Friday 7 July 2017

Boiler (၂) - Boiler Cannot fire

[zawgyi]

Dock ဝင္ေနတဲ့ Bulk Carrier တစ္စီးမွာပါ။ Boiler မီးမေတာက္လို႔ သြားစစ္ေပးခဲ့ရပါတယ္။ သေဘၤသားအမ်ားစုက အျဖဴေတြပါ။ စက္ခ်ဳပ္ေျပာျပတာက Boiler စလို႔မရဘူးတဲ့။ မီးမေတာက္ဘူး ေျပာပါတယ္။ Boiler အထဲကိုလည္း သူတို႔ သေဘၤာသားေတြ ရွင္းထားတယ္ေျပာပါတယ္။
ဓာတ္ႀကိဳးနဲ႔ အတူ Boiler သြားၾကည့္ပါတယ္။ Aalborg အမ်ဳိးအစား Steam boiler ပါ။ Burner Head က FD fan နဲ႔ တြဲရက္ ေဘးကေန ဝင္ထားပါတယ္။

Control cabinet ဖြင့္ၾကည့္ေတာ့လည္း PLC control မဟုတ္ပါဘူး။ Relay Logic နဲ႔ဘဲ control လုပ္တာ ေတြ႕ရပါတယ္။ စစခ်င္း Burner head assembly ကို ဖြင့္လိုက္ပါတယ္။ Nozzle နဲ႔ Ignition Electrode ကို သန္႔ရွင္းေရး လုပ္ပါတယ္။ Electrode tip ရဲ႕ distance ကိုလည္း 3-4 mm ေလာက္ရွိရဲ႕လားၾကည့္ပါတယ္။ၿပီးမွ ျပန္ပိတ္ၿပီး စမ္းၾကည့္ၾကပါတယ္။

ဓာတ္ႀကိဳးႀကီးက ေမာင္းေပးပါတယ္။ Valve ေတြစစ္ၿပီးတာနဲ႔ Oil pump တို႔ Water feed pump တို႔စပါတယ္။ Burner start လုပ္ပါတယ္။ ၿပီးမွ Rotary selector switch နဲ႔ Purge, Fire 1 , 2, 3 ကို manually တစ္ဆင့္စီ တင္ေပးရတာပါ။ Purge မွာ FD fan လည္ပါတယ္။ Fire 1 ေရႊ႕လိုက္ေတာ့ မီးမေတာက္ပါဘူး။ ခဏေနေတာ့ flame eye alarm တက္လာပါတယ္။ ေျပာဖို႔က်န္သြားတယ္။ ဒီ boiler မွာလည္း pilot နဲ႔ main burner ကို ခြဲမထားပါဘူး။ Main burner တစ္ခုဘဲရွိပါတယ္။ Fire 1 မွာ မီးေတာက္ၿပီဆိုမွ 2 နဲ႔ 3 မွာ ဆီနဲ႔ေလကို modulation နဲ႔ တင္ေပးတာပါ။
အခု အနိမ့္ဆုံး မွာ မီးမေတာက္ဘူးဆိုေတာ့ ဆီေၾကာင့္လား၊ ေလေၾကာင့္လား၊ မီးေၾကာင့္လား ခြဲရေတာ့ပါမယ္။ ပထမ fuel pump အထြက္ကိုၾကည့္ေတာ့ pump run ေနတဲ့အခ်ိန္မွာ pressure တက္ပါတယ္။ ေနာက္တစ္ေခါက္ burner ျပန္စၿပီး control cabinet မွာေစာင့္ၾကည့္ပါတယ္။ Purge ၿပီးလို႔ Fire 1 ေရႊ႕လိုက္ေတာ့ Magnetic Contactor(MC) ေတြနဲ႔ Timer ေတြ အလုပ္လုပ္တာေတြ႕ေနရပါတယ္။ Fuel အတြက္ MC နဲ႔ Ignition အတြက္ MC ဆြဲသြားၿပီးတာနဲ႔ Cabinet အထြက္ Terminal block မွာ output voltage တိုင္းၾကည့္ပါတယ္။ Ignition Transformer ဆီ အထြက္က 220V ရွိပါတယ္။ Fuel solenoid ဘက္ အထြက္မွာ voltage မရွိပါဘူး။ MC ကပ္ေနၿပီး power မရွိဘူးဆိုေတာ့ Fuse /  breaker open ျဖစ္ေနလို႔လား။ MC အဝင္ တိုင္းၾကည့္ေတာ့ 220V ရပါတယ္။ Fuse ျပတ္တာမဟုတ္ေတာ့ဘူး။ MC အထြက္ကိုထပ္တိုင္းၾကည့္ေတာ့ 0V ျဖစ္ေနေတာ့ MC မေကာင္းတာ ေသခ်ာသြားပါတယ္။ ၾကားျဖတ္ေျပာရယင္ တစ္ခ်ိဳ႕ စံနစ္ေတြမွာ MC အထြက္ကို Thermal overload တြဲထားတတ္ပါတယ္။ အထူးသျဖင့္ motor ေတြမွာေပါ့။ ဒီမွာေတာ့ မပါ ပါဘူး။ အဲဒီလိုပါယင္ Thermal overload trip ျဖစ္လားၾကည့္ရပါမယ္။ အခု ဓာတ္ႀကိဳးႀကီးဆီက spare MC ေတာင္းၿပီး လဲလိုက္ပါတယ္။

