Tuesday 30 May 2017

Bow Thruster (၁) - BT2 cannot operate


[zawgyi]
ဒီတစ္ခါေတာ့ ညီေလးတစ္ေယာက္ရဲ႕ အေတြ႕အၾကဳံကို ျပန္ေဖါက္သယ္ခ်ေပးတာပါ။ DP တစ္စီးေပၚက Bow Thruster(BT) အလုပ္မလုပ္တာပါ။ ဒီသေဘၤာမွာ BT1 နဲ႔ BT2 ဆုိျပီး BT ႏွစ္ခုရွိပါတယ္။ အခု ဒုကၡေပးတာက BT2 ပါ။ Maker က Wartsila ပါ။ အစဆုံး ျပႆနာက power on ၿပီး initialize လုပ္ၿပီးတဲ့ အခ်ိန္မွာ BT2 ရဲ႕ pitch indicator က zero position မွာ မရွိတာပါ။ အဲဒီေတာ့ main motor ကို On လို႔မရဘူး ျဖစ္ေနပါတယ္။ Hydraulic pump ေတြကေတာ့ ေမာင္းလို႔ရပါတယ္။ Pitch ကို drive လုပ္ေပးတဲ့ hydraulic line အတြက္ directional control valve တစ္ခု ရွိပါတယ္။ အဲဒီ valve ရဲ႕ spool ကို screw driver တစ္ခုနဲ႔ ထိုးၿပီး manual drive လုပ္ေတာ့ pitch က ေရြ႕ပါတယ္။ Display zero ေရာက္တဲ့ အခ်ိန္မွာ main motor ကို ေမာင္းေတာ့ ရပါတယ္။ Current လည္း အမ်ားႀကီး မတက္ပါဘူး။ ဒီေတာ့ propeller မွာ တစ္ခုခု ညိတာလည္း မဟုတ္ေတာ့ဘူး။ Manually ေရႊ႕လို႔ရေတာ့ mechanical jam ျဖစ္တာလည္း မဟုတ္ေတာ့ပါဘူး။ Manual ျပန္ေရႊ႕ေပးတဲ့ အခ်ိန္ zero position ျပန္ေပးတဲ့ အတြက္ feedback unit ကလည္း အလုပ္လုပ္ေနတယ္လို႔ ယူဆပါတယ္။ ဒါဆို solenoid မွာ power မေရာက္လို႔လား။ Solenoid အဝင္ socket ကိုျဖဳတ္ၿပီး တိုင္းၾကည့္ေတာ့ 24V ရွိပါတယ္။ 
အခုအေနအထားမွာ main motor ရပ္ၿပီး hydraulic pump ON ထားလ်က္ pitch ကစားၿပီး စမ္းၾကည့္ဖို႔ လုပ္ပါတယ္။ Command station ကေန pitch ေျပာင္းဖို႔ command ေပးပါတယ္။ PS / Stbd ဘယ္ဘက္ကိုမွ မေရြ႕ပါဘူး။
ဒါနဲ႔ ေသခ်ာေအာင္ ေနာက္ command station ေျပာင္းၿပီး စမ္းေတာ့လည္း မရပါဘူး။ Circuit ကို ျပန္ဖတ္ၾကည့္ေတာ့ command ကို controller က process လုပ္ၿပီး pitch drive unit ကတစ္ဆင့္ directional control valve ကို signal ေပးတာပါ။ 
Pitch drive က မထြက္တာလား directional valve က ပ်က္ေနတာလား ဆုံးျဖတ္ရေတာ့ပါမယ္။ ဒီေနရာမွာ confuse ျဖစ္ေစတာက solenoid မွာ ဘာလို႔ 24V ေရာက္ေနတာလဲ။ Socket ျဖဳတ္ၿပီး solenoid coil resistance တိုင္းၾကည့္ေတာ့လည္း low ohm နဲ႔ ႏွစ္ဘက္လုံး ေကာင္းေနပါတယ္။ Valve ရဲ႕ maker က Denison Hydraulic အမ်ိဳးအစားက 4DP01 series ပါ။

