Thursday, 25 January 2018

Winch (3) - Cannot Operate


[Zawgyi]
တစ္ခါတေလ မသိတဲ့သူကို ရွင္းျပရတာ ခက္ပါတယ္။ ကိုယ့္ရပ္တည္ခ်က္ကို ဦးစားေပးရမလား customer first ဆိုတာေနာက္ လိုက္ရမလား ဆုံးျဖတ္ရ ခပ္ခက္ခက္။
ျပႆနာက Mooring Winch အလုပ္မလုပ္ဘူး ေျပာပါတယ္။ Port နဲ႔ Stbd winch ႏွစ္စုံမွာ Stbd ဘက္က တစ္ခုက မေကာင္းတာပါ။ 
စက္ခ်ဳပ္အပါအဝင္ Crew အမ်ားစုက အင္ဒို ေတြပါ။ ေနာက္ၿပီး ဓာတ္ႀကိဳးလည္း မရွိဘူး။ ေမးၾကည့္ေတာ့ Control ကေန Command ေပးတာ အဆင့္ ၃ ခုလုံးမွာ ဘယ္အဆင့္မွ မရဘူးေျပာပါတယ္။ Forward/ Reverse ဘယ္ဘက္မွ မရပါဘူးတဲ့။ သြားၾကည့္ေတာ့ Main Deck ေပၚမွာ Control lever နဲ႔ ေအာက္ဘက္ အခန္းမွာ Control panel ရွိပါတယ္။

Drawing ေတာင္းေတာ့ ေဟာင္းႏြမ္း ေဆြးေျမ႕ၿပီး ေခါက္႐ိုးကေန ျပတ္လုလု ျဖစ္ေနတဲ့ ရတနာ ေျမပုံေလး ထုတ္လာေပးပါတယ္။ အဲဒီစာရြက္ကို copy ကူးခိုင္းၿပီး ယူခဲ့ပါတယ္။
Panel ေရာက္ေတာ့ ထုံးစံအတိုင္း အဝင္ power, Control power, fuse အဲဒါေတြတိုင္းၾကည့္ပါတယ္။ Drawing အရ Motor က 9 pin double winding type ပါ။ Simple Star-delta ကို Timer နဲ႔ သြားတာမ်ဳိး မဟုတ္ပါဘူး။ Step 1 မွာ Y (star), Step 2 မွာ Y-Y ( parallel star), Step 3 မွာ Delta လို႔ျပထားပါတယ္။ Main MC ၂ ခု ျဖစ္တဲ့ KM1 နဲ႔ KM2 က forward / reverse ေျပာင္းတာပါ။ KM 7 က Brake coil အတြက္ျဖစ္ၿပီး KM 3 - KM6 က Star-Delta Logic ေတြ လုပ္ေပးတာပါ။ Motor ဆီကို ႀကိဳး ၉ ေခ်ာင္း ဝင္သြားတာျပၿပီး internal connection မျပထားပါဘူး။
ပထမ Control ပိုင္းကို စစ္ၾကည့္ခ်င္တာနဲ႔ တစ္ေယာက္ကို အေပၚက ေမာင္းခိုင္းပါတယ္။ Walkie Talkie နဲ႔ ဆက္သြယ္ၿပီး ေအာက္ဘက္က panel မွာ ေစာင့္ၾကည့္ပါတယ္။ Step 1, 2, 3, (fwd / rev ) လုပ္ၾကည့္ၿပီး MC ေတြ အလုပ္လုပ္တာ ေစာင့္ၾကည့္ပါတယ္။ အေပၚက drum ကေတာ့ ဘယ္ အဆင့္မွာမွ မလည္ဘူး ေျပာပါတယ္။ ပထမ  Brake coil ရဲ႕ MC KM7 ကို သတိထားၾကည့္ေတာ့ အဆင့္တိုင္းမွာ ဆြဲေနပါတယ္။ ျပန္ရပ္ခိုင္းၿပီး Brake coil ကို ohm တိုင္းၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ အေပၚမွာ Mechanical hard brake ကလည္း lock လုပ္မထားပါဘူး။ စက္-၂ ေျပာတာက Drum လည္း jam ျဖစ္မေနဘူး လို႔ဆိုပါတယ္။
ေနာက္တစ္ခါ operate လုပ္ခိုင္းၿပီး step တစ္ခုစီရဲ႕ MC ေတြ မွန္မွန္ကန္ကန္ အလုပ္ လုပ္၊မလုပ္ရယ္ ၾကည့္ပါတယ္။ အဝင္အထြက္ power တိုင္းၾကည့္ပါတယ္။ အဲဒီမွာ Main contactor တစ္ခုျဖစ္တဲ့ KM1 က ကပ္ေနတာ ေတြ႕ရပါတယ္။ Energize position မွာ ျပန္မကြာေတာ့ဘူး။ သူျပန္မကြာေတာ့ အျပန္အလွန္ interlock လုပ္ထားတဲ့ reverse MC KM2 ကလည္း အလုပ္မလုပ္ႏိုင္ေတာ့ဘူးေပါ့။ Power ေတြပိတ္ၿပီး တိုင္းေတာ့ contact သုံးခုမွာ ႏွစ္ခုက အၿမဲထိေနပါတယ္။ တစ္ခုက လြတ္ေနပါတယ္။ က်န္တဲ့ MC ေတြကေတာ့ သူအဆင့္နဲ႔သူ မွန္မွန္ကန္ကန္ လုပ္ေနပါတယ္။
