Saturday 10 June 2017

Insulation Resistance (၃) - Generator Health Check

[zawgyi]

ဒီအေတြ႕အၾကဳံကေတာ့ Trouble-shooting နဲ႔ Fault finding ကအဓိက မဟုတ္ပါဘူး။ Generator ေတြမွာ အခ်ိန္ၾကာလာတာနဲ႔ အမွ် winding ေတြမွာ carbon deposit ျဖစ္တာ၊ moisture နဲ႔ ဖုန္ေၾကာင့္ insulation က်လာတာ တို႔ကို သိရေအာင္ စစ္ေဆးတဲ့ အေတြ႕အၾကဳံပါ။ ဒီစစ္ေဆးတဲ့ result ကိုၾကည့္ၿပီး Chemical clean လုပ္သင့္လား လုပ္ဖို႔ မလိုေသးဘူးလား ဆုံးျဖတ္ရတာပါ။ 
Health Check မွာ electrical အေနနဲ႔ ကၽြန္ေတာ္တို႔ စစ္ေပးတာကေတာ့
၁) Insulation Resistance and Polarization Index of windings
၂) Coil Resistance
၃) Rotating Diode Check
၄) Space Heater and winding temperature sensor Check ေတြပါ။

အဓိက ဒီစာေရးရတဲ့ အေၾကာင္းက သိပ္မမ်ားလွတဲ့ Generator/ Alternator ရဲ႕ အစိတ္အပိုင္းေလးေတြကို ေျပာျပခ်င္လို႔ပါ။ ကၽြန္ေတာ္ကေတာ့ electrical နဲ႔ ပါတ္သတ္တာဘဲ ေျပာသြားမွာပါ။ 
ဒီ Generator ေတြကေတာ့ Caterpillar အမ်ိဳးအစားေတြပါ။ သေဘၤာေပၚမွာ emergency generator အပါအဝင္ ၆ လုံးရွိပါတယ္။ ခပ္ငယ္ငယ္ေတြပါဘဲ။ အလုပ္ စလုပ္ေတာ့မယ္ ဆိုတာနဲ႔ Safety precaution အရ Lock out tag out လုပ္ပါတယ္။ MSB မွာ ACB ကို rack out လုပ္ၿပီး စာကပ္ထားပါတယ္။ Remote start ကို လည္း Block လုပ္ ၿပီး Space heater ကို Off ထားလိုက္ပါတယ္။ Space heater က generator run မေနတဲ့ အခ်ိန္ alternator winding ေတြမွာ moisture မဝင္ေအာင္ အပူေပးတာပါ။ Power က Bus bar ကယူေလ့ရွိၿပီး run တဲ့ အခ်ိန္ အလိုအေလ်ာက္ off ေပးမွာပါ။ Local panel မွာလည္း Local mode ေျပာင္း၊ power off ထားလိုက္ပါတယ္။ ေနာက္တစ္ခုက MSB မွာ ACB မတိုင္ခင္က Generator source အတြက္ ယူထားတဲ့ fuse ေတြကိုလည္း ျဖဳတ္လိုက္ပါတယ္။ ၿပီးမွ
Alternator ရဲ႕ ေနာက္ဖ်ားက အဖုံးေတြ ဖြင့္လိုက္ပါတယ္။ ဒီ generator အမ်ိဳးအစားမွာ PMG နဲ႔ Aux winding ေတြမပါတဲ့ အတြက္ ရွင္းပါတယ္။ ကၽြန္ေတာ္တို႔ၾကည့္စရာ Winding ၄ ခုဘဲရွိပါတယ္။ 
- Main Stator, 
- Main rotor, 
- Exciter stator နဲ႔ 
- Exciter rotor တို႔ ပါဘဲ။ 
အင္ဂ်င္နဲ႔ နီးတဲ့ ဘက္က main, ေဝးတဲ့ဘက္က exciter ေပါ့။ အလယ္ဝင္႐ိုး shaft ေပၚမွာ Rotor ႏွစ္ခု တန္းစီရွိေနၿပီး rotor ရဲ႕ အျပင္ဘက္က အုပ္ထားတာ Stator Coil ေတြပါ။ 
ၾကဳံလို႔ Generator အလုပ္လုပ္ပုံေလး ထပ္ရွင္းျပပါရေစ။ Shaft လည္ေနခ်ိန္မွာ main stator မွာ residual magnetism ေၾကာင့္ voltage ေပၚေနပါမယ္။ အဲဒီ voltage နဲ႔ AVR ကို supply ေပးေတာ့ AVR က DC output ထုတ္ေပးႏိုင္တာေပါ့။ AVR က exciter stator (field coil) ကို DC voltage နဲ႔ excitation ေပးလိုက္ယင္ exciter rotor မွာ 3 phase AC voltage ထြက္ပါမယ္။ အဲဒီ AC ကို rotating diodes ေတြက DC ျပန္ေျပာင္းေပး ၿပီး shaft ေပၚမွာ တစ္ဆက္ထဲရွိတဲ့ Main rotor ကို DC voltage ေပးပါတယ္။ အဲဒီေတာ့မွ Main Stator က 3 phase AC output ထုတ္ေပးမွာပါ။ အဲဒီ 3 phase winding ၃ ခု ႀကိဳး ၆ စမွာ တစ္ဘက္က ၃ စကို စုေပါင္းၿပီး Star connection ဆက္လိုက္ပါတယ္။ က်န္တဲ့ ၃ စကို output terminal နဲ႔ ဆက္ၿပီး consumer side ACB ကတစ္ဆင့္ Bus bar ဆီပို႔ေပးတာပါ။ 
အခု health check လုပ္ဖို႔ အစဆုံး Main stator winding ၃ ခု ကို Insulation Resistance (Megger Test) တိုင္းပါတယ္။ AVR ေပၚက exciter stator သြားတဲ့  F+, F- ႀကိဳး, voltage sensing နဲ႔ AVR power supply ႀကိဳးေတြကို isolationအတြက္ ျဖဳတ္လိုက္ပါတယ္။
 Megger test က main stator တစ္ႀကိဳးကို တိုင္းယင္ ရပါၿပီ။ တစ္ဘက္မွာ star point connection ရွိၿပီးသားဆိုေတာ့ winding ၃ ခုကဆက္ေနတာမို႔ပါ။ Megger Test ကို 1 minute တစ္ခါ၊ 10 min တစ္ခါ reading ယူပါတယ္။ Polarization Index (PI) တြက္ဖို႔ပါ။
PI ဆိုတာ နည္းနည္းေလး ေျပာျပခ်င္ပါတယ္။ Megger test လုပ္တဲ့ အခ်ိန္မွာ winding မွာရွိတဲ့ အညစ္အေၾကး (impurities) ေတြ ကလွ်ပ္စစ္သယ္ေဆာင္ေပးၿပီး leakage ျဖစ္ေစတတ္တယ္လို႔ ဆိုပါတယ္။ အဲဒီ impurities ေတြကို charge ေပးလိုက္လို႔ ၁၀ မိနစ္ေလာက္ၾကာယင္ polarize ျဖစ္သြားၿပီး leakage မျဖစ္ေစေတာ့ပါဘူးတဲ့။ အဲဒီ impurity ေၾကာင့္ ျဖစ္ႏိုင္တဲ့ leakage ကို ဖယ္ထုတ္ၿပီး Insulation Resistance (IR) နဲ႔ မဖယ္ထုတ္ခင္ IR ရဲ႕ အခ်ိဳးကို Polarization Index (PI) လို႔ ေခၚတာပါတဲ့။
PI = IR_10 min / IR_1 min
ဆိုတဲ့ formula နဲ႔တြက္ပါတယ္။ PI တန္ဘိုး 2 နဲ႔ အထက္မွ ေကာင္းတယ္လို႔ ေျပာပါတယ္။ 1 ထက္နည္းယင္ အႏၲရာယ္ရွိတယ္လို႔ဆိုပါတယ္။ ဒါေပမဲ့ IR တန္ဖိုး 5 GOhm ထက္ျမင့္သြားယင္ PI တြက္ခ်က္တာ သက္ေရာက္မႈ မရွိေတာ့ဘူးလို႔ IEEE guide line မွာဆိုပါတယ္။

Main stator winding ကို တိုင္းလက္စနဲ႔ coil resistance ပါတစ္ခါထဲ တိုင္းလိုက္ပါတယ္။ တန္ဖိုးက 1 ohm ထက္နည္းတာမို႔ micro-ohm meter နဲ႔ တိုင္းရပါတယ္။ phase တစ္စစီနဲ႔ star point ၾကား တိုင္းပါတယ္။ coil resistance ေတြ အနီးစပ္ဆုံး ညီေနသင့္ပါတယ္။ ဒါမွ balance ျဖစ္မွာပါ။
ေနာက္ ထပ္ winding တစ္စုံျဖစ္တဲ့ exciter stator winding (field coil) ကို တိုင္းပါမယ္။ ဒီတစ္ခါေတာ့ ေစာေစာက AVR က ျဖဳတ္ထားတဲ့ F+, F- ကိုဘဲ Megger တိုင္းလိုက္ပါတယ္။ ၿပီးမွ coil resistance တိုင္းပါတယ္။
Rotor coil ႏွစ္ခု မတိုင္းခင္ rotating diode ကို အယင္ရွာရပါတယ္။ သူက exciter rotor နဲ႔ main rotor coil ႏွစ္ခုကို ဆက္ထားတဲ့ ေနရာမို႔ပါ။ Shaft နဲ႔ အတူလိုက္လည္ေနမွာမို႔ အျပင္နဲ႔ ႀကိဳး အဆက္အသြယ္မရွိပါဘူး။ အမွန္က 3 phase အတြက္ Diode ၆ လုံုးရွိတတ္ပါတယ္။ ဒါေပမဲ့ တစ္ခ်ိဳ႕ generator ေတြမွာဘဲ Diode ၆ လုံး သီးျခားစီ ရွိပါတယ္။ အဝင္ ၃ လုံး အထြက္ ၃ လုံး type မတူ တတ္ပါဘူး။ တစ္ခ်ိဳ႕ကေတာ့ အဝင္အထြက္ diode တစ္စုံစီတြဲထားတဲ့ ၃ စုံဘဲ ရွိပါတယ္။ Diode အဝင္ ၃ စေပါင္းက (+) diode အထြက္ ၃ စေပါင္းက (-) ဆိုၿပီး DC ထုတ္လို႔ main rotor ကို ၂ စေပးမွာပါ။ 
ဒီ generator မွာေတာ့ ပိုေတာင္ ခ်ဳံ  ့ထားေသးတယ္။ Diode အားလုံးေပါင္းၿပီး block တစ္ခုလုပ္ထားပါတယ္။ exciter ကလာတဲ့ အဝင္ ၃ ေခ်ာင္းနဲ႔ main rotor ဆီ DC ထုတ္ေပးမယ့္ ၂ ေခ်ာင္း ႀကိဳး ၅ ေခ်ာင္း ေတြ႕ရပါတယ္။ DC အထြက္ ႏွစ္ေခ်ာင္းကို ခြၿပီး smoothing အတြက္ Capacitor တစ္လုံး တပ္ထားပါတယ္။ ပထမ ႀကိဳးေတြကို မွတ္ၿပီး ျဖဳတ္ပါတယ္။ Diode block ကို Multimeter နဲ႔ တိုင္းၿပီးစစ္ၾကည့္ပါတယ္။
 ၿပီးမွ exciter coil အတြက္ ႀကိဳး ၃စကို တိုင္း main rotor အတြက္ ႀကိဳး ၂စကို တိုင္းပါတယ္။ ေနာက္ Space heater နဲ႔ winding temperature sensor ေတြကို Resistance တိုင္းၿပီး မွတ္ထားလိုက္ပါတယ္။ ဒါဆို Generator တစ္လုံးအတြက္ ၿပီးသြားပါၿပီ။ က်န္တဲ့ generator ေတြကိုလည္း စစ္ေပးၿပီး report အတြက္ form ေတြျဖည့္ပါတယ္။
အဲဒီတုန္းမွာ စက္-၂ က ေျပာပါတယ္။ AE3 ကတစ္ခါတေလ remote start မရဘူးေျပာပါတယ္။ အဲဒါေလး ၾကည့္ေပးဖို႔ ေျပာတာနဲ႔ စစ္ေပးရပါတယ္။ ျပႆနာက သိပ္မရႈပ္ေလာက္ပါဘူး။ ဒါေပမဲ့ အဲဒီ တစ္ခါတေလ ဆိုတဲ့ intermittent fault ေတာ္ေတာ္ ဒုကၡေပးပါတယ္။ အၿမဲျဖစ္တဲ့ ျပႆနာ မဟုတ္ေတာ့ ကိုယ္ေစာင့္ၾကည့္ေနတုန္း ျဖစ္ယင္ အေျဖရွာေပးလို႔ရတယ္။ မဟုတ္ယင္ ဘာလုပ္ရမယ္မသိ။
ထားပါေတာ့။ အကုန္ အဆင္သင့္လုပ္။ remote mode မွာထား AE3 ကို ECR ထဲက စေမာင္းပါတယ္။ ရတယ္။ ျပန္ပိတ္ၿပီး ျပန္ေမာင္း ထပ္ကာထပ္ကာ စမ္းၾကည့္ေတာ့၊ ၃ ႀကိမ္ေျမာက္မွာ စလို႔ မရေတာ့ပါဘူး။ အဲဒါနဲ႔ local control panel သြား PLC မွာၾကည့္ေတာ့လည္း ဘာ fault မွ မျပဘူး။ safety interlock ေတြစစ္ၾကည့္ေတာ့လည္း အေကာင္း။ PLC ရဲ႕ ready signal utput လည္း ထြက္ပါတယ္။

 
MSB ေပၚက DEIF controller တစ္ခုျဖစ္တဲ့ PPU Power Management (PPM) main unit မွာ generator ready signal အဝင္ terminal ကို တိုင္းၾကည့္ေတာ့ volt ရွိပါတယ္။ Start လုပ္တဲ့ အခ်ိန္Engine Start signal ကိုတိုင္းၾကည့္ေတာ့ volt မရွိပါဘူး။ ၾကည့္လိုက္ေတာ့ terminal plug ေလးက socket ကေနႂကြေနပါတယ္။ loose contact ေပါ့။ ျပန္ျဖဳတ္၊ ႀကိဳးေတြ ေသခ်ာၾကပ္ၿပီး socket ကို ၿမဲေအာင္ ျပန္တပ္လိုက္ပါတယ္။ ေနာက္ထပ္ remote start / stop ၅ ခါေလာက္လုပ္ၾကည့္ေတာ့ အကုန္ရပါတယ္။ အလုပ္သိမ္းၿပီး ျပန္ခဲ့တယ္ေပါ့ဗ်ာ။

[unicode]
ဒီအတွေ့အကြုံကတော့ Trouble-shooting နဲ့ Fault finding ကအဓိက မဟုတ်ပါဘူး။ Generator တွေမှာ အချိန်ကြာလာတာနဲ့ အမျှ winding တွေမှာ carbon deposit ဖြစ်တာ၊ moisture နဲ့ ဖုန်ကြောင့် insulation ကျလာတာ တို့ကို သိရအောင် စစ်ဆေးတဲ့ အတွေ့အကြုံပါ။ ဒီစစ်ဆေးတဲ့ result ကိုကြည့်ပြီး Chemical clean လုပ်သင့်လား လုပ်ဖို့ မလိုသေးဘူးလား ဆုံးဖြတ်ရတာပါ။

Health Check မှာ electrical အနေနဲ့ ကျွန်တော်တို့ စစ်ပေးတာကတော့
၁) Insulation Resistance and Polarization Index of windings
၂) Coil Resistance
၃) Rotating Diode Check
၄) Space Heater and winding temperature sensor Check တွေပါ။

အဓိက ဒီစာရေးရတဲ့ အကြောင်းက သိပ်မများလှတဲ့ Generator/ Alternator ရဲ့ အစိတ်အပိုင်းလေးတွေကို ပြောပြချင်လို့ပါ။ ကျွန်တော်ကတော့ electrical နဲ့ ပါတ်သတ်တာဘဲ ပြောသွားမှာပါ။

ဒီ Generator တွေကတော့ Caterpillar အမျိုးအစားတွေပါ။ သင်္ဘောပေါ်မှာ emergency generator အပါအဝင် ၆ လုံးရှိပါတယ်။ ခပ်ငယ်ငယ်တွေပါဘဲ။ အလုပ် စလုပ်တော့မယ် ဆိုတာနဲ့ Safety precaution အရ Lock out tag out လုပ်ပါတယ်။ MSB မှာ ACB ကို rack out လုပ်ပြီး စာကပ်ထားပါတယ်။ Remote start ကို လည်း Block လုပ် ပြီး Space heater ကို Off ထားလိုက်ပါတယ်။ Space heater က generator run မနေတဲ့ အချိန် alternator winding တွေမှာ moisture မဝင်အောင် အပူပေးတာပါ။ Power က Bus bar ကယူလေ့ရှိပြီး run တဲ့ အချိန် အလိုအလျောက် off ပေးမှာပါ။ Local panel မှာလည်း Local mode ပြောင်း၊ power off ထားလိုက်ပါတယ်။ နောက်တစ်ခုက MSB မှာ ACB မတိုင်ခင်က Generator source အတွက် ယူထားတဲ့ fuse တွေကိုလည်း ဖြုတ်လိုက်ပါတယ်။ ပြီးမှ

Alternator ရဲ့ နောက်ဖျားက အဖုံးတွေ ဖွင့်လိုက်ပါတယ်။ ဒီ generator အမျိုးအစားမှာ PMG နဲ့ Aux winding တွေမပါတဲ့ အတွက် ရှင်းပါတယ်။ ကျွန်တော်တို့ကြည့်စရာ Winding ၄ ခုဘဲရှိပါတယ်။

- Main Stator,
- Main rotor,
- Exciter stator နဲ့
- Exciter rotor တို့ ပါဘဲ။

အင်ဂျင်နဲ့ နီးတဲ့ ဘက်က main, ဝေးတဲ့ဘက်က exciter ပေါ့။ အလယ်ဝင်ရိုး shaft ပေါ်မှာ Rotor နှစ်ခု တန်းစီရှိနေပြီး rotor ရဲ့ အပြင်ဘက်က အုပ်ထားတာ Stator Coil တွေပါ။

ကြုံလို့ Generator အလုပ်လုပ်ပုံလေး ထပ်ရှင်းပြပါရစေ။ Shaft လည်နေချိန်မှာ main stator မှာ residual magnetism ကြောင့် voltage ပေါ်နေပါမယ်။ အဲဒီ voltage နဲ့ AVR ကို supply ပေးတော့ AVR က DC output ထုတ်ပေးနိုင်တာပေါ့။ AVR က exciter stator (field coil) ကို DC voltage နဲ့ excitation ပေးလိုက်ယင် exciter rotor မှာ 3 phase AC voltage ထွက်ပါမယ်။ အဲဒီ AC ကို rotating diodes တွေက DC ပြန်ပြောင်းပေး ပြီး shaft ပေါ်မှာ တစ်ဆက်ထဲရှိတဲ့ Main rotor ကို DC voltage ပေးပါတယ်။ အဲဒီတော့မှ Main Stator က 3 phase AC output ထုတ်ပေးမှာပါ။ အဲဒီ 3 phase winding ၃ ခု ကြိုး ၆ စမှာ တစ်ဘက်က ၃ စကို စုပေါင်းပြီး Star connection ဆက်လိုက်ပါတယ်။ ကျန်တဲ့ ၃ စကို output terminal နဲ့ ဆက်ပြီး consumer side ACB ကတစ်ဆင့် Bus bar ဆီပို့ပေးတာပါ။

အခု health check လုပ်ဖို့ အစဆုံး Main stator winding ၃ ခု ကို Insulation Resistance (Megger Test) တိုင်းပါတယ်။ AVR ပေါ်က exciter stator သွားတဲ့  F+, F- ကြိုး, voltage sensing နဲ့ AVR power supply ကြိုးတွေကို isolationအတွက် ဖြုတ်လိုက်ပါတယ်။

 Megger test က main stator တစ်ကြိုးကို တိုင်းယင် ရပါပြီ။ တစ်ဘက်မှာ star point connection ရှိပြီးသားဆိုတော့ winding ၃ ခုကဆက်နေတာမို့ပါ။ Megger Test ကို 1 minute တစ်ခါ၊ 10 min တစ်ခါ reading ယူပါတယ်။ Polarization Index (PI) တွက်ဖို့ပါ။

PI ဆိုတာ နည်းနည်းလေး ပြောပြချင်ပါတယ်။ Megger test လုပ်တဲ့ အချိန်မှာ winding မှာရှိတဲ့ အညစ်အကြေး (impurities) တွေ ကလျှပ်စစ်သယ်ဆောင်ပေးပြီး leakage ဖြစ်စေတတ်တယ်လို့ ဆိုပါတယ်။ အဲဒီ impurities တွေကို charge ပေးလိုက်လို့ ၁၀ မိနစ်လောက်ကြာယင် polarize ဖြစ်သွားပြီး leakage မဖြစ်စေတော့ပါဘူးတဲ့။ အဲဒီ impurity ကြောင့် ဖြစ်နိုင်တဲ့ leakage ကို ဖယ်ထုတ်ပြီး Insulation Resistance (IR) နဲ့ မဖယ်ထုတ်ခင် IR ရဲ့ အချိုးကို Polarization Index (PI) လို့ ခေါ်တာပါတဲ့။

PI = IR_10 min / IR_1 min

ဆိုတဲ့ formula နဲ့တွက်ပါတယ်။ PI တန်ဘိုး 2 နဲ့ အထက်မှ ကောင်းတယ်လို့ ပြောပါတယ်။ 1 ထက်နည်းယင် အန္တရာယ်ရှိတယ်လို့ဆိုပါတယ်။ ဒါပေမဲ့ IR တန်ဖိုး 5 GOhm ထက်မြင့်သွားယင် PI တွက်ချက်တာ သက်ရောက်မှု မရှိတော့ဘူးလို့ IEEE guide line မှာဆိုပါတယ်။

Main stator winding ကို တိုင်းလက်စနဲ့ coil resistance ပါတစ်ခါထဲ တိုင်းလိုက်ပါတယ်။ တန်ဖိုးက 1 ohm ထက်နည်းတာမို့ micro-ohm meter နဲ့ တိုင်းရပါတယ်။ phase တစ်စစီနဲ့ star point ကြား တိုင်းပါတယ်။ coil resistance တွေ အနီးစပ်ဆုံး ညီနေသင့်ပါတယ်။ ဒါမှ balance ဖြစ်မှာပါ။

နောက် ထပ် winding တစ်စုံဖြစ်တဲ့ exciter stator winding (field coil) ကို တိုင်းပါမယ်။ ဒီတစ်ခါတော့ စောစောက AVR က ဖြုတ်ထားတဲ့ F+, F- ကိုဘဲ Megger တိုင်းလိုက်ပါတယ်။ ပြီးမှ coil resistance တိုင်းပါတယ်။

Rotor coil နှစ်ခု မတိုင်းခင် rotating diode ကို အယင်ရှာရပါတယ်။ သူက exciter rotor နဲ့ main rotor coil နှစ်ခုကို ဆက်ထားတဲ့ နေရာမို့ပါ။ Shaft နဲ့ အတူလိုက်လည်နေမှာမို့ အပြင်နဲ့ ကြိုး အဆက်အသွယ်မရှိပါဘူး။ အမှန်က 3 phase အတွက် Diode ၆ လုုံးရှိတတ်ပါတယ်။ ဒါပေမဲ့ တစ်ချို့ generator တွေမှာဘဲ Diode ၆ လုံး သီးခြားစီ ရှိပါတယ်။ အဝင် ၃ လုံး အထွက် ၃ လုံး type မတူ တတ်ပါဘူး။ တစ်ချို့ကတော့ အဝင်အထွက် diode တစ်စုံစီတွဲထားတဲ့ ၃ စုံဘဲ ရှိပါတယ်။ Diode အဝင် ၃ စပေါင်းက (+) diode အထွက် ၃ စပေါင်းက (-) ဆိုပြီး DC ထုတ်လို့ main rotor ကို ၂ စပေးမှာပါ။

