Tuesday 9 May 2017

AVR (၂)

[zawgyi]

ဒီတစ္ခါ AVR နဲ႔ ပတ္သတ္ၿပီး ဒီေခါင္းစဥ္ခြဲေလးေတြနဲ႔ ေျပာျပသြားပါမယ္။
(၁) Field Flashing
(၂) Gain, Sensitivity
(၃) Volt, Trim
(၄) Droop
(၅) UFRO, Over Excitation 
(၆) AVR ေကာင္းမေကာင္း စစ္ျခင္း

(၁) Field Flashing 
တစ္ခါတရံ generator မွာ residual magnetism မက်န္ေတာ့တဲ့ အခါမ်ိဳးမွာ Voltage build up မလုပ္ႏိုင္တာမ်ိဳး ၾကဳံရတတ္ပါတယ္။ အဲဒီလိုျဖစ္ယင္ Field Flashing လုပ္ေပးရပါတယ္။ Field Flashing လုပ္တယ္ဆိုတာ excitation current နည္းနည္းေလးကို Exciter field terminal ကေန ခဏေလး ထည့္ေပးတာပါ။ AVR မွာ မ်ားေသာအားျဖင့္ F+, F- ဒါမွမဟုတ္ J,K  လို႔ ျပထားတဲ့ terminal ေတြဟာ Field coil ကို excitation ေပးတဲ့ terminal တြပါ။ ေသခ်ာေအာင္ AVR drawing မွာ ဖတ္ၾကည့္ပါ။ ကၽြန္ေတာ္ ကေတာ့ လြယ္လြယ္ကူကူ 9V battery ကို သုံးပါတယ္။ တစ္ခ်ိဳ႕က 12 V battery သုံးပါတယ္။ Generator လည္ေနတုန္းမွာ field terminal ေတြကို အေပါင္းအႏႈတ္ မွန္ေအာင္ 9V battery နဲ႔ ဆက္ထားတဲ့ ဝါယာႏွစ္စနဲ႔ ၅ - ၁၀ စကၠန္႔ ေလာက္ ခတ္ေပးတာပါ။ Safe ျဖစ္ခ်င္ယင္ေတာ့ စက္မလည္ခင္ ႀကိဳး ၂ စကို AVR ကျဖဳတ္၊ စက္လည္ၿပီး flash လုပ္၊ Voltage build up ျဖစ္ယင္ စက္ျပန္ရပ္၊ AVR ျပန္ဆက္ၿပီး ျပန္ run ယင္ ရပါၿပီ။

(၂) Gain, Sensitivity
Gain က Fire လုပ္ေပးတဲ့ ႏႈံးကို ခ်ိန္တာပါ။ Gain မ်ာယင္ Volt တက္တဲ့ႏႈံးျမန္ၿပီး Gain နည္းယင္ Volt တက္ႏႈံး ေႏွးမွာပါ။ Gain ကို နည္းနည္းဘဲ စထားသင့္ပါတယ္။ Gain မ်ားယင္ Volt အတက္အက်ျမန္ၿပီး Volt hunting ျဖစ္ႏိုင္ပါတယ္။ Load ဆြဲလို႔ recover time ေႏွးလြန္းေနမွ နည္းနည္းခ်င္း တင္ေပးပါ။ 
ၾကဳံလို႔ေျပာရယင္ Hunting လို႔ေခၚတဲ့ တက္လိုက္က်လိုက္ ျဖစ္တာမွာ လူအမ်ားစု confuse ျဖစ္ေနတတ္တာက Frequency Hunting နဲ႔ Voltage Hunting ပါ။ AVR က Voltage Hunting ကိုဘဲသက္ေရာက္ေစပါတယ္။ Frequency Hunting က speed (RPM) ေၾကာင့္ ျဖစ္တဲ့အတြက္ Engine speed ကို စစ္ရမွာပါ။ 
Sensitivity ကေတာ့ Set voltage နဲ႔ Sensed Voltage (Generator Output Voltage) ဘယ္ေလာက္ကြာယင္ fire လုပ္မလဲ ၾကည့္တာပါ။ Sensitivity မ်ားယင္ Volt နည္းနည္းကြာတာနဲ႔ AVR က စၿပီးညွိပါၿပီ။ Sensitivity နည္းယင္ေတာ့ Volt ေတာ္ေတာ္ေလးကြာမွ စညွိမွာပါ။ Sensitivity ညိွတဲ့နည္းကေတာ့ အနိမ့္ဆုံးမွာ အယင္ထားပါ။ တစ္ျဖည္းျဖည္း တင္ၾကည့္ျပီး voltage hunting စျဖစ္တဲ့ေနရာထက္ နည္းနည္း ေလ်ွာ႔ ထားရပါတယ္။ မ်ားေသာအားျဖင့္ Gain နဲ႔ Sensitivity က စက္႐ုံက setting နဲ႔ လုံေလာက္ေလ့ရွိပါတယ္။ မလိုအပ္ယင္ သြားမထိပါနဲ႔။

