Monday 11 September 2017

Tank Gauging (၅) - High Level Alarm Installation


[Zawgyi]
ဒီသေဘၤာကေတာ့ ေတာ္ေတာ္ေလး ေဟာင္းေနတဲ့ bunker တစ္စီးပါ။ တစ္ကယ္ဆို bunker ေတာင္မလုပ္ေတာ့ဘဲ floating storage အေနနဲ႔ ထားထားတယ္ေျပာပါတယ္။ လက္ရွိ bunker တစ္စီးက အေၾကာင္းတစ္ခုခုေၾကာင့္ သုံးမရလို႔ ဒီတစ္စီးကို ယာယီအစားထိုးဖို႔ လုပ္ရတယ္ဆိုဘဲ။ အဲဒီသေဘၤာ terminal မွာ ဆီသြားျဖည့္ေတာ့ cargo tank ေတြရဲ႕ High Level Alarm System မပါလို႔ inspector က observation remark ေပးလိုက္လို႔ အေရးေပၚဆင္ေပးရမွာပါ။ ဒီ System မၿပီးယင္ terminal မွာ ဆီသြားထည့္လို႔ မရေတာ့ဘူး ဆိုပါတယ္။ 
ဒီေတာ့ float switch installation နဲ႔ cabling / piping အပိုင္းကို mechanical အဖြဲ႕ကို အကူအညီေတာင္းရပါတယ္။ ကၽြန္ေတာ္တို႔က control အပိုင္းကို တာဝန္ယူရတာေပါ့။
သေဘၤာ owner ဘက္ကလည္း ေပသီးေခါက္ၿပီး ေစ်းအသက္သာဆုံးနဲ႔ အ႐ိုးစင္းဆုံး တပ္ေစခ်င္တယ္။ High level မွာ 95% တစ္ခုဘဲတပ္မယ္။ 98% မလိုဘူးတဲ့။ ဒီေတာ့လည္း သူေျပာတဲ့အတိုင္း လုပ္ေပးရတာေပါ့။ ပိုလို႔ေတာင္လြယ္ေသးတယ္။ သေဘၤာေပၚတစ္ေခါက္သြား survey လုပ္ရပါတယ္။ လိုတာေတြ ျပင္ဖို႔ပါ။ 
ဒီစံနစ္က လြယ္ပါတယ္။ Tank ၁၀ ခုက float switch ေတြကေန NC contact ေတြထုတ္လာၿပီး control panel ကို input ေပးပါမယ္။ Level ျမင့္လာလို႔ float ball က တက္လာယင္ reed switch ပြင့္သြားၿပီး open circuit ျဖစ္သြားပါမယ္။ False signal ဟုတ္မဟုတ္ 3-5 sec ေလာက္ ေစာင့္ၿပီး open ဆက္ျဖစ္ေနယင္ output ထုတ္ေပးပါမယ္။ Panel မွာ ဘယ္ tank ကလဲဆိုတာ indicator မီးလုံးနဲ႔ျပပါမယ္။ Buzzer ျမည္မယ္။ Monkey island ေပၚက မီးလုံးနဲ႔ အသံထုတ္ေပးမယ္ေပါ့။ Silence နဲ႔ Acknowledge button ႏွစ္ခုထားေပးမယ္ေပါ့။ 
Super နဲ႔အတူ လိုက္ၾကည့္ၿပီး၊ panel ကို CCR မွာထားမယ့္ေနရာ ဆုံးျဖတ္ပါတယ္။ 220 V AC power ယူဖို႔လည္း ၾကည့္ထားပါတယ္။ ေနာက္ စဥ္းစားစရာတစ္ခုက Monkey island အထိ CCR ကေန ႀကိဳးဆြဲဖို႔ လမ္းေၾကာင္းေတြ ၾကည့္ေတာ့ မလြယ္လွပါဘူး။

