Sunday 30 April 2017

Tank Gauging (၁) - Cargo Tank Calibration

[zawgyi]

LNG သေဘၤာတစ္စီးကို Cargo Tank level, Pressure နဲ႔ Temperature calibration လုပ္ေပးဖို႔ သြားခဲ့ရပါတယ္။ Tank (၆)ခုရွိပါတယ္။ Dock ထဲမွာ ျဖစ္ၿပီး tank ထဲမွာ ဘာ cargo မွမရွိပါဘူး။ 
Level တိုင္းတဲ့စံနစ္က float ball type ပါ။ ဒါေပမဲ့ serial resistors တို႔ Hall effect sensor တို႔ သုံးတာမဟုတ္ဘူး။ tank အေပၚကဘဲ float နဲ႔ ဆက္ထားတဲ့ သံပတ္ႀကိဳး ရစ္လုံး လည္တာကို encoder နဲ႔ ျပန္တြက္ေပးတာပါ။ float တက္လာယင္ သံပတ္ႀကိဳးက spring နဲ႔ ျပန္ရစ္ၿပီး pinion ကို လည္ေစပါတယ္။ ေနာက္တစ္ခုက လက္ကိုင္ lever လွည့္ျပီး float ကို manually ဆြဲတင္လို႔လည္းရပါတယ္။ အဲဒီ လက္ကိုင္နားမွာဘဲ level ကို ျပေနတဲ့ mechanical counter ေလးလည္း ရွိပါတယ္။ ေနာက္တစ္ခုက encoder output signal ကို CCR မွာ digital display နဲ႔ ျပပါတယ္။ 
Level calibration ဆိုေတာ့ တစ္ကယ့္ level ရယ္ Mechanical counter display ရယ္ CCR က digital display ရယ္ ညီေအာင္ လုပ္ေပးရတာပါ။ Tank တစ္ခုစီရဲ႕ အနိမ့္ဆုံး က float ရဲ႕ footing ေၾကာင့္ 10 mm ေလာက္ ရွိပါတယ္။ အျမင့္ဆုံး ကလည္း glass window မွာ မွတ္ထားတဲ့ အမွတ္ရွိပါတယ္။ float ကို အျမင့္ဆုံး ဆြဲတင္ယင္ window မွာ ျမင္ေနရပါတယ္။
Tank တစ္ခုခ်င္း အျမင့္ဆုံးနဲ႔ အနိမ့္ဆုံး position မွာ counter value နဲ႔ display value ေတြ စာရင္း လုပ္လိုက္ေတာ့ အမွား ၃ ခုေတြ႕ပါတယ္။ 
၁) Tank တစ္ခုက counter မွန္ၿပီး အနိမ့္ဆုံးေနရာမွာ display မွာ error ျပေနပါတယ္။ float ကို ဆြဲတင္ေတာ့မွ တန္ဖိုးေတြျပပါတယ္။ ဒါေပမဲ့ display တန္ဖိုးေတြက နည္းေနတယ္။ အနိမ့္ဆုံး မွာ တန္ဖိုးက 0 ထက္နည္းေနလို႔ error ျပတာျဖစ္ႏိုင္ပါတယ္။ သံပတ္ႀကိဳး ရစ္လုံးနဲ႔ encoder ဝင္႐ိုးကို lock လုပ္တဲ့ screw ႏွစ္လုံးကိုေလွ်ာ့၊ ဝင္႐ိုးကို အသာလွည့္ၿပီး အနီးစပ္ဆုံး ညွိပါတယ္။ တန္ဖိုး အနီးဆုံးရေတာ့မွ ျပန္ lock လုပ္ၿပီး Encoder card ေပၚက dip switch ေလးေတြနဲ႔ အေသးစိတ္ညွိပါတယ္။ ညီတဲ့အထိေပါ့။ အားလုံးညီသြားေတာ့ အနိမ့္ဆုံးေနရာမွာ error မျပေတာ့ဘူး။ 10 cm ျပပါတယ္။



၂) ေနာက္ tank တစ္ခုမွာ counter ေရာ display ပါ လြဲေနပါတယ္။ ပထမ counter ကို အယင္ညွိပါတယ္။ လက္ကိုင္ lever နဲ႔ sprocket wheel ကို lock လုပ္ထားတဲ့ screw ၃ လုံး ကို ေလွ်ာ့ၿပီး counter ကိုညွိေပးပါတယ္။ ၿပီးမွ အယင္တစ္ခုလိုဘဲ display အတြက္ညွိေပးလိုက္ပါတယ္။ အဲဒီေတာ့ အကုန္ညီသြားပါတယ္။
၃) ေနာက္ tank တစ္ခုရဲ႕ျပႆနာက level ေတြ display ေတြက ညီပါတယ္။ ဒါေပမဲ့ float တင္၊ခ် လုပ္ၾကည့္ယင္ display မွာ 'ခု'ဂဏန္းက မေျပာင္းဘူး။ 'ဆယ္'ဂဏန္း အထက္ဘဲ ေျပာင္းတယ္။ ဆိုလိုတာက 1-9 mm အထိ မေျပာင္းေသးဘူး။ 10 mm ေလာက္ ေျပာင္းမွ 'ဆယ္' ဂဏန္း ကေရြ႕သြားတာပါ။ encoder control မွာ အေရးႀကီးတဲ့ pcb card ႏွစ္ခုပါ ပါတယ္။ တစ္ခုက main control card ျဖစ္ၿပီး address နဲ႔ offset အတြက္ dip switch ေတြ ပါ ပါတယ္။ ေနာက္တစ္ခုက encoder sensor card ပါ။ အဲဒီမွာ encoder sensor ေတြအမ်ားႀကီးရွိၿပီး digit တစ္ခုစီအတြက္ encoder sensor တစ္ခုစီ ရွိပါတယ္။
ေနာက္ဆုံး 'ခု' ကိန္းအတြက္ sensor အလုပ္မလုပ္တာ  ျဖစ္ႏိုင္ပါတယ္။  ေသခ်ာေအာင္ ေကာင္းတဲ့ tank က encoder sensor card နဲ႔ လဲၾကည့္ေတာ့
အဆင္ေျပသြားတယ္။ ဒီေတာ့ အယင္ကဒ္ ျပန္ေျပာင္းေပးၿပီး အဲဒီကဒ္ မွာဖို႔ ေျပာခဲ့ပါတယ္။ 
တစ္ခုသတိထားဖို႔ရာက encoder sensor card လဲတာက ျပႆနာမရွိေပမဲ့ main control card လဲမယ္ဆိုယင္ address ေျပာင္းေပးရမွာ ဆိုတာပါ။

Calibrate လုပ္ရမယ့္ ေနာက္တစ္ခုကေတာ့ Temperature ပါ။ Temperature calibration မွာ sensor ရယ္ signal converter ရယ္ display ရယ္ သံုးပ္ိုင္း ရွိပါတယ္။ Sensor ေတြက PT100 ေတြပါ။  Operating range က -110  ံto 40  ံPT100 ဆိုေတာ့ အဲဒီလို အပူခ်ိန္ အနိမ့္ေတြ simulate လုပ္ေပးဖို႔ ခက္တာရယ္ sensor က tank အထဲက ပိုက္ထဲမွာဆိုေတာ့ ထုတ္ဖို႔ခက္တာရယ္ ဆိုေတာ့ room temperature ေလာက္ ျဖစ္တဲ့ ၃၀ ံ ေလာက္ ဝန္းက်င္နဲ႔ ညီတဲ့ 110 - 115 ohm ေလာက္ မွန္ယင္ ေကာင္းတယ္ယူဆလိုက္ပါတယ္။ အရမ္းကြာယင္ေတာ့ လဲဖို႔ အၾကံေပးရတာေပါ့။

sensor က ထြက္တဲ့ resistance signal ကို signal converter unit နဲ႔ 4-20 mA signal ေျပာင္းေပးပါတယ္။ 4-20 mA signal ကို local loop power display unit ရယ္ CCR ထဲက Display ရယ္ နဲ႔ series ဆက္ ထားပါတယ္။ Signal converter unit ကေတာ့ ဒီအတိုင္း calibrate လုပ္လို႔မရလို႔ ေကာင္းမေကာင္း ဘဲ ဆုံးျဖတ္ေပးရမွာပါ။ 
အခု Low resistance decade counter နဲ႔ signal converter အဝင္မွာ  inject လုပ္ေပးပါတယ္။ Operation range အတြင္းက 4 points ျဖစ္တဲ့  -110, -40, 0 နဲ႔ 20  ံ အတြက္ ကိုယ္စားျပဳတဲ့ Resistance တန္ဖိုးေတြ ထည့္ေပးၿပီး display တန္ဖိုးေတြနဲ႔ တိုက္ၾကည့္ပါတယ္။ ကြာေနယင္ display ကို ျပန္ calibrate လုပ္ေပးပါတယ္။ အဲဒီလိုနဲ႔ temperature calibration ၿပီးသြားပါတယ္။

ေနာက္ဆုံးတစ္ခုက pressure ပါ။ Pressure မွာ local display အတြက္ Gauge အျပင္ alarm output ပါ ရွိပါတယ္။ Pointer နဲ႔မီတာခြက္ႀကီးေတြပါ။ CCR ထဲက digital display အတြက္ pressure transmitter တစ္ခုသက္သက္ ရွိပါတယ္။ Local gauge ေတြအတြက္ hand pump နဲ႔ pressure ထိုးၾကည့္ၿပီး pointer ျပတာနဲ႔ inject လုပ္ေပးတဲ့ pressure တူမတူ ၾကည့္ပါတယ္။  ေနာက္ၿပီး set point မွာ alarm ထြက္မထြက္ စစ္ေပးရပါတယ္။ Pressure transmitter အဝင္ကိုလည္း hand pump နဲ႔ pressure ထိုးေပးၿပီး CCR က display နဲ႔ ညီမညီ စစ္ေပးရပါတယ္။ အဲဒါေတြ အကုန္ၿပီးသြားေတာ့ ျပင္တဲ့စာရင္း၊ ပ်က္တဲ့စာရင္း လုပ္ၿပီး super ကိုျပ၊ certificate ထုတ္ေပးဖို႔ျပင္ဆင္၊ အလုပ္သိမ္းၿပီး ျပန္ခဲ့ၾကတာေပါ့ဗ်ာ။

[unicode]


LNG သင်္ဘောတစ်စီးကို Cargo Tank level, Pressure နဲ့ Temperature calibration လုပ်ပေးဖို့ သွားခဲ့ရပါတယ်။ Tank (၆)ခုရှိပါတယ်။ Dock ထဲမှာ ဖြစ်ပြီး tank ထဲမှာ ဘာ cargo မှမရှိပါဘူး။
Level တိုင်းတဲ့စံနစ်က float ball type ပါ။ ဒါပေမဲ့ serial resistors တို့ Hall effect sensor တို့ သုံးတာမဟုတ်ဘူး။ tank အပေါ်ကဘဲ float နဲ့ ဆက်ထားတဲ့ သံပတ်ကြိုး ရစ်လုံး လည်တာကို encoder နဲ့ ပြန်တွက်ပေးတာပါ။ float တက်လာယင် သံပတ်ကြိုးက spring နဲ့ ပြန်ရစ်ပြီး pinion ကို လည်စေပါတယ်။ နောက်တစ်ခုက လက်ကိုင် lever လှည့်ပြီး float ကို manually ဆွဲတင်လို့လည်းရပါတယ်။ အဲဒီ လက်ကိုင်နားမှာဘဲ level ကို ပြနေတဲ့ mechanical counter လေးလည်း ရှိပါတယ်။ နောက်တစ်ခုက encoder output signal ကို CCR မှာ digital display နဲ့ ပြပါတယ်။
Level calibration ဆိုတော့ တစ်ကယ့် level ရယ် Mechanical counter display ရယ် CCR က digital display ရယ် ညီအောင် လုပ်ပေးရတာပါ။ Tank တစ်ခုစီရဲ့ အနိမ့်ဆုံး က float ရဲ့ footing ကြောင့် 10 mm လောက် ရှိပါတယ်။ အမြင့်ဆုံး ကလည်း glass window မှာ မှတ်ထားတဲ့ အမှတ်ရှိပါတယ်။ float ကို အမြင့်ဆုံး ဆွဲတင်ယင် window မှာ မြင်နေရပါတယ်။
Tank တစ်ခုချင်း အမြင့်ဆုံးနဲ့ အနိမ့်ဆုံး position မှာ counter value နဲ့ display value တွေ စာရင်း လုပ်လိုက်တော့ အမှား ၃ ခုတွေ့ပါတယ်။
၁) Tank တစ်ခုက counter မှန်ပြီး အနိမ့်ဆုံးနေရာမှာ display မှာ error ပြနေပါတယ်။ float ကို ဆွဲတင်တော့မှ တန်ဖိုးတွေပြပါတယ်။ ဒါပေမဲ့ display တန်ဖိုးတွေက နည်းနေတယ်။ အနိမ့်ဆုံး မှာ တန်ဖိုးက 0 ထက်နည်းနေလို့ error ပြတာဖြစ်နိုင်ပါတယ်။ သံပတ်ကြိုး ရစ်လုံးနဲ့ encoder ဝင်ရိုးကို lock လုပ်တဲ့ screw နှစ်လုံးကိုလျှော့၊ ဝင်ရိုးကို အသာလှည့်ပြီး အနီးစပ်ဆုံး ညှိပါတယ်။ တန်ဖိုး အနီးဆုံးရတော့မှ ပြန် lock လုပ်ပြီး Encoder card ပေါ်က dip switch လေးတွေနဲ့ အသေးစိတ်ညှိပါတယ်။ ညီတဲ့အထိပေါ့။ အားလုံးညီသွားတော့ အနိမ့်ဆုံးနေရာမှာ error မပြတော့ဘူး။ 10 cm ပြပါတယ်။



၂) နောက် tank တစ်ခုမှာ counter ရော display ပါ လွဲနေပါတယ်။ ပထမ counter ကို အယင်ညှိပါတယ်။ လက်ကိုင် lever နဲ့ sprocket wheel ကို lock လုပ်ထားတဲ့ screw ၃ လုံး ကို လျှော့ပြီး counter ကိုညှိပေးပါတယ်။ ပြီးမှ အယင်တစ်ခုလိုဘဲ display အတွက်ညှိပေးလိုက်ပါတယ်။ အဲဒီတော့ အကုန်ညီသွားပါတယ်။
၃) နောက် tank တစ်ခုရဲ့ပြဿနာက level တွေ display တွေက ညီပါတယ်။ ဒါပေမဲ့ float တင်၊ချ လုပ်ကြည့်ယင် display မှာ 'ခု'ဂဏန်းက မပြောင်းဘူး။ 'ဆယ်'ဂဏန်း အထက်ဘဲ ပြောင်းတယ်။ ဆိုလိုတာက 1-9 mm အထိ မပြောင်းသေးဘူး။ 10 mm လောက် ပြောင်းမှ 'ဆယ်' ဂဏန်း ကရွေ့သွားတာပါ။ encoder control မှာ အရေးကြီးတဲ့ pcb card နှစ်ခုပါ ပါတယ်။ တစ်ခုက main control card ဖြစ်ပြီး address နဲ့ offset အတွက် dip switch တွေ ပါ ပါတယ်။ နောက်တစ်ခုက encoder sensor card ပါ။ အဲဒီမှာ encoder sensor တွေအများကြီးရှိပြီး digit တစ်ခုစီအတွက် encoder sensor တစ်ခုစီ ရှိပါတယ်။
နောက်ဆုံး 'ခု' ကိန်းအတွက် sensor အလုပ်မလုပ်တာ  ဖြစ်နိုင်ပါတယ်။  သေချာအောင် ကောင်းတဲ့ tank က encoder sensor card နဲ့ လဲကြည့်တော့
အဆင်ပြေသွားတယ်။ ဒီတော့ အယင်ကဒ် ပြန်ပြောင်းပေးပြီး အဲဒီကဒ် မှာဖို့ ပြောခဲ့ပါတယ်။
တစ်ခုသတိထားဖို့ရာက encoder sensor card လဲတာက ပြဿနာမရှိပေမဲ့ main control card လဲမယ်ဆိုယင် address ပြောင်းပေးရမှာ ဆိုတာပါ။

Calibrate လုပ်ရမယ့် နောက်တစ်ခုကတော့ Temperature ပါ။ Temperature calibration မှာ sensor ရယ် signal converter ရယ် display ရယ် သုံးပ်ိုင်း ရှိပါတယ်။ Sensor တွေက PT100 တွေပါ။  Operating range က -110  ံto 40  ံPT100 ဆိုတော့ အဲဒီလို အပူချိန် အနိမ့်တွေ simulate လုပ်ပေးဖို့ ခက်တာရယ် sensor က tank အထဲက ပိုက်ထဲမှာဆိုတော့ ထုတ်ဖို့ခက်တာရယ် ဆိုတော့ room temperature လောက် ဖြစ်တဲ့ ၃၀ ံ လောက် ဝန်းကျင်နဲ့ ညီတဲ့ 110 - 115 ohm လောက် မှန်ယင် ကောင်းတယ်ယူဆလိုက်ပါတယ်။ အရမ်းကွာယင်တော့ လဲဖို့ အကြံပေးရတာပေါ့။

sensor က ထွက်တဲ့ resistance signal ကို signal converter unit နဲ့ 4-20 mA signal ပြောင်းပေးပါတယ်။ 4-20 mA signal ကို local loop power display unit ရယ် CCR ထဲက Display ရယ် နဲ့ series ဆက် ထားပါတယ်။ Signal converter unit ကတော့ ဒီအတိုင်း calibrate လုပ်လို့မရလို့ ကောင်းမကောင်း ဘဲ ဆုံးဖြတ်ပေးရမှာပါ။
အခု Low resistance decade counter နဲ့ signal converter အဝင်မှာ  inject လုပ်ပေးပါတယ်။ Operation range အတွင်းက 4 points ဖြစ်တဲ့  -110, -40, 0 နဲ့ 20  ံ အတွက် ကိုယ်စားပြုတဲ့ Resistance တန်ဖိုးတွေ ထည့်ပေးပြီး display တန်ဖိုးတွေနဲ့ တိုက်ကြည့်ပါတယ်။ ကွာနေယင် display ကို ပြန် calibrate လုပ်ပေးပါတယ်။ အဲဒီလိုနဲ့ temperature calibration ပြီးသွားပါတယ်။

