခအေနမ်ိဳးကို ကာကြယ္ေပးတာပါ။

၄) Droop Adjustment ေနာက္တစ္နည္း
အယင္ ကၽြန္ေတာ္ ေျပာျပဖူးတဲ့ နည္းက generator ႏွစ္လုံးရဲ႕  V_noload - V _load တူေအာင္ညွိတဲ့ နည္းပါ။ အခု ေနာက္တစ္နည္းကေတာ့ သိပ္အတြက္အခ်က္မလိုတဲ့ နည္းပါ။ 
- Generator တစ္ လုံးစီရဲ႕ V_no load တူေအာင္ အယင္ညွိပါ။ အေသးစိတ္ မေရးေတာ့ပါဘူးေနာ္။
- ႏွစ္လုံး စလုံး Droop setting အၾကမ္းဖ်င္း 5% နီးပါးမွာ ထားပါ။
- Parallel ခ်ိတ္ပါ။ Load sharing က kW ညီတဲ့ အခ်ိန္ Ampere ညီေအာင္ Droop သုံးၿပီးညွိပါ။ 
သတိထားရမွာက Droop 5% မေက်ာ္ေစခ်င္ပါ။ Droop မ်ားလြန္းယင္ load ျမင့္တဲ့အခ်ိန္ output Voltage က်ႏိုင္လို႔ပါ။