ေနာက္တစ္ေခါက္ ျပန္စမ္းၾကည့္ေတာ့ Fire 1 မွာ မီးေတာက္သြားပါၿပီ။ ခဏေလး ေနၿပီး level 2 ကို တင္လိုက္ေတာ့ မီးခိုးေတြထြက္လာၿပီး ခဏေလးနဲ႔ မီးေသသြားပါတယ္။ ထြက္လာတဲ့ မီးခိုးက မဲေနေတာ့ ဆီမ်ားတာလို႔ ယူဆလိုက္ပါတယ္။ ဆီေလွ်ာ့ေပးဖို႔ ၾကည့္ပါတယ္။ Fire level တင္လိုက္ေတာ့ Damper ကို drive လုပ္တဲ့ servo motor လည္ၿပီး damper ကို ဖြင့္ေပးပါတယ္။ အဲဒီအခါ servo motor shaft နဲ႔ ဆက္ထားတဲ့ CAM လိုက္လည္ပါတယ္။ CAM ရဲ႕ အေကြးေလးမွာ ထိထားတဲ့ roller အတက္အက် ေျပာင္းသြားၿပီး fuel valve ကို ကစားေပးတာပါ။

ဒီေတာ့ Modulation CAM ရဲ႕ curve line ကိုညွိတဲ့ Screw ကို လွည့္ၿပီး ညွိေပးပါတယ္။ level 2 ေနရာရဲ႕ ဆီအထြက္နည္းေအာင္ ေလွ်ာ့ေပးလိုက္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ level 2 မွာ မီးေတာက္ခ်ိန္ပိုေတာ့ၾကာလာတယ္။ ဒါေပမဲ့ ၁၅ စကၠန္႔ ေလာက္ၾကာေတာ့ ၿငိမ္းသြားတာပါဘဲ။ Adjust လုပ္ယင္း ေနာက္ဆုံး ဆက္ညွိလို႔မ႐ေတာ့ဘူး။ မီးခိုးမဲေနၿပီး ဆီမ်ားတဲ့ လကၡဏာဘဲျဖစ္ေနတယ္။ ၾကားျဖတ္ ထပ္ေျပာရပါဦးမယ္။ ေလမ်ားယင္ မီးခိုးျဖဴပါတယ္။ ဆီမ်ားယင္ မီးခိုး မဲပါတယ္။ ဆီနဲ႔ေလ အခ်ိဳးညီယင္ မီးခိုးက ၾကည္ၿပီး ခပ္ပါးပါးဘဲထြက္ ပါတယ္။ 
တစ္ခုခုေတာ့ မွားေနၿပီေပါ့။ဆီေလွ်ာ့လို႔မရေတာ့ဘူးဆိုေတာ့ ျဖစ္ႏိုင္စရာက ေလနည္းေနလို႔။ တစ္နည္းအားျဖင့္ ေလရဲ႕ flow rate နည္းေနလို႔ေပါ့။ damper ပိုဖြင့္ထားရက္နဲ႔ flow မရွိဘူးဆိုေတာ့ အထြက္လမ္းေၾကာင္း ပိတ္ေနလို႔လား စဥ္းစားမိပါတယ္။ ဒီ boiler က water tube type ျဖစ္ၿပီး tube ေတြက vertical ရွိေနပါတယ္။ 
စပ္မိလို႔ water tube နဲ႔ fire tube အေၾကာင္း နည္းနည္းေျပာပါဦးမယ္။ Fire tube ဆိုတာက flue gas လို႔ေခၚတဲ့ ပူေနတဲ့ ေလေတြက tube ေတြထဲမွာ စီးေနၿပီး အဲဒီ tube ေတြက ေရထဲမွာ ျဖတ္စီးတဲ့အတြက္ ေရေတြပူေစတဲ့ နည္းပါ။ ကၽြန္ေတာ္တို႔ေတြ႕ေနက် လွ်ပ္စစ္ေရေႏြးအိုး သေဘာမ်ိဳးပါ။ Water tube ကေတာ့ Tube ထဲမွာ ေရစီးေနၿပီး အဲဒီ tube ေတြကို ေဘးက flu gas နဲ႔ ပူေအာင္ လုပ္ေပးတဲ့ နည္းပါ။ ႐ိုး႐ိုး ေရေႏြးအိုးကို မီးဖိုေပၚတည္ၿပီး အပူေပးတဲ့ သေဘာမ်ိဳးပါ။