နောက်ဆုံးတစ်ခုက pressure ပါ။ Pressure မှာ local display အတွက် Gauge အပြင် alarm output ပါ ရှိပါတယ်။ Pointer နဲ့မီတာခွက်ကြီးတွေပါ။ CCR ထဲက digital display အတွက် pressure transmitter တစ်ခုသက်သက် ရှိပါတယ်။ Local gauge တွေအတွက် hand pump နဲ့ pressure ထိုးကြည့်ပြီး pointer ပြတာနဲ့ inject လုပ်ပေးတဲ့ pressure တူမတူ ကြည့်ပါတယ်။  နောက်ပြီး set point မှာ alarm ထွက်မထွက် စစ်ပေးရပါတယ်။ Pressure transmitter အဝင်ကိုလည်း hand pump နဲ့ pressure ထိုးပေးပြီး CCR က display နဲ့ ညီမညီ စစ်ပေးရပါတယ်။ အဲဒါတွေ အကုန်ပြီးသွားတော့ ပြင်တဲ့စာရင်း၊ ပျက်တဲ့စာရင်း လုပ်ပြီး super ကိုပြ၊ certificate ထုတ်ပေးဖို့ပြင်ဆင်၊ အလုပ်သိမ်းပြီး ပြန်ခဲ့ကြတာပေါ့ဗျာ။

Sunday 23 April 2017

Crane (၁) - Engine room crane

[zawgyi]

သေဘၤာတစ္စီးက ေခၚလာပါတယ္။ ER overhead crane စစ္ေပးဖို႔ပါ။ Crane က load မ ထားယင္ ျပန္ေလွ်ာက်တယ္လို႔ ေျပာပါတယ္။ ေရာက္ၿပီး ခဏေနေတာ့ စက္-၃ နဲ႔ ဓာတ္ႀကိဳးကို အကူအညီေတာင္းၿပီး စမ္းၾကပါတယ္။ Power ဖြင့္ ေရွ႕၊ ေနာက္၊ ဘယ္၊ ညာ ေရႊ႕တာေတာ့ အေကာင္းပါ။ ခ်ိတ္ကို Hoist up/ down
လုပ္ၾကည့္တာလည္း ေခ်ာေခ်ာေမြ႕ေမြ႕ ပါဘဲ။ 
ဒါနဲ႔ စက္ပစၥည္း ခပ္ႀကီးႀကီး တစ္ခုကို မ ၾကည့္ခိုင္းပါတယ္။ Hoist up လုပ္တာ အဆင္ေျပပါတယ္။ ဒါေပမဲ့ ေလထဲမွာ hold
လုပ္ထားေတာ့ ေအာက္ကို ျပန္ေလွ်ာက်လာပါတယ္။ 
တက္လို႔ ရမယ့္ေနရာ crane ကို ေရႊ႕ၿပီး တက္ၾကည့္ပါတယ္။ Brake disc ကိုကိုင္ၾကည့္ေတာ့ ေတာ္ေတာ္ေလး ပူေနပါတယ္။ အလုပ္လုပ္ ေနတယ္ဆိုေတာ့၊ power ေကာင္းေနတယ္။ Control ျပႆနာမရွိဘူး။ Limit switch တို႔ interlock တို႔ကို စဥ္းစားဖို႔မလိုေတာ့ဘူး။ Weight ကို ဆြဲမ ႏိုင္တယ္ဆိုေတာ့ motor ေကာင္းတယ္။ Hold မလုပ္ႏိုင္တာဆိုေတာ့ brake တစ္ခုဘဲရွိေတာ့တယ္။ Electrical လား Mechanical လား စစ္ၾကည့္ရမွာေပါ့။ 
ဒါနဲ႔ Hoist up / down လုပ္ၿပီး အနီးကပ္ ေသေသခ်ာခ်ာ ၾကည့္ပါတယ္။ Brake disc ကို ညႇပ္ေပးတဲ့ jaw ေတြ က motor ဆြဲယင္ ဟေပးၿပီး ရပ္လိုက္ယင္ ကပ္သြားပါတယ္။ brake coil ကို resistance တိုင္းၾကည့္ေတာ့ low ohm ျပတဲ့အတြက္ ေကာင္းတယ္လို ယူဆပါတယ္။ jaw ေတြရဲ႕ liner ေတြေခ်ာ္ေနၿပီလား။ load ကို မထိန္းထားႏိုင္လို႔ tension screw ကို အရမ္းက်ပ္ထားၾကတယ္ ထင္ရဲ႕။ disc နဲ gripping jaw ေတြ motor လည္ယင္ သိပ္မလြတ္ေတာ့ disc ပူလာတာျဖစ္မယ္။ 
Manual ကိုျပန္ဖတ္ၾကည့္ေတာ့ ဒီ crane မွာ liner စားသြားယင္ jaw အေျခမွာ ထည့္ထားတဲ့ ႀကိဳး နဲ႔ brake disc ထိၿပီး Alarm ျပတဲ့ စံနစ္ပါ ပါတယ္။ control panel မွာ brake liner wear off Alarm မီးလုံး လင္းမေနဘူး ဆိုေတာ့ liner ရွိေသးတယ္ဆိုတဲ့ သေဘာေပါ့။ 
ေနာက္ၿပီးမွ brake assembly ကို ေသခ်ာၾကည့္ေတာ့ gap က တစ္ဘက္ေစာင္းေနတယ္။ ေနာက္ၿပီး liner wear off ျဖစ္ယင္ အလိုအေလ်ာက္ gap ျပန္ညႇိေပးတဲ့ compensation cam ႏွစ္ခုမွာ တစ္ဘက္က spring ျပဳတ္ထြက္ၿပီး ေစာင္းေနတယ္။ ကၽြန္ေတာ္လည္း အဲဒီ brake assembly ရဲ႕ mechanism ေတြကို႔ သိပ္မသိေတာ့ အသစ္ရွိယင္ brake တစ္ခုလုံး လဲေပးမယ္ေျပာလိုက္ပါတယ္။ ျဖစ္ခ်င္ေတာ့ spare မရွိပါဘူး။ သေဘၤာကလည္း အေရးႀကီးေနေတာ့ ျပင္ၾကည့္ရမွာေပါ့။ brake assembly ကို ျဖဳတ္ခ်ၿပီး workshop ယူလာခဲ့ပါတယ္။

drawing အရ သူေနရာနဲ႔သူ ျပန္တည့္ေအာင္ cam ေတြေနရာခ်ၿပီး ျပန္ဆင္လိုက္ပါတယ္။ cam နဲ႔ tension bolt ေနရာေတြမွာ grease မရွိေအာင္ ေသခ်ာသုတ္ပါတယ္။ manual ထဲမွာေရးထားတာက အဲဒီေနရာေတြမွာ grease ရွိယင္ ေသခ်ာ အလုပ္မလုပ္ဘူး ေျပာပါတယ္။ ၿပီးမွ supply ထည့္ၿပီး စမ္းၾကည့္ပါတယ္။ gap နည္းနည္း ေဝးေနေတာ့ spring ကန္တဲ့အား ေက်ာ္ၿပီး jaw ကို coil က မဆြဲႏိုင္ပါဘူး။ နီးေအာင္ ညွိေပးေတာ့မွ အလုပ္လုပ္ပါတယ္။ 
ၿပီးမွ crane ေပၚမွာ ျပန္တပ္gap နဲ႔ brake tension မွ်ေအာင္ညွိပါတယ္။ မနည္းလြန္း မမ်ားလြန္းေပါ့။ ၿပီးေတာ့ ျပန္စမ္းၾကည့္ပါတယ္။ အဆင္ေျပပါတယ္။ Gap မွန္သြားေတာ့ brake လည္း ေကာင္းေကာင္း အလုပ္လုပ္တယ္ ပူလည္း သိပ္မပူေတာ့ဘူးေပါ့။
Brake assembly အသစ္ spare မွာထားဖို႔ေတာ့ ေျပာခဲ့ပါတယ္။

[unicode]
 သင်္ဘောတစ်စီးက ခေါ်လာပါတယ်။ ER overhead crane စစ်ပေးဖို့ပါ။ Crane က load မ ထားယင် ပြန်လျှောကျတယ်လို့ ပြောပါတယ်။ ရောက်ပြီး ခဏနေတော့ စက်-၃ နဲ့ ဓာတ်ကြိုးကို အကူအညီတောင်းပြီး စမ်းကြပါတယ်။ Power ဖွင့် ရှေ့၊ နောက်၊ ဘယ်၊ ညာ ရွှေ့တာတော့ အကောင်းပါ။ ချိတ်ကို Hoist up/ down
လုပ်ကြည့်တာလည်း ချောချောမွေ့မွေ့ ပါဘဲ။
ဒါနဲ့ စက်ပစ္စည်း ခပ်ကြီးကြီး တစ်ခုကို မ ကြည့်ခိုင်းပါတယ်။ Hoist up လုပ်တာ အဆင်ပြေပါတယ်။ ဒါပေမဲ့ လေထဲမှာ hold
လုပ်ထားတော့ အောက်ကို ပြန်လျှောကျလာပါတယ်။
တက်လို့ ရမယ့်နေရာ crane ကို ရွှေ့ပြီး တက်ကြည့်ပါတယ်။ Brake disc ကိုကိုင်ကြည့်တော့ တော်တော်လေး ပူနေပါတယ်။ အလုပ်လုပ် နေတယ်ဆိုတော့၊ power ကောင်းနေတယ်။ Control ပြဿနာမရှိဘူး။ Limit switch တို့ interlock တို့ကို စဉ်းစားဖို့မလိုတော့ဘူး။ Weight ကို ဆွဲမ နိုင်တယ်ဆိုတော့ motor ကောင်းတယ်။ Hold မလုပ်နိုင်တာဆိုတော့ brake တစ်ခုဘဲရှိတော့တယ်။ Electrical လား Mechanical လား စစ်ကြည့်ရမှာပေါ့။
ဒါနဲ့ Hoist up / down လုပ်ပြီး အနီးကပ် သေသေချာချာ ကြည့်ပါတယ်။ Brake disc ကို ညှပ်ပေးတဲ့ jaw တွေ က motor ဆွဲယင် ဟပေးပြီး ရပ်လိုက်ယင် ကပ်သွားပါတယ်။ brake coil ကို resistance တိုင်းကြည့်တော့ low ohm ပြတဲ့အတွက် ကောင်းတယ်လို ယူဆပါတယ်။ jaw တွေရဲ့ liner တွေချော်နေပြီလား။ load ကို မထိန်းထားနိုင်လို့ tension screw ကို အရမ်းကျပ်ထားကြတယ် ထင်ရဲ့။ disc နဲ gripping jaw တွေ motor လည်ယင် သိပ်မလွတ်တော့ disc ပူလာတာဖြစ်မယ်။
Manual ကိုပြန်ဖတ်ကြည့်တော့ ဒီ crane မှာ liner စားသွားယင် jaw အခြေမှာ ထည့်ထားတဲ့ ကြိုး နဲ့ brake disc ထိပြီး Alarm ပြတဲ့ စံနစ်ပါ ပါတယ်။ control panel မှာ brake liner wear off Alarm မီးလုံး လင်းမနေဘူး ဆိုတော့ liner ရှိသေးတယ်ဆိုတဲ့ သဘောပေါ့။
နောက်ပြီးမှ brake assembly ကို သေချာကြည့်တော့ gap က တစ်ဘက်စောင်းနေတယ်။ နောက်ပြီး liner wear off ဖြစ်ယင် အလိုအလျောက် gap ပြန်ညှိပေးတဲ့ compensation cam နှစ်ခုမှာ တစ်ဘက်က spring ပြုတ်ထွက်ပြီး စောင်းနေတယ်။ ကျွန်တော်လည်း အဲဒီ brake assembly ရဲ့ mechanism တွေကို့ သိပ်မသိတော့ အသစ်ရှိယင် brake တစ်ခုလုံး လဲပေးမယ်ပြောလိုက်ပါတယ်။ ဖြစ်ချင်တော့ spare မရှိပါဘူး။ သင်္ဘောကလည်း အရေးကြီးနေတော့ ပြင်ကြည့်ရမှာပေါ့။ brake assembly ကို ဖြုတ်ချပြီး workshop ယူလာခဲ့ပါတယ်။

drawing အရ သူနေရာနဲ့သူ ပြန်တည့်အောင် cam တွေနေရာချပြီး ပြန်ဆင်လိုက်ပါတယ်။ cam နဲ့ tension bolt နေရာတွေမှာ grease မရှိအောင် သေချာသုတ်ပါတယ်။ manual ထဲမှာရေးထားတာက အဲဒီနေရာတွေမှာ grease ရှိယင် သေချာ အလုပ်မလုပ်ဘူး ပြောပါတယ်။ ပြီးမှ supply ထည့်ပြီး စမ်းကြည့်ပါတယ်။ gap နည်းနည်း ဝေးနေတော့ spring ကန်တဲ့အား ကျော်ပြီး jaw ကို coil က မဆွဲနိုင်ပါဘူး။ နီးအောင် ညှိပေးတော့မှ အလုပ်လုပ်ပါတယ်။
ပြီးမှ crane ပေါ်မှာ ပြန်တပ်gap နဲ့ brake tension မျှအောင်ညှိပါတယ်။ မနည်းလွန်း မများလွန်းပေါ့။ ပြီးတော့ ပြန်စမ်းကြည့်ပါတယ်။ အဆင်ပြေပါတယ်။ Gap မှန်သွားတော့ brake လည်း ကောင်းကောင်း အလုပ်လုပ်တယ် ပူလည်း သိပ်မပူတော့ဘူးပေါ့။
Brake assembly အသစ် spare မှာထားဖို့တော့ ပြောခဲ့ပါတယ်။ 

Thursday 20 April 2017

Oily Water Separator, OWS (၁) - Calibration နဲ႔ Functionality Check

[zawgyi]

သေဘၤာတစ္စီးမွာ OWS calibration နဲ႔ functionality စစ္ေပးပါဆိုလို႔ သြားခဲ့ပါတယ္။ OWS ဆိုတာေတာ့ ER ထဲက ဆီနဲ႔ေရာေနတဲ့ေရ (bilge water) ေတြကို ဆီနဲ႔ေရ ခြဲထုတ္ေပးတဲ့ စံနစ္ပါ။ ဆီပါဝင္ႏႈံး (oil content) 15 ppm ထက္နည္းမွ overboard စြန္႔ပစ္လို႔ရေအာင္ ထိန္းခ်ဳပ္ထားပါတယ္။
ဒီေနရာမွာ ppm ဆိုတာ နည္းနည္း ေျပာျပခ်က္ပါတယ္။ Part-per-million (ppm) ဆိုတာ ပါဝင္မႈ အရမ္းနည္းတဲ့ ပစၥည္းေတြ အတြက္သုံးတာပါ။ Percentage (%) ဆိုတာနဲ႔ သေဘာတူပါတယ္။ % က 100 ေပၚမွာ အေျခခံတာပါ။ ဥပမာ 5% = 5/100 လို႔ အဓိပၸာယ္ ရပါတယ္။ အခု ppm က 1 million ကို အေျခခံထားတာပါ။ 15 ppm = 15/1,000,000 လို႔ အဓိပၸယ္ရတာေပါ့။ 0.015% နဲ႔ တူပါတယ္။ 
OWS မွာ အေျခခံအားျဖင့္ ၂ ပိုင္းရွိပါတယ္။ ပထမပိုင္းက Separation လုပ္ေပးတဲ့အပိုင္းပါ။ ဒီဇိုင္းေပၚမူတည္ၿပီး Tank တစ္ခု(သို႔) အမ်ား၊ filter, circulation pump, level control အစရွိတာေတြပါဝင္ပါတယ္။ 
ဒုတိယ အပိုင္းမွာ Oil Content Monitor (OCM) ရွိပါတယ္။ OCM က output line က sample ေရကို ယူၿပီး oil content ကို စစ္ေပးပါတယ္။ ဆီပါဝင္ႏႈံး 15 ppm ထက္ နည္းယင္ 3 way valve ကို overboard discharge ဘက္ဖြင့္ေပးၿပီး 15 ppm ထက္မ်ားယင္ေတာ့ recirculation ဘက္ ဖြင့္ေပးတာပါ။
ကြ်န္ေတာ္ေရာက္သြားေတာ့ စက္-၂ နဲ႔အဖြဲ႕က Separator tank အပိုင္းကို ျဖဳတ္ဖြင့္ သန္႔ရွင္းေရး လုပ္ထားၿပီးပါၿပီ။ မ်ားေသာအားျဖင့္ OWS မွာ calibration ဆိုယင္ OCM အပိုင္းဘဲလုပ္ရပါတယ္။ ( Capacitance probe သုံးတဲ့ OWS စက္အေဟာင္းေတြမွာေတာ့ OCM အပိုင္း သီးျခား မပါ ပါဘူး။) 
ဒီသေဘၤာမွာသုံးတဲ့ OCM အမ်ိဳးအစားကေတာ့ OMD-2005 ပါ။ Maker ကေတာ့ Deckma Hamburg ပါ။ calibration မစခင္ analyzing unit ကိုဖြင့္ၿပီး ပုလင္းေဆးတဲ့ brush ေလးသုံးၿပီး သန္႔ရွင္းေပးပါတယ္။ analyzing unit က light source တစ္ခုနဲ႔ ဖန္ႁပြန္ထဲက sample ေရကို ထိုးၿပီး receiver sensor မွာ ဘယ္ေလာက္ light intensity ျပန္ဖမ္းမိလဲ ဆိုတာတြက္ေပးတာပါ။ ဆီ (သို႔) အညစ္အေၾကး ပါယင္ refraction / opacity ေျပာင္းသြားတာေၾကာင့္ ရလာဒ္ေျပာင္းသြားတဲ့အေပၚ တြက္ထုတ္တာပါ။ ဒီေတာ့ ဖန္ႁပြန္က clear ျဖစ္ရပါမယ္။ 
ၿပီးမွ power ဖြင့္ fresh water line ဖြင့္ၿပီး ေစာင့္ၾကည့္ပါတယ္။ ဖြင့္ကာစ ေလပူေပါင္းတစ္ခ်ိဳ႕ေၾကာင့္ ppm value ျပပါတယ္။ ေနာက္ ၿငိမ္သြားေတာ့ တစ္ျဖည္းျဖည္း နည္းသြားၿပီး 0 ppm ျဖစ္သြားပါတယ္။ ခဏေစာင့္ၿပီး ေတာ့ ယူလာတဲ့ 15 ppm standard solution ကို analyzer unit အဖုံးဖြင့္ၿပီး ေလာင္းထည့္ေပးပါတယ္။ အဖုံးပိတ္ၿပီး ေစာင့္ၾကည့္ေတာ့ ppm value တက္လာၿပီး 15 ppm ျပပါတယ္။

