Tuesday 2 May 2017

Oil Mist Detector (၁) - Malfunction

[zawgyi]

သေဘၤာတစ္စီးရဲ႕ Oil Mist Detector အလုပ္မလုပ္လို႔သြားၾကည့္ရပါတယ္။ Schaller အမ်ိဳးအစားပါ။ ကၽြန္ေတာ္ စစ္ေဆးတဲ့အေၾကာင္း မေျပာခင္ OMD အေၾကာင္း နည္းနည္းေလး ေျပာခ်င္ပါတယ္။ အစဆုံး Oil Mist ဆိုတာဘာလဲဆိုေတာ့ 1-10 micron ေလာက္ငယ္တဲ့ ဆီ အမႈန္ေလးေတြ ေလထဲမွာ ပ်ံဝဲေနတာကိုေခၚပါတယ္။ ဒီေနရာမွာေတာ့ engine crank case ထဲက ေလကို ေျပာတာပါ။ သူ႔ထက္ႀကီးတဲ့ ဆီစက္ေလးေတြက်ေတာ့ ေလထဲမွာၾကာၾကာမေနေတာ့ဘူး ဆိုေတာ့ သိပ္ျပႆနာမရွိပါဘူး။ Oil Mist ဘာလို႔ထြက္တာလဲဆိုေတာ့ 
၁) high pressure ဆီေတြ အက္ေၾကာင္း ေသးေသးေလးေတြက ပန္းထြက္ယင္
၂) ယိုထြက္တဲ့ lube oil, fuel oil ဆီတစ္မ်ဳိးမ်ဳိးက ပူေနတဲ့ မ်က္ႏွာျပင္တစ္ခုခုကို ထိယင္ 
Oil Mist ထြက္လာႏိုင္ပါတယ္။ ေလထဲမွာ ဝဲေနတဲ့ Oil Mist ေတြ Lowest Explosive Limit (LEL) ေက်ာ္သြားယင္ အခ်ိန္မေရြး မီးေလာင္ႏိုင္၊ ေပါက္ကြဲႏိုင္လို႔ ႀကိဳတင္ detect လုပ္ဖို႔လိုပါတယ္။ OMD အလုပ္လုပ္ပုံကေတာ့ ရွင္းပါတယ္။ Cylinder တစ္လုံးဆီကိုဆက္ထားတဲ့ ပိုက္ေလးေတြကတစ္ဆင့္ sample air ကို OMD measuring unit ကေနစုပ္ယူၿပီး optical နည္းနဲ႔ တိုင္းတာပါ။ Fire Alarm ရဲ႕ smoke detector နဲ႔ သေဘာခ်င္းတူပါတယ္။
အခု သေဘၤာေပၚမွာ စမ္းမယ္ဆိုေတာ့ compressed air ဖြင့္ခိုင္းၿပီး pressure စစ္ၾကည့္ပါတယ္။ ၿပီးမွ power ဖြင့္ၾကည့္ပါတယ္။ Initialization ၿပီးေတာ့ ready light လင္းမလာဘဲ LED အတန္းရဲ႕ အေပၚဆုံး တစ္လုံးက မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနပါတယ္။ ဒါဆို error တက္တာေပါ့။ အဲဒီ LED ရဲ႕ နံပါတ္ဖတ္ၾကည့္ေတာ့ 14 တဲ့။ Manual စာအုပ္မွာ ရွာၾကည့္ေတာ့ Error code 14 ရဲ႕ အဓိပၸာယ္က "Negative pressure in measure head is too low" လို႔ ဆိုပါတယ္။ ဆိုလိုတာက sample air ကိုစုပ္ယူဖို႔ suction pressure မလုံေလာက္ဘူးေပါ့။ 
ဒီစံနစ္မွာ compressed air ကို ejector unit ထဲ ျဖတ္မႈတ္လိုက္ၿပီး အလယ္ေပါက္မွာ suction pressure ရေအာင္လုပ္ေပးတာပါ။ Suction မရတာဆိုေတာ့ ejector အဝင္တစ္ေနရာရာမွာ ပိတ္ေနတာလား။ ေလအား နည္းေနလို႔လား။ တစ္ေနရာရာမွာ leak ျဖစ္ေနလို႔လား တစ္ခုခုပါဘဲ။ စစခ်င္း အဖုံးဖြင့္ ပိုက္ေတြျဖဳတ္ တစ္ခုစီ သန္႔ရွင္ေရးလုပ္ပါတယ္။ ၿပီးမွ ျပန္တပ္ၿပီးစမ္းေတာ့လည္း