၅) Effect of Voltage and Frequency in Parallel Operation
Generator တစ္လုံးခ်င္း run ေနတဲ့အခ်ိန္မွာ AVR/ trimmer မွ Field excitation (Voltage)အတင္အခ် လုပ္ယင္ Output Voltage ေျပာင္းပါတယ္။ Governor မွ Speed အတင္အခ်လုပ္ေပးယင္ Frequency ေျပာင္းပါတယ္။ Parallel run ေနတဲ့ အခ်ိန္မွာေတာ့ အဲဒီအခ်က္ေတြ မမွန္ေတာ့ပါဘူး။
Parallel run ခ်ိန္မွာ တစ္လုံးကို Governor speed တင္ေပးယင္ Frequency မေျပာင္းဘဲ အဲဒီတစ္လုံးမွာ Active power load ျဖစ္တဲ့ kW တက္လာမွာျဖစ္ပါတယ္။ တစ္လုံးကို Governor speed ခ်လိုက္ယင္ kW ေလ်ာ့သြားမွာျဖစ္ပါတယ္။ ဒါေၾကာင့္ load balance ကို Governor control နဲ႔ ကစားရပါတယ္။ ဒါကို တစ္နည္းအားျဖင့္ Active Power Sharing လို႔ ေခၚပါတယ္။
Parallel run ခ်ိန္မွာ တစ္လုံးကို Voltage ျဖစ္တဲ့ field excitation တင္ေပးယင္ Voltage မတက္ဘဲ အဲဒီတစ္လုံးအတြက္ Reactive power ျဖစ္တဲ့ kVAR တက္လာၿပီး p.f က်သြားပါမယ္။ (Inductive/ Lagging ဘက္ကို သြားပါမယ္။) တစ္လုံးကို field excitation ခ်လိုက္ယင္ အဲဒီတစ္လုံးအတြက္ kVAR က်သြားၿပီး p.f တက္လာပါမယ္။ (Capacitive/ Leading ဘက္ကိုသြားပါမယ္။ ဒါေၾကာင့္ minor p.f balance ကို trimmer နဲ႔ ညွိလို႔ရပါတယ္။ ဒါကို တစ္နည္းအားျဖင့္ Reactive Power Sharing လို႔ ေခၚပါတယ္။ တစ္ကယ့္ Reactive Power Compensation ကို ေအာက္က Droop Compensation နဲ႔ Cross-Current Compensation အပိုင္းမွာ အေသးစိတ္ေျပာျပပါမယ္။
Real Power (သို႔) Active Power(KW), Reactive Power(kVAR) နဲ႔ Apparent Power(kVA) အေၾကာင္း ေျပာခဲ့ဖူးတာမို႔ အေသးစိတ္ မေျပာေတာ့ဘဲ power triangle ပုံေလးဘဲ ျပန္ျပလိုက္ပါတယ္။
Generator ႏွစ္လုံး Parallel ခ်ိတ္ထားၿပီး Bus ကတစ္ဆင္ Load ကို share လုပ္ထားတယ္ဆိုပါစို႔။ ႏွစ္လုံးစလုံးရဲ႕ Voltage က တူေနမယ္ဆိုယင္ Load ကို တစ္ဝက္စီ အညီအမွ်ခြဲယူမွာပါ။ ေအာက္က နမူနာမွာ Gen ႏွစ္လုံးလုံး 100V ထြက္တယ္ဆိုယင္ 100A load ကို 50A စီ အတူ ထမ္းၾကတယ္ေပါ့ဗ်ာ။
 တစ္ကယ္လို႔သာ တစ္လုံးက 100V ျဖစ္ၿပီး ေနာက္တစ္လုံးက 100.5 V ျဖစ္သြားယင္ 100A load ကို G1က 25A ဘဲေပးၿပီး G2 က 75A ေပးရပါတယ္။
ဒါထက္ဆိုးၿပီး တစ္လုံးက 100V နဲ႔ ေနာက္တစ္လုံးက 102V ျဖစ္သြားမယ္ဆိုယင္ေတာ့ G2 က Load 100A အျပင္ G1 ကို ပါထမ္းရတဲ့အတြက္ 150A ေပးရပါေတာ့တယ္။ အဲဒီလို G1 ဘက္ကိုျပန္စီးတာကို Circulating Current လို႔ ေခၚပါတယ္။
ဒါကို ျမင္သာေအာင္ ဥပမာ ေပးတာေတာ့ ေရပိုက္ အဝင္ႏွစ္ခုကို ေရပိုက္တစ္ခုမွာ ဆုံဆက္ထားၿပီး supply ေပးတယ္ဆိုယင္ pressure တူေနယင္ အတူတူ supply လုပ္ေပမဲ့ pressure ေတာ္ေတာ္ေလး ကြာသြားယင္ မ်ားတဲ့ပိုက္က နည္းတဲ့ ပိုက္ဆီ ျပန္စီးတဲ့ သေဘာမ်ိဳးပါ။
လက္ေတြ႕မွာ Parallel run ေနတဲ့ Gen ႏွစ္လုံး Voltage အတိအက်တူဖို႔ မျဖစ္ႏိုင္ပါဘူး။ ဒီေတာ့ AVR နဲ႔ Compensation circuit တို႔ရဲ႕အပိုင္း ေရာက္လာပါၿပီ။ AVR က တစ္လုံးခ်င္း run တဲ့ အခ်ိန္မွာ Voltage ကို stable ျဖစ္ေအာင္ regulate လုပ္ေပးပါတယ္။ Parallel run တဲ့အခ်ိန္ load ေၾကာင့္ Voltage က်သြားပါတယ္။ Voltage ကို ျပန္တင္ဖို႔ Excitation ပိုလုပ္ေပးတဲ့အခါ Parallel Operation ျဖစ္တဲ့အတြက္ အေပၚမွာေရးခဲ့တဲ့အတိုင္း Volt မတက္လာဘဲ Reactive power ကြာသြားမွာျဖစ္ပါတယ္။ အဲဒါကို ျပန္ၿပီး Compensate လုပ္ေပးတဲ့နည္း ႏွစ္နည္းသုံးၾကပါတယ္။ Reactive Droop Compensation နဲ႔ Cross-Current Compensation နည္းေတြပါ။

