Monday 25 September 2017

Generator (၉-ခ) - Emergency Generator ACB Cannot be Closed


[Zawgyi]
ဒီတစ္ခါလည္း container သေဘၤာ တစ္စီးမွာပါဘဲ။ ျပႆနာက အတူတူေပါ့။ E-gen ACB close မရတာပါ။ အိျႏၵိယ စက္ခ်ဳပ္က ရွင္းျပၿပီး စမ္းျပပါတယ္။ ဒီ ESB ကေတာ့ test mode မွာ Engine run နဲ႔ test load ႏွစ္မ်ဳိးလုံးပါေတာ့ အလြယ္ စမ္းလို႔ ရပါတယ္။ ACB ေတြကေတာ့ Hyundai အမ်ဳိးအစား draw-out type တြပါ။
ဒါနဲ႔ စမ္းၾကည့္ေတာ့ bus tie ACB ပြင့္သြားၿပီး generator auto start လည္ပါတယ္။ ေတာ္ေတာ္ၾကာ ေစာင့္ၾကည့္ေပမဲ့ generator ACB On မသြားပါဘူး။ ဒါနဲ႔ drawing ဖတ္ component ေတြၾကည့္ထားၿပီး ထပ္စမ္းပါတယ္။ Generator stable ျဖစ္သြားတဲ့ အခ်ိန္ voltage က 440V ေလာက္ရွိၿပီး stable ျဖစ္ပါတယ္။ Voltage sensing relay on သြားၿပီး timer လည္း အလုပ္လုပ္တာ ေတြ႕ရပါတယ္။ ဒါဆို ဘာလို႔ ACB close မျဖစ္တာလဲ။ UVT ေၾကာင့္လား၊ close relay လား၊ ACB ေၾကာင့္လား စစ္ရပါေတာ့မယ္။ ဒီ ACB circuit မွာ UVT controller ဆိုတဲ့ external unit တစ္ခုရွိပါတယ္။ အဲဒီ unit က ႀကိဳး ၆ ေခ်ာင္းရွိပါတယ္။ Power supply (AC220V) ၂ ေခ်ာင္း၊ Output (DC24V) ၂ ေခ်ာင္း နဲ႔ interlock signal input ၂ ေခ်ာင္း ျဖစ္ပါတယ္။ ( ပုံမွာ ၾကည့္ပါ။)

တစ္ကယ္လို႔ interlock input ၂ ေခ်ာင္းကို short ေပးလိုက္ယင္ output ကို ျဖတ္လိုက္မွာျဖစ္တဲ့အတြက္ ACB open ျဖစ္ေနပါမယ္။ Interlock signal မွာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal ေတြ parallel ဝင္ထားပါတယ္။ ဒီေတာ့ interlock တစ္ခုစီ မစစ္ေတာ့ဘဲ input နဲ႔ output power ဘဲ တိုင္းၾကည့္လိုက္ပါတယ္။ Input 220VAC ရွိၿပီး output ကလည္း 20VDC ေလာက္ ရွိပါတယ္။ ဒါေလာက္ဆို အလုပ္လုပ္သင့္ပါတယ္။ ဒီမွာ ေကာက္ခ်က္ခ်လို႔ရတာက UVT controller unit ေကာင္းတယ္၊ interlock signal ေတြ ျပႆနာ မရွိဘူး ဆိုတာပါဘဲ။ ေနာက္တစ္ဆင့္ 20V DC က နည္းေနလို႔လား ဆိုတာ ေသခ်ာေအာင္ ACB ေပၚမွာရွိတဲ့ close push button ကို manual ဘဲ ႏွိပ္လိုက္ပါတယ္။ အဲဒီေတာ့ ACB close ျဖစ္ၿပီး အလုပ္လုပ္ပါတယ္။ ဒါဆို UVT ရဲ႕ 20V ကလည္း ျပႆနာ မရွိဘူးေပါ့။ ACB close mechanism လည္း ေကာင္းတယ္လို႔ သိႏိုင္ပါၿပီ။ စဥ္းစားစရာ သိပ္မက်န္ေတာ့ပါဘူး။ ACB close signal မေရာက္လို႔လား သိရေအာင္ ACB ရဲ႕ terminal 3-4 ကို တိုင္းၾကည့္ေတာ့ 220V ရွိပါတယ္။ ဒါဆို Control circuit က မဟုတ္ေတာ့ဘူးေပါ့။ ACB ထဲက close coil (LRC) အလုပ္မလုပ္တာပါ။


ဒါနဲ႔ ACB ကို draw out လုပ္ၿပီး terminal 3-4 ကေန resistance တိုင္းေတာ့ high ohm ျဖစ္ေနပါတယ္။ Coil မေကာင္းေတာ့ဘူးလို႔ ယူဆရပါတယ္။ ACB ရဲ႕ အျပင္ cover ကို ဖြင့္ၿပီး ၾကည့္ေတာ့ 3-4 ႀကိဳးက close coil ကို တိုက္႐ိုက္မသြားဘဲ PCB အေသးေလးတစ္ခု ခံၿပီး coil ကိုဆက္ထားပါတယ္။ Coil က 220VAC မဟုတ္လို႔ ျပန္ေျပာင္းထားတာျဖစ္ႏိုင္ပါတယ္။ Coil ဘက္ အထြက္တိုင္းၾကည့္ေတာ့ low ohm resistance တစ္ခုျပေတာ့ close coil ေကာင္းတယ္လို႔ ယူဆပါတယ္။ PCB အဝင္ႀကိဳး socket က နည္းနည္း ေခ်ာင္ေနတာမို႔ plier နဲ႔ ညႇပ္ေပးလိုက္ပါတယ္။ Terminal 3-4 ျပန္တိုင္းေတာ့ ohm တစ္ခုျပပါတယ္။ ဒါနဲ႔ ျပန္ပိတ္၊ ACB ကို rack-in ျပန္လုပ္ၿပီး ျပန္စမ္းၾကပါတယ္။ ဒီတစ္ခါ ACB လည္း auto close ျဖစ္သြားပါၿပီ။ စက္ခ်ဳပ္နဲ႔ ၃-၄ ခါေလာက္ စမ္းၾကည့္ၿပီး ေက်နပ္ေတာ့ ျပန္ခဲ့ၾကပါတယ္။
 
[Unicode]
ဒီတစ်ခါလည်း container သင်္ဘော တစ်စီးမှာပါဘဲ။ ပြဿနာက အတူတူပေါ့။ E-gen ACB close မရတာပါ။ အိန္ဒြိယ စက်ချုပ်က ရှင်းပြပြီး စမ်းပြပါတယ်။ ဒီ ESB ကတော့ test mode မှာ Engine run နဲ့ test load နှစ်မျိုးလုံးပါတော့ အလွယ် စမ်းလို့ ရပါတယ်။ ACB တွေကတော့ Hyundai အမျိုးအစား draw-out type တွပါ။ ဒါနဲ့ စမ်းကြည့်တော့ bus tie ACB ပွင့်သွားပြီး generator auto start လည်ပါတယ်။ တော်တော်ကြာ စောင့်ကြည့်ပေမဲ့ generator ACB On မသွားပါဘူး။
ဒါနဲ့ drawing ဖတ် component တွေကြည့်ထားပြီး ထပ်စမ်းပါတယ်။ Generator stable ဖြစ်သွားတဲ့ အချိန် voltage က 440V လောက်ရှိပြီး stable ဖြစ်ပါတယ်။ Voltage sensing relay on သွားပြီး timer လည်း အလုပ်လုပ်တာ တွေ့ရပါတယ်။ ဒါဆို ဘာလို့ ACB close မဖြစ်တာလဲ။ UVT ကြောင့်လား၊ close relay လား၊ ACB ကြောင့်လား စစ်ရပါတော့မယ်။ ဒီ ACB circuit မှာ UVT controller ဆိုတဲ့ external unit တစ်ခုရှိပါတယ်။ အဲဒီ unit က ကြိုး ၆ ချောင်းရှိပါတယ်။ Power supply (AC220V) ၂ ချောင်း၊ Output (DC24V) ၂ ချောင်း နဲ့ interlock signal input ၂ ချောင်း ဖြစ်ပါတယ်။ ( ပုံမှာ ကြည့်ပါ။) တစ်ကယ်လို့ interlock input ၂ ချောင်းကို short ပေးလိုက်ယင် output ကို ဖြတ်လိုက်မှာဖြစ်တဲ့အတွက် ACB open ဖြစ်နေပါမယ်။ Interlock signal မှာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal တွေ parallel ဝင်ထားပါတယ်။ ဒီတော့ interlock တစ်ခုစီ မစစ်တော့ဘဲ input နဲ့ output power ဘဲ တိုင်းကြည့်လိုက်ပါတယ်။ Input 220VAC ရှိပြီး output ကလည်း 20VDC လောက် ရှိပါတယ်။ ဒါလောက်ဆို အလုပ်လုပ်သင့်ပါတယ်။ ဒီမှာ ကောက်ချက်ချလို့ရတာက UVT controller unit ကောင်းတယ်၊ interlock signal တွေ ပြဿနာ မရှိဘူး ဆိုတာပါဘဲ။ နောက်တစ်ဆင့် 20V DC က နည်းနေလို့လား ဆိုတာ သေချာအောင် ACB ပေါ်မှာရှိတဲ့ close push button ကို manual ဘဲ နှိပ်လိုက်ပါတယ်။ အဲဒီတော့ ACB close ဖြစ်ပြီး အလုပ်လုပ်ပါတယ်။ ဒါဆို UVT ရဲ့ 20V ကလည်း ပြဿနာ မရှိဘူးပေါ့။ ACB close mechanism လည်း ကောင်းတယ်လို့ သိနိုင်ပါပြီ။ စဉ်းစားစရာ သိပ်မကျန်တော့ပါဘူး။ ACB close signal မရောက်လို့လား သိရအောင် ACB ရဲ့ terminal 3-4 ကို တိုင်းကြည့်တော့ 220V ရှိပါတယ်။ ဒါဆို Control circuit က မဟုတ်တော့ဘူးပေါ့။ ACB ထဲက close coil (LRC) အလုပ်မလုပ်တာပါ။
ဒါနဲ့ ACB ကို draw out လုပ်ပြီး terminal 3-4 ကနေ resistance တိုင်းတော့ high ohm ဖြစ်နေပါတယ်။ Coil မကောင်းတော့ဘူးလို့ ယူဆရပါတယ်။ ACB ရဲ့ အပြင် cover ကို ဖွင့်ပြီး ကြည့်တော့ 3-4 ကြိုးက close coil ကို တိုက်ရိုက်မသွားဘဲ PCB အသေးလေးတစ်ခု ခံပြီး coil ကိုဆက်ထားပါတယ်။ Coil က 220VAC မဟုတ်လို့ ပြန်ပြောင်းထားတာဖြစ်နိုင်ပါတယ်။ Coil ဘက် အထွက်တိုင်းကြည့်တော့ low ohm resistance တစ်ခုပြတော့ close coil ကောင်းတယ်လို့ ယူဆပါတယ်။ PCB အဝင်ကြိုး socket က နည်းနည်း ချောင်နေတာမို့ plier နဲ့ ညှပ်ပေးလိုက်ပါတယ်။ Terminal 3-4 ပြန်တိုင်းတော့ ohm တစ်ခုပြပါတယ်။ ဒါနဲ့ ပြန်ပိတ်၊ ACB ကို rack-in ပြန်လုပ်ပြီး ပြန်စမ်းကြပါတယ်။ ဒီတစ်ခါ ACB လည်း auto close ဖြစ်သွားပါပြီ။ စက်ချုပ်နဲ့ ၃-၄ ခါလောက် စမ်းကြည့်ပြီး ကျေနပ်တော့ ပြန်ခဲ့ကြပါတယ်။

Saturday 23 September 2017

Generator (၉-က) - Emergency Generator ACB Cannot be Closed

[Zawgyi]
ဒီျပႆနာက မၾကာခဏ ၾကဳံရပါတယ္။ ကၽြန္ေတာ္ၾကဳံခဲ့တဲ့ သေဘၤာ ၄ စီးက ျပႆနာေလးေတြကို တစ္ခုၿပီးတစ္ခု ေျပာျပပါမယ္။ 
ပထမတစ္စီးက container သေဘၤာပါ။ သေဘၤာေပၚေရာက္ေတာ့ အင္ဒို ဓာတ္ႀကိဳး ေျပာျပခ်က္အရ black out test စမ္းေတာ့ Emergency generator auto-start က အလုပ္လုပ္ပါတယ္။
ဒါေပမဲ့ Generator အတြက္ ACB က close လုပ္မေပးဘူး ေျပာပါတယ္။ Manual ေတာင္းၿပီး drawing ဖတ္ၾကည့္ပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတဲ့ component ေတြကို မွတ္ထားလိုက္ပါတယ္။ ACB မွာ spring status ကိုၾကည့္ေတာ့ charged ကို ျပေနပါတယ္။ တစ္ကယ္စမ္းယင္ ၾကည့္ရမယ့္ အခ်က္ေတြနဲ႔ တိုင္းရမယ့္ ေနရာေတြကို ေလွ်ာက္ၾကည့္ထားလိုက္ပါတယ္။ ၿပီးမွ စမ္းဖို႔ ဓာတ္ႀကိဳးကို အကူအညီ ေတာင္းရပါတယ္။

ဒီ switch board က ေတာ္ေတာ္ေလး ေဟာင္းေနပါၿပီ။ ACB ကလည္း Hyundai အမ်ဳိးအစား fix mounting ပါ။ တစ္ခုခုဆို လုပ္ရမွာ မေခ်ာင္ပါဘူး။ ေနာက္ၿပီး Test mode selector switch က Generator ကို လည္မလည္စစ္တဲ့ option ဘဲပါ ပါတယ္။ Power On တဲ့ အပိုင္းမပါ ပါဘူး။ ဒီေတာ့ စမ္းခ်င္ယင္ MSB ကေန ESB ဆီသြားတဲ့ feeder breaker ကို ျဖတ္ၿပီး simulation black out လုပ္ေပးရပါတယ္။ MSB ကေန အဝင္ power ျပတ္သြားေတာ့ bus tier breaker ျပဳတ္သြားပါတယ္။ ခဏအၾကာမွာ emergency generator က auto ထ လည္ပါတယ္။ ေတာ္ေတာ္ေလး ၾကာတဲ့ အထိ generator ACB On မသြား ပါဘူး။ အဲဒီမွာ သတိထားတာက Voltage sensing relay က On မသြားပါဘူး။ အဲဒီ relay on ယင္ သူ႔အေပၚမွာရွိတဲ့ LED ေလး လင္း သြားရမွာပါ။ Voltage တိုင္းထားတာလည္း 360 V  ေတာင္ မျပည့္ပါဘူး။ Frequency က 60 Hz အျပည့္ထြက္ပါတယ္။ Volt ေရာ Freq ပါ ၿငိမ္ပါတယ္။ Hunting မျဖစ္ပါဘူး။ သူ႔ operation voltage က 440V ပါ။
85% ဆိုယင္ 374 V အနည္းဆုံးရွိမွ voltage sensing relay က output ထုတ္ေပးမွာပါ။ ဒီေတာ့မွ ACB close signal ရမွာပါ။ ဒီေတာ့ voltage ကို တင္ေပးဖို႔လုပ္ပါတယ္။  ESB panel ထဲက trimmer pot ေလးကို လွည့္ၾကည့္ေတာ့ Max ျဖစ္ေနပါၿပီ။ ဆက္တင္လို႔ မရေတာ့ပါဘူး။ ဒါနဲ႔ generator terminal cover ဖြင့္ၿပီး AVR က preset နဲ႔ တင္ေပးပါတယ္။ ဒါေတာင္ အမ်ားဆုံး 390V ဘဲရပါတယ္။ 390V တင္လိုက္ေတာ့ voltage sensing relay ON သြားၿပီး စကၠန္႔ပိုင္းအတြင္း ACB လည္း on သြားပါေတာ့တယ္။ 
ျပႆနာ ေျပလည္သြားပါၿပီ။

ဒါေပမဲ့ Voltage နည္းေနတာေတာ့ AVR အသစ္လဲဖို႔ အၾကံေပးခဲ့ပါတယ္။ ဒါေတာင္ ဓာတ္ႀကိဳးက BCD source abnormal ဆိုတဲ့ alarm မီးလင္းေနလို႔ ျပႆနာရွာေနတာနဲ႔ နည္းနည္း ၾကည့္ေပးရပါေသးတယ္။ BCD ဆိုတာ Battery Charging Discharging unit ေပါ့။ ESB ရဲ႕ main panel မွာ reset လုပ္လည္း မရေတာ့ drawing ဖတ္ၿပီး လိုက္ရွာရပါတယ္။ BCD unit မွာ တိုင္းၾကည့္ေတာ့ အဝင္ power source ကရွိေနပါတယ္။ ေနာက္ ေသခ်ာၾကည့္ေတာ့မွ အဲဒီ BCD panel က reset လုပ္ေပးမွ alarm ေပ်ာက္သြားပါတယ္။ ဒီ ဓာတ္ႀကိဳးက ESB ကို သိပ္မထိထားဘူး ထင္တယ္။ တစ္ကယ္ဆို သူက ပိုသိသင့္တာေပါ့ေနာ္။ ESB black out ျဖစ္တဲ့အခ်ိန္ BCD source ေပ်ာက္သြားလို႔ alarm ေပၚလာတာ။ Power ျပန္လာေပမဲ့ reset မလုပ္ယင္ alarm မေပ်ာက္ဘူးေပါ့။ 

ေနာက္ဆက္တြဲအေနနဲ႔ အဲဒီသေဘၤာ ေနာက္တစ္ေခါက္ ဝင္လာေတာ့ AVR အသစ္ယူသြားၿပီး လဲေပးလိုက္ပါတယ္။ Voltage လည္း 440V ညႇိေပးခဲ့ပါတယ္။ ေနာက္ထပ္ black out test ထပ္စမ္းေတာ့လည္း အားလုံး အဆင္ေျပပါတယ္။

[Unicode]
 ဒီပြဿနာက မကြာခဏ ကြုံရပါတယ်။ ကျွန်တော်ကြုံခဲ့တဲ့ သင်္ဘော ၄ စီးက ပြဿနာလေးတွေကို တစ်ခုပြီးတစ်ခု ပြောပြပါမယ်။ 
ပထမတစ်စီးက container သင်္ဘောပါ။ သင်္ဘောပေါ်ရောက်တော့ အင်ဒို ဓာတ်ကြိုး ပြောပြချက်အရ black out test စမ်းတော့ Emergency generator auto-start က အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ Generator အတွက် ACB က close လုပ်မပေးဘူး ပြောပါတယ်။ Manual တောင်းပြီး drawing ဖတ်ကြည့်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ component တွေကို မှတ်ထားလိုက်ပါတယ်။ ACB မှာ spring status ကိုကြည့်တော့ charged ကို ပြနေပါတယ်။ တစ်ကယ်စမ်းယင် ကြည့်ရမယ့် အချက်တွေနဲ့ တိုင်းရမယ့်နေရာတွေကို လျှောက်ကြည့်ထားလိုက်ပါတယ်။ ပြီးမှ စမ်းဖို့ ဓာတ်ကြိုးကို အကူအညီတောင်းရပါတယ်။ ဒီ switch board က တော်တော်လေး ဟောင်းနေပါပြီ။ ACB ကလည်း Hyundai အမျိုးအစား fix mounting ပါ။ တစ်ခုခုဆို လုပ်ရမှာ မချောင်ပါဘူး။ နောက်ပြီး Test mode selector switch က Generator ကို လည်မလည်စစ်တဲ့ option ဘဲပါ ပါတယ်။ Power On တဲ့ အပိုင်းမပါ ပါဘူး။ ဒီတော့ စမ်းချင်ယင် MSB ကနေ ESB ဆီသွားတဲ့ feeder breaker ကို ဖြတ်ပြီး simulation black out လုပ်ပေးရပါတယ်။ MSB ကနေ အဝင် power ပြတ်သွားတော့ bus tier breaker ပြုတ်သွားပါတယ်။ ခဏအကြာမှာ emergency generator က auto ထ လည်ပါတယ်။ တော်တော်လေး ကြာတဲ့ အထိ generator ACB On မသွား ပါဘူး။ အဲဒီမှာ သတိထားတာက Voltage sensing relay က On မသွားပါဘူး။ အဲဒီ relay on ယင် သူ့အပေါ်မှာရှိတဲ့ LED လေး လင်း သွားရမှာပါ။ Voltage တိုင်းထားတာလည်း 360 V  တောင် မပြည့်ပါဘူး။ Frequency က 60 Hz အပြည့်ထွက်ပါတယ်။ Volt ရော Freq ပါ ငြိမ်ပါတယ်။ Hunting မဖြစ်ပါဘူး။ သူ့ operation voltage က 440V ပါ။ 85% ဆိုယင် 374 V အနည်းဆုံးရှိမှ voltage sensing relay က output ထုတ်ပေးမှာပါ။ ဒီတော့မှ ACB close signal ရမှာပါ။ ဒီတော့ voltage ကို တင်ပေးဖို့လုပ်ပါတယ်။  ESB panel ထဲက trimmer pot လေးကို လှည့်ကြည့်တော့ Max ဖြစ်နေပါပြီ။ ဆက်တင်လို့ မရတော့ပါဘူး။ ဒါနဲ့ generator terminal cover ဖွင့်ပြီး AVR က preset နဲ့ တင်ပေးပါတယ်။ ဒါတောင် အများဆုံး 390V ဘဲရပါတယ်။ 390V တင်လိုက်တော့ voltage sensing relay ON သွားပြီး စက္ကန့်ပိုင်းအတွင်း ACB လည်း on သွားပါတော့တယ်။ 
ပြဿနာ ပြေလည်သွားပါပြီ။ ဒါပေမဲ့ Voltage နည်းနေတာတော့ AVR အသစ်လဲဖို့ အကြံပေးခဲ့ပါတယ်။ ဒါတောင် ဓာတ်ကြိုးက BCD source abnormal ဆိုတဲ့ alarm မီးလင်းနေလို့ ပြဿနာရှာနေတာနဲ့ နည်းနည်း ကြည့်ပေးရပါသေးတယ်။ BCD ဆိုတာ Battery Charging Discharging unit ပေါ့။ ESB ရဲ့ main panel မှာ reset လုပ်လည်း မရတော့ drawing ဖတ်ပြီး လိုက်ရှာရပါတယ်။ BCD unit မှာ တိုင်းကြည့်တော့ အဝင် power source ကရှိနေပါတယ်။ နောက် သေချာကြည့်တော့မှ အဲဒီ BCD panel က reset လုပ်ပေးမှ alarm ပျောက်သွားပါတယ်။ ဒီ ဓာတ်ကြိုးက ESB ကို သိပ်မထိထားဘူး ထင်တယ်။ တစ်ကယ်ဆို သူက ပိုသိသင့်တာပေါ့နော်။ ESB black out ဖြစ်တဲ့အချိန် BCD source ပျောက်သွားလို့ alarm ပေါ်လာတာ။ Power ပြန်လာပေမဲ့ reset မလုပ်ယင် alarm မပျောက်ဘူးပေါ့။ 

နောက်ဆက်တွဲအနေနဲ့ အဲဒီသင်္ဘော နောက်တစ်ခေါက် ဝင်လာတော့ AVR အသစ်ယူသွားပြီး လဲပေးလိုက်ပါတယ်။ Voltage လည်း 440V ညှိပေးခဲ့ပါတယ်။ နောက်ထပ် black out test ထပ်စမ်းတော့လည်း အားလုံး အဆင်ပြေပါတယ်။

Monday 18 September 2017

Windlass / Winch (၂) - Not turning



[Zawgyi]
Bulk carrier တစ္စီး Anchorage ကထြက္ကာနီးမွ ေက်ာက္ဆူးတင္လို႔ မရလို႔ အေရးေပၚေခၚတာနဲ႔ သြားလုပ္ခဲ့ရတာပါ။ သေဘၤာေပၚေရာက္ေတာ့ ဖိလစ္ပိုင္ ဓာတ္ႀကိဳးက fore castle ကိုေခၚသြားၿပီး လိုက္ျပပါတယ္။ Winch ၂ ခုရွိတာမွာ Starboard ဘက္က အလုပ္လုပ္ၿပီး၊ Port ဘက္က winch က မလည္ဘူးေျပာပါတယ္။

Control cabinet ကိုဖြင့္ၾကည့္ေတာ့ inverter ၂ ခုေတြ႕ပါတယ္။ ဒါဆို electric motor နဲ႔ ေမာင္းတဲ့ winch ေပါ့။ Hydraulic အမ်ဳိးအစားမဟုတ္ပါဘူး။ Winch ေနရာကို သြားၾကည့္ေတာ့ break ပါတဲ့ electric motor တစ္လုံးစီေတြ႕ပါတယ္။ Port ဘက္က shaft ကို drum နဲ႔မတြဲေအာင္ျဖဳတ္ထားပါတယ္။ No load နဲ႔ စမ္းၾကည့္ၾကပါတယ္။ စတဲ့အခ်ိန္မွာ break ကြာသြားတဲ့ အသံၾကားရပါတယ္။ Shaft ကေတာ့ မလည္ပါဘူး။ Starboard ဘက္က winch ကိုစမ္းေတာ့ လည္ပါတယ္။ Drum နဲ႔ တစ္တြဲထဲကို ေအးေအးေဆးေဆး လည္ပါတယ္။ ဓာတ္ႀကိဳးက inverter ကို ျဖဳတ္ၿပီး Starboard ဘက္နဲ႔ လဲထားတယ္ေျပာပါတယ္။ ဆိုလိုတာက မလဲခင္ေရာ လဲၿပီးေရာ မေကာင္းဘူးဆိုတဲ့ သေဘာေပါ့။ ဒါနဲ႔ Drawing ဖတ္ၿပီး control panel မွာ အျပစ္ရွာၾကပါတယ္။ အဝင္ voltage တိုင္းေတာ့ 440V ပါ။ အထြက္ motor coil တိုင္းၾကည့္ေတာ့ လည္း 3 phase လုံးမွာ 0.3 ohm နဲ႔ ညီေနတာ ေတြ႕ပါတယ္။ Stbd ဘက္က motor နဲ႔ ယွဥ္ၾကည့္ေတာ့လည္း တူပါတယ္။ ဒီေတာ့ motor coil ေကာင္းတယ္ေပါ့။ စၿပီး run တဲ့ အခ်ိန္မွာ brake ဆြဲသံၾကားရေတာ့ brake coil ေကာင္းတယ္လို႔ ယူဆပါတယ္။ 
ေနာက္တစ္ခါ ထပ္စမ္းပါတယ္။ ေကာင္းတဲ့ Stbd ဘက္နဲ႔ ယွဥ္ၾကည့္ပါတယ္။ Inverter မွာရွိတဲ့ display က output တန္ဖိုးေတြက speed အတင္အခ် အလိုက္ ေျပာင္းေနတာ ေတြ႕ရပါတယ္။ ၂ ဘက္စလုံး သိပ္မကြာပါဘူး။ ဒါေပမဲ့ Magnetic Contactor (MC) အထြက္မွာ တိုင္းၾကည့္ေတာ့ ေကာင္းတဲ့ ဘက္က 450V ေလာက္ထြက္ပါတယ္။ Frequency က 150Hz ေလာက္ထိတက္ပါတယ္။ မေကာင္းတဲ့ PS ဘက္မွာေတာ့ 100 V ေလာက္ဘဲထြက္ၿပီး Freq က 500 Hz လာက္ထိ တက္ေနပါတယ္။ တစ္ခုခုေတာ့ လြဲေနပါၿပီ။ ဓာတ္ႀကိဳးရဲ႕ အေျပာအရ inverter လည္း လဲထားၿပီးသားလို႔ေျပာပါတယ္။ ဒါေပမဲ့ ေသခ်ာေအာင္ စမ္းၾကည့္ပါဦးမယ္။
Drawing အရ inverter ၂ ခုရဲ႕ အထြက္မွာ MC ၄ လုံးရွိပါတယ္။ Inv 1 အထြက္မွာ ၂ လုံး၊ inv 2 အထြက္မွာ ၂ လုံးပါ။ တစ္ခါ အဲဒီ MC ၂ ခုစီရဲ႕ အထြက္ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ႔ တစ္ခုစီ ဆက္ထားျပန္ပါတယ္။ ဆိုလိုတာက inverter တစ္ခုစီက PS ေရာ Stbd က motor ကိုပါ တစ္ခုစီေမာင္းလို႔ရပါတယ္။ MC ေရြးတဲ့အေပၚမူတည္ၿပီး ေမာင္းတာေပါ့။ အဲဒီ MC ေရြးတာကလည္း PS / Stbd အဝင္ power နဲ႔ winch operation console active ျဖစ္တဲ့ အေပၚမွာ မူတည္ပါတယ္။ ဒီေတာ့ power အဝင္ breaker အဖြင့္၊ အပိတ္လုပ္ၿပီး PS / Stbd ေရြးၿပီး ထပ္စမ္းပါတယ္။ Inverter 1 ကို သုံးၿပီး motor တစ္ခုစီကို ေမာင္းၾကည့္ပါတယ္။ ေနာက္ၿပီး inverter 2 ကို သုံးၿပီး motor တစ္လုံးစီကို ေမာင္းၾကည့္ပါတယ္။ ရလာဒ္က အတူတူပါဘဲ။ ျပႆနာက PS motor ဘက္ကဘဲ ျဖစ္ေနတာပါ။ ဒါဆို inverter ေၾကာင့္ မဟုတ္တာ ေသခ်ာသြားပါၿပီ။ ဘာက်န္ေသးလဲ။ ေနာက္တစ္ခု စဥ္းစားမိတာက drawing အရ winch ရဲ႕ speed ကို feedback ေပးတဲ့ encoder တစ္ခုစီ ရွိပါတယ္။ Encoder က မွန္မွန္ကန္ကန္ feedback မေပးယင္ inverter output ကိုမွန္မွန္ကန္ကန္ထြက္မွာမဟုတ္ပါဘူး။ Winch ဆီကိုသြားၿပီး motor brake ေနာက္ဖက္ တစ္ဆက္ထဲထြက္ေနတဲ့ shaft အဆုံးက frame အဖုံးဖြင့္ၾကည့္ေတာ့ encoder unit တစ္ခုေတြ႕ပါတယ္။

Terminal connection ကိုစစ္ၾကည့္ေတာ့လည္း ေခ်ာင္ေနျပဳတ္ေနတာ မေတြ႕ပါဘူး။ ဒါနဲ႔ Stbd ဘက္က encoder နဲ႔ ျဖဳတ္လဲၾကည့္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ ေကာင္းသြားပါၿပီ။ တစ္ခု သတိထားမိတာက PS encoder ရဲ႕ bracket က အထိုင္နဲ႔ နည္းနည္းေဝးေနေတာ့ bolt နဲ႔ ဆြဲၾကပ္ထားပါတယ္။ ဒီေတာ့ encoder အလယ္ bush နဲ႔ shaft ပြတ္ေနၿပီး wear off ျဖစ္တာ ျဖစ္ႏိုင္ပါတယ္။ အသစ္မွာဖို႔ အၾကံေပးခဲ့ၿပီး mounting bracket ကို ေသခ်ာ ျပန္ထိုင္ဖို႔ မွာခဲ့ပါတယ္။ 

[Unicode]
Bulk carrier တစ်စီး Anchorage ကထွက်ကာနီးမှ ကျောက်ဆူးတင်လို့ မရလို့ အရေးပေါ်ခေါ်တာနဲ့ သွားလုပ်ခဲ့ရတာပါ။ သင်္ဘောပေါ်ရောက်တော့ ဖိလစ်ပိုင် ဓာတ်ကြိုးက fore castle ကိုခေါ်သွားပြီး လိုက်ပြပါတယ်။ Winch ၂ ခုရှိတာမှာ Starboard ဘက်က အလုပ်လုပ်ပြီး၊ Port ဘက်က winch က မလည်ဘူးပြောပါတယ်။
Control cabinet ကိုဖွင့်ကြည့်တော့ inverter ၂ ခုတွေ့ပါတယ်။ ဒါဆို electric motor နဲ့ မောင်းတဲ့ winch ပေါ့။ Hydraulic အမျိုးအစားမဟုတ်ပါဘူး။ Winch နေရာကို သွားကြည့်တော့ break ပါတဲ့ electric motor တစ်လုံးစီတွေ့ပါတယ်။ Port ဘက်က shaft ကို drum နဲ့မတွဲအောင်ဖြုတ်ထားပါတယ်။ No load နဲ့ စမ်းကြည့်ကြပါတယ်။ စတဲ့အချိန်မှာ break ကွာသွားတဲ့ အသံကြားရပါတယ်။ Shaft ကတော့ မလည်ပါဘူး။ Starboard ဘက်က winch ကိုစမ်းတော့ လည်ပါတယ်။ Drum နဲ့ တစ်တွဲထဲကို အေးအေးဆေးဆေး လည်ပါတယ်။ ဓာတ်ကြိုးက inverter ကို ဖြုတ်ပြီး Starboard ဘက်နဲ့ လဲထားတယ်ပြောပါတယ်။ ဆိုလိုတာက မလဲခင်ရော လဲပြီးရော မကောင်းဘူးဆိုတဲ့ သဘောပေါ့။ ဒါနဲ့ Drawing ဖတ်ပြီး control panel မှာ အပြစ်ရှာကြပါတယ်။ အဝင် voltage တိုင်းတော့ 440V ပါ။ အထွက် motor coil တိုင်းကြည့်တော့ လည်း 3 phase လုံးမှာ 0.3 ohm နဲ့ ညီနေတာ တွေ့ပါတယ်။ Stbd ဘက်က motor နဲ့ ယှဉ်ကြည့်တော့လည်း တူပါတယ်။ ဒီတော့ motor coil ကောင်းတယ်ပေါ့။ စပြီး run တဲ့ အချိန်မှာ brake ဆွဲသံကြားရတော့ brake coil ကောင်းတယ်လို့ ယူဆပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းပါတယ်။ ကောင်းတဲ့ Stbd ဘက်နဲ့ ယှဉ်ကြည့်ပါတယ်။ Inverter မှာရှိတဲ့ display က output တန်ဖိုးတွေက speed အတင်အချ အလိုက် ပြောင်းနေတာ တွေ့ရပါတယ်။ ၂ ဘက်စလုံး သိပ်မကွာပါဘူး။ ဒါပေမဲ့ Magnetic Contactor (MC) အထွက်မှာ တိုင်းကြည့်တော့ ကောင်းတဲ့ ဘက်က 450V လောက်ထွက်ပါတယ်။ Frequency က 150Hz လောက်ထိတက်ပါတယ်။ မကောင်းတဲ့ PS ဘက်မှာတော့ 100 V လောက်ဘဲထွက်ပြီး Freq က 500 Hz လာက်ထိ တက်နေပါတယ်။ တစ်ခုခုတော့ လွဲနေပါပြီ။ ဓာတ်ကြိုးရဲ့ အပြောအရ inverter လည်း လဲထားပြီးသားလို့ပြောပါတယ်။ ဒါပေမဲ့ သေချာအောင် စမ်းကြည့်ပါဦးမယ်။ Drawing အရ inverter ၂ ခုရဲ့ အထွက်မှာ MC ၄ လုံးရှိပါတယ်။ Inv 1 အထွက်မှာ ၂ လုံး၊ inv 2 အထွက်မှာ ၂ လုံးပါ။ တစ်ခါ အဲဒီ MC ၂ ခုစီရဲ့ အထွက်ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ့ တစ်ခုစီ ဆက်ထားပြန်ပါတယ်။ ဆိုလိုတာက inverter တစ်ခုစီက PS ရော Stbd က motor ကိုပါ တစ်ခုစီမောင်းလို့ရပါတယ်။ MC ရွေးတဲ့အပေါ်မူတည်ပြီး မောင်းတာပေါ့။ အဲဒီ MC ရွေးတာကလည်း PS / Stbd အဝင် power နဲ့ winch operation console active ဖြစ်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီတော့ power အဝင် breaker အဖွင့်၊ အပိတ်လုပ်ပြီး PS / Stbd ရွေးပြီး ထပ်စမ်းပါတယ်။ Inverter 1 ကို သုံးပြီး motor တစ်ခုစီကို မောင်းကြည့်ပါတယ်။ နောက်ပြီး inverter 2 ကို သုံးပြီး motor တစ်လုံးစီကို မောင်းကြည့်ပါတယ်။ ရလာဒ်က အတူတူပါဘဲ။ ပြဿနာက PS motor ဘက်ကဘဲ ဖြစ်နေတာပါ။ ဒါဆို inverter ကြောင့် မဟုတ်တာ သေချာသွားပါပြီ။ ဘာကျန်သေးလဲ။ နောက်တစ်ခု စဉ်းစားမိတာက drawing အရ winch ရဲ့ speed ကို feedback ပေးတဲ့ encoder တစ်ခုစီ ရှိပါတယ်။ Encoder က မှန်မှန်ကန်ကန် feedback မပေးယင် inverter output ကိုမှန်မှန်ကန်ကန်ထွက်မှာမဟုတ်ပါဘူး။ Winch ဆီကိုသွားပြီး motor brake နောက်ဖက် တစ်ဆက်ထဲထွက်နေတဲ့ shaft အဆုံးက frame အဖုံးဖွင့်ကြည့်တော့ encoder unit တစ်ခုတွေ့ပါတယ်။ Terminal connection ကိုစစ်ကြည့်တော့လည်း ချောင်နေပြုတ်နေတာ မတွေ့ပါဘူး။ ဒါနဲ့ Stbd ဘက်က encoder နဲ့ ဖြုတ်လဲကြည့်ပါတယ်။ ပြန်စမ်းကြည့်တော့ ကောင်းသွားပါပြီ။ တစ်ခု သတိထားမိတာက PS encoder ရဲ့ bracket က အထိုင်နဲ့ နည်းနည်းဝေးနေတော့ bolt နဲ့ ဆွဲကြပ်ထားပါတယ်။ ဒီတော့ encoder အလယ် bush နဲ့ shaft ပွတ်နေပြီး wear off ဖြစ်တာ ဖြစ်နိုင်ပါတယ်။ အသစ်မှာဖို့ အကြံပေးခဲ့ပြီး mounting bracket ကို သေချာ ပြန်ထိုင်ဖို့ မှာခဲ့ပါတယ်။ 

Wednesday 13 September 2017

Main Engine Control (၃) - Jacket Cooling Water Temperature Control

[Zawgyi]

Car carrier တစ္စီးရဲ႕ME Jacket Cooling Water Temperature Controller အလုပ္မလုပ္လို႔ သြားၾကည့္ခဲ့ရပါတယ္။ Nakakita အမ်ဳိးအစား controller ပါ။ ဒီ controller က electrical နဲ႔ pneumatic ေရာၿပီးတည္ေဆာက္ထားတာပါ။ သေဘာၤေပၚေရာက္ေတာ့ စက္-၂ က ရွင္းျပပါတယ္။ Auto ထားယင္ Set temperature မွာ မရဘူးေျပာပါတယ္။ ဒီေတာ့ manually valve ကို ဖြင့္၊ပိတ္လုပ္ၿပီး လိုခ်င္တဲ့ temperature အနီးဆုံးရေအာင္ လုပ္ေပးရတယ္ဆိုပါတယ္။ သူေျပာတာက controller ထဲက တစ္ခုခုျဖစ္ေနတယ္လို႔ ထင္တယ္တဲ့။  Controller ထဲက pneumatic relay unit ကို အသစ္လဲၿပီးတာေတာင္ မေကာင္းဘူး ဆိုပါတယ္။ ME နားက Controller ရွိတဲ့ေနရာနဲ႔ valve ကို လိုက္ျပပါတယ္။ 
ဒီစံနစ္မွာက Jacket cooling water temperature ကို ပုံေသရေအာင္ ထိန္းထားတာပါ။ Engine run လို႔ ပူလာယင္ cooling water ကို ပိုဖြင့္ေပးၿပီး set point ထက္ အပူခ်ိန္ပိုနည္းသြားယင္ valve ကို ျပန္ပိတ္ေပးတာပါ။ Circulation pump ကေတာ့ အၿမဲ run ေနမွာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ႔ Valve က ပြင့္ေနၿပီး ပိတ္ခ်င္မွ ေလနဲ႔ diaphragm အေပၚကဖိခ်ၿပီး ပိတ္ေအာင္ လုပ္ေပးရတာပါ။ Controller က ေပးလိုက္တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖြင့္၊ပိတ္ လုပ္ေပးပါတယ္။ Valve position feedback ကို mechanical arm တစ္ခုနဲ႔ link လုပ္ၿပီး positioner ကိုျပန္ေပးထားပါတယ္။
ပထမဆုံး controller ကို စစ္ၾကည့္ပါတယ္။ Controller မွာ လက္တံ pointer ႏွစ္ခု ရွိပါတယ္။ အနီေရာင္က set value ျဖစ္ၿပီး အနက္ေရာင္က current value ျဖစ္ပါတယ္။ ေနာက္ၿပီး ေအာက္ေျခ ညာဘက္မွာ output pressure ျပတဲ့ mechanical gauge display အေသးေလး တစ္ခုရွိပါေသးတယ္။ ဒီ controller ရဲ႕ output range က (0.2 - 1) bar ျဖစ္ပါတယ္။လက္ရွိ output value က min ျဖစ္တဲ့ 0.2 bar ျပေနပါတယ္။ Set value နဲ႔ current value က ညီေနတာကိုး။ Set value ကို အနီေရာင္ knob ေလးလွည့္ၿပီး ေျပာင္းေပးေတာ့ current value နဲ႔ ကြာလာတာနဲ႔ အမွ် output pressure တစ္ျဖည္းျဖည္းတက္လာပါတယ္။ ေနာက္ဆုံး max ျဖစ္တဲ့ 1 bar အထိေရာက္ပါတယ္။ Controller မွာပါတဲ့ P, I, D တန္ဖိုးေတြကို set လုပ္ထားတဲ့ knob ၃ ခုက တန္ဖိုးေတြကိုၾကည့္ေတာ့လည္း manual ထဲက recommended value တြနဲ႔ တူပါတယ္။ ခုအေနအထားအရ controller က ေကာင္းေနတဲ့ သေဘာပါ။ (0.2 - 1) bar output လည္းထြက္ေနတာဘဲ။ ဒါဆိုယင္ positioner နဲ႔ valve assembly ဘက္ကဘဲ ျဖစ္ႏိုင္တာေပါ့။ အဲဒါနဲ႔ valve ဆီကိုသြားၾကည့္ပါတယ္။ ဒီ positioner က pneumatic နဲ႔ဘဲ လုပ္တာပါ။ Electrical positioner ေတြမွာဆိုယင္ input က (4-20)mA သုံးၿပီး valve အက်ဥ္းအက်ယ္ ဖြင့္ေပးတာပါ။ ဒီမွာေတာ့ pneumatic control ဆိုေတာ့ input value က ( 0.2 - 1) bar ျဖစ္ပါတယ္။ အဲဒီ pressure တန္ဖိုးအရ valve ကို အက်ဥ္းအက်ယ္ ဖြင့္ေပးမွာပါ။ ဒီေတာ့ controller ကထုတ္ေပးလိုက္တဲ့ (0.2 - 1) bar က positioner ဆီေရာက္မေရာက္ၾကည့္ပါတယ္။ Positioner မွာ pressure gauge အေသးေလး ၃ ခုရွိပါတယ္။ ပထမတစ္ခုက input signal pressure ပါ။
ေနာက္ဆုံးတစ္ခုက Compressed air source ရဲ႕ pressure ပါ။ အလယ္တစ္ခုက output pressure တန္ဖိုးပါ။ Controller ကေန set value ေျပာင္းၿပီး controller output pressure ကို ကစားၾကည့္ေတာ့ positioner ရဲ႕ ပထမဆုံး gauge မွာ (0.2 - 1)bar လိုက္ေျပာင္းပါတယ္။ ဒါဆို signal pressure လည္း positioner အထိ ေရာက္တယ္။ လမ္းမွာ ယိုတာ၊ ပိတ္တာ မရွိဘူးေပါ့။ Valve ကိုၾကည့္ေတာ့ သူတို႔ manually လွည့္ၿပီး ပိတ္ထားေတာ့ မေရြ႕ဘူးေပါ့။ စက္-၂ ကို ေျပာၿပီး ဖြင့္လိုက္ပါတယ္။ ေနာက္ၿပီး controller ကေန signal ေပးၿပီး ကစားၾကည့္ေတာ့ ေရြ႕ပါတယ္။ ဒါေပမဲ့ max signal ျဖစ္တဲ့ 1 bar ေပးေတာ့ fully close မျဖစ္ဘဲ တစ္ဝက္ဘဲပိတ္ပါတယ္။ 0.2 bar မွာေတာ့ အျပည့္ ပြင့္ပါတယ္။
Valve ကေရြ႕တယ္ဆိုေတာ့ jam မျဖစ္ေလာက္ဘူး။ ဘာလို႔ တစ္ဝက္ဘဲေရြ႕တာလဲ။ Actuator diaphragm မေကာင္းတာလား၊ pressure မလုံေလာက္လို႔လား ၾကည့္ရပါမယ္။ Name plate ကိုၾကည့္ေတာ့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို႔ ေရးထားပါတယ္။ Air supply က 2.6 bar ေတာင္ရွိတယ္ ဆိုေတာ့ လုံေလာက္ပါတယ္။ Name plate က range ကို ယွဥ္ၾကည့္ေတာ့ output pressure က input ရဲ႕ ၂ ဆရွိရမွာပါ။ ျပန္စမ္းၿပီး output pressure gauge ကို ၾကည့္ထားေတာ့ input 0.4 bar မွာ output 0.6 bar ေလာက္ဘဲရွိပါတယ္။ Max မွာေတာင္မွ 1.4 bar ေလာက္ဘဲ output ထြက္ေနတာ ေတြ႕ရပါတယ္။ တစ္ကယ္ဆို 2 bar ရွိရမွာပါ။ ဒါဆို positioner ျပႆနာေပါ့။ ေနာက္မွ positioner ထဲက pneumatic lead relay တစ္ခု spare ရွိတာနဲ႔ လဲၾကည့္ေတာ့ output pressure အျပည့္ထြက္လာပါတယ္။ Valve ကလည္း အစအဆုံး အလုပ္လုပ္သြားပါတယ္။ Temperature Set value ေျပာင္းတဲ့အတိုင္း current value ကို မွန္မွန္ကန္ကန္ control လုပ္ႏိုင္ သြားပါၿပီ။
ေျပာရယင္ေတာ့ wire တစ္စမွ မကိုင္လိုက္ရတဲ့ control အလုပ္တစ္ခုေပါ့ဗ်ာ။

[Unicode]

Car carrier တစ်စီးရဲ့ME Jacket Cooling Water Temperature Controller အလုပ်မလုပ်လို့ သွားကြည့်ခဲ့ရပါတယ်။ Nakakita အမျိုးအစား controller ပါ။ ဒီ controller က electrical နဲ့ pneumatic ရောပြီးတည်ဆောက်ထားတာပါ။ သဘောင်္ပေါ်ရောက်တော့ စက်-၂ က ရှင်းပြပါတယ်။ Auto ထားယင် Set temperature မှာ မရဘူးပြောပါတယ်။ ဒီတော့ manually valve ကို ဖွင့်၊ပိတ်လုပ်ပြီး လိုချင်တဲ့ temperature အနီးဆုံးရအောင် လုပ်ပေးရတယ်ဆိုပါတယ်။ သူပြောတာက controller ထဲက တစ်ခုခုဖြစ်နေတယ်လို့ ထင်တယ်တဲ့။  Controller ထဲက pneumatic relay unit ကို အသစ်လဲပြီးတာတောင် မကောင်းဘူး ဆိုပါတယ်။ ME နားက Controller ရှိတဲ့နေရာနဲ့ valve ကို လိုက်ပြပါတယ်။ 
ဒီစံနစ်မှာက Jacket cooling water temperature ကို ပုံသေရအောင် ထိန်းထားတာပါ။ Engine run လို့ ပူလာယင် cooling water ကို ပိုဖွင့်ပေးပြီး set point ထက် အပူချိန်ပိုနည်းသွားယင် valve ကို ပြန်ပိတ်ပေးတာပါ။ Circulation pump ကတော့ အမြဲ run နေမှာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ့ Valve က ပွင့်နေပြီး ပိတ်ချင်မှ လေနဲ့ diaphragm အပေါ်ကဖိချပြီး ပိတ်အောင် လုပ်ပေးရတာပါ။ Controller က ပေးလိုက်တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖွင့်၊ပိတ် လုပ်ပေးပါတယ်။ Valve position feedback ကို mechanical arm တစ်ခုနဲ့ link လုပ်ပြီး positioner ကိုပြန်ပေးထားပါတယ်။
ပထမဆုံး controller ကို စစ်ကြည့်ပါတယ်။ Controller မှာ လက်တံ pointer နှစ်ခု ရှိပါတယ်။ အနီရောင်က set value ဖြစ်ပြီး အနက်ရောင်က current value ဖြစ်ပါတယ်။ နောက်ပြီး အောက်ခြေ ညာဘက်မှာ output pressure ပြတဲ့ mechanical gauge display အသေးလေး တစ်ခုရှိပါသေးတယ်။ ဒီ controller ရဲ့ output range က (0.2 - 1) bar ဖြစ်ပါတယ်။လက်ရှိ output value က min ဖြစ်တဲ့ 0.2 bar ပြနေပါတယ်။ Set value နဲ့ current value က ညီနေတာကိုး။ Set value ကို အနီရောင် knob လေးလှည့်ပြီး ပြောင်းပေးတော့ current value နဲ့ ကွာလာတာနဲ့ အမျှ output pressure တစ်ဖြည်းဖြည်းတက်လာပါတယ်။ နောက်ဆုံး max ဖြစ်တဲ့ 1 bar အထိရောက်ပါတယ်။ Controller မှာပါတဲ့ P, I, D တန်ဖိုးတွေကို set လုပ်ထားတဲ့ knob ၃ ခုက တန်ဖိုးတွေကိုကြည့်တော့လည်း manual ထဲက recommended value တွနဲ့ တူပါတယ်။ ခုအနေအထားအရ controller က ကောင်းနေတဲ့ သဘောပါ။ (0.2 - 1) bar output လည်းထွက်နေတာဘဲ။ ဒါဆိုယင် positioner နဲ့ valve assembly ဘက်ကဘဲ ဖြစ်နိုင်တာပေါ့။ အဲဒါနဲ့ valve ဆီကိုသွားကြည့်ပါတယ်။ ဒီ positioner က pneumatic နဲ့ဘဲ လုပ်တာပါ။ Electrical positioner တွေမှာဆိုယင် input က (4-20)mA သုံးပြီး valve အကျဉ်းအကျယ် ဖွင့်ပေးတာပါ။ ဒီမှာတော့ pneumatic control ဆိုတော့ input value က ( 0.2 - 1) bar ဖြစ်ပါတယ်။ အဲဒီ pressure တန်ဖိုးအရ valve ကို အကျဉ်းအကျယ် ဖွင့်ပေးမှာပါ။ ဒီတော့ controller ကထုတ်ပေးလိုက်တဲ့ (0.2 - 1) bar က positioner ဆီရောက်မရောက်ကြည့်ပါတယ်။ Positioner မှာ pressure gauge အသေးလေး ၃ ခုရှိပါတယ်။ ပထမတစ်ခုက input signal pressure ပါ။ နောက်ဆုံးတစ်ခုက Compressed air source ရဲ့ pressure ပါ။ အလယ်တစ်ခုက output pressure တန်ဖိုးပါ။ Controller ကနေ set value ပြောင်းပြီး controller output pressure ကို ကစားကြည့်တော့ positioner ရဲ့ ပထမဆုံး gauge မှာ (0.2 - 1)bar လိုက်ပြောင်းပါတယ်။ ဒါဆို signal pressure လည်း positioner အထိ ရောက်တယ်။ လမ်းမှာ ယိုတာ၊ ပိတ်တာ မရှိဘူးပေါ့။ Valve ကိုကြည့်တော့ သူတို့ manually လှည့်ပြီး ပိတ်ထားတော့ မရွေ့ဘူးပေါ့။ စက်-၂ ကို ပြောပြီး ဖွင့်လိုက်ပါတယ်။ နောက်ပြီး controller ကနေ signal ပေးပြီး ကစားကြည့်တော့ ရွေ့ပါတယ်။ ဒါပေမဲ့ max signal ဖြစ်တဲ့ 1 bar ပေးတော့ fully close မဖြစ်ဘဲ တစ်ဝက်ဘဲပိတ်ပါတယ်။ 0.2 bar မှာတော့ အပြည့် ပွင့်ပါတယ်။ 
Valve ကရွေ့တယ်ဆိုတော့ jam မဖြစ်လောက်ဘူး။ ဘာလို့ တစ်ဝက်ဘဲရွေ့တာလဲ။ Actuator diaphragm မကောင်းတာလား၊ pressure မလုံလောက်လို့လား ကြည့်ရပါမယ်။ Name plate ကိုကြည့်တော့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို့ ရေးထားပါတယ်။ Air supply က 2.6 bar တောင်ရှိတယ် ဆိုတော့ လုံလောက်ပါတယ်။ Name plate က range ကို ယှဉ်ကြည့်တော့ output pressure က input ရဲ့ ၂ ဆရှိရမှာပါ။ ပြန်စမ်းပြီး output pressure gauge ကို ကြည့်ထားတော့ input 0.4 bar မှာ output 0.6 bar လောက်ဘဲရှိပါတယ်။ Max မှာတောင်မှ 1.4 bar လောက်ဘဲ output ထွက်နေတာ တွေ့ရပါတယ်။ တစ်ကယ်ဆို 2 bar ရှိရမှာပါ။ ဒါဆို positioner ပြဿနာပေါ့။ နောက်မှ positioner ထဲက pneumatic lead relay တစ်ခု spare ရှိတာနဲ့ လဲကြည့်တော့ output pressure အပြည့်ထွက်လာပါတယ်။ Valve ကလည်း အစအဆုံး အလုပ်လုပ်သွားပါတယ်။ Temperature Set value ပြောင်းတဲ့အတိုင်း current value ကို မှန်မှန်ကန်ကန် control လုပ်နိုင် သွားပါပြီ။
ပြောရယင်တော့ wire တစ်စမှ မကိုင်လိုက်ရတဲ့ control အလုပ်တစ်ခုပေါ့ဗျာ။

Monday 11 September 2017

Tank Gauging (၅) - High Level Alarm Installation


[Zawgyi]
ဒီသေဘၤာကေတာ့ ေတာ္ေတာ္ေလး ေဟာင္းေနတဲ့ bunker တစ္စီးပါ။ တစ္ကယ္ဆို bunker ေတာင္မလုပ္ေတာ့ဘဲ floating storage အေနနဲ႔ ထားထားတယ္ေျပာပါတယ္။ လက္ရွိ bunker တစ္စီးက အေၾကာင္းတစ္ခုခုေၾကာင့္ သုံးမရလို႔ ဒီတစ္စီးကို ယာယီအစားထိုးဖို႔ လုပ္ရတယ္ဆိုဘဲ။ အဲဒီသေဘၤာ terminal မွာ ဆီသြားျဖည့္ေတာ့ cargo tank ေတြရဲ႕ High Level Alarm System မပါလို႔ inspector က observation remark ေပးလိုက္လို႔ အေရးေပၚဆင္ေပးရမွာပါ။ ဒီ System မၿပီးယင္ terminal မွာ ဆီသြားထည့္လို႔ မရေတာ့ဘူး ဆိုပါတယ္။ 
ဒီေတာ့ float switch installation နဲ႔ cabling / piping အပိုင္းကို mechanical အဖြဲ႕ကို အကူအညီေတာင္းရပါတယ္။ ကၽြန္ေတာ္တို႔က control အပိုင္းကို တာဝန္ယူရတာေပါ့။
သေဘၤာ owner ဘက္ကလည္း ေပသီးေခါက္ၿပီး ေစ်းအသက္သာဆုံးနဲ႔ အ႐ိုးစင္းဆုံး တပ္ေစခ်င္တယ္။ High level မွာ 95% တစ္ခုဘဲတပ္မယ္။ 98% မလိုဘူးတဲ့။ ဒီေတာ့လည္း သူေျပာတဲ့အတိုင္း လုပ္ေပးရတာေပါ့။ ပိုလို႔ေတာင္လြယ္ေသးတယ္။ သေဘၤာေပၚတစ္ေခါက္သြား survey လုပ္ရပါတယ္။ လိုတာေတြ ျပင္ဖို႔ပါ။ 
ဒီစံနစ္က လြယ္ပါတယ္။ Tank ၁၀ ခုက float switch ေတြကေန NC contact ေတြထုတ္လာၿပီး control panel ကို input ေပးပါမယ္။ Level ျမင့္လာလို႔ float ball က တက္လာယင္ reed switch ပြင့္သြားၿပီး open circuit ျဖစ္သြားပါမယ္။ False signal ဟုတ္မဟုတ္ 3-5 sec ေလာက္ ေစာင့္ၿပီး open ဆက္ျဖစ္ေနယင္ output ထုတ္ေပးပါမယ္။ Panel မွာ ဘယ္ tank ကလဲဆိုတာ indicator မီးလုံးနဲ႔ျပပါမယ္။ Buzzer ျမည္မယ္။ Monkey island ေပၚက မီးလုံးနဲ႔ အသံထုတ္ေပးမယ္ေပါ့။ Silence နဲ႔ Acknowledge button ႏွစ္ခုထားေပးမယ္ေပါ့။ 
Super နဲ႔အတူ လိုက္ၾကည့္ၿပီး၊ panel ကို CCR မွာထားမယ့္ေနရာ ဆုံးျဖတ္ပါတယ္။ 220 V AC power ယူဖို႔လည္း ၾကည့္ထားပါတယ္။ ေနာက္ စဥ္းစားစရာတစ္ခုက Monkey island အထိ CCR ကေန ႀကိဳးဆြဲဖို႔ လမ္းေၾကာင္းေတြ ၾကည့္ေတာ့ မလြယ္လွပါဘူး။

လမ္းေၾကာင္းတစ္ေလ်ာက္ ေဖါက္ရထြင္းရ လုပ္ရမွာလည္း အမ်ားႀကီးပါ။ အျမန္ဆုံးနဲ႔ အလြယ္ဆုံးကို စဥ္းစားလိုက္ေတာ့ တစ္ခုသြားေတြ႕တယ္။ Gas alarm ရဲ႕ control ကလည္း CCR မွာရွိၿပီး Monkey island မွာ Siren နဲ႔ Flash light ထုတ္ထားတာေတြ႕ပါတယ္။ အဲဒီ output မွာ tag လုပ္ေပးလိုက္ယင္ေတာ့ အလြယ္ဆုံးေပါ့။ Super ကိုေမးၾကည့္ေတာ့ သေဘာတူတာနဲ႔ အဲဒါနဲ႔တြဲေပးလိုက္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ အမွန္ေတာ့ သီးျခားထားသင့္ပါတယ္။ ဒါမွ Gas alarm နဲ႔ High level alarm ကိုခြဲၿပီး သိႏိုင္တာေပါ့။ Super ရဲ႕ အာေဘာ္အရ လြယ္လြယ္နဲ႔ ျမန္ျမန္ၿပီးဖို႔ ဦးစားေပး လုပ္ခိုင္းပါတယ္။ Inspector က သေဘာမတူမွ ျပန္ေျပာင္းမယ္ေပါ့။ 
ဒီလိုနဲ႔ ျပန္လာခဲ့ၿပီး control panel တစ္ခု လြယ္လြယ္နဲ႔ ေစ်းသက္သာတာ ဆင္ဖို႔ စဥ္းစားၾကည့္ပါတယ္။ PLC နဲ႔လုပ္မလား၊ Relay logic ဘဲဆင္မလား၊ Multipurpose Controller နဲ႔ သုံးမလား၊ Annunciator သုံးမလားေပါ့။ ေနာက္ စဥ္းစားမိသြားတာက Arduino ကို စမ္းၾကည့္ခ်င္မိတယ္။ I/O ကလည္း 5 V DC, low current သုံးထားတာဆိုေတာ့ Hazardous area အတြက္ Zener Barrier ထည့္စရာမလိုေတာ့ဘူး။ အယင္က Arduino ကို ဝယ္ၿပီး bread board နဲ႔ project ေလးေတြဘဲ စမ္းဖူးတာဆိုေတာ့ လက္ေတြ႕ apply လုပ္ၾကည့္ခ်င္တာလည္းပါတယ္။ ေစ်းကေတာ့ အသက္သာဆုံးေပါ့။
Arduino Mega board တစ္ခု၊ relay output ကဒ္တစ္ခု နဲ႔ power supply ဆို အလုပ္ျဖစ္ၿပီေလ။ Arduino program က C-programming ကို အေျခခံထားတာဆိုေတာ့ ေရးရတာလည္း သေဘာက်တယ္။ 
ဒါနဲ႔ program ေလးေရးပါတယ္။ Digital input ၁၂ ခုနဲ႔ Digital out put ၁၁ ခု သုံးၿပီးေရးပါတယ္။ မခက္ဘူး ထင္ရေပမဲ့ တစ္ကယ္ေရးေတာ့ သိပ္ေတာ့ မလြယ္လွပါဘူး။ Tank တစ္ခုမွာ Alarm ရွိယင္ timer ၃ စကၠန္႔ေစာင့္ၿပီး buzzer နဲ႔ siren output ထုတ္ေပးပါတယ္။ Panel ေပၚမွာ သက္ဆိုင္ရာ tank ရဲ႕ lamp ကို blink ျပေပးပါတယ္။ Silence ခလုတ္ ႏွိပ္ယင္ အသံရပ္ပါမယ္။ Indicator lamp ကဆက္ၿပီး blink ျဖစ္ေနဦးမွာပါ။ Acknowledge ခလုတ္နွိပ္မွ lamp က blink မျဖစ္ေတာ့ေပမဲ့ ဆက္လင္းေနဦးမွာပါ။ Level က်သြားမွ Ack ႏွိပ္ၿပီးသားဆိုယင္ မီးၿငိမ္းသြားရမွာပါ။ Tank တစ္ခု alarm လာၿပီးလို႔ Buzzer off ၿပီးတဲ့ အခ်ိန္၊ ေနာက္ tank တစ္ခုခုက alarm လာယင္ ျပန္ျမည္ရပါမယ္။ Alarm အသစ္ ရဲ႕ indicator lamp ကိုဘဲ blink လုပ္ေပးရမွာပါ။ ေရးယင္း စမ္းယင္း program bug မရွိေအာင္ အမ်ဳိးမ်ဳိး စမ္းၾကည့္ရပါတယ္။ 
ေနာက္ၿပီးမွ control panel ခပ္ငယ္ငယ္တစ္လုံးမွာ လိုတာအကုန္ဆင္ၿပီး ထပ္စမ္းၾကည့္ပါတယ္။ ေသခ်ာေတာ့မွ သေဘၤာေပၚသြားဆင္ေပးပါတယ္။ Float ေတြကို တစ္ခုၿပီးတစ္ခု ဆြဲတင္ စမ္းသပ္ၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ ေနာက္ Terminal က inspector ကို စမ္းျပေတာ့ လက္ခံတာမို႔ ဘာမွမေျပာင္းေတာ့ပါဘူး။
တစ္ႏွစ္ေလာက္အၾကာ panel မွာတပ္ထားတဲ့ buzzer ေလးအသံတိုးလို႔ ျပန္လဲေပးခဲ့ပါတယ္။ က်န္တဲ့ function ေတြအကုန္ ေကာင္းေကာင္း မြန္မြန္နဲ႔ အလုပ္လုပ္ေနဆဲပါဘဲ။

တစ္ကယ္လို႔ အခ်ိန္ရယင္ေတာ့ နည္းနည္းပိုေကာင္းတာလုပ္ေပးလို႔ရပါတယ္။ Tank ေတြဆီက float ball contact ေတြကို Digital input အစား Analog input အေနနဲ႔ ယူၿပီး voltage level ၄ ခု ယူပါမယ္။ Float switch အေျခမွာ series နဲ႔ parallel resistor တစ္ခုစီထည့္ေပးလိုက္ယင္ wire broken / short ကိုပါ detect လုပ္ႏိုင္ပါမယ္။ ဘာမွ ပို မကုန္က်ဘဲ robust ျဖစ္တဲ့ system တစ္ခုဖန္တီးႏိုင္တာေပါ့။ 

[Unicode]

ဒီသင်္ဘောကတော့ တော်တော်လေး ဟောင်းနေတဲ့ bunker တစ်စီးပါ။ တစ်ကယ်ဆို bunker တောင်မလုပ်တော့ဘဲ floating storage အနေနဲ့ ထားထားတယ်ပြောပါတယ်။ လက်ရှိ bunker တစ်စီးက အကြောင်းတစ်ခုခုကြောင့် သုံးမရလို့ ဒီတစ်စီးကို ယာယီအစားထိုးဖို့ လုပ်ရတယ်ဆိုဘဲ။ အဲဒီသင်္ဘော terminal မှာ ဆီသွားဖြည့်တော့ cargo tank တွေရဲ့ High Level Alarm System မပါလို့ inspector က observation remark ပေးလိုက်လို့ အရေးပေါ်ဆင်ပေးရမှာပါ။ ဒီ System မပြီးယင် terminal မှာ ဆီသွားထည့်လို့ မရတော့ဘူး ဆိုပါတယ်။ 
ဒီတော့ float switch installation နဲ့ cabling / piping အပိုင်းကို mechanical အဖွဲ့ကို အကူအညီတောင်းရပါတယ်။ ကျွန်တော်တို့က control အပိုင်းကို တာဝန်ယူရတာပေါ့။ သင်္ဘော owner ဘက်ကလည်း ပေသီးခေါက်ပြီး စျေးအသက်သာဆုံးနဲ့ အရိုးစင်းဆုံး တပ်စေချင်တယ်။ High level မှာ 95% တစ်ခုဘဲတပ်မယ်။ 98% မလိုဘူးတဲ့။ ဒီတော့လည်း သူပြောတဲ့အတိုင်း လုပ်ပေးရတာပေါ့။ ပိုလို့တောင်လွယ်သေးတယ်။ သင်္ဘောပေါ်တစ်ခေါက်သွား survey လုပ်ရပါတယ်။ လိုတာတွေ ပြင်ဖို့ပါ။ 
ဒီစံနစ်က လွယ်ပါတယ်။ Tank ၁၀ ခုက float switch တွေကနေ NC contact တွေထုတ်လာပြီး control panel ကို input ပေးပါမယ်။ Level မြင့်လာလို့ float ball က တက်လာယင် reed switch ပွင့်သွားပြီး open circuit ဖြစ်သွားပါမယ်။ False signal ဟုတ်မဟုတ် 3-5 sec လောက် စောင့်ပြီး open ဆက်ဖြစ်နေယင် output ထုတ်ပေးပါမယ်။ Panel မှာ ဘယ် tank ကလဲဆိုတာ indicator မီးလုံးနဲ့ပြပါမယ်။ Buzzer မြည်မယ်။ Monkey island ပေါ်က မီးလုံးနဲ့ အသံထုတ်ပေးမယ်ပေါ့။ Silence နဲ့ Acknowledge button နှစ်ခုထားပေးမယ်ပေါ့။ 
Super နဲ့အတူ လိုက်ကြည့်ပြီး၊ panel ကို CCR မှာထားမယ့်နေရာ ဆုံးဖြတ်ပါတယ်။ 220 V AC power ယူဖို့လည်း ကြည့်ထားပါတယ်။ နောက် စဉ်းစားစရာတစ်ခုက Monkey island အထိ CCR ကနေ ကြိုးဆွဲဖို့ လမ်းကြောင်းတွေ ကြည့်တော့ မလွယ်လှပါဘူး။ လမ်းကြောင်းတစ်လျောက် ဖေါက်ရထွင်းရ လုပ်ရမှာလည်း အများကြီးပါ။ အမြန်ဆုံးနဲ့ အလွယ်ဆုံးကို စဉ်းစားလိုက်တော့ တစ်ခုသွားတွေ့တယ်။ Gas alarm ရဲ့ control ကလည်း CCR မှာရှိပြီး Monkey island မှာ Siren နဲ့ Flash light ထုတ်ထားတာတွေ့ပါတယ်။ အဲဒီ output မှာ tag လုပ်ပေးလိုက်ယင်တော့ အလွယ်ဆုံးပေါ့။ Super ကိုမေးကြည့်တော့ သဘောတူတာနဲ့ အဲဒါနဲ့တွဲပေးလိုက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ အမှန်တော့ သီးခြားထားသင့်ပါတယ်။ ဒါမှ Gas alarm နဲ့ High level alarm ကိုခွဲပြီး သိနိုင်တာပေါ့။ Super ရဲ့ အာဘော်အရ လွယ်လွယ်နဲ့ မြန်မြန်ပြီးဖို့ ဦးစားပေး လုပ်ခိုင်းပါတယ်။ Inspector က သဘောမတူမှ ပြန်ပြောင်းမယ်ပေါ့။ 
ဒီလိုနဲ့ ပြန်လာခဲ့ပြီး control panel တစ်ခု လွယ်လွယ်နဲ့ စျေးသက်သာတာ ဆင်ဖို့ စဉ်းစားကြည့်ပါတယ်။ PLC နဲ့လုပ်မလား၊ Relay logic ဘဲဆင်မလား၊ Multipurpose Controller နဲ့ သုံးမလား၊ Annunciator သုံးမလားပေါ့။ နောက် စဉ်းစားမိသွားတာက Arduino ကို စမ်းကြည့်ချင်မိတယ်။ I/O ကလည်း 5 V DC, low current သုံးထားတာဆိုတော့ Hazardous area အတွက် Zener Barrier ထည့်စရာမလိုတော့ဘူး။ အယင်က Arduino ကို ဝယ်ပြီး bread board နဲ့ project လေးတွေဘဲ စမ်းဖူးတာဆိုတော့ လက်တွေ့ apply လုပ်ကြည့်ချင်တာလည်းပါတယ်။ စျေးကတော့ အသက်သာဆုံးပေါ့။ Arduino Mega board တစ်ခု၊ relay output ကဒ်တစ်ခု နဲ့ power supply ဆို အလုပ်ဖြစ်ပြီလေ။ Arduino program က C-programming ကို အခြေခံထားတာဆိုတော့ ရေးရတာလည်း သဘောကျတယ်။ 
ဒါနဲ့ program လေးရေးပါတယ်။ Digital input ၁၂ ခုနဲ့ Digital out put ၁၁ ခု သုံးပြီးရေးပါတယ်။ မခက်ဘူး ထင်ရပေမဲ့ တစ်ကယ်ရေးတော့ သိပ်တော့ မလွယ်လှပါဘူး။ Tank တစ်ခုမှာ Alarm ရှိယင် timer ၃ စက္ကန့်စောင့်ပြီး buzzer နဲ့ siren output ထုတ်ပေးပါတယ်။ Panel ပေါ်မှာ သက်ဆိုင်ရာ tank ရဲ့ lamp ကို blink ပြပေးပါတယ်။ Silence ခလုတ် နှိပ်ယင် အသံရပ်ပါမယ်။ Indicator lamp ကဆက်ပြီး blink ဖြစ်နေဦးမှာပါ။ Acknowledge ခလုတ်နှိပ်မှ lamp က blink မဖြစ်တော့ပေမဲ့ ဆက်လင်းနေဦးမှာပါ။ Level ကျသွားမှ Ack နှိပ်ပြီးသားဆိုယင် မီးငြိမ်းသွားရမှာပါ။ Tank တစ်ခု alarm လာပြီးလို့ Buzzer off ပြီးတဲ့ အချိန်၊ နောက် tank တစ်ခုခုက alarm လာယင် ပြန်မြည်ရပါမယ်။ Alarm အသစ် ရဲ့ indicator lamp ကိုဘဲ blink လုပ်ပေးရမှာပါ။ ရေးယင်း စမ်းယင်း program bug မရှိအောင် အမျိုးမျိုး စမ်းကြည့်ရပါတယ်။ 
နောက်ပြီးမှ control panel ခပ်ငယ်ငယ်တစ်လုံးမှာ လိုတာအကုန်ဆင်ပြီး ထပ်စမ်းကြည့်ပါတယ်။ သေချာတော့မှ သင်္ဘောပေါ်သွားဆင်ပေးပါတယ်။ Float တွေကို တစ်ခုပြီးတစ်ခု ဆွဲတင် စမ်းသပ်ကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ နောက် Terminal က inspector ကို စမ်းပြတော့ လက်ခံတာမို့ ဘာမှမပြောင်းတော့ပါဘူး။
တစ်နှစ်လောက်အကြာ panel မှာတပ်ထားတဲ့ buzzer လေးအသံတိုးလို့ ပြန်လဲပေးခဲ့ပါတယ်။ ကျန်တဲ့ function တွေအကုန် ကောင်းကောင်း မွန်မွန်နဲ့ အလုပ်လုပ်နေဆဲပါဘဲ။

တစ်ကယ်လို့ အချိန်ရယင်တော့ နည်းနည်းပိုကောင်းတာလုပ်ပေးလို့ရပါတယ်။ Tank တွေဆီက float ball contact တွေကို Digital input အစား Analog input အနေနဲ့ ယူပြီး voltage level ၄ ခု ယူပါမယ်။ Float switch အခြေမှာ series နဲ့ parallel resistor တစ်ခုစီထည့်ပေးလိုက်ယင် wire broken / short ကိုပါ detect လုပ်နိုင်ပါမယ်။ ဘာမှ ပို မကုန်ကျဘဲ robust ဖြစ်တဲ့ system တစ်ခုဖန်တီးနိုင်တာပေါ့။ 

Wednesday 6 September 2017

Tank Gauging (၄) - Cargo Tank Level Calibration


[Zawgyi]
Tanker တစ္စီးရဲ႕ Cargo Tank ေတြကို Calibrate လုပ္ေပးရပါတယ္။ Tokyo Keiso ရဲ႕ float type level sensor ေတြပါ။ Cargo tank ၈ ခု နဲ႔ Slop tank ႏွစ္ခု အတြက္ စစ္ၿပီး calibrate လုပ္ေပးရတာပါ။ ထုံးစံအတိုင္း Cargo tank ဆိုေတာ့ Level, Temperature, Vapor pressure သုံးမ်ဳိးလုံး တစ္တြဲထဲ ပါေနပါတယ္။ CCR console မွာ display လည္းျပပါတယ္။ ေနာက္ၿပီး L, H, HH alarm ေတြကို display တန္ဖိုးကေန set point အလိုက္ output ထုတ္ေပးပါတယ္။
 ဒီသေဘၤာမွာ level ကုိ Ullage အေနနဲ႔ တုိင္းတာဆုိေတာ့ level နိမ့္ယင္ တန္ဖုိးျမင့္ပါတယ္။ ၾကံဳလုိ႔ ေျပာရယင္ level တုိင္းတာႏွစ္မ်ဳိးရွိပါတယ္။ Innage နဲ႔ Ullage (Outage) လုိ႔ေခၚပါတယ္။ Innage ဆုိတာက zero ကုိ tank အေျခကစတာပါ။ Liquid Level ျမင့္ယင္ တန္ဖုိးျမင့္တာေပါ့။ Ullage ဆုိတာကေတာ့ zero ကုိ tank ထိပ္ကစတာပါ။ Liquid Level ျမင့္ယင္ တန္ဖုိး နိမ့္ပါတယ္။
Tank တစ္ခုစီရဲ႕ အေပၚမွာ LCD နဲ႔ local display လည္း ျပပါတယ္။ ဒီ system မွာ ထူးျခားတာက Tank top မွာရွိတဲ့ local display နဲ႔ control unit ကို CCR က control panel ရဲ႕ zener barrier မွာ ႀကိဳး ၂ ေခ်ာင္းဘဲဆက္ထားပါတယ္။ တိုင္းၾကည့္ေတာ့ 24VDC ပါ။ တစ္ျခားစံနစ္ အမ်ားစုမွာဆိုယင္ local control အတြက္ 24VDC power supply ႏွစ္ေခ်ာင္းနဲ႔ Serial communication ႀကိဳး ႏွစ္ေခ်ာင္း အနည္းဆုံးႀကိဳး ၄ ေခ်ာင္းေတာ့ သုံးပါတယ္။ ဒီမွာေတာ့ power supply နဲ႔ serial communication ကို တစ္စုံထဲနဲ႔ ရေအာင္ သုံးထားတာပါ။ အဲဒီ တစ္စုံထဲက Level, pressure နဲ႔ temperature ၃ ခု အားလုံးေပါင္း data ၅ ခု ပို႔ေပးပါတယ္။
Local control board ကေနမွ pressure sensor အတြက္ ႀကိဳး ၂ ေခ်ာင္း၊ temperature sensor ၃ ခု အတြက္ ႀကိဳး ၄ ေခ်ာင္း ( 1 common + 3 sensors) နဲ႔ level အတြက္ ႀကိဳး ၃ ေခ်ာင္း ထုတ္ေပးထားပါတယ္။ Control pcb ေပၚမွာ LCD တစ္ခု ရွိၿပီး Selector knob တစ္ခုနဲ႔ လိုခ်င္တဲ့ display ကို ေျပာင္းၾကည့္လို႔ရပါတယ္။
Level sensing အေနနဲ႔ tank top ကေန ေအာက္ေျခအထိ ပိုက္ထဲမွာ reed switch ေတြနဲ႔ resistor series အတန္းလိုက္ ထည့္ထားပါတယ္။ Tank ထဲက liquid level အလိုက္ float ball ေရာက္တဲ့ေနရာမွာ float ball မွာရွိတဲ့ magnet ေၾကာင့္ reed switch က ကပ္သြားတဲ့အတြက္ resistance တန္ဖိုး ေျပာင္းသြားပါမယ္။ အဲဒီ resistance တန္ဖိုးကေန level ကို တြက္ထုတ္တာပါ။ အဲဒီ reed switch အတြဲႀကီးနဲ႔အတူ bottom, middle, top temperature sensor သုံးခုပါ ေပါင္းၿပီး flexible tube ထဲမွာထည့္၊ ၿပီးမွ float ball ရွိတဲ့ သံပိုက္ထဲမွာ ထည့္ထားတာပါ။ Level ဒါမွမဟုတ္ temperature sensor တစ္ခုခု မေကာင္းယင္ flexible tube ႀကီးကို ဆြဲထုတ္ရမွာပါ။ အရမ္း ဂ႐ုစိုက္ရပါတယ္။ အထဲက reed switch ေလးေတြက ဖန္နဲ႔ လုပ္ထားတာဆိုေတာ့ ကြဲလြယ္တာမို႔ flexible tube ကို သိပ္ေကြးလို႔ မရပါဘူး။ 18 m ေလာက္အရွည္ႀကီးကို လူအင္အားသုံးၿပီး ဂ႐ုတစိုက္ ကိုင္တြယ္ရပါတယ္။ တစ္ခ်ဳိ႕ system မွာ reed switch အစား Hall effect sensor ေတြကို သုံးတာလည္း ရွိပါတယ္။
Calibration လုပ္မယ္ဆိုေတာ့ tank ထဲကိုဆင္းၿပီး float ball ကို ႀကိဳးတစ္ခုနဲ႔ ခ်ီရပါတယ္။ ၿပီးမွ အေပၚကေန ဆြဲတင္ရပါတယ္။ ဆြဲလိုက္တဲ့ ႀကိဳးအရွည္ကို တိုင္းၾကည့္ၿပီး 1m, 2m စသျဖင့္ level တန္ဖိုး အတူလိုက္ေျပာင္းသလား စစ္ရပါတယ္။ Local display ကို တစ္ေယာက္ဖတ္ၿပီး၊ CCR ထဲက console မွာရွိတဲ့ display တန္ဖိုးကို တစ္ေယာက္က ၾကည့္ထားေပးရပါတယ္။ တစ္ကယ့္ level တန္ဖိုးနဲ႔ display မတူယင္ control card ေပၚက preset ေတြနဲ႔ ညိႇေပးလို႔ရပါတယ္။ ေနာက္ၿပီး Low level, high level alarm ေတြ CCR မွာထြက္သလား ၾကည့္ရပါတယ္။ အဲဒီလို calibrate လုပ္လိုက္ေတာ့ tank တစ္ခုကလြဲယင္ က်န္တာေတြ အဆင္ေျပသြားပါတယ္။ အဲဒီ tank ရဲ႕ local control card ထည့္တဲ့ enclosure က ေရမလုံေတာ့ ေရဝင္ၿပီး pcb ပ်က္ေနပါတယ္။ အေရးမႀကီးတဲ့ slop tank က card နဲ႔ လဲထည့္ၿပီး calibrate လုပ္ေပးလိုက္ပါတယ္။ Slop tank အတြက္ Pcb ကိုေတာ့ အသစ္မွာဖို႔ ေျပာခဲ့ပါတယ္။ 
က်န္တာေတာ့ ေထြေထြထူးထူး မရွိေတာ့ပါဘူး။

[Unicode]
Tanker တစ်စီးရဲ့ Cargo Tank တွေကို Calibrate လုပ်ပေးရပါတယ်။ Tokyo Keiso ရဲ့ float type level sensor တွေပါ။ Cargo tank ၈ ခု နဲ့ Slop tank နှစ်ခု အတွက် စစ်ပြီး calibrate လုပ်ပေးရတာပါ။ ထုံးစံအတိုင်း Cargo tank ဆိုတော့ Level, Temperature, Vapor pressure သုံးမျိုးလုံး တစ်တွဲထဲ ပါနေပါတယ်။ CCR console မှာ display လည်းပြပါတယ်။ နောက်ပြီး L, H, HH alarm တွေကို display တန်ဖိုးကနေ set point အလိုက် output ထုတ်ပေးပါတယ်။ 
ဒီသင်္ဘောမှာ level ကို Ullage အနေနဲ့ တိုင်းတာဆိုတော့ level နိမ့်ယင် တန်ဖိုးမြင့်ပါတယ်။ ကြုံလို့ ပြောရယင် level တိုင်းတာနှစ်မျိုးရှိပါတယ်။ Innage နဲ့ Ullage (Outage) လို့ခေါ်ပါတယ်။ Innage ဆိုတာက zero ကို tank အခြေကစတာပါ။ Liquid Level မြင့်ယင် တန်ဖိုးမြင့်တာပေါ့။ Ullage ဆိုတာကတော့ zero ကို tank ထိပ်ကစတာပါ။ Liquid Level မြင့်ယင် တန်ဖိုး နိမ့်ပါတယ်
Tank တစ်ခုစီရဲ့ အပေါ်မှာ LCD နဲ့ local display လည်း ပြပါတယ်။ ဒီ system မှာ ထူးခြားတာက Tank top မှာရှိတဲ့ local display နဲ့ control unit ကို CCR က control panel ရဲ့ zener barrier မှာ ကြိုး ၂ ချောင်းဘဲဆက်ထားပါတယ်။ တိုင်းကြည့်တော့ 24VDC ပါ။ တစ်ခြားစံနစ် အများစုမှာဆိုယင် local control အတွက် 24VDC power supply နှစ်ချောင်းနဲ့ Serial communication ကြိုး နှစ်ချောင်း အနည်းဆုံးကြိုး ၄ ချောင်းတော့ သုံးပါတယ်။ ဒီမှာတော့ power supply နဲ့ serial communication ကို တစ်စုံထဲနဲ့ ရအောင် သုံးထားတာပါ။ အဲဒီ တစ်စုံထဲက Level, pressure နဲ့ temperature ၃ ခု အားလုံးပေါင်း data ၅ ခု ပို့ပေးပါတယ်။ 
Local control board ကနေမှ pressure sensor အတွက် ကြိုး ၂ ချောင်း၊ temperature sensor ၃ ခု အတွက် ကြိုး ၄ ချောင်း ( 1 common + 3 sensors) နဲ့ level အတွက် ကြိုး ၃ ချောင်း ထုတ်ပေးထားပါတယ်။ Control pcb ပေါ်မှာ LCD တစ်ခု ရှိပြီး Selector knob တစ်ခုနဲ့ လိုချင်တဲ့ display ကို ပြောင်းကြည့်လို့ရပါတယ်။
Level sensing အနေနဲ့ tank top ကနေ အောက်ခြေအထိ ပိုက်ထဲမှာ reed switch တွေနဲ့ resistor series အတန်းလိုက် ထည့်ထားပါတယ်။ Tank ထဲက liquid level အလိုက် float ball ရောက်တဲ့နေရာမှာ float ball မှာရှိတဲ့ magnet ကြောင့် reed switch က ကပ်သွားတဲ့အတွက် resistance တန်ဖိုး ပြောင်းသွားပါမယ်။ အဲဒီ resistance တန်ဖိုးကနေ level ကို တွက်ထုတ်တာပါ။ အဲဒီ reed switch အတွဲကြီးနဲ့အတူ bottom, middle, top temperature sensor သုံးခုပါ ပေါင်းပြီး flexible tube ထဲမှာထည့်၊ ပြီးမှ float ball ရှိတဲ့ သံပိုက်ထဲမှာ ထည့်ထားတာပါ။ Level ဒါမှမဟုတ် temperature sensor တစ်ခုခု မကောင်းယင် flexible tube ကြီးကို ဆွဲထုတ်ရမှာပါ။ အရမ်း ဂရုစိုက်ရပါတယ်။ အထဲက reed switch လေးတွေက ဖန်နဲ့ လုပ်ထားတာဆိုတော့ ကွဲလွယ်တာမို့ flexible tube ကို သိပ်ကွေးလို့ မရပါဘူး။ 18 m လောက်အရှည်ကြီးကို လူအင်အားသုံးပြီး ဂရုတစိုက် ကိုင်တွယ်ရပါတယ်။ တစ်ချို့ system မှာ reed switch အစား Hall effect sensor တွေကို သုံးတာလည်း ရှိပါတယ်။
Calibration လုပ်မယ်ဆိုတော့ tank ထဲကိုဆင်းပြီး float ball ကို ကြိုးတစ်ခုနဲ့ ချီရပါတယ်။ ပြီးမှ အပေါ်ကနေ ဆွဲတင်ရပါတယ်။ ဆွဲလိုက်တဲ့ ကြိုးအရှည်ကို တိုင်းကြည့်ပြီး 1m, 2m စသဖြင့် level တန်ဖိုး အတူလိုက်ပြောင်းသလား စစ်ရပါတယ်။ Local display ကို တစ်ယောက်ဖတ်ပြီး၊ CCR ထဲက console မှာရှိတဲ့ display တန်ဖိုးကို တစ်ယောက်က ကြည့်ထားပေးရပါတယ်။ တစ်ကယ့် level တန်ဖိုးနဲ့ display မတူယင် control card ပေါ်က preset တွေနဲ့ ညှိပေးလို့ရပါတယ်။ နောက်ပြီး Low level, high level alarm တွေ CCR မှာထွက်သလား ကြည့်ရပါတယ်။ အဲဒီလို calibrate လုပ်လိုက်တော့ tank တစ်ခုကလွဲယင် ကျန်တာတွေ အဆင်ပြေသွားပါတယ်။ အဲဒီ tank ရဲ့ local control card ထည့်တဲ့ enclosure က ရေမလုံတော့ ရေဝင်ပြီး pcb ပျက်နေပါတယ်။ အရေးမကြီးတဲ့ slop tank က card နဲ့ လဲထည့်ပြီး calibrate လုပ်ပေးလိုက်ပါတယ်။ Slop tank အတွက် Pcb ကိုတော့ အသစ်မှာဖို့ ပြောခဲ့ပါတယ်။ 
ကျန်တာတော့ ထွေထွေထူးထူး မရှိတော့ပါဘူး။

Saturday 2 September 2017

Tank Gauging (၃) - Water Ballast Tank Calibration


[zawgyi]
Tanker တစ္စီး Dock ဝင္ေနတုန္းမွာ Water Ballast Tank calibration လုပ္ေပးရပါတယ္။ System က LevelDative LD 100S ပါ။ Bubbler နည္းကို သုံးထားပါတယ္။

Bubbler ဆိုတာ level ကို ေလပူေပါင္းထုတ္ၿပီးတိုင္းတဲ့ နည္းပါ။ Tank ထဲကို ပိုက္ေသးေသး တစ္ခု စိုက္ထားၿပီး pressure နည္းနည္းနဲ႔ ေလမႈတ္သြင္းထားပါတယ္။ ေရထဲမွာ ေလပူေပါင္းေလးေတြ ထြက္ေနတာေပါ့။ ပူေပါင္းမနည္းလြန္း မမ်ားလြန္းေအာင္ ခ်ိန္ေပးရပါတယ္။ အဲဒီ ေလကို constant flow ျဖစ္ေအာင္ regulate လုပ္ထားၿပီး pressure ကိုတိုင္းထားပါတယ္။ ေရ level ျမင့္ယင္ ဖိအားပိုမ်ားေတာ့ Pressure ပိုတက္ပါတယ္။ ေရတိမ္ယင္ေတာ့ pressure က်တာေပါ့။ အဲဒီ pressure အနည္းအမ်ားကို level တန္ဖိုး အျဖစ္ေျပာင္းၿပီး တြက္ထုတ္ေပးတာပါ။
ဒီသေဘၤာမွာ WB tank ၁၃ ခုနဲ႔ draft sensor ၄ ခု စုစုေပါင္း Level ၁၇ ခုရွိပါတယ္။ LD100S controller တစ္ခုက အမ်ားဆုံး level ၁၀ ခုကို တိုင္းႏိုင္ပါတယ္။ ဒီေတာ့ controller ႏွစ္ခုသုံးထားပါတယ္။
 
ဒီေနရာမွာ ၾကဳံလို႔ draft sensor ေတြရဲ႕ အသုံးကိုေျပာျပခ်င္ပါတယ္။ Draft sensor ေတြကို သေဘၤာရဲ႕ ေရွ႕ဖ်ား၊ ေနာက္ဖ်ား၊ အလယ္မွာ ဘယ္၊ညာ အားလုံး ၄ ေနရာမွာရွိပါတယ္။ Sea chest (သို႔) valve တစ္ခုကိုျဖတ္ၿပီး အျပင္ ေရထဲကို ဆက္ထားပါတယ္။ အဲဒီကေန ေရစူး (draft) တန္ဖိုး တစ္ခုစီ ရပါမယ္။ ေရွ႕နဲ႔ေနာက္ တန္ဖိုး ကြာျခားခ်က္ကို trim, ဘယ္ညာတန္ဖိုး ျခားနားခ်က္က list ဆိုၿပီး inclination တြက္ေပးတာပါ။
ဒီသေဘၤာမွာေတာ့ CCR ကေန controller က centralize ထိန္းခ်ဳပ္ၿပီး CCR နဲ႔ tank ေအာက္ေျခထိ ေလပိုက္တစ္ေခ်ာင္းဘဲ ဆက္ထားတာပါ။ တစ္ခ်ဳိ႕ စံနစ္ေတြမွာေတာ့ tank top ေတြ မွာ sensing unit တစ္ခုစီထားတာမ်ဳိး ရွိပါတယ္။ Calibration စမယ္ဆိုေတာ့ အယင္ဆုံး ပိုက္မွာ ပိတ္တာဆို႔တာေတြ မရွိေအာင္ purge လုပ္ေပးရပါတယ္။ ေလအားျပင္းျပင္းနဲ႔ မႈတ္ထုတ္တာေပါ့။ Tank ေတြအားလုံးမွာ ေရမရွိေတာ့မွ ေအာက္ကိုဆင္း၊ ပိုက္ေပ်ာ့တစ္ခုနဲ႔ ေလပိုက္ေအာက္ေျခမွာ hose clip ေလးသုံးၿပီး ေလလုံေအာင္ ဆက္ပါတယ္။ ၿပီးမွ ပိုက္ေပ်ာ့ကို ေရျဖည့္ပါတယ္။ ေနာက္ ေလပူေပါင္း အနည္း အမ်ားၾကည့္ၿပီး controller က သက္ဆိုင္တဲ့ channel ကို flow rate ညႇိေပးရပါတယ္။ ၿပီးမွ ပိုက္ေပ်ာ့ကို အနိမ့္အျမင့္ ေျပာင္းၿပီး level တိုင္းၾကည့္ထားရပါတယ္။ 0.5 m, 1m, 1.5m, 2m အစရွိသျဖင့္ တိုင္းရပါတယ္။ တစ္ကယ့္ level နဲ႔ CCR က display level ညီမညီ စစ္ရပါတယ္။ မညီယင္ flow rate ကို ေျပာင္းၿပီး ညႇိယူရပါတယ္။
အဲဒီလိုစစ္ေတာ့ tank တစ္ခုမွာ level အတက္အက် မျပပါဘူး။ ေအာက္ကလူကို ပူေပါင္း ထြက္လားေမးေတာ့၊ မထြက္ဘူးေျပာပါတယ္။ flow rate နည္းနည္းထပ္တင္ေတာ့ display မွာ level တက္လာတယ္။ ေအာက္မွာ ပူေပါင္းက မထြက္ေသးဘူး။ ဒါဆို ပိုက္ပိတ္ေနတာေပါ့။ ပိုက္ေပ်ာ့ကို ျဖဳတ္ၿပီး စစ္ၾကည့္ေတာ့ ေလပိုက္ ေအာက္ေျခမွာ ရႊံ႕ပိတ္ေနတာေတြ႕တယ္။ ရွင္းလိုက္ေတာ့ အဆင္ေျပသြားပါတယ္။ Fore draft line မွာ သံေခ်းနဲ႔ စားၿပီးေပါက္ေနတာေတြ႕လို႔ ပိုက္ျဖတ္ၿပီး လဲခိုင္းရပါတယ္။ 
Tank ႏွစ္ခုမွာေတာ့ flow rate ေတာ္ေတာ္ေလး ျမႇင့္ေပးမွ ပူေပါင္းထြက္ပါတယ္။ level လည္း မမွန္ဘူး။ တစ္ေနရာမွာ ပိုက္ေပါက္ေနလို႔ပါ။ Purging မွာထားၿပီး အေပါက္ရွာရပါတယ္။ ေလသံနားေထာင္ၿပီး ရွာေတာ့ tank ထိပ္နားေလးက ၾကားရတယ္။ ဘယ္ေနရာမွန္း မသိဘူး။ ေနာက္ေတာ့ ဆပ္ျပာျမဳႇပ္နဲ႔ ရွာေတာ့မွ elbow joint က အက္ေနတာေတြ႕ရတယ္။ လဲေပးလိုက္ေတာ့ အဆင္ေျပသြားပါတယ္။ 
Draft level ေတြကိုေတာ့ သေဘၤာ ေရခ်ေတာ့မွ စစ္ၾကည့္ရပါတယ္။ ဘာဘဲျဖစ္ျဖစ္ ေနာက္ဆုံးေတာ့ အားလုံးအဆင္ေျပသြားပါတယ္ေပါ့။

[unicode]

Tanker တစ်စီး Dock ဝင်နေတုန်းမှာ Water Ballast Tank calibration လုပ်ပေးရပါတယ်။ System က LevelDative LD 100S ပါ။ Bubbler နည်းကို သုံးထားပါတယ်။
Bubbler ဆိုတာ level ကို လေပူပေါင်းထုတ်ပြီးတိုင်းတဲ့ နည်းပါ။ Tank ထဲကို ပိုက်သေးသေး တစ်ခု စိုက်ထားပြီး pressure နည်းနည်းနဲ့ လေမှုတ်သွင်းထားပါတယ်။ ရေထဲမှာ လေပူပေါင်းလေးတွေ ထွက်နေတာပေါ့။ ပူပေါင်းမနည်းလွန်း မများလွန်းအောင် ချိန်ပေးရပါတယ်။ အဲဒီ လေကို constant flow ဖြစ်အောင် regulate လုပ်ထားပြီး pressure ကိုတိုင်းထားပါတယ်။ ရေ level မြင့်ယင် ဖိအားပိုများတော့ Pressure ပိုတက်ပါတယ်။ ရေတိမ်ယင်တော့ pressure ကျတာပေါ့။ အဲဒီ pressure အနည်းအများကို level တန်ဖိုး အဖြစ်ပြောင်းပြီး တွက်ထုတ်ပေးတာပါ။
ဒီသင်္ဘောမှာ WB tank ၁၃ ခုနဲ့ draft sensor ၄ ခု စုစုပေါင်း Level ၁ရ ခုရှိပါတယ်။ LD100S controller တစ်ခုက အများဆုံး level ၁၀ ခုကို တိုင်းနိုင်ပါတယ်။ ဒီတော့ controller နှစ်ခုသုံးထားပါတယ်။ ဒီနေရာမှာ ကြုံလို့ draft sensor တွေရဲ့ အသုံးကိုပြောပြချင်ပါတယ်။ Draft sensor တွေကို သင်္ဘောရဲ့ ရှေ့ဖျား၊ နောက်ဖျား၊ အလယ်မှာ ဘယ်၊ညာ အားလုံး ၄ နေရာမှာရှိပါတယ်။ Sea chest (သို့) valve တစ်ခုကိုဖြတ်ပြီး အပြင် ရေထဲကို ဆက်ထားပါတယ်။ အဲဒီကနေ ရေစူး (draft) တန်ဖိုး တစ်ခုစီ ရပါမယ်။ ရှေ့နဲ့နောက် တန်ဖိုး ကွာခြားချက်ကို trim, ဘယ်ညာတန်ဖိုး ခြားနားချက်က list ဆိုပြီး inclination တွက်ပေးတာပါ။
ဒီသင်္ဘောမှာတော့ CCR ကနေ controller က centralize ထိန်းချုပ်ပြီး CCR နဲ့ tank အောက်ခြေထိ လေပိုက်တစ်ချောင်းဘဲ ဆက်ထားတာပါ။ တစ်ချို့ စံနစ်တွေမှာတော့ tank top တွေ မှာ sensing unit တစ်ခုစီထားတာမျိုး ရှိပါတယ်။ Calibration စမယ်ဆိုတော့ အယင်ဆုံး ပိုက်မှာ ပိတ်တာဆို့တာတွေ မရှိအောင် purge လုပ်ပေးရပါတယ်။ လေအားပြင်းပြင်းနဲ့ မှုတ်ထုတ်တာပေါ့။ Tank တွေအားလုံးမှာ ရေမရှိတော့မှ အောက်ကိုဆင်း၊ ပိုက်ပျော့တစ်ခုနဲ့ လေပိုက်အောက်ခြေမှာ hose clip လေးသုံးပြီး လေလုံအောင် ဆက်ပါတယ်။ ပြီးမှ ပိုက်ပျော့ကို ရေဖြည့်ပါတယ်။ နောက် လေပူပေါင်း အနည်း အများကြည့်ပြီး controller က သက်ဆိုင်တဲ့ channel ကို flow rate ညှိပေးရပါတယ်။ ပြီးမှ ပိုက်ပျော့ကို အနိမ့်အမြင့် ပြောင်းပြီး level တိုင်းကြည့်ထားရပါတယ်။ 0.5 m, 1m, 1.5m, 2m အစရှိသဖြင့် တိုင်းရပါတယ်။ တစ်ကယ့် level နဲ့ CCR က display level ညီမညီ စစ်ရပါတယ်။ မညီယင် flow rate ကို ပြောင်းပြီး ညှိယူရပါတယ်။
အဲဒီလိုစစ်တော့ tank တစ်ခုမှာ level အတက်အကျ မပြပါဘူး။ အောက်ကလူကို ပူပေါင်း ထွက်လားမေးတော့၊ မထွက်ဘူးပြောပါတယ်။ flow rate နည်းနည်းထပ်တင်တော့ display မှာ level တက်လာတယ်။ အောက်မှာ ပူပေါင်းက မထွက်သေးဘူး။ ဒါဆို ပိုက်ပိတ်နေတာပေါ့။ ပိုက်ပျော့ကို ဖြုတ်ပြီး စစ်ကြည့်တော့ လေပိုက် အောက်ခြေမှာ ရွှံ့ပိတ်နေတာတွေ့တယ်။ ရှင်းလိုက်တော့ အဆင်ပြေသွားပါတယ်။ Fore draft line မှာ သံချေးနဲ့ စားပြီးပေါက်နေတာတွေ့လို့ ပိုက်ဖြတ်ပြီး လဲခိုင်းရပါတယ်။ 
Tank နှစ်ခုမှာတော့ flow rate တော်တော်လေး မြှင့်ပေးမှ ပူပေါင်းထွက်ပါတယ်။ level လည်း မမှန်ဘူး။ တစ်နေရာမှာ ပိုက်ပေါက်နေလို့ပါ။ Purging မှာထားပြီး အပေါက်ရှာရပါတယ်။ လေသံနားထောင်ပြီး ရှာတော့ tank ထိပ်နားလေးက ကြားရတယ်။ ဘယ်နေရာမှန်း မသိဘူး။ နောက်တော့ ဆပ်ပြာမြုှပ်နဲ့ ရှာတော့မှ elbow joint က အက်နေတာတွေ့ရတယ်။ လဲပေးလိုက်တော့ အဆင်ပြေသွားပါတယ်။ 
Draft level တွေကိုတော့ သင်္ဘော ရေချတော့မှ စစ်ကြည့်ရပါတယ်။ ဘာဘဲဖြစ်ဖြစ် နောက်ဆုံးတော့ အားလုံးအဆင်ပြေသွားပါတယ်ပေါ့။