လမ္းေၾကာင္းတစ္ေလ်ာက္ ေဖါက္ရထြင္းရ လုပ္ရမွာလည္း အမ်ားႀကီးပါ။ အျမန္ဆုံးနဲ႔ အလြယ္ဆုံးကို စဥ္းစားလိုက္ေတာ့ တစ္ခုသြားေတြ႕တယ္။ Gas alarm ရဲ႕ control ကလည္း CCR မွာရွိၿပီး Monkey island မွာ Siren နဲ႔ Flash light ထုတ္ထားတာေတြ႕ပါတယ္။ အဲဒီ output မွာ tag လုပ္ေပးလိုက္ယင္ေတာ့ အလြယ္ဆုံးေပါ့။ Super ကိုေမးၾကည့္ေတာ့ သေဘာတူတာနဲ႔ အဲဒါနဲ႔တြဲေပးလိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အမွန္ေတာ့ သီးျခားထားသင့္ပါတယ္။ ဒါမွ Gas alarm နဲ႔ High level alarm ကိုခြဲၿပီး သိႏိုင္တာေပါ့။ Super ရဲ႕ အာေဘာ္အရ လြယ္လြယ္နဲ႔ ျမန္ျမန္ၿပီးဖို႔ ဦးစားေပး လုပ္ခိုင္းပါတယ္။ Inspector က သေဘာမတူမွ ျပန္ေျပာင္းမယ္ေပါ့။ 
ဒီလိုနဲ႔ ျပန္လာခဲ့ၿပီး control panel တစ္ခု လြယ္လြယ္နဲ႔ ေစ်းသက္သာတာ ဆင္ဖို႔ စဥ္းစားၾကည့္ပါတယ္။ PLC နဲ႔လုပ္မလား၊ Relay logic ဘဲဆင္မလား၊ Multipurpose Controller နဲ႔ သုံးမလား၊ Annunciator သုံးမလားေပါ့။ ေနာက္ စဥ္းစားမိသြားတာက Arduino ကို စမ္းၾကည့္ခ်င္မိတယ္။ I/O ကလည္း 5 V DC, low current သုံးထားတာဆိုေတာ့ Hazardous area အတြက္ Zener Barrier ထည့္စရာမလိုေတာ့ဘူး။ အယင္က Arduino ကို ဝယ္ၿပီး bread board နဲ႔ project ေလးေတြဘဲ စမ္းဖူးတာဆိုေတာ့ လက္ေတြ႕ apply လုပ္ၾကည့္ခ်င္တာလည္းပါတယ္။ ေစ်းကေတာ့ အသက္သာဆုံးေပါ့။
Arduino Mega board တစ္ခု၊ relay output ကဒ္တစ္ခု နဲ႔ power supply ဆို အလုပ္ျဖစ္ၿပီေလ။ Arduino program က C-programming ကို အေျခခံထားတာဆိုေတာ့ ေရးရတာလည္း သေဘာက်တယ္။ 
ဒါနဲ႔ program ေလးေရးပါတယ္။ Digital input ၁၂ ခုနဲ႔ Digital out put ၁၁ ခု သုံးၿပီးေရးပါတယ္။ မခက္ဘူး ထင္ရေပမဲ့ တစ္ကယ္ေရးေတာ့ သိပ္ေတာ့ မလြယ္လွပါဘူး။ Tank တစ္ခုမွာ Alarm ရွိယင္ timer ၃ စကၠန္႔ေစာင့္ၿပီး buzzer နဲ႔ siren output ထုတ္ေပးပါတယ္။ Panel ေပၚမွာ သက္ဆိုင္ရာ tank ရဲ႕ lamp ကို blink ျပေပးပါတယ္။ Silence ခလုတ္ ႏွိပ္ယင္ အသံရပ္ပါမယ္။ Indicator lamp ကဆက္ၿပီး blink ျဖစ္ေနဦးမွာပါ။ Acknowledge ခလုတ္နွိပ္မွ lamp က blink မျဖစ္ေတာ့ေပမဲ့ ဆက္လင္းေနဦးမွာပါ။ Level က်သြားမွ Ack ႏွိပ္ၿပီးသားဆိုယင္ မီးၿငိမ္းသြားရမွာပါ။ Tank တစ္ခု alarm လာၿပီးလို႔ Buzzer off ၿပီးတဲ့ အခ်ိန္၊ ေနာက္ tank တစ္ခုခုက alarm လာယင္ ျပန္ျမည္ရပါမယ္။ Alarm အသစ္ ရဲ႕ indicator lamp ကိုဘဲ blink လုပ္ေပးရမွာပါ။ ေရးယင္း စမ္းယင္း program bug မရွိေအာင္ အမ်ဳိးမ်ဳိး စမ္းၾကည့္ရပါတယ္။ 
ေနာက္ၿပီးမွ control panel ခပ္ငယ္ငယ္တစ္လုံးမွာ လိုတာအကုန္ဆင္ၿပီး ထပ္စမ္းၾကည့္ပါတယ္။ ေသခ်ာေတာ့မွ သေဘၤာေပၚသြားဆင္ေပးပါတယ္။ Float ေတြကို တစ္ခုၿပီးတစ္ခု ဆြဲတင္ စမ္းသပ္ၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ ေနာက္ Terminal က inspector ကို စမ္းျပေတာ့ လက္ခံတာမို႔ ဘာမွမေျပာင္းေတာ့ပါဘူး။
တစ္ႏွစ္ေလာက္အၾကာ panel မွာတပ္ထားတဲ့ buzzer ေလးအသံတိုးလို႔ ျပန္လဲေပးခဲ့ပါတယ္။ က်န္တဲ့ function ေတြအကုန္ ေကာင္းေကာင္း မြန္မြန္နဲ႔ အလုပ္လုပ္ေနဆဲပါဘဲ။

