Wednesday 17 May 2017

Main Engine Control (၁) - RPM indicator

[zawgyi]

Tanker တစ္စီးရဲ႕ ME RPM indicator အလုပ္မလုပ္လို႔ သြားစစ္ေပးရပါတယ္။ Maker က NOR Control. သုံးထားတာက Remote control ကို Autochief 4(AC4)  နဲ႔ Safety အတြက္ SSU8810 ကိုသုံးထားပါတယ္။ (စကားမစပ္ အခုေတာ့ NOR Control Company ကို Kongsberg ကဝယ္လိုက္တာ ၾကာပါၿပီ။)


ဒီ Technical Super ကေတာ္ေတာ္ေလး သိၿပီး ကိုယ္တိုင္ ဝင္လုပ္တတ္တဲ့သူ။ ဒီျပႆနာကို သူရွင္းဖို႔ႀကိဳးစားတာ တစ္ႏွစ္ေလာက္ရွိၿပီ ေျပာပါတယ္။ မရလို႔ ယာယီ အျပင္မွာ digital display ေလးနဲ႔ Magnetic pick up(MPU) တိုက္႐ိုက္တပ္ၿပီး Speed ကို ျမင္ရေအာင္လုပ္ထားပါတယ္။ ECR မွာ display တစ္ခု Bridge မွာ တစ္ခုေပါ့။
မူရင္း System မွာက MPU input ႏွစ္စုံရွိပါတယ္။ တစ္စုံခ်င္းစီမွာ MPU sensor ၂ ခုစီရွိပါတယ္။ ဒါမွ RPM အျပင္ Forward/Astern direction ကို သိႏိုင္မွာျဖစ္ပါတယ္။ တစ္စုံကို AC4 မွာ ဝင္ၿပီး ေနာက္တစ္စုံကို SSU8810 မွာဝင္ထားပါတယ္။ RPM display အျပင္ Speed နဲ႔ ပါတ္သတ္တဲ့ Alarm ေတြ interlock ေတြ အတြက္ပါ ယူသံုးထားပါေသးတယ္။ ပိုေကာင္းတဲ့ အခ်က္က Signal တစ္ခု အေၾကာင္းေၾကာင္းေၾကာင့္ ပ်က္သြားခဲ့ယင္ တစ္ျခား System ရဲ႕ Speed signal ကို အျပန္အလွန္ယူသုံးလို႔ ရတဲ့ အခ်က္ပါဘဲ။ AC4 နဲ႔ SSU8810 ၾကားမွာ inter-connection ရွိပါတယ္။
ၾကဳံလို႔  MPU အလုပ္လုပ္ပုံေလး နည္းနည္း ေျပာခ်င္ပါတယ္။ လူသစ္ေတြအတြက္ပါ။ MPU ကို ေခြးသြားစိတ္ေတြရွိတဲ့ Flywheel အေျခမွာ 3 mm ေလာက္ခြာၿပီး တပ္ထားတတ္ပါတယ္။ သံနဲ႔ နီးယင္ ON ၿပီး ေဝးယင္ OFF signal ေပးတညဆိုေတာ့ flywheel လည္တာနဲ႔ pulse ေလးေတြ ထုတ္ေပးေနပါတယ္။ အဲဒီ frequency ကို flywheel ရဲ႕ teeth အေရအတြက္နဲ႔ စားယင္ တစ္စကၠန္႔ အပတ္ေရ၊ 60 နဲ႔ ထပ္စားယင္ RPM ရမွာေပါ့။ Sensor ႏွစ္လုံးမွာ ဘယ္ သူအယင္ sense လုပ္လဲဆိုတာၾကည့္ၿပီး forward/ astern direction ခြဲတာပါ။