(၃) Volt, Trim
ဒါကေတာ့ အေျခခံ အက်ဆုံးနဲ႔ အမ်ားဆုံး ညွိၾကတဲ့ parameter ပါ။ Volt ညွိတဲ့ knob က AVR ေပၚမွာရွိၿပီး Trimmer ကေတာ့ MSB ေပၚမွာ ရွိေလ့ ရွိပါတယ္။ အၾကမ္းဖ်င္း လိုတဲ့ Volt ကို ပထမ AVR ေပၚက Volt adjustment  နဲ႔ ညွိၿပီး အေသးစိတ္ကို Trimmer နဲ႔ ညွိပါတယ္။ Trimmer ကေတာ့ potentiometer တသ္ခုပါဘဲ။ ၾကာလာယင္ လွည့္ပါမ်ားေတာ့ အထဲက ေၾကးျပားေတြ စားၿပီး မထိတထိ/ Resistance မမွန္ျဖစ္တတ္ပါတယ္။ အဲဒါဆိုယင္ Voltage မၿငိမ္ျဖစ္တတ္ပါတယ္။ trouble-shoot လုပ္ယင္ စဥ္းစားစရာတစ္ခုေပါ့။ Trimmer ကို bypass လုပ္ခ်င္ယင္ AVR အဝင္ trimmer ႀကိဳး ႏွစ္ေခ်ာင္း ဆက္တဲ့ေနရာကို short လုပ္ထားေပးရပါတယ္။
(၄) Droop
Generator ေတြအတြက္ droop ႏွစ္ခုရွိပါတယ္။ Speed droop နဲ႔ Voltage droop ပါ။ Speed droop က governor ရဲ႕ control parameter, Voltage droop က AVR ရဲ႕ control parameter ပါ။ သေဘာခ်င္း မကြာပါဘူး။ အခု Voltage droop ကိုဘဲ ရွင္းျပပါမယ္။ Droop အဓိပၸာယ္ မေျပာခင္ ေျပာဖို႔က်န္ခဲ့တဲ့ဟာတစ္ခု ၾကားျဖတ္ေျပာပါမယ္။ အဲဒါကေတာ့ droop CT ပါ။ Generator output line တစ္ခုမွာ ခ်ိတ္ထားတဲ့ CT တစ္လုံးကို AVR မွာ current sensing feedback အျဖစ္ယူထားတာပါ။ အဲဒီ CT က droop အတြက္သုံးတာပါ။ 
Droop ဆိုတာဘာလဲလို႔ အယင္ေျပာျပပါမယ္။ Droop ရဲ႕ အဓိပၸာယ္က ေလွ်ာ့ခ်ျခင္း အားနည္းေအာင္လုပ္ျခင္းလို႔ ဆိုပါတယ္။ ဘာကိုေလွ်ာ့တာလည္းဆိုေတာ့ Set point ကိုေလ်ာ့ခ်တာပါ။ ဘာလို႔ေလ်ာ့ခ်ရတာလဲဆိုေတာ့ ဒီလိုပါ။ Generator တစ္လုံးကို တည္တည္ၿငိမ္ၿငိမ္နဲ႔ ေမာင္းေနတဲ့ အခ်ိန္မွာ Set voltage မွာေရာက္ေနတာေပါ့ေနာ္။ ႐ုတ္တရက္ Load တစ္ခု တင္လိုက္ယင္၊ တစ္နည္းအားျဖင့္ load ရွိေနတဲ့ bus / grid ကို ခ်ိတ္လိုက္ယင္ Voltage ယာယီထိုးက် ျခင္း (sagging) ျဖစ္တတ္ပါတယ္။ က်သြားတဲ့  Voltage ကို ျပန္မီေအာင္ AVR က excitation ပိုေပးရပါတယ္။ ခဏအတြင္း ျပန္ၿငိမ္သြားတဲ့ အခါ AVR ရဲ႕ excitation ကမ်ားေနေတာ့ over voltage ျဖစ္သြားျပန္ၿပီး AVR ကျပန္ညွိရနဲ႔ မတည္ၿငိမ္တဲ့ ျပႆနာရွိပါတယ္။ အဲဒီမွာ droop ရဲ႕ အခန္းကလာပါၿပီ။ Droop CT ရဲ႕ feedback load ေပၚမွီတည္ၿပီး droop % နဲ႔ တြက္လိုက္ေတာ့ Set Voltage ကို ယာယီ ေလ်ာ့ခ်ေပးလိုက္ပါတယ္။ Sagging ေၾကာင့္ ေလ်ာ့တဲ့ Voltage က droop ေလ်ွာ႕ၿပီး set voltage နဲ႔ အရမ္း မကြာယင္ AVR ရဲ႕ correction ကသိပ္မရွိေတာ့ဘူးေပါ့။ အဲဒီေတာ့ တည္ၿငိမ္မႈ ပိုရပါတယ္။ Droop ဟာ parallel operation ေတြအတြက္ဘဲ သက္ေရာက္မႈရွိတယ္ဆိုပါတယ္။ Generator တစ္လုံးခ်င္းေမာင္းတဲ့ island mode မွာ မသက္ေရာက္ ပါဘူး။
Droop % = (V_no load - V_full load)/V_full load   % 

