သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ ကုန်းချုပ်က လိုက်ပြပါတယ်။ ဒီသင်္ဘောမှာ CCR အခန်း သက်သက်မရှိပါဘူး။ bridge ကနေ control လုပ်ပါတယ်။ Cargo pump တွေက Motor နဲ့ မောင်းတာပါ။ Tank တစ်ခု တစ်လုံးနဲ့ ၁၄ လုံးရှိပါတယ်။ Motor တွေကို Variable Frequency Drive(VFD) တွေနဲ့ မောင်းပါတယ်။ Siemen VFD ၁၄ ခုပေါ့။ VFD ကို Siemens က ဒီမှာ Frequency Converter (FC) လို့သုံးပါတယ်။ FC တွေကို bridge က Omron PLC နဲ့ ချိတ်ထားပြီး၊ PLC ကို SCADA computer နဲ့ control လုပ်တာပါ။ ပြဿနာက SCADA PC နဲ့ cargo pump တွေကို operate လုပ်လို့မရတာပါ။ Communication error ပြနေပါတယ်။
ကျွန်တော်တို့မတက်ခင် ယူကရေးနီးယန်း ETO လေး ကြိုးစား ထားပြီးပါပြီ။ မရတော့
Siemens regional support engineer ကို email နဲ့ အကူအညီတောင်းပြီး
ညွှန်ကြားတဲ့အတိုင်း ကြိုးစားထားပေမဲ့ မအောင်မြင်ပါဘူး။ bridge က remote
operate လုပ်မရတော့ FC panel မှာ locally operate
လုပ်ဖို့ကြိုးစားထားတာလည်း မရဘူး ပြောပါတယ်။
Software ပြဿနာဆိုယင် Maker တွေဘဲ ထိန်းချုပ်ထားတတ်ကြတော့ လုပ်ရမှာ
မျှော်လင့်ချက်သိပ်မရှိလှပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး
ကြိုးစားကြည့်ရမှာပေါ့။ ပထမ communication problem ဆိုတော့ အလွယ်ဆုံး
ကစပါတယ်။ သိတယ်မဟုတ်လား။ Reset ပေါ့။ SCADA PC, PLC တစ်ခုစီ reset
လုပ်ကြည့်ပါတယ်။ မရပါဘူး။
Engine Room ကိုဆင်း။ FC တွေမှာ ပေါ်နေတဲ့ Alarm တွေ လိုက်ကြည့်တော့
တစ်ချို့ FC တွေမှာ Alarm တစ်ခုမကရှိပြီး တစ်ချို့ကတော့ Alarm
တစ်ခုဘဲရှိပါတယ်။ အကုန်လုံးမှာ တူနေတာကတော့ Ext Error ဆိုတဲ့ Alarm ပါ။
Manual မှာ ပြန်ရှာကြည့်တော့၊ E-stop နဲ့ပါတ်သတ်နေပါတယ်။ Emergency stop
button တွေကို series ချိတ်ပြီး external input အနေနဲ့ ဝင်ထားပါတယ်။
တိုင်းကြည့်တော့ open ဖြစ်နေပါတယ်။ E-Stop တွေက အများကြီးဆိုတော့
လောလောဆယ် bypass လုပ်ပြီး စမ်းကြည့်ပါမယ်။ နောက်မှ ပြန်ရှာရမှာပေါ့။
bypass ကြိုးခွဆက် FC တွေလိုက် reset လုပ်တော့၊ Ext Error
တွေမရှိတော့ပါဘူး။ Bridge မှာ တစ်ခေါက်ပြန်စမ်း တော့လည်း အဆင်မပြေသေးပါဘူး။ ဒီတော့ remote မရယင်နေ Local run လို့ရအောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
FC တစ်လုံးဆီရဲ့ တံခါးမှာ portable user interface unit လေးတွေရှိပါတယ်။
Alarm message နဲ့ status ကိုပြပါတယ်။ parameter တွေ ပြင်တော့လည်း
အဲဒီမှာဘဲပြောင်းရတာပေါ့။ Siemens ကပို့ထားတဲ့ Local run ဖို့ procedure
အတိုင်း လိုက်လုပ်ကြည့်ပါတယ်။ အဲဒီမှာ input parameter တွေ
ပြောင်းထည့်ရပါတယ်။ အဲဒီလိုပြောင်းပြီးယင် remote ပြန် run ယင်
ပြဿနာရှိမယ်လို့ ရေးထားပါတယ်။ မတတ်နိုင်ဘူး ပြောင်းထည့်ပြီး စမ်းပါတယ်။
မရသေးပါဘူး။ Manual စာအုပ်ထူကြီး ၃ အုပ်ကို အပြန်ပြန် အလှန်လှန်ဖတ်၊
ဖြစ်နိုင်ခြေရှိတဲ့ parameter ကို ပြောင်းကြည့်၊ ပြင်ကြည့်
အမျိုးမျိုးလုပ်ကြည့်တာလည်း မရပါဘူး။ နှစ်ရက်နီးပါး ကြိုးစားပြီးတော့