၆) Droop Compensation and Cross-Current Compensation
Reactive Droop Compensation နည္းကေတာ့ Gen အမ်ားစုမွာ သုံးတဲ့နည္းပါ။ Droop CT က sense လုပ္ရတဲ့ load ေပၚမူတည္ၿပီး Droop % အရ set voltage ေလွ်ာ့ခ် ေပးမွာျဖစ္ပါတယ္။ အဲဒီ Voltage က Load ေၾကာင့္ က်တဲ့ Voltage နဲ႔ သိပ္မကြာေတာ့ excitation ပိုေပးဖို႔ မလိုေတာ့ပါဘူး။ ဒီေတာ့ reactive power လည္း မကြာေတာ့ဘူးေပါ့။ ဒီနည္းမွာ AVR ႏွစ္ခုဟာ တစ္ခုနဲ႔တစ္ခု မွီခိုမႈမရွိဘဲ သီးျခား Droop setting ေတြနဲ႔ အလုပ္လုပ္ပါတယ္။ ေနာက္ၿပီး Reactive Load အမ်ိဳးအစားေပၚမူတည္ၿပီး voltage တက္တာက်တာ ျဖစ္ႏိုင္ပါတယ္။
အဲဒီအခ်က္ကို သက္သာေစဖို႔ သုံးတဲ့ ေနာက္တစ္နည္းကေတာ့ Cross-Current Compensation (သို႔) Reactive Differential Compensation နည္းပါ။ ဒီနည္းမွာေတာ့ Parallel run မယ့္ Gen ေတြရဲ႕ CT ေတြကို အျပန္အလွန္ loop ဆက္ထားပါတယ္။ ဒီေတာ့ Gen တစ္ခုမွာ Reactive load ပိုမ်ားလာယင္ သူ႔ AVR ရဲ႕ excitation ကို ျပင္ေပးတာနဲ႔ တစ္ၿပိဳင္နက္မွာ တစ္ျခား AVR ေတြမွာပါ current ေပးၿပီး ညွိေပးတဲ့အတြက္ ပိုၿပီးတည္ၿငိမ္မႈ ရွိတယ္လို႔ဆိုပါတယ္။ ဒီနည္းမွာ သတိထားစရာတစ္ခုက Parallel ခ်ိတ္မထားတဲ့ Gen ရဲ့ CT loop ကို bypass လုပ္ေပးဖို႔ contact တစ္ခုစီ ရွိရပါတယ္။ မ်ားေသာအားျဖင့္ ACB ရဲ႕ NC auxiliary contact နဲ႔ ဆက္ထားတတ္ပါတယ္။
ဒီတစ္ပတ္ ဒီေလာက္ပါဘဲ။ ေက်းဇူးတင္ပါတယ္။

[unicode]

ဒီတစ်ခါ AVR နဲ့ပတ်သတ်ပြီး ဒီခေါင်းစဉ်လေးတွေနဲ့ ပြောသွားပါမယ်။

၁) DIP
၂) DWELL
၃) PWL
၄) Droop Adjustment နောက်တစ်နည်း
၅) Effect of Voltage and Frequency in Parallel Operation
၆) Droop Compensation and Cross-Current Compensation

၁) DIP
နောက်ပိုင်း တစ်ချို့ AVR တွေမှာပါလာတဲ့ setting တစ်ချို့ပါ။ သူ့ရည်ရွယ်ချက်က ဒီလိုပါ။ တစ်ချို့Turbo Charger ပါတဲ့ Generator မျိုးတွေရဲ့ Engine မှာ Load အများကြီး ရုက်တရက် တင်လိုက်ယင် speed ချက်ချင်း ပြန်မတက်နိုင်တဲ့ ပြဿနာ ရှိတတ်ပါတယ်။ အဲဒါဆိုယင် Under Frequency Roll-Off(UFRO) set point အောက် ရောက်သွားပြီး AVR trip ဖြစ်နိုင်ပါတယ်။ အောက်ပုံမှာဆို 95% ပေါ့။ ဒီလိုမဖြစ်ဖို့ AVR ရဲ့ DIP setting က frequency ကျသွားတဲ့ အချိုးအလိုက် Excitation Voltage ကို လျှော့ချပေးပြီး UFRO trip မဖြစ်ဘဲ Engine speed ပြန်တက်လာဖို့ အချိန်ရအောင် လုပ်ပေးတဲ့ setting ပါ။