ေနာက္ ေသခ်ာေအာင္ BT1 ရဲ႕valve နဲ႔ ယွဥ္ၾကည့္ပါတယ္။ ေကာင္းတဲ့ BT1 မွာ Power LED မီးအစိမ္းေလး လင္းေနၿပီး command ေပးလို႔ အလုပ္လုပ္ယင္ အဝါေရာင္မီးလင္းပါတယ္။ ဒီ BT2 က valve မွာ ဘာမီးမွမလင္းပါဘူး။ တစ္ခုသတိထားမိတာက directional valve ရဲ႕ socket ကို ဝင္တာက ႀကိဳး ၅ေခ်ာင္း။ တစ္ကယ္သုံးတာက ၃ ေခ်ာင္းထဲပါ။ ပုံမွန္ေတြ႕ေနက် valve ေတြမွာ PS solenoid အတြက္ wire တစ္စုံ Stbd Solenoid အတြက္တစ္စုံ အနည္းဆုံး earth မပါဘဲ ႀကိဳး ၄ ေခ်ာင္းရွိရမွာပါ။ အခု ၃ ေခ်ာင္းထဲဆိုေတာ့ ထူးဆန္းေနလို႔ drawing မွာရွာၾကည့္ပါတယ္။

Drawing မွာျပထားတာက 0V တစ္ေခ်ာင္း၊ 24V တစ္ေခ်ာင္း နဲ႔ -10 .. +10V တစ္ေခ်ာင္း ျဖစ္ပါတယ္။ ျဖစ္ႏိုင္တာက 0 နဲ႔ 24V က power supply ၊ က်န္တဲ့ တစ္ေခ်ာင္းက signal လို႔ ယူဆပါတယ္။ -10V နဲ႔ +10 V ၾကားက တန္ဘိုးတစ္ခုခု ျဖစ္ႏိုင္ပါတယ္။ -10V က PS အတြက္ max ျဖစ္ၿပီး  +10V က Stbd အတြက္ max ျဖစ္မယ္ထင္ပါတယ္။ Directional valve ကို အဖုံးဖြင့္ၾကည့္ေတာ့ PCB board ေလးတစ္ခုေတြ႕ပါတယ္။ Pitch drive က ထြက္လာတဲ့ -10V to +10V ကို ဒီ board ကေျပာင္းၿပီး ဘယ္ဘက္ကို ဘယ္ေလာက္ႏႈံးဖြင့္မယ္လို႔ signal ျပန္ထုတ္ေပးတာပါ။ ဒါေၾကာင့္မို႔ ဒီလို valve မ်ိဳးကို directional proportional control valve လို႔ေခၚပါတယ္။ ေနာက္တစ္ခု ထပ္စမ္းတာက panel ရဲ႕ terminal block မွာ BT1 directional valve ဆီ သြားမယ့္ႀကိဳးကို BT2 ဘက္မွာတပ္လိုက္ပါတယ္။ ၿပီးမွ BT1 command နဲ႔ ေပးၿပီး ေမာင္းၾကည့္ပါတယ္။ ဒါေပမဲ့ valve မလႈပ္သလို pitch လည္း မေရြ႕ပါဘူး။ 
ေနာက္ၿပီး ႀကိဳးေတြ အယင္အတိုင္း ျပန္ဆက္လိုက္ပါတယ္။ BT2 ရဲ႕ command ေပးၿပီး Terminal မွာ တိုင္းၾကည့္ေတာ့ PS 30% မွာ -8 V ထြက္ပါတယ္။ Stbd 30% မွာေတာ့ +8V ထြက္ပါတယ္။  ဒါဆို BT2 ရဲ႕ control ေရာ pitch drive ပါ ေကာင္းတာ ေသခ်ာသြားပါၿပီ။ Directional proportional valve မေကာင္းေၾကာင္း သူႀကီးကိုေျပာေတာ့ကမ္းေရာက္မွ လဲဖို႔ေျပာပါတယ္။ ေနာက္တစ္ပါတ္ေလာက္ ပစၥည္းေရာက္ေတာ့ valve ျပန္တပ္ပါတယ္။ အဲဒီမွာ သတိထားမိတာက original valve ရဲ႕ maker က Denison အခု အသစ္ေရာက္တာက Parker တဲ့။ Compatible ျဖစ္လို႔ ပို႔လိုက္တာ ျဖစ္မွာပါလို႔ ေတြးလိုက္တယ္။ တပ္ၿပီးေတာ့ ျပန္စမ္းပါတယ္။
Hydraulic pump ကို စၿပီး command ေပးၾကည့္ေတာ့ အဆင္ေျပပါတယ္။ Pitch လည္း ကစားပါတယ္။ ေနာက္ Main motor run ၿပီး စမ္းတဲ့ အခ်ိန္မွာေတာ့ တစ္လြဲျဖစ္ေနတယ္။ PS ကို command ေပးလိုက္ယင္ Stbd သြားတယ္။ Stbd ကို command ေပးေတာ့ PS ကိုသြာျပန္ေရာ။ ဒါနဲ႔ maker ကို email ပို႔ၿပီး ေမးေတာ့ သူတို႔ရဲ႕ supplier ျဖစ္တဲ့ Parker က မွားတာလို႔ ေျပာပါတယ္။ 5 wire connector မွာဆက္ထားတဲ့ ႀကိဳး position မွားေနတာပါ။