အခုစံနစ္မွာ input MPU ရဲ႕ signal ကိုယူၿပီး output display အေနနဲ႔ -12V to +12V analog RPM display unit ၆ ခုကို parallel output ထုတ္ေပးထားပါတယ္။ Control unit မွာေတာ့ NOR control ရဲ႕ ထုံးစံအတိုင္း Modular control card ေလးေတြ Main board ေပၚမွာ တန္းစီၿပီး စိုက္ထားပါတယ္။ RPM control ရဲ႕ card ကေတာ့ တစ္ျခား ကဒ္ေတြနဲ႔မတူ တစ္ဘက္ခၽြန္းေလးနဲ႔ သိသာလွပါတယ္။
ျဖစ္ႏိုင္စရာေတြ ျပန္ၾကည့္ေတာ့ Sensor, cable, Control card, Communication နဲ႔ Setting ေတြ။ တစ္ခုခ်င္းစစ္ၾကည့္ စမ္းၾကည့္ရမွာေပါ့။ စမ္းဖို႔ ပထမဆံုးလိုတာက Sensor ပါ။ Sensor အသစ္ႏွစ္ခုရေတာ့ စမ္းၾကည့္လို႔ရပါၿပီ။ တစ္ကယ္လိုမွာက ေလးခုပါ။ စမ္းဖို႔အတြက္ေတာ့ အဆင္ေျပပါတယ္။ Cable ေၾကာင့္မရတာ မျဖစ္ရေအာင္ panel က terminal မွာဘဲတပ္ၿပီးစမ္းပါမယ္။ ပထမ SS 8810 နဲ႔ အယင္စမ္းၾကည့္ပါတယ္။ သူ႔ Control card LED ေတြက မလင္း ပါဘူး။ Main board ကို power ပိတ္၊ဖြင့္ လုပ္ၾကည့္ေတာ့လည္း မထူးပါဘူး။ ဒါနဲ႔ AC4 က card ကို ယူတပ္ၾကည့္ေတာ့ power မီး လင္းလာတယ္။ Cable broken မီးလည္း လင္းပါတယ္။ ေကာင္းမယ့္ သေဘာရွိပါတယ္။ Cable broken fault က Sensor ႀကိဳး ျပတ္ေနယင္ျပတာ။ Panel မွာ တပ္ထားတာဆိုေတာ့ ႀကိဳးမျပတ္တာေတာ့ ေသခ်ာတယ္။ Sensor မွာ ႀကိဳး သုံးေခ်ာင္း ရွိပါတယ္။ Common ရယ္၊ NO ရယ္၊ NC ရယ္ေပါ့။ NO နဲ႔ ဆက္ထားတာကို cable broken fault ျပတယ္ဆိုေတာ့ NC ေျပာင္းၿပီး ဆက္ေပးလိုက္ပါတယ္။ အဲဒီမွာ cable broken fault ေပ်ာက္သြားၿပီး cable shorted fault မီးလင္းလာပါတယ္။
ဒုကၡပါဘဲ။ NO လည္းမရ၊ NC လည္းမရ။ Sensor type ကလည္း Manual ထဲမွာပါတဲ့ အမ်ိဳးအစား ဘဲ။ မမွားပါဘူး။ control ထဲမွာ cable loop monitoring ပါေနတယ္ဆိုေတာ့ line resistor ထည့္ေပးရမယ့္ သေဘာပါ။ ပုံမွန္ေတာ့ series resistor တစ္လုံးနဲ႔ parallel resistor တစ္လုံး ထည့္ေပးရတတ္ပါတယ္။ Resistor တန္ဖိုးဘယ္ေလာက္မွန္း မသိေတာ့ အတိုးအေလွ်ာ့လုပ္ၿပီး စမ္းၾကည့္ေတာ့ 1k ohm series နဲ႔ 3k ohm parallel resistor ေတြနဲ႔ အဆင္ေျပပါတယ္။ အဲဒီ resistor ႏွစ္လုံးနဲ႔ sensor တပ္လိုက္ေတာ့ cable broken နဲ႔ shorted fault ေတြ မရွိေတာ့ပါဘူး။ စမ္းဖို႔ အဆင္သင့္ေပါ့။ SSU8810 panel ရဲ႕ LED display