DIP control ကို ညာဘက်အဆုံးလှည့်ထားယင် slope အမတ်ဆုံး ဖြစ်နေမယ်။ တစ်နည်းအားဖြင့် Frequency 1% ကျသွားတိုင်း Voltage 3% လျှော့ချပေးမှာပါ။

DIP control ကို ဘယ်ဘက်အဆုံးလှည့်ထားယင် slope အပြေဆုံး ဖြစ်နေမယ်။ တစ်နည်းအားဖြင့် Frequency 1% ကျသွားတိုင်း Voltage 1% ဘဲလျှော့ချပေးမှာပါ။

DIP က Frequency အလိုက် လျှော့ချပေးမယ့် Voltage အချိုး (proportion) ကို set လုပ်ပေးတာပါ။ သူနဲ့ တွဲဖက်နေတာကတော့ DWELL setting တွေပါ။

၂) DWELL
အပေါ်မှာပြောတဲ့ Load effect မခံနိုင်တဲ့ TC ပါတဲ့ Engine မျိုးမှာ DIP နဲ့ လျှော့ချထားတဲ့ Excitation Voltage ကို အပြည့်ပြန်မတင်ခင်မှာ ထားပေးတဲ့ Delay time ကို သတ်မှတ်တာက DWELL ပါ။

ပုံမှာ အနိမ့်ဆုံး setting နဲ့ အမြင့်ဆုံး setting ရဲ့ မတူတဲ့ slope တွေပြထားပါတယ်။ Slope မြင့်တော့ အချိန်တိုအတွင်း recover ဖြစ်ရမှပါ။ Slope ပြေတာတော့ recover ဖြစ်ဖို့ အချိန်ပိုပေးထားတာပေါ့။

Engine performance အရ DIP, DWELL setting တွေကို သင့်တော်အောင် ညှိပေးရမှာပါ။

၃) PWL (Pulse Width Limit)
ဒါက Excitation Voltage အမြင့်ဆုံးကို ကန့်သတ်ပေးတာပါ။ တစ်နည်းအားဖြင့် AVR ရဲ့ firing pulse ON/OFF % ကို limit လုပ်ပေးတာပါ။ Setting အမြင့်ဆုံးဖြစ်တဲ့ ညာဘက်ဆုံးထိလှည့်ထားယင်100% ခွင်ပြုထားတော့ limit မရှိတော့ပါဘူး။ ဘယ်ဘက်ပြန်လှည့်ပေးမှ limit % တစ်ခုရှိမှာပါ။ သူက ဘာအတွက် အသုံးဝင်တာလဲဆိုတော့ Short ဖြစ်လို့ Excitation အမြင့်ဆုံးထိပေးနေယင် alternator ပျက်စီးသွားနိုင်တဲ့ အခြေအနေမျိုးကို ကာကွယ်ပေးတာပါ။

၄) Droop Adjustment နောက်တစ်နည်း
အယင် ကျွန်တော် ပြောပြဖူးတဲ့ နည်းက generator နှစ်လုံးရဲ့  V_noload - V _load တူအောင်ညှိတဲ့ နည်းပါ။ အခု နောက်တစ်နည်းကတော့ သိပ်အတွက်အချက်မလိုတဲ့ နည်းပါ။

- Generator တစ် လုံးစီရဲ့ V_no load တူအောင် အယင်ညှိပါ။ အသေးစိတ် မရေးတော့ပါဘူးနော်။

- နှစ်လုံး စလုံး Droop setting အကြမ်းဖျင်း 5% နီးပါးမှာ ထားပါ။

- Parallel ချိတ်ပါ။ Load sharing က kW ညီတဲ့ အချိန် Ampere ညီအောင် Droop သုံးပြီးညှိပါ။

သတိထားရမှာက Droop 5% မကျော်စေချင်ပါ။ Droop များလွန်းယင် load မြင့်တဲ့အချိန် output Voltage ကျနိုင်လို့ပါ။