ဒီ generator မှာတော့ ပိုတောင် ချုံ  ့ထားသေးတယ်။ Diode အားလုံးပေါင်းပြီး block တစ်ခုလုပ်ထားပါတယ်။ exciter ကလာတဲ့ အဝင် ၃ ချောင်းနဲ့ main rotor ဆီ DC ထုတ်ပေးမယ့် ၂ ချောင်း ကြိုး ၅ ချောင်း တွေ့ရပါတယ်။ DC အထွက် နှစ်ချောင်းကို ခွပြီး smoothing အတွက် Capacitor တစ်လုံး တပ်ထားပါတယ်။ ပထမ ကြိုးတွေကို မှတ်ပြီး ဖြုတ်ပါတယ်။ Diode block ကို Multimeter နဲ့ တိုင်းပြီးစစ်ကြည့်ပါတယ်။

 ပြီးမှ exciter coil အတွက် ကြိုး ၃စကို တိုင်း main rotor အတွက် ကြိုး ၂စကို တိုင်းပါတယ်။ နောက် Space heater နဲ့ winding temperature sensor တွေကို Resistance တိုင်းပြီး မှတ်ထားလိုက်ပါတယ်။ ဒါဆို Generator တစ်လုံးအတွက် ပြီးသွားပါပြီ။ ကျန်တဲ့ generator တွေကိုလည်း စစ်ပေးပြီး report အတွက် form တွေဖြည့်ပါတယ်။

အဲဒီတုန်းမှာ စက်-၂ က ပြောပါတယ်။ AE3 ကတစ်ခါတလေ remote start မရဘူးပြောပါတယ်။ အဲဒါလေး ကြည့်ပေးဖို့ ပြောတာနဲ့ စစ်ပေးရပါတယ်။ ပြဿနာက သိပ်မရှုပ်လောက်ပါဘူး။ ဒါပေမဲ့ အဲဒီ တစ်ခါတလေ ဆိုတဲ့ intermittent fault တော်တော် ဒုက္ခပေးပါတယ်။ အမြဲဖြစ်တဲ့ ပြဿနာ မဟုတ်တော့ ကိုယ်စောင့်ကြည့်နေတုန်း ဖြစ်ယင် အဖြေရှာပေးလို့ရတယ်။ မဟုတ်ယင် ဘာလုပ်ရမယ်မသိ။

ထားပါတော့။ အကုန် အဆင်သင့်လုပ်။ remote mode မှာထား AE3 ကို ECR ထဲက စမောင်းပါတယ်။ ရတယ်။ ပြန်ပိတ်ပြီး ပြန်မောင်း ထပ်ကာထပ်ကာ စမ်းကြည့်တော့၊ ၃ ကြိမ်မြောက်မှာ စလို့ မရတော့ပါဘူး။ အဲဒါနဲ့ local control panel သွား PLC မှာကြည့်တော့လည်း ဘာ fault မှ မပြဘူး။ safety interlock တွေစစ်ကြည့်တော့လည်း အကောင်း။ PLC ရဲ့ ready signal utput လည်း ထွက်ပါတယ်။

MSB ပေါ်က DEIF controller တစ်ခုဖြစ်တဲ့ PPU Power Management (PPM) main unit မှာ generator ready signal အဝင် terminal ကို တိုင်းကြည့်တော့ volt ရှိပါတယ်။ Start လုပ်တဲ့ အချိန်Engine Start signal ကိုတိုင်းကြည့်တော့ volt မရှိပါဘူး။ ကြည့်လိုက်တော့ terminal plug လေးက socket ကနေကြွနေပါတယ်။ loose contact ပေါ့။ ပြန်ဖြုတ်၊ ကြိုးတွေ သေချာကြပ်ပြီး socket ကို မြဲအောင် ပြန်တပ်လိုက်ပါတယ်။ နောက်ထပ် remote start / stop ၅ ခါလောက်လုပ်ကြည့်တော့ အကုန်ရပါတယ်။ အလုပ်သိမ်းပြီး ပြန်ခဲ့တယ်ပေါ့ဗျာ။

No comments:

Post a Comment