Saturday 13 May 2017

Telegraph (၁) - Not working properly

[zawgyi]

Emergency Telegraph အလုပ္မလုပ္လို႔ သြားျပင္ေပးခဲ့ရတဲ့ အေတြ႕အၾကံဳေလးပါ။ Telegraph ရဲ႕သေဘာက ရွင္းပါတယ္။ အေပၚ bridge က အခ်က္ျပ command ေပးတာကို ေအာက္ Engine Room က လိုက္လုပ္ၿပီးတဲ့ အေၾကာင္း ျပန္အသိေပးတာပါ။ အေပၚနဲ႔ေအာက္ မညီယင္ alarm ထုတ္ေပးတဲ့ စံနစ္ပါ။ ကၽြန္ေတာ္ငယ္ငယ္က စီးဖူးတဲ့ ဧရာဝတီက သေဘၤာေတြမွာ သံႀကိဳးနဲ႔ဆက္ၿပီး ေၾကဒိုင္ခြက္ႀကီးမွာ ကလင္ကလင္နဲ႔ အသံျမည္ၿပီး လက္တံေလးျပေနတာ ကိုသတိရမိတယ္။ သေဘာက အတူတူပါဘဲ။ အခုေခာတ္မွာ remote control နဲ႔ Engine speed အတင္အခ် အကုန္ရေနေပမဲ့ remote control ပ်က္ခဲ့ေသာ္ အေရးေပၚသုံးဖို႔ ထားတဲ့ စံနစ္ပါ။ ME ကိုဘာမွ တိုက္႐ိုက္သက္ေရာက္မႈ မရွိပါဘူး။ 
သေေဘၤာေပၚ ရာက္သြားတာနဲ႔ Power ON လိုက္ၿပီး စမ္းၾကည့္ပါတယ္။ ER မွာတစ္ေယာက္ သြားၿပီး ကူေပးပါတယ္။ Engine က ႏွစ္လုံးရွိပါတယ္။ Stbd ဘက္ကိုစမ္းေတာ့ ျပႆနာမရွိပါဘူး။ Port ဘက္ကိုစမ္းေတာ့ ျပႆနာ စပါၿပီ။ Bridge က lever ကို  Fwd Standby ကိုေရႊ႕ေတာ့ Fwd Standby မွာမီးလင္းပါတယ္။ အသံေပးပါတယ္။ ေအာက္ ER ဘက္မွာလည္း အတူတူ လင္းပါတယ္။ အဲဒီအခ်ိန္မွာ ER က lever ကို Fwd Standby လိုက္ေရႊ႕ေပမဲ့ မီးစိမ္းမသြား အသံမေပ်ာက္ဘဲ ေတာက္ေလ်ာက္ျမည္ေနပါတယ္။ 
Bridge က lever နဲ႔ selector switch ေကာင္းလို႔ ER မွာ အတူတူျပတာဘဲ။ ေအာက္က feedback ျပန္မရလို႔ buzzer ဆက္ျမည္ေနတာေပါ့။ ER ကိုဆင္းသြားၿပီး စစ္ၾကည့္ပါတယ္။ သိပ္ အမ်ားႀကီးမရွိပါဘူး Handle selector နဲ႔ control board ဘဲရွိတယ္။ Mechanically ပုံမွန္မဟုတ္တာ မေတြ႕ေတာ့ control board ကို သံသယပိုျဖစ္မိပါတယ္။ အဆင္ေျပခ်င္ေတာ့ Starboard ဘက္က unit ကေကာင္းေနတယ္။ လြယ္လြယ္ကူကူ လဲၾကည့္လိုက္မယ္။ ဒီလို နဲ႔ Control board လဲ ၾကည့္လိုက္ပါတယ္။ လဲၿပီးလို႔ စမ္းၾကည့္ေတာ့ အလုပ္ေတာ့လုပ္တယ္။ ေျပာင္းျပန္ေတြျဖစ္ေနတယ္။ Dial ႏွစ္ခုက Engine နဲ႔ေတာ့ အၿပိဳင္ ဒါေပမဲ့ တစ္ခုနဲ႔တခု ေက်ာေပးၿပီးတပ္ထားတာ။ Astern နဲ႔ Ahead ေျပာင္းျပန္ဆြဲထားတယ္။

ဘာဘဲျဖစ္ျဖစ္ အလုပ္လုပ္ေနၿပီဆိုေတာ့ ဒီ control board ေၾကာင့္ ဆိုတာ ေသခ်ာေနပါၿပီ။ ဒီ board အသစ္မွာခိုင္းရေအာင္လည္း Maker က board ခ်ည္း ေရာင္းဖို႔ မလြယ္။ ျပင္ၾကည့္ရမလား။ Board ေပၚမွာ ေသခ်ာၾကည့္ေတာ့ IC တစ္လုံးက socket နဲ႔ ထိုင္ထားတာေတြ႕ရပါတယ္။ IC type ကို internet မွာရွာ ၾကည့္ေတာ့ AD converter with multiplexer တဲ့။ ဝယ္လို႔လြယ္မယ့္ အမ်ိဳးအစား။ အခ်ိန္လည္း ရတယ္ဆိုေတာ့ လဲစမ္းၾကည့္ဖို႔စဥ္းစားပါတယ္။ တစ္ျခား short ရွိယင္ ေကာင္းတဲ့ IC ပါ ေလာင္သြားႏိုင္တဲ့ risk ေတာ့ရွိပါတယ္။ ေလာင္ယင္လည္း ထပ္ဝယ္လို႔ရတာမို႔ လဲစမ္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
အဲဒါနဲ႔ Stbd က IC ကို ယူထည့္ၿပီးစမ္းၾကည့္ေတာ့ အကုန္ အလုပ္လုပ္ပါတယ္။ အေတာ္ၾကာၾကာစမ္းၾကည့္တာ အဆင္ေျပတယ္ဆိုေတာ့ ဒီ IC တစ္လုံးထဲပ်က္တာ ေသခ်ာသြားပါၿပီ။
ေနာက္ေန႔ IC အပို ၃ လုံးေလာက္ယူသြားၿပီး တစ္ေခါက္သြားလဲေပးလိုက္ပါတယ္။ စမ္းျပေတာ့ အားလုံး အဆင္ေျပပါတယ္။

[unicode]

Emergency Telegraph အလုပ်မလုပ်လို့ သွားပြင်ပေးခဲ့ရတဲ့ အတွေ့အကြုံလေးပါ။ Telegraph ရဲ့သဘောက ရှင်းပါတယ်။ အပေါ် bridge က အချက်ပြ command ပေးတာကို အောက် Engine Room က လိုက်လုပ်ပြီးတဲ့ အကြောင်း ပြန်အသိပေးတာပါ။ အပေါ်နဲ့အောက် မညီယင် alarm ထုတ်ပေးတဲ့ စံနစ်ပါ။ ကျွန်တော်ငယ်ငယ်က စီးဖူးတဲ့ ဧရာဝတီက သင်္ဘောတွေမှာ သံကြိုးနဲ့ဆက်ပြီး ကြေဒိုင်ခွက်ကြီးမှာ ကလင်ကလင်နဲ့ အသံမြည်ပြီး လက်တံလေးပြနေတာ ကိုသတိရမိတယ်။ သဘောက အတူတူပါဘဲ။ အခုခောတ်မှာ remote control နဲ့ Engine speed အတင်အချ အကုန်ရနေပေမဲ့ remote control ပျက်ခဲ့သော် အရေးပေါ်သုံးဖို့ ထားတဲ့ စံနစ်ပါ။ ME ကိုဘာမှ တိုက်ရိုက်သက်ရောက်မှု မရှိပါဘူး။
သငေ်္ဘောပေါ် ရာက်သွားတာနဲ့ Power ON လိုက်ပြီး စမ်းကြည့်ပါတယ်။ ER မှာတစ်ယောက် သွားပြီး ကူပေးပါတယ်။ Engine က နှစ်လုံးရှိပါတယ်။ Stbd ဘက်ကိုစမ်းတော့ ပြဿနာမရှိပါဘူး။ Port ဘက်ကိုစမ်းတော့ ပြဿနာ စပါပြီ။ Bridge က lever ကို  Fwd Standby ကိုရွှေ့တော့ Fwd Standby မှာမီးလင်းပါတယ်။ အသံပေးပါတယ်။ အောက် ER ဘက်မှာလည်း အတူတူ လင်းပါတယ်။ အဲဒီအချိန်မှာ ER က lever ကို Fwd Standby လိုက်ရွှေ့ပေမဲ့ မီးစိမ်းမသွား အသံမပျောက်ဘဲ တောက်လျောက်မြည်နေပါတယ်။
Bridge က lever နဲ့ selector switch ကောင်းလို့ ER မှာ အတူတူပြတာဘဲ။ အောက်က feedback ပြန်မရလို့ buzzer ဆက်မြည်နေတာပေါ့။ ER ကိုဆင်းသွားပြီး စစ်ကြည့်ပါတယ်။ သိပ် အများကြီးမရှိပါဘူး Handle selector နဲ့ control board ဘဲရှိတယ်။ Mechanically ပုံမှန်မဟုတ်တာ မတွေ့တော့ control board ကို သံသယပိုဖြစ်မိပါတယ်။ အဆင်ပြေချင်တော့ Starboard ဘက်က unit ကကောင်းနေတယ်။ လွယ်လွယ်ကူကူ လဲကြည့်လိုက်မယ်။ ဒီလို နဲ့ Control board လဲ ကြည့်လိုက်ပါတယ်။ လဲပြီးလို့ စမ်းကြည့်တော့ အလုပ်တော့လုပ်တယ်။ ပြောင်းပြန်တွေဖြစ်နေတယ်။ Dial နှစ်ခုက Engine နဲ့တော့ အပြိုင် ဒါပေမဲ့ တစ်ခုနဲ့တခု ကျောပေးပြီးတပ်ထားတာ။ Astern နဲ့ Ahead ပြောင်းပြန်ဆွဲထားတယ်။

ဘာဘဲဖြစ်ဖြစ် အလုပ်လုပ်နေပြီဆိုတော့ ဒီ control board ကြောင့် ဆိုတာ သေချာနေပါပြီ။ ဒီ board အသစ်မှာခိုင်းရအောင်လည်း Maker က board ချည်း ရောင်းဖို့ မလွယ်။ ပြင်ကြည့်ရမလား။ Board ပေါ်မှာ သေချာကြည့်တော့ IC တစ်လုံးက socket နဲ့ ထိုင်ထားတာတွေ့ရပါတယ်။ IC type ကို internet မှာရှာ ကြည့်တော့ AD converter with multiplexer တဲ့။ ဝယ်လို့လွယ်မယ့် အမျိုးအစား။ အချိန်လည်း ရတယ်ဆိုတော့ လဲစမ်းကြည့်ဖို့စဉ်းစားပါတယ်။ တစ်ခြား short ရှိယင် ကောင်းတဲ့ IC ပါ လောင်သွားနိုင်တဲ့ risk တော့ရှိပါတယ်။ လောင်ယင်လည်း ထပ်ဝယ်လို့ရတာမို့ လဲစမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
အဲဒါနဲ့ Stbd က IC ကို ယူထည့်ပြီးစမ်းကြည့်တော့ အကုန် အလုပ်လုပ်ပါတယ်။ အတော်ကြာကြာစမ်းကြည့်တာ အဆင်ပြေတယ်ဆိုတော့ ဒီ IC တစ်လုံးထဲပျက်တာ သေချာသွားပါပြီ။
နောက်နေ့ IC အပို ၃ လုံးလောက်ယူသွားပြီး တစ်ခေါက်သွားလဲပေးလိုက်ပါတယ်။ စမ်းပြတော့ အားလုံး အဆင်ပြေပါတယ်။ 

No comments:

Post a Comment