ဒီေနရာမွာ 15 ppm မျပယင္ အနည္းအမ်ားၾကည့္ၿပီး programming mode မွာ calibration လုပ္ေပးရမွာပါ။ အခု15 ppm ျပေတာ့ လုပ္စရာမလိုေတာ့ဘူးေပါ့။ Alarm မီးလင္းလာၿပီး sound ထြက္လာပါတယ္။ 3 way valve solenoid ဆြဲသံၾကားရပါတယ္။ Test pen ေလးနဲ႔ solenoid နားကပ္ၾကည့္ေတာ့ သံလိုက္ဆြဲတယ္ဆိုေတာ့ အလုပ္လုပ္တာေသခ်ာသြားပါၿပီ။ overboard discharge ဘက္ကို ပိတ္ၿပီး recirculation ဘက္ဖြင့္လိုက္ၿပီေပါ့။ Alarm monitoring system မွာသြားၾကည့္ေတာ့ OWS high alarm ျပေနပါတယ္။ ဒါဆိုေတာ့ communication လည္း ေကာင္းတယ္ေပါ့။ OWS panel မွာ တစ္ျခား ဘာ alarm မွ မလာဘူးဆိုေတာ့ System ပံုမွန္အလုပ္လုပ္ေနတယ္လို႔ ယူဆလိုက္ပါတယ္။ 
System functionality ကေတာ့ 15 ppm မွာ alarm လာတယ္ discharge ပိတ္ၿပီး recirculate လုပ္တယ္ဆိုေတာ့ ပုံမွန္ဘဲေပါ့။ sticker ေလးကပ္ေပး။ Certificate ေလးထုတ္ေပးဖို႔စီစဥ္ေပး လိုက္ပါတယ္။ ဒီေလာက္ပါဘဲေနာ္။

[unicode]

သင်္ဘောတစ်စီးမှာ OWS calibration နဲ့ functionality စစ်ပေးပါဆိုလို့ သွားခဲ့ပါတယ်။ OWS ဆိုတာတော့ ER ထဲက ဆီနဲ့ရောနေတဲ့ရေ (bilge water) တွေကို ဆီနဲ့ရေ ခွဲထုတ်ပေးတဲ့ စံနစ်ပါ။ ဆီပါဝင်နှုံး (oil content) 15 ppm ထက်နည်းမှ overboard စွန့်ပစ်လို့ရအောင် ထိန်းချုပ်ထားပါတယ်။
ဒီနေရာမှာ ppm ဆိုတာ နည်းနည်း ပြောပြချက်ပါတယ်။ Part-per-million (ppm) ဆိုတာ ပါဝင်မှု အရမ်းနည်းတဲ့ ပစ္စည်းတွေ အတွက်သုံးတာပါ။ Percentage (%) ဆိုတာနဲ့ သဘောတူပါတယ်။ % က 100 ပေါ်မှာ အခြေခံတာပါ။ ဥပမာ 5% = 5/100 လို့ အဓိပ္ပာယ် ရပါတယ်။ အခု ppm က 1 million ကို အခြေခံထားတာပါ။ 15 ppm = 15/1,000,000 လို့ အဓိပ္ပယ်ရတာပေါ့။ 0.015% နဲ့ တူပါတယ်။
OWS မှာ အခြေခံအားဖြင့် ၂ ပိုင်းရှိပါတယ်။ ပထမပိုင်းက Separation လုပ်ပေးတဲ့အပိုင်းပါ။ ဒီဇိုင်းပေါ်မူတည်ပြီး Tank တစ်ခု(သို့) အများ၊ filter, circulation pump, level control အစရှိတာတွေပါဝင်ပါတယ်။
ဒုတိယ အပိုင်းမှာ Oil Content Monitor (OCM) ရှိပါတယ်။ OCM က output line က sample ရေကို ယူပြီး oil content ကို စစ်ပေးပါတယ်။ ဆီပါဝင်နှုံး 15 ppm ထက် နည်းယင် 3 way valve ကို overboard discharge ဘက်ဖွင့်ပေးပြီး 15 ppm ထက်များယင်တော့ recirculation ဘက် ဖွင့်ပေးတာပါ။
ကျွန်တော်ရောက်သွားတော့ စက်-၂ နဲ့အဖွဲ့က Separator tank အပိုင်းကို ဖြုတ်ဖွင့် သန့်ရှင်းရေး လုပ်ထားပြီးပါပြီ။ များသောအားဖြင့် OWS မှာ calibration ဆိုယင် OCM အပိုင်းဘဲလုပ်ရပါတယ်။ ( Capacitance probe သုံးတဲ့ OWS စက်အဟောင်းတွေမှာတော့ OCM အပိုင်း သီးခြား မပါ ပါဘူး။)
ဒီသင်္ဘောမှာသုံးတဲ့ OCM အမျိုးအစားကတော့ OMD-2005 ပါ။ Maker ကတော့ Deckma Hamburg ပါ။ calibration မစခင် analyzing unit ကိုဖွင့်ပြီး ပုလင်းဆေးတဲ့ brush လေးသုံးပြီး သန့်ရှင်းပေးပါတယ်။ analyzing unit က light source တစ်ခုနဲ့ ဖန်ပြွန်ထဲက sample ရေကို ထိုးပြီး receiver sensor မှာ ဘယ်လောက် light intensity ပြန်ဖမ်းမိလဲ ဆိုတာတွက်ပေးတာပါ။ ဆီ (သို့) အညစ်အကြေး ပါယင် refraction / opacity ပြောင်းသွားတာကြောင့် ရလာဒ်ပြောင်းသွားတဲ့အပေါ် တွက်ထုတ်တာပါ။ ဒီတော့ ဖန်ပြွန်က clear ဖြစ်ရပါမယ်။
ပြီးမှ power ဖွင့် fresh water line ဖွင့်ပြီး စောင့်ကြည့်ပါတယ်။ ဖွင့်ကာစ လေပူပေါင်းတစ်ချို့ကြောင့် ppm value ပြပါတယ်။ နောက် ငြိမ်သွားတော့ တစ်ဖြည်းဖြည်း နည်းသွားပြီး 0 ppm ဖြစ်သွားပါတယ်။ ခဏစောင့်ပြီး တော့ ယူလာတဲ့ 15 ppm standard solution ကို analyzer unit အဖုံးဖွင့်ပြီး လောင်းထည့်ပေးပါတယ်။ အဖုံးပိတ်ပြီး စောင့်ကြည့်တော့ ppm value တက်လာပြီး 15 ppm ပြပါတယ်။

ဒီနေရာမှာ 15 ppm မပြယင် အနည်းအများကြည့်ပြီး programming mode မှာ calibration လုပ်ပေးရမှာပါ။ အခု15 ppm ပြတော့ လုပ်စရာမလိုတော့ဘူးပေါ့။ Alarm မီးလင်းလာပြီး sound ထွက်လာပါတယ်။ 3 way valve solenoid ဆွဲသံကြားရပါတယ်။ Test pen လေးနဲ့ solenoid နားကပ်ကြည့်တော့ သံလိုက်ဆွဲတယ်ဆိုတော့ အလုပ်လုပ်တာသေချာသွားပါပြီ။ overboard discharge ဘက်ကို ပိတ်ပြီး recirculation ဘက်ဖွင့်လိုက်ပြီပေါ့။ Alarm monitoring system မှာသွားကြည့်တော့ OWS high alarm ပြနေပါတယ်။ ဒါဆိုတော့ communication လည်း ကောင်းတယ်ပေါ့။ OWS panel မှာ တစ်ခြား ဘာ alarm မှ မလာဘူးဆိုတော့ System ပုံမှန်အလုပ်လုပ်နေတယ်လို့ ယူဆလိုက်ပါတယ်။
System functionality ကတော့ 15 ppm မှာ alarm လာတယ် discharge ပိတ်ပြီး recirculate လုပ်တယ်ဆိုတော့ ပုံမှန်ဘဲပေါ့။ sticker လေးကပ်ပေး။ Certificate လေးထုတ်ပေးဖို့စီစဉ်ပေး လိုက်ပါတယ်။ ဒီလောက်ပါဘဲနော်။ 

Wednesday 19 April 2017

Hydraulic Power Pack (၁) - Windlass / Winch

[zawgyi]

ဒါလည္း ခပ္စင္းစင္း ျပႆနာေလးတစ္ခုပါ။ ၾကံဳဖူးတာေလး ျပန္ေရးျပတာပါ။ မေတြ႕ဖူးတဲ့သူေတြအတြက္ စဥ္းစားစရာ အခ်က္တစ္ခု ရေအာင္ေပါ့။
Hydraulic Power pack ဆိုတာ ေနရာေတာ္ေတာ္မ်ားမ်ားမွာ သုံးပါတယ္။ crane, winch, steering gear, bow thruster အစရွိတဲ့ hydraulic နဲ႔ပါတ္သတ္တဲ့ စံနစ္ေတြမွာ ပါပါတယ္။ 
သူ႔စံနစ္ကလည္း သိပ္မရႈပ္ပါဘူး။ hydraulic oil tank ထဲက ဆီေတြကို pressure တက္လာေအာင္ pump နဲ႔ေမာင္းတာပါဘဲ။ ငယ္ယင္ Direct On-line (DOL) starter ႀကီးယင္ Star-Delta Starter သုံးတာေပါ့။ pressure cut in/ cut off control လုပ္ထားေလ့ရွိၿပီး tank မွာ ဆီ level control ထားတတ္ၾကပါတယ္။ အဲဒီ pressure ရွိၿပီးသား ဆီကိုမွ ယူသုံးတဲ့ System က Solenoid ေတြ ဖြင့္၊ပိတ္ control လုပ္တာက တစ္ခုသက္သက္ျဖစ္သြားၿပီ။
ဒီသေဘၤာမွာ Windlass အတြက္သုံးတဲ့ power pack အလုပ္မလုပ္လို႔ ၾကည့္ေပးရပါတယ္။ သူတို႔ေျပာျပတာက စက္ ဖြင့္ကာစမွာ pump လည္ၿပီး ခဏေနေတာ့ ရပ္သြားတယ္ေျပာပါတယ္။ ထုံးစံအတိုင္း control panel မွာ အဝင္ power, control power ေတြ တိုင္းၾကည့္ပါတယ္။ ပုံမွန္ပါဘဲ။ 
သုံးထားတာက  Star-Delta Starter ပါ။ Timer setting က ၁၅ စကၠန္႔။ စမ္းၿပီး ေမာင္းၾကည့္ပါတယ္။ Main နဲ႔ Star Magnetic Contractor (MC) ဆြဲသြားပါတယ္။ pump လည္ပါတယ္။ Timer ျပည့္ေတာ့ Star MC release လုပ္ၿပီး Delta MC ဆြဲသြားပါတယ္။ အဲဒီ အခ်ိန္မွာ pump ရပ္သြားပါတယ္။ Delta MC ရဲ႕ contact ေတြ မေကာင္းလို႔လား။ Delta MC အထြက္ တိုင္းၾကည့္ေတာ့ 3 phase လုံးမွာ power ရွိပါတယ္။ 440V ဝန္းက်င္ သိပ္မကြာၾကပါဘူး။ 
power ပိတ္။ Coil resistance တိုင္းၾကည့္ေတာ့လည္း ညီတယ္။ coil ကေတာ့ ေကာင္းမွာပါ။ Star မွာလည္ေနမွေတာ့၊ pressure တို႔ level တို႔ရဲ႕ interlock ကိစၥမျဖစ္ႏိုင္ေတာ့ဘူး။ Mechanically jam ျဖစ္မွာလည္း စဥ္းစားစရာ မလိုေတာ့ဘူး။ Delta အေျပာင္း load မႏိုင္တာဆိုရေအာင္လည္း overload က မျပဳတ္ဘူး။ ေသေသခ်ာခ်ာ ၾကည့္ေတာ့မွ ႀကိဳးမွားၿပီး ဆက္ထားတယ္။ V1V2 က phase တစ္ခုထဲေပၚ ဆက္ထားတယ္။ U နဲ႔ W ကေတာ့ မတူတဲ့ phase ဆက္ထားပါတယ္။ ေမးၾကည့္ေတာ့ Yard ကလူေတြ panel ေရႊ႕ထားတယ္ေျပာပါတယ္။ ျပန္တပ္ေတာ့ ႀကိဳးမွားသြားတာျဖစ္မွာပါ။
 ျပန္ေျပာင္းေပးၿပီး စမ္းၾကည့္ေတာ့ ေကာင္းသြားတယ္။ Rotation check လုပ္တာလည္း မွန္ပါတယ္။ Star မွာက သုံးေခ်ာင္လုံး ပူးလိုက္တာဆိုေတာ့ ျပသနာမရွိဘူး။
Delta ႀကိဳး ေျခာက္ေခ်ာင္းက မွားတတ္တာေလး share တာပါဗ်ာ။




[unicode]

 ဒါလည်း ခပ်စင်းစင်း ပြဿနာလေးတစ်ခုပါ။ ကြုံဖူးတာလေး ပြန်ရေးပြတာပါ။ မတွေ့ဖူးတဲ့သူတွေအတွက် စဉ်းစားစရာ အချက်တစ်ခု ရအောင်ပေါ့။
Hydraulic Power pack ဆိုတာ နေရာတော်တော်များများမှာ သုံးပါတယ်။ crane, winch, steering gear, bow thruster အစရှိတဲ့ hydraulic နဲ့ပါတ်သတ်တဲ့ စံနစ်တွေမှာ ပါပါတယ်။
သူ့စံနစ်ကလည်း သိပ်မရှုပ်ပါဘူး။ hydraulic oil tank ထဲက ဆီတွေကို pressure တက်လာအောင် pump နဲ့မောင်းတာပါဘဲ။ ငယ်ယင် Direct On-line (DOL) starter ကြီးယင် Star-Delta Starter သုံးတာပေါ့။ pressure cut in/ cut off control လုပ်ထားလေ့ရှိပြီး tank မှာ ဆီ level control ထားတတ်ကြပါတယ်။ အဲဒီ pressure ရှိပြီးသား ဆီကိုမှ ယူသုံးတဲ့ System က Solenoid တွေ ဖွင့်၊ပိတ် control လုပ်တာက တစ်ခုသက်သက်ဖြစ်သွားပြီ။
ဒီသင်္ဘောမှာ Windlass အတွက်သုံးတဲ့ power pack အလုပ်မလုပ်လို့ ကြည့်ပေးရပါတယ်။ သူတို့ပြောပြတာက စက် ဖွင့်ကာစမှာ pump လည်ပြီး ခဏနေတော့ ရပ်သွားတယ်ပြောပါတယ်။ ထုံးစံအတိုင်း control panel မှာ အဝင် power, control power တွေ တိုင်းကြည့်ပါတယ်။ ပုံမှန်ပါဘဲ။
သုံးထားတာက  Star-Delta Starter ပါ။ Timer setting က ၁၅ စက္ကန့်။ စမ်းပြီး မောင်းကြည့်ပါတယ်။ Main နဲ့ Star Magnetic Contractor (MC) ဆွဲသွားပါတယ်။ pump လည်ပါတယ်။ Timer ပြည့်တော့ Star MC release လုပ်ပြီး Delta MC ဆွဲသွားပါတယ်။ အဲဒီ အချိန်မှာ pump ရပ်သွားပါတယ်။ Delta MC ရဲ့ contact တွေ မကောင်းလို့လား။ Delta MC အထွက် တိုင်းကြည့်တော့ 3 phase လုံးမှာ power ရှိပါတယ်။ 440V ဝန်းကျင် သိပ်မကွာကြပါဘူး။
power ပိတ်။ Coil resistance တိုင်းကြည့်တော့လည်း ညီတယ်။ coil ကတော့ ကောင်းမှာပါ။ Star မှာလည်နေမှတော့၊ pressure တို့ level တို့ရဲ့ interlock ကိစ္စမဖြစ်နိုင်တော့ဘူး။ Mechanically jam ဖြစ်မှာလည်း စဉ်းစားစရာ မလိုတော့ဘူး။ Delta အပြောင်း load မနိုင်တာဆိုရအောင်လည်း overload က မပြုတ်ဘူး။ သေသေချာချာ ကြည့်တော့မှ ကြိုးမှားပြီး ဆက်ထားတယ်။ V1V2 က phase တစ်ခုထဲပေါ် ဆက်ထားတယ်။ U နဲ့ W ကတော့ မတူတဲ့ phase ဆက်ထားပါတယ်။ မေးကြည့်တော့ Yard ကလူတွေ panel ရွှေ့ထားတယ်ပြောပါတယ်။ ပြန်တပ်တော့ ကြိုးမှားသွားတာဖြစ်မှာပါ။
 ပြန်ပြောင်းပေးပြီး စမ်းကြည့်တော့ ကောင်းသွားတယ်။ Rotation check လုပ်တာလည်း မှန်ပါတယ်။ Star မှာက သုံးချောင်လုံး ပူးလိုက်တာဆိုတော့ ပြသနာမရှိဘူး။
Delta ကြိုး ခြောက်ချောင်းက မှားတတ်တာလေး share တာပါဗျာ။

Friday 14 April 2017

Inert Gas System (၁) - IGS faulty

[zawgyi]

အင္ဒိုမွာရွိတဲ့ Tanker သေဘၤာ ခပ္ေဟာင္းေဟာင္း တစ္စီးမွာပါ။ ျပႆနာက IGS က Auto အလုပ္မလုပ္လို႔ စစ္ေပးဖို႔ေျပာပါတယ္။ ေလာေလာဆယ္ Manually ျဖစ္ေအာင္ သုံးေနရတယ္ ေျပာပါတယ္။ IG Generator ကို Top up mode အတြက္ထားေပမဲ့ run မရဘူး ေျပာပါတယ္။ IGG ကေတာ့ အခ်ိန္ရယင္ျပင္ေပး၊ အခ်ိန္မရေတာ့လည္း ေနာက္တစ္ေခါက္ေပါ့။ 
IG System ရဲ႕ ရည္ရြယ္ခ်က္က Cargo Tank ေတြ မီးမေလာင္လြယ္ေအာင္ Tank ထဲမွာ ေအာက္စီဂ်င္ပါဝင္ႏႈံး နည္းတဲ့ေလ (inert gas) ျဖည့္ေပးတဲ့ စံနစ္ပါ။ inert gas ဘယ္ကရလဲဆိုေတာ့ ME ရဲ႕ exhaust, boiler exhaust ဒါမွမဟုတ္ IG Generator ေတြက ယူေလ့ရွိပါတယ္။ IGG အလုပ္လုပ္ပံု အေသးစိတ္ကို ကို သူရိန္မင္းေမာ္ တင္ထားတဲ့ post မွာ ရွာဖတ္ၾကည့္ၾကပါ။ 
ဒီသေဘၤာမွာေတာ့ အဓိက inert gas source ကို boiler ရဲ႕ exhaust ကယူထားပါတယ္။ မလုံေလာက္ယင္ေတာ့ IGG နဲ႔ top up လုပ္ဖို႔ စီစဥ္ထားပါတယ္။ boiler ၂ လုံး ရွိပါတယ္။ 
ပထမဆုံး CCR ထဲမွာ Control panel ႐ွိပါတယ္။ PLC အထြက္ ႀကိဳးေတြကို jumper ေက်ာ္ခြထားၿပီး ခလုတ္တစ္ခ်ိဳ႕တပ္ထားတာေတြ႕ပါတယ္။ Boiler ႏွစ္လုံးရဲ႕ uptake valve ေတြသြားၾကည့္ပါတယ္။ Boiler ေတြ ရပ္ထားပါတယ္။ ေလဖြင့္ထားၿပီးသားဆိုေတာ့ Valve ရဲ႕ Manual actuator သုံးၿပီး ဖြင့္၊ပိတ္ လုပ္ၾကည့္တာ အဆင္ေျပပါတယ္။ CCR မွာ valve status လည္း အမွန္ျပပါတယ္။ ေနာက္ IGG အခန္းထဲသြားပါတယ္။ IG Generator ကေတာ့ ပိုက္ေတြ၊ valve ေတြ ျဖဳတ္ထားတာ ေတြ႕ပါတယ္။ local control panel မွာလည္း ႀကိဳးေတြ တို႔လို႔တန္းလန္း။ ခဏထားလိုက္ဦးမယ္။ သူက first priority မဟုတ္ဘူး။ 
အဲဒီအခန္းထဲမွာ Boiler uptake ပိုက္ေတြ ဆုံၿပီး Scrubber tower ထဲ ဝင္သြားတာေတြ႕ရပါတယ္။ သူက ဘာလုပ္တာလည္းဆိုေတာ့ (flue gas) exhaust ထဲက ေလထဲမွာ ေအာက္စီဂ်င္ေတာ့ နည္းေနပါၿပီ။ ေလက ပူေနတယ္။ မသန္႔ရွင္းတဲ့ အမႈန္႔ေတြ ဆာလဖာဒိုင္ ေအာက္ဆိုက္လို မလိုလားတဲ့ gas ေတြရွိေနေသးေတာ့ sea water နဲ႔ spray လုပ္ၿပီး ေဆးပစ္တာပါ။ အေပၚဘက္မွာ demister ေခၚတဲ့ အေျခာက္ခံတဲ့ အကန္႔ပါေလ့ရွိပါတယ္။ သန္႔ၿပီးေအးၿပီး IG က Cargo tank ထဲထည့္ဖို႔ အဆင္သင့္ျဖစ္ၿပီေပါ့။ 
Scrubber tower ကထြက္တဲ့ IG ကို မႈတ္ေပးဖို႔ Blower ႏွစ္လုံးရွိပါတယ္။ Blower အဝင္နဲ႔ အထြက္ valve ေတြကိုလည္း Manual ဖြင့္၊ပိတ္ စမ္းၾကည့္ပါတယ္။ CCR မွာ Valve status အမွန္ျပတယ္ဆိုေတာ့ limit switch ေတြေကာင္းတယ္ေပါ့။ အဲဒီေနာက္ ပိုက္က delivery line နဲ႔ purge to atmosphere ႏွစ္ခု ခြဲထြက္သြားပါတယ္ position control
valve ႏွစ္ဘက္လုံးမွာ တပ္ထားပါတယ္။ ATM purge valve က jam ျဖစ္ေနလို႔ စက္-၂ ကို ျဖဳတ္ၿပီး service လုပ္ဖို႔ ေျပာ ပါတယ္။ positioner control လည္း မေကာင္းဘူးလို႔ ဓာတ္ႀကိဳးကေျပာပါတယ္။ Delivery line ကို IGG ကထြက္လာတဲ့ Delivery line က လာဆုံပါတယ္။ IGG ဘက္က valve ကို ပိတ္ထားၿပီး ေလပိုက္ေတြ ျဖဳတ္ထားတာေတြ႕ပါတယ္။ အဲဒီ အခန္းထဲမွာဘဲ O2 analyzer control panel ေတြ႕ပါတယ္။ Delivery line က gas မွာ O2 content ဘယ္ေလာက္ ႐ွိလည္း စစ္တာပါ။ မ်ားေသာအားျဖင့္ 5% - 8% အတြင္း ထိန္းခ်ဳပ္ပါတယ္။ Purge line အဆုံးမွာ flung တစ္ခုပိတ္ထားၿပီး limit switch တစ္လုံးနဲ႔ detect လုပ္ထားပါတယ္။
Delivery line တစ္ေလ်ာက္ လိုက္လာယင္ Main deck မွာ Deck Seal module ရွိပါတယ္။ tank ထဲမွာ Sea water level တစ္ခု အထိ ထိန္းထားၿပီး IG
အဝင္ပိုက္ကို ေရထဲမွာထည့္ထားပါတယ္။ အထြက္ ပိုက္က ေရမ်က္ႏွာျပင္ အထက္ ကေန Cargo tank(COT) ေတြဆီ ဆက္ထားပါတယ္။ အဲဒီေတာ့ COT ဘက္က မီးေလာင္ႏိုင္တဲ့ အေငြ႕ေတြနဲ႔ ေရာက္ၿပီးသား IG ေတြ ေနာက္ျပန္မထြက္လာႏိုင္ေအာင္ Seal လုပ္ေပးထားတဲ့ သေဘာပါ။ One way valve နဲ႔ သေဘာခ်င္းတူပါတယ္။ COT ဘက္က ပိုက္မွာ Tube အေသးေလးေတြနဲ႔ ေဖါက္ၿပီး O2 analyzer တစ္ခု pressure transmitter တစ္ခု နဲ႔ pressure switch တစ္ခုကို pump room ထဲမွာ ထည့္ထားပါတယ္။ အဲဒီ တိုင္းလို႔ ရတဲ့ pressure အရ Delivery position valve ကို အနည္းအမ်ား ထိန္းဖြင့္ေပးမွာပါ။ PV breaker ကိုေတာ့ electrical control မွာ
မဆိုင္လို႔ ေသခ်ာမၾကည့္ခဲ့ဘူး။
အကုန္ေလွ်ာက္ၾကည့္ၿပီးေတာ့ CCR ထဲက Control panel ကိုစၿပီး စစ္ပါတယ္။ သူတို႔ manual ေမာင္းဖို႔ ေက်ာ္ခြထားတဲ့ ႀကိဳးေတြ အကုန္ျဖဳတ္လိုက္ပါတယ္။ အစဆုံး simulation input ေပးၿပီး စမ္းဖို႔လုပ္ပါတယ္။ မစမ္းခင္ isolation လုပ္ပါတယ္။ Boiler ႏွစ္လုံးစလုံး မေမာင္းထားပါဘူး။ Blower ၂ လုံးရဲ႕ starter panel မွာ blower motor အထြက္ႀကိဳးေတြ ျဖဳတ္ထားလိုက္ပါတယ္။ Deck seal ရဲ႕ sea water pump ကိုေတာ့ ေမာင္းထားၿပီး ေရ level မွန္ မမွန္ စစ္ပါတယ္။ Main panel မွာ Deck seal pump ရဲ႕ pressure နဲ႔ Low level Alarm မျပပါဘူး။ ဒါဆိုယင္ စမ္းလို႔ ရၿပီေပါ့။ 
အစဆုံး Mode ၃ ခုရွိတဲ့ထဲက Flue Gas Inerting Mode ကိုေရြးထားပါတယ္။ ေနာက္ၿပီး (1) scrubber cooling pump ခလုတ္ဖြင့္လိုက္ပါတယ္။ run signal LED မလင္းသလို PLC မွာလည္း signal မရပါဘူး။ ER ထဲဆင္း Starter panel သြားၾကည့္ေတာ့ Local / remote ခလုတ္ ကပ္ေနတယ္။ အသစ္မရွိလို႔ service လုပ္ေပးေတာ့ အဆင္ေျပသြားတယ္။ CCR main panel မွာ Scrubber motor run LED လင္းသြားပါၿပီ။ Sea water Flow, Pressure နဲ႔ level Alarm ေတြ မရွိေတာ့ပါဘူး။ Drain valve က open မျပလို႔ တစ္ခါ ER floor ထိဆင္း junction box ကို ဆင္းၾကည့္ရပါတယ္။ Junction Box ဖြင့္ၾကည့္ေတာ့ Limit Switch ေသခ်ာ မထိဘူး။ ညွိေပးၿပီး valve ကို အဖြင့္အပိတ္ စမ္းေတာ့ မွန္သြားပါၿပီ။ Open position မွာ ထားလိုက္ပါတယ္။  Main panel ျပန္ၾကည့္ ပါတယ္။ Air inlet မွာ alarm မရွိေတာ့ ဒီအတိုင္းထားလိုက္ပါတယ္။ 
ေနာက္ (2) blower 1 (50%) ကိုေရြးပါတယ္။ Blower 1 inlet valve နဲ႔ outlet valve ႏွစ္ခုလုံး open ျပေနပါတယ္။ PLC မွာၾကည့္ေတာ့ outlet valve open signal အထြက္မျပပါဘူး။ Blower ေနရာသြား ၾကည့္ေတာ့ valve ကပြင့္ေနတယ္။ solenoid မွာလည္း power ေရာက္ေနတယ္။ မသကၤာလို႔ PLC အထြက္ signal ကို တိုင္းၾကည့္ေတာ့ အထြက္ 24V ရွိေနတယ္။ PLC module ရဲ႕ အဲဒီ channel ပ်က္သြားၿပီထင္တယ္။ PLC output module အသစ္ တစ္ခု ရွိတယ္ဆိုေတာ့ လဲၾကည့္လိုက္တယ္။ out put 24V မထြက္ေတာ့ဘူး။ outlet valve လည္း ပိတ္သြားၿပီး close signal ျပသြားပါၿပီ။
ေနာက္ၿပီး (3) Boiler uptake အတြက္ Boiler 2(Stbd) ကိုေရြးလိုက္ပါတယ္။ 
(4) System Switch ကို 1-Normal Operation မွာထားလိုက္ေတာ့ System Ready to Start Flu Gas LED လင္းလာပါတယ္။ Inert Gas deliver လုပ္ဖို႔ အဆင္သင့္ျဖစ္ေနပါၿပီ။
(4) System Start pulse ကို လွည့္လိုက္ပါတယ္။ 
(5) Inert Gas or Air to Deck ကို စလိုက္ပါတယ္။ အဲဒီေတာ့ Boiler 2 uptake valve open LED လင္းလာပါတယ္။ Blower 1 running LED လင္းလာၿပီး Blower 1 outlet valve close ကေန open status ေျပာင္းသြားပါတယ္။ Flue Gas System Running LED လင္းလာပါတယ္။ ခဏေနေတာ့ Oxygen high Alarm တက္လာၿပီး System ရပ္သြားပါတယ္။ Deliver line မွာ O2 ျမင့္ေနလို႔ ျဖတ္ခ်တာပါ။ ဒီအပိုင္းအထိ Control PLC အလုပ္လုပ္တယ္ေပါ့။ 
ေနာက္တစ္ဆင့္ O2 analyzer ကိုသြားၾကည့္ပါတယ္။ sample line အဝင္ valve ကိုပိတ္ၿပီး gas bottle နဲ႔ ဆက္တဲ့ valve ကို ဖြင့္လိုက္ပါတယ္။ Gas bottle က N2 98%, O2 2%. Analyzer output ၾကည့္ေတာ့ O2 က 0% ျပေနပါတယ္။ တစ္ကယ့္ result ထက္ နည္းေနမွာေပါ့။ 2% ရေအာင္ ျပန္ calibrate လုပ္ေပးလိုက္ပါတယ္။ ေနာက္ၿပီး ေလအဝင္နဲ႔ span gas အဝင္ valve ကို ညွိၿပီး O2 % ကိုတစ္ျဖည္းျဖည္းခ်င္း အတင္အခ်လုပ္ၾကည့္ပါတယ္။ O2 high 8% နဲ႔ low 5% မွာ output ထြက္မထြက္ ၾကည့္ေတာ့ ထြက္ပါတယ္။ O2 analyzer က ထြက္တဲ့ O2 % တန္ဖိုးကို 4-20mA နဲ႔ထုတ္ၿပီး Local panel, IGG local panel, Boiler control panel, IGS Main panel က display ေတြနဲ႔ Recorder ကို Series ဆက္ထားပါတယ္။ Display Value တူရဲ႕လား လိုက္ၾကည့္ၿပီး တစ္ခုကို မညီလို႔ နည္းနည္း ျပန္ညွိေပးရပါတယ္။ ေနာက္ထပ္ Deck line အတြက္ pump room ထဲက O2 analyzer ေနာက္တစ္ခုကို calibrate ထပ္လုပ္ပါတယ္။ 
ေနာက္တစ္ခုက Pressure control ပါ။ Transmitter က pump room ထဲမွာ၊ KS90 controller ကေတာ့ CCR ထဲက panel မွာပါ။ Pressure Value ကလည္း 4-20mA နဲ႔ KS90 Controller နဲ႔ recorder ကို series ခ်ိတ္ထားပါတယ္။ ညီမညီ စစ္ၾကည့္ေတာ့ အဆင္ေျပပါတယ္။ KS90 output ကို Delivery Valve နဲ႔ Purge Valve ေတြရဲ႕ Positioner ေတြနဲ႔ Series ဆက္ထားပါတယ္။ Deck line ရဲ႕ pressure ေပၚမူတည္ၿပီး Valve အက်ဥ္း၊ အက်ယ္ လိုတဲ့ position အလိုအေလ်ာက္ ညွိေပးမွာပါ။ အဲဒီ control series ႀကိဳးကို interlock contact ႏွစ္ခု ထည့္ထားပါတယ္။ O2 control relay contact နဲ႔ deck line pressure switch control contact ေတြပါ။ အဲဒီ contact ေတြက ျဖတ္ခ်လိုက္ယင္ Control Valve ႏွစ္ခုက Fail safe position ေတြဆီ ေရြ႕သြားမွာပါ။ Fail Safe ေတြကေတာ့ Delivery Valve က Close ျဖစ္ၿပီး Purge Valve က Open ျဖစ္ပါတယ္။ 
အခု purge valve positioner မေကာင္းဘူးဆိုေတာ့ အဲဒီမွာရွိတဲ့ control ႀကိဳးကို jumper နဲ႔ short လုပ္ေပးလိုက္ပါတယ္။ Valve ကေတာ့ manually open ထားလိုက္ပါတယ္။ ၿပီေတာ့မွ pump room ထဲက pressure transmitter ကို hand pump ေလးနဲ႔ ထိုးၿပီး pressure အတင္အခ် simulate လုပ္ၾကည့္ေတာ့ Delivery valve က အဖြင့္အပိတ္ အက်ဥ္း အက်ယ္ လိုက္ ကစားပါတယ္။ O2 control relay နဲ႔ pressure switch relay ေတြကို simulate open လုပ္ၾကည့္ေတာ့လည္း Fail Safe နဲ႔ Valve ပိတ္သြားပါတယ္။ 
ဒါဆိုယင္ System ကေတာ့ ေကာင္းေနပါၿပီ။ Blower motor ႀကိဳးေတြ ျပန္တပ္ေပးခဲ့ပါတယ္။ သေဘၤာကလူေတြကို ေသခ်ာရွင္းျပၿပီး Purge valve positioner အသစ္မွာၿပီးတပ္လိုက္ဖို႔မွာခဲ့ပါတယ္။ IGG ကေတာ့ အခ်ိန္မရေတာ့ ထားခဲ့ရပါတယ္။ 
System က နည္းနည္း ရႈပ္ေတာ့ Outline ဓာတ္ပုံနဲ႔ တိုက္ၾကည့္ၿပီး ေသခ်ာျပန္ဖတ္ၾကည့္ၾကပါ။ အားလုံး အဆင္ေျပၾကပါေစ။

[unicode]