ကို RPM value page မွာထားလိုက္ပါတယ္။ MPU sensor ကို သံတုံးတစ္ခုနဲ႔ ကပ္လိုက္ခြာလိုက္ လုပ္ၾကည့္ေပမဲ့ RPM value ကမေျပာင္းေသးဘူး။ ၿပီးမွ သတိရသြားတယ္။ flywheel ကအႀကီးႀကီးဆိုေတာ့ Teeth အမ်ားႀကီး set လုပ္ထားမွာေပါ့။ လက္နဲ႔ simulate လုပ္ေပးတဲ့ frequency က သိပ္မျမန္ယင္ RPM 1 ထက္နည္းေနေတာ့ ျပမွာမဟုတ္ဘူးေပါ့။ အဲဒါနဲ႔ parameter input မွာ flywheel teeth ကို 5 ေလာက္ထား၊ ကပ္ခြာ simulation ကို ခပ္သြက္သြက္ေလး လုပ္လိုက္ေတာ့ RPM တန္ဖိုး ျပပါတယ္။ ဒါဆိုယင္ ေတာ္ေတာ္ေလး အဆင္ေျပသြားၿပီ။ ေနာက္မွ အေသးစိတ္ထပ္စမ္းမယ္။
သေဘၤာက Dock ထဲမွာဆိုေတာ့ အခ်ိန္ရေသးတယ္။ မေကာင္းတဲ့ Control card ကိုျပင္ဖို႔ ျဖဳတ္ယူခဲ့တယ္။ ၿပီးေတာ့ လိုေနတဲ့ MPU sensor ႏွစ္ခု ဝယ္ဖို႔မွာလိုက္ပါတယ္။ ေနာက္ ၂ ရက္ေလာက္အၾကာ လိုတာေတြယူ၊ ျပင္ၿပီးတဲ့ card ယူၿပီး ျပန္တက္ပါတယ္။ Sensor အသစ္ ႏွစ္လုံးလည္း ေရာက္ၿပီဆိုေတာ့ အကုန္ျပန္ဆင္ပါေတာ့တယ္။ MPU sensor ၄ လုံးကို flywheel နားမွာ ျပန္တပ္ၿပီး line monitoring အတြက္ resistor ၂ လုံးစီကို Sensor အေျခနားက junction box မွာ တပ္ပါတယ္။ ၿပီးမွ turning gear လွည့္ၿပီး စမ္းၾကည့္ပါတယ္။ Turning gear က ေႏွးေတာ့ Gear teeth setting အနည္း နဲ႔ဘဲ ဆက္စမ္းၾကည့္ပါတယ္။ RPM နဲ႔ forward/astern မွန္ေအာင္ျပပါတယ္။ AC4 အဝင္ နဲ႔ SSU 8810 အဝင္ေတြ တစ္လွည့္စီ ျဖဳတ္ၾကည့္ေတာ့လည္း အလုပ္လုပ္ပါတယ္။ inter-communication အလုပ္လုပ္တယ္ေပါ့။ 
ေနာက္ သေဘၤာ sea trial ထြက္ေတာ့မွ လိုက္သြားၿပီး အကုန္စမ္းျပလိုက္ပါတယ္။ အကုန္အဆင္ေျပပါတယ္။ Technical super က ဆင္းကာနီး ကပ္ေမးေနပါေသးတယ္။ ဘာလို႔ line monitoring resistor ေတြထည့္တာလဲ။ Drawing ထဲမွာလည္း မပါဘဲနဲ႔လို႔ ေျပာပါတယ္။ Cable open/short status အတြက္ monitor လုပ္ေတာ့ လိုတာမို႔ထည့္တယ္ ေျပာလိုက္ပါတယ္။ သူႀကိဳးစားလို႔ မရတာလည္း ဒါေၾကာင့္ျဖစ္မယ္ထင္တာဘဲ။ 
ကၽြန္ေတာ္ေတြ႕ဘူးတဲ့ proximity switch ေတြမွာ အဲဒီ resistor ေတြကို sensor ထဲမွာ build in ပါတာမ်ိဳး ရွိပါတယ္။ အဲဒီလို sensor type ေျပာင္းသုံးယင္ေတာ့ မလိုေတာ့ဘူးေပါ့။

