Sunday 21 May 2017

Generator (၄) - Frequency ခ်မရျခင္း

[zawgyi]

ယိုးဒယားက Car carrier တစ္စီး မွာပါ။ email ထဲမွာေရးထားတာေတာ့ Generator 2 က frequency တင္လို႔ရၿပီး ခ်လို႔မရဘူး ဆိုပါတယ္။ ျပႆနာက ရွင္းရွင္းေလးပါ။ စဥ္းစားစရာ အခ်က္တစ္ခု ရေအာင္ ေရးျပလိုက္တာပါ။ 
သေဘၤာေပၚေရာက္သြားတာနဲ႔ စက္ခ်ဳပ္က ေျပာျပပါတယ္။ email ထဲကအတိုင္းပါဘဲ။ frequency တင္လို႔ရၿပီး ခ်လို႔မရတဲ့မေၾကာင္း။Governor control motor ကလည္း မၾကာေသးခင္ကတင္ လဲထားတဲ့ အသစ္ျဖစ္ေၾကာင္း။ ဒါနဲ႔ စက္-၂ ကိုေျပာၿပီး စမ္းၾကည့္ၾကပါတယ္။ Gen 2 ကို စေမာင္းပါတယ္။ MSB panel မွာရွိတဲ့ engine speed အတင္အခ် ေမာင္းတံ ေလးကို လွည့္ၿပီး တင္လိုက္ေတာ့ rpm တက္လာလို႔ frequency လိုက္တက္လာပါတယ္။ ေမာင္းတံကို လွည့္ၿပီး ခ်လိုက္ေတာ့ ဘာမွမေျပာင္းပါဘူး။ 
စၿပီးစဥ္းစားမယ္ဆိုယင္ governor control motor ရဲ႕ down direction ဘက္ကို power မေရာက္တဲ့သေဘာေပါ့။ Circuit ၾကည့္ေတာ့လည္း အတင္အခ် lever ရဲ႕ contact ႏွစ္ခုနဲ႔ up/down လုပ္မယ့္ magnetic contactor (MC) ႏွစ္ခုကို ေမာင္းေပးတာပါ။ MC ရဲ႕ contact ေတြက 110V AC ကို ဖြင့္၊ပိတ္လုပ္ၿပီး motor ကို တိုက္႐ိုက္ ေမာင္းထားတာဘဲ။ ၾကားမွာ ဘာမွ မရွိေတာ့ဘူး။ 
အစဆုံး lever ကို down ဘက္လွည့္ၾကည့္ေတာ့ down အတြက္ MC အလုပ္လုပ္ပါတယ္။ အဝင္၊ အထြက္မွာ 110 VAC ရွိပါတယ္။ ဒါနဲ႔ Gen အေျခက Governor motor ရဲ႕ junction box မွာ တိုင္းၾကည့္ပါတယ္။ 110V ရွိပါတယ္။ ႀကိဳးေတြၾကည့္ေတာ့လည္း ပုံမွန္ဆက္ထားပါတယ္။ Motor ဘက္က coil resistance တိုင္းၾကည့္ေတာ့ low ohm ဆိုေတာ့ ျပႆနာမရွိပါဘူး။ ဒါဆိုယင္ေတာ့ စဥ္းစားရ နည္းနည္းၾကပ္သြားၿပီ။ governor ကို လက္နဲ႔ ဆြဲခ်ယင္ frequency ခ်လို႔ရတယ္ဆိုေတာ့ Mechanical ေၾကာင့္လည္း မျဖစ္ႏိုင္။ 
ေနာက္ေတာ့ motor အုံလိုက္ျဖဳတ္ခ်ခိုင္းလိုက္တယ္။ သိပ္မႀကီးလို႔ေတာ္ေသးရဲ႕။ off line စမ္းၾကည့္မယ္ စိတ္ကူးလိုက္တယ္။ ႀကိဳးတပ္ၿပီး power ေပးၾကည့္ေတာ့ တစ္ဘက္ဘဲ လည္တယ္။ ေနာက္တစ္ဘက္ မလည္ဘူး။ အနီးကပ္ၾကည့္ေတာ့မွ junction box ထဲမွာ Capacitor တစ္လုံးကို ႀကိဳးႏွစ္ေခ်ာင္းမွာ ခြဆက္ထားတယ္။ drawing နဲ႔ ျပန္တိုက္ၾကည့္ေတာ့ လြဲေနတယ္။ မွန္ေအာင္ ျပန္ဆက္လိုက္ေတာ့ အဆင္ေျပသြားတယ္။ forward/reverse ႏွစ္ဘက္လုံး လည္ပါတယ္။ 
ဒီmotor မွာ coil ႏွစ္ခုရွိပါတယ္။ forward နဲ႔ reverse အတြက္ပါ။ ေအာက္က ပုံမွာၾကည့္ပါ။ အမွန္က Capacitor ကို Forward နဲ႔ Reverse ႏွစ္ခုကို ခြဆက္ရပါမယ္။ ဒီမွာက မွားၿပီး Common နဲ႔ Forward ၾကားမွာဆက္ထားပါတယ္။

