Wednesday 13 September 2017

Main Engine Control (၃) - Jacket Cooling Water Temperature Control

[Zawgyi]

Car carrier တစ္စီးရဲ႕ME Jacket Cooling Water Temperature Controller အလုပ္မလုပ္လို႔ သြားၾကည့္ခဲ့ရပါတယ္။ Nakakita အမ်ဳိးအစား controller ပါ။ ဒီ controller က electrical နဲ႔ pneumatic ေရာၿပီးတည္ေဆာက္ထားတာပါ။ သေဘာၤေပၚေရာက္ေတာ့ စက္-၂ က ရွင္းျပပါတယ္။ Auto ထားယင္ Set temperature မွာ မရဘူးေျပာပါတယ္။ ဒီေတာ့ manually valve ကို ဖြင့္၊ပိတ္လုပ္ၿပီး လိုခ်င္တဲ့ temperature အနီးဆုံးရေအာင္ လုပ္ေပးရတယ္ဆိုပါတယ္။ သူေျပာတာက controller ထဲက တစ္ခုခုျဖစ္ေနတယ္လို႔ ထင္တယ္တဲ့။  Controller ထဲက pneumatic relay unit ကို အသစ္လဲၿပီးတာေတာင္ မေကာင္းဘူး ဆိုပါတယ္။ ME နားက Controller ရွိတဲ့ေနရာနဲ႔ valve ကို လိုက္ျပပါတယ္။ 
ဒီစံနစ္မွာက Jacket cooling water temperature ကို ပုံေသရေအာင္ ထိန္းထားတာပါ။ Engine run လို႔ ပူလာယင္ cooling water ကို ပိုဖြင့္ေပးၿပီး set point ထက္ အပူခ်ိန္ပိုနည္းသြားယင္ valve ကို ျပန္ပိတ္ေပးတာပါ။ Circulation pump ကေတာ့ အၿမဲ run ေနမွာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ႔ Valve က ပြင့္ေနၿပီး ပိတ္ခ်င္မွ ေလနဲ႔ diaphragm အေပၚကဖိခ်ၿပီး ပိတ္ေအာင္ လုပ္ေပးရတာပါ။ Controller က ေပးလိုက္တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖြင့္၊ပိတ္ လုပ္ေပးပါတယ္။ Valve position feedback ကို mechanical arm တစ္ခုနဲ႔ link လုပ္ၿပီး positioner ကိုျပန္ေပးထားပါတယ္။
ပထမဆုံး controller ကို စစ္ၾကည့္ပါတယ္။ Controller မွာ လက္တံ pointer ႏွစ္ခု ရွိပါတယ္။ အနီေရာင္က set value ျဖစ္ၿပီး အနက္ေရာင္က current value ျဖစ္ပါတယ္။ ေနာက္ၿပီး ေအာက္ေျခ ညာဘက္မွာ output pressure ျပတဲ့ mechanical gauge display အေသးေလး တစ္ခုရွိပါေသးတယ္။ ဒီ controller ရဲ႕ output range က (0.2 - 1) bar ျဖစ္ပါတယ္။လက္ရွိ output value က min ျဖစ္တဲ့ 0.2 bar ျပေနပါတယ္။ Set value နဲ႔ current value က ညီေနတာကိုး။ Set value ကို အနီေရာင္ knob ေလးလွည့္ၿပီး ေျပာင္းေပးေတာ့ current value နဲ႔ ကြာလာတာနဲ႔ အမွ် output pressure တစ္ျဖည္းျဖည္းတက္လာပါတယ္။ ေနာက္ဆုံး max ျဖစ္တဲ့ 1 bar အထိေရာက္ပါတယ္။ Controller မွာပါတဲ့ P, I, D တန္ဖိုးေတြကို set လုပ္ထားတဲ့ knob ၃ ခုက တန္ဖိုးေတြကိုၾကည့္ေတာ့လည္း manual ထဲက recommended value တြနဲ႔ တူပါတယ္။ ခုအေနအထားအရ controller က ေကာင္းေနတဲ့ သေဘာပါ။ (0.2 - 1) bar output လည္းထြက္ေနတာဘဲ။ ဒါဆိုယင္ positioner နဲ႔ valve assembly ဘက္ကဘဲ ျဖစ္ႏိုင္တာေပါ့။ အဲဒါနဲ႔ valve ဆီကိုသြားၾကည့္ပါတယ္။ ဒီ positioner က pneumatic နဲ႔ဘဲ လုပ္တာပါ။ Electrical positioner ေတြမွာဆိုယင္ input က (4-20)mA သုံးၿပီး valve အက်ဥ္းအက်ယ္ ဖြင့္ေပးတာပါ။ ဒီမွာေတာ့ pneumatic control ဆိုေတာ့ input value က ( 0.2 - 1) bar ျဖစ္ပါတယ္။ အဲဒီ pressure တန္ဖိုးအရ valve ကို အက်ဥ္းအက်ယ္ ဖြင့္ေပးမွာပါ။ ဒီေတာ့ controller ကထုတ္ေပးလိုက္တဲ့ (0.2 - 1) bar က positioner ဆီေရာက္မေရာက္ၾကည့္ပါတယ္။ Positioner မွာ pressure gauge အေသးေလး ၃ ခုရွိပါတယ္။ ပထမတစ္ခုက input signal pressure ပါ။
ေနာက္ဆုံးတစ္ခုက Compressed air source ရဲ႕ pressure ပါ။ အလယ္တစ္ခုက output pressure တန္ဖိုးပါ။ Controller ကေန set value ေျပာင္းၿပီး controller output pressure ကို ကစားၾကည့္ေတာ့ positioner ရဲ႕ ပထမဆုံး gauge မွာ (0.2 - 1)bar လိုက္ေျပာင္းပါတယ္။ ဒါဆို signal pressure လည္း positioner အထိ ေရာက္တယ္။ လမ္းမွာ ယိုတာ၊ ပိတ္တာ မရွိဘူးေပါ့။ Valve ကိုၾကည့္ေတာ့ သူတို႔ manually လွည့္ၿပီး ပိတ္ထားေတာ့ မေရြ႕ဘူးေပါ့။ စက္-၂ ကို ေျပာၿပီး ဖြင့္လိုက္ပါတယ္။ ေနာက္ၿပီး controller ကေန signal ေပးၿပီး ကစားၾကည့္ေတာ့ ေရြ႕ပါတယ္။ ဒါေပမဲ့ max signal ျဖစ္တဲ့ 1 bar ေပးေတာ့ fully close မျဖစ္ဘဲ တစ္ဝက္ဘဲပိတ္ပါတယ္။ 0.2 bar မွာေတာ့ အျပည့္ ပြင့္ပါတယ္။
Valve ကေရြ႕တယ္ဆိုေတာ့ jam မျဖစ္ေလာက္ဘူး။ ဘာလို႔ တစ္ဝက္ဘဲေရြ႕တာလဲ။ Actuator diaphragm မေကာင္းတာလား၊ pressure မလုံေလာက္လို႔လား ၾကည့္ရပါမယ္။ Name plate ကိုၾကည့္ေတာ့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို႔ ေရးထားပါတယ္။ Air supply က 2.6 bar ေတာင္ရွိတယ္ ဆိုေတာ့ လုံေလာက္ပါတယ္။ Name plate က range ကို ယွဥ္ၾကည့္ေတာ့ output pressure က input ရဲ႕ ၂ ဆရွိရမွာပါ။ ျပန္စမ္းၿပီး output pressure gauge ကို ၾကည့္ထားေတာ့ input 0.4 bar မွာ output 0.6 bar ေလာက္ဘဲရွိပါတယ္။ Max မွာေတာင္မွ 1.4 bar ေလာက္ဘဲ output ထြက္ေနတာ ေတြ႕ရပါတယ္။ တစ္ကယ္ဆို 2 bar ရွိရမွာပါ။ ဒါဆို positioner ျပႆနာေပါ့။ ေနာက္မွ positioner ထဲက pneumatic lead relay တစ္ခု spare ရွိတာနဲ႔ လဲၾကည့္ေတာ့ output pressure အျပည့္ထြက္လာပါတယ္။ Valve ကလည္း အစအဆုံး အလုပ္လုပ္သြားပါတယ္။ Temperature Set value ေျပာင္းတဲ့အတိုင္း current value ကို မွန္မွန္ကန္ကန္ control လုပ္ႏိုင္ သြားပါၿပီ။
ေျပာရယင္ေတာ့ wire တစ္စမွ မကိုင္လိုက္ရတဲ့ control အလုပ္တစ္ခုေပါ့ဗ်ာ။

