Friday 19 May 2017

Generator (၃) - Shaft Generator Voltge Low

[zawgyi]

ဒီသေဘၤာက Charter ေတြဆက္တိုက္ရလို႔ နားခ်ိန္သိပ္မရွိတဲ့ သေဘၤာ။ ကုန္တင္ကုန္ခ် နားတဲ့ အခ်ိန္မွာ တက္ၾကည့္။ မၿပီးယင္ ေနာက္တစ္ေခါက္ အခ်ိန္ေပးႏိုင္တဲ့ port သြားတက္လုပ္ရတာ။ ပထမတစ္ေခါက္ အစ္ကိုတစ္ေယာက္ တက္ၾကည့္ခဲ့တုန္းက ရတဲ့ information ေတြအရေတာ့ Shaft Generator က မလည္တာ ႏွစ္နဲ႔ ခ်ီၿပီး ၾကာေနၿပီ။ အခုစမ္းလည္ၾကည့္ေတာ့ ထြက္တဲ့ Volt ကနည္းေနတယ္။ 200V ေက်ာ္ဘဲရတယ္။ တင္ၾကည့္လို႔လည္းမရဘူး။ AVR ကို သံသယျဖစ္တယ္ဘဲ ေျပာၿပီး ျပန္ဆင္းခဲ့ရတယ္တဲ့။ သေဘၤာပိုင္႐ုံးက AVR အသစ္ ပို႔ထားေပးမယ္ေျပာပါတယ္။
အခုတစ္ေခါက္ကၽြန္ေတာ္ပါတက္ၾကည့္ၾကတာေပါ့။ AVR အသစ္လဲၿပီး စမ္းေပး႐ုံဘဲလို႔ တြက္လာခဲ့တာပါ။ အေပၚေရာက္လို႔ ၾကည့္ေတာ့ AVR ျမင္ၿပီး လန္႔သြားတယ္။ လူႏွစ္ေယာက္ ခါးနာမတတ္ မယူရတယ္။ ဒီေလာက္ႀကီးတဲ့ AVR ပထမဆုံးေတြဖူးျခင္းပါ။ 6.6kV generator ႀကီးေတြရဲ႕ ေတြ႕ဖူးတဲ့ AVR ေတြေတာင္မွ ငယ္ငယ္ေလးေတြပါ။ 
ထားပါေတာ့ ရွိတဲ့ AVR အေဟာင္းကို ႀကိဳးေတြ မွတ္ၿပီးျဖဳတ္။ အသစ္ႀကီးကိုတပ္ၿပီး စမ္းၾကတာေပါ့ဗ်ာ။ ဒီေနရာမွာ ျမင္သာေအာင္ အယင္ေျပာျပရဦးမယ္။ Main Engine ကတစ္လုံးထဲပါ။ RPM ကို 140 မွာ အေသထားၿပီးယင္ CPP နဲ႔ speed ကို control လုပ္ပါတယ္။ Main Shaft ကို Gearbox နဲ႔ ခ်ိတ္ၿပီး Shaft generator အတြက္ လိုတဲ့ RPM ေျပာင္းေပးတာပါ။ Gearbox အထြက္မွာ clutch ရွိၿပီး alternator ကို လည္ေစတာပါ။ 
အဆင္သင့္ျဖစ္တာနဲ႔ စက္ခ်ဳပ္ရဲ႕ အကူအညီနဲ႔ ME စလည္ပါတယ္။ CPP ကို 0 မွာထားၿပီး RPM ကိုတင္လိုက္တယ္။ 140 မွာ fix rpm mode ကို ေျပာင္းလိုက္တယ္။ ၿပီေတာ့မွ clutch in လုပ္လိုက္ပါတယ္။ Voltage ကတစ္ျဖည္းျဖည္းတက္လာၿပီး 200 ဝန္းက်င္ေလာက္မွာ ဆက္မတက္ေတာ့ပါဘူး။ AVR မွာ Volt adjust လုပ္ေပမဲ့ မရပါဘူး။ ME ျပန္ရပ္ၿပီး Alternator ရဲ႕ rotating diode ေတြကို တိုင္းၾကည့္ေတာ့လည္း ေကာင္းေနတယ္။ တစ္ခုခုမွားေနၿပီ။ ေနာက္တစ္ေခါက္ ျပန္စမ္းတဲ့ အခ်ိန္ ကၽြန္ေတာ္ သံသယျဖစ္လို႔ Frequency တိုင္းၾကည့္ေတာ့ 25 Hz ေလာက္ဘဲရွိတယ္။ RPM မျပည့္တာေပါ့။ ျဖစ္ႏိုင္ေခ်ေတြက ME RPM, gear, clutch တစ္ခုခုဘဲ။ ME rpm မွာ Magnetic pick up ရွိေတာ့ သိပ္မထင္ပါဘူး။ ဒါေပမဲ့ pick up sensor မွားယင္လည္း ျဖစ္ႏိုင္တာဘဲ။ Gear ကလည္း မဟုတ္ဘို႔ မ်ားတယ္။ Clutch ေခ်ာ္တာ ျဖစ္ႏိုင္ေခ် အရွိဆုံး။ အခ်ိန္လည္း မရွိေတာ့ ေနာက္တစ္ေခါက္မွ ဆက္စစ္ဖို႔ ေျပာၿပီး ဆင္းခဲ့ရပါတယ္။
ေနာက္တစ္ခါသြားတက္ေတာ့ RPM တိုင္းတဲ့ Gun ေလးယူသြားတယ္။ စက္မလည္ခင္ ME shaft, alternator ဘက္သြားတဲ့ shaft ေတြမွာ ေရာင္ျပန္စကၠဴ ေလးေတြကပ္ၿပီး RPM တိုင္းဖို႔ု ျပင္ထားပါတယ္။ ၿပီးမွ စက္လည္ၿပီး Rpm တိုင္းၾကည့္ပါတယ္။ ME fixed speed 140 မွာ ME shaft က 140 rpm ထြက္ပါတယ္ ။ Gear box နဲေျပာင္းၿပီး alternator ဘက္ အထြက္မွာ 1500 rpm ထြက္ရမွာပါ။ တစ္ကယ့္ output က 700 ေလာက္ဘဲ ရွိပါတယ္။ ဒါေၾကာင့္ voltage မတက္တာပါ။ Clutch ေခ်ာ္တာအေၾကာင္း ၂ ခုျဖစ္ႏိုင္ပါတယ္။ Clutch plate စားသြားတာ ဆိုယင္ လဲဖို႔ဘဲရွိတယ္။ ေစ်းႀကီးပါတယ္။ ေနာက္ တစ္ခုက clutch ကို တြန္းေပးတဲ့ hydraulic line အလုပ္မလုပ္တာလား။ သိရေအာင္ အယင္ two way solenoid အဝင္ socket ျဖဳတ္ၿပီး power တိုင္းၾကည့္ေတာ့ 220V ရွိေနပါတယ္။ Mechanically jam ျဖစ္ေနလား သိရေအာင္ spool ထိပ္ကေန screw driver နဲ႔ တြန္းၾကည့္လိုက္ေတာ့ clutch ကပ္သြားၿပီး rpm တက္လာပါတယ္။ Voltage လည္း ပုံမွန္ 400V ျဖစ္သြားပါတယ္။