ဒီမွာက water tube type ဆိုေတာ့ ေရပိုက္ေတြက ေထာင္ရက္ ေကြ႕ေကာက္ဆက္ထားတာပါ။ ေရပိုက္ေတြက သူ႔ထက္ နည္းနည္းပိုေခ်ာင္တဲ့ အထက္ေအာက္ ဆန္ကာကြက္ ႁပြန္ေပါက္ ေတြထဲမွာ ျဖတ္သြားပါတယ္။ ေရပိုက္ေဘးနဲ႔ ႁပြန္ၾကားထဲမွာေတာ့ gap ေလးေတြရွိေနတာေပါ့။ ေအာက္က မီးေတာက္ အပူေပးယင္ flue gas ေတြက ေရပိုက္ေဘး ၾကားထဲကျဖတ္ၿပီး အေပၚ exhaust funnel ဆီတက္သြားပါတယ္။ အဲဒီၾကားေတြ ပိတ္သြားယင္ ေလလမ္းေၾကာင္း မေကာင္းေတာ့ ျပႆနာရွိပါတယ္။ ဒါနဲ႔ အေပၚထပ္ကိုတက္ observation window ကိုဖြင့္ၾကည့္ပါတယ္။ ၾကားေတြ ေသခ်ာမျမင္ရဘူး။ ဆို႔ေနလားသိရေအာင္ ေအာက္က FD fan ဖြင့္ခိုင္းေတာ့လည္း ေလက အေပၚကို သိပ္မတက္လာပါဘူး။ စက္ခ်ဳပ္ကိုေျပာေတာ့လည္း မေန႔ကမွ crew ေတြ boiler အတြင္း ဖြင့္ၿပီး သန္႔ရွင္းထားတယ္။ မျဖစ္ႏိုင္ဘူးလို႔ ျငင္းပါတယ္။ ဘယ္လိုရွင္းတာလဲေမးေတာ့ high pressure water jet နဲ႔ အေပၚကေနထိုးခ်တယ္ေျပာပါတယ္။ ေရနဲ႔ ထိုးေတာ့ နံရံမွာကပ္ေနတဲ့ ၾကပ္ခိုး၊ မီးေသြးမႈန္ (soot) ေတြ ေမ်ာပါၿပီး အေပါက္က်ဥ္းတဲ့ ေနရာမွာ ပိတ္ကုန္တာျဖစ္ႏိုင္ပါတယ္။ ကံေကာင္းခ်င္ေတာ့ super ပါေရာက္ေနေတာ့ လက္ေတြ႕လိုက္ျပၿပီး ျဖစ္ႏိုင္ေခ်ရွင္းျပပါတယ္။ 
အဲဒီေနာက္ စက္ခ်ဳပ္ရွာေတြ႕လာတဲ့ maintenance manual စာအုပ္မွာ ဖတ္ၾကည့္ေတာ့ ဒီ boiler မွာသုံးထားတာက water tube မွာ အထူး type ျဖစ္တဲ့ pin tube သုံးထားတဲ့အေၾကာင္း ေတြ႕ရတယ္။ Pin tube ဆိုတာ heat exchange ပိုေကာင္းေအာင္ ပိုက္ေဘးတစ္ေလ်ာက္မွာ ဆူးခၽြန္ (pin) ေလးေတြ အမ်ားႀကီး ထည့္ထားတာပါ။ ဒီေတာ့ မီးခိုးမႈန္တြ က အဲဒီ pin ေတြၾကားထဲမွာ ပိုၿပီး ပိတ္လြယ္တာေပါ့။
သန္႔ရွင္းတဲ့နည္းက ေရထဲမွာ နာရီေတာ္ေတာ္ၾကာၾကာ စိမ္ထားဖို႔လိုပါတယ္။ လိုအပ္လာယင္ chemical ထည့္စိမ္ရပါမယ္။ ၿပီးမွ ေလအားနဲ႔ မႈတ္ထုတ္ရွင္းရမွာပါ။
ေနာက္ဆုံးေတာ့ super ရဲ႕ သေဘာတူညီခ်က္နဲ႔ boiler အတြင္းပိုင္းကို contractor တစ္ဖြဲ႕ ေခၚၿပီး သန္႔ရွင္းေရးျပန္လုပ္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အဲဒီအဖြဲ႕က chemical သုံးၿပီး ရွင္းၾကတယ္ေျပာပါတယ္။ 
ေနာက္တစ္ရက္ cleaning ၿပီးေတာ့မွ ျပန္သြားစမ္းၾကပါတယ္။ အားလုံး အဆင္ေျပေနပါၿပီ။Level ျမႇင့္ေတာ့လည္း မီးမၿငိမ္းေတာ့ပါဘူး။ Level တစ္ခုစီအတြက္ ဆီ၊ေလ အခ်ိဳးကို modulation cam နဲ႔ ျပန္ၿပီး fine tune လုပ္ေပးခဲ့ပါတယ္။ အားလုံးအဆင္ေျပသြားမွ ျပန္ခဲ့ပါတယ္ေပါ့ဗ်ာ။