တစ္ကယ္လို႔ အခ်ိန္ရယင္ေတာ့ နည္းနည္းပိုေကာင္းတာလုပ္ေပးလို႔ရပါတယ္။ Tank ေတြဆီက float ball contact ေတြကို Digital input အစား Analog input အေနနဲ႔ ယူၿပီး voltage level ၄ ခု ယူပါမယ္။ Float switch အေျခမွာ series နဲ႔ parallel resistor တစ္ခုစီထည့္ေပးလိုက္ယင္ wire broken / short ကိုပါ detect လုပ္ႏိုင္ပါမယ္။ ဘာမွ ပို မကုန္က်ဘဲ robust ျဖစ္တဲ့ system တစ္ခုဖန္တီးႏိုင္တာေပါ့။ 

[Unicode]

ဒီသင်္ဘောကတော့ တော်တော်လေး ဟောင်းနေတဲ့ bunker တစ်စီးပါ။ တစ်ကယ်ဆို bunker တောင်မလုပ်တော့ဘဲ floating storage အနေနဲ့ ထားထားတယ်ပြောပါတယ်။ လက်ရှိ bunker တစ်စီးက အကြောင်းတစ်ခုခုကြောင့် သုံးမရလို့ ဒီတစ်စီးကို ယာယီအစားထိုးဖို့ လုပ်ရတယ်ဆိုဘဲ။ အဲဒီသင်္ဘော terminal မှာ ဆီသွားဖြည့်တော့ cargo tank တွေရဲ့ High Level Alarm System မပါလို့ inspector က observation remark ပေးလိုက်လို့ အရေးပေါ်ဆင်ပေးရမှာပါ။ ဒီ System မပြီးယင် terminal မှာ ဆီသွားထည့်လို့ မရတော့ဘူး ဆိုပါတယ်။ 
ဒီတော့ float switch installation နဲ့ cabling / piping အပိုင်းကို mechanical အဖွဲ့ကို အကူအညီတောင်းရပါတယ်။ ကျွန်တော်တို့က control အပိုင်းကို တာဝန်ယူရတာပေါ့။ သင်္ဘော owner ဘက်ကလည်း ပေသီးခေါက်ပြီး စျေးအသက်သာဆုံးနဲ့ အရိုးစင်းဆုံး တပ်စေချင်တယ်။ High level မှာ 95% တစ်ခုဘဲတပ်မယ်။ 98% မလိုဘူးတဲ့။ ဒီတော့လည်း သူပြောတဲ့အတိုင်း လုပ်ပေးရတာပေါ့။ ပိုလို့တောင်လွယ်သေးတယ်။ သင်္ဘောပေါ်တစ်ခေါက်သွား survey လုပ်ရပါတယ်။ လိုတာတွေ ပြင်ဖို့ပါ။ 
ဒီစံနစ်က လွယ်ပါတယ်။ Tank ၁၀ ခုက float switch တွေကနေ NC contact တွေထုတ်လာပြီး control panel ကို input ပေးပါမယ်။ Level မြင့်လာလို့ float ball က တက်လာယင် reed switch ပွင့်သွားပြီး open circuit ဖြစ်သွားပါမယ်။ False signal ဟုတ်မဟုတ် 3-5 sec လောက် စောင့်ပြီး open ဆက်ဖြစ်နေယင် output ထုတ်ပေးပါမယ်။ Panel မှာ ဘယ် tank ကလဲဆိုတာ indicator မီးလုံးနဲ့ပြပါမယ်။ Buzzer မြည်မယ်။ Monkey island ပေါ်က မီးလုံးနဲ့ အသံထုတ်ပေးမယ်ပေါ့။ Silence နဲ့ Acknowledge button နှစ်ခုထားပေးမယ်ပေါ့။ 