အယင္လည္းမွားဖူးလို႔ problem fix လုပ္ခိုင္းခဲ့တာ အခုထိ မျပင္ရေသးတာျဖစ္ႏိုင္ေၾကာင္း နဲ႔ control board မွာ ႀကိဳးေျပာင္းဖို႔ အၾကံေပးပါတယ္။ board အထြက္ ႀကိဳး ၂ စုံကို ဟိုဘက္ဒီ ေျပာင္းေပးလိုက္ေတာ့ direction မွန္သြားပါတယ္။ ဒါေပမဲ့ feedback zero မေရာက္ဘဲ တစ္ဘက္ကပ္ေနပါေသးတယ္။ ေနာက္ feedback wire terminal ကိုေျပာင္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္။



Credit: ကုိေက်ာ္သူရ

[unicode]
 ဒီတစ်ခါတော့ ညီလေးတစ်ယောက်ရဲ့ အတွေ့အကြုံကို ပြန်ဖေါက်သယ်ချပေးတာပါ။ DP တစ်စီးပေါ်က Bow Thruster(BT) အလုပ်မလုပ်တာပါ။ ဒီသင်္ဘောမှာ BT1 နဲ့ BT2 ဆိုပြီး BT နှစ်ခုရှိပါတယ်။ အခု ဒုက္ခပေးတာက BT2 ပါ။ Maker က Wartsila ပါ။ အစဆုံး ပြဿနာက power on ပြီး initialize လုပ်ပြီးတဲ့ အချိန်မှာ BT2 ရဲ့ pitch indicator က zero position မှာ မရှိတာပါ။ အဲဒီတော့ main motor ကို On လို့မရဘူး ဖြစ်နေပါတယ်။ Hydraulic pump တွေကတော့ မောင်းလို့ရပါတယ်။ Pitch ကို drive လုပ်ပေးတဲ့ hydraulic line အတွက် directional control valve တစ်ခု ရှိပါတယ်။ အဲဒီ valve ရဲ့ spool ကို screw driver တစ်ခုနဲ့ ထိုးပြီး manual drive လုပ်တော့ pitch က ရွေ့ပါတယ်။ Display zero ရောက်တဲ့ အချိန်မှာ main motor ကို မောင်းတော့ ရပါတယ်။ Current လည်း အများကြီး မတက်ပါဘူး။ ဒီတော့ propeller မှာ တစ်ခုခု ညိတာလည်း မဟုတ်တော့ဘူး။ Manually ရွှေ့လို့ရတော့ mechanical jam ဖြစ်တာလည်း မဟုတ်တော့ပါဘူး။ Manual ပြန်ရွှေ့ပေးတဲ့ အချိန် zero position ပြန်ပေးတဲ့ အတွက် feedback unit ကလည်း အလုပ်လုပ်နေတယ်လို့ ယူဆပါတယ်။ ဒါဆို solenoid မှာ power မရောက်လို့လား။ Solenoid အဝင် socket ကိုဖြုတ်ပြီး တိုင်းကြည့်တော့ 24V ရှိပါတယ်။