စက္-၂ ကို ေမးၾကည့္ေတာ့ အပိုပစၥည္းမရွိဘူးေျပာပါတယ္။ အေဟာင္း တစ္စုံ ထုတ္လာေပးတာကလည္း Ampere rating နည္းေနပါတယ္။ ေကာင္းမေကာင္းလည္း မေသခ်ာပါဘူး။ အဲဒီအခ်ိန္မွာ တစ္ခု သတိရလိုက္တာက 3 phase motor မွာ 1 phase out ယင္ motor ေလာင္ႏိုင္ပါတယ္။ ဒီေတာ့ Magnetic Contactor မေကာင္းဘူး ေျပာၿပီး လဲတဲ့အခ်ိန္မွ Motor ပါ မေကာင္းတာဆိုယင္ မစစ္ခဲ့မိတဲ့ ကိုယ့္အမွား ျဖစ္ဦးမယ္။ ဒီေတာ့ motor coil ေတြကို တိုင္းၾကည့္ပါတယ္။ Terminal ကေန အယင္တိုင္းၾကည့္ေတာ့ coil ႏွစ္ခုက open ျပေနပါတယ္။ ေသခ်ာေအာင္ motor terminal box  ဖြင့္ၿပီး တိုင္းဖို႔ လုပ္ပါတယ္။ အေရးထဲ မိုးက သည္းသည္းမဲမဲ ရြာေနလို႔ ေစာင့္ရပါေသးတယ္။
မိုးတိတ္ေတာ့ motor terminal box ဖြင့္လိုက္ယင္ဘဲ ေညႇာ္နံ႔က ေထာင္းကနဲ ထြက္လာပါတယ္။ ၾကည့္လိုက္ေတာ့ terminal တစ္ခုက ေလာင္ထားတဲ့အရာ မဲေနပါတယ္။ Coil resistance တိုင္းၾကည့္ေတာ့ ေသခ်ာပါတယ္။ ႏွစ္ကြိဳင္ ေလာင္သြားတာပါ။ ဒီလို 9 pin (သို႔) 12 pin terminal motor ေတြကို double winding motor ေတြလို႔ ေခၚပါတယ္။ ပုံမွန္ 3 phase motor ေတြမွာ coil (winding) ၃ ခုပါယင္ ဒီလို Motor ေတြမွာ coil ေျခာက္ခုပါ ပါတယ္။ 3 phase ႏွစ္စုံေပါ့။ ဒီအေၾကာင္း ကၽြန္ေတာ္ post တစ္ခုမွာ ေရးဖူးပါတယ္။
အခု motor ေလာင္ေနၿပီဆိုေတာ့ ကၽြန္ေတာ္တို႔ ဘာမွ ဆက္မလုပ္ေတာ့ဘဲ report ေရးၿပီး ျပန္ခဲ့ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ စက္ခ်ဳပ္ကို ေျပာျပေတာ့ ေမာ္တာေလာင္တာ မျဖစ္ႏိုင္ဘူး ေျပာပါတယ္။ ကၽြန္ေတာ္တို႔ မလာခင္ MC ကို screw driver နဲ႔ ထိုးၾကည့္ေတာ့ Motor လည္ေသးတယ္တဲ့။ ဒါနဲ႔ ကၽြန္ေတာ္ တတ္ႏိုင္သမွ် ရွင္းျပရပါတယ္။ Double winding ဆိုေတာ့ တစ္စုံ ေလာင္ေနေပမဲ့ က်န္တဲ့ တစ္စုံ ေကာင္းေနေသးယင္ လည္ႏိုင္တဲ့ အေၾကာင္း။ ဒါေပမဲ့ သူ႔ design မွာ ႏွစ္စုံေပါင္းၿပီး Star-delta လည္ပတ္အား ( current / torque ) မတူတာေတြ တြက္ၿပီး ဆင္ထားတာဆိုေတာ့ ျပန္ပတ္ဖို႔ တိုက္တြန္းတဲ့ အေၾကာင္း၊ လက္ေတြ ေလာင္ထားတဲ့ terminal box ကိုျပၿပီး ရွင္းျပခဲ့ပါတယ္။ KM1 လည္း rating မွန္တာ လဲရမယ္။ Motor လည္း ျပန္ပတ္၊ ဒါမွမဟုတ္ အသစ္လဲရမယ္လို႔ report မွာေရးခဲ့ပါတယ္။ စက္ခ်ဳပ္က အင္တင္တင္နဲ႔ လက္မွတ္ထိုးေပးလိုက္ပါတယ္။ ဒါနဲ႔ဘဲ ျပန္ဆင္း လာခဲ့ပါတယ္။
ေနာက္ တစ္ပတ္ေလာက္ၾကာေတာ့ ႐ုုံးကို super က ဖုန္းဆက္လာပါတယ္။ Motor ေလာင္တာ မဟုတ္တဲ့အေၾကာင္း၊ MC လဲၿပီး Winch က သုံးလို႔ ရတဲ့အေၾကာင္း၊ လာျပင္တဲ့ Technician ေတြ ဘယ္ေလာက္ ညံ့ဖ်င္းေၾကာင္း စသျဖင့္ေပါ့။ ဒါနဲ႔ boss ကေမးေတာ့ ေျဖရွင္းခ်က္ေတြ ထုတ္ျပရပါေတာ့တယ္။ Coil ႏွစ္စုံမွာ တစ္စုံ ေလာင္ေတာ့ တစ္ခ်ဳိ႕ Step ေတြမွာ လည္ႏိုင္ပါတယ္။ တစ္ခ်ဳိ႕ Step ေတြမွာ လည္မွာ မဟုတ္တဲ့အေၾကာင္း ေျပာျပရပါတယ္။ Double winding motor ရဲ႕သဘာဝကို ႀကိဳးစား ရွင္းျပရပါတယ္။
တစ္ခါတေလ မသိတဲ့သူကို ရွင္းျပရတာ ခက္ပါတယ္။ ကိုယ့္ရပ္တည္ခ်က္ကို ဦးစားေပးရမလား customer first ဆိုတာေနာက္ လိုက္ၿပီး သူ႔အႀကိဳက္ အကုန္အက် သက္သက္သာသာနဲ႔ လည္ၿပီးေရာ လုပ္ေပးရမလား ဆုံးျဖတ္ရ ခပ္ခက္ခက္။


[Unicode]
တစ်ခါတလေ မသိတဲ့သူကို ရှင်းပြရတာ ခက်ပါတယ်။ ကိုယ့်ရပ်တည်ချက်ကို ဦးစားပေးရမလား customer first ဆိုတာနောက် လိုက်ရမလား ဆုံးဖြတ်ရ ခပ်ခက်ခက်။
