Wednesday 6 September 2017

Tank Gauging (၄) - Cargo Tank Level Calibration


[Zawgyi]
Tanker တစ္စီးရဲ႕ Cargo Tank ေတြကို Calibrate လုပ္ေပးရပါတယ္။ Tokyo Keiso ရဲ႕ float type level sensor ေတြပါ။ Cargo tank ၈ ခု နဲ႔ Slop tank ႏွစ္ခု အတြက္ စစ္ၿပီး calibrate လုပ္ေပးရတာပါ။ ထုံးစံအတိုင္း Cargo tank ဆိုေတာ့ Level, Temperature, Vapor pressure သုံးမ်ဳိးလုံး တစ္တြဲထဲ ပါေနပါတယ္။ CCR console မွာ display လည္းျပပါတယ္။ ေနာက္ၿပီး L, H, HH alarm ေတြကို display တန္ဖိုးကေန set point အလိုက္ output ထုတ္ေပးပါတယ္။
 ဒီသေဘၤာမွာ level ကုိ Ullage အေနနဲ႔ တုိင္းတာဆုိေတာ့ level နိမ့္ယင္ တန္ဖုိးျမင့္ပါတယ္။ ၾကံဳလုိ႔ ေျပာရယင္ level တုိင္းတာႏွစ္မ်ဳိးရွိပါတယ္။ Innage နဲ႔ Ullage (Outage) လုိ႔ေခၚပါတယ္။ Innage ဆုိတာက zero ကုိ tank အေျခကစတာပါ။ Liquid Level ျမင့္ယင္ တန္ဖုိးျမင့္တာေပါ့။ Ullage ဆုိတာကေတာ့ zero ကုိ tank ထိပ္ကစတာပါ။ Liquid Level ျမင့္ယင္ တန္ဖုိး နိမ့္ပါတယ္။
Tank တစ္ခုစီရဲ႕ အေပၚမွာ LCD နဲ႔ local display လည္း ျပပါတယ္။ ဒီ system မွာ ထူးျခားတာက Tank top မွာရွိတဲ့ local display နဲ႔ control unit ကို CCR က control panel ရဲ႕ zener barrier မွာ ႀကိဳး ၂ ေခ်ာင္းဘဲဆက္ထားပါတယ္။ တိုင္းၾကည့္ေတာ့ 24VDC ပါ။ တစ္ျခားစံနစ္ အမ်ားစုမွာဆိုယင္ local control အတြက္ 24VDC power supply ႏွစ္ေခ်ာင္းနဲ႔ Serial communication ႀကိဳး ႏွစ္ေခ်ာင္း အနည္းဆုံးႀကိဳး ၄ ေခ်ာင္းေတာ့ သုံးပါတယ္။ ဒီမွာေတာ့ power supply နဲ႔ serial communication ကို တစ္စုံထဲနဲ႔ ရေအာင္ သုံးထားတာပါ။ အဲဒီ တစ္စုံထဲက Level, pressure နဲ႔ temperature ၃ ခု အားလုံးေပါင္း data ၅ ခု ပို႔ေပးပါတယ္။
Local control board ကေနမွ pressure sensor အတြက္ ႀကိဳး ၂ ေခ်ာင္း၊ temperature sensor ၃ ခု အတြက္ ႀကိဳး ၄ ေခ်ာင္း ( 1 common + 3 sensors) နဲ႔ level အတြက္ ႀကိဳး ၃ ေခ်ာင္း ထုတ္ေပးထားပါတယ္။ Control pcb ေပၚမွာ LCD တစ္ခု ရွိၿပီး Selector knob တစ္ခုနဲ႔ လိုခ်င္တဲ့ display ကို ေျပာင္းၾကည့္လို႔ရပါတယ္။
Level sensing အေနနဲ႔ tank top ကေန ေအာက္ေျခအထိ ပိုက္ထဲမွာ reed switch ေတြနဲ႔ resistor series အတန္းလိုက္ ထည့္ထားပါတယ္။ Tank ထဲက liquid level အလိုက္ float ball ေရာက္တဲ့ေနရာမွာ float ball မွာရွိတဲ့ magnet ေၾကာင့္ reed switch က ကပ္သြားတဲ့အတြက္ resistance တန္ဖိုး ေျပာင္းသြားပါမယ္။ အဲဒီ resistance တန္ဖိုးကေန level ကို တြက္ထုတ္တာပါ။ အဲဒီ reed switch အတြဲႀကီးနဲ႔အတူ bottom, middle, top temperature sensor သုံးခုပါ ေပါင္းၿပီး flexible tube ထဲမွာထည့္၊ ၿပီးမွ float ball ရွိတဲ့ သံပိုက္ထဲမွာ ထည့္ထားတာပါ။ Level ဒါမွမဟုတ္ temperature sensor တစ္ခုခု မေကာင္းယင္ flexible tube ႀကီးကို ဆြဲထုတ္ရမွာပါ။ အရမ္း ဂ႐ုစိုက္ရပါတယ္။ အထဲက reed switch ေလးေတြက ဖန္နဲ႔ လုပ္ထားတာဆိုေတာ့ ကြဲလြယ္တာမို႔ flexible tube ကို သိပ္ေကြးလို႔ မရပါဘူး။ 18 m ေလာက္အရွည္ႀကီးကို လူအင္အားသုံးၿပီး ဂ႐ုတစိုက္ ကိုင္တြယ္ရပါတယ္။ တစ္ခ်ဳိ႕ system မွာ reed switch အစား Hall effect sensor ေတြကို သုံးတာလည္း ရွိပါတယ္။
Calibration လုပ္မယ္ဆိုေတာ့ tank ထဲကိုဆင္းၿပီး float ball ကို ႀကိဳးတစ္ခုနဲ႔ ခ်ီရပါတယ္။ ၿပီးမွ အေပၚကေန ဆြဲတင္ရပါတယ္။ ဆြဲလိုက္တဲ့ ႀကိဳးအရွည္ကို တိုင္းၾကည့္ၿပီး 1m, 2m စသျဖင့္ level တန္ဖိုး အတူလိုက္ေျပာင္းသလား စစ္ရပါတယ္။ Local display ကို တစ္ေယာက္ဖတ္ၿပီး၊ CCR ထဲက console မွာရွိတဲ့ display တန္ဖိုးကို တစ္ေယာက္က ၾကည့္ထားေပးရပါတယ္။ တစ္ကယ့္ level တန္ဖိုးနဲ႔ display မတူယင္ control card ေပၚက preset ေတြနဲ႔ ညိႇေပးလို႔ရပါတယ္။ ေနာက္ၿပီး Low level, high level alarm ေတြ CCR မွာထြက္သလား ၾကည့္ရပါတယ္။ အဲဒီလို calibrate လုပ္လိုက္ေတာ့ tank တစ္ခုကလြဲယင္ က်န္တာေတြ အဆင္ေျပသြားပါတယ္။ အဲဒီ tank ရဲ႕ local control card ထည့္တဲ့ enclosure က ေရမလုံေတာ့ ေရဝင္ၿပီး pcb ပ်က္ေနပါတယ္။ အေရးမႀကီးတဲ့ slop tank က card နဲ႔ လဲထည့္ၿပီး calibrate လုပ္ေပးလိုက္ပါတယ္။ Slop tank အတြက္ Pcb ကိုေတာ့ အသစ္မွာဖို႔ ေျပာခဲ့ပါတယ္။ 
က်န္တာေတာ့ ေထြေထြထူးထူး မရွိေတာ့ပါဘူး။

[Unicode]
Tanker တစ်စီးရဲ့ Cargo Tank တွေကို Calibrate လုပ်ပေးရပါတယ်။ Tokyo Keiso ရဲ့ float type level sensor တွေပါ။ Cargo tank ၈ ခု နဲ့ Slop tank နှစ်ခု အတွက် စစ်ပြီး calibrate လုပ်ပေးရတာပါ။ ထုံးစံအတိုင်း Cargo tank ဆိုတော့ Level, Temperature, Vapor pressure သုံးမျိုးလုံး တစ်တွဲထဲ ပါနေပါတယ်။ CCR console မှာ display လည်းပြပါတယ်။ နောက်ပြီး L, H, HH alarm တွေကို display တန်ဖိုးကနေ set point အလိုက် output ထုတ်ပေးပါတယ်။ 
ဒီသင်္ဘောမှာ level ကို Ullage အနေနဲ့ တိုင်းတာဆိုတော့ level နိမ့်ယင် တန်ဖိုးမြင့်ပါတယ်။ ကြုံလို့ ပြောရယင် level တိုင်းတာနှစ်မျိုးရှိပါတယ်။ Innage နဲ့ Ullage (Outage) လို့ခေါ်ပါတယ်။ Innage ဆိုတာက zero ကို tank အခြေကစတာပါ။ Liquid Level မြင့်ယင် တန်ဖိုးမြင့်တာပေါ့။ Ullage ဆိုတာကတော့ zero ကို tank ထိပ်ကစတာပါ။ Liquid Level မြင့်ယင် တန်ဖိုး နိမ့်ပါတယ်
Tank တစ်ခုစီရဲ့ အပေါ်မှာ LCD နဲ့ local display လည်း ပြပါတယ်။ ဒီ system မှာ ထူးခြားတာက Tank top မှာရှိတဲ့ local display နဲ့ control unit ကို CCR က control panel ရဲ့ zener barrier မှာ ကြိုး ၂ ချောင်းဘဲဆက်ထားပါတယ်။ တိုင်းကြည့်တော့ 24VDC ပါ။ တစ်ခြားစံနစ် အများစုမှာဆိုယင် local control အတွက် 24VDC power supply နှစ်ချောင်းနဲ့ Serial communication ကြိုး နှစ်ချောင်း အနည်းဆုံးကြိုး ၄ ချောင်းတော့ သုံးပါတယ်။ ဒီမှာတော့ power supply နဲ့ serial communication ကို တစ်စုံထဲနဲ့ ရအောင် သုံးထားတာပါ။ အဲဒီ တစ်စုံထဲက Level, pressure နဲ့ temperature ၃ ခု အားလုံးပေါင်း data ၅ ခု ပို့ပေးပါတယ်။ 
Local control board ကနေမှ pressure sensor အတွက် ကြိုး ၂ ချောင်း၊ temperature sensor ၃ ခု အတွက် ကြိုး ၄ ချောင်း ( 1 common + 3 sensors) နဲ့ level အတွက် ကြိုး ၃ ချောင်း ထုတ်ပေးထားပါတယ်။ Control pcb ပေါ်မှာ LCD တစ်ခု ရှိပြီး Selector knob တစ်ခုနဲ့ လိုချင်တဲ့ display ကို ပြောင်းကြည့်လို့ရပါတယ်။
Level sensing အနေနဲ့ tank top ကနေ အောက်ခြေအထိ ပိုက်ထဲမှာ reed switch တွေနဲ့ resistor series အတန်းလိုက် ထည့်ထားပါတယ်။ Tank ထဲက liquid level အလိုက် float ball ရောက်တဲ့နေရာမှာ float ball မှာရှိတဲ့ magnet ကြောင့် reed switch က ကပ်သွားတဲ့အတွက် resistance တန်ဖိုး ပြောင်းသွားပါမယ်။ အဲဒီ resistance တန်ဖိုးကနေ level ကို တွက်ထုတ်တာပါ။ အဲဒီ reed switch အတွဲကြီးနဲ့အတူ bottom, middle, top temperature sensor သုံးခုပါ ပေါင်းပြီး flexible tube ထဲမှာထည့်၊ ပြီးမှ float ball ရှိတဲ့ သံပိုက်ထဲမှာ ထည့်ထားတာပါ။ Level ဒါမှမဟုတ် temperature sensor တစ်ခုခု မကောင်းယင် flexible tube ကြီးကို ဆွဲထုတ်ရမှာပါ။ အရမ်း ဂရုစိုက်ရပါတယ်။ အထဲက reed switch လေးတွေက ဖန်နဲ့ လုပ်ထားတာဆိုတော့ ကွဲလွယ်တာမို့ flexible tube ကို သိပ်ကွေးလို့ မရပါဘူး။ 18 m လောက်အရှည်ကြီးကို လူအင်အားသုံးပြီး ဂရုတစိုက် ကိုင်တွယ်ရပါတယ်။ တစ်ချို့ system မှာ reed switch အစား Hall effect sensor တွေကို သုံးတာလည်း ရှိပါတယ်။
Calibration လုပ်မယ်ဆိုတော့ tank ထဲကိုဆင်းပြီး float ball ကို ကြိုးတစ်ခုနဲ့ ချီရပါတယ်။ ပြီးမှ အပေါ်ကနေ ဆွဲတင်ရပါတယ်။ ဆွဲလိုက်တဲ့ ကြိုးအရှည်ကို တိုင်းကြည့်ပြီး 1m, 2m စသဖြင့် level တန်ဖိုး အတူလိုက်ပြောင်းသလား စစ်ရပါတယ်။ Local display ကို တစ်ယောက်ဖတ်ပြီး၊ CCR ထဲက console မှာရှိတဲ့ display တန်ဖိုးကို တစ်ယောက်က ကြည့်ထားပေးရပါတယ်။ တစ်ကယ့် level တန်ဖိုးနဲ့ display မတူယင် control card ပေါ်က preset တွေနဲ့ ညှိပေးလို့ရပါတယ်။ နောက်ပြီး Low level, high level alarm တွေ CCR မှာထွက်သလား ကြည့်ရပါတယ်။ အဲဒီလို calibrate လုပ်လိုက်တော့ tank တစ်ခုကလွဲယင် ကျန်တာတွေ အဆင်ပြေသွားပါတယ်။ အဲဒီ tank ရဲ့ local control card ထည့်တဲ့ enclosure က ရေမလုံတော့ ရေဝင်ပြီး pcb ပျက်နေပါတယ်။ အရေးမကြီးတဲ့ slop tank က card နဲ့ လဲထည့်ပြီး calibrate လုပ်ပေးလိုက်ပါတယ်။ Slop tank အတွက် Pcb ကိုတော့ အသစ်မှာဖို့ ပြောခဲ့ပါတယ်။ 
ကျန်တာတော့ ထွေထွေထူးထူး မရှိတော့ပါဘူး။

No comments:

Post a Comment