Tuesday 23 May 2017

Generator(၅) - No running signal

[zawgyi]

သိပ္မၾကာခင္က Tanker တစ္စီးမွာပါ။ AE 1 ရဲ႕ run signal PMS မွာတက္မလာလို႔ သံုးလို႔မရျဖစ္ေနတယ္ေျပာပါတယ္။ သေဘၤာေပၚ တက္ၾကည့္ေတာ့ ဓာတ္ႀကိဳးက အျဖဴတစ္ေယာက္ပါ။ ဘာလူမ်ိဳးမွန္းေတာ့မသိဘူး။ သူကေျပာျပပါတယ္။ AE 1 ကို ေမာင္းလို႔ရတယ္။ Speed ကိုလည္း rated တင္လို႔ရတယ္။ တည္တည္ၿငိမ္ၿငိမ္ရွိပါတယ္။ Voltage, frequency ပုံမွန္ထြက္တယ္ ေျပာပါတယ္။ ဒါေပမဲ့ MSB ေပၚက Power Management System(PMS) mimic panel မွာ running status မီးေလး မလင္းလာေတာ့ Bus နဲ႔ ခ်ိတ္မရဘူး။ သုံးလို႔ မရဘူးျဖစ္ေနတာေပါ့။ PMS က Hyundai ရဲ႕ Aconis brand ပါ။ 
စမ္းလည္ၾကည့္ေတာ့ သူေျပာသလိုဘဲ running status မီးေလး မလင္းပါဘူး။ အစဆုံး စဥ္းစားမိတာကေတာ့ speed relay က run signal မထြက္တာလားေပါ့။ AE 1 ဆီ ဆင္းၿပီး သြားၾကည့္ပါတယ္။ Local control panel မွာ ၾကည့္ေတာ့ local / remote switch ကလည္း remote position မွာရွိပါတယ္။ local panel မွာေတာ့ run ဆိုတဲ့ မီးလင္းေနသားဘဲ။ ဒါဆို speed relay ကထုတ္ေပးသားဘဲ။ ေသခ်ာေအာင္ speed relay အထြက္တိုင္းၾကည့္ေတာ့ signal ထြက္ေနတယ္။ 
ကၽြန္ေတာ္ ဆက္မစဥ္းစားႏိုင္ခင္ ဓာတ္ႀကိဳးက သူ႔ေနာက္လိုက္ခဲ့ဖို႔ ေခၚလို႔ လိုက္သြားေတာ့။ Engine ေဘးက junction box ကို ဖြင့္ျပပါတယ္။ အဲဒီမွာ sensor ႀကိဳးေတြ control ႀကိဳးေတြ အမ်ားႀကီး ဆက္ထားပါတယ္။ governor motor ကို သြားတဲ့ ႀကိဳး သုံးေခ်ာင္းကို ကိုင္ျပေတာ့ insulation ေတြက ႂကြပ္ရြေနၿပီး ထိ႐ုံနဲ႔ ေႂကြကုန္ပါတယ္။ တစ္ျခား ႀကိဳးေတာ္ေတာ္မ်ားမ်ားလည္း ဒီလိုဘဲ ေဆြးေနတာေတြ႕ရပါတယ္။ ေကာင္းတာဆိုလို႔ သူတို႔ ျပန္လဲထားတဲ့ ႀကိဳး တစ္ခ်ိဳ႕ဘဲေကာင္းပါတယ္။ original လို႔ထင္ရတဲ့ ႀကိဳးအားလုံး insulation ေဆြးေနပါၿပီ။ ထိလို႔ေႂကြသြားတဲ့ေနရာက conductor အခ်င္းခ်င္း ထိေနတာေပါ့။ 
ျပႆနာက ဒီဟာေၾကာင့္ ဟုတ္၊မဟုတ္ မသိေပမဲ့ ဒီအေျခအေနနဲ႔ မသုံးသင့္ပါဘူး။ Super ကို ေခၚျပေတာ့ လိုတဲ့ႀကိဳးေတြမွာၿပီး လဲဖို႔ေျပာပါတယ္။ တစ္ျခား AE ႏွစ္လုံးမွာလည္း ႀကိဳးေတြအေျခအေနက တူပါတယ္။ ကံေကာင္းတာက junction box နဲ႔ end device ေတြၾကားက ႀကိဳးဘဲ ျဖစ္တာပါ။ Super က AE 1 ျပႆနာအယင္ရွင္းၿပီးမွ ေနာက္ ႏွစ္လုံး ဆက္လုပ္မယ္ေျပာပါတယ္။ 
