Monday 29 May 2017

Generator (၇) - AVR replacement


[zawgyi]
ညီေလးတစ္ေယာက္က ေမးလာပါတယ္။ Generator ၃ လုံးရွိတဲ့ သေဘၤာတစ္စီးမွာ ၂ လုံးအတြက္ AVR လဲတာကို ဘယ္လို setting လုပ္ရမလဲတဲ့။ 
Generator နဲ႔ပတ္သတ္တဲ့  post ေတြမွာ ျဖစ္ခဲ့တဲ့အေၾကာင္း၊ ေတြ႕ခဲ့တဲ့ ျပႆနာေတြ ေရးခဲ့ပါတယ္။ တစ္ကယ္ဆို ဒီဟာနဲ႔ ဆက္စပ္တဲ့ Generator(၁)၊ Generator(၆) နဲ႔ AVR (၂) ေအာက္မွာ ျပန္ရွာဖတ္ၾကည့္ႏိုင္ပါတယ္။
ဒါေပမဲ့ အခုထပ္ေျပာျပပါမယ္။ ထပ္ေနလို႔ မဖတ္လိုသူမ်ား ေက်ာ္သြားႏိုင္ပါတယ္။ အေတြ႕အၾကဳံနည္းေသးတဲ့ လူသစ္ေတြအတြက္ Confidence နဲ႔ Competence ရေအာင္ ထပ္ေရးလိုက္ပါတယ္။ redundant ျဖစ္ေနတဲ့ အတြက္ေတာ့ က်န္တဲ့သူေတြကို ေတာင္းပန္ပါတယ္။
ပထမ ေကာင္းတဲ့ Generator ကို AE1 လို႔ထားပါေတာ့။ က်န္တဲ့ ႏွစ္လုံးရဲ႕ AVR ကိုလဲတယ္ေပါ့ေနာ္။ AVR အမ်ိဳးအစား တူလို႔ ႀကိဳးအေျပာင္းအလဲ မရွိယင္ လဲတဲ့ အပိုင္းမွာ ျပႆနာ မရွိပါဘူး။ Setting ေတြကို AVR အေဟာင္း အတိုင္းအနီးစပ္ဆုံး ထားလိုက္ပါ။ ျပီးတာနဲ႔ 

1. AE2 ကို run လိုက္ပါ။ Voltage Stable ျဖစ္မျဖစ္ စစ္ပါ။ AVR ရဲ႕ အဓိကအလုပ္က Voltage ကို တည္ၿငိမ္ေအာင္ ထိန္းေပးတာပါ။ No load အေနအထားမွာ stability ကိုစစ္ပါ။

2. Voltage hunting ျဖစ္ေနယင္ Stability ညွိရန္။
2.1 Stability ညွိမယ္ဆိုယင္ အစဆုံး Stability အျမင့္ဆုံးမွာထားပါ (clockwise)။
2.2 Voltage ၿငိမ္ေနတာ ေစာင့္ၾကည့္ၿပီး တစ္ျဖည္းျဖည္းခ်င္း ျပန္ေလွ်ာ့ခ်ပါ(counterclockwise)။
2.3 Voltage စၿပီးမတည္ၿငိမ္စျပဳတဲ့ေနရာ ေရာက္လ်င္ ရပ္ၿပီး clockwise နည္းနည္းေလး ျပန္လွည့္ေပးပါ။