[Unicode]

Car carrier တစ်စီးရဲ့ME Jacket Cooling Water Temperature Controller အလုပ်မလုပ်လို့ သွားကြည့်ခဲ့ရပါတယ်။ Nakakita အမျိုးအစား controller ပါ။ ဒီ controller က electrical နဲ့ pneumatic ရောပြီးတည်ဆောက်ထားတာပါ။ သဘောင်္ပေါ်ရောက်တော့ စက်-၂ က ရှင်းပြပါတယ်။ Auto ထားယင် Set temperature မှာ မရဘူးပြောပါတယ်။ ဒီတော့ manually valve ကို ဖွင့်၊ပိတ်လုပ်ပြီး လိုချင်တဲ့ temperature အနီးဆုံးရအောင် လုပ်ပေးရတယ်ဆိုပါတယ်။ သူပြောတာက controller ထဲက တစ်ခုခုဖြစ်နေတယ်လို့ ထင်တယ်တဲ့။  Controller ထဲက pneumatic relay unit ကို အသစ်လဲပြီးတာတောင် မကောင်းဘူး ဆိုပါတယ်။ ME နားက Controller ရှိတဲ့နေရာနဲ့ valve ကို လိုက်ပြပါတယ်။ 
ဒီစံနစ်မှာက Jacket cooling water temperature ကို ပုံသေရအောင် ထိန်းထားတာပါ။ Engine run လို့ ပူလာယင် cooling water ကို ပိုဖွင့်ပေးပြီး set point ထက် အပူချိန်ပိုနည်းသွားယင် valve ကို ပြန်ပိတ်ပေးတာပါ။ Circulation pump ကတော့ အမြဲ run နေမှာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ့ Valve က ပွင့်နေပြီး ပိတ်ချင်မှ လေနဲ့ diaphragm အပေါ်ကဖိချပြီး ပိတ်အောင် လုပ်ပေးရတာပါ။ Controller က ပေးလိုက်တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖွင့်၊ပိတ် လုပ်ပေးပါတယ်။ Valve position feedback ကို mechanical arm တစ်ခုနဲ့ link လုပ်ပြီး positioner ကိုပြန်ပေးထားပါတယ်။
ပထမဆုံး controller ကို စစ်ကြည့်ပါတယ်။ Controller မှာ လက်တံ pointer နှစ်ခု ရှိပါတယ်။ အနီရောင်က set value ဖြစ်ပြီး အနက်ရောင်က current value ဖြစ်ပါတယ်။ နောက်ပြီး အောက်ခြေ ညာဘက်မှာ output pressure ပြတဲ့ mechanical gauge display အသေးလေး တစ်ခုရှိပါသေးတယ်။ ဒီ controller ရဲ့ output range က (0.2 - 1) bar ဖြစ်ပါတယ်။လက်ရှိ output value က min ဖြစ်တဲ့ 0.2 bar ပြနေပါတယ်။ Set value နဲ့ current value က ညီနေတာကိုး။ Set value ကို အနီရောင် knob လေးလှည့်ပြီး ပြောင်းပေးတော့ current value နဲ့ ကွာလာတာနဲ့ အမျှ output pressure တစ်ဖြည်းဖြည်းတက်လာပါတယ်။ နောက်ဆုံး max ဖြစ်တဲ့ 1 bar အထိရောက်ပါတယ်။ Controller မှာပါတဲ့ P, I, D တန်ဖိုးတွေကို set လုပ်ထားတဲ့ knob ၃ ခုက တန်ဖိုးတွေကိုကြည့်တော့လည်း manual ထဲက recommended value တွနဲ့ တူပါတယ်။ ခုအနေအထားအရ controller က ကောင်းနေတဲ့ သဘောပါ။ (0.2 - 1) bar output လည်းထွက်နေတာဘဲ။ ဒါဆိုယင် positioner နဲ့ valve assembly ဘက်ကဘဲ ဖြစ်နိုင်တာပေါ့။ အဲဒါနဲ့ valve ဆီကိုသွားကြည့်ပါတယ်။ ဒီ positioner က pneumatic နဲ့ဘဲ လုပ်တာပါ။ Electrical positioner တွေမှာဆိုယင် input က (4-20)mA သုံးပြီး valve အကျဉ်းအကျယ် ဖွင့်ပေးတာပါ။ ဒီမှာတော့ pneumatic control ဆိုတော့ input value က ( 0.2 - 1) bar ဖြစ်ပါတယ်။ အဲဒီ pressure တန်ဖိုးအရ valve ကို အကျဉ်းအကျယ် ဖွင့်ပေးမှာပါ။ ဒီတော့ controller ကထုတ်ပေးလိုက်တဲ့ (0.2 - 1) bar က positioner ဆီရောက်မရောက်ကြည့်ပါတယ်။ Positioner မှာ pressure gauge အသေးလေး ၃ ခုရှိပါတယ်။ ပထမတစ်ခုက input signal pressure ပါ။ နောက်ဆုံးတစ်ခုက Compressed air source ရဲ့ pressure ပါ။ အလယ်တစ်ခုက output pressure တန်ဖိုးပါ။ Controller ကနေ set value ပြောင်းပြီး controller output pressure ကို ကစားကြည့်တော့ positioner ရဲ့ ပထမဆုံး gauge မှာ (0.2 - 1)bar လိုက်ပြောင်းပါတယ်။ ဒါဆို signal pressure လည်း positioner အထိ ရောက်တယ်။ လမ်းမှာ ယိုတာ၊ ပိတ်တာ မရှိဘူးပေါ့။ Valve ကိုကြည့်တော့ သူတို့ manually လှည့်ပြီး ပိတ်ထားတော့ မရွေ့ဘူးပေါ့။ စက်-၂ ကို ပြောပြီး ဖွင့်လိုက်ပါတယ်။ နောက်ပြီး controller ကနေ signal ပေးပြီး ကစားကြည့်တော့ ရွေ့ပါတယ်။ ဒါပေမဲ့ max signal ဖြစ်တဲ့ 1 bar ပေးတော့ fully close မဖြစ်ဘဲ တစ်ဝက်ဘဲပိတ်ပါတယ်။ 0.2 bar မှာတော့ အပြည့် ပွင့်ပါတယ်။ 
Valve ကရွေ့တယ်ဆိုတော့ jam မဖြစ်လောက်ဘူး။ ဘာလို့ တစ်ဝက်ဘဲရွေ့တာလဲ။ Actuator diaphragm မကောင်းတာလား၊ pressure မလုံလောက်လို့လား ကြည့်ရပါမယ်။ Name plate ကိုကြည့်တော့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို့ ရေးထားပါတယ်။ Air supply က 2.6 bar တောင်ရှိတယ် ဆိုတော့ လုံလောက်ပါတယ်။ Name plate က range ကို ယှဉ်ကြည့်တော့ output pressure က input ရဲ့ ၂ ဆရှိရမှာပါ။ ပြန်စမ်းပြီး output pressure gauge ကို ကြည့်ထားတော့ input 0.4 bar မှာ output 0.6 bar လောက်ဘဲရှိပါတယ်။ Max မှာတောင်မှ 1.4 bar လောက်ဘဲ output ထွက်နေတာ တွေ့ရပါတယ်။ တစ်ကယ်ဆို 2 bar ရှိရမှာပါ။ ဒါဆို positioner ပြဿနာပေါ့။ နောက်မှ positioner ထဲက pneumatic lead relay တစ်ခု spare ရှိတာနဲ့ လဲကြည့်တော့ output pressure အပြည့်ထွက်လာပါတယ်။ Valve ကလည်း အစအဆုံး အလုပ်လုပ်သွားပါတယ်။ Temperature Set value ပြောင်းတဲ့အတိုင်း current value ကို မှန်မှန်ကန်ကန် control လုပ်နိုင် သွားပါပြီ။
ပြောရယင်တော့ wire တစ်စမှ မကိုင်လိုက်ရတဲ့ control အလုပ်တစ်ခုပေါ့ဗျာ။

No comments:

Post a Comment