စိတ်ဓာတ်နည်းနည်း ကျလာပါတယ်။ ခေါင်းလည်းပူနေပြီ။ Red Sea ထဲ တော်တော်လေး
ဝင်လာမိပြီဆိုတော့ pirate သိပ်မစိုးရိမ်ရလို့ သေနတ်ကိုင် လုံခြုံရေး ၃
ယောက်တောင် ပြန်ဆင်းသွားပြီ။ Sudan က သိပ်မဝေးတော့ဘူး ထင်တယ်။ ပြဿနာက
မပြေလည်သေးဘူး။
လေကောင်းလေသန့်လေး ထွက်ရှူ၊ စိတ်ကိုရှင်းရှင်းထာပြီး
ပြန်သုံးသပ်ကြည့်ပါတယ်။ ပြဿနာက FC တွေ အားလုံးမှာဖြစ်တာ်ဆိုတော့၊ SCADA PC
ကြောင့်လား၊ PLC ကြောင့်လား၊ FC တွေထဲက parameters တွေကြောင့်လား
တစ်ခုခုဘဲ။ FC hardware အကုန်ပျက်တာတော့ မဖြစ်နိုင်ဘူး။ PC နဲ့ PLC ဆိုယင်
Maker software နဲ့ဘဲ diagnostics လုပ်လို့ရမယ်။ ကိုယ်လုပ်နိုင်တာ တစ်ခုဘဲ
ကျန်တော့တယ်။ FC ရဲ့ parameter တွေ original အတိုင်း ပြန်ရယင်
အဖြေတစ်ခုသိရမယ်ပေါ့။
ဒီတော့ Manual ကျမ်းစာ ၃ အုပ်ကို ပြန်မွှေရပါတယ်။ အဲဒီမှာ တစ်ခုသွားတွေ့တာက
parameter တွေကို set တစ်ခုအဖြစ် file နံမည်တစ်ခု နဲ့ backup save
လုပ်လို့ရတယ်။
portable UI unit လေးနဲ့ ကူးလို့ရတယ်လို့လည်း ပြောပါတယ်။ Original
parameters တွေ back up သိမ်းထားတာ ရှိလားလို့ရှာကြည့်ပါတယ်။ FC ၄-၅
လုံးမှာ မူရင်း parameter set လို့ယူဆရတဲ့ back up parameter set
တွေ့ရပါတယ်။ save လုပ်ထားတဲ့ ခုနှစ် အရ ခန့်မှန်းကြည့်တာပါ။ အဲဒီထဲက
တစ်လုံးကို စမ်းပြီး restore parameter လုပ်ကြည့်ပါတယ်။ bridge
မှာကြည့်တော့ communication ရပါတယ်။ Operate လုပ်ကြည့်တော့ အဆင်ပြေတယ်။
ကျွန်တော်တို့လည်း ပျော်သွားတယ်။ တစ်လုံးပြီးတစ်လုံး ကူးထည့်၊ address
မှန်အောင်ပြောင်းပေးတော့ တော်တော်များများ အဆင်ပြေသွားပါတယ်။ FC ၂ လုံး
ကတော့ fault ဆက်ရှိနေသေးပါတယ်။ ဒါလည်း တစ်ခုကို communication module လဲ၊
နောက်တစ်ခုကို CPU board လဲပေးတော့ ကောင်းသွားပါတယ်။
ဒီတော့မှ bypass လုပ်ခဲ့တဲ့ E-stop open ဖြစ်နေတာ ပြန်လိုက်ရှာကြည့်တော့
Main Deck Starboard က ခလုတ်ပျက်နေတာတွေ့ရပါတယ်။ spare မရှိလို့
ယာယီဆက်ပေးခဲ့ပြီး နောက်မှ လဲဖို့ ETO လေး ကို မှာခဲ့ပါတယ်။
အကုန်စမ်းပြတော့ အားလုံး အဆင်ပြေပါတယ်။ နောက်နေ့ သင်္ဘော Sudan ရောက်မှာလေ။
အချိန်မီ cargo ချဖို့ အဆင်ပြေသွားပြီဆိုတော့ စက်ချုပ်နဲ့ ကုန်းချုပ်လည်း
ကျေနပ်သွားပါတယ်။
ပြန်ခြုံကြည့်ရယင် တစ်ကယ့် ပြဿနာက E-stop မကောင်းတာရယ်၊ FC နှစ်ခုက module တစ်ခုစီမကောင်းတာရယ် ရောသွားပြီး အဖြေမရှာနိုင်တော့ ETO လေးက parameter တွေ လျှောက်မွှေယင်း local run ဖို့ ကြိုးစားယင်း ရှုပ်ထွေးကုန်တာလို့ ယူဆရပါတယ်။
ခေါင်းအေးအေးထားပြီး Trouble-shoot လုပ်သင့်တယ်ဆိုတာ ပြောပြတာပါ။
ပြန်ခြုံကြည့်ရယင် တစ်ကယ့် ပြဿနာက E-stop မကောင်းတာရယ်၊ FC နှစ်ခုက module တစ်ခုစီမကောင်းတာရယ် ရောသွားပြီး အဖြေမရှာနိုင်တော့ ETO လေးက parameter တွေ လျှောက်မွှေယင်း local run ဖို့ ကြိုးစားယင်း ရှုပ်ထွေးကုန်တာလို့ ယူဆရပါတယ်။
ခေါင်းအေးအေးထားပြီး Trouble-shoot လုပ်သင့်တယ်ဆိုတာ ပြောပြတာပါ။





No comments:
Post a Comment