3. ေကာင္းေနတဲ့ AE1 ကို စံထားၿပီး Voltage Drop တူေအာင္ညွိရန္။
(V_drop=V_noload-V_load ) တစ္နည္းအားျဖင့္ ဒါဟာ droop ညွိတာပါ။  
Droop က load ေပၚမူတည္ၿပီး Voltage set point ကေန calculated set point တစ္ခုအျဖစ္ ေလွ်ာ့ခ်ေပးမွာပါ။ ဒါမွ parallel လုပ္စမွာ load impact ေၾကာင့္ ျဖစ္လာမယ့္ fluctuation ကို သက္သာေအာင္လို႔ပါ။
3.1 AE1 ရဲ႕ V_load နဲ႔ AE2 ရဲ႕ V_noload ကို မွတ္ထားပါ။ 
3.2 AE1 နဲ႔ AE2 ကို parallel ခ်ိတ္ၿပီး load ကို AE2 ေပၚေျပာင္းယူပါ။ ၿပီးလွ်င္ AE1 ကို ျဖဳတ္လိုက္ပါ။ 
3.3 AE2 ရဲ႕ V_load နဲ႔ AE1 ရဲ႕ V_noload ကို မွတ္ထားပါ။ 
3.4 Generator ႏွစ္လုံးစလုံးရဲ႕ V_drop ကို တြက္ပါ။
3.5 V_drop မတူလွ်င္ AE2 ရဲ႕ AVR ေပၚက droop ကိုသုံးၿပီး တူသည္အထိ ညွိပါ။ 

4. V_noload တူေအာင္ညွိရန္။
4.1 Load ကို AE1 ေပၚျပန္ေျပာင္းပါ။
4.2 AE2 ရဲ႕ V_noload ကို AVR ေပၚမွ Voltage ႏွင့္ MSB ေပၚရွိ Trimmer တို႔ကိုသုံးၿပီး AE1 ရဲ႕ V_noload နဲ႔ တူသည္အထိ ညွိပါ။

5. Parallel ခ်ိတ္ၿပီး p.f မတူလ်င္ ညွိရန္။
5.1 Parallel အေနအထားမွာ AE2 ရဲ႕ trimmer ကို တျဖည္းျဖည္းခ်င္း လွည့္၍ p.f တူတဲ့အထိ ညွိပါ။

အခုဆိုယင္ AE1 နဲ႔ AE2 က အဆင္ေျပသြားေလာက္ပါၿပီ။ AE3 ကိုလည္း အေပၚက အဆင့္ေတြသုံးၿပီး AE1 နဲ႔ ညွိယူပါ။ ဒါဆိုအားလုံး အဆင္ေျပသြားပါလိမ့္မယ္။ AVR ေၾကာင့္ မဟုတ္တဲ့ ျပႆနာေတြကိုေတာ့ လိုအပ္သလို Trouble-shoot လုပ္ရပါလိမ့္မယ္။

[unicode]

ညီလေးတစ်ယောက်က မေးလာပါတယ်။ Generator ၃ လုံးရှိတဲ့ သင်္ဘောတစ်စီးမှာ ၂ လုံးအတွက် AVR လဲတာကို ဘယ်လို setting လုပ်ရမလဲတဲ့။
Generator နဲ့ပတ်သတ်တဲ့  post တွေမှာ ဖြစ်ခဲ့တဲ့အကြောင်း၊ တွေ့ခဲ့တဲ့ ပြဿနာတွေ ရေးခဲ့ပါတယ်။ တစ်ကယ်ဆို ဒီဟာနဲ့ ဆက်စပ်တဲ့ Generator(၁)၊ Generator(၆) နဲ့ AVR (၂) အောက်မှာ ပြန်ရှာဖတ်ကြည့်နိုင်ပါတယ်။
ဒါပေမဲ့ အခုထပ်ပြောပြပါမယ်။ ထပ်နေလို့ မဖတ်လိုသူများ ကျော်သွားနိုင်ပါတယ်။ အတွေ့အကြုံနည်းသေးတဲ့ လူသစ်တွေအတွက် Confidence နဲ့ Competence ရအောင် ထပ်ရေးလိုက်ပါတယ်။ redundant ဖြစ်နေတဲ့ အတွက်တော့ ကျန်တဲ့သူတွေကို တောင်းပန်ပါတယ်။
ပထမ ကောင်းတဲ့ Generator ကို AE1 လို့ထားပါတော့။ ကျန်တဲ့ နှစ်လုံးရဲ့ AVR ကိုလဲတယ်ပေါ့နော်။ AVR အမျိုးအစား တူလို့ ကြိုးအပြောင်းအလဲ မရှိယင် လဲတဲ့ အပိုင်းမှာ ပြဿနာ မရှိပါဘူး။ Setting တွေကို AVR အဟောင်း အတိုင်းအနီးစပ်ဆုံး ထားလိုက်ပါ။ ပြီးတာနဲ့