[unicode]

Dock ဝင်နေတဲ့ Bulk Carrier တစ်စီးမှာပါ။ Boiler မီးမတောက်လို့ သွားစစ်ပေးခဲ့ရပါတယ်။ သင်္ဘေသားအများစုက အဖြူတွေပါ။ စက်ချုပ်ပြောပြတာက Boiler စလို့မရဘူးတဲ့။ မီးမတောက်ဘူး ပြောပါတယ်။ Boiler အထဲကိုလည်း သူတို့ သင်္ဘောသားတွေ ရှင်းထားတယ်ပြောပါတယ်။
ဓာတ်ကြိုးနဲ့ အတူ Boiler သွားကြည့်ပါတယ်။ Aalborg အမျိုးအစား Steam boiler ပါ။ Burner Head က FD fan နဲ့ တွဲရက် ဘေးကနေ ဝင်ထားပါတယ်။

Control cabinet ဖွင့်ကြည့်တော့လည်း PLC control မဟုတ်ပါဘူး။ Relay Logic နဲ့ဘဲ control လုပ်တာ တွေ့ရပါတယ်။ စစချင်း Burner head assembly ကို ဖွင့်လိုက်ပါတယ်။ Nozzle နဲ့ Ignition Electrode ကို သန့်ရှင်းရေး လုပ်ပါတယ်။ Electrode tip ရဲ့ distance ကိုလည်း 3-4 mm လောက်ရှိရဲ့လားကြည့်ပါတယ်။ပြီးမှ ပြန်ပိတ်ပြီး စမ်းကြည့်ကြပါတယ်။