Solenoid Spare ရွိလားေမးေတာ့ မရွိဘူးေျပာပါတယ္။ အသစ္မွာၿပီး လဲဖို႔ ေျပာခဲ့ရပါတယ္။ ျပႆနာရွင္းသြားၿပီဆိုေတာ့ ေပ်ာ္ေပ်ာ္ရႊင္ရႊင္နဲ႔ စိတ္ေအးသြားတဲ့အခ်ိန္မွာဘဲ စက္ခ်ဳပ္က ေျပာလာတယ္။ ME fixed speed ကေန slow down လုပ္လို႔မရဘူးေျပာပါတယ္။ ME remote control က NOR Control ရဲ႕ Autochief 7(AC7). Reset လုပ္ၾကည့္ေတာ့လည္း မေအာင္ျမင္ပါဘူး။ ဒါနဲ႔ Manual နဲ႔ circuit drawing ျပန္ဖတ္ရပါေတာ့တယ္။ ဘယ္သူက interlock လုပ္ထားလဲေပါ့။ Interlock ျဖစ္ႏိုင္တဲ့ switch ေတြ sensor ေတြ တစ္ခုၿပီးတစ္ခုစစ္ၾကည့္ေတာ့ ေနာက္ဆုံး pressure switch တစ္ခုကို သြားေတြ႕တယ္။ Clutch in hydraulic line အထြက္က tubing နဲ႔ ထုတ္ယူထားတာ။ သူက clutch in status ကို ေပးေနတာေလ။ clutch off လုပ္လိုက္ယင္ ျပန္ open လုပ္ေပးရမွာ။ အခု clutch off လုပ္ၿပီးတာေတာင္ ကပ္ေနေတာ့ still clutch in လို႔ AC7 ကယူဆၿပီး fixed speed က ျဖဳတ္မေပးေသးတာေပါ့။ pressure switch က ႀကိဳးကို ျဖဳတ္ၿပီး open လုပ္ေပးလိုက္မွ slow down ရသြားပါေတာ့တယ္။ အဲဒီ pressure switch လည္း မွာၿပီး လဲဖို႔ ေျပာခဲ့ ရပါတယ္။ စက္ခ်ဳပ္နဲ႔ super လည္း clutch plate မလဲရဘဲ shaft generator ျပန္သုံးလို႔ ရေတာ့မွာမို႔ ေက်နပ္သြားၾကပါတယ္။