အခုအနေအထားမှာ main motor ရပ်ပြီး hydraulic pump ON ထားလျက် pitch ကစားပြီး စမ်းကြည့်ဖို့ လုပ်ပါတယ်။ Command station ကနေ pitch ပြောင်းဖို့ command ပေးပါတယ်။ PS / Stbd ဘယ်ဘက်ကိုမှ မရွေ့ပါဘူး။
ဒါနဲ့ သေချာအောင် နောက် command station ပြောင်းပြီး စမ်းတော့လည်း မရပါဘူး။ Circuit ကို ပြန်ဖတ်ကြည့်တော့ command ကို controller က process လုပ်ပြီး pitch drive unit ကတစ်ဆင့် directional control valve ကို signal ပေးတာပါ။
Pitch drive က မထွက်တာလား directional valve က ပျက်နေတာလား ဆုံးဖြတ်ရတော့ပါမယ်။ ဒီနေရာမှာ confuse ဖြစ်စေတာက solenoid မှာ ဘာလို့ 24V ရောက်နေတာလဲ။ Socket ဖြုတ်ပြီး solenoid coil resistance တိုင်းကြည့်တော့လည်း low ohm နဲ့ နှစ်ဘက်လုံး ကောင်းနေပါတယ်။ Valve ရဲ့ maker က Denison Hydraulic အမျိုးအစားက 4DP01 series ပါ။

နောက် သေချာအောင် BT1 ရဲ့valve နဲ့ ယှဉ်ကြည့်ပါတယ်။ ကောင်းတဲ့ BT1 မှာ Power LED မီးအစိမ်းလေး လင်းနေပြီး command ပေးလို့ အလုပ်လုပ်ယင် အဝါရောင်မီးလင်းပါတယ်။ ဒီ BT2 က valve မှာ ဘာမီးမှမလင်းပါဘူး။ တစ်ခုသတိထားမိတာက directional valve ရဲ့ socket ကို ဝင်တာက ကြိုး ၅ချောင်း။ တစ်ကယ်သုံးတာက ၃ ချောင်းထဲပါ။ ပုံမှန်တွေ့နေကျ valve တွေမှာ PS solenoid အတွက် wire တစ်စုံ Stbd Solenoid အတွက်တစ်စုံ အနည်းဆုံး earth မပါဘဲ ကြိုး ၄ ချောင်းရှိရမှာပါ။ အခု ၃ ချောင်းထဲဆိုတော့ ထူးဆန်းနေလို့ drawing မှာရှာကြည့်ပါတယ်။