မထူးေသးပါဘူး။ ေလအဝင္ pressure ကို အတင္အခ် လုပ္ၾကည့္ေတာ့လည္း မရပါဘူး။ အဲဒီမွာတစ္ခု သတိထားမိတာက filter ေလးေတြပါ။ အဲဒီ filter ေလးေတြက ေၾကးျပားေလးေတြနဲ႔ လုပ္ထားၿပီး အေပါက္ ေသးေသးေလးေတြပါ ပါတယ္။ အဲဒီ filter လးေတြ ပိတ္သြားယင္လည္း ျဖစ္ႏိုင္ပါတယ္။ ျပႆနာက အဲဒီ filter ေလးေတြက ေဆးလို႔ မရဘူးဆိုပါတယ္။ Manual မွာေတာ့ ၃ လတစ္ႀကိမ္ လဲေပးရမယ္ဆိုပါတယ္။ မလဲတာ ဘယ္ႏွႏွစ္ေလာက္ရွိၿပီ မသိပါဘူး။ အခု spare လည္း မရွိဘူးဆိုေတာ့ ေလ(compressed air) နဲ႔ မႈတ္ၿပီး သန္႔ရွင္းေရးလုပ္ဖို႔ ႀကိဳးစား ပါတယ္။ ၿပီးေတာ့ ျပန္စမ္းၾကည့္ေတာ့ လည္း အဆင္မေျပေသးပါဘူး။ 
ေနာက္ စက္ခ်ဳပ္ကိုရွင္းျပၿပီး Maintenance kit မွာဖို႔ အၾကံျပဳပါတယ္။ Maintenance kit ထဲမွာ air filter ေတြ၊ seal ေတြ၊ circlip ေတြ အျပင္ အသုံးတည့္မယ့္ U-tube pressure gauge နဲ႔ tool တစ္ခ်ိဳ႕ပါ ပါတယ္။ စက္ခ်ဳပ္သေဘာတူတာနဲ႔ Maintenance kit မွာလိုက္ပါတယ္။ ႏွစ္ရက္ေလာက္ေနလို႔ ပစၥည္းရေတာ့ သြားတက္ပါတယ္။ Seal ေတြ air filter ေတြအသစ္လဲၿပီး စမ္းၾကည့္ပါတယ္။ U-tube gauge နဲ႔ suction pressure တိုင္းၾကည့္ေတာ့ လည္း suction pressure မရပါဘူး။ 
အခုဆိုယင္ filter ပိတ္တာနဲ႔ leakage ျဖစ္တာ ဆိုတဲ့ ျဖစ္ႏိုင္ေခ်ေတြ ဖယ္ထုတ္လိုက္ၿပီးပါၿပီ။ ဘာက်န္ေသးလဲလို႔ ျပန္စဥ္းစားရပါတယ္။ အဲဒီမွာ ejector input အပိုင္းကို သိပ္မေက်နပ္မိဘူး။ သူက ကေတာ့ခၽြန္ပုံေလး အဝင္က်ယ္ၿပီး အထြက္က်ဥ္းတယ္။ ေလမႈတ္ၾကည့္ေတာ့ နည္းနည္းေလး ထြက္တယ္။ အဲဒါမလုံေလာက္လို႔လား။ WD40 ျဖန္းၿပီး pin အေသးေလးနဲ႔ ထိုးၾကည့္ေတာ့ Nozzle က ပိုပြင့္သြားတယ္။ ေလထြက္အားေကာင္းသြားတယ္။ ျပန္တပ္ၿပီး စမ္းေတာ့ suction pressure တက္လာတယ္။ သူ႔ spec အတိုင္း 60 - 80 mmWC ရေအာင္ အဝင္ေလ pressure reducer ကို ညွိေပးေတာ့ အဆင္ေျပသြားပါတယ္။
Power on လိုက္ေတာ့ Ready မီးလင္းၿပီး Opacity display LED အတန္းမွာ ေအာက္ဆုံးက 0% မီး ၿငိမ္ၿပီးလင္းေနပါတယ္။ ပုံမွန္ျဖစ္သြားပါၿပီ။ အဝင္ sampling ပိုက္ တစ္ခုျဖဳတ္ မီးခိုး မႈတ္သြင္းၿပီေစာင့္ၾကည့္ေတာ့ LED level တက္လာၿပီး 4% ေလာက္မွာ Alarm တက္လာပါတယ္။ Alarm monitoring System မွာလည္းျပပါတယ္။ အသံနဲ႔ Alarm light လည္းထြက္တယ္ ဆိုေတာ့ အားလုံး အဆင္ေျပသြားၿပီေပါ့။ စက္ခ်ဳပ္ကိုစမ္းျပၿပီး Surveyor ကို ဘယ္လိုျပရမယ္ဆိုတာ သင္ေပးခဲ့ပါတယ္။