[unicode]
Tanker တစ်စီးရဲ့ ME RPM indicator အလုပ်မလုပ်လို့ သွားစစ်ပေးရပါတယ်။ Maker က NOR Control. သုံးထားတာက Remote control ကို Autochief 4(AC4)  နဲ့ Safety အတွက် SSU8810 ကိုသုံးထားပါတယ်။ (စကားမစပ် အခုတော့ NOR Control Company ကို Kongsberg ကဝယ်လိုက်တာ ကြာပါပြီ။)

ဒီ Technical Super ကတော်တော်လေး သိပြီး ကိုယ်တိုင် ဝင်လုပ်တတ်တဲ့သူ။ ဒီပြဿနာကို သူရှင်းဖို့ကြိုးစားတာ တစ်နှစ်လောက်ရှိပြီ ပြောပါတယ်။ မရလို့ ယာယီ အပြင်မှာ digital display လေးနဲ့ Magnetic pick up(MPU) တိုက်ရိုက်တပ်ပြီး Speed ကို မြင်ရအောင်လုပ်ထားပါတယ်။ ECR မှာ display တစ်ခု Bridge မှာ တစ်ခုပေါ့။
မူရင်း System မှာက MPU input နှစ်စုံရှိပါတယ်။ တစ်စုံချင်းစီမှာ MPU sensor ၂ ခုစီရှိပါတယ်။ ဒါမှ RPM အပြင် Forward/Astern direction ကို သိနိုင်မှာဖြစ်ပါတယ်။ တစ်စုံကို AC4 မှာ ဝင်ပြီး နောက်တစ်စုံကို SSU8810 မှာဝင်ထားပါတယ်။ RPM display အပြင် Speed နဲ့ ပါတ်သတ်တဲ့ Alarm တွေ interlock တွေ အတွက်ပါ ယူသုံးထားပါသေးတယ်။ ပိုကောင်းတဲ့ အချက်က Signal တစ်ခု အကြောင်းကြောင်းကြောင့် ပျက်သွားခဲ့ယင် တစ်ခြား System ရဲ့ Speed signal ကို အပြန်အလှန်ယူသုံးလို့ ရတဲ့ အချက်ပါဘဲ။ AC4 နဲ့ SSU8810 ကြားမှာ inter-connection ရှိပါတယ်။
ကြုံလို့  MPU အလုပ်လုပ်ပုံလေး နည်းနည်း ပြောချင်ပါတယ်။ လူသစ်တွေအတွက်ပါ။ MPU ကို ခွေးသွားစိတ်တွေရှိတဲ့ Flywheel အခြေမှာ 3 mm လောက်ခွာပြီး တပ်ထားတတ်ပါတယ်။ သံနဲ့ နီးယင် ON ပြီး ဝေးယင် OFF signal ပေးတညဆိုတော့ flywheel လည်တာနဲ့ pulse လေးတွေ ထုတ်ပေးနေပါတယ်။ အဲဒီ frequency ကို flywheel ရဲ့ teeth အရေအတွက်နဲ့ စားယင် တစ်စက္ကန့် အပတ်ရေ၊ 60 နဲ့ ထပ်စားယင် RPM ရမှာပေါ့။ Sensor နှစ်လုံးမှာ ဘယ် သူအယင် sense လုပ်လဲဆိုတာကြည့်ပြီး forward/ astern direction ခွဲတာပါ။
