Monday 18 September 2017

Windlass / Winch (၂) - Not turning



[Zawgyi]
Bulk carrier တစ္စီး Anchorage ကထြက္ကာနီးမွ ေက်ာက္ဆူးတင္လို႔ မရလို႔ အေရးေပၚေခၚတာနဲ႔ သြားလုပ္ခဲ့ရတာပါ။ သေဘၤာေပၚေရာက္ေတာ့ ဖိလစ္ပိုင္ ဓာတ္ႀကိဳးက fore castle ကိုေခၚသြားၿပီး လိုက္ျပပါတယ္။ Winch ၂ ခုရွိတာမွာ Starboard ဘက္က အလုပ္လုပ္ၿပီး၊ Port ဘက္က winch က မလည္ဘူးေျပာပါတယ္။

Control cabinet ကိုဖြင့္ၾကည့္ေတာ့ inverter ၂ ခုေတြ႕ပါတယ္။ ဒါဆို electric motor နဲ႔ ေမာင္းတဲ့ winch ေပါ့။ Hydraulic အမ်ဳိးအစားမဟုတ္ပါဘူး။ Winch ေနရာကို သြားၾကည့္ေတာ့ break ပါတဲ့ electric motor တစ္လုံးစီေတြ႕ပါတယ္။ Port ဘက္က shaft ကို drum နဲ႔မတြဲေအာင္ျဖဳတ္ထားပါတယ္။ No load နဲ႔ စမ္းၾကည့္ၾကပါတယ္။ စတဲ့အခ်ိန္မွာ break ကြာသြားတဲ့ အသံၾကားရပါတယ္။ Shaft ကေတာ့ မလည္ပါဘူး။ Starboard ဘက္က winch ကိုစမ္းေတာ့ လည္ပါတယ္။ Drum နဲ႔ တစ္တြဲထဲကို ေအးေအးေဆးေဆး လည္ပါတယ္။ ဓာတ္ႀကိဳးက inverter ကို ျဖဳတ္ၿပီး Starboard ဘက္နဲ႔ လဲထားတယ္ေျပာပါတယ္။ ဆိုလိုတာက မလဲခင္ေရာ လဲၿပီးေရာ မေကာင္းဘူးဆိုတဲ့ သေဘာေပါ့။ ဒါနဲ႔ Drawing ဖတ္ၿပီး control panel မွာ အျပစ္ရွာၾကပါတယ္။ အဝင္ voltage တိုင္းေတာ့ 440V ပါ။ အထြက္ motor coil တိုင္းၾကည့္ေတာ့ လည္း 3 phase လုံးမွာ 0.3 ohm နဲ႔ ညီေနတာ ေတြ႕ပါတယ္။ Stbd ဘက္က motor နဲ႔ ယွဥ္ၾကည့္ေတာ့လည္း တူပါတယ္။ ဒီေတာ့ motor coil ေကာင္းတယ္ေပါ့။ စၿပီး run တဲ့ အခ်ိန္မွာ brake ဆြဲသံၾကားရေတာ့ brake coil ေကာင္းတယ္လို႔ ယူဆပါတယ္။ 
ေနာက္တစ္ခါ ထပ္စမ္းပါတယ္။ ေကာင္းတဲ့ Stbd ဘက္နဲ႔ ယွဥ္ၾကည့္ပါတယ္။ Inverter မွာရွိတဲ့ display က output တန္ဖိုးေတြက speed အတင္အခ် အလိုက္ ေျပာင္းေနတာ ေတြ႕ရပါတယ္။ ၂ ဘက္စလုံး သိပ္မကြာပါဘူး။ ဒါေပမဲ့ Magnetic Contactor (MC) အထြက္မွာ တိုင္းၾကည့္ေတာ့ ေကာင္းတဲ့ ဘက္က 450V ေလာက္ထြက္ပါတယ္။ Frequency က 150Hz ေလာက္ထိတက္ပါတယ္။ မေကာင္းတဲ့ PS ဘက္မွာေတာ့ 100 V ေလာက္ဘဲထြက္ၿပီး Freq က 500 Hz လာက္ထိ တက္ေနပါတယ္။ တစ္ခုခုေတာ့ လြဲေနပါၿပီ။ ဓာတ္ႀကိဳးရဲ႕ အေျပာအရ inverter လည္း လဲထားၿပီးသားလို႔ေျပာပါတယ္။ ဒါေပမဲ့ ေသခ်ာေအာင္ စမ္းၾကည့္ပါဦးမယ္။
Drawing အရ inverter ၂ ခုရဲ႕ အထြက္မွာ MC ၄ လုံးရွိပါတယ္။ Inv 1 အထြက္မွာ ၂ လုံး၊ inv 2 အထြက္မွာ ၂ လုံးပါ။ တစ္ခါ အဲဒီ MC ၂ ခုစီရဲ႕ အထြက္ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ႔ တစ္ခုစီ ဆက္ထားျပန္ပါတယ္။ ဆိုလိုတာက inverter တစ္ခုစီက PS ေရာ Stbd က motor ကိုပါ တစ္ခုစီေမာင္းလို႔ရပါတယ္။ MC ေရြးတဲ့အေပၚမူတည္ၿပီး ေမာင္းတာေပါ့။ အဲဒီ MC ေရြးတာကလည္း PS / Stbd အဝင္ power နဲ႔ winch operation console active ျဖစ္တဲ့ အေပၚမွာ မူတည္ပါတယ္။ ဒီေတာ့ power အဝင္ breaker အဖြင့္၊ အပိတ္လုပ္ၿပီး PS / Stbd ေရြးၿပီး ထပ္စမ္းပါတယ္။ Inverter 1 ကို သုံးၿပီး motor တစ္ခုစီကို ေမာင္းၾကည့္ပါတယ္။ ေနာက္ၿပီး inverter 2 ကို သုံးၿပီး motor တစ္လုံးစီကို ေမာင္းၾကည့္ပါတယ္။ ရလာဒ္က အတူတူပါဘဲ။ ျပႆနာက PS motor ဘက္ကဘဲ ျဖစ္ေနတာပါ။ ဒါဆို inverter ေၾကာင့္ မဟုတ္တာ ေသခ်ာသြားပါၿပီ။ ဘာက်န္ေသးလဲ။ ေနာက္တစ္ခု စဥ္းစားမိတာက drawing အရ winch ရဲ႕ speed ကို feedback ေပးတဲ့ encoder တစ္ခုစီ ရွိပါတယ္။ Encoder က မွန္မွန္ကန္ကန္ feedback မေပးယင္ inverter output ကိုမွန္မွန္ကန္ကန္ထြက္မွာမဟုတ္ပါဘူး။ Winch ဆီကိုသြားၿပီး motor brake ေနာက္ဖက္ တစ္ဆက္ထဲထြက္ေနတဲ့ shaft အဆုံးက frame အဖုံးဖြင့္ၾကည့္ေတာ့ encoder unit တစ္ခုေတြ႕ပါတယ္။