ဆိုတဲ့ formula နဲ႔ တြက္ပါတယ္။ Droop ဘယ္လို ညွိမလဲ ေမးတဲ့သူေတြကို ေျပာျပခ်င္တာက Generator တစ္လုံးစီကို (V_no load - V_full load) တူေအာင္ညွိရမွာပါ။ full load မျဖစ္ႏိုင္ေပမဲ့ load ပမာဏတူ ယင္ရပါတယ္။ မ်ားေတာ့ပိုေကာင္းတာေပါ့။ 
- ပထမ တစ္လုံးကို V_no load မွတ္ထားပါ။
- ျပီးေတာ့ Load တင္ၿပီး အဲဒီအလုံးရဲ႕ V_load ကိုမွတ္ထားပါ။ အနည္းအမ်ား droop နဲ႔ ညွိပါ။ 
- ေနာက္ၿပီး တစ္ျခားတစ္လုံးရဲ႕ V_no load ကို Volt adjustment နဲ႔ တူေအာင္ အယင္ညွိပါ။ 
- Load ကို ဒုတိယ အလုံးေပၚတင္ၿပီး V_load အနည္းအမ်ား droop နဲ႔ ညွိပါ။ 
- ပထမတစ္လုံးနဲ႔တူတဲ့ အထိညွိပါ။