အခုစံနစ်မှာ input MPU ရဲ့ signal ကိုယူပြီး output display အနေနဲ့ -12V to +12V analog RPM display unit ၆ ခုကို parallel output ထုတ်ပေးထားပါတယ်။ Control unit မှာတော့ NOR control ရဲ့ ထုံးစံအတိုင်း Modular control card လေးတွေ Main board ပေါ်မှာ တန်းစီပြီး စိုက်ထားပါတယ်။ RPM control ရဲ့ card ကတော့ တစ်ခြား ကဒ်တွေနဲ့မတူ တစ်ဘက်ချွန်းလေးနဲ့ သိသာလှပါတယ်။
ဖြစ်နိုင်စရာတွေ ပြန်ကြည့်တော့ Sensor, cable, Control card, Communication နဲ့ Setting တွေ။ တစ်ခုချင်းစစ်ကြည့် စမ်းကြည့်ရမှာပေါ့။ စမ်းဖို့ ပထမဆုံးလိုတာက Sensor ပါ။ Sensor အသစ်နှစ်ခုရတော့ စမ်းကြည့်လို့ရပါပြီ။ တစ်ကယ်လိုမှာက လေးခုပါ။ စမ်းဖို့အတွက်တော့ အဆင်ပြေပါတယ်။ Cable ကြောင့်မရတာ မဖြစ်ရအောင် panel က terminal မှာဘဲတပ်ပြီးစမ်းပါမယ်။ ပထမ SS 8810 နဲ့ အယင်စမ်းကြည့်ပါတယ်။ သူ့ Control card LED တွေက မလင်း ပါဘူး။ Main board ကို power ပိတ်၊ဖွင့် လုပ်ကြည့်တော့လည်း မထူးပါဘူး။ ဒါနဲ့ AC4 က card ကို ယူတပ်ကြည့်တော့ power မီး လင်းလာတယ်။ Cable broken မီးလည်း လင်းပါတယ်။ ကောင်းမယ့် သဘောရှိပါတယ်။ Cable broken fault က Sensor ကြိုး ပြတ်နေယင်ပြတာ။ Panel မှာ တပ်ထားတာဆိုတော့ ကြိုးမပြတ်တာတော့ သေချာတယ်။ Sensor မှာ ကြိုး သုံးချောင်း ရှိပါတယ်။ Common ရယ်၊ NO ရယ်၊ NC ရယ်ပေါ့။ NO နဲ့ ဆက်ထားတာကို cable broken fault ပြတယ်ဆိုတော့ NC ပြောင်းပြီး ဆက်ပေးလိုက်ပါတယ်။ အဲဒီမှာ cable broken fault ပျောက်သွားပြီး cable shorted fault မီးလင်းလာပါတယ်။
ဒုက္ခပါဘဲ။ NO လည်းမရ၊ NC လည်းမရ။ Sensor type ကလည်း Manual ထဲမှာပါတဲ့ အမျိုးအစား ဘဲ။ မမှားပါဘူး။ control ထဲမှာ cable loop monitoring ပါနေတယ်ဆိုတော့ line resistor ထည့်ပေးရမယ့် သဘောပါ။ ပုံမှန်တော့ series resistor တစ်လုံးနဲ့ parallel resistor တစ်လုံး ထည့်ပေးရတတ်ပါတယ်။ Resistor တန်ဖိုးဘယ်လောက်မှန်း မသိတော့ အတိုးအလျှော့လုပ်ပြီး စမ်းကြည့်တော့ 1k ohm series နဲ့ 3k ohm parallel resistor တွေနဲ့ အဆင်ပြေပါတယ်။ အဲဒီ resistor နှစ်လုံးနဲ့ sensor တပ်လိုက်တော့ cable broken နဲ့ shorted fault တွေ မရှိတော့ပါဘူး။ စမ်းဖို့ အဆင်သင့်ပေါ့။ SSU8810 panel ရဲ့ LED display ကို RPM value page မှာထားလိုက်ပါတယ်။ MPU sensor ကို သံတုံးတစ်ခုနဲ့ ကပ်လိုက်ခွာလိုက် လုပ်ကြည့်ပေမဲ့ RPM value ကမပြောင်းသေးဘူး။ ပြီးမှ သတိရသွားတယ်။ flywheel ကအကြီးကြီးဆိုတော့ Teeth အများကြီး set လုပ်ထားမှာပေါ့။ လက်နဲ့ simulate လုပ်ပေးတဲ့ frequency က သိပ်မမြန်ယင် RPM 1 ထက်နည်းနေတော့ ပြမှာမဟုတ်ဘူးပေါ့။ အဲဒါနဲ့ parameter input မှာ flywheel teeth ကို 5 လောက်ထား၊ ကပ်ခွာ simulation ကို ခပ်သွက်သွက်လေး လုပ်လိုက်တော့ RPM တန်ဖိုး ပြပါတယ်။ ဒါဆိုယင် တော်တော်လေး အဆင်ပြေသွားပြီ။ နောက်မှ အသေးစိတ်ထပ်စမ်းမယ်။
သင်္ဘောက Dock ထဲမှာဆိုတော့ အချိန်ရသေးတယ်။ မကောင်းတဲ့ Control card ကိုပြင်ဖို့ ဖြုတ်ယူခဲ့တယ်။ ပြီးတော့ လိုနေတဲ့ MPU sensor နှစ်ခု ဝယ်ဖို့မှာလိုက်ပါတယ်။ နောက် ၂ ရက်လောက်အကြာ လိုတာတွေယူ၊ ပြင်ပြီးတဲ့ card ယူပြီး ပြန်တက်ပါတယ်။ Sensor အသစ် နှစ်လုံးလည်း ရောက်ပြီဆိုတော့ အကုန်ပြန်ဆင်ပါတော့တယ်။ MPU sensor ၄ လုံးကို flywheel နားမှာ ပြန်တပ်ပြီး line monitoring အတွက် resistor ၂ လုံးစီကို Sensor အခြေနားက junction box မှာ တပ်ပါတယ်။ ပြီးမှ turning gear လှည့်ပြီး စမ်းကြည့်ပါတယ်။ Turning gear က နှေးတော့ Gear teeth setting အနည်း နဲ့ဘဲ ဆက်စမ်းကြည့်ပါတယ်။ RPM နဲ့ forward/astern မှန်အောင်ပြပါတယ်။ AC4 အဝင် နဲ့ SSU 8810 အဝင်တွေ တစ်လှည့်စီ ဖြုတ်ကြည့်တော့လည်း အလုပ်လုပ်ပါတယ်။ inter-communication အလုပ်လုပ်တယ်ပေါ့။
နောက် သင်္ဘော sea trial ထွက်တော့မှ လိုက်သွားပြီး အကုန်စမ်းပြလိုက်ပါတယ်။ အကုန်အဆင်ပြေပါတယ်။ Technical super က ဆင်းကာနီး ကပ်မေးနေပါသေးတယ်။ ဘာလို့ line monitoring resistor တွေထည့်တာလဲ။ Drawing ထဲမှာလည်း မပါဘဲနဲ့လို့ ပြောပါတယ်။ Cable open/short status အတွက် monitor လုပ်တော့ လိုတာမို့ထည့်တယ် ပြောလိုက်ပါတယ်။ သူကြိုးစားလို့ မရတာလည်း ဒါကြောင့်ဖြစ်မယ်ထင်တာဘဲ။
ကျွန်တော်တွေ့ဘူးတဲ့ proximity switch တွေမှာ အဲဒီ resistor တွေကို sensor ထဲမှာ build in ပါတာမျိုး ရှိပါတယ်။ အဲဒီလို sensor type ပြောင်းသုံးယင်တော့ မလိုတော့ဘူးပေါ့။

No comments:

Post a Comment