Super နဲ့အတူ လိုက်ကြည့်ပြီး၊ panel ကို CCR မှာထားမယ့်နေရာ ဆုံးဖြတ်ပါတယ်။ 220 V AC power ယူဖို့လည်း ကြည့်ထားပါတယ်။ နောက် စဉ်းစားစရာတစ်ခုက Monkey island အထိ CCR ကနေ ကြိုးဆွဲဖို့ လမ်းကြောင်းတွေ ကြည့်တော့ မလွယ်လှပါဘူး။ လမ်းကြောင်းတစ်လျောက် ဖေါက်ရထွင်းရ လုပ်ရမှာလည်း အများကြီးပါ။ အမြန်ဆုံးနဲ့ အလွယ်ဆုံးကို စဉ်းစားလိုက်တော့ တစ်ခုသွားတွေ့တယ်။ Gas alarm ရဲ့ control ကလည်း CCR မှာရှိပြီး Monkey island မှာ Siren နဲ့ Flash light ထုတ်ထားတာတွေ့ပါတယ်။ အဲဒီ output မှာ tag လုပ်ပေးလိုက်ယင်တော့ အလွယ်ဆုံးပေါ့။ Super ကိုမေးကြည့်တော့ သဘောတူတာနဲ့ အဲဒါနဲ့တွဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ သီးခြားထားသင့်ပါတယ်။ ဒါမှ Gas alarm နဲ့ High level alarm ကိုခွဲပြီး သိနိုင်တာပေါ့။ Super ရဲ့ အာဘော်အရ လွယ်လွယ်နဲ့ မြန်မြန်ပြီးဖို့ ဦးစားပေး လုပ်ခိုင်းပါတယ်။ Inspector က သဘောမတူမှ ပြန်ပြောင်းမယ်ပေါ့။ 
ဒီလိုနဲ့ ပြန်လာခဲ့ပြီး control panel တစ်ခု လွယ်လွယ်နဲ့ စျေးသက်သာတာ ဆင်ဖို့ စဉ်းစားကြည့်ပါတယ်။ PLC နဲ့လုပ်မလား၊ Relay logic ဘဲဆင်မလား၊ Multipurpose Controller နဲ့ သုံးမလား၊ Annunciator သုံးမလားပေါ့။ နောက် စဉ်းစားမိသွားတာက Arduino ကို စမ်းကြည့်ချင်မိတယ်။ I/O ကလည်း 5 V DC, low current သုံးထားတာဆိုတော့ Hazardous area အတွက် Zener Barrier ထည့်စရာမလိုတော့ဘူး။ အယင်က Arduino ကို ဝယ်ပြီး bread board နဲ့ project လေးတွေဘဲ စမ်းဖူးတာဆိုတော့ လက်တွေ့ apply လုပ်ကြည့်ချင်တာလည်းပါတယ်။ စျေးကတော့ အသက်သာဆုံးပေါ့။ Arduino Mega board တစ်ခု၊ relay output ကဒ်တစ်ခု နဲ့ power supply ဆို အလုပ်ဖြစ်ပြီလေ။ Arduino program က C-programming ကို အခြေခံထားတာဆိုတော့ ရေးရတာလည်း သဘောကျတယ်။ 
ဒါနဲ့ program လေးရေးပါတယ်။ Digital input ၁၂ ခုနဲ့ Digital out put ၁၁ ခု သုံးပြီးရေးပါတယ်။ မခက်ဘူး ထင်ရပေမဲ့ တစ်ကယ်ရေးတော့ သိပ်တော့ မလွယ်လှပါဘူး။ Tank တစ်ခုမှာ Alarm ရှိယင် timer ၃ စက္ကန့်စောင့်ပြီး buzzer နဲ့ siren output ထုတ်ပေးပါတယ်။ Panel ပေါ်မှာ သက်ဆိုင်ရာ tank ရဲ့ lamp ကို blink ပြပေးပါတယ်။ Silence ခလုတ် နှိပ်ယင် အသံရပ်ပါမယ်။ Indicator lamp ကဆက်ပြီး blink ဖြစ်နေဦးမှာပါ။ Acknowledge ခလုတ်နှိပ်မှ lamp က blink မဖြစ်တော့ပေမဲ့ ဆက်လင်းနေဦးမှာပါ။ Level ကျသွားမှ Ack နှိပ်ပြီးသားဆိုယင် မီးငြိမ်းသွားရမှာပါ။ Tank တစ်ခု alarm လာပြီးလို့ Buzzer off ပြီးတဲ့ အချိန်၊ နောက် tank တစ်ခုခုက alarm လာယင် ပြန်မြည်ရပါမယ်။ Alarm အသစ် ရဲ့ indicator lamp ကိုဘဲ blink လုပ်ပေးရမှာပါ။ ရေးယင်း စမ်းယင်း program bug မရှိအောင် အမျိုးမျိုး စမ်းကြည့်ရပါတယ်။ 
နောက်ပြီးမှ control panel ခပ်ငယ်ငယ်တစ်လုံးမှာ လိုတာအကုန်ဆင်ပြီး ထပ်စမ်းကြည့်ပါတယ်။ သေချာတော့မှ သင်္ဘောပေါ်သွားဆင်ပေးပါတယ်။ Float တွေကို တစ်ခုပြီးတစ်ခု ဆွဲတင် စမ်းသပ်ကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ နောက် Terminal က inspector ကို စမ်းပြတော့ လက်ခံတာမို့ ဘာမှမပြောင်းတော့ပါဘူး။
တစ်နှစ်လောက်အကြာ panel မှာတပ်ထားတဲ့ buzzer လေးအသံတိုးလို့ ပြန်လဲပေးခဲ့ပါတယ်။ ကျန်တဲ့ function တွေအကုန် ကောင်းကောင်း မွန်မွန်နဲ့ အလုပ်လုပ်နေဆဲပါဘဲ။

တစ်ကယ်လို့ အချိန်ရယင်တော့ နည်းနည်းပိုကောင်းတာလုပ်ပေးလို့ရပါတယ်။ Tank တွေဆီက float ball contact တွေကို Digital input အစား Analog input အနေနဲ့ ယူပြီး voltage level ၄ ခု ယူပါမယ်။ Float switch အခြေမှာ series နဲ့ parallel resistor တစ်ခုစီထည့်ပေးလိုက်ယင် wire broken / short ကိုပါ detect လုပ်နိုင်ပါမယ်။ ဘာမှ ပို မကုန်ကျဘဲ robust ဖြစ်တဲ့ system တစ်ခုဖန်တီးနိုင်တာပေါ့။ 

No comments:

Post a Comment