Terminal connection ကိုစစ္ၾကည့္ေတာ့လည္း ေခ်ာင္ေနျပဳတ္ေနတာ မေတြ႕ပါဘူး။ ဒါနဲ႔ Stbd ဘက္က encoder နဲ႔ ျဖဳတ္လဲၾကည့္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ ေကာင္းသြားပါၿပီ။ တစ္ခု သတိထားမိတာက PS encoder ရဲ႕ bracket က အထိုင္နဲ႔ နည္းနည္းေဝးေနေတာ့ bolt နဲ႔ ဆြဲၾကပ္ထားပါတယ္။ ဒီေတာ့ encoder အလယ္ bush နဲ႔ shaft ပြတ္ေနၿပီး wear off ျဖစ္တာ ျဖစ္ႏိုင္ပါတယ္။ အသစ္မွာဖို႔ အၾကံေပးခဲ့ၿပီး mounting bracket ကို ေသခ်ာ ျပန္ထိုင္ဖို႔ မွာခဲ့ပါတယ္။ 

[Unicode]
Bulk carrier တစ်စီး Anchorage ကထွက်ကာနီးမှ ကျောက်ဆူးတင်လို့ မရလို့ အရေးပေါ်ခေါ်တာနဲ့ သွားလုပ်ခဲ့ရတာပါ။ သင်္ဘောပေါ်ရောက်တော့ ဖိလစ်ပိုင် ဓာတ်ကြိုးက fore castle ကိုခေါ်သွားပြီး လိုက်ပြပါတယ်။ Winch ၂ ခုရှိတာမှာ Starboard ဘက်က အလုပ်လုပ်ပြီး၊ Port ဘက်က winch က မလည်ဘူးပြောပါတယ်။
Control cabinet ကိုဖွင့်ကြည့်တော့ inverter ၂ ခုတွေ့ပါတယ်။ ဒါဆို electric motor နဲ့ မောင်းတဲ့ winch ပေါ့။ Hydraulic အမျိုးအစားမဟုတ်ပါဘူး။ Winch နေရာကို သွားကြည့်တော့ break ပါတဲ့ electric motor တစ်လုံးစီတွေ့ပါတယ်။ Port ဘက်က shaft ကို drum နဲ့မတွဲအောင်ဖြုတ်ထားပါတယ်။ No load နဲ့ စမ်းကြည့်ကြပါတယ်။ စတဲ့အချိန်မှာ break ကွာသွားတဲ့ အသံကြားရပါတယ်။ Shaft ကတော့ မလည်ပါဘူး။ Starboard ဘက်က winch ကိုစမ်းတော့ လည်ပါတယ်။ Drum နဲ့ တစ်တွဲထဲကို အေးအေးဆေးဆေး လည်ပါတယ်။ ဓာတ်ကြိုးက inverter ကို ဖြုတ်ပြီး Starboard ဘက်နဲ့ လဲထားတယ်ပြောပါတယ်။ ဆိုလိုတာက မလဲခင်ရော လဲပြီးရော မကောင်းဘူးဆိုတဲ့ သဘောပေါ့။ ဒါနဲ့ Drawing ဖတ်ပြီး control panel မှာ အပြစ်ရှာကြပါတယ်။ အဝင် voltage တိုင်းတော့ 440V ပါ။ အထွက် motor coil တိုင်းကြည့်တော့ လည်း 3 phase လုံးမှာ 0.3 ohm နဲ့ ညီနေတာ တွေ့ပါတယ်။ Stbd ဘက်က motor နဲ့ ယှဉ်ကြည့်တော့လည်း တူပါတယ်။ ဒီတော့ motor coil ကောင်းတယ်ပေါ့။ စပြီး run တဲ့ အချိန်မှာ brake ဆွဲသံကြားရတော့ brake coil ကောင်းတယ်လို့ ယူဆပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းပါတယ်။ ကောင်းတဲ့ Stbd ဘက်နဲ့ ယှဉ်ကြည့်ပါတယ်။ Inverter မှာရှိတဲ့ display က output တန်ဖိုးတွေက speed အတင်အချ အလိုက် ပြောင်းနေတာ တွေ့ရပါတယ်။ ၂ ဘက်စလုံး သိပ်မကွာပါဘူး။ ဒါပေမဲ့ Magnetic Contactor (MC) အထွက်မှာ တိုင်းကြည့်တော့ ကောင်းတဲ့ ဘက်က 450V လောက်ထွက်ပါတယ်။ Frequency က 150Hz လောက်ထိတက်ပါတယ်။ မကောင်းတဲ့ PS ဘက်မှာတော့ 100 V လောက်ဘဲထွက်ပြီး Freq က 500 Hz လာက်ထိ တက်နေပါတယ်။ တစ်ခုခုတော့ လွဲနေပါပြီ။ ဓာတ်ကြိုးရဲ့ အပြောအရ inverter လည်း လဲထားပြီးသားလို့ပြောပါတယ်။ ဒါပေမဲ့ သေချာအောင် စမ်းကြည့်ပါဦးမယ်။ Drawing အရ inverter ၂ ခုရဲ့ အထွက်မှာ MC ၄ လုံးရှိပါတယ်။ Inv 1 အထွက်မှာ ၂ လုံး၊ inv 2 အထွက်မှာ ၂ လုံးပါ။ တစ်ခါ အဲဒီ MC ၂ ခုစီရဲ့ အထွက်ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ့ တစ်ခုစီ ဆက်ထားပြန်ပါတယ်။ ဆိုလိုတာက inverter တစ်ခုစီက PS ရော Stbd က motor ကိုပါ တစ်ခုစီမောင်းလို့ရပါတယ်။ MC ရွေးတဲ့အပေါ်မူတည်ပြီး မောင်းတာပေါ့။ အဲဒီ MC ရွေးတာကလည်း PS / Stbd အဝင် power နဲ့ winch operation console active ဖြစ်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီတော့ power အဝင် breaker အဖွင့်၊ အပိတ်လုပ်ပြီး PS / Stbd ရွေးပြီး ထပ်စမ်းပါတယ်။ Inverter 1 ကို သုံးပြီး motor တစ်ခုစီကို မောင်းကြည့်ပါတယ်။ နောက်ပြီး inverter 2 ကို သုံးပြီး motor တစ်လုံးစီကို မောင်းကြည့်ပါတယ်။ ရလာဒ်က အတူတူပါဘဲ။ ပြဿနာက PS motor ဘက်ကဘဲ ဖြစ်နေတာပါ။ ဒါဆို inverter ကြောင့် မဟုတ်တာ သေချာသွားပါပြီ။ ဘာကျန်သေးလဲ။ နောက်တစ်ခု စဉ်းစားမိတာက drawing အရ winch ရဲ့ speed ကို feedback ပေးတဲ့ encoder တစ်ခုစီ ရှိပါတယ်။ Encoder က မှန်မှန်ကန်ကန် feedback မပေးယင် inverter output ကိုမှန်မှန်ကန်ကန်ထွက်မှာမဟုတ်ပါဘူး။ Winch ဆီကိုသွားပြီး motor brake နောက်ဖက် တစ်ဆက်ထဲထွက်နေတဲ့ shaft အဆုံးက frame အဖုံးဖွင့်ကြည့်တော့ encoder unit တစ်ခုတွေ့ပါတယ်။ Terminal connection ကိုစစ်ကြည့်တော့လည်း ချောင်နေပြုတ်နေတာ မတွေ့ပါဘူး။ ဒါနဲ့ Stbd ဘက်က encoder နဲ့ ဖြုတ်လဲကြည့်ပါတယ်။ ပြန်စမ်းကြည့်တော့ ကောင်းသွားပါပြီ။ တစ်ခု သတိထားမိတာက PS encoder ရဲ့ bracket က အထိုင်နဲ့ နည်းနည်းဝေးနေတော့ bolt နဲ့ ဆွဲကြပ်ထားပါတယ်။ ဒီတော့ encoder အလယ် bush နဲ့ shaft ပွတ်နေပြီး wear off ဖြစ်တာ ဖြစ်နိုင်ပါတယ်။ အသစ်မှာဖို့ အကြံပေးခဲ့ပြီး mounting bracket ကို သေချာ ပြန်ထိုင်ဖို့ မှာခဲ့ပါတယ်။ 

No comments:

Post a Comment