ေနာက္ေန႔မွာ လိုတဲ့ ႀကိဳးေတြယူ အကူ ၂ ေယာက္ေလာက္ထပ္ေခၚၿပီး ေဆြးေနတဲ့ ႀကိဳးေတြ အကုန္လဲလိုက္ပါတယ္။ ေနာက္တစ္ရက္မွာ ႀကိဳးလဲလို႔ၿပီးသြားေတာ့ စက္ႏႈိးၿပီး ျပန္စမ္းၾကပါတယ္။ ျပႆနာက ရွိတုန္းပါဘဲ။ 
Generator ရဲ႕ circuit drawing နဲ႔ MSB ရဲ႕ drawing ႏွစ္ခုဖတ္ၿပီး စစ္ရေတာ့ပါတယ္။ ပထမ local panel က output signal ဘယ္ႀကိဳးနဲ႔ ပို႔သလဲ။ ေနာက္ MSB က ဘယ္လိုယူၿပီး PMS မွာ သုံးသလဲေပါ့။ speed relay ကထြက္တဲ့ run signal က local panel မွာ relay တစ္စုံကို ေမာင္းေပးပါတယ္။ တစ္ခ်ိဳ႕ contact ကို local run light လင္းေအာင္ေပးၿပီး၊ တစ္ခ်ိဳ႕ကို interlock circuit မွာသုံးပါတယ္။ contact တစ္ခုကိုေတာ့ MSB ကို ေပးဖို႔ ထုတ္ထားပါတယ္။ Dry contact ဘဲ ေပးတာဆိုေတာ့ MSB က signal voltage ရွိရမွာပါ။ တိုင္းၾကည့္ေတာ့ 24V DC ရွိပါတယ္။ ဒီေတာ့ လမ္းမွာ ႀကိဳးျပတ္တာ မျဖစ္ႏိုင္ေတာ့ဘူး။ အဲဒီႀကိဳး MSB အဝင္မွာ လိုက္ရွာၾကည့္ရမယ္။ 
MSB ရဲ႕ PMS စံနစ္က နည္းနည္း ရႈပ္ပါတယ္။ PLC IO module ေတြနဲ႔ relay panel တစ္ခုရွိပါတယ္။ စိတ္ရွည္ရွည္နဲ႔ drawing ကို လိုက္ၾကည့္ေတာ့ AE1 ရဲ႕ run signal ကို PMS input signal အေနနဲ႔ ဝင္မထားဘဲ safety interlock အတြက္သုံးထားတာ ေတြ႕ပါတယ္။ ဒါဆိုယင္ PMS ထဲကို AE1 ရဲ႕ run signal ဘယ္လိုဝင္မလဲ။ input list ေတြ စစ္ၾကည့္ေတာ့ digital input list မွာ run signal နဲ႔ဆိုင္တာ ဘာမွမရွိဘူးျဖစ္ေနတယ္။ Analog input list ကိုၾကည့္ေတာ့မွ AE1 voltage အဝင္တစ္ခုေတြ႕ပါတယ္။ PLC Analog input ဆိုေတာ့ တစ္ကယ့္ voltage ဝင္တာမဟုတ္ပါဘူး။ voltage ကို transducer နဲ႔ 4-20 mA signal ေျပာင္းၿပီး ဝင္တာပါ။ တိုင္းၾကည့္ေတာ့ 4 mA ဘဲရွိတယ္။ မွားေနၿပီ။ AE 1 က run ေနၿပီး voltage output လည္း ထြက္ေနတာဆိုေတာ့ တန္ဘိုးတစ္ခုခု ျပရမွာပါ။ အဲဒါနဲ႔ Voltage transducer အဝင္တိုင္းၾကည့္ပါတယ္။ 440V ကို transformer နဲ႔ step down ခ်ေပးထားေတာ့ 115V ဝင္ပါတယ္။ အထြက္က 4mA ဘဲထြက္ေနတာမို႔ transducer 
မေကာင္းတာ ေသခ်ာသြားပါၿပီ။ ေမးၾကည့္ေတာ့ spare ရွိတာနဲ႔ Voltage transducer အသစ္လဲလိုက္ပါတယ္။ စမ္းၾကည့္ေတာ့ PMS မွာ AE 1 ရဲ႕ Running light လင္းလာပါၿပီ။
Bus နဲ႔ခ်ိတ္ parallel operation လည္း စမ္းၾကည့္တာ အဆင္ေျပပါတယ္။ ေနာက္ေန႔ေတြမွ က်န္တဲ့ generator ႏွစ္လုံးရဲ႕ ႀကိဳးေတြကို လဲေပးလိုက္ပါတယ္။ အမွန္ကေတာ့ ဒီျပႆနာက Generator ျပႆနာထက္ MSB ျပႆနာလို႔ ေျပာယင္ ပိုမွန္ပါလိမ့္မယ္။


[unicode]
သိပ်မကြာခင်က Tanker တစ်စီးမှာပါ။ AE 1 ရဲ့ run signal PMS မှာတက်မလာလို့ သုံးလို့မရဖြစ်နေတယ်ပြောပါတယ်။ သင်္ဘောပေါ် တက်ကြည့်တော့ ဓာတ်ကြိုးက အဖြူတစ်ယောက်ပါ။ ဘာလူမျိုးမှန်းတော့မသိဘူး။ သူကပြောပြပါတယ်။ AE 1 ကို မောင်းလို့ရတယ်။ Speed ကိုလည်း rated တင်လို့ရတယ်။ တည်တည်ငြိမ်ငြိမ်ရှိပါတယ်။ Voltage, frequency ပုံမှန်ထွက်တယ် ပြောပါတယ်။ ဒါပေမဲ့ MSB ပေါ်က Power Management System(PMS) mimic panel မှာ running status မီးလေး မလင်းလာတော့ Bus နဲ့ ချိတ်မရဘူး။ သုံးလို့ မရဘူးဖြစ်နေတာပေါ့။ PMS က Hyundai ရဲ့ Aconis brand ပါ။
စမ်းလည်ကြည့်တော့ သူပြောသလိုဘဲ running status မီးလေး မလင်းပါဘူး။ အစဆုံး စဉ်းစားမိတာကတော့ speed relay က run signal မထွက်တာလားပေါ့။ AE 1 ဆီ ဆင်းပြီး သွားကြည့်ပါတယ်။ Local control panel မှာ ကြည့်တော့ local / remote switch ကလည်း remote position မှာရှိပါတယ်။ local panel မှာတော့ run ဆိုတဲ့ မီးလင်းနေသားဘဲ။ ဒါဆို speed relay ကထုတ်ပေးသားဘဲ။ သေချာအောင် speed relay အထွက်တိုင်းကြည့်တော့ signal ထွက်နေတယ်။
ကျွန်တော် ဆက်မစဉ်းစားနိုင်ခင် ဓာတ်ကြိုးက သူ့နောက်လိုက်ခဲ့ဖို့ ခေါ်လို့ လိုက်သွားတော့။ Engine ဘေးက junction box ကို ဖွင့်ပြပါတယ်။ အဲဒီမှာ sensor ကြိုးတွေ control ကြိုးတွေ အများကြီး ဆက်ထားပါတယ်။ governor motor ကို သွားတဲ့ ကြိုး သုံးချောင်းကို ကိုင်ပြတော့ insulation တွေက ကြွပ်ရွနေပြီး ထိရုံနဲ့ ကြွေကုန်ပါတယ်။ တစ်ခြား ကြိုးတော်တော်များများလည်း ဒီလိုဘဲ ဆွေးနေတာတွေ့ရပါတယ်။ ကောင်းတာဆိုလို့ သူတို့ ပြန်လဲထားတဲ့ ကြိုး တစ်ချို့ဘဲကောင်းပါတယ်။ original လို့ထင်ရတဲ့ ကြိုးအားလုံး insulation ဆွေးနေပါပြီ။ ထိလို့ကြွေသွားတဲ့နေရာက conductor အချင်းချင်း ထိနေတာပေါ့။
ပြဿနာက ဒီဟာကြောင့် ဟုတ်၊မဟုတ် မသိပေမဲ့ ဒီအခြေအနေနဲ့ မသုံးသင့်ပါဘူး။ Super ကို ခေါ်ပြတော့ လိုတဲ့ကြိုးတွေမှာပြီး လဲဖို့ပြောပါတယ်။ တစ်ခြား AE နှစ်လုံးမှာလည်း ကြိုးတွေအခြေအနေက တူပါတယ်။ ကံကောင်းတာက junction box နဲ့ end device တွေကြားက ကြိုးဘဲ ဖြစ်တာပါ။ Super က AE 1 ပြဿနာအယင်ရှင်းပြီးမှ နောက် နှစ်လုံး ဆက်လုပ်မယ်ပြောပါတယ်။
နောက်နေ့မှာ လိုတဲ့ ကြိုးတွေယူ အကူ ၂ ယောက်လောက်ထပ်ခေါ်ပြီး ဆွေးနေတဲ့ ကြိုးတွေ အကုန်လဲလိုက်ပါတယ်။ နောက်တစ်ရက်မှာ ကြိုးလဲလို့ပြီးသွားတော့ စက်နှိုးပြီး ပြန်စမ်းကြပါတယ်။ ပြဿနာက ရှိတုန်းပါဘဲ။
Generator ရဲ့ circuit drawing နဲ့ MSB ရဲ့ drawing နှစ်ခုဖတ်ပြီး စစ်ရတော့ပါတယ်။ ပထမ local panel က output signal ဘယ်ကြိုးနဲ့ ပို့သလဲ။ နောက် MSB က ဘယ်လိုယူပြီး PMS မှာ သုံးသလဲပေါ့။ speed relay ကထွက်တဲ့ run signal က local panel မှာ relay တစ်စုံကို မောင်းပေးပါတယ်။ တစ်ချို့ contact ကို local run light လင်းအောင်ပေးပြီး၊ တစ်ချို့ကို interlock circuit မှာသုံးပါတယ်။ contact တစ်ခုကိုတော့ MSB ကို ပေးဖို့ ထုတ်ထားပါတယ်။ Dry contact ဘဲ ပေးတာဆိုတော့ MSB က signal voltage ရှိရမှာပါ။ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဒီတော့ လမ်းမှာ ကြိုးပြတ်တာ မဖြစ်နိုင်တော့ဘူး။ အဲဒီကြိုး MSB အဝင်မှာ လိုက်ရှာကြည့်ရမယ်။
MSB ရဲ့ PMS စံနစ်က နည်းနည်း ရှုပ်ပါတယ်။ PLC IO module တွေနဲ့ relay panel တစ်ခုရှိပါတယ်။ စိတ်ရှည်ရှည်နဲ့ drawing ကို လိုက်ကြည့်တော့ AE1 ရဲ့ run signal ကို PMS input signal အနေနဲ့ ဝင်မထားဘဲ safety interlock အတွက်သုံးထားတာ တွေ့ပါတယ်။ ဒါဆိုယင် PMS ထဲကို AE1 ရဲ့ run signal ဘယ်လိုဝင်မလဲ။ input list တွေ စစ်ကြည့်တော့ digital input list မှာ run signal နဲ့ဆိုင်တာ ဘာမှမရှိဘူးဖြစ်နေတယ်။ Analog input list ကိုကြည့်တော့မှ AE1 voltage အဝင်တစ်ခုတွေ့ပါတယ်။ PLC Analog input ဆိုတော့ တစ်ကယ့် voltage ဝင်တာမဟုတ်ပါဘူး။ voltage ကို transducer နဲ့ 4-20 mA signal ပြောင်းပြီး ဝင်တာပါ။ တိုင်းကြည့်တော့ 4 mA ဘဲရှိတယ်။ မှားနေပြီ။ AE 1 က run နေပြီး voltage output လည်း ထွက်နေတာဆိုတော့ တန်ဘိုးတစ်ခုခု ပြရမှာပါ။ အဲဒါနဲ့ Voltage transducer အဝင်တိုင်းကြည့်ပါတယ်။ 440V ကို transformer နဲ့ step down ချပေးထားတော့ 115V ဝင်ပါတယ်။ အထွက်က 4mA ဘဲထွက်နေတာမို့ transducer
မကောင်းတာ သေချာသွားပါပြီ။ မေးကြည့်တော့ spare ရှိတာနဲ့ Voltage transducer အသစ်လဲလိုက်ပါတယ်။ စမ်းကြည့်တော့ PMS မှာ AE 1 ရဲ့ Running light လင်းလာပါပြီ။
Bus နဲ့ချိတ် parallel operation လည်း စမ်းကြည့်တာ အဆင်ပြေပါတယ်။ နောက်နေ့တွေမှ ကျန်တဲ့ generator နှစ်လုံးရဲ့ ကြိုးတွေကို လဲပေးလိုက်ပါတယ်။ အမှန်ကတော့ ဒီပြဿနာက Generator ပြဿနာထက် MSB ပြဿနာလို့ ပြောယင် ပိုမှန်ပါလိမ့်မယ်။

No comments:

Post a Comment