ပြဿနာက Mooring Winch အလုပ်မလုပ်ဘူး ပြောပါတယ်။ Port နဲ့ Stbd winch နှစ်စုံမှာ Stbd ဘက်က တစ်ခုက မကောင်းတာပါ။
စက်ချုပ်အပါအဝင် Crew အများစုက အင်ဒို တွေပါ။ နောက်ပြီး ဓာတ်ကြိုးလည်း မရှိဘူး။ မေးကြည့်တော့ Control ကနေ Command ပေးတာ အဆင့် ၃ ခုလုံးမှာ ဘယ်အဆင့်မှ မရဘူးပြောပါတယ်။ Forward/ Reverse ဘယ်ဘက်မှ မရပါဘူးတဲ့။ သွားကြည့်တော့ Main Deck ပေါ်မှာ Control lever နဲ့ အောက်ဘက် အခန်းမှာ Control panel ရှိပါတယ်။ Drawing တောင်းတော့ ဟောင်းနွမ်း ဆွေးမြေ့ပြီး ခေါက်ရိုးကနေ ပြတ်လုလု ဖြစ်နေတဲ့ ရတနာ မြေပုံလေး ထုတ်လာပေးပါတယ်။ အဲဒီစာရွက်ကို copy ကူးခိုင်းပြီး ယူခဲ့ပါတယ်။
Panel ရောက်တော့ ထုံးစံအတိုင်း အဝင် power, Control power, fuse အဲဒါတွေတိုင်းကြည့်ပါတယ်။ Drawing အရ Motor က 9 pin double winding type ပါ။ Simple Star-delta ကို Timer နဲ့ သွားတာမျိုး မဟုတ်ပါဘူး။ Step 1 မှာ Y (star), Step 2 မှာ Y-Y ( parallel star), Step 3 မှာ Delta လို့ပြထားပါတယ်။ Main MC ၂ ခု ဖြစ်တဲ့ KM1 နဲ့ KM2 က forward / reverse ပြောင်းတာပါ။ KM 7 က Brake coil အတွက်ဖြစ်ပြီး KM 3 - KM6 က Star-Delta Logic တွေ လုပ်ပေးတာပါ။ Motor ဆီကို ကြိုး ၉ ချောင်း ဝင်သွားတာပြပြီး internal connection မပြထားပါဘူး။ ပထမ Control ပိုင်းကို စစ်ကြည့်ချင်တာနဲ့ တစ်ယောက်ကို အပေါ်က မောင်းခိုင်းပါတယ်။ Walkie Talkie နဲ့ ဆက်သွယ်ပြီး အောက်ဘက်က panel မှာ စောင့်ကြည့်ပါတယ်။ Step 1, 2, 3, (fwd / rev ) လုပ်ကြည့်ပြီး MC တွေ အလုပ်လုပ်တာ စောင့်ကြည့်ပါတယ်။ အပေါ်က drum ကတော့ ဘယ် အဆင့်မှာမှ မလည်ဘူး ပြောပါတယ်။ ပထမ  Brake coil ရဲ့ MC KM7 ကို သတိထားကြည့်တော့ အဆင့်တိုင်းမှာ ဆွဲနေပါတယ်။ ပြန်ရပ်ခိုင်းပြီး Brake coil ကို ohm တိုင်းကြည့်တော့လည်း ကောင်းနေပါတယ်။ အပေါ်မှာ Mechanical hard brake ကလည်း lock လုပ်မထားပါဘူး။ စက်-၂ ပြောတာက Drum လည်း jam ဖြစ်မနေဘူး လို့ဆိုပါတယ်။
နောက်တစ်ခါ operate လုပ်ခိုင်းပြီး step တစ်ခုစီရဲ့ MC တွေ မှန်မှန်ကန်ကန် အလုပ် လုပ်၊မလုပ်ရယ် ကြည့်ပါတယ်။ အဝင်အထွက် power တိုင်းကြည့်ပါတယ်။ အဲဒီမှာ Main contactor တစ်ခုဖြစ်တဲ့ KM1 က ကပ်နေတာ တွေ့ရပါတယ်။ Energize position မှာ ပြန်မကွာတော့ဘူး။ သူပြန်မကွာတော့ အပြန်အလှန် interlock လုပ်ထားတဲ့ reverse MC KM2 ကလည်း အလုပ်မလုပ်နိုင်တော့ဘူးပေါ့။ Power တွေပိတ်ပြီး တိုင်းတော့ contact သုံးခုမှာ နှစ်ခုက အမြဲထိနေပါတယ်။ တစ်ခုက လွတ်နေပါတယ်။ ကျန်တဲ့ MC တွေကတော့ သူအဆင့်နဲ့သူ မှန်မှန်ကန်ကန် လုပ်နေပါတယ်။
စက်-၂ ကို မေးကြည့်တော့ အပိုပစ္စည်းမရှိဘူးပြောပါတယ်။ အဟောင်း တစ်စုံထုတ်လာပေးတာကလည်း Ampere rating နည်းနေပါတယ်။ ကောင်းမကောင်းလည်း မသေချာပါဘူး။ အဲဒီအချိန်မှာ တစ်ခု သတိရလိုက်တာက 3 phase motor မှာ 1 phase out ယင် motor လောင်နိုင်ပါတယ်။ ဒီတော့ Magnetic Contactor မကောင်းဘူး ပြောပြီး လဲတဲ့အချိန်မှ Motor ပါ မကောင်းတာဆိုယင် မစစ်ခဲ့မိတဲ့ ကိုယ့်အမှား ဖြစ်ဦးမယ်။ ဒီတော့ motor coil တွေကို တိုင်းကြည့်ပါတယ်။ Terminal ကနေ အယင်တိုင်းကြည့်တော့ coil နှစ်ခုက open ပြနေပါတယ်။ သေချာအောင် motor terminal box  ဖွင့်ပြီး တိုင်းဖို့ လုပ်ပါတယ်။ အရေးထဲ မိုးက သည်းသည်းမဲမဲ ရွာနေလို့ စောင့်ရပါသေးတယ်။
မိုးတိတ်တော့ motor terminal box ဖွင့်လိုက်ယင်ဘဲ ညှော်နံ့က ထောင်းကနဲ ထွက်လာပါတယ်။ ကြည့်လိုက်တော့ terminal တစ်ခုက လောင်ထားတဲ့အရာ မဲနေပါတယ်။ Coil resistance တိုင်းကြည့်တော့ သေချာပါတယ်။ နှစ်ကွိုင် လောင်သွားတာပါ။ ဒီလို 9 pin (သို့) 12 pin terminal motor တွေကို double winding motor တွေလို့ ခေါ်ပါတယ်။ ပုံမှန် 3 phase motor တွေမှာ coil (winding) ၃ ခုပါယင် ဒီလို Motor တွေမှာ coil ခြောက်ခုပါ ပါတယ်။ 3 phase နှစ်စုံပေါ့။ ဒီအကြောင်း ကျွန်တော် post တစ်ခုမှာ ရေးဖူးပါတယ်။
အခု motor လောင်နေပြီဆိုတော့ ကျွန်တော်တို့ ဘာမှ ဆက်မလုပ်တော့ဘဲ report ရေးပြီး ပြန်ခဲ့ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ စက်ချုပ်ကို ပြောပြတော့ မော်တာလောင်တာ မဖြစ်နိုင်ဘူး ပြောပါတယ်။ ကျွန်တော်တို့ မလာခင် MC ကို screw driver နဲ့ ထိုးကြည့်တော့ Motor လည်သေးတယ်တဲ့။ ဒါနဲ့ ကျွန်တော် တတ်နိုင်သမျှ ရှင်းပြရပါတယ်။ Double winding ဆိုတော့ တစ်စုံ လောင်နေပေမဲ့ ကျန်တဲ့ တစ်စုံ ကောင်းနေသေးယင် လည်နိုင်တဲ့ အကြောင်း။ ဒါပေမဲ့ သူ့ design မှာ နှစ်စုံပေါင်းပြီး Star-delta လည်ပတ်အား ( current / torque ) မတူတာတွေ တွက်ပြီး ဆင်ထားတာဆိုတော့ ပြန်ပတ်ဖို့ တိုက်တွန်းတဲ့ အကြောင်း၊ လက်တွေ လောင်ထားတဲ့ terminal box ကိုပြပြီး ရှင်းပြခဲ့ပါတယ်။ KM1 လည်း rating မှန်တာ လဲရမယ်။ Motor လည်း ပြန်ပတ်၊ ဒါမှမဟုတ် အသစ်လဲရမယ်လို့ report မှာရေးခဲ့ပါတယ်။ စက်ချုပ်က အင်တင်တင်နဲ့ လက်မှတ်ထိုးပေးလိုက်ပါတယ်။ ဒါနဲ့ဘဲ ပြန်ဆင်း လာခဲ့ပါတယ်။
နောက် တစ်ပတ်လောက်ကြာတော့ ရုုံးကို super က ဖုန်းဆက်လာပါတယ်။ Motor လောင်တာ မဟုတ်တဲ့အကြောင်း၊ MC လဲပြီး Winch က သုံးလို့ ရတဲ့အကြောင်း၊ လာပြင်တဲ့ Technician တွေ ဘယ်လောက် ညံ့ဖျင်းကြောင်း စသဖြင့်ပေါ့။ ဒါနဲ့ boss ကမေးတော့ ဖြေရှင်းချက်တွေ ထုတ်ပြရပါတော့တယ်။ Coil နှစ်စုံမှာ တစ်စုံ လောင်တော့ တစ်ချို့ Step တွေမှာ လည်နိုင်ပါတယ်။ တစ်ချို့ Step တွေမှာ လည်မှာ မဟုတ်တဲ့အကြောင်း ပြောပြရပါတယ်။ Double winding motor ရဲ့သဘာဝကို ကြိုးစား ရှင်းပြရပါတယ်။
တစ်ခါတလေ မသိတဲ့သူကို ရှင်းပြရတာ ခက်ပါတယ်။ ကိုယ့်ရပ်တည်ချက်ကို ဦးစားပေးရမလား customer first ဆိုတာနောက် လိုက်ပြီး သူ့အကြိုက် အကုန်အကျ သက်သက်သာသာနဲ့ လည်ပြီးရော လုပ်ပေးရမလား ဆုံးဖြတ်ရ ခပ်ခက်ခက်။

Friday, 19 January 2018

Insulation Resistance (၆) - 24V DC low insulation

[Zawgyi]
ဒီတစ္စီးမွာလည္း DC 24V panel မွာ low insulation ျပႆနာ ရွင္းေပးရတာပါ။ သိပ္ေတာ့ မရႈပ္ပါဘူး။ သေဘၤာက Container သေဘၤာပါ။ ထုံးစံအတိုင္း DC charging / discharging panel က bridge မွာရွိပါတယ္။ သေဘၤာမွာ ဓာတ္ႀကိဳး မရွိဘဲ စက္-၁ နဲ႔ စက္ခ်ဳပ္က ေနရာေတြ လိုက္ျပေပးပါတယ္။ သူတို႔ကို ခြင့္ေတာင္းၿပီး distribution panel က breaker ေတြ အဖြင့္အပိတ္လုပ္ၿပီး ရွာလိုက္ေတာ့ ျပႆနာက ECR မွာရွိတဲ့ 24V DP ကလာတာလို႔ သိသြားပါတယ္။
ဒါနဲ႔ ECR ကိုဆင္း 24V DP မွာရွိတဲ့ breaker 10 ခုေလာက္မွာ ထပ္ၿပီး isolate လုပ္ၾကည့္လိုက္ေတာ့ နံပါတ္ 2 breaker ကျဖစ္ေနတာ ေတြ႕ပါတယ္။ ေရးထားတာက ECC DC 24V source ဆိုေတာ့ ဒီ console ကို power ေပးထားတာေတာ့ သိတယ္။ ဘယ္လိုေပးၿပီး ဘာေတြ looping လုပ္ထားတယ္ဆိုတာ မသိေတာ့ ဂ႐ုစိုက္ရပါတယ္။ ဒါနဲ႔ ECC ရဲ႕ drawing ေတြ ေမႊၿပီး ရွာၾကည့္ရပါတယ္။ အဲဒီမွ ဘာေတြ႕လဲဆိုေတာ့ power supply board တစ္ခုမွာ ဝင္သြားတာေတြ႕ရပါတယ္။ အဲဒီ board ေပၚမွာ အထြက္ channel ေျခာက္ခုရွိပါတယ္။ Channel တစ္ခုကို Fuse ႏွစ္လုံးစီနဲ႔ ျပန္ခြဲထုတ္ေပးထားတာပါ။ စက္ခ်ဳပ္ကို အသိေပးၿပီး fuse တစ္စုံစီ ဆြဲထုတ္ၿပီး ရွာလိုက္ေတာ့ channel တစ္ခုမွာဘဲ fault ရွိတာ ေတြ႕ရပါတယ္။ ဘာအတြက္ ေပးတဲ့ channel လဲ drawing မွာ ရွာၾကည့္ေတာ့မွ extension alarm panel ေတြ အတြက္ ေပးတဲ့ supply ပါ။ Extension Alarm Panel စုစုေပါင္း ၇ ခု ရွိပါတယ္။ Mess room , CCR, Bridge နဲ႔ အရာရွိ အခန္း ၄ ခုမွာပါ။ Bridge က စၿပီး trace လုပ္လာခဲ့တဲ့ ျပႆနာ၊ ECR ထဲ ေရာက္ၿပီးမွ အခု bridge အထိ ျပန္တက္ရဦးမယ္။
ဒါနဲ႔ A-Deck က cable trunk အခန္းထဲမွာ ရွိတဲ့ terminal box ထဲမွာ ႀကိဳးေတြကိုၾကည့္ၿပီး အေပၚ ဆက္တက္မယ့္ အပိုင္းကိုျဖဳတ္ ဒီအထပ္က ဟုတ္မဟုတ္ ရွာရပါတယ္။ တစ္ထပ္ၿပီးတစ္ထပ္ရွာယင္း ေနာက္ဆုံး စက္-၁ အခန္းကျဖစ္ေနပါတယ္။
စက္-၁ ကို အခန္းဖြင့္ခိုင္းၿပီး Alarm extension panel ေလးကို ဖြင့္ၾကည့္ပါတယ္။ အဝင္အထြက္ႀကိဳးေတြၾကည့္ေတာ့ 24V power ႀကိဳး ၄ ေခ်ာင္း၊ RS485 ၂ ေခ်ာင္းဝင္ ၂ ေခ်ာင္းထြက္၊ ေနာက္ၿပီး ext buzzer ဆိုတဲ့ ၂ ေခ်ာင္း ျပန္ထြက္ထားပါတယ္။ ( 24V power ၄ ေခ်ာင္းကေတာ့ alarm unit မွာ redundancy အတြက္ power source ၂ ခုကေန ဝင္ဖို႔ထားတာပါ။ ဒီမွာေတာ့ အလြယ္လုပ္ၿပီး source တစ္ခုထဲက ႀကိဳး ၂ စုံနဲ႔ ဝင္ထားတာ ေတြ႕ရပါတယ္။)
အဝင္ power ႀကိဳး ၄ ေခ်ာင္းျဖဳတ္ေတာ့ low insulation ေပ်ာက္သြားတယ္။ ဒီ unit က ျဖစ္တာ ေသခ်ာသေလာက္ပါ။ ဒါေပမဲ့ ext buzzer ႀကိဳး ၂ ေခ်ာင္း ရွိေသးတယ္။ RS485 ၄ ေခ်ာင္းက မျဖစ္ဖို႔မ်ားပါတယ္။ သူက data communication အတြက္ပါ။ ေသခ်ာေအာင္ အဝင္ power ႀကိဳး ၄ ေခ်ာင္း ျပန္တပ္လိုက္ပါတယ္။ Ext buzzer ႀကိဳး၂ ေခ်ာင္းကို ျဖဳတ္ထားပါတယ္။ အဲလိုဆိုေတာ့ ေကာင္းေနပါတယ္။
 ဒါဆို Ext buzzer ကျဖစ္ေနတာေပါ့။ စက္-၁ ရဲ႕အခန္းက ေတာ္ေတာ္ က်ယ္ပါတယ္။ Alarm panel unit ေလးက ဧည့္ခန္းလို ဝင္ ဝင္ခ်င္း အခန္းက်ယ္ထဲမွာ ထားတာပါ။ ေနာက္ အိပ္ခန္း တစ္ခု အထဲမွာ ရွိပါတယ္။ Ext buzzer က အိပ္ခန္းထဲမွာ။ တံခါးပိတ္ၿပီး အိပ္ေနယင္ မၾကားရမွာ စိုးလို႔ ထည့္ထားတာ ျဖစ္မယ္။ အိပ္ခန္းထဲက buzzer ေလးကို ဆြဲဖြင့္ၾကည့္ေတာ့ ႀကိဳး ႏွစ္ေခ်ာင္းမွာ တစ္ေခ်ာင္း ျဖဳတ္ၿပီး နံရံအေပါက္ထဲ  ျပန္ထိုးထည့္ထားတာ ေတြ႕ရပါတယ္။
Tape မပတ္ဘဲ ထိုးထည့္ထားေတာ့ နံရံမွာေထာက္ၿပီး earth fault ျဖစ္ေနတာပါ။ ဒီစက္-၁ လား၊ အယင္လူလားမသိ အိပ္ေရးပ်က္မွာစိုးလို႔ ျဖဳတ္ထားတယ္လို႔ ယူဆရတာဘဲ။ ထားပါေတာ့။ ဒါသူတို႔အပိုင္း။ ႀကိဳးေတြ သူ႔ေနရာသူ အကုန္ျပန္တပ္ေပးလိုက္ပါတယ္။ စမ္းၾကည့္ေတာ့ buzzer လည္း ေကာင္းပါတယ္။ အလုပ္လည္း လုပ္ပါတယ္။ Low Insulation လည္း မရွိေတာ့ပါဘူး။ 

[Unicode]

ဒီတစ်စီးမှာလည်း DC 24V panel မှာ low insulation ပြဿနာ ရှင်းပေးရတာပါ။ သိပ်တော့ မရှုပ်ပါဘူး။ သင်္ဘောက Container သင်္ဘောပါ။ ထုံးစံအတိုင်း DC charging / discharging panel က bridge မှာရှိပါတယ်။ သင်္ဘောမှာ ဓာတ်ကြိုး မရှိဘဲ စက်-၁ နဲ့ စက်ချုပ်က နေရာတွေ လိုက်ပြပေးပါတယ်။ သူတို့ကို ခွင့်တောင်းပြီး distribution panel က breaker တွေ အဖွင့်အပိတ်လုပ်ပြီး ရှာလိုက်တော့ ပြဿနာက ECR မှာရှိတဲ့ 24V DP ကလာတာလို့ သိသွားပါတယ်။
ဒါနဲ့ ECR ကိုဆင်း 24V DP မှာရှိတဲ့ breaker 10 ခုလောက်မှာ ထပ်ပြီး isolate လုပ်ကြည့်လိုက်တော့ နံပါတ် 2 breaker ကဖြစ်နေတာ တွေ့ပါတယ်။ ရေးထားတာက ECC DC 24V source ဆိုတော့ ဒီ console ကို power ပေးထားတာတော့ သိတယ်။ ဘယ်လိုပေးပြီး ဘာတွေ looping လုပ်ထားတယ်ဆိုတာ မသိတော့ ဂရုစိုက်ရပါတယ်။ ဒါနဲ့ ECC ရဲ့ drawing တွေ မွှေပြီး ရှာကြည့်ရပါတယ်။ အဲဒီမှ ဘာတွေ့လဲဆိုတော့ power supply board တစ်ခုမှာ ဝင်သွားတာတွေ့ရပါတယ်။ အဲဒီ board ပေါ်မှာ အထွက် channel ခြောက်ခုရှိပါတယ်။ Channel တစ်ခုကို Fuse နှစ်လုံးစီနဲ့ ပြန်ခွဲထုတ်ပေးထားတာပါ။ စက်ချုပ်ကို အသိပေးပြီး fuse တစ်စုံစီ ဆွဲထုတ်ပြီး ရှာလိုက်တော့ channel တစ်ခုမှာဘဲ fault ရှိတာ တွေ့ရပါတယ်။ ဘာအတွက် ပေးတဲ့ channel လဲ drawing မှာ ရှာကြည့်တော့မှ extension alarm panel တွေ အတွက် ပေးတဲ့ supply ပါ။ Extension Alarm Panel စုစုပေါင်း ရ ခု ရှိပါတယ်။ Mess room , CCR, Bridge နဲ့ အရာရှိ အခန်း ၄ ခုမှာပါ။ Bridge က စပြီး trace လုပ်လာခဲ့တဲ့ ပြဿနာ၊ ECR ထဲ ရောက်ပြီးမှ အခု bridge အထိ ပြန်တက်ရဦးမယ်။
ဒါနဲ့ A-Deck က cable trunk အခန်းထဲမှာ ရှိတဲ့ terminal box ထဲမှာ ကြိုးတွေကိုကြည့်ပြီး အပေါ် ဆက်တက်မယ့် အပိုင်းကိုဖြုတ် ဒီအထပ်က ဟုတ်မဟုတ် ရှာရပါတယ်။ တစ်ထပ်ပြီးတစ်ထပ်ရှာယင်း နောက်ဆုံး စက်-၁ အခန်းကဖြစ်နေပါတယ်။
စက်-၁ ကို အခန်းဖွင့်ခိုင်းပြီး Alarm extension panel လေးကို ဖွင့်ကြည့်ပါတယ်။ အဝင်အထွက်ကြိုးတွေကြည့်တော့ 24V power ကြိုး ၄ ချောင်း၊ RS485 ၂ ချောင်းဝင် ၂ ချောင်းထွက်၊ နောက်ပြီး ext buzzer ဆိုတဲ့ ၂ ချောင်း ပြန်ထွက်ထားပါတယ်။ ( 24V power ၄ ချောင်းကတော့ alarm unit မှာ redundancy အတွက် power source ၂ ခုကနေ ဝင်ဖို့ထားတာပါ။ ဒီမှာတော့ အလွယ်လုပ်ပြီး source တစ်ခုထဲက ကြိုး ၂ စုံနဲ့ ဝင်ထားတာ တွေ့ရပါတယ်။)
အဝင် power ကြိုး ၄ ချောင်းဖြုတ်တော့ low insulation ပျောက်သွားတယ်။ ဒီ unit က ဖြစ်တာ သေချာသလောက်ပါ။ ဒါပေမဲ့ ext buzzer ကြိုး ၂ ချောင်း ရှိသေးတယ်။ RS485 ၄ ချောင်းက မဖြစ်ဖို့များပါတယ်။ သူက data communication အတွက်ပါ။ သေချာအောင် အဝင် power ကြိုး ၄ ချောင်း ပြန်တပ်လိုက်ပါတယ်။ Ext buzzer ကြိုး၂ ချောင်းကို ဖြုတ်ထားပါတယ်။ အဲလိုဆိုတော့ ကောင်းနေပါတယ်။ 
ဒါဆို Ext buzzer ကဖြစ်နေတာပေါ့။ စက်-၁ ရဲ့အခန်းက တော်တော် ကျယ်ပါတယ်။ Alarm panel unit လေးက ဧည့်ခန်းလို ဝင် ဝင်ချင်း အခန်းကျယ်ထဲမှာ ထားတာပါ။ နောက် အိပ်ခန်း တစ်ခု အထဲမှာ ရှိပါတယ်။ Ext buzzer က အိပ်ခန်းထဲမှာ။ တံခါးပိတ်ပြီး အိပ်နေယင် မကြားရမှာ စိုးလို့ ထည့်ထားတာ ဖြစ်မယ်။ အိပ်ခန်းထဲက buzzer လေးကို ဆွဲဖွင့်ကြည့်တော့ ကြိုး နှစ်ချောင်းမှာ တစ်ချောင်း ဖြုတ်ပြီး နံရံအပေါက်ထဲ ပြန်ထိုးထည့်ထားတာ တွေ့ရပါတယ်။ Tape မပတ်ဘဲ ထိုးထည့်ထားတော့ နံရံမှာထောက်ပြီး earth fault ဖြစ်နေတာပါ။ ဒီစက်-၁ လား၊ အယင်လူလားမသိ အိပ်ရေးပျက်မှာစိုးလို့ ဖြုတ်ထားတယ်လို့ ယူဆရတာဘဲ။ ထားပါတော့။ ဒါသူတို့အပိုင်း။ ကြိုးတွေ သူ့နေရာသူ အကုန်ပြန်တပ်ပေးလိုက်ပါတယ်။ စမ်းကြည့်တော့ buzzer လည်း ကောင်းပါတယ်။ အလုပ်လည်း လုပ်ပါတယ်။ Low Insulation လည်း မရှိတော့ပါဘူး။ 

Monday, 15 January 2018

Viscosity Control (၁) - Not Functioning


[Zawgyi]
မၾကာခင္က တစ္ျခား ကုမၸဏီတစ္ခုက အကူအညီေတာင္းလို႔ လိုက္ကူေပးခဲ့တဲ့ အလုပ္ေလးပါ။ သူတို႔လူ Philippino တစ္ေယာက္နဲ႔ အတူ သြားခဲ့တာပါ။ Container သေဘၤာတစ္စီးမွာ Viscosity Control System အလုပ္မလုပ္လို႔ သြားစစ္ေပးခဲ့ရတာပါ။ Port ထဲကိုဝင္ဖို႔ စာရြက္စာတန္းလုပ္ရတာနဲ႔ ဘာနဲ႔ အခ်ိန္ေတာ္ေတာ္ နည္းေနပါၿပီ။ ေရာက္ေတာ့ စက္-၂ က လိုက္ျပပါတယ္။ Control က ECR ထဲမွာ ရွိၿပီး Valve နဲ႔ Sensor ကေတာ့ ေအာက္ထပ္ purifier room ထဲမွာရွိပါတယ္။

အမ်ဳိးအစားက DAEHO Viscosum V15 ပါ။ Pneumatic control type ပါ။ ME အတြက္တစ္ခု Generator အတြက္တစ္ခုပါ။ ျပႆနာက Controller မွာ အနီေရာင္ pointer နဲ႔ set value တစ္ခုေပးလိုက္ေပမဲ့ present value အနက္ေရာင္ pointer က လိုက္မေျပာင္း၊ မညႇိေပးဘူးဆိုပါတယ္။
ဒီေနရာမွာ Viscosity Controller အေၾကာင္း နည္းနည္း ေျပာျပခ်င္ပါတယ္။ HFO လို viscosity ျမင့္တဲ့ ဆီေတြကို အင္ဂ်င္မွာ တိုက္႐ိုက္ သုံးလို႔မရတာ သိၿပီးျဖစ္မွာပါ။ အပူေပးၿပီး ဆီကို က်ဲေအာင္ အယင္လုပ္ရပါတယ္။ ဆီအျပစ္အက်ဲ (viscosity) ကို တစ္သမတ္ထဲ ထိန္းဖို႔ ဒီလို controller ေတြသုံးပါတယ္။ Viscosity Controller မွာ electrical control နဲ႔ pneumatic control ကြဲပါေသးတယ္။ အခုစံနစ္က pneumatic control ပါ။ အလုပ္လုပ္ပုံကေတာ့ သိပ္မရႈပ္ပါဘူး။ controller ကေန set value (SV) တစ္ခုေပးပါတယ္။ ဥပမာ 22 cSt ထားပါေတာ့။ သူ႔ထက္ present value (PV) ကမ်ားေနယင္ air pressure တစ္ခုေပးၿပီး steam / thermal oil valve ကို ဖြင့္ေပးပါတယ္။ ဆီကိုအပူေပးပါမယ္။ ပူလာလိူ႔ viscosity က်လာယင္ viscosity sensor က feedback ျပန္ေပးေတာ့ SV နဲ႔ PV နီးလာတာနဲ႔ တစ္ျဖည္းျဖည္းပိတ္ေပး ရမွာပါ။ ၾကားျဖတ္ၿပီး ေျပာရယင္ သုံးေလ့ရွိတဲ့ viscosity ရဲ႕ယူနစ္ ကေတာ့ cSt (centistroke) ဒါမွမဟုတ္ mPa.s (millipascal.second) ပါ။
 စၿပီး စစ္မယ္ဆိုေတာ့ ECR ထဲက controller ကို အယင္ၾကည့္ပါတယ္။ Consoles ေပၚမွာ controller ႏွစ္လုံးက ေဘးခ်င္းယွဥ္ရက္ ရွိေနပါတယ္။ ပထမ ME အတြက္ controller ကိုစစ္ၾကည့္ပါတယ္။ Range ကိုၾကည့္ေတာ့ input က 2 bar ျဖစ္ၿပီး output က (0.2 - 1) bar ျဖစ္ပါတယ္။ အဝင္ေလက 2 bar ရွိပါတယ္။ Set value ကိုေျပာင္းၿပီး အထြက္ ေလ pressure ၾကည့္ပါတယ္။
SV pointer အနီက PV pointer အနက္ထက္ အမ်ားႀကီးပိုမွ 1.0 bar ေရာက္ပါတယ္။ SV ေလ်ာ့ခ်ေတာ့လည္း PV ထက္ နည္းနည္း ေလ်ာ့တာနဲ႔ 0.2 bar ျဖစ္သြားပါၿပီ။ ဒီစံနစ္မွာ positioner မပါ ပါဘူး။ Air pressure အရ diaphragm valve ကို အဖြင့္၊ အပိတ္ လုပ္ေပးတာပါ။ 0.2 bar မွာ fully open ျဖစ္ၿပီး 1 bar မွာ fully close ျဖစ္ရမွာပါ။
ပါလာတဲ့ အေဖၚကို valve position ၾကည့္ခိုင္းၿပီး output air pressure ကို ကစားေပးပါတယ္။ အဲဒီမွာ သူ႔ pressure အလိုက္ valve အဖြင့္အပိတ္ position စစ္ၾကည့္ေတာ့ မွန္ပါတယ္။
Steam valve အဖြင့္အပိတ္လုပ္ၿပီး ခဏေစာင့္ၾကည့္တာေတာင္ PV value ျပတဲ့ အနက္ေရာင္ pointer က လုံးဝ မလႈပ္ပါဘူး။ Sensor မေကာင္းလို႔လား၊ feedback air ပိုက္ လမ္းမွာ ပိတ္လို႔၊ ေပါက္လို႔လား၊ controller အထဲက မေကာင္းတာလား တစ္ခုခုျဖစ္ႏိုင္ပါတယ္။
ဒီေနရာမွာ viscosity sensor အေၾကာင္း နည္းနည္း ေျပာခ်င္ပါတယ္။ Sensor အမ်ဳိးမ်ဳိး ရွိတဲ့အထဲက ဒီမွာသုံးထားတဲ့ sensor ကေတာ့ ဆီကို rpm နည္းနည္းနဲ႔ လည္ေနတဲ့ gear pump ထဲကို ျဖတ္စီးခိုင္းပါတယ္။ ဆီရဲ႕ အျပစ္အက်ဲေပၚမူတည္ၿပီး ပိုက္နံရံနဲ႔ ထိတဲ့ friction force ကြာပါတယ္။ အဲဒီကျဖတ္ထြက္လာတဲ့ pressure နဲ႔ မျဖတ္ဘဲထြက္လာတဲ့ pressure ကြာျခားခ်က္ကို differential pressure sensor ကယွဥ္ၾကည့္ၿပီး feedback ေလ pressures  (0.2-1) bar ျပန္ေပးတာပါ။ စက္-၂ ေျပာတာက မေန႔ကဘဲ အဲဒီ differential pressure sensor ကို servicing လုပ္ထားတယ္။ ေကာင္းတယ္လို႔ ယုံၾကည္ခ်က္အျပည့္နဲ႔ ေျပာပါတယ္။ ထားပါေတာ့ က်န္တဲ့အပိုင္းက စစ္လို႔ရတာ ၾကည့္ေတာ့ pump ကလည္ေနတာျမင္ရတယ္။  sensor အဝင္ ေလ pressure ရွိေနတယ္။ တစ္ကယ္က sensor အထြက္ pressure ကို Gauge / pressure calibrator နဲ႔ တိုင္းၾကည့္သင့္ပါတာ္။ ေနာက္ၿပီး hand pump နဲ႔ sensor အထြက္က ထိုးၿပီး feedback line ကို စစ္သင့္ပါတယ္။ ကိုယ္ေတြကလည္း hand pump / calibrator မယူလာမိ။ ဒီေတာ့ ဘာမွဆက္လုပ္လို႔ မရေတာ့ပါဘူး။ ေကာက္ခ်က္ခ်ေတာ့ controller က output မမွန္တာ ေသခ်ာတယ္။ P-I Control ႏွစ္ခုကို ကစားၾကည့္ေပမဲ့ အဆင္မေျပပါဘူး။ feedback ကိစၥက စစ္လို႔ရသေလာက္စစ္ၿပီးၿပီ။ Control ထဲက ပ်က္တာ ဟုတ္၊မဟုတ္ေတာ့ မေသခ်ာဘူး။
Generator အတြက္ ေနာက္ Controller တစ္ခုကလည္း  သိပ္မကြာပါဘူး။ Controller output air pressure က 10-12 cSt ေလာက္နဲ႔ အဖြင့္အပိတ္ေျပာင္းေနပါတယ္။ PV က 20 cSt ေလာက္မွာရွိတာပါ။ 
အတူလာတဲ့ ဖားကလည္း controller ေတြျဖဳတ္ခ်ၿပီး Workshop ယူသြားခ်င္တယ္။ သူ႔ကို super နဲ႔ စကားေျပာခိုင္းလိုက္တယ္။ သေဘၤာထြက္ခ်ိန္က နီးေနပါၿပီ။ ေနာက္တစ္ေခါက္ ၃ ပတ္ေလာက္မွာ ျပန္လာမယ္ ဆိုပါတယ္။ Super နဲ႔ စက္ခ်ဳပ္သေဘာတူလို႔ controller ႏွစ္လုံး ျဖဳတ္ၿပီးယူခဲ့ပါတယ္။ သူတို႔