Monday 25 September 2017

Generator (၉-ခ) - Emergency Generator ACB Cannot be Closed


[Zawgyi]
ဒီတစ္ခါလည္း container သေဘၤာ တစ္စီးမွာပါဘဲ။ ျပႆနာက အတူတူေပါ့။ E-gen ACB close မရတာပါ။ အိျႏၵိယ စက္ခ်ဳပ္က ရွင္းျပၿပီး စမ္းျပပါတယ္။ ဒီ ESB ကေတာ့ test mode မွာ Engine run နဲ႔ test load ႏွစ္မ်ဳိးလုံးပါေတာ့ အလြယ္ စမ္းလို႔ ရပါတယ္။ ACB ေတြကေတာ့ Hyundai အမ်ဳိးအစား draw-out type တြပါ။
ဒါနဲ႔ စမ္းၾကည့္ေတာ့ bus tie ACB ပြင့္သြားၿပီး generator auto start လည္ပါတယ္။ ေတာ္ေတာ္ၾကာ ေစာင့္ၾကည့္ေပမဲ့ generator ACB On မသြားပါဘူး။ ဒါနဲ႔ drawing ဖတ္ component ေတြၾကည့္ထားၿပီး ထပ္စမ္းပါတယ္။ Generator stable ျဖစ္သြားတဲ့ အခ်ိန္ voltage က 440V ေလာက္ရွိၿပီး stable ျဖစ္ပါတယ္။ Voltage sensing relay on သြားၿပီး timer လည္း အလုပ္လုပ္တာ ေတြ႕ရပါတယ္။ ဒါဆို ဘာလို႔ ACB close မျဖစ္တာလဲ။ UVT ေၾကာင့္လား၊ close relay လား၊ ACB ေၾကာင့္လား စစ္ရပါေတာ့မယ္။ ဒီ ACB circuit မွာ UVT controller ဆိုတဲ့ external unit တစ္ခုရွိပါတယ္။ အဲဒီ unit က ႀကိဳး ၆ ေခ်ာင္းရွိပါတယ္။ Power supply (AC220V) ၂ ေခ်ာင္း၊ Output (DC24V) ၂ ေခ်ာင္း နဲ႔ interlock signal input ၂ ေခ်ာင္း ျဖစ္ပါတယ္။ ( ပုံမွာ ၾကည့္ပါ။)

တစ္ကယ္လို႔ interlock input ၂ ေခ်ာင္းကို short ေပးလိုက္ယင္ output ကို ျဖတ္လိုက္မွာျဖစ္တဲ့အတြက္ ACB open ျဖစ္ေနပါမယ္။ Interlock signal မွာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal ေတြ parallel ဝင္ထားပါတယ္။ ဒီေတာ့ interlock တစ္ခုစီ မစစ္ေတာ့ဘဲ input နဲ႔ output power ဘဲ တိုင္းၾကည့္လိုက္ပါတယ္။ Input 220VAC ရွိၿပီး output ကလည္း 20VDC ေလာက္ ရွိပါတယ္။ ဒါေလာက္ဆို အလုပ္လုပ္သင့္ပါတယ္။ ဒီမွာ ေကာက္ခ်က္ခ်လို႔ရတာက UVT controller unit ေကာင္းတယ္၊ interlock signal ေတြ ျပႆနာ မရွိဘူး ဆိုတာပါဘဲ။ ေနာက္တစ္ဆင့္ 20V DC က နည္းေနလို႔လား ဆိုတာ ေသခ်ာေအာင္ ACB ေပၚမွာရွိတဲ့ close push button ကို manual ဘဲ ႏွိပ္လိုက္ပါတယ္။ အဲဒီေတာ့ ACB close ျဖစ္ၿပီး အလုပ္လုပ္ပါတယ္။ ဒါဆို UVT ရဲ႕ 20V ကလည္း ျပႆနာ မရွိဘူးေပါ့။ ACB close mechanism လည္း ေကာင္းတယ္လို႔ သိႏိုင္ပါၿပီ။ စဥ္းစားစရာ သိပ္မက်န္ေတာ့ပါဘူး။ ACB close signal မေရာက္လို႔လား သိရေအာင္ ACB ရဲ႕ terminal 3-4 ကို တိုင္းၾကည့္ေတာ့ 220V ရွိပါတယ္။ ဒါဆို Control circuit က မဟုတ္ေတာ့ဘူးေပါ့။ ACB ထဲက close coil (LRC) အလုပ္မလုပ္တာပါ။


ဒါနဲ႔ ACB ကို draw out လုပ္ၿပီး terminal 3-4 ကေန resistance တိုင္းေတာ့ high ohm ျဖစ္ေနပါတယ္။ Coil မေကာင္းေတာ့ဘူးလို႔ ယူဆရပါတယ္။ ACB ရဲ႕ အျပင္ cover ကို ဖြင့္ၿပီး ၾကည့္ေတာ့ 3-4 ႀကိဳးက close coil ကို တိုက္႐ိုက္မသြားဘဲ PCB အေသးေလးတစ္ခု ခံၿပီး coil ကိုဆက္ထားပါတယ္။ Coil က 220VAC မဟုတ္လို႔ ျပန္ေျပာင္းထားတာျဖစ္ႏိုင္ပါတယ္။ Coil ဘက္ အထြက္တိုင္းၾကည့္ေတာ့ low ohm resistance တစ္ခုျပေတာ့ close coil ေကာင္းတယ္လို႔ ယူဆပါတယ္။ PCB အဝင္ႀကိဳး socket က နည္းနည္း ေခ်ာင္ေနတာမို႔ plier နဲ႔ ညႇပ္ေပးလိုက္ပါတယ္။ Terminal 3-4 ျပန္တိုင္းေတာ့ ohm တစ္ခုျပပါတယ္။ ဒါနဲ႔ ျပန္ပိတ္၊ ACB ကို rack-in ျပန္လုပ္ၿပီး ျပန္စမ္းၾကပါတယ္။ ဒီတစ္ခါ ACB လည္း auto close ျဖစ္သြားပါၿပီ။ စက္ခ်ဳပ္နဲ႔ ၃-၄ ခါေလာက္ စမ္းၾကည့္ၿပီး ေက်နပ္ေတာ့ ျပန္ခဲ့ၾကပါတယ္။
 
[Unicode]
ဒီတစ်ခါလည်း container သင်္ဘော တစ်စီးမှာပါဘဲ။ ပြဿနာက အတူတူပေါ့။ E-gen ACB close မရတာပါ။ အိန္ဒြိယ စက်ချုပ်က ရှင်းပြပြီး စမ်းပြပါတယ်။ ဒီ ESB ကတော့ test mode မှာ Engine run နဲ့ test load နှစ်မျိုးလုံးပါတော့ အလွယ် စမ်းလို့ ရပါတယ်။ ACB တွေကတော့ Hyundai အမျိုးအစား draw-out type တွပါ။ ဒါနဲ့ စမ်းကြည့်တော့ bus tie ACB ပွင့်သွားပြီး generator auto start လည်ပါတယ်။ တော်တော်ကြာ စောင့်ကြည့်ပေမဲ့ generator ACB On မသွားပါဘူး။
ဒါနဲ့ drawing ဖတ် component တွေကြည့်ထားပြီး ထပ်စမ်းပါတယ်။ Generator stable ဖြစ်သွားတဲ့ အချိန် voltage က 440V လောက်ရှိပြီး stable ဖြစ်ပါတယ်။ Voltage sensing relay on သွားပြီး timer လည်း အလုပ်လုပ်တာ တွေ့ရပါတယ်။ ဒါဆို ဘာလို့ ACB close မဖြစ်တာလဲ။ UVT ကြောင့်လား၊ close relay လား၊ ACB ကြောင့်လား စစ်ရပါတော့မယ်။ ဒီ ACB circuit မှာ UVT controller ဆိုတဲ့ external unit တစ်ခုရှိပါတယ်။ အဲဒီ unit က ကြိုး ၆ ချောင်းရှိပါတယ်။ Power supply (AC220V) ၂ ချောင်း၊ Output (DC24V) ၂ ချောင်း နဲ့ interlock signal input ၂ ချောင်း ဖြစ်ပါတယ်။ ( ပုံမှာ ကြည့်ပါ။) တစ်ကယ်လို့ interlock input ၂ ချောင်းကို short ပေးလိုက်ယင် output ကို ဖြတ်လိုက်မှာဖြစ်တဲ့အတွက် ACB open ဖြစ်နေပါမယ်။ Interlock signal မှာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal တွေ parallel ဝင်ထားပါတယ်။ ဒီတော့ interlock တစ်ခုစီ မစစ်တော့ဘဲ input နဲ့ output power ဘဲ တိုင်းကြည့်လိုက်ပါတယ်။ Input 220VAC ရှိပြီး output ကလည်း 20VDC လောက် ရှိပါတယ်။ ဒါလောက်ဆို အလုပ်လုပ်သင့်ပါတယ်။ ဒီမှာ ကောက်ချက်ချလို့ရတာက UVT controller unit ကောင်းတယ်၊ interlock signal တွေ ပြဿနာ မရှိဘူး ဆိုတာပါဘဲ။ နောက်တစ်ဆင့် 20V DC က နည်းနေလို့လား ဆိုတာ သေချာအောင် ACB ပေါ်မှာရှိတဲ့ close push button ကို manual ဘဲ နှိပ်လိုက်ပါတယ်။ အဲဒီတော့ ACB close ဖြစ်ပြီး အလုပ်လုပ်ပါတယ်။ ဒါဆို UVT ရဲ့ 20V ကလည်း ပြဿနာ မရှိဘူးပေါ့။ ACB close mechanism လည်း ကောင်းတယ်လို့ သိနိုင်ပါပြီ။ စဉ်းစားစရာ သိပ်မကျန်တော့ပါဘူး။ ACB close signal မရောက်လို့လား သိရအောင် ACB ရဲ့ terminal 3-4 ကို တိုင်းကြည့်တော့ 220V ရှိပါတယ်။ ဒါဆို Control circuit က မဟုတ်တော့ဘူးပေါ့။ ACB ထဲက close coil (LRC) အလုပ်မလုပ်တာပါ။
ဒါနဲ့ ACB ကို draw out လုပ်ပြီး terminal 3-4 ကနေ resistance တိုင်းတော့ high ohm ဖြစ်နေပါတယ်။ Coil မကောင်းတော့ဘူးလို့ ယူဆရပါတယ်။ ACB ရဲ့ အပြင် cover ကို ဖွင့်ပြီး ကြည့်တော့ 3-4 ကြိုးက close coil ကို တိုက်ရိုက်မသွားဘဲ PCB အသေးလေးတစ်ခု ခံပြီး coil ကိုဆက်ထားပါတယ်။ Coil က 220VAC မဟုတ်လို့ ပြန်ပြောင်းထားတာဖြစ်နိုင်ပါတယ်။ Coil ဘက် အထွက်တိုင်းကြည့်တော့ low ohm resistance တစ်ခုပြတော့ close coil ကောင်းတယ်လို့ ယူဆပါတယ်။ PCB အဝင်ကြိုး socket က နည်းနည်း ချောင်နေတာမို့ plier နဲ့ ညှပ်ပေးလိုက်ပါတယ်။ Terminal 3-4 ပြန်တိုင်းတော့ ohm တစ်ခုပြပါတယ်။ ဒါနဲ့ ပြန်ပိတ်၊ ACB ကို rack-in ပြန်လုပ်ပြီး ပြန်စမ်းကြပါတယ်။ ဒီတစ်ခါ ACB လည်း auto close ဖြစ်သွားပါပြီ။ စက်ချုပ်နဲ့ ၃-၄ ခါလောက် စမ်းကြည့်ပြီး ကျေနပ်တော့ ပြန်ခဲ့ကြပါတယ်။

No comments:

Post a Comment