Schaller Oil Mst Dector ရဲ႕ manual လိုခ်င္ယင္ ေအာက္က link မွာ download ယူလို႔ရပါတယ္။


[unicode]
သင်္ဘောတစ်စီးရဲ့ Oil Mist Detector အလုပ်မလုပ်လို့သွားကြည့်ရပါတယ်။ Schaller အမျိုးအစားပါ။ ကျွန်တော် စစ်ဆေးတဲ့အကြောင်း မပြောခင် OMD အကြောင်း နည်းနည်းလေး ပြောချင်ပါတယ်။ အစဆုံး Oil Mist ဆိုတာဘာလဲဆိုတော့ 1-10 micron လောက်ငယ်တဲ့ ဆီ အမှုန်လေးတွေ လေထဲမှာ ပျံဝဲနေတာကိုခေါ်ပါတယ်။ ဒီနေရာမှာတော့ engine crank case ထဲက လေကို ပြောတာပါ။ သူ့ထက်ကြီးတဲ့ ဆီစက်လေးတွေကျတော့ လေထဲမှာကြာကြာမနေတော့ဘူး ဆိုတော့ သိပ်ပြဿနာမရှိပါဘူး။ Oil Mist ဘာလို့ထွက်တာလဲဆိုတော့
၁) high pressure ဆီတွေ အက်ကြောင်း သေးသေးလေးတွေက ပန်းထွက်ယင်
၂) ယိုထွက်တဲ့ lube oil, fuel oil ဆီတစ်မျိုးမျိုးက ပူနေတဲ့ မျက်နှာပြင်တစ်ခုခုကို ထိယင်
Oil Mist ထွက်လာနိုင်ပါတယ်။ လေထဲမှာ ဝဲနေတဲ့ Oil Mist တွေ Lowest Explosive Limit (LEL) ကျော်သွားယင် အချိန်မရွေး မီးလောင်နိုင်၊ ပေါက်ကွဲနိုင်လို့ ကြိုတင် detect လုပ်ဖို့လိုပါတယ်။ OMD အလုပ်လုပ်ပုံကတော့ ရှင်းပါတယ်။ Cylinder တစ်လုံးဆီကိုဆက်ထားတဲ့ ပိုက်လေးတွေကတစ်ဆင့် sample air ကို OMD measuring unit ကနေစုပ်ယူပြီး optical နည်းနဲ့ တိုင်းတာပါ။ Fire Alarm ရဲ့ smoke detector နဲ့ သဘောချင်းတူပါတယ်။
အခု သင်္ဘောပေါ်မှာ စမ်းမယ်ဆိုတော့ compressed air ဖွင့်ခိုင်းပြီး pressure စစ်ကြည့်ပါတယ်။ ပြီးမှ power ဖွင့်ကြည့်ပါတယ်။ Initialization ပြီးတော့ ready light လင်းမလာဘဲ LED အတန်းရဲ့ အပေါ်ဆုံး တစ်လုံးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါတယ်။ ဒါဆို error တက်တာပေါ့။ အဲဒီ LED ရဲ့ နံပါတ်ဖတ်ကြည့်တော့ 14 တဲ့။ Manual စာအုပ်မှာ ရှာကြည့်တော့ Error code 14 ရဲ့ အဓိပ္ပာယ်က "Negative pressure in measure head is too low" လို့ ဆိုပါတယ်။ ဆိုလိုတာက sample air ကိုစုပ်ယူဖို့ suction pressure မလုံလောက်ဘူးပေါ့။
ဒီစံနစ်မှာ compressed air ကို ejector unit ထဲ ဖြတ်မှုတ်လိုက်ပြီး အလယ်ပေါက်မှာ suction pressure ရအောင်လုပ်ပေးတာပါ။ Suction မရတာဆိုတော့ ejector အဝင်တစ်နေရာရာမှာ ပိတ်နေတာလား။ လေအား နည်းနေလို့လား။ တစ်နေရာရာမှာ leak ဖြစ်နေလို့လား တစ်ခုခုပါဘဲ။ စစချင်း အဖုံးဖွင့် ပိုက်တွေဖြုတ် တစ်ခုစီ သန့်ရှင်ရေးလုပ်ပါတယ်။ ပြီးမှ ပြန်တပ်ပြီးစမ်းတော့လည်း မထူးသေးပါဘူး။ လေအဝင် pressure ကို အတင်အချ လုပ်ကြည့်တော့လည်း မရပါဘူး။ အဲဒီမှာတစ်ခု သတိထားမိတာက filter လေးတွေပါ။ အဲဒီ filter လေးတွေက ကြေးပြားလေးတွေနဲ့ လုပ်ထားပြီး အပေါက် သေးသေးလေးတွေပါ ပါတယ်။ အဲဒီ filter လးတွေ ပိတ်သွားယင်လည်း ဖြစ်နိုင်ပါတယ်။ ပြဿနာက အဲဒီ filter လေးတွေက ဆေးလို့ မရဘူးဆိုပါတယ်။ Manual မှာတော့ ၃ လတစ်ကြိမ် လဲပေးရမယ်ဆိုပါတယ်။ မလဲတာ ဘယ်နှနှစ်လောက်ရှိပြီ မသိပါဘူး။ အခု spare လည်း မရှိဘူးဆိုတော့ လေ(compressed air) နဲ့ မှုတ်ပြီး သန့်ရှင်းရေးလုပ်ဖို့ ကြိုးစား ပါတယ်။ ပြီးတော့ ပြန်စမ်းကြည့်တော့ လည်း အဆင်မပြေသေးပါဘူး။
နောက် စက်ချုပ်ကိုရှင်းပြပြီး Maintenance kit မှာဖို့ အကြံပြုပါတယ်။ Maintenance kit ထဲမှာ air filter တွေ၊ seal တွေ၊ circlip တွေ အပြင် အသုံးတည့်မယ့် U-tube pressure gauge နဲ့ tool တစ်ချို့ပါ ပါတယ်။ စက်ချုပ်သဘောတူတာနဲ့ Maintenance kit မှာလိုက်ပါတယ်။ နှစ်ရက်လောက်နေလို့ ပစ္စည်းရတော့ သွားတက်ပါတယ်။ Seal တွေ air filter တွေအသစ်လဲပြီး စမ်းကြည့်ပါတယ်။ U-tube gauge နဲ့ suction pressure တိုင်းကြည့်တော့ လည်း suction pressure မရပါဘူး။
အခုဆိုယင် filter ပိတ်တာနဲ့ leakage ဖြစ်တာ ဆိုတဲ့ ဖြစ်နိုင်ချေတွေ ဖယ်ထုတ်လိုက်ပြီးပါပြီ။ ဘာကျန်သေးလဲလို့ ပြန်စဉ်းစားရပါတယ်။ အဲဒီမှာ ejector input အပိုင်းကို သိပ်မကျေနပ်မိဘူး။ သူက ကတော့ချွန်ပုံလေး အဝင်ကျယ်ပြီး အထွက်ကျဉ်းတယ်။ လေမှုတ်ကြည့်တော့ နည်းနည်းလေး ထွက်တယ်။ အဲဒါမလုံလောက်လို့လား။ WD40 ဖြန်းပြီး pin အသေးလေးနဲ့ ထိုးကြည့်တော့ Nozzle က ပိုပွင့်သွားတယ်။ လေထွက်အားကောင်းသွားတယ်။ ပြန်တပ်ပြီး စမ်းတော့ suction pressure တက်လာတယ်။ သူ့ spec အတိုင်း 60 - 80 mmWC ရအောင် အဝင်လေ pressure reducer ကို ညှိပေးတော့ အဆင်ပြေသွားပါတယ်။
Power on လိုက်တော့ Ready မီးလင်းပြီး Opacity display LED အတန်းမှာ အောက်ဆုံးက 0% မီး ငြိမ်ပြီးလင်းနေပါတယ်။ ပုံမှန်ဖြစ်သွားပါပြီ။ အဝင် sampling ပိုက် တစ်ခုဖြုတ် မီးခိုး မှုတ်သွင်းပြီစောင့်ကြည့်တော့ LED level တက်လာပြီး 4% လောက်မှာ Alarm တက်လာပါတယ်။ Alarm monitoring System မှာလည်းပြပါတယ်။ အသံနဲ့ Alarm light လည်းထွက်တယ် ဆိုတော့ အားလုံး အဆင်ပြေသွားပြီပေါ့။ စက်ချုပ်ကိုစမ်းပြပြီး Surveyor ကို ဘယ်လိုပြရမယ်ဆိုတာ သင်ပေးခဲ့ပါတယ်။

Schaller Oil Mst Dector ရဲ့ manual လိုချင်ယင် အောက်က link မှာ download ယူလို့ရပါတယ်။

http://www.epp.no/bilder/filer/A-guide-for-Visatron-oil-mist-detector-users_V-1.2.3.pdf

No comments:

Post a Comment