၅) Effect of Voltage and Frequency in Parallel Operation
Generator တစ်လုံးချင်း run နေတဲ့အချိန်မှာ AVR/ trimmer မှ Field excitation (Voltage)အတင်အချ လုပ်ယင် Output Voltage ပြောင်းပါတယ်။ Governor မှ Speed အတင်အချလုပ်ပေးယင် Frequency ပြောင်းပါတယ်။ Parallel run နေတဲ့ အချိန်မှာတော့ အဲဒီအချက်တွေ မမှန်တော့ပါဘူး။

Parallel run ချိန်မှာ တစ်လုံးကို Governor speed တင်ပေးယင် Frequency မပြောင်းဘဲ အဲဒီတစ်လုံးမှာ Active power load ဖြစ်တဲ့ kW တက်လာမှာဖြစ်ပါတယ်။ တစ်လုံးကို Governor speed ချလိုက်ယင် kW လျော့သွားမှာဖြစ်ပါတယ်။ ဒါကြောင့် load balance ကို Governor control နဲ့ ကစားရပါတယ်။ ဒါကို တစ်နည်းအားဖြင့် Active Power Sharing လို့ ခေါ်ပါတယ်။

Parallel run ချိန်မှာ တစ်လုံးကို Voltage ဖြစ်တဲ့ field excitation တင်ပေးယင် Voltage မတက်ဘဲ အဲဒီတစ်လုံးအတွက် Reactive power ဖြစ်တဲ့ kVAR တက်လာပြီး p.f ကျသွားပါမယ်။ (Inductive/ Lagging ဘက်ကို သွားပါမယ်။) တစ်လုံးကို field excitation ချလိုက်ယင် အဲဒီတစ်လုံးအတွက် kVAR ကျသွားပြီး p.f တက်လာပါမယ်။ (Capacitive/ Leading ဘက်ကိုသွားပါမယ်။ ဒါကြောင့် minor p.f balance ကို trimmer နဲ့ ညှိလို့ရပါတယ်။ ဒါကို တစ်နည်းအားဖြင့် Reactive Power Sharing လို့ ခေါ်ပါတယ်။ တစ်ကယ့် Reactive Power Compensation ကို အောက်က Droop Compensation နဲ့ Cross-Current Compensation အပိုင်းမှာ အသေးစိတ်ပြောပြပါမယ်။

Real Power (သို့) Active Power(KW), Reactive Power(kVAR) နဲ့ Apparent Power(kVA) အကြောင်း ပြောခဲ့ဖူးတာမို့ အသေးစိတ် မပြောတော့ဘဲ power triangle ပုံလေးဘဲ ပြန်ပြလိုက်ပါတယ်။

Generator နှစ်လုံး Parallel ချိတ်ထားပြီး Bus ကတစ်ဆင် Load ကို share လုပ်ထားတယ်ဆိုပါစို့။ နှစ်လုံးစလုံးရဲ့ Voltage က တူနေမယ်ဆိုယင် Load ကို တစ်ဝက်စီ အညီအမျှခွဲယူမှာပါ။ အောက်က နမူနာမှာ Gen နှစ်လုံးလုံး 100V ထွက်တယ်ဆိုယင် 100A load ကို 50A စီ အတူ ထမ်းကြတယ်ပေါ့ဗျာ။

 တစ်ကယ်လို့သာ တစ်လုံးက 100V ဖြစ်ပြီး နောက်တစ်လုံးက 100.5 V ဖြစ်သွားယင် 100A load ကို G1က 25A ဘဲပေးပြီး G2 က 75A ပေးရပါတယ်။

ဒါထက်ဆိုးပြီး တစ်လုံးက 100V နဲ့ နောက်တစ်လုံးက 102V ဖြစ်သွားမယ်ဆိုယင်တော့ G2 က Load 100A အပြင် G1 ကို ပါထမ်းရတဲ့အတွက် 150A ပေးရပါတော့တယ်။ အဲဒီလို G1 ဘက်ကိုပြန်စီးတာကို Circulating Current လို့ ခေါ်ပါတယ်။