1. AE2 ကို run လိုက်ပါ။ Voltage Stable ဖြစ်မဖြစ် စစ်ပါ။ AVR ရဲ့ အဓိကအလုပ်က Voltage ကို တည်ငြိမ်အောင် ထိန်းပေးတာပါ။ No load အနေအထားမှာ stability ကိုစစ်ပါ။

2. Voltage hunting ဖြစ်နေယင် Stability ညှိရန်။
2.1 Stability ညှိမယ်ဆိုယင် အစဆုံး Stability အမြင့်ဆုံးမှာထားပါ (clockwise)။
2.2 Voltage ငြိမ်နေတာ စောင့်ကြည့်ပြီး တစ်ဖြည်းဖြည်းချင်း ပြန်လျှော့ချပါ(counterclockwise)။
2.3 Voltage စပြီးမတည်ငြိမ်စပြုတဲ့နေရာ ရောက်လျင် ရပ်ပြီး clockwise နည်းနည်းလေး ပြန်လှည့်ပေးပါ။

3. ကောင်းနေတဲ့ AE1 ကို စံထားပြီး Voltage Drop တူအောင်ညှိရန်။
(V_drop=V_noload-V_load ) တစ်နည်းအားဖြင့် ဒါဟာ droop ညှိတာပါ။ 
Droop က load ပေါ်မူတည်ပြီး Voltage set point ကနေ calculated set point တစ်ခုအဖြစ် လျှော့ချပေးမှာပါ။ ဒါမှ parallel လုပ်စမှာ load impact ကြောင့် ဖြစ်လာမယ့် fluctuation ကို သက်သာအောင်လို့ပါ။
3.1 AE1 ရဲ့ V_load နဲ့ AE2 ရဲ့ V_noload ကို မှတ်ထားပါ။
3.2 AE1 နဲ့ AE2 ကို parallel ချိတ်ပြီး load ကို AE2 ပေါ်ပြောင်းယူပါ။ ပြီးလျှင် AE1 ကို ဖြုတ်လိုက်ပါ။
3.3 AE2 ရဲ့ V_load နဲ့ AE1 ရဲ့ V_noload ကို မှတ်ထားပါ။
3.4 Generator နှစ်လုံးစလုံးရဲ့ V_drop ကို တွက်ပါ။
3.5 V_drop မတူလျှင် AE2 ရဲ့ AVR ပေါ်က droop ကိုသုံးပြီး တူသည်အထိ ညှိပါ။

4. V_noload တူအောင်ညှိရန်။
4.1 Load ကို AE1 ပေါ်ပြန်ပြောင်းပါ။
4.2 AE2 ရဲ့ V_noload ကို AVR ပေါ်မှ Voltage နှင့် MSB ပေါ်ရှိ Trimmer တို့ကိုသုံးပြီး AE1 ရဲ့ V_noload နဲ့ တူသည်အထိ ညှိပါ။

5. Parallel ချိတ်ပြီး p.f မတူလျင် ညှိရန်။
5.1 Parallel အနေအထားမှာ AE2 ရဲ့ trimmer ကို တဖြည်းဖြည်းချင်း လှည့်၍ p.f တူတဲ့အထိ ညှိပါ။

အခုဆိုယင် AE1 နဲ့ AE2 က အဆင်ပြေသွားလောက်ပါပြီ။ AE3 ကိုလည်း အပေါ်က အဆင့်တွေသုံးပြီး AE1 နဲ့ ညှိယူပါ။ ဒါဆိုအားလုံး အဆင်ပြေသွားပါလိမ့်မယ်။ AVR ကြောင့် မဟုတ်တဲ့ ပြဿနာတွေကိုတော့ လိုအပ်သလို Trouble-shoot လုပ်ရပါလိမ့်မယ်။

No comments:

Post a Comment