 အင်ဒိုမှာရှိတဲ့ Tanker သင်္ဘော ခပ်ဟောင်းဟောင်း တစ်စီးမှာပါ။ ပြဿနာက IGS က Auto အလုပ်မလုပ်လို့ စစ်ပေးဖို့ပြောပါတယ်။ လောလောဆယ် Manually ဖြစ်အောင် သုံးနေရတယ် ပြောပါတယ်။ IG Generator ကို Top up mode အတွက်ထားပေမဲ့ run မရဘူး ပြောပါတယ်။ IGG ကတော့ အချိန်ရယင်ပြင်ပေး၊ အချိန်မရတော့လည်း နောက်တစ်ခေါက်ပေါ့။
IG System ရဲ့ ရည်ရွယ်ချက်က Cargo Tank တွေ မီးမလောင်လွယ်အောင် Tank ထဲမှာ အောက်စီဂျင်ပါဝင်နှုံး နည်းတဲ့လေ (inert gas) ဖြည့်ပေးတဲ့ စံနစ်ပါ။ inert gas ဘယ်ကရလဲဆိုတော့ ME ရဲ့ exhaust, boiler exhaust ဒါမှမဟုတ် IG Generator တွေက ယူလေ့ရှိပါတယ်။ IGG အလုပ်လုပ်ပုံ အသေးစိတ်ကို ကို သူရိန်မင်းမော် တင်ထားတဲ့ post မှာ ရှာဖတ်ကြည့်ကြပါ။
https://www.facebook.com/ichi.kanji/posts/1563774267056944
ဒီသင်္ဘောမှာတော့ အဓိက inert gas source ကို boiler ရဲ့ exhaust ကယူထားပါတယ်။ မလုံလောက်ယင်တော့ IGG နဲ့ top up လုပ်ဖို့ စီစဉ်ထားပါတယ်။ boiler ၂ လုံး ရှိပါတယ်။
ပထမဆုံး CCR ထဲမှာ Control panel ရှိပါတယ်။ PLC အထွက် ကြိုးတွေကို jumper ကျော်ခွထားပြီး ခလုတ်တစ်ချို့တပ်ထားတာတွေ့ပါတယ်။ Boiler နှစ်လုံးရဲ့ uptake valve တွေသွားကြည့်ပါတယ်။ Boiler တွေ ရပ်ထားပါတယ်။ လေဖွင့်ထားပြီးသားဆိုတော့ Valve ရဲ့ Manual actuator သုံးပြီး ဖွင့်၊ပိတ် လုပ်ကြည့်တာ အဆင်ပြေပါတယ်။ CCR မှာ valve status လည်း အမှန်ပြပါတယ်။ နောက် IGG အခန်းထဲသွားပါတယ်။ IG Generator ကတော့ ပိုက်တွေ၊ valve တွေ ဖြုတ်ထားတာ တွေ့ပါတယ်။ local control panel မှာလည်း ကြိုးတွေ တို့လို့တန်းလန်း။ ခဏထားလိုက်ဦးမယ်။ သူက first priority မဟုတ်ဘူး။
အဲဒီအခန်းထဲမှာ Boiler uptake ပိုက်တွေ ဆုံပြီး Scrubber tower ထဲ ဝင်သွားတာတွေ့ရပါတယ်။ သူက ဘာလုပ်တာလည်းဆိုတော့ (flue gas) exhaust ထဲက လေထဲမှာ အောက်စီဂျင်တော့ နည်းနေပါပြီ။ လေက ပူနေတယ်။ မသန့်ရှင်းတဲ့ အမှုန့်တွေ ဆာလဖာဒိုင် အောက်ဆိုက်လို မလိုလားတဲ့ gas တွေရှိနေသေးတော့ sea water နဲ့ spray လုပ်ပြီး ဆေးပစ်တာပါ။ အပေါ်ဘက်မှာ demister ခေါ်တဲ့ အခြောက်ခံတဲ့ အကန့်ပါလေ့ရှိပါတယ်။ သန့်ပြီးအေးပြီး IG က Cargo tank ထဲထည့်ဖို့ အဆင်သင့်ဖြစ်ပြီပေါ့။
Scrubber tower ကထွက်တဲ့ IG ကို မှုတ်ပေးဖို့ Blower နှစ်လုံးရှိပါတယ်။ Blower အဝင်နဲ့ အထွက် valve တွေကိုလည်း Manual ဖွင့်၊ပိတ် စမ်းကြည့်ပါတယ်။ CCR မှာ Valve status အမှန်ပြတယ်ဆိုတော့ limit switch တွေကောင်းတယ်ပေါ့။ အဲဒီနောက် ပိုက်က delivery line နဲ့ purge to atmosphere နှစ်ခု ခွဲထွက်သွားပါတယ် position control
valve နှစ်ဘက်လုံးမှာ တပ်ထားပါတယ်။ ATM purge valve က jam ဖြစ်နေလို့ စက်-၂ ကို ဖြုတ်ပြီး service လုပ်ဖို့ ပြော ပါတယ်။ positioner control လည်း မကောင်းဘူးလို့ ဓာတ်ကြိုးကပြောပါတယ်။ Delivery line ကို IGG ကထွက်လာတဲ့ Delivery line က လာဆုံပါတယ်။ IGG ဘက်က valve ကို ပိတ်ထားပြီး လေပိုက်တွေ ဖြုတ်ထားတာတွေ့ပါတယ်။ အဲဒီ အခန်းထဲမှာဘဲ O2 analyzer control panel တွေ့ပါတယ်။ Delivery line က gas မှာ O2 content ဘယ်လောက် ရှိလည်း စစ်တာပါ။ များသောအားဖြင့် 5% - 8% အတွင်း ထိန်းချုပ်ပါတယ်။ Purge line အဆုံးမှာ flung တစ်ခုပိတ်ထားပြီး limit switch တစ်လုံးနဲ့ detect လုပ်ထားပါတယ်။
Delivery line တစ်လျောက် လိုက်လာယင် Main deck မှာ Deck Seal module ရှိပါတယ်။ tank ထဲမှာ Sea water level တစ်ခု အထိ ထိန်းထားပြီး IG
အဝင်ပိုက်ကို ရေထဲမှာထည့်ထားပါတယ်။ အထွက် ပိုက်က ရေမျက်နှာပြင် အထက် ကနေ Cargo tank(COT) တွေဆီ ဆက်ထားပါတယ်။ အဲဒီတော့ COT ဘက်က မီးလောင်နိုင်တဲ့ အငွေ့တွေနဲ့ ရောက်ပြီးသား IG တွေ နောက်ပြန်မထွက်လာနိုင်အောင် Seal လုပ်ပေးထားတဲ့ သဘောပါ။ One way valve နဲ့ သဘောချင်းတူပါတယ်။ COT ဘက်က ပိုက်မှာ Tube အသေးလေးတွေနဲ့ ဖေါက်ပြီး O2 analyzer တစ်ခု pressure transmitter တစ်ခု နဲ့ pressure switch တစ်ခုကို pump room ထဲမှာ ထည့်ထားပါတယ်။ အဲဒီ တိုင်းလို့ ရတဲ့ pressure အရ Delivery position valve ကို အနည်းအများ ထိန်းဖွင့်ပေးမှာပါ။ PV breaker ကိုတော့ electrical control မှာ
မဆိုင်လို့ သေချာမကြည့်ခဲ့ဘူး။
အကုန်လျှောက်ကြည့်ပြီးတော့ CCR ထဲက Control panel ကိုစပြီး စစ်ပါတယ်။ သူတို့ manual မောင်းဖို့ ကျော်ခွထားတဲ့ ကြိုးတွေ အကုန်ဖြုတ်လိုက်ပါတယ်။ အစဆုံး simulation input ပေးပြီး စမ်းဖို့လုပ်ပါတယ်။ မစမ်းခင် isolation လုပ်ပါတယ်။ Boiler နှစ်လုံးစလုံး မမောင်းထားပါဘူး။ Blower ၂ လုံးရဲ့ starter panel မှာ blower motor အထွက်ကြိုးတွေ ဖြုတ်ထားလိုက်ပါတယ်။ Deck seal ရဲ့ sea water pump ကိုတော့ မောင်းထားပြီး ရေ level မှန် မမှန် စစ်ပါတယ်။ Main panel မှာ Deck seal pump ရဲ့ pressure နဲ့ Low level Alarm မပြပါဘူး။ ဒါဆိုယင် စမ်းလို့ ရပြီပေါ့။
အစဆုံး Mode ၃ ခုရှိတဲ့ထဲက Flue Gas Inerting Mode ကိုရွေးထားပါတယ်။ နောက်ပြီး (1) scrubber cooling pump ခလုတ်ဖွင့်လိုက်ပါတယ်။ run signal LED မလင်းသလို PLC မှာလည်း signal မရပါဘူး။ ER ထဲဆင်း Starter panel သွားကြည့်တော့ Local / remote ခလုတ် ကပ်နေတယ်။ အသစ်မရှိလို့ service လုပ်ပေးတော့ အဆင်ပြေသွားတယ်။ CCR main panel မှာ Scrubber motor run LED လင်းသွားပါပြီ။ Sea water Flow, Pressure နဲ့ level Alarm တွေ မရှိတော့ပါဘူး။ Drain valve က open မပြလို့ တစ်ခါ ER floor ထိဆင်း junction box ကို ဆင်းကြည့်ရပါတယ်။ Junction Box ဖွင့်ကြည့်တော့ Limit Switch သေချာ မထိဘူး။ ညှိပေးပြီး valve ကို အဖွင့်အပိတ် စမ်းတော့ မှန်သွားပါပြီ။ Open position မှာ ထားလိုက်ပါတယ်။  Main panel ပြန်ကြည့် ပါတယ်။ Air inlet မှာ alarm မရှိတော့ ဒီအတိုင်းထားလိုက်ပါတယ်။
နောက် (2) blower 1 (50%) ကိုရွေးပါတယ်။ Blower 1 inlet valve နဲ့ outlet valve နှစ်ခုလုံး open ပြနေပါတယ်။ PLC မှာကြည့်တော့ outlet valve open signal အထွက်မပြပါဘူး။ Blower နေရာသွား ကြည့်တော့ valve ကပွင့်နေတယ်။ solenoid မှာလည်း power ရောက်နေတယ်။ မသင်္ကာလို့ PLC အထွက် signal ကို တိုင်းကြည့်တော့ အထွက် 24V ရှိနေတယ်။ PLC module ရဲ့ အဲဒီ channel ပျက်သွားပြီထင်တယ်။ PLC output module အသစ် တစ်ခု ရှိတယ်ဆိုတော့ လဲကြည့်လိုက်တယ်။ out put 24V မထွက်တော့ဘူး။ outlet valve လည်း ပိတ်သွားပြီး close signal ပြသွားပါပြီ။
နောက်ပြီး (3) Boiler uptake အတွက် Boiler 2(Stbd) ကိုရွေးလိုက်ပါတယ်။
(4) System Switch ကို 1-Normal Operation မှာထားလိုက်တော့ System Ready to Start Flu Gas LED လင်းလာပါတယ်။ Inert Gas deliver လုပ်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။
(4) System Start pulse ကို လှည့်လိုက်ပါတယ်။
(5) Inert Gas or Air to Deck ကို စလိုက်ပါတယ်။ အဲဒီတော့ Boiler 2 uptake valve open LED လင်းလာပါတယ်။ Blower 1 running LED လင်းလာပြီး Blower 1 outlet valve close ကနေ open status ပြောင်းသွားပါတယ်။ Flue Gas System Running LED လင်းလာပါတယ်။ ခဏနေတော့ Oxygen high Alarm တက်လာပြီး System ရပ်သွားပါတယ်။ Deliver line မှာ O2 မြင့်နေလို့ ဖြတ်ချတာပါ။ ဒီအပိုင်းအထိ Control PLC အလုပ်လုပ်တယ်ပေါ့။
နောက်တစ်ဆင့် O2 analyzer ကိုသွားကြည့်ပါတယ်။ sample line အဝင် valve ကိုပိတ်ပြီး gas bottle နဲ့ ဆက်တဲ့ valve ကို ဖွင့်လိုက်ပါတယ်။ Gas bottle က N2 98%, O2 2%. Analyzer output ကြည့်တော့ O2 က 0% ပြနေပါတယ်။ တစ်ကယ့် result ထက် နည်းနေမှာပေါ့။ 2% ရအောင် ပြန် calibrate လုပ်ပေးလိုက်ပါတယ်။ နောက်ပြီး လေအဝင်နဲ့ span gas အဝင် valve ကို ညှိပြီး O2 % ကိုတစ်ဖြည်းဖြည်းချင်း အတင်အချလုပ်ကြည့်ပါတယ်။ O2 high 8% နဲ့ low 5% မှာ output ထွက်မထွက် ကြည့်တော့ ထွက်ပါတယ်။ O2 analyzer က ထွက်တဲ့ O2 % တန်ဖိုးကို 4-20mA နဲ့ထုတ်ပြီး Local panel, IGG local panel, Boiler control panel, IGS Main panel က display တွေနဲ့ Recorder ကို Series ဆက်ထားပါတယ်။ Display Value တူရဲ့လား လိုက်ကြည့်ပြီး တစ်ခုကို မညီလို့ နည်းနည်း ပြန်ညှိပေးရပါတယ်။ နောက်ထပ် Deck line အတွက် pump room ထဲက O2 analyzer နောက်တစ်ခုကို calibrate ထပ်လုပ်ပါတယ်။
နောက်တစ်ခုက Pressure control ပါ။ Transmitter က pump room ထဲမှာ၊ KS90 controller ကတော့ CCR ထဲက panel မှာပါ။ Pressure Value ကလည်း 4-20mA နဲ့ KS90 Controller နဲ့ recorder ကို series ချိတ်ထားပါတယ်။ ညီမညီ စစ်ကြည့်တော့ အဆင်ပြေပါတယ်။ KS90 output ကို Delivery Valve နဲ့ Purge Valve တွေရဲ့ Positioner တွေနဲ့ Series ဆက်ထားပါတယ်။ Deck line ရဲ့ pressure ပေါ်မူတည်ပြီး Valve အကျဉ်း၊ အကျယ် လိုတဲ့ position အလိုအလျောက် ညှိပေးမှာပါ။ အဲဒီ control series ကြိုးကို interlock contact နှစ်ခု ထည့်ထားပါတယ်။ O2 control relay contact နဲ့ deck line pressure switch control contact တွေပါ။ အဲဒီ contact တွေက ဖြတ်ချလိုက်ယင် Control Valve နှစ်ခုက Fail safe position တွေဆီ ရွေ့သွားမှာပါ။ Fail Safe တွေကတော့ Delivery Valve က Close ဖြစ်ပြီး Purge Valve က Open ဖြစ်ပါတယ်။
အခု purge valve positioner မကောင်းဘူးဆိုတော့ အဲဒီမှာရှိတဲ့ control ကြိုးကို jumper နဲ့ short လုပ်ပေးလိုက်ပါတယ်။ Valve ကတော့ manually open ထားလိုက်ပါတယ်။ ပြီတော့မှ pump room ထဲက pressure transmitter ကို hand pump လေးနဲ့ ထိုးပြီး pressure အတင်အချ simulate လုပ်ကြည့်တော့ Delivery valve က အဖွင့်အပိတ် အကျဉ်း အကျယ် လိုက် ကစားပါတယ်။ O2 control relay နဲ့ pressure switch relay တွေကို simulate open လုပ်ကြည့်တော့လည်း Fail Safe နဲ့ Valve ပိတ်သွားပါတယ်။
ဒါဆိုယင် System ကတော့ ကောင်းနေပါပြီ။ Blower motor ကြိုးတွေ ပြန်တပ်ပေးခဲ့ပါတယ်။ သင်္ဘောကလူတွေကို သေချာရှင်းပြပြီး Purge valve positioner အသစ်မှာပြီးတပ်လိုက်ဖို့မှာခဲ့ပါတယ်။ IGG ကတော့ အချိန်မရတော့ ထားခဲ့ရပါတယ်။
System က နည်းနည်း ရှုပ်တော့ Outline ဓာတ်ပုံနဲ့ တိုက်ကြည့်ပြီး သေချာပြန်ဖတ်ကြည့်ကြပါ။ အားလုံး အဆင်ပြေကြပါစေ။

Tuesday 11 April 2017

Alarm Monitoring System (၁) - DG Leakage Alarm

[zawgyi]

ၿပီးခဲ့တဲ့ ၂ ႏွစ္ေက်ာ္ ေလာက္ကပါ။ Owner က အလုပ္အပ္လာပါတယ္။ သူစစ္ၾကည့္လာတဲ့ သေဘၤာေပၚက ျပႆနာ တစ္ခုကို သြားရွင္းေပးဖို႔ေျပာပါတယ္။ ျပႆနာက DG တစ္လုံးရဲ႕ leakage alarm ပါ။ well ထဲမွာလည္း ေရမရွိဘဲနဲ႔  alarm အၿမဲတက္ေနလို႔ တဲ့။သူေျပာျပခ်က္အရ alarm system က Normally close (NC) signal ကိုယူတယ္။  float switch output က ေျပာင္းျပန္ျဖစ္ေနတယ္ တဲ့။ အဲဒါ 24V DC relay တစ္လုံး ယူသြားၿပီး circuit ကို modify လုပ္ေပးဖို႔ မွာလိုက္ပါတယ္။ သေဘၤာေပၚေရာက္တယ္ ဆိုယင္ဘဲ owner ၾကည့္ၿပီးသားဆိုေတာ့ ဘာမွ မစဥ္းစားမိေတာ့ဘဲ modify လုပ္ဖို႔ လိုက္ၾကည့္တာေပါ့ေနာ္။ terminal ေတြ ဘယ္မွာလဲ။ 24V source ဘယ္ကယူမလဲ။ ဘယ္မွာ relay ထိုင္မလဲ။ Din rail (omega rail) ရွိလား။ အဲဒါေတြလိုက္ၾကည့္တာေပါ့။ 
ေနာက္ၿပီးမွ မဆင္ခင္ စက္ခ်ဳပ္နဲ႔ စကားေျပာၾကည့္တယ္။ ဒီျပႆနာက အစထဲကျဖစ္တာလား ဆိုေတာ့ နည္းနည္းေတာ့ ၾကာသြြားၿပီ။ ဒါေပမဲ့ အစထဲကျဖစ္တာ မဟုတ္ဘူး ေျပာပါတယ္။ float switch လဲထားေသးလား ေမးေတာ့ မလဲဘူးတဲ့။ 
ဒါဆို တစ္ခုခု မွားေနၿပီ။ ျပႆနာရဲ႕ ဇစ္ျမစ္ (root cause) ကို မရွာဘဲ အဆင္ေျပေအာင္ ျပင္ဖို႔ လုပ္ေနသလို ျဖစ္ေနတာေပါ့။ ဒါနဲ႔ DG engine ေဘးမွာ float switch ကိုသြားၾကည့္တယ္။ float switch ထိပ္က junction box ထဲမွာ ႀကိဳး ၂ စ ပူးၿပီး bypass လုပ္ထားတာ ေတြ႕ပါတယ္။ ခြာၾကည့္ေတာ့ alarm လာတယ္။ system အလုပ္လုပ္တယ္ေပါ့။ Float switch ကလာတဲ့ ႀကိဳး ၂စ ကို တိုင္းၿပီး float ball ကစားၾကည့္တယ္။ float အေပၚေရာက္ယင္ close ျဖစ္ၿပီး float ေအာက္ေရာက္ယင္ open ျဖစ္ပါတယ္။ reed switch ေရာ float ထဲက magnet ေရာ ေကာင္းတယ္ေပါ့။ လိုအပ္လာယင္ reed switch position ကို ၾကည့္ရမွာေပါ့။
ဒါနဲ႔ စက္-၂ ကို ေမးၾကည့္တယ္။ ဒီ float ball ျဖဳတ္လိုရလားဆိုေတာ့၊ သူတို႔ ျဖဳတ္ၿပီး service/clean လုပ္ဖူးတယ္တဲ့။ c-clip ေလးျဖဳတ္ၿပီး ထုတ္ျပတယ္။ ကၽြန္ေတာ္ float ball ကို ေျပာင္းျပန္လွန္ၿပီး စမ္းၾကည့္ေတာ့၊ float အေပၚတက္ယင္ open ျဖစ္ၿပီး  ေအာက္ေရာက္ယင္ close ျဖစ္ပါတယ္။ မွန္သြားၿပီေပါ့။ Magnet က float ball ရဲ႕ တစ္ျခမ္းမွာဘဲ ပါတဲ့ type ဆိုေတာ့ ေျပာင္းျပန္လွန္ယင္ NO/NC ေျပာင္းသြားတာပါ။
သေဘၤာက ဆရာေတြ service လုပ္ယင္း ေျပာင္းျပန္တပ္မိထားတာ ျဖစ္ႏိုင္ပါတယ္။
ဒီျပႆနာေလးမ်ိဳးေတြ ၾကဳံရတတ္ပါတယ္။ ရွင္းရွင္းေလးကို ေသခ်ာ မေတြးမိယင္ အေတြး ပိတ္သြားယင္ ျဖစ္တတ္တာမ်ိဳးပါ။ root cause ကို ရွာၿပီး မျပင္ဘဲ အလုပ္ျဖစ္ၿပီးေရာ modify လုပ္ခဲ့ယင္ ၾကာလာေတာ့ system မွာ ရႈပ္ေထြးကုန္တတ္ပါတယ္။
အေတြးပိတ္သြားတာနဲ႔ ပါတ္သတ္လို႔ ငယ္ငယ္က အေမေျပာဖူးခဲ့တဲ့ အေၾကာင္းေလး ျပန္ေဖါက္သည္ခ်ခ်င္ပါတယ္။ Technical term ေတြနဲ႔ ေတြ႕ေနက် ကၽြန္ေတာ့ စာေတြထဲမွာ တစ္ခါတေလ အပ်င္းေျပေပါ့ဗ်ာ။
တစ္ခါက အေမတို႔ရြာက ဦးႏုံတစ္ေယာက္ ညေန ယာထြန္ၿပီး ျပန္မယ္လုပ္ေတာ့ စဥ္းစားတယ္တဲ့။ မနက္ျဖန္ျပန္လာၿပီး ထြန္ရဦးမွာဘဲ။ ဒီထြန္တုံး ထားခဲ့လိုက္မယ္။ ႏြားေတြသယ္ရသက္သာတာေပါ့ဆိုၿပီး ထြန္တုံးကိုထားခဲ့တယ္တဲ့။ ဦးႏုံျပန္သြားၿပီး ေနာက္တတ္ေျပာင္တတ္တဲ့ ကာလသား တစ္ေယာက္က ထြန္တုံးရဲ႕ ေရွ႕ ႏြားဆြဲတဲ့ တုတ္တံ ႏွစ္ေခ်ာင္းကို စုခ်ည္ထားတဲ့ ႀကိဳးကို ျဖည္။ ထြန္တုံးကို ထန္းပင္တစ္ပင္မွာ ခြၿပီးျပန္ခ်ည္ထားခဲ့တယ္တဲ့။ 
ေနာက္ေန႔ ဦးႏုံသူ႔ယာကြက္ေရာက္ေတာ့ ထန္းပင္မွာ ခြေနတဲ့ ထြန္တုံးကိုၾကည့္ၿပီး စဥ္းစားတယ္။ ပါးစပ္ကလည္း တတြတ္တြတ္ ရြတ္ေနသတဲ့။ "မေနညမွ ထြန္တုံးၾကားမွာ ေပါက္တဲ့ ထန္းပင္ဆိုလည္း ႀကီးလြန္းတယ္။ တစ္ေယာက္ေယာက္ ေဆာ့ၿပီး အေပၚကစြပ္ရေအာင္လည္း အျမင့္ႀကီး" တဲ့။ ထြန္တုံး စုခ်ည္ထားတဲ့ႀကိဳး ျဖဳတ္ေလ့မရွိဘူး ဆိုတဲ့ အေတြးက block လုပ္သြားတာမ်ိဳး။
ကၽြန္ေတာ္တို႔ trouble-shooting လုပ္ယင္ human factor ကို ေလွ်ာ့တြက္လို႔ မရဘူးဆိုတာ ေျပာခဲ့ပါရေစ။