ဒါကို မြင်သာအောင် ဥပမာ ပေးတာတော့ ရေပိုက် အဝင်နှစ်ခုကို ရေပိုက်တစ်ခုမှာ ဆုံဆက်ထားပြီး supply ပေးတယ်ဆိုယင် pressure တူနေယင် အတူတူ supply လုပ်ပေမဲ့ pressure တော်တော်လေး ကွာသွားယင် များတဲ့ပိုက်က နည်းတဲ့ ပိုက်ဆီ ပြန်စီးတဲ့ သဘောမျိုးပါ။

လက်တွေ့မှာ Parallel run နေတဲ့ Gen နှစ်လုံး Voltage အတိအကျတူဖို့ မဖြစ်နိုင်ပါဘူး။ ဒီတော့ AVR နဲ့ Compensation circuit တို့ရဲ့အပိုင်း ရောက်လာပါပြီ။ AVR က တစ်လုံးချင်း run တဲ့ အချိန်မှာ Voltage ကို stable ဖြစ်အောင် regulate လုပ်ပေးပါတယ်။ Parallel run တဲ့အချိန် load ကြောင့် Voltage ကျသွားပါတယ်။ Voltage ကို ပြန်တင်ဖို့ Excitation ပိုလုပ်ပေးတဲ့အခါ Parallel Operation ဖြစ်တဲ့အတွက် အပေါ်မှာရေးခဲ့တဲ့အတိုင်း Volt မတက်လာဘဲ Reactive power ကွာသွားမှာဖြစ်ပါတယ်။ အဲဒါကို ပြန်ပြီး Compensate လုပ်ပေးတဲ့နည်း နှစ်နည်းသုံးကြပါတယ်။ Reactive Droop Compensation နဲ့ Cross-Current Compensation နည်းတွေပါ။


၆) Droop Compensation and Cross-Current Compensation

Reactive Droop Compensation နည်းကတော့ Gen အများစုမှာ သုံးတဲ့နည်းပါ။ Droop CT က sense လုပ်ရတဲ့ load ပေါ်မူတည်ပြီး Droop % အရ set voltage လျှော့ချ ပေးမှာဖြစ်ပါတယ်။ အဲဒီ Voltage က Load ကြောင့် ကျတဲ့ Voltage နဲ့ သိပ်မကွာတော့ excitation ပိုပေးဖို့ မလိုတော့ပါဘူး။ ဒီတော့ reactive power လည်း မကွာတော့ဘူးပေါ့။ ဒီနည်းမှာ AVR နှစ်ခုဟာ တစ်ခုနဲ့တစ်ခု မှီခိုမှုမရှိဘဲ သီးခြား Droop setting တွေနဲ့ အလုပ်လုပ်ပါတယ်။ နောက်ပြီး Reactive Load အမျိုးအစားပေါ်မူတည်ပြီး voltage တက်တာကျတာ ဖြစ်နိုင်ပါတယ်။

အဲဒီအချက်ကို သက်သာစေဖို့ သုံးတဲ့ နောက်တစ်နည်းကတော့ Cross-Current Compensation (သို့) Reactive Differential Compensation နည်းပါ။ ဒီနည်းမှာတော့ Parallel run မယ့် Gen တွေရဲ့ CT တွေကို အပြန်အလှန် loop ဆက်ထားပါတယ်။ ဒီတော့ Gen တစ်ခုမှာ Reactive load ပိုများလာယင် သူ့ AVR ရဲ့ excitation ကို ပြင်ပေးတာနဲ့ တစ်ပြိုင်နက်မှာ တစ်ခြား AVR တွေမှာပါ current ပေးပြီး ညှိပေးတဲ့အတွက် ပိုပြီးတည်ငြိမ်မှု ရှိတယ်လို့ဆိုပါတယ်။ ဒီနည်းမှာ သတိထားစရာတစ်ခုက Parallel ချိတ်မထားတဲ့ Gen ရဲ့ CT loop ကို bypass လုပ်ပေးဖို့ contact တစ်ခုစီ ရှိရပါတယ်။ များသောအားဖြင့် ACB ရဲ့ NC auxiliary contact နဲ့ ဆက်ထားတတ်ပါတယ်။

ဒီတစ်ပတ် ဒီလောက်ပါဘဲ။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment