Saturday 17 June 2017

Insulation Resistance (၅) - Indicator Lamp Brightness မညီျခင္း

[zawgyi]

ျပႆနာမဟုတ္တဲ့ ျပႆနာေလးတစ္ခုပါ။ Bulk carrier တစ္စီးမွာ surveyor မွတ္ခ်က္ေပးသြားတဲ့ အခ်က္ေလးေတြ ရွင္းလို႔ ရသေလာက္ ရွင္းေပးပါဆိုလို႔ စစ္ေပးရပါတယ္။ အဲဒီထဲက တစ္ခုေပါ့။ ဘာလို႔ျပႆနာမဟုတ္တာလဲဆိုေတာ့ အဲဒီသေဘၤာရဲ႕ 110V distribution panel မွာ insulation monitoring circuit ရွိပါတယ္။ Meter မွာ IR က infinity နီးပါးျပပါတယ္။ ဒါေပမဲ့ R, S,T phase တစ္ခုစီအတြက္ ထားတဲ့ indicator မီးလုံးေလးေတြမွာ တစ္လုံးက နည္းနည္း မွိန္ေနတယ္။ ေက်ာ္ထားလို႔လား သိရေအာင္ Test ခလုတ္ နွိပ္ၾကည့္ေတာ့လည္း insulation meter ရဲ႕ pointer က ေရြ႕သြားၿပီး မီးလုံး သုံးလုံး ညီသြားတယ္။ ျပန္လႊတ္လိုက္ေတာ့ အယင္အတိုင္း မီးတစ္လုံးျပန္မွိန္သြားတယ္။ Meter ကလည္း infinity နားမွာပါဘဲ။
အဲဒါေျပာတာေပါ့ ျပႆနာမဟုတ္တဲ့ ျပႆနာဆိုတာ။ Test ခလုတ္နွိပ္ၾကည့္လို႔ meter pointer ေရြ႕သြားတယ္ဆိုေတာ့ မီတာမွာ bypass လုပ္မထားဘူးဆိုတာ ျပပါတယ္။ Bypass လုပ္ထားယင္ IR က infinity မွာျပေနၿပီး pointer မလႈပ္ပါဘူး။ ဒီေတာ့ IR တန္ဖိုး infinity နီးပါးရွိတယ္ဆိုတာ အမွန္ေပါ့။ IR ဒီေလာက္ျမင့္ေနမွ ဘာမွ ျပႆနာ မရွိဘူးေလ။ ဒါေပမဲ့ surveyor က မွတ္ခ်က္ေပးသြားတဲ့ မီးလုံး တစ္လုံး မွိန္တဲ့ကိစၥ ရွင္းရပါဦးမယ္။ အမွန္က ဒီမွာ မီးလုံးသုံလုံးက primary monitoring မဟုတ္ပါဘူး။ Insulation meter က low insulation trigger ျဖစ္မွ မီးလုံး လင္းတာမွိန္တာၾကည့္လို႔ ဘယ္ phase က leakage ျဖစ္ႏိုင္တယ္ဆိုတာ ရွာရတာပါ။ (Insulation Meter မရွိယင္ေတာ့ မီးလုံးသုံးလုံး နဲ႕ၾကည့္ႏုိင္ပါတယ္။) ထားပါေတာ့။ ရွာဆိုေတာ့လည္း အေျဖရွာရေတာ့ မွာေပါ့။
ေနာက္တစ္ခု test ခလုတ္နွိပ္လိုက္တဲ့ အခ်ိန္မွာ မီးလုံးသုံးလုံး brightness ညီသြားတယ္ဆိုေတာ့ မီးလုံးေတြရဲ႕ resistance အတူတူဘဲေပါ့။ တစ္နည္းအားျဖင့္ အမ်ိဳးအစား မတူတဲ့ မီးလုံးထည့္ထားတာမဟုတ္ဘူး ဆ္ိုတာ ေသခ်ာပါတယ္။ 
ဒီေနရာမွာ circuit ျပန္ၾကည့္ရေအာင္။ R, S, T တစ္လိုင္းစီက မီးလုံးတစ္လုံးစီဆက္ထားၿပီး မီးလုံးသုံးလုံးရဲ႕ က်န္တဲ့ တစ္စစီကို star connection ဆက္ထားပါတယ္။ အဲဒီ star point ကေန Test ခလုတ္ ကိုျဖတ္ၿပီး Earth ကို ဆက္ထားတာပါ။ Test ခလုတ္ မနွိပ္ယင္ မီးလုံးသုံးလုံးက float သေဘာမ်ိဳး ျဖစ္ေနတာပါ။ ဒီေတာ့ load balance ညီယင္ သုံးလုံး ညီတူ လင္းမွာေပါ့။ Load မညီယင္ျဖစ္ျဖစ္၊ Circuit တစ္ခုခုက earth leakage က်ေနယင္ျဖစ္ျဖစ္ မီးလုံး brightness ညီမွာ မဟုတ္ဘူးေပါ့။ Test ခလုတ္ နွိပ္လိုက္ယင္ေတာ့ earth နဲ႔ ဆက္လိုက္တာျဖစ္သြားေတာ့ line to earth မီးလုံး တစ္လုံးစီကို ျဖတ္စီးပါတယ္။ တစ္ကယ္ earth က်လို႔ရွိယင္ အဲဒီ phase ေတြက potential နည္းသြားတဲ့ အတြက္ မွိန္သြားလိမ့္မယ္။

အခု အေျခအေနအရ meter မွာလည္း IR မက်ဘူး။ Test ခလုတ္နွိပ္ယင္လည္း မီးလုံး ညီသြား တယ္ဆိုေတာ့ earth leakage မရွိတာေသခ်ာပါတယ္။ Load unbalance ျဖစ္လို႔ မီးလုံးမညီတာလို႕ ေကာက္ခ်က္ခ်ႏုိင္ပါတယ္။


Power Distribution လုပ္ထားတဲ့ ပုံစံက R, S, T  ၃ လိုင္းမွာ RS, RT, ST ႏွစ္လိုင္းစီ ခြၿပီး single phase breaker ေတြနဲ႔ ျပန္ျဖန္႔ေပးထားတာပါ။ ဒီေတာ့ Clamp meter နဲ႔ breaker အထြက္တိုင္းကို Ampere တိုင္းၾကည့္ၿပီး စာရင္း လုပ္လိုက္ပါတယ္။ ၿပီးမွ တစ္စုံစီရဲ႕ current ေပါင္းလာဒ္ ကို ယွဥ္ၾကည့္ပါတယ္။ ေနာက္ၿပီး တန္ဖိုးညီႏိုင္သမွ် အနီးစပ္ဆုံး ရေအာင္ ႀကိဳးေတြ ေရႊ႕တပ္ၾကည့္ပါတယ္။ မီးလုံးေတြ မညီမခ်င္း နည္းနည္းပါးပါး ကုလားဖန္ထိုး ေပးလိုက္ေတာ့ အဆင္ေျပသြားပါတယ္။

[unicode]

ပြဿနာမဟုတ်တဲ့ ပြဿနာလေးတစ်ခုပါ။ Bulk carrier တစ်စီးမှာ surveyor မှတ်ချက်ပေးသွားတဲ့ အချက်လေးတွေ ရှင်းလို့ ရသလောက် ရှင်းပေးပါဆိုလို့ စစ်ပေးရပါတယ်။ အဲဒီထဲက တစ်ခုပေါ့။ ဘာလို့ပြဿနာမဟုတ်တာလဲဆိုတော့ အဲဒီသင်္ဘောရဲ့ 110V distribution panel မှာ insulation monitoring circuit ရှိပါတယ်။ Meter မှာ IR က infinity နီးပါးပြပါတယ်။ ဒါပေမဲ့ R, S,T phase တစ်ခုစီအတွက် ထားတဲ့ indicator မီးလုံးလေးတွေမှာ တစ်လုံးက နည်းနည်း မှိန်နေတယ်။ ကျော်ထားလို့လား သိရအောင် Test ခလုတ် နှိပ်ကြည့်တော့လည်း insulation meter ရဲ့ pointer က ရွေ့သွားပြီး မီးလုံး သုံးလုံး ညီသွားတယ်။ ပြန်လွှတ်လိုက်တော့ အယင်အတိုင်း မီးတစ်လုံးပြန်မှိန်သွားတယ်။ Meter ကလည်း infinity နားမှာပါဘဲ။

အဲဒါပြောတာပေါ့ ပြဿနာမဟုတ်တဲ့ ပြဿနာဆိုတာ။ Test ခလုတ်နှိပ်ကြည့်လို့ meter pointer ရွေ့သွားတယ်ဆိုတော့ မီတာမှာ bypass လုပ်မထားဘူးဆိုတာ ပြပါတယ်။ Bypass လုပ်ထားယင် IR က infinity မှာပြနေပြီး pointer မလှုပ်ပါဘူး။ ဒီတော့ IR တန်ဖိုး infinity နီးပါးရှိတယ်ဆိုတာ အမှန်ပေါ့။ IR ဒီလောက်မြင့်နေမှ ဘာမှ ပြဿနာ မရှိဘူးလေ။ ဒါပေမဲ့ surveyor က မှတ်ချက်ပေးသွားတဲ့ မီးလုံး တစ်လုံး မှိန်တဲ့ကိစ္စ ရှင်းရပါဦးမယ်။ အမှန်က ဒီမှာ မီးလုံးသုံလုံးက primary monitoring မဟုတ်ပါဘူး။ Insulation meter က low insulation trigger ဖြစ်မှ မီးလုံး လင်းတာမှိန်တာကြည့်လို့ ဘယ် phase က leakage ဖြစ်နိုင်တယ်ဆိုတာ ရှာရတာပါ။ (Insulation Meter မရှိယင်တော့ မီးလုံးသုံးလုံး နဲ့ကြည့်နိုင်ပါတယ်။) ထားပါတော့။ ရှာဆိုတော့လည်း အဖြေရှာရတော့ မှာပေါ့။

နောက်တစ်ခု test ခလုတ်နှိပ်လိုက်တဲ့ အချိန်မှာ မီးလုံးသုံးလုံး brightness ညီသွားတယ်ဆိုတော့ မီးလုံးတွေရဲ့ resistance အတူတူဘဲပေါ့။ တစ်နည်းအားဖြင့် အမျိုးအစား မတူတဲ့ မီးလုံးထည့်ထားတာမဟုတ်ဘူး ဆ်ိုတာ သေချာပါတယ်။

ဒီနေရာမှာ circuit ပြန်ကြည့်ရအောင်။ R, S, T တစ်လိုင်းစီက မီးလုံးတစ်လုံးစီဆက်ထားပြီး မီးလုံးသုံးလုံးရဲ့ ကျန်တဲ့ တစ်စစီကို star connection ဆက်ထားပါတယ်။ အဲဒီ star point ကနေ Test ခလုတ် ကိုဖြတ်ပြီး Earth ကို ဆက်ထားတာပါ။ Test ခလုတ် မနှိပ်ယင် မီးလုံးသုံးလုံးက float သဘောမျိုး ဖြစ်နေတာပါ။ ဒီတော့ load balance ညီယင် သုံးလုံး ညီတူ လင်းမှာပေါ့။ Load မညီယင်ဖြစ်ဖြစ်၊ Circuit တစ်ခုခုက earth leakage ကျနေယင်ဖြစ်ဖြစ် မီးလုံး brightness ညီမှာ မဟုတ်ဘူးပေါ့။ Test ခလုတ် နှိပ်လိုက်ယင်တော့ earth နဲ့ ဆက်လိုက်တာဖြစ်သွားတော့ line to earth မီးလုံး တစ်လုံးစီကို ဖြတ်စီးပါတယ်။ တစ်ကယ် earth ကျလို့ရှိယင် အဲဒီ phase တွေက potential နည်းသွားတဲ့ အတွက် မှိန်သွားလိမ့်မယ်။

အခု အခြေအနေအရ meter မှာလည်း IR မကျဘူး။ Test ခလုတ်နှိပ်ယင်လည်း မီးလုံး ညီသွား တယ်ဆိုတော့ earth leakage မရှိတာသေချာပါတယ်။ Load unbalance ဖြစ်လို့ မီးလုံးမညီတာလို့ ကောက်ချက်ချနိုင်ပါတယ်။

Power Distribution လုပ်ထားတဲ့ ပုံစံက R, S, T  ၃ လိုင်းမှာ RS, RT, ST နှစ်လိုင်းစီ ခွပြီး single phase breaker တွေနဲ့ ပြန်ဖြန့်ပေးထားတာပါ။ ဒီတော့ Clamp meter နဲ့ breaker အထွက်တိုင်းကို Ampere တိုင်းကြည့်ပြီး စာရင်း လုပ်လိုက်ပါတယ်။ ပြီးမှ တစ်စုံစီရဲ့ current ပေါင်းလာဒ် ကို ယှဉ်ကြည့်ပါတယ်။ နောက်ပြီး တန်ဖိုးညီနိုင်သမျှ အနီးစပ်ဆုံး ရအောင် ကြိုးတွေ ရွှေ့တပ်ကြည့်ပါတယ်။ မီးလုံးတွေ မညီမချင်း နည်းနည်းပါးပါး ကုလားဖန်ထိုး ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။

No comments:

Post a Comment