[unicode]

ဒီသင်္ဘောက Charter တွေဆက်တိုက်ရလို့ နားချိန်သိပ်မရှိတဲ့ သင်္ဘော။ ကုန်တင်ကုန်ချ နားတဲ့ အချိန်မှာ တက်ကြည့်။ မပြီးယင် နောက်တစ်ခေါက် အချိန်ပေးနိုင်တဲ့ port သွားတက်လုပ်ရတာ။ ပထမတစ်ခေါက် အစ်ကိုတစ်ယောက် တက်ကြည့်ခဲ့တုန်းက ရတဲ့ information တွေအရတော့ Shaft Generator က မလည်တာ နှစ်နဲ့ ချီပြီး ကြာနေပြီ။ အခုစမ်းလည်ကြည့်တော့ ထွက်တဲ့ Volt ကနည်းနေတယ်။ 200V ကျော်ဘဲရတယ်။ တင်ကြည့်လို့လည်းမရဘူး။ AVR ကို သံသယဖြစ်တယ်ဘဲ ပြောပြီး ပြန်ဆင်းခဲ့ရတယ်တဲ့။ သင်္ဘောပိုင်ရုံးက AVR အသစ် ပို့ထားပေးမယ်ပြောပါတယ်။
အခုတစ်ခေါက်ကျွန်တော်ပါတက်ကြည့်ကြတာပေါ့။ AVR အသစ်လဲပြီး စမ်းပေးရုံဘဲလို့ တွက်လာခဲ့တာပါ။ အပေါ်ရောက်လို့ ကြည့်တော့ AVR မြင်ပြီး လန့်သွားတယ်။ လူနှစ်ယောက် ခါးနာမတတ် မယူရတယ်။ ဒီလောက်ကြီးတဲ့ AVR ပထမဆုံးတွေဖူးခြင်းပါ။ 6.6kV generator ကြီးတွေရဲ့ တွေ့ဖူးတဲ့ AVR တွေတောင်မှ ငယ်ငယ်လေးတွေပါ။
ထားပါတော့ ရှိတဲ့ AVR အဟောင်းကို ကြိုးတွေ မှတ်ပြီးဖြုတ်။ အသစ်ကြီးကိုတပ်ပြီး စမ်းကြတာပေါ့ဗျာ။ ဒီနေရာမှာ မြင်သာအောင် အယင်ပြောပြရဦးမယ်။ Main Engine ကတစ်လုံးထဲပါ။ RPM ကို 140 မှာ အသေထားပြီးယင် CPP နဲ့ speed ကို control လုပ်ပါတယ်။ Main Shaft ကို Gearbox နဲ့ ချိတ်ပြီး Shaft generator အတွက် လိုတဲ့ RPM ပြောင်းပေးတာပါ။ Gearbox အထွက်မှာ clutch ရှိပြီး alternator ကို လည်စေတာပါ။
အဆင်သင့်ဖြစ်တာနဲ့ စက်ချုပ်ရဲ့ အကူအညီနဲ့ ME စလည်ပါတယ်။ CPP ကို 0 မှာထားပြီး RPM ကိုတင်လိုက်တယ်။ 140 မှာ fix rpm mode ကို ပြောင်းလိုက်တယ်။ ပြီတော့မှ clutch in လုပ်လိုက်ပါတယ်။ Voltage ကတစ်ဖြည်းဖြည်းတက်လာပြီး 200 ဝန်းကျင်လောက်မှာ ဆက်မတက်တော့ပါဘူး။ AVR မှာ Volt adjust လုပ်ပေမဲ့ မရပါဘူး။ ME ပြန်ရပ်ပြီး Alternator ရဲ့ rotating diode တွေကို တိုင်းကြည့်တော့လည်း ကောင်းနေတယ်။ တစ်ခုခုမှားနေပြီ။ နောက်တစ်ခေါက် ပြန်စမ်းတဲ့ အချိန် ကျွန်တော် သံသယဖြစ်လို့ Frequency တိုင်းကြည့်တော့ 25 Hz လောက်ဘဲရှိတယ်။ RPM မပြည့်တာပေါ့။ ဖြစ်နိုင်ချေတွေက ME RPM, gear, clutch တစ်ခုခုဘဲ။ ME rpm မှာ Magnetic pick up ရှိတော့ သိပ်မထင်ပါဘူး။ ဒါပေမဲ့ pick up sensor မှားယင်လည်း ဖြစ်နိုင်တာဘဲ။ Gear ကလည်း မဟုတ်ဘို့ များတယ်။ Clutch ချော်တာ ဖြစ်နိုင်ချေ အရှိဆုံး။ အချိန်လည်း မရှိတော့ နောက်တစ်ခေါက်မှ ဆက်စစ်ဖို့ ပြောပြီး ဆင်းခဲ့ရပါတယ်။
နောက်တစ်ခါသွားတက်တော့ RPM တိုင်းတဲ့ Gun လေးယူသွားတယ်။ စက်မလည်ခင် ME shaft, alternator ဘက်သွားတဲ့ shaft တွေမှာ ရောင်ပြန်စက္ကူ လေးတွေကပ်ပြီး RPM တိုင်းဖို့ု ပြင်ထားပါတယ်။ ပြီးမှ စက်လည်ပြီး Rpm တိုင်းကြည့်ပါတယ်။ ME fixed speed 140 မှာ ME shaft က 140 rpm ထွက်ပါတယ် ။ Gear box နဲပြောင်းပြီး alternator ဘက် အထွက်မှာ 1500 rpm ထွက်ရမှာပါ။ တစ်ကယ့် output က 700 လောက်ဘဲ ရှိပါတယ်။ ဒါကြောင့် voltage မတက်တာပါ။ Clutch ချော်တာအကြောင်း ၂ ခုဖြစ်နိုင်ပါတယ်။ Clutch plate စားသွားတာ ဆိုယင် လဲဖို့ဘဲရှိတယ်။ စျေးကြီးပါတယ်။ နောက် တစ်ခုက clutch ကို တွန်းပေးတဲ့ hydraulic line အလုပ်မလုပ်တာလား။ သိရအောင် အယင် two way solenoid အဝင် socket ဖြုတ်ပြီး power တိုင်းကြည့်တော့ 220V ရှိနေပါတယ်။ Mechanically jam ဖြစ်နေလား သိရအောင် spool ထိပ်ကနေ screw driver နဲ့ တွန်းကြည့်လိုက်တော့ clutch ကပ်သွားပြီး rpm တက်လာပါတယ်။ Voltage လည်း ပုံမှန် 400V ဖြစ်သွားပါတယ်။

Solenoid Spare ရှိလားမေးတော့ မရှိဘူးပြောပါတယ်။ အသစ်မှာပြီး လဲဖို့ ပြောခဲ့ရပါတယ်။ ပြဿနာရှင်းသွားပြီဆိုတော့ ပျော်ပျော်ရွှင်ရွှင်နဲ့ စိတ်အေးသွားတဲ့အချိန်မှာဘဲ စက်ချုပ်က ပြောလာတယ်။ ME fixed speed ကနေ slow down လုပ်လို့မရဘူးပြောပါတယ်။ ME remote control က NOR Control ရဲ့ Autochief 7(AC7). Reset လုပ်ကြည့်တော့လည်း မအောင်မြင်ပါဘူး။ ဒါနဲ့ Manual နဲ့ circuit drawing ပြန်ဖတ်ရပါတော့တယ်။ ဘယ်သူက interlock လုပ်ထားလဲပေါ့။ Interlock ဖြစ်နိုင်တဲ့ switch တွေ sensor တွေ တစ်ခုပြီးတစ်ခုစစ်ကြည့်တော့ နောက်ဆုံး pressure switch တစ်ခုကို သွားတွေ့တယ်။ Clutch in hydraulic line အထွက်က tubing နဲ့ ထုတ်ယူထားတာ။ သူက clutch in status ကို ပေးနေတာလေ။ clutch off လုပ်လိုက်ယင် ပြန် open လုပ်ပေးရမှာ။ အခု clutch off လုပ်ပြီးတာတောင် ကပ်နေတော့ still clutch in လို့ AC7 ကယူဆပြီး fixed speed က ဖြုတ်မပေးသေးတာပေါ့။ pressure switch က ကြိုးကို ဖြုတ်ပြီး open လုပ်ပေးလိုက်မှ slow down ရသွားပါတော့တယ်။ အဲဒီ pressure switch လည်း မှာပြီး လဲဖို့ ပြောခဲ့ ရပါတယ်။ စက်ချုပ်နဲ့ super လည်း clutch plate မလဲရဘဲ shaft generator ပြန်သုံးလို့ ရတော့မှာမို့ ကျေနပ်သွားကြပါတယ်။

No comments:

Post a Comment