ဓာတ်ကြိုးကြီးက မောင်းပေးပါတယ်။ Valve တွေစစ်ပြီးတာနဲ့ Oil pump တို့ Water feed pump တို့စပါတယ်။ Burner start လုပ်ပါတယ်။ ပြီးမှ Rotary selector switch နဲ့ Purge, Fire 1 , 2, 3 ကို manually တစ်ဆင့်စီ တင်ပေးရတာပါ။ Purge မှာ FD fan လည်ပါတယ်။ Fire 1 ရွှေ့လိုက်တော့ မီးမတောက်ပါဘူး။ ခဏနေတော့ flame eye alarm တက်လာပါတယ်။ ပြောဖို့ကျန်သွားတယ်။ ဒီ boiler မှာလည်း pilot နဲ့ main burner ကို ခွဲမထားပါဘူး။ Main burner တစ်ခုဘဲရှိပါတယ်။ Fire 1 မှာ မီးတောက်ပြီဆိုမှ 2 နဲ့ 3 မှာ ဆီနဲ့လေကို modulation နဲ့ တင်ပေးတာပါ။

အခု အနိမ့်ဆုံး မှာ မီးမတောက်ဘူးဆိုတော့ ဆီကြောင့်လား၊ လေကြောင့်လား၊ မီးကြောင့်လား ခွဲရတော့ပါမယ်။ ပထမ fuel pump အထွက်ကိုကြည့်တော့ pump run နေတဲ့အချိန်မှာ pressure တက်ပါတယ်။ နောက်တစ်ခေါက် burner ပြန်စပြီး control cabinet မှာစောင့်ကြည့်ပါတယ်။ Purge ပြီးလို့ Fire 1 ရွှေ့လိုက်တော့ Magnetic Contactor(MC) တွေနဲ့ Timer တွေ အလုပ်လုပ်တာတွေ့နေရပါတယ်။ Fuel အတွက် MC နဲ့ Ignition အတွက် MC ဆွဲသွားပြီးတာနဲ့ Cabinet အထွက် Terminal block မှာ output voltage တိုင်းကြည့်ပါတယ်။ Ignition Transformer ဆီ အထွက်က 220V ရှိပါတယ်။ Fuel solenoid ဘက် အထွက်မှာ voltage မရှိပါဘူး။ MC ကပ်နေပြီး power မရှိဘူးဆိုတော့ Fuse /  breaker open ဖြစ်နေလို့လား။ MC အဝင် တိုင်းကြည့်တော့ 220V ရပါတယ်။ Fuse ပြတ်တာမဟုတ်တော့ဘူး။ MC အထွက်ကိုထပ်တိုင်းကြည့်တော့ 0V ဖြစ်နေတော့ MC မကောင်းတာ သေချာသွားပါတယ်။ ကြားဖြတ်ပြောရယင် တစ်ချို့ စံနစ်တွေမှာ MC အထွက်ကို Thermal overload တွဲထားတတ်ပါတယ်။ အထူးသဖြင့် motor တွေမှာပေါ့။ ဒီမှာတော့ မပါ ပါဘူး။ အဲဒီလိုပါယင် Thermal overload trip ဖြစ်လားကြည့်ရပါမယ်။ အခု ဓာတ်ကြိုးကြီးဆီက spare MC တောင်းပြီး လဲလိုက်ပါတယ်။