Drawing မှာပြထားတာက 0V တစ်ချောင်း၊ 24V တစ်ချောင်း နဲ့ -10 .. +10V တစ်ချောင်း ဖြစ်ပါတယ်။ ဖြစ်နိုင်တာက 0 နဲ့ 24V က power supply ၊ ကျန်တဲ့ တစ်ချောင်းက signal လို့ ယူဆပါတယ်။ -10V နဲ့ +10 V ကြားက တန်ဘိုးတစ်ခုခု ဖြစ်နိုင်ပါတယ်။ -10V က PS အတွက် max ဖြစ်ပြီး  +10V က Stbd အတွက် max ဖြစ်မယ်ထင်ပါတယ်။ Directional valve ကို အဖုံးဖွင့်ကြည့်တော့ PCB board လေးတစ်ခုတွေ့ပါတယ်။ Pitch drive က ထွက်လာတဲ့ -10V to +10V ကို ဒီ board ကပြောင်းပြီး ဘယ်ဘက်ကို ဘယ်လောက်နှုံးဖွင့်မယ်လို့ signal ပြန်ထုတ်ပေးတာပါ။ ဒါကြောင့်မို့ ဒီလို valve မျိုးကို directional proportional control valve လို့ခေါ်ပါတယ်။ နောက်တစ်ခု ထပ်စမ်းတာက panel ရဲ့ terminal block မှာ BT1 directional valve ဆီ သွားမယ့်ကြိုးကို BT2 ဘက်မှာတပ်လိုက်ပါတယ်။ ပြီးမှ BT1 command နဲ့ ပေးပြီး မောင်းကြည့်ပါတယ်။ ဒါပေမဲ့ valve မလှုပ်သလို pitch လည်း မရွေ့ပါဘူး။
နောက်ပြီး ကြိုးတွေ အယင်အတိုင်း ပြန်ဆက်လိုက်ပါတယ်။ BT2 ရဲ့ command ပေးပြီး Terminal မှာ တိုင်းကြည့်တော့ PS 30% မှာ -8 V ထွက်ပါတယ်။ Stbd 30% မှာတော့ +8V ထွက်ပါတယ်။  ဒါဆို BT2 ရဲ့ control ရော pitch drive ပါ ကောင်းတာ သေချာသွားပါပြီ။ Directional proportional valve မကောင်းကြောင်း သူကြီးကိုပြောတော့ကမ်းရောက်မှ လဲဖို့ပြောပါတယ်။ နောက်တစ်ပါတ်လောက် ပစ္စည်းရောက်တော့ valve ပြန်တပ်ပါတယ်။ အဲဒီမှာ သတိထားမိတာက original valve ရဲ့ maker က Denison အခု အသစ်ရောက်တာက Parker တဲ့။ Compatible ဖြစ်လို့ ပို့လိုက်တာ ဖြစ်မှာပါလို့ တွေးလိုက်တယ်။ တပ်ပြီးတော့ ပြန်စမ်းပါတယ်။
Hydraulic pump ကို စပြီး command ပေးကြည့်တော့ အဆင်ပြေပါတယ်။ Pitch လည်း ကစားပါတယ်။ နောက် Main motor run ပြီး စမ်းတဲ့ အချိန်မှာတော့ တစ်လွဲဖြစ်နေတယ်။ PS ကို command ပေးလိုက်ယင် Stbd သွားတယ်။ Stbd ကို command ပေးတော့ PS ကိုသွာပြန်ရော။ ဒါနဲ့ maker ကို email ပို့ပြီး မေးတော့ သူတို့ရဲ့ supplier ဖြစ်တဲ့ Parker က မှားတာလို့ ပြောပါတယ်။ 5 wire connector မှာဆက်ထားတဲ့ ကြိုး position မှားနေတာပါ။

အယင်လည်းမှားဖူးလို့ problem fix လုပ်ခိုင်းခဲ့တာ အခုထိ မပြင်ရသေးတာဖြစ်နိုင်ကြောင်း နဲ့ control board မှာ ကြိုးပြောင်းဖို့ အကြံပေးပါတယ်။ board အထွက် ကြိုး ၂ စုံကို ဟိုဘက်ဒီ ပြောင်းပေးလိုက်တော့ direction မှန်သွားပါတယ်။ ဒါပေမဲ့ feedback zero မရောက်ဘဲ တစ်ဘက်ကပ်နေပါသေးတယ်။ နောက် feedback wire terminal ကိုပြောင်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတယ်။

Credit: ကိုကျော်သူရ 

No comments:

Post a Comment