[unicode]

ပြီးခဲ့တဲ့ ၂ နှစ်ကျော် လောက်ကပါ။ Owner က အလုပ်အပ်လာပါတယ်။ သူစစ်ကြည့်လာတဲ့ သင်္ဘောပေါ်က ပြဿနာ တစ်ခုကို သွားရှင်းပေးဖို့ပြောပါတယ်။ ပြဿနာက DG တစ်လုံးရဲ့ leakage alarm ပါ။ well ထဲမှာလည်း ရေမရှိဘဲနဲ့  alarm အမြဲတက်နေလို့ တဲ့။သူပြောပြချက်အရ alarm system က Normally close (NC) signal ကိုယူတယ်။  float switch output က ပြောင်းပြန်ဖြစ်နေတယ် တဲ့။ အဲဒါ 24V DC relay တစ်လုံး ယူသွားပြီး circuit ကို modify လုပ်ပေးဖို့ မှာလိုက်ပါတယ်။ သင်္ဘောပေါ်ရောက်တယ် ဆိုယင်ဘဲ owner ကြည့်ပြီးသားဆိုတော့ ဘာမှ မစဉ်းစားမိတော့ဘဲ modify လုပ်ဖို့ လိုက်ကြည့်တာပေါ့နော်။ terminal တွေ ဘယ်မှာလဲ။ 24V source ဘယ်ကယူမလဲ။ ဘယ်မှာ relay ထိုင်မလဲ။ Din rail (omega rail) ရှိလား။ အဲဒါတွေလိုက်ကြည့်တာပေါ့။
နောက်ပြီးမှ မဆင်ခင် စက်ချုပ်နဲ့ စကားပြောကြည့်တယ်။ ဒီပြဿနာက အစထဲကဖြစ်တာလား ဆိုတော့ နည်းနည်းတော့ ကြာသွွားပြီ။ ဒါပေမဲ့ အစထဲကဖြစ်တာ မဟုတ်ဘူး ပြောပါတယ်။ float switch လဲထားသေးလား မေးတော့ မလဲဘူးတဲ့။
ဒါဆို တစ်ခုခု မှားနေပြီ။ ပြဿနာရဲ့ ဇစ်မြစ် (root cause) ကို မရှာဘဲ အဆင်ပြေအောင် ပြင်ဖို့ လုပ်နေသလို ဖြစ်နေတာပေါ့။ ဒါနဲ့ DG engine ဘေးမှာ float switch ကိုသွားကြည့်တယ်။ float switch ထိပ်က junction box ထဲမှာ ကြိုး ၂ စ ပူးပြီး bypass လုပ်ထားတာ တွေ့ပါတယ်။ ခွာကြည့်တော့ alarm လာတယ်။ system အလုပ်လုပ်တယ်ပေါ့။ Float switch ကလာတဲ့ ကြိုး ၂စ ကို တိုင်းပြီး float ball ကစားကြည့်တယ်။ float အပေါ်ရောက်ယင် close ဖြစ်ပြီး float အောက်ရောက်ယင် open ဖြစ်ပါတယ်။ reed switch ရော float ထဲက magnet ရော ကောင်းတယ်ပေါ့။ လိုအပ်လာယင် reed switch position ကို ကြည့်ရမှာပေါ့။
ဒါနဲ့ စက်-၂ ကို မေးကြည့်တယ်။ ဒီ float ball ဖြုတ်လိုရလားဆိုတော့၊ သူတို့ ဖြုတ်ပြီး service/clean လုပ်ဖူးတယ်တဲ့။ c-clip လေးဖြုတ်ပြီး ထုတ်ပြတယ်။ ကျွန်တော် float ball ကို ပြောင်းပြန်လှန်ပြီး စမ်းကြည့်တော့၊ float အပေါ်တက်ယင် open ဖြစ်ပြီး  အောက်ရောက်ယင် close ဖြစ်ပါတယ်။ မှန်သွားပြီပေါ့။ Magnet က float ball ရဲ့ တစ်ခြမ်းမှာဘဲ ပါတဲ့ type ဆိုတော့ ပြောင်းပြန်လှန်ယင် NO/NC ပြောင်းသွားတာပါ။
သင်္ဘောက ဆရာတွေ service လုပ်ယင်း ပြောင်းပြန်တပ်မိထားတာ ဖြစ်နိုင်ပါတယ်။
ဒီပြဿနာလေးမျိုးတွေ ကြုံရတတ်ပါတယ်။ ရှင်းရှင်းလေးကို သေချာ မတွေးမိယင် အတွေး ပိတ်သွားယင် ဖြစ်တတ်တာမျိုးပါ။ root cause ကို ရှာပြီး မပြင်ဘဲ အလုပ်ဖြစ်ပြီးရော modify လုပ်ခဲ့ယင် ကြာလာတော့ system မှာ ရှုပ်ထွေးကုန်တတ်ပါတယ်။
အတွေးပိတ်သွားတာနဲ့ ပါတ်သတ်လို့ ငယ်ငယ်က အမေပြောဖူးခဲ့တဲ့ အကြောင်းလေး ပြန်ဖေါက်သည်ချချင်ပါတယ်။ Technical term တွေနဲ့ တွေ့နေကျ ကျွန်တော့ စာတွေထဲမှာ တစ်ခါတလေ အပျင်းပြေပေါ့ဗျာ။
တစ်ခါက အမေတို့ရွာက ဦးနုံတစ်ယောက် ညနေ ယာထွန်ပြီး ပြန်မယ်လုပ်တော့ စဉ်းစားတယ်တဲ့။ မနက်ဖြန်ပြန်လာပြီး ထွန်ရဦးမှာဘဲ။ ဒီထွန်တုံး ထားခဲ့လိုက်မယ်။ နွားတွေသယ်ရသက်သာတာပေါ့ဆိုပြီး ထွန်တုံးကိုထားခဲ့တယ်တဲ့။ ဦးနုံပြန်သွားပြီး နောက်တတ်ပြောင်တတ်တဲ့ ကာလသား တစ်ယောက်က ထွန်တုံးရဲ့ ရှေ့ နွားဆွဲတဲ့ တုတ်တံ နှစ်ချောင်းကို စုချည်ထားတဲ့ ကြိုးကို ဖြည်။ ထွန်တုံးကို ထန်းပင်တစ်ပင်မှာ ခွပြီးပြန်ချည်ထားခဲ့တယ်တဲ့။
နောက်နေ့ ဦးနုံသူ့ယာကွက်ရောက်တော့ ထန်းပင်မှာ ခွနေတဲ့ ထွန်တုံးကိုကြည့်ပြီး စဉ်းစားတယ်။ ပါးစပ်ကလည်း တတွတ်တွတ် ရွတ်နေသတဲ့။ "မနေညမှ ထွန်တုံးကြားမှာ ပေါက်တဲ့ ထန်းပင်ဆိုလည်း ကြီးလွန်းတယ်။ တစ်ယောက်ယောက် ဆော့ပြီး အပေါ်ကစွပ်ရအောင်လည်း အမြင့်ကြီး" တဲ့။ ထွန်တုံး စုချည်ထားတဲ့ကြိုး ဖြုတ်လေ့မရှိဘူး ဆိုတဲ့ အတွေးက block လုပ်သွားတာမျိုး။
ကျွန်တော်တို့ trouble-shooting လုပ်ယင် human factor ကို လျှော့တွက်လို့ မရဘူးဆိုတာ ပြောခဲ့ပါရစေ။

Monday 10 April 2017

Cargo Pump Control (၁)

[zawgyi]

ၿပီးခဲ့တဲ့ တစ္ႏွစ္ေလာက္ကပါ။ သေဘၤာက Tanker, အႀကီးစားႀကီးမဟုတ္ပါဘူး။ Sudan မွာ ကုန္ခ်စရာရွိတယ္။ လမ္းမွာ Cargo pump control စံနစ္ အလုပ္မလုပ္ေတာ့လို႔။ Djibouti ဆိုတဲ့ Red Sea ထိပ္က ႏိုင္ငံေသးေသးေလးမွာ ဝင္ေခၚမယ္။ လမ္းမွာ ျပင္ယင္းလိုက္သြားေပါ့။ Port Sudan အထိဆို ၃ ရက္ေလာက္ အခ်ိန္ရမယ္တဲ့။
သေဘၤာေပၚေရာက္ေတာ့ စက္ခ်ဳပ္နဲ႔ ကုန္းခ်ဳပ္က လိုက္ျပပါတယ္။ ဒီသေဘၤာမွာ CCR အခန္း သက္သက္မရွိပါဘူး။ bridge ကေန control လုပ္ပါတယ္။ Cargo pump ေတြက Motor နဲ႔ ေမာင္းတာပါ။ Tank တစ္ခု တစ္လုံးနဲ႔ ၁၄ လုံးရွိပါတယ္။ Motor ေတြကို Variable Frequency Drive(VFD) ေတြနဲ႔ ေမာင္းပါတယ္။ Siemen VFD ၁၄ ခုေပါ့။ VFD ကို Siemens က ဒီမွာ Frequency Converter (FC) လို႔သုံးပါတယ္။ FC ေတြကို bridge က Omron PLC နဲ႔ ခ်ိတ္ထားၿပီး၊ PLC ကို SCADA computer နဲ႔ control လုပ္တာပါ။ ျပႆနာက SCADA PC  နဲ႔ cargo pump ေတြကို operate လုပ္လို႔မရတာပါ။ Communication error ျပေနပါတယ္။ 
ကၽြန္ေတာ္တို႔မတက္ခင္ ယူကေရးနီးယန္း ETO ေလး ႀကိဳးစား ထားၿပီးပါၿပီ။ မရေတာ့ Siemens regional support engineer ကို email နဲ႔ အကူအညီေတာင္းၿပီး ၫႊန္ၾကားတဲ့အတိုင္း ႀကိဳးစားထားေပမဲ့ မေအာင္ျမင္ပါဘူး။ bridge က remote operate လုပ္မရေတာ့ FC panel မွာ locally operate လုပ္ဖို႔ႀကိဳးစားထားတာလည္း မရဘူး ေျပာပါတယ္။ 
Software ျပႆနာဆိုယင္ Maker ေတြဘဲ ထိန္းခ်ဳပ္ထားတတ္ၾကေတာ့ လုပ္ရမွာ ေမွ်ာ္လင့္ခ်က္သိပ္မရွိလွပါဘူး။ ဒါေပမဲ့ အတတ္ႏိုင္ဆုံး ႀကိဳးစားၾကည့္ရမွာေပါ့။ ပထမ communication problem ဆိုေတာ့ အလြယ္ဆုံး ကစပါတယ္။ သိတယ္မဟုတ္လား။ Reset ေပါ့။ SCADA PC, PLC တစ္ခုစီ reset လုပ္ၾကည့္ပါတယ္။ မရပါဘူး။
Engine Room ကိုဆင္း။ FC ေတြမွာ ေပၚေနတဲ့ Alarm ေတြ လိုက္ၾကည့္ေတာ့ တစ္ခ်ိဳ႕  FC ေတြမွာ Alarm တစ္ခုမကရွိၿပီး တစ္ခ်ိဳ႕ကေတာ့ Alarm တစ္ခုဘဲရွိပါတယ္။ အကုန္လုံးမွာ တူေနတာကေတာ့ Ext Error ဆိုတဲ့ Alarm ပါ။ Manual မွာ ျပန္ရွာၾကည့္ေတာ့၊ E-stop နဲ႔ပါတ္သတ္ေနပါတယ္။ Emergency stop button ေတြကို series ခ်ိတ္ၿပီး external input အေနနဲ႔ ဝင္ထားပါတယ္။ တိုင္းၾကည့္ေတာ့ open ျဖစ္ေနပါတယ္။ E-Stop ေတြက အမ်ားႀကီးဆိုေတာ့ ေလာေလာဆယ္  bypass လုပ္ၿပီး စမ္းၾကည့္ပါမယ္။ ေနာက္မွ ျပန္ရွာရမွာေပါ့။ bypass ႀကိဳးခြဆက္ FC ေတြလိုက္ reset လုပ္ေတာ့၊ Ext Error ေတြမရွိေတာ့ပါဘူး။ Bridge မွာ တစ္ေခါက္ျပန္စမ္း ေတာ့လည္း အဆင္မေျပေသးပါဘူး။
ဒီေတာ့ remote မရယင္ေန Local run လို႔ရေအာင္ ႀကိဳးစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ 
FC တစ္လုံးဆီရဲ႕ တံခါးမွာ portable user interface unit ေလးေတြရွိပါတယ္။ Alarm message နဲ႔ status ကိုျပပါတယ္။ parameter ေတြ ျပင္ေတာ့လည္း အဲဒီမွာဘဲေျပာင္းရတာေပါ့။ Siemens ကပို႔ထားတဲ့ Local run ဖို႔ procedure အတိုင္း လိုက္လုပ္ၾကည့္ပါတယ္။ အဲဒီမွာ input parameter ေတြ ေျပာင္းထည့္ရပါတယ္။ အဲဒီလိုေျပာင္းၿပီးယင္ remote ျပန္ run ယင္ ျပႆနာရွိမယ္လို႔ ေရးထားပါတယ္။ မတတ္ႏိုင္ဘူး ေျပာင္းထည့္ၿပီး စမ္းပါတယ္။ မရေသးပါဘူး။ Manual စာအုပ္ထူႀကီး ၃ အုပ္ကို အျပန္ျပန္ အလွန္လွန္ဖတ္၊ ျဖစ္ႏိုင္ေျခရွိတဲ့ parameter ကို ေျပာင္းၾကည့္၊ ျပင္ၾကည့္ အမ်ိဳးမ်ိဳးလုပ္ၾကည့္တာလည္း မရပါဘူး။ ႏွစ္ရက္နီးပါး ႀကိဳးစားၿပီးေတာ့ စိတ္ဓာတ္နည္းနည္း က်လာပါတယ္။ ေခါင္းလည္းပူေနၿပီ။ Red Sea ထဲ ေတာ္ေတာ္ေလး ဝင္လာမိၿပီဆိုေတာ့ pirate သိပ္မစိုးရိမ္ရလို႔ ေသနတ္ကိုင္ လုံျခံဳေရး ၃ ေယာက္ေတာင္ ျပန္ဆင္းသြားၿပီ။ Sudan က သိပ္မေဝးေတာ့ဘူး ထင္တယ္။ ျပႆနာက မေျပလည္ေသးဘူး။ 
ေလေကာင္းေလသန္႔ေလး ထြက္ရႉ၊ စိတ္ကိုရွင္းရွင္းထာၿပီး ျပန္သုံးသပ္ၾကည့္ပါတယ္။ ျပႆနာက FC ေတြ အားလုံးမွာျဖစ္တာ္ဆိုေတာ့၊ SCADA PC ေၾကာင့္လား၊ PLC ေၾကာင့္လား၊ FC ေတြထဲက parameters ေတြေၾကာင့္လား တစ္ခုခုဘဲ။ FC hardware အကုန္ပ်က္တာေတာ့ မျဖစ္ႏိုင္ဘူး။ PC နဲ႔ PLC ဆိုယင္ Maker software နဲ႔ဘဲ diagnostics လုပ္လို႔ရမယ္။ ကိုယ္လုပ္ႏိုင္တာ တစ္ခုဘဲ က်န္ေတာ့တယ္။ FC ရဲ႕ parameter ေတြ original အတိုင္း ျပန္ရယင္ အေျဖတစ္ခုသိရမယ္ေပါ့။ 
ဒီေတာ့ Manual က်မ္းစာ ၃ အုပ္ကို ျပန္ေမႊရပါတယ္။ အဲဒီမွာ တစ္ခုသြားေတြ႕တာက parameter ေတြကို set တစ္ခုအျဖစ္ file နံမည္တစ္ခု နဲ႔ backup save လုပ္လို႔ရတယ္။
portable UI unit ေလးနဲ႔ ကူးလို႔ရတယ္လို႔လည္း ေျပာပါတယ္။ Original parameters ေတြ back up သိမ္းထားတာ ရွိလားလို႔ရွာၾကည့္ပါတယ္။ FC ၄-၅ လုံးမွာ မူရင္း parameter set လို႔ယူဆရတဲ့ back up parameter set ေတြ႕ရပါတယ္။ save လုပ္ထားတဲ့ ခုႏွစ္ အရ ခန္႔မွန္းၾကည့္တာပါ။ အဲဒီထဲက တစ္လုံးကို စမ္းၿပီး restore parameter လုပ္ၾကည့္ပါတယ္။ bridge မွာၾကည့္ေတာ့ communication ရပါတယ္။ Operate လုပ္ၾကည့္ေတာ့ အဆင္ေျပတယ္။ ကၽြန္ေတာ္တို႔လည္း ေပ်ာ္သြားတယ္။ တစ္လုံးၿပီးတစ္လုံး ကူးထည့္၊ address မွန္ေအာင္ေျပာင္းေပးေတာ့ ေတာ္ေတာ္မ်ားမ်ား အဆင္ေျပသြားပါတယ္။ FC ၂ လုံး ကေတာ့ fault ဆက္ရွိေနေသးပါတယ္။ ဒါလည္း တစ္ခုကို communication module လဲ၊ ေနာက္တစ္ခုကို  CPU board လဲေပးေတာ့ ေကာင္းသြားပါတယ္။
 