နောက်တစ်ခေါက် ပြန်စမ်းကြည့်တော့ Fire 1 မှာ မီးတောက်သွားပါပြီ။ ခဏလေး နေပြီး level 2 ကို တင်လိုက်တော့ မီးခိုးတွေထွက်လာပြီး ခဏလေးနဲ့ မီးသေသွားပါတယ်။ ထွက်လာတဲ့ မီးခိုးက မဲနေတော့ ဆီများတာလို့ ယူဆလိုက်ပါတယ်။ ဆီလျှော့ပေးဖို့ ကြည့်ပါတယ်။ Fire level တင်လိုက်တော့ Damper ကို drive လုပ်တဲ့ servo motor လည်ပြီး damper ကို ဖွင့်ပေးပါတယ်။ အဲဒီအခါ servo motor shaft နဲ့ ဆက်ထားတဲ့ CAM လိုက်လည်ပါတယ်။ CAM ရဲ့ အကွေးလေးမှာ ထိထားတဲ့ roller အတက်အကျ ပြောင်းသွားပြီး fuel valve ကို ကစားပေးတာပါ။

ဒီတော့ Modulation CAM ရဲ့ curve line ကိုညှိတဲ့ Screw ကို လှည့်ပြီး ညှိပေးပါတယ်။ level 2 နေရာရဲ့ ဆီအထွက်နည်းအောင် လျှော့ပေးလိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ level 2 မှာ မီးတောက်ချိန်ပိုတော့ကြာလာတယ်။ ဒါပေမဲ့ ၁၅ စက္ကန့် လောက်ကြာတော့ ငြိမ်းသွားတာပါဘဲ။ Adjust လုပ်ယင်း နောက်ဆုံး ဆက်ညှိလို့မရတော့ဘူး။ မီးခိုးမဲနေပြီး ဆီများတဲ့ လက္ခဏာဘဲဖြစ်နေတယ်။ ကြားဖြတ် ထပ်ပြောရပါဦးမယ်။ လေများယင် မီးခိုးဖြူပါတယ်။ ဆီများယင် မီးခိုး မဲပါတယ်။ ဆီနဲ့လေ အချိုးညီယင် မီးခိုးက ကြည်ပြီး ခပ်ပါးပါးဘဲထွက် ပါတယ်။
တစ်ခုခုတော့ မှားနေပြီပေါ့။ဆီလျှော့လို့မရတော့ဘူးဆိုတော့ ဖြစ်နိုင်စရာက လေနည်းနေလို့။ တစ်နည်းအားဖြင့် လေရဲ့ flow rate နည်းနေလို့ပေါ့။ damper ပိုဖွင့်ထားရက်နဲ့ flow မရှိဘူးဆိုတော့ အထွက်လမ်းကြောင်း ပိတ်နေလို့လား စဉ်းစားမိပါတယ်။ ဒီ boiler က water tube type ဖြစ်ပြီး tube တွေက vertical ရှိနေပါတယ်။

စပ်မိလို့ water tube နဲ့ fire tube အကြောင်း နည်းနည်းပြောပါဦးမယ်။ Fire tube ဆိုတာက flue gas လို့ခေါ်တဲ့ ပူနေတဲ့ လေတွေက tube တွေထဲမှာ စီးနေပြီး အဲဒီ tube တွေက ရေထဲမှာ ဖြတ်စီးတဲ့အတွက် ရေတွေပူစေတဲ့ နည်းပါ။ ကျွန်တော်တို့တွေ့နေကျ လျှပ်စစ်ရေနွေးအိုး သဘောမျိုးပါ။ Water tube ကတော့ Tube ထဲမှာ ရေစီးနေပြီး အဲဒီ tube တွေကို ဘေးက flu gas နဲ့ ပူအောင် လုပ်ပေးတဲ့ နည်းပါ။ ရိုးရိုး ရေနွေးအိုးကို မီးဖိုပေါ်တည်ပြီး အပူပေးတဲ့ သဘောမျိုးပါ။
ဒီမှာက water tube type ဆိုတော့ ရေပိုက်တွေက ထောင်ရက် ကွေ့ကောက်ဆက်ထားတာပါ။ ရေပိုက်တွေက သူ့ထက် နည်းနည်းပိုချောင်တဲ့ အထက်အောက် ဆန်ကာကွက် ပြွန်ပေါက် တွေထဲမှာ ဖြတ်သွားပါတယ်။ ရေပိုက်ဘေးနဲ့ ပြွန်ကြားထဲမှာတော့ gap လေးတွေရှိနေတာပေါ့။ အောက်က မီးတောက် အပူပေးယင် flue gas တွေက ရေပိုက်ဘေး ကြားထဲကဖြတ်ပြီး အပေါ် exhaust funnel ဆီတက်သွားပါတယ်။ အဲဒီကြားတွေ ပိတ်သွားယင် လေလမ်းကြောင်း မကောင်းတော့ ပြဿနာရှိပါတယ်။ ဒါနဲ့ အပေါ်ထပ်ကိုတက် observation window ကိုဖွင့်ကြည့်ပါတယ်။ ကြားတွေ သေချာမမြင်ရဘူး။ ဆို့နေလားသိရအောင် အောက်က FD fan ဖွင့်ခိုင်းတော့လည်း လေက အပေါ်ကို သိပ်မတက်လာပါဘူး။ စက်ချုပ်ကိုပြောတော့လည်း မနေ့ကမှ crew တွေ boiler အတွင်း ဖွင့်ပြီး သန့်ရှင်းထားတယ်။ မဖြစ်နိုင်ဘူးလို့ ငြင်းပါတယ်။ ဘယ်လိုရှင်းတာလဲမေးတော့ high pressure water jet နဲ့ အပေါ်ကနေထိုးချတယ်ပြောပါတယ်။ ရေနဲ့ ထိုးတော့ နံရံမှာကပ်နေတဲ့ ကြပ်ခိုး၊ မီးသွေးမှုန် (soot) တွေ မျောပါပြီး အပေါက်ကျဉ်းတဲ့ နေရာမှာ ပိတ်ကုန်တာဖြစ်နိုင်ပါတယ်။ ကံကောင်းချင်တော့ super ပါရောက်နေတော့ လက်တွေ့လိုက်ပြပြီး ဖြစ်နိုင်ချေရှင်းပြပါတယ်။

အဲဒီနောက် စက်ချုပ်ရှာတွေ့လာတဲ့ maintenance manual စာအုပ်မှာ ဖတ်ကြည့်တော့ ဒီ boiler မှာသုံးထားတာက water tube မှာ အထူး type ဖြစ်တဲ့ pin tube သုံးထားတဲ့အကြောင်း တွေ့ရတယ်။ Pin tube ဆိုတာ heat exchange ပိုကောင်းအောင် ပိုက်ဘေးတစ်လျောက်မှာ ဆူးချွန် (pin) လေးတွေ အများကြီး ထည့်ထားတာပါ။ ဒီတော့ မီးခိုးမှုန်တွ က အဲဒီ pin တွေကြားထဲမှာ ပိုပြီး ပိတ်လွယ်တာပေါ့။
သန့်ရှင်းတဲ့နည်းက ရေထဲမှာ နာရီတော်တော်ကြာကြာ စိမ်ထားဖို့လိုပါတယ်။ လိုအပ်လာယင် chemical ထည့်စိမ်ရပါမယ်။ ပြီးမှ လေအားနဲ့ မှုတ်ထုတ်ရှင်းရမှာပါ။
နောက်ဆုံးတော့ super ရဲ့ သဘောတူညီချက်နဲ့ boiler အတွင်းပိုင်းကို contractor တစ်ဖွဲ့ ခေါ်ပြီး သန့်ရှင်းရေးပြန်လုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီအဖွဲ့က chemical သုံးပြီး ရှင်းကြတယ်ပြောပါတယ်။
နောက်တစ်ရက် cleaning ပြီးတော့မှ ပြန်သွားစမ်းကြပါတယ်။ အားလုံး အဆင်ပြေနေပါပြီ။Level မြှင့်တော့လည်း မီးမငြိမ်းတော့ပါဘူး။ Level တစ်ခုစီအတွက် ဆီ၊လေ အချိုးကို modulation cam နဲ့ ပြန်ပြီး fine tune လုပ်ပေးခဲ့ပါတယ်။ အားလုံးအဆင်ပြေသွားမှ ပြန်ခဲ့ပါတယ်ပေါ့ဗျာ။

No comments:

Post a Comment