 ျဖစ္ပုံက ဒီလိုပါ။ မ်ားေသာအားျဖင့္ Single phase AC induction motor ေတြမွာ capacitor လိုပါတယ္။ ဒီ connection က permanent split capacitor motor ပုံစံ သုံးထားတာပါ။ အမွန္အတိုင္းဆက္ထားယင္၊ Fwd နဲ႔ Com ကို power ေပးလိုက္ေတာ့ Fwd က main winding ျဖစ္ေနၿပီး rev က aux winding အေနနဲ႔ capacitor ကိုျဖတ္ၿပီး လည္ပါတယ္။ အတူတူဘဲ Rev နဲ႔ Com ကို power ေပးလိုက္ေတာ့ Rev က main winding ျဖစ္ေနၿပီး fwd က aux winding အေနနဲ႔ capacitor ကိုျဖတ္ၿပီး လည္ပါတယ္။ 
Fwd နဲ႔ Com ကို မွားခြထားေတာ့၊ Fwd နဲ႔ com ကို power ေပးယင္ေတာ့ capacitor အကူအညီနဲ႔ အလုပ္လုပ္မွာေပါ့။ Rev နဲ႔ com ကို power ေပးယင္ capacitor က open ျဖစ္ေနေတာ့ motor မလည္ႏိုင္ေတာ့ဘူးေပါ့။ 
ျပန္တပ္ၿပီး ျပန္စမ္းျပေတာ့ အားလုံး အဆင္ေျပပါတယ္။ စက္ခ်ဳပ္ကေတာ့ သူတို႔ motor လဲတုန္းက မွားဆက္တာကို အေထာင္းခံရမွာစိုးလို႔ နည္းနည္း ကာၿပီး report ေရးေပးဖို႔ေျပာပါတယ္။ ဂ်ပန္ super လည္းေရာက္ေနေတာ့ lunch အတူစားတဲ့အခ်ိန္ ကူၿပီးရွင္းျပေပးပါဆိုလို႔ စက္ခ်ဳပ္အဆူမခံရေအာင္ ကူေျပာေပးခဲ့ရပါတယ္။ တစ္ခါတေလ စားရတာမို႔လားမသိ ယပက္လက္ ခ်က္ႀကီးရဲ႕ Steak ကလည္း စားေကာင္းပါေၾကာင္း။

Single phase induction motor အမ်ိဳးအစား (၄) ခုကို ၾကဳံလို႔ တင္ျပလိုက္ပါတယ္။ အေသးစိတ္ ရွင္းမျပေတာ့ပါဘူး။ ေနာက္ဆုံး တစ္မ်ိဳးကလြဲလို႔ က်န္တဲ့ အမ်ိဳးအစားေတြမွာ capacitor / condenser လိုပါတယ္။
၁) Permanent Split Capacitor Induction Motor
၂) Capacitor Start Induction Motor
၃) Capacitor Run Induction Motor
၄) Resistance Split Phase Induction Motor





ေနာက္ၾကဳံမွ အေသးစိတ္ရွင္းလင္းတာ ေရးပါဦးမယ္။ ေက်းဇူးတင္ပါတယ္။

[unicode]

ယိုးဒယားက Car carrier တစ်စီး မှာပါ။ email ထဲမှာရေးထားတာတော့ Generator 2 က frequency တင်လို့ရပြီး ချလို့မရဘူး ဆိုပါတယ်။ ပြဿနာက ရှင်းရှင်းလေးပါ။ စဉ်းစားစရာ အချက်တစ်ခု ရအောင် ရေးပြလိုက်တာပါ။
သင်္ဘောပေါ်ရောက်သွားတာနဲ့ စက်ချုပ်က ပြောပြပါတယ်။ email ထဲကအတိုင်းပါဘဲ။ frequency တင်လို့ရပြီး ချလို့မရတဲ့မကြောင်း။Governor control motor ကလည်း မကြာသေးခင်ကတင် လဲထားတဲ့ အသစ်ဖြစ်ကြောင်း။ ဒါနဲ့ စက်-၂ ကိုပြောပြီး စမ်းကြည့်ကြပါတယ်။ Gen 2 ကို စမောင်းပါတယ်။ MSB panel မှာရှိတဲ့ engine speed အတင်အချ မောင်းတံ လေးကို လှည့်ပြီး တင်လိုက်တော့ rpm တက်လာလို့ frequency လိုက်တက်လာပါတယ်။ မောင်းတံကို လှည့်ပြီး ချလိုက်တော့ ဘာမှမပြောင်းပါဘူး။

စပြီးစဉ်းစားမယ်ဆိုယင် governor control motor ရဲ့ down direction ဘက်ကို power မရောက်တဲ့သဘောပေါ့။ Circuit ကြည့်တော့လည်း အတင်အချ lever ရဲ့ contact နှစ်ခုနဲ့ up/down လုပ်မယ့် magnetic contactor (MC) နှစ်ခုကို မောင်းပေးတာပါ။ MC ရဲ့ contact တွေက 110V AC ကို ဖွင့်၊ပိတ်လုပ်ပြီး motor ကို တိုက်ရိုက် မောင်းထားတာဘဲ။ ကြားမှာ ဘာမှ မရှိတော့ဘူး။
အစဆုံး lever ကို down ဘက်လှည့်ကြည့်တော့ down အတွက် MC အလုပ်လုပ်ပါတယ်။ အဝင်၊ အထွက်မှာ 110 VAC ရှိပါတယ်။ ဒါနဲ့ Gen အခြေက Governor motor ရဲ့ junction box မှာ တိုင်းကြည့်ပါတယ်။ 110V ရှိပါတယ်။ ကြိုးတွေကြည့်တော့လည်း ပုံမှန်ဆက်ထားပါတယ်။ Motor ဘက်က coil resistance တိုင်းကြည့်တော့ low ohm ဆိုတော့ ပြဿနာမရှိပါဘူး။ ဒါဆိုယင်တော့ စဉ်းစားရ နည်းနည်းကြပ်သွားပြီ။ governor ကို လက်နဲ့ ဆွဲချယင် frequency ချလို့ရတယ်ဆိုတော့ Mechanical ကြောင့်လည်း မဖြစ်နိုင်။
နောက်တော့ motor အုံလိုက်ဖြုတ်ချခိုင်းလိုက်တယ်။ သိပ်မကြီးလို့တော်သေးရဲ့။ off line စမ်းကြည့်မယ် စိတ်ကူးလိုက်တယ်။ ကြိုးတပ်ပြီး power ပေးကြည့်တော့ တစ်ဘက်ဘဲ လည်တယ်။ နောက်တစ်ဘက် မလည်ဘူး။ အနီးကပ်ကြည့်တော့မှ junction box ထဲမှာ Capacitor တစ်လုံးကို ကြိုးနှစ်ချောင်းမှာ ခွဆက်ထားတယ်။ drawing နဲ့ ပြန်တိုက်ကြည့်တော့ လွဲနေတယ်။ မှန်အောင် ပြန်ဆက်လိုက်တော့ အဆင်ပြေသွားတယ်။ forward/reverse နှစ်ဘက်လုံး လည်ပါတယ်။
ဒီmotor မှာ coil နှစ်ခုရှိပါတယ်။ forward နဲ့ reverse အတွက်ပါ။ အောက်က ပုံမှာကြည့်ပါ။ အမှန်က Capacitor ကို Forward နဲ့ Reverse နှစ်ခုကို ခွဆက်ရပါမယ်။ ဒီမှာက မှားပြီး Common နဲ့ Forward ကြားမှာဆက်ထားပါတယ်။

 ဖြစ်ပုံက ဒီလိုပါ။ များသောအားဖြင့် Single phase AC induction motor တွေမှာ capacitor လိုပါတယ်။ ဒီ connection က permanent split capacitor motor ပုံစံ သုံးထားတာပါ။ အမှန်အတိုင်းဆက်ထားယင်၊ Fwd နဲ့ Com ကို power ပေးလိုက်တော့ Fwd က main winding ဖြစ်နေပြီး rev က aux winding အနေနဲ့ capacitor ကိုဖြတ်ပြီး လည်ပါတယ်။ အတူတူဘဲ Rev နဲ့ Com ကို power ပေးလိုက်တော့ Rev က main winding ဖြစ်နေပြီး fwd က aux winding အနေနဲ့ capacitor ကိုဖြတ်ပြီး လည်ပါတယ်။
Fwd နဲ့ Com ကို မှားခွထားတော့၊ Fwd နဲ့ com ကို power ပေးယင်တော့ capacitor အကူအညီနဲ့ အလုပ်လုပ်မှာပေါ့။ Rev နဲ့ com ကို power ပေးယင် capacitor က open ဖြစ်နေတော့ motor မလည်နိုင်တော့ဘူးပေါ့။
ပြန်တပ်ပြီး ပြန်စမ်းပြတော့ အားလုံး အဆင်ပြေပါတယ်။ စက်ချုပ်ကတော့ သူတို့ motor လဲတုန်းက မှားဆက်တာကို အထောင်းခံရမှာစိုးလို့ နည်းနည်း ကာပြီး report ရေးပေးဖို့ပြောပါတယ်။ ဂျပန် super လည်းရောက်နေတော့ lunch အတူစားတဲ့အချိန် ကူပြီးရှင်းပြပေးပါဆိုလို့ စက်ချုပ်အဆူမခံရအောင် ကူပြောပေးခဲ့ရပါတယ်။ တစ်ခါတလေ စားရတာမို့လားမသိ ယပက်လက် ချက်ကြီးရဲ့ Steak ကလည်း စားကောင်းပါကြောင်း။

Single phase induction motor အမျိုးအစား (၄) ခုကို ကြုံလို့ တင်ပြလိုက်ပါတယ်။ အသေးစိတ် ရှင်းမပြတော့ပါဘူး။ နောက်ဆုံး တစ်မျိုးကလွဲလို့ ကျန်တဲ့ အမျိုးအစားတွေမှာ capacitor / condenser လိုပါတယ်။
၁) Permanent Split Capacitor Induction Motor
၂) Capacitor Start Induction Motor
၃) Capacitor Run Induction Motor
၄) Resistance Split Phase Induction Motor

နောက်ကြုံမှ အသေးစိတ်ရှင်းလင်းတာ ရေးပါဦးမယ်။ ကျေးဇူးတင်ပါတယ်။

No comments:

Post a Comment