ဒီေတာ့မွ bypass လုပ္ခဲ့တဲ့ E-stop open ျဖစ္ေနတာ ျပန္လိုက္ရွာၾကည့္ေတာ့ Main Deck Starboard က ခလုတ္ပ်က္ေနတာေတြ႕ရပါတယ္။ spare မရွိလို႔ ယာယီဆက္ေပးခဲ့ၿပီး ေနာက္မွ လဲဖို႔ ETO ေလး ကို မွာခဲ့ပါတယ္။ အကုန္စမ္းျပေတာ့ အားလုံး အဆင္ေျပပါတယ္။ ေနာက္ေန႔ သေဘၤာ Sudan ေရာက္မွာေလ။ အခ်ိန္မီ cargo ခ်ဖို႔ အဆင္ေျပသြားၿပီဆိုေတာ့ စက္ခ်ဳပ္နဲ႔ ကုန္းခ်ဳပ္လည္း ေက်နပ္သြားပါတယ္။
ျပန္ျခဳံၾကည့္ရယင္ တစ္ကယ့္ ျပႆနာက E-stop မေကာင္းတာရယ္၊ FC ႏွစ္ခုက module တစ္ခုစီမေကာင္းတာရယ္ ေရာသြားၿပီး အေျဖမရွာႏိုင္ေတာ့ ETO ေလးက parameter ေတြ ေလွ်ာက္ေမႊယင္း local run ဖို႔ ႀကိဳးစားယင္း ရႈပ္ေထြးကုန္တာလို႔ ယူဆရပါတယ္။
ေခါင္းေအးေအးထားၿပီး Trouble-shoot လုပ္သင့္တယ္ဆိုတာ ေျပာျပတာပါ။

[unicode]
ပြီးခဲ့တဲ့ တစ်နှစ်လောက်ကပါ။ သင်္ဘောက Tanker, အကြီးစားကြီးမဟုတ်ပါဘူး။ Sudan မှာ ကုန်ချစရာရှိတယ်။ လမ်းမှာ Cargo pump control စံနစ် အလုပ်မလုပ်တော့လို့။ Djibouti ဆိုတဲ့ Red Sea ထိပ်က နိုင်ငံသေးသေးလေးမှာ ဝင်ခေါ်မယ်။ လမ်းမှာ ပြင်ယင်းလိုက်သွားပေါ့။ Port Sudan အထိဆို ၃ ရက်လောက် အချိန်ရမယ်တဲ့။
သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ ကုန်းချုပ်က လိုက်ပြပါတယ်။ ဒီသင်္ဘောမှာ CCR အခန်း သက်သက်မရှိပါဘူး။ bridge ကနေ control လုပ်ပါတယ်။ Cargo pump တွေက Motor နဲ့ မောင်းတာပါ။ Tank တစ်ခု တစ်လုံးနဲ့ ၁၄ လုံးရှိပါတယ်။ Motor တွေကို Variable Frequency Drive(VFD) တွေနဲ့ မောင်းပါတယ်။ Siemen VFD ၁၄ ခုပေါ့။ VFD ကို Siemens က ဒီမှာ Frequency Converter (FC) လို့သုံးပါတယ်။ FC တွေကို bridge က Omron PLC နဲ့ ချိတ်ထားပြီး၊ PLC ကို SCADA computer နဲ့ control လုပ်တာပါ။ ပြဿနာက SCADA PC  နဲ့ cargo pump တွေကို operate လုပ်လို့မရတာပါ။ Communication error ပြနေပါတယ်။
ကျွန်တော်တို့မတက်ခင် ယူကရေးနီးယန်း ETO လေး ကြိုးစား ထားပြီးပါပြီ။ မရတော့ Siemens regional support engineer ကို email နဲ့ အကူအညီတောင်းပြီး ညွှန်ကြားတဲ့အတိုင်း ကြိုးစားထားပေမဲ့ မအောင်မြင်ပါဘူး။ bridge က remote operate လုပ်မရတော့ FC panel မှာ locally operate လုပ်ဖို့ကြိုးစားထားတာလည်း မရဘူး ပြောပါတယ်။
Software ပြဿနာဆိုယင် Maker တွေဘဲ ထိန်းချုပ်ထားတတ်ကြတော့ လုပ်ရမှာ မျှော်လင့်ချက်သိပ်မရှိလှပါဘူး။ ဒါပေမဲ့ အတတ်နိုင်ဆုံး ကြိုးစားကြည့်ရမှာပေါ့။ ပထမ communication problem ဆိုတော့ အလွယ်ဆုံး ကစပါတယ်။ သိတယ်မဟုတ်လား။ Reset ပေါ့။ SCADA PC, PLC တစ်ခုစီ reset လုပ်ကြည့်ပါတယ်။ မရပါဘူး။
Engine Room ကိုဆင်း။ FC တွေမှာ ပေါ်နေတဲ့ Alarm တွေ လိုက်ကြည့်တော့ တစ်ချို့  FC တွေမှာ Alarm တစ်ခုမကရှိပြီး တစ်ချို့ကတော့ Alarm တစ်ခုဘဲရှိပါတယ်။ အကုန်လုံးမှာ တူနေတာကတော့ Ext Error ဆိုတဲ့ Alarm ပါ။ Manual မှာ ပြန်ရှာကြည့်တော့၊ E-stop နဲ့ပါတ်သတ်နေပါတယ်။ Emergency stop button တွေကို series ချိတ်ပြီး external input အနေနဲ့ ဝင်ထားပါတယ်။ တိုင်းကြည့်တော့ open ဖြစ်နေပါတယ်။ E-Stop တွေက အများကြီးဆိုတော့ လောလောဆယ်  bypass လုပ်ပြီး စမ်းကြည့်ပါမယ်။ နောက်မှ ပြန်ရှာရမှာပေါ့။ bypass ကြိုးခွဆက် FC တွေလိုက် reset လုပ်တော့၊ Ext Error တွေမရှိတော့ပါဘူး။ Bridge မှာ တစ်ခေါက်ပြန်စမ်း တော့လည်း အဆင်မပြေသေးပါဘူး။
ဒီတော့ remote မရယင်နေ Local run လို့ရအောင် ကြိုးစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
FC တစ်လုံးဆီရဲ့ တံခါးမှာ portable user interface unit လေးတွေရှိပါတယ်။ Alarm message နဲ့ status ကိုပြပါတယ်။ parameter တွေ ပြင်တော့လည်း အဲဒီမှာဘဲပြောင်းရတာပေါ့။ Siemens ကပို့ထားတဲ့ Local run ဖို့ procedure အတိုင်း လိုက်လုပ်ကြည့်ပါတယ်။ အဲဒီမှာ input parameter တွေ ပြောင်းထည့်ရပါတယ်။ အဲဒီလိုပြောင်းပြီးယင် remote ပြန် run ယင် ပြဿနာရှိမယ်လို့ ရေးထားပါတယ်။ မတတ်နိုင်ဘူး ပြောင်းထည့်ပြီး စမ်းပါတယ်။ မရသေးပါဘူး။ Manual စာအုပ်ထူကြီး ၃ အုပ်ကို အပြန်ပြန် အလှန်လှန်ဖတ်၊ ဖြစ်နိုင်ခြေရှိတဲ့ parameter ကို ပြောင်းကြည့်၊ ပြင်ကြည့် အမျိုးမျိုးလုပ်ကြည့်တာလည်း မရပါဘူး။ နှစ်ရက်နီးပါး ကြိုးစားပြီးတော့ စိတ်ဓာတ်နည်းနည်း ကျလာပါတယ်။ ခေါင်းလည်းပူနေပြီ။ Red Sea ထဲ တော်တော်လေး ဝင်လာမိပြီဆိုတော့ pirate သိပ်မစိုးရိမ်ရလို့ သေနတ်ကိုင် လုံခြုံရေး ၃ ယောက်တောင် ပြန်ဆင်းသွားပြီ။ Sudan က သိပ်မဝေးတော့ဘူး ထင်တယ်။ ပြဿနာက မပြေလည်သေးဘူး။
လေကောင်းလေသန့်လေး ထွက်ရှူ၊ စိတ်ကိုရှင်းရှင်းထာပြီး ပြန်သုံးသပ်ကြည့်ပါတယ်။ ပြဿနာက FC တွေ အားလုံးမှာဖြစ်တာ်ဆိုတော့၊ SCADA PC ကြောင့်လား၊ PLC ကြောင့်လား၊ FC တွေထဲက parameters တွေကြောင့်လား တစ်ခုခုဘဲ။ FC hardware အကုန်ပျက်တာတော့ မဖြစ်နိုင်ဘူး။ PC နဲ့ PLC ဆိုယင် Maker software နဲ့ဘဲ diagnostics လုပ်လို့ရမယ်။ ကိုယ်လုပ်နိုင်တာ တစ်ခုဘဲ ကျန်တော့တယ်။ FC ရဲ့ parameter တွေ original အတိုင်း ပြန်ရယင် အဖြေတစ်ခုသိရမယ်ပေါ့။
ဒီတော့ Manual ကျမ်းစာ ၃ အုပ်ကို ပြန်မွှေရပါတယ်။ အဲဒီမှာ တစ်ခုသွားတွေ့တာက parameter တွေကို set တစ်ခုအဖြစ် file နံမည်တစ်ခု နဲ့ backup save လုပ်လို့ရတယ်။
portable UI unit လေးနဲ့ ကူးလို့ရတယ်လို့လည်း ပြောပါတယ်။ Original parameters တွေ back up သိမ်းထားတာ ရှိလားလို့ရှာကြည့်ပါတယ်။ FC ၄-၅ လုံးမှာ မူရင်း parameter set လို့ယူဆရတဲ့ back up parameter set တွေ့ရပါတယ်။ save လုပ်ထားတဲ့ ခုနှစ် အရ ခန့်မှန်းကြည့်တာပါ။ အဲဒီထဲက တစ်လုံးကို စမ်းပြီး restore parameter လုပ်ကြည့်ပါတယ်။ bridge မှာကြည့်တော့ communication ရပါတယ်။ Operate လုပ်ကြည့်တော့ အဆင်ပြေတယ်။ ကျွန်တော်တို့လည်း ပျော်သွားတယ်။ တစ်လုံးပြီးတစ်လုံး ကူးထည့်၊ address မှန်အောင်ပြောင်းပေးတော့ တော်တော်များများ အဆင်ပြေသွားပါတယ်။ FC ၂ လုံး ကတော့ fault ဆက်ရှိနေသေးပါတယ်။ ဒါလည်း တစ်ခုကို communication module လဲ၊ နောက်တစ်ခုကို  CPU board လဲပေးတော့ ကောင်းသွားပါတယ်။

ဒီတော့မှ bypass လုပ်ခဲ့တဲ့ E-stop open ဖြစ်နေတာ ပြန်လိုက်ရှာကြည့်တော့ Main Deck Starboard က ခလုတ်ပျက်နေတာတွေ့ရပါတယ်။ spare မရှိလို့ ယာယီဆက်ပေးခဲ့ပြီး နောက်မှ လဲဖို့ ETO လေး ကို မှာခဲ့ပါတယ်။ အကုန်စမ်းပြတော့ အားလုံး အဆင်ပြေပါတယ်။ နောက်နေ့ သင်္ဘော Sudan ရောက်မှာလေ။ အချိန်မီ cargo ချဖို့ အဆင်ပြေသွားပြီဆိုတော့ စက်ချုပ်နဲ့ ကုန်းချုပ်လည်း ကျေနပ်သွားပါတယ်။
ပြန်ခြုံကြည့်ရယင် တစ်ကယ့် ပြဿနာက E-stop မကောင်းတာရယ်၊ FC နှစ်ခုက module တစ်ခုစီမကောင်းတာရယ် ရောသွားပြီး အဖြေမရှာနိုင်တော့ ETO လေးက parameter တွေ လျှောက်မွှေယင်း local run ဖို့ ကြိုးစားယင်း ရှုပ်ထွေးကုန်တာလို့ ယူဆရပါတယ်။
ခေါင်းအေးအေးထားပြီး Trouble-shoot လုပ်သင့်တယ်ဆိုတာ ပြောပြတာပါ။ 

Saturday 8 April 2017

Insulation Resistance (1) - Megger Testing


ထူးထူးဆန်းဆန်း အတွေ့အကြုံလေးတစ်ခု ပြန်ပြောပြချင်ပါတယ်။ တစ်ကယ်တော့ Megger testing ဆိုတာ လုပ်ရိုးလုပ်စဉ်ပါဘဲ။ Motor တွေ Cable တွေ insulation ကျပြီး earth/ body နဲ့ leakage မဖြစ်ရအောင်တိုင်းလေ့ရှိပါတယ်။ periodical စစ်ဖို့ လိုအပ်ချက်တစ်ခုပါ။ သင်္ဘော အများစုမှာတော့ insulation monitoring circuit တွေ ပါလေ့ရှိပါတယ်။ ဒီသင်္ဘောလေးကတော့ bunker သင်္ဘော။ နည်းနည်း ဟောင်းပြီး ခပ်ငယ်ငယ် ဆိုတော့ insulation monitoring circuit မပါပါဘူး။ Dock ဝင်တဲ့အချိန် Megger Test တိုင်းပေးပါဆိုလို့သွား Megger test လုပ်ပေးခဲ့တာပါ။ 

ကျွန်တော် လုပ်လေ့ရှိတာက Motor တွေကို Starter panel ကနေ တိုင်းပါတယ်။ အဝင် breaker ကို open လုပ်ပါတယ်။ ပြီးယင် drawing ရှိယင် drawing ကြည့်ပြီး motor ဘက်ထွက်မယ့် ကြိုး ၃ ချောင်း (သို့) ၆ချောင်းကို terminal block နံပါတ်အရ ရှာပါတယ်။ drawing မရှိယင်လည်း RYB အရောင် အရ ဒါမှမဟုတ် UVW အမှတ်အသားအရ ရှာပါတယ်။ ပထမ AC Volt တိုင်းကြည့်ပါတယ်။ Volt မရှိတာ သေချာမှ phase to phase ohm တိုင်းကြည့်ပါတယ်။ low ohm ပြယင် motor ရှိတာသေချာပါပြီ။ ဒီတော့မှ Megger test meter သုံးပြီး earth နဲ့ phase တစ်ခုစီကြား  500V နဲ့ တိုင်းပါတယ်။များသောအားဖြင့် 100 MOhm အထက် ရပါတယ်။ 5 MOhm အောက်ဆိုယင် စစ်ဆေးကြည့်ရပါတယ်။
ဒီလိုနဲ့ တိုင်းကြည့်၊ ရလာဒ်တွေ ရေးမှတ်ပြီး လုပ်လာလိုက်တာ။ Air compressor starter မှာ 0 Ohm ပြပါတယ်။ သေချာအောင် phase ၃ ချောင်းလုံး တိုင်းကြည့်ပါတယ် အကုန် အတူတူရပါတယ်။
 