Droop Voltage compensation အျပင္ Parallel mode မွာ Droop CT အသုံးခ်တဲ့ ေနာက္တစ္နည္းကေတာ့ Cross current compensation ျဖစ္ပါတယ္။ Genrator တစ္လုံးရဲ႕ droop CT current ကုိ တစ္ျခား generator ေတြရဲ႔ AVR input နဲ႔ share ေပးျပီး compensation set point တြက္ေပးတဲ့နည္းျဖစ္ပါတယ္။ ACB open ျဖစ္ယင္ droop CT ကုိ short လုပ္ျပီး bypass လုပ္ေပးထားပါတယ္။

ေျပာျပခ်င္တာမ်ားေနေတာ့ ဖတ္တဲ့သူေတြကုိ အားနာပါတယ္။ Droop CT ရဲ႕ၾကိဳး ေျပာင္းျပန္ ဆက္မိယင္ ဘာျဖစ္မလဲ ဆိုေတာ့ V_load က V_no load ထက္ ပိုမ်ား ေနပါလိမ့္မယ္။

(၅) UFRO, Over Excitation 
ဒီ parameter ေတြကေတာ့ limiter ေတြပါဘဲ။ UFRO က ေတာ့ under frequency ျဖစ္ယင္ AVR ကို ရပ္ပစ္လိုက္မွာပါ။ Over Excitation ကလည္း Excitation voltage setting ေက်ာ္တာနဲ႔ ျဖတ္မွာပါ။ အမွန္ေျပာရယင္ မလုိအပ္ဘဲ ဒီ parameter ေတြကို ဘာမွ မေျပာင္းဘဲ Factory default အတိုင္း ထားတာ အေကာင္းဆုံးပါ။ 

(၆) AVR ေကာင္းမေကာင္း စစ္ျခင္း
ပုံမွန္ကေတာ့ AVR ေကာင္းမေကာင္း စစ္ခ်င္ယင္ Workshop မွာ simulated gen set နဲ႔ စစ္ေလ့ရွိပါတယ္။ ေနာက္ဆုံး ရွိတာနဲ႔ ျဖစ္ေအာင္စမ္းခ်င္ယင္ေတာ့ ဒီနည္းေလးသုံးၾကည့္ႏိုင္ပါတယ္။ 
- ဘာမွ အေျပာင္း အလဲမလုပ္ခင္ မူလ setting ေတြကိုမွတ္ထားပါ။
- 110V မီးလုံး တစ္လုံးကို AVR ရဲ႕ excitation output terminal (F+,F-) မွာ ဆက္ပါ။ 
- AVR power supply ဆက္ေပးပါ။ supply ကို 220V လား  400V လား မွန္ေအာင္ဆက္ပါ။
- Stability ကို အျမင့္ဆုံးမွာထားပါ။ 
- မီးမလင္းလွ်င္ Volt setting ကို တင္ပါ။
- မီးလင္းလွ်င္ Voltage setting ကို တစ္ျဖည္းျဖည္း မီးၿငိမ္းသည္အထိ ေလွ်ာ့ခ်ပါ။ 
- မီးၿငိမ္းတဲ့ ေနရာမွာ အတင္အခ် နည္းနည္း ေရႊ႕ၾကည့္ပါ။ မီးက ျဖတ္ကနဲ ဖြင့္၊ ပိတ္ျဖစ္ပါမယ္။
- ေနာက္ stability ကို အနိမ့္ဆုံး ေရႊ႕ပါ။ 
- မီး အဖြင္အပိတ္ ထပ္ကစားၾကည့္ပါ။ မီးက မ်က္ေတာင္ဖ်တ္ဖ်တ္ ခတ္ေနပါလိမ့္မယ္။
- အဲဒါဆို AVR function အလုပ္လုပ္တယ္ လို႔ ယူဆႏိုင္ပါတယ္။