ကြိုးကြောင့်လား motor ကြောင့်လား သေချာအောင် motor အဝင် junction box ကို ဖွင့်စစ်ကြည့်တော့။ အားပါးပါး ကြိုးမှားဆက်ထားတာဘဲ။ အဝင်မှာ ကြိုး၄ ချောင်းရှိပါတယ်။ ဝါ၊ညို၊ပြာ 3 phase နဲ့ earth wire အစိမ်း တစ်ချောင်းပါ။ အခုဆက်ထားတာက အဝါ၊ အပြာ၊ အစိမ်း ၃ ချောင်းကို winding terminal bridge မှာ ဆက်ထားပြီး အညိုကြိုးကို earth screw မှာ motor body နဲ့ ဆက်ထားပါတယ်။
ကျွန်တော်လည်း စက်ချုပ်ကို သွားမေးကြည့်တယ်။ အကျိုးအကြောင်း။ စက်ချုပ်ပြောတာက ပြီးခဲ့တဲ့ ၆ လက ဒီ compressor တစ်စုံလုံး အသစ်လဲထားတယ်ပြောပါတယ်။ ခုချိန်ထိ ပုံမှန်ဘဲ အလုပ်လုပ်တယ် ပြောပါတယ်။ ကျွန်တော် အံ့သြသွားတယ်။ 2 phase ဘဲ ဝင်ပြီး တစ်စက earth နဲ့ဆက်ထားတာ။ ဘယ်လိုမှ အလုပ်မလုပ်နိုင်ဘူး။ အဆင်မသင့်ယင် motor လောင်သွားနိုင်တယ်ပေါ့။ အဲဒီတော့ စက်ချုပ်က စမ်းပြတယ်။ power ဖွင့်ပြီး လေနည်းနည်း လျှော့လိုက်တော့ pressure ကျသွားတာနဲ့ auto cut in ဖြစ်ပြီး compressor motor ထလည်ပါတယ်။ current ပုံမှန်ဘဲ။ ပူလည်းမပူဘူး။ လေ pressure ပြည့်တော့မှ ရပ်သွားတယ်။ အထူးအဆန်း ကျွန်တော်လည်း ပထမဆုံးတွေ့ဖူးတာဘဲ။
ဒါပေမဲ့ ပုံမှန် မဟုတ်တဲ့အကြောင်း စက်ချုပ်ကို သေချာရှင်းပြရတယ်။ insulation monitor မပါလို့သာမသိတာ။ မဖြစ်သင့်တဲ့အကြောင်း ပြောပြပြီး အမှန်အတိုင်း ကြိုးပြန်ဆက်ပေးခဲ့ရပါတယ်။ နောက်ပြီး Megger ပြန်ရိုက်ကြည့်တော့ 200 MOhm ကျော်ပါတယ်။ ပြန်စမ်းပြီး rotation direction စစ်ပေးခဲ့ပါတယ်။
နောက်မှ ပေါက်ဖေါ်လုပ်ပြီး ဘာကြောင့် motor လည်ရတယ်ဆိုတာ ပြန်စဉ်းစားရပါတယ်။ Theory အရ 2 phase ထဲနဲ့ မလည်နိုင်ဘူးလေ။ တတိယ phase ကြိုးကို earth နဲ့ ဆက်ထားတော့ သင်္ဘော hull က အဲဒီ phase ဖြစ်နေတာပေါ့။ နောက် earth ကြိုးကို motor ရဲ့ တတိယ terminal မှာ ပြန်ဆက်ထားတော့ သင်္ဘော hull မှာရှိတဲ့ phase က motor ကို ပြန် supply ပေးသလိုဖြစ်ပြီး 3 phase ပြန်ဖြစ်သွားတော့ လည်နိုင်သွားတာပေါ့။ ပြီးခဲ့တဲ့ ၆ လ လုံးလုံး သင်္ဘောပေါ်က လူတွေ power 440 V ပေါ်မှာ နေထိုင်သွားလာနေကြတာလေ။ ဘယ်သူမှ ဓာတ်မလိုက်ခဲ့ကြပါဘူး။ Potential difference မရှိလို့ပေါ့။
ဒီလောက်ပါဘဲဗျာ။ ထူးထူးဆန်းဆန်းလေး ကြားဖူးအောင် ပြောပြတာပါ။ 

Wednesday 5 April 2017

Boiler (1) - Thermal Oil Boiler Cannot Fire


Boiler အလုပ်တွေထဲမှာ ဒီအဖြစ်အပျက်လေးကလည်း သတိရစရာလေးပါ။
Boiler မှာ ၂ မျိုးရှိပါတယ်။ Steam boiler နဲ့ Thermal Oil Boiler ပါ။ ခုအလုပ်က Thermal Oil Boiler. အပူသယ်ပေးတဲ့ဆီ ကို boiler နဲ့ အပူပေး၊ circulation pump နဲ့ လှည့်ပြီး လိုတဲ့နေရာတွေပို့၊ အပူကိုအသုံးချ၊ ပြန်ဝင်လာတဲ့ အပူလျော့သွားပြီးသား ဆီကို boiler ထဲပြန်ဖြတ်ပေါ့။ Air con ရဲ့ chill water / coolant နဲ့ သဘောချင်း ဆင်ပါတယ်။ အပူသယ်ပေးတဲ့ အလုပ် လုပ်တာပါ။ Steam boiler မှာလို ရေ level , steam pressure တွေ ဂရုစိုက်စရာမလိုတော့ဘူး။ Temperature တစ်ခုထဲ ကြည့်စရာလိုပါတယ်။ Expansion tank မှာတော့ ဆီ level ထိန်းတာပါတာပေါ့နော်။ တစ်ခါတရံမှ ဖြည့်ရတာပါ။
အခုပြဿနာက boiler မီးမတောက်တာပါ။ ရောက်တာနဲ့ boiler ကိုကြည့်ပါတယ်။ boiler က သိပ်မကြီးပါဘူး။ အမိုးပေါ်မှာ burner head ကို အောက်ဘက်စိုက်ပြီး တပ်ထားပါတယ်။ 
Control cabinet က အောက်ထပ်က circulation pump တွေနားမှာပါ။  စက်-၂ ကိုအကူအညီတောင်းပြီး run ကြည့်ဖို့ပြင်ပါတယ်။ ဆီ valve တွေ ဖွင့် အဆင်သင့်ဖြစ်တာနဲ့ စ run လိုက်ပါတယ်။ DO နဲ့ မောင်းဖို့ရွေးထားပါတယ်။ FO နဲ့မောင်းယင် heater unit သုံးရမှာပါ။ အခု အဲဒီအပိုင်း ကြည့်စရာမလိုတော့ဘူးပေါ့။ စလည်တော့ circulation pump, oil pump လည်မလည်ကြည့်ပါတယ်။ pressure gauge ကြည့်ပါတယ်။ ပုံမှန်ပါဘဲ။ FD (forced draft) fan လည်သွားတဲ့အသံ ကြားရပါတယ်။ ခဏနေတော့ burner ON ဆိုတဲ့မီး လင်းလာပါတယ်။ စောင့်ကြည့်နေတုန်း မကြာခင် Flame eye failure alarm တက်လာပါတယ်။
Control panel ဖွင့်ကြည့်တော့ relay logic နဲ့ဘဲ control လုပ်ထားပါတယ်။ temperature controller နှစ်ခုလောက်တွေ့ပေမဲ့ ဘာ alarm မှ မရှိပါဘူး။ sequence controller တို့ flame eye controller တို့ မတွေ့ရပါဘူး။ ဒါဆို control box တစ်နေရာမှာ ရှိနိုင်ပါသေးတယ်။
boiler အမိုးပေါ်တက်၊ burner head အပေါ်က ပုံးကို ဖွင့်ကြည်တော့ control ပစ္စည်းတစ်ချို့ တွေ့ရပါတယ်။ Siemen LAL 2.25 sequence controller တစ်ခုလည်း ပါပါတယ်။ အဲဒီ LAL က flame eye detector ကို တိုက်ရိုက် control လုပ်နိုင်ပါတယ်။ သီးခြား flame eye controller တစ်လုံး မလိုတော့ပါဘူး။
ဒါနဲ့ နောက်တစ်ခေါက် စက်ပြန်လည်ခိုင်းပြီး အပေါ်ကကြည့်နေပါတယ်။

ခဏလောက်ကြာတော့ FD fan လည်ပါတယ်။ ပြီးတော့ LAL ရဲ့ Dial မှာ ရွေ့လာတာမြင်ရပါတယ်။ Damper ဖွင့်တာ ပိတ်တာတွေ့ရပါတယ်။ purging cycle လုပ်နေတာပေါ့။ နောက် fire sequence မှာ solenoid ဆွဲသံကြားရပါတယ်။ ဒါပေမဲ့ မီးမတောက်ပါဘူး။ ခဏနေတော့ Flame eye alarm တက်လာပြီး ရပ်သွားပါတယ်။
ကြားဖြတ်ပြီး ဒီ burner အကြောင်း နည်းနည်းပြောပြပါမယ်။ မြင်သာအောင်လို့ပါ။ ဒီ burner မှာ pilot burner နဲ့ main burner ဆိုပြီး ခွဲမထားပါဘူး။ Main burner တစ်ခုထဲ ရှိပါတယ်။ စစချင်း လေနည်းနည်း (damper ပိတ်ပြီး) ဆီနည်းနည်း နဲ့ မီး ရှို့ပါတယ်။ မီးတောက်မှ တစ်ဖြည်းဖြည်း damper ဖွင့်ပြီး လေတင်ပါတယ်။ တစ်ပြိုင်နက်ထဲ damper shaft နဲ့ ချိတ်ထားတဲ့ Cam ကိုသုံးပြီး ဆီထွက်နှုံး တင်လိုက်ပါတယ်။ Modulation လို့ခေါ်ပါတယ်။
အခု မီးမတောက်တော့ ဖြစ်နိုင်ခြေတွေ စဉ်းစားကြည့်ပါတယ်။ ဆီမထွက်တာလား၊ ဆီ pressure မပြည့်လို့လား၊ nozzle မကောင်းလို့လား၊ nozzle အကွာအဝေး မမှန်လို့လား၊ လေ နည်း/များလို့လား၊ ignition transformer မကောင်းလို့လား၊ ignition transformer အဝင် power မရတာလား၊ electrode position မမှန်လို့လား၊ ဆီ-လေ အချိုး မမှန်လို့လား။ ဖြစ်နိုင်ခြေ တစ်ခုချင်း စစ်ရပါတော့မယ်။ 

ဆီကစပြီး ကြည့်ပါတယ်။ oil pump အထွက် pressure gauge က 5 bar လောက်ပြပါတယ်။ burner အခြေက pressure gauge မှာလည်း ဒီလောက်ဘဲပြတော့ ဆီပိုက်ထဲမှတော့ လည်နေပြီ။ ဒါပေမဲ့ အဲဒီဆီကို burner မှာ တွဲလျက်ပါတဲ့ pressure pump လေး နဲ့ high pressure ရအောင် တင်ပေးပါတယ်။ pressure pump က FD fan ရဲ့ shaft နဲ့  coupling ခံပြီး ဆက်ထားပါတယ်။ fire လုပ်ဖို့ solenoid ဖွင့်မှ ဆီ pressure မြင့်မှာပါ။ နောက် တစ်ခေါက် ပြန်စမ်းပြီး ဆီ solenoid ဖွင့်တဲ့အချိန် pressure ကြည့်တော့ 10 bar လောက်ဘဲ ရှိပါတယ်။ gauge မှာမှတ်ထားတဲ့ သူအလုပ်လုပ်တဲ့ pressure range က 15-22 bar လောက်ရှိပါတယ်။ စက်ချုပ်ကိုမေးကြည့်တော့ Nozzle မကြာခင်ကဘဲ လဲထားတာ အသစ်လို့ပြေပါတယ်။ pressure ကျနေတာ ပုံမှန်မဟုတ်ပါ။ return line တွေစစ်ပါတယ်။ pressure pump မှာ adjustment set screw လေးပါပါတယ်။ အဲဒီ screw ကို ကြိုးစား ညှိပေမယ့် pressure 12 bar ထက်ပို မတက်လာပါဘူး။
စက်ချုပ်ကို မေးကြည့်တော့ အပို pressure pump တစ်လုံး ရှာလာပေးပါတယ်။ စက်-၂ အကူအညီနဲ့ pump လဲပြီး စမ်းတော့ pressure တက်လာပါတယ်။ 20 bar လောက်ချိန်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ မီးမတောက်သေးပါဘူး။ Nozzle ကိုကြည့်ချင်ပေမဲ့ မလွယ်ပါဘူး။ FD fan အပါအဝင် burner head assembly တစ်ခုလုံး Chain block နဲ့ ဆွဲမပြီး ဖွင့်ရမှာဆိုတော့ လွယ်တာ အယင်စစ်ပါမယ်။ ignition နဲ့ပါတ်သတ်တာတွေပေါ့။ transformer ကို ohm တိုင်းကြည့်တယ်။ low ohm ဘဲ။ အဝင်ပါဝါ ရောက်မရာက် terminal တွေက run time မှာ တိုင်းဖို့မလွယ်ပါဘူး။ နေရာကလည်း ကတ်သတ်ပါတယ်။ ဒီတော့ 220V indicator မီးလုံးလေးတွေကို လိုက်ချိတ်ပြီး sequence ကိုစောင့်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ LAL အထွက်မှာ ကြိုးတွေကဘဲ ဆက်လိုက်ပါတယ်။ မီးလုံးတွေကို ဆီပိုက် solenoid အတွက် တစ်လုံး၊ ignition အတွက်တစ်လုံး၊ nozzle အဝင် solenoid အတွက် တစ်လုံး တပ်လိုက်ပါတယ်။
ပြန်စမ်းကြည့်တော့ purging cycle အပြီး ဆီပိုက် solenoid မီးလုံး လင်းပါတယ်။ ခဏနေတော့ Nozzle အတွက် solenoid မီးလင်းလာပါတယ်။ ignition အတွက် မီးမလင်းပါဘူး။ နောက် flame eye detector က မီးတောက် မတွေ့တော့ alarm ထုတ်ပြီး ဖြတ်ချလိုက်တာပါ။
 
Ignition အတွက် power ကို LAL ကထုတ်မပေးတာပေါ့။  ETO က LAL အသစ်ရှိတယ်ပြေပါတယ်။ ဒါနဲ့ လဲကြည့်ပါတယ်။ ဒါပေမဲ့ အတူတူဘဲ။ ignition signal မထွက်ဘူး။ ကြိုးလွတ်နေလားကြည့်တယ်။ မလွတ်ဘူး။
ဘာ interlock တွေရှိနေလဲပြန်ကြည့်တယ်။ မရှိပါဘူး။ Interlock ရှိယင် ဆီ/nozzle solenoid တွေ မပွင့်ရဘူး။
Super ကလည်းတွန်းနေပြီ boiler ရမှ cargo tank တွေ သန့်ရှင်ရေးလုပ်ပြီး dock ဝင်ရမှာဆိုတော့။ အရေးပေါ် မီးတောက်ယင်ပြီးရော တစ်ခုခုလုပ်ပေးပါ ပြောပါတယ်။ ဖြစ်ချင်တော့ အဲဒီ boiler မှာ manual control စံနစ်မပါဘူး။ ယာယီ manual မီးမွှေးလို့ရအောင် စီစဉ်ရပါတယ်။ LAL sequence controller ကိုဖြုတ်လိုက်ပါတယ်။ နောက်ပြီး ခလုတ် လေးတွေ တစ်ခုစီ တပ်ပါတယ်။ ဆီအဝင် နဲ့ nozzle solenoid ပေါင်းပြီးတစ်ခု၊ ignition transformer အဝင်တစ်ခု၊ damper control လုပ်တဲ့ servomotor မှာ open တစ်ခု၊ close တစ်ခုပါ။
စက်ပြန်စပြီး FD fan လည်တဲ့အထိ စောင့်ပါတယ်။ ခဏစောင့်ပြီး damper ကို ပိတ်ကာနီး  min position ထားလိုက်ပါတယ်။ နောက်ပြီး ဆီနဲ့ ignition ဖွင့်လိုက်တော့ မီးတောက်ပါတယ်။ မီတောက်တာသေချာတော့ ignition ကိုပြန်ပိတ်လိုက်ပါတယ်။ အဲဒါ low flame ပေါ့။ pilot burner တွေနဲ့ သဘောချင်းတူပါတယ်။ နောက် damper ဖွင့် ပေးတော့ မီးသေသွားလို့ ဆီ နဲ့လေ ပြန်ညှိရပါတယ်။ ဆီက modulation လုပ်တဲ့ cam rotation နဲ့ ညှိပြီး လေကို damper link rod အတိုအရှည် ပြောင်းပြီညှိပါတယ်။ နောက် low flame ရော high flame မှာပါ မီးမသေတော့ပါဘူး။
အပြင်ထွက် ခေါင်းတိုင်ကထွက်တဲ့ မီးခိုးအရောင်ကြည့်ပြီး ဆီ၊လေ အချိုး ညှိပေးပါတယ်။ မီးခိုးမဲယင် ဆီများလို့။ မီခိုး ဖြူပြီး ထူနေယင် လေများလို့ပါ။ ညီမျှယင်မီးခိုးက သင့်ရုံ ခပ်ပါးပါးဘဲ ထွက်ပါတယ်။
ဒီလိုနဲ့ manual မီးမွှေးနည်း စက်ချုပ်နဲ့ စက်-၂ကို သင်ပေးလိုက်ပါတယ်။ LAL မရှိတဲ့အတွက် flame eye detection မရှိတော့တာမို့ မီးတောက်ရယ် temperature ရယ် လူနဲ့ သတိထား စောင့်ကြည့်ဖို့ မှာလိုက်ပါတယ်။
Dock ဝင်နေတုန်း manual control panel လေး လုပ်ပြီး သွားဆင်ပေးလိုက်ပါတယ်။ အဲဒီမှာ flame eye detector လေးပါ safety အတွက် တပ်ပေးလိုက်ပါတယ်။ မီးမတောက်ယင် alarm ပေးပြီး ဆီပိတ်ပေးပါတယ်။
နောက် Dock ကဆင်းလာမှ မပြီးသေးတဲ့ trouble-shoot အလုပ် ဆက်လုပ်ရပါတယ်။ အမျိုးမျိုး စမ်းကြည့်တွေးကြည့်ပြီးမှ မျက်စေ့မှောက်နေတာလေး သတိရသွားပါတယ်။ LAL လဲကြည့်တော့ ကျွန်တော် socket ကနေ ချွတ်ပြီး အသစ်ပြန်စွပ်ထည့်လိုက်တာဘဲ။ ကြိုးတွေလည်း မလွတ်၊မချောင်ဘူး။ တစ်ကယ်လို့ base socket မကောင်းယင်လည်း output မထွက်တာဖြစ်နိုင်တာပေါ့။ ignition အတွက် pin ချောင်နေယင် တစ်ခြား ဟာတွေ အလုပ်လုပ်ပေမဲ့ ignition မထွက်တာဖြစ်နိုင်ပါတယ်။

 အဲဒါနဲ့ LAL ရဲ့ base socket ကြီး လဲလိုက်တော့ ကောင်းသွားပါတယ်။ Auto mode မှာ မီးတောက်ပါတယ်။  flame eye ဖြုတ်စမ်းတော့ shut down ဖြစ်ပါတယ်။ အခုတော့ auto mode ပြဿနာတက်ယင် manual panel နဲ့လည်း မောင်းနိုင်သွားပြီဆိုတော့ စက်ချုပ်လည်း ပျော်သွားပါတယ်။ Cut in / Cut off temperature တွေ controller မှာ ညှိပေးခဲ့လိုက်ပါတယ်။
မထင်မှတ်တဲ့ fault လေးက တော်တော်လေး လုပ်လိုက်ရပါတယ်။