လိုအပ္ခ်က္၊ ခ်ိဳယြင္းခ်က္မ်ားရွိယင္ ေထာက္ျပ အၾကံေပးႏိုင္ပါတယ္။

[unicode]
 ဒီတစ်ခါ AVR နဲ့ ပတ်သတ်ပြီး ဒီခေါင်းစဉ်ခွဲလေးတွေနဲ့ ပြောပြသွားပါမယ်။
(၁) Field Flashing
(၂) Gain, Sensitivity
(၃) Volt, Trim
(၄) Droop
(၅) UFRO, Over Excitation
(၆) AVR ကောင်းမကောင်း စစ်ခြင်း

(၁) Field Flashing
တစ်ခါတရံ generator မှာ residual magnetism မကျန်တော့တဲ့ အခါမျိုးမှာ Voltage build up မလုပ်နိုင်တာမျိုး ကြုံရတတ်ပါတယ်။ အဲဒီလိုဖြစ်ယင် Field Flashing လုပ်ပေးရပါတယ်။ Field Flashing လုပ်တယ်ဆိုတာ excitation current နည်းနည်းလေးကို Exciter field terminal ကနေ ခဏလေး ထည့်ပေးတာပါ။ AVR မှာ များသောအားဖြင့် F+, F- ဒါမှမဟုတ် J,K  လို့ ပြထားတဲ့ terminal တွေဟာ Field coil ကို excitation ပေးတဲ့ terminal တွပါ။ သေချာအောင် AVR drawing မှာ ဖတ်ကြည့်ပါ။ ကျွန်တော် ကတော့ လွယ်လွယ်ကူကူ 9V battery ကို သုံးပါတယ်။ တစ်ချို့က 12 V battery သုံးပါတယ်။ Generator လည်နေတုန်းမှာ field terminal တွေကို အပေါင်းအနှုတ် မှန်အောင် 9V battery နဲ့ ဆက်ထားတဲ့ ဝါယာနှစ်စနဲ့ ၅ - ၁၀ စက္ကန့် လောက် ခတ်ပေးတာပါ။ Safe ဖြစ်ချင်ယင်တော့ စက်မလည်ခင် ကြိုး ၂ စကို AVR ကဖြုတ်၊ စက်လည်ပြီး flash လုပ်၊ Voltage build up ဖြစ်ယင် စက်ပြန်ရပ်၊ AVR ပြန်ဆက်ပြီး ပြန် run ယင် ရပါပြီ။

(၂) Gain, Sensitivity
Gain က Fire လုပ်ပေးတဲ့ နှုံးကို ချိန်တာပါ။ Gain မျာယင် Volt တက်တဲ့နှုံးမြန်ပြီး Gain နည်းယင် Volt တက်နှုံး နှေးမှာပါ။ Gain ကို နည်းနည်းဘဲ စထားသင့်ပါတယ်။ Gain များယင် Volt အတက်အကျမြန်ပြီး Volt hunting ဖြစ်နိုင်ပါတယ်။ Load ဆွဲလို့ recover time နှေးလွန်းနေမှ နည်းနည်းချင်း တင်ပေးပါ။
ကြုံလို့ပြောရယင် Hunting လို့ခေါ်တဲ့ တက်လိုက်ကျလိုက် ဖြစ်တာမှာ လူအများစု confuse ဖြစ်နေတတ်တာက Frequency Hunting နဲ့ Voltage Hunting ပါ။ AVR က Voltage Hunting ကိုဘဲသက်ရောက်စေပါတယ်။ Frequency Hunting က speed (RPM) ကြောင့် ဖြစ်တဲ့အတွက် Engine speed ကို စစ်ရမှာပါ။
Sensitivity ကတော့ Set voltage နဲ့ Sensed Voltage (Generator Output Voltage) ဘယ်လောက်ကွာယင် fire လုပ်မလဲ ကြည့်တာပါ။ Sensitivity များယင် Volt နည်းနည်းကွာတာနဲ့ AVR က စပြီးညှိပါပြီ။ Sensitivity နည်းယင်တော့ Volt တော်တော်လေးကွာမှ စညှိမှာပါ။ Sensitivity ညှိတဲ့နည်းကတော့ အနိမ့်ဆုံးမှာ အယင်ထားပါ။ တစ်ဖြည်းဖြည်း တင်ကြည့်ပြီး voltage hunting စဖြစ်တဲ့နေရာထက် နည်းနည်း လျှော့ ထားရပါတယ်။ များသောအားဖြင့် Gain နဲ့ Sensitivity က စက်ရုံက setting နဲ့ လုံလောက်လေ့ရှိပါတယ်။ မလိုအပ်ယင် သွားမထိပါနဲ့။

(၃) Volt, Trim
ဒါကတော့ အခြေခံ အကျဆုံးနဲ့ အများဆုံး ညှိကြတဲ့ parameter ပါ။ Volt ညှိတဲ့ knob က AVR ပေါ်မှာရှိပြီး Trimmer ကတော့ MSB ပေါ်မှာ ရှိလေ့ ရှိပါတယ်။ အကြမ်းဖျင်း လိုတဲ့ Volt ကို ပထမ AVR ပေါ်က Volt adjustment  နဲ့ ညှိပြီး အသေးစိတ်ကို Trimmer နဲ့ ညှိပါတယ်။ Trimmer ကတော့ potentiometer တသ်ခုပါဘဲ။ ကြာလာယင် လှည့်ပါများတော့ အထဲက ကြေးပြားတွေ စားပြီး မထိတထိ/ Resistance မမှန်ဖြစ်တတ်ပါတယ်။ အဲဒါဆိုယင် Voltage မငြိမ်ဖြစ်တတ်ပါတယ်။ trouble-shoot လုပ်ယင် စဉ်းစားစရာတစ်ခုပေါ့။ Trimmer ကို bypass လုပ်ချင်ယင် AVR အဝင် trimmer ကြိုး နှစ်ချောင်း ဆက်တဲ့နေရာကို short လုပ်ထားပေးရပါတယ်။
(၄) Droop
Generator တွေအတွက် droop နှစ်ခုရှိပါတယ်။ Speed droop နဲ့ Voltage droop ပါ။ Speed droop က governor ရဲ့ control parameter, Voltage droop က AVR ရဲ့ control parameter ပါ။ သဘောချင်း မကွာပါဘူး။ အခု Voltage droop ကိုဘဲ ရှင်းပြပါမယ်။ Droop အဓိပ္ပာယ် မပြောခင် ပြောဖို့ကျန်ခဲ့တဲ့ဟာတစ်ခု ကြားဖြတ်ပြောပါမယ်။ အဲဒါကတော့ droop CT ပါ။ Generator output line တစ်ခုမှာ ချိတ်ထားတဲ့ CT တစ်လုံးကို AVR မှာ current sensing feedback အဖြစ်ယူထားတာပါ။ အဲဒီ CT က droop အတွက်သုံးတာပါ။
Droop ဆိုတာဘာလဲလို့ အယင်ပြောပြပါမယ်။ Droop ရဲ့ အဓိပ္ပာယ်က လျှော့ချခြင်း အားနည်းအောင်လုပ်ခြင်းလို့ ဆိုပါတယ်။ ဘာကိုလျှော့တာလည်းဆိုတော့ Set point ကိုလျော့ချတာပါ။ ဘာလို့လျော့ချရတာလဲဆိုတော့ ဒီလိုပါ။ Generator တစ်လုံးကို တည်တည်ငြိမ်ငြိမ်နဲ့ မောင်းနေတဲ့ အချိန်မှာ Set voltage မှာရောက်နေတာပေါ့နော်။ ရုတ်တရက် Load တစ်ခု တင်လိုက်ယင်၊ တစ်နည်းအားဖြင့် load ရှိနေတဲ့ bus / grid ကို ချိတ်လိုက်ယင် Voltage ယာယီထိုးကျ ခြင်း (sagging) ဖြစ်တတ်ပါတယ်။ ကျသွားတဲ့  Voltage ကို ပြန်မီအောင် AVR က excitation ပိုပေးရပါတယ်။ ခဏအတွင်း ပြန်ငြိမ်သွားတဲ့ အခါ AVR ရဲ့ excitation ကများနေတော့ over voltage ဖြစ်သွားပြန်ပြီး AVR ကပြန်ညှိရနဲ့ မတည်ငြိမ်တဲ့ ပြဿနာရှိပါတယ်။ အဲဒီမှာ droop ရဲ့ အခန်းကလာပါပြီ။ Droop CT ရဲ့ feedback load ပေါ်မှီတည်ပြီး droop % နဲ့ တွက်လိုက်တော့ Set Voltage ကို ယာယီ လျော့ချပေးလိုက်ပါတယ်။ Sagging ကြောင့် လျော့တဲ့ Voltage က droop လျှော့ပြီး set voltage နဲ့ အရမ်း မကွာယင် AVR ရဲ့ correction ကသိပ်မရှိတော့ဘူးပေါ့။ အဲဒီတော့ တည်ငြိမ်မှု ပိုရပါတယ်။ Droop ဟာ parallel operation တွေအတွက်ဘဲ သက်ရောက်မှုရှိတယ်ဆိုပါတယ်။ Generator တစ်လုံးချင်းမောင်းတဲ့ island mode မှာ မသက်ရောက် ပါဘူး။
Droop % = (V_no load - V_full load)/V_full load   %

ဆိုတဲ့ formula နဲ့ တွက်ပါတယ်။ Droop ဘယ်လို ညှိမလဲ မေးတဲ့သူတွေကို ပြောပြချင်တာက Generator တစ်လုံးစီကို (V_no load - V_full load) တူအောင်ညှိရမှာပါ။ full load မဖြစ်နိုင်ပေမဲ့ load ပမာဏတူ ယင်ရပါတယ်။ များတော့ပိုကောင်းတာပေါ့။
- ပထမ တစ်လုံးကို V_no load မှတ်ထားပါ။
- ပြီးတော့ Load တင်ပြီး အဲဒီအလုံးရဲ့ V_load ကိုမှတ်ထားပါ။ အနည်းအများ droop နဲ့ ညှိပါ။
- နောက်ပြီး တစ်ခြားတစ်လုံးရဲ့ V_no load ကို Volt adjustment နဲ့ တူအောင် အယင်ညှိပါ။
- Load ကို ဒုတိယ အလုံးပေါ်တင်ပြီး V_load အနည်းအများ droop နဲ့ ညှိပါ။
- ပထမတစ်လုံးနဲ့တူတဲ့ အထိညှိပါ။

Droop Voltage compensation အပြင် Parallel mode မှာ Droop CT အသုံးချတဲ့ နောက်တစ်နည်းကတော့ Cross current compensation ဖြစ်ပါတယ်။ Genrator တစ်လုံးရဲ့ droop CT current ကို တစ်ခြား generator တွေရဲ့ AVR input နဲ့ share ပေးပြီး compensation set point တွက်ပေးတဲ့နည်းဖြစ်ပါတယ်။ ACB open ဖြစ်ယင် droop CT ကို short လုပ်ပြီး bypass လုပ်ပေးထားပါတယ်။

ပြောပြချင်တာများနေတော့ ဖတ်တဲ့သူတွေကို အားနာပါတယ်။ Droop CT ရဲ့ကြိုး ပြောင်းပြန် ဆက်မိယင် ဘာဖြစ်မလဲ ဆိုတော့ V_load က V_no load ထက် ပိုများ နေပါလိမ့်မယ်။

(၅) UFRO, Over Excitation
ဒီ parameter တွေကတော့ limiter တွေပါဘဲ။ UFRO က တော့ under frequency ဖြစ်ယင် AVR ကို ရပ်ပစ်လိုက်မှာပါ။ Over Excitation ကလည်း Excitation voltage setting ကျော်တာနဲ့ ဖြတ်မှာပါ။ အမှန်ပြောရယင် မလိုအပ်ဘဲ ဒီ parameter တွေကို ဘာမှ မပြောင်းဘဲ Factory default အတိုင်း ထားတာ အကောင်းဆုံးပါ။

(၆) AVR ကောင်းမကောင်း စစ်ခြင်း
ပုံမှန်ကတော့ AVR ကောင်းမကောင်း စစ်ချင်ယင် Workshop မှာ simulated gen set နဲ့ စစ်လေ့ရှိပါတယ်။ နောက်ဆုံး ရှိတာနဲ့ ဖြစ်အောင်စမ်းချင်ယင်တော့ ဒီနည်းလေးသုံးကြည့်နိုင်ပါတယ်။
- ဘာမှ အပြောင်း အလဲမလုပ်ခင် မူလ setting တွေကိုမှတ်ထားပါ။
- 110V မီးလုံး တစ်လုံးကို AVR ရဲ့ excitation output terminal (F+,F-) မှာ ဆက်ပါ။
- AVR power supply ဆက်ပေးပါ။ supply ကို 220V လား  400V လား မှန်အောင်ဆက်ပါ။
- Stability ကို အမြင့်ဆုံးမှာထားပါ။
- မီးမလင်းလျှင် Volt setting ကို တင်ပါ။
- မီးလင်းလျှင် Voltage setting ကို တစ်ဖြည်းဖြည်း မီးငြိမ်းသည်အထိ လျှော့ချပါ။
- မီးငြိမ်းတဲ့ နေရာမှာ အတင်အချ နည်းနည်း ရွှေ့ကြည့်ပါ။ မီးက ဖြတ်ကနဲ ဖွင့်၊ ပိတ်ဖြစ်ပါမယ်။
- နောက် stability ကို အနိမ့်ဆုံး ရွှေ့ပါ။
- မီး အဖွင်အပိတ် ထပ်ကစားကြည့်ပါ။ မီးက မျက်တောင်ဖျတ်ဖျတ် ခတ်နေပါလိမ့်မယ်။
- အဲဒါဆို AVR function အလုပ်လုပ်တယ် လို့ ယူဆနိုင်ပါတယ်။

လိုအပ်ချက်၊ ချိုယွင်းချက်များရှိယင် ထောက်ပြ အကြံပေးနိုင်ပါတယ်။

3 comments:

  1. ဆရာ Avr ​အ​ေၾကာင္​း အက်ယ္​ျဖန္​႔​ေမးခ်င္​လို႔ပါ ဘယ္​မွာ​ေမးရမလဲ ဆရာ facebook acc ႐ွိရင္​ ​ေျပာျပ​ေပးပါ အ​ေရးႀကီးလို႔ပါဆရာ

    ReplyDelete
  2. ဆရာ Avr ​အ​ေၾကာင္​း အက်ယ္​ျဖန္​႔​ေမးခ်င္​လို႔ပါ ဘယ္​မွာ​ေမးရမလဲ ဆရာ facebook acc ႐ွိရင္​ ​ေျပာျပ​ေပးပါ အ​ေရးႀကီးလို႔ပါဆရာ

    ReplyDelete
  3. ဆရာ Avr ​အ​ေၾကာင္​း အက်ယ္​ျဖန္​႔​ေမးခ်င္​လို႔ပါ ဘယ္​မွာ​ေမးရမလဲ ဆရာ facebook acc ႐ွိရင္​ ​ေျပာျပ​ေပးပါ အ​ေရးႀကီးလို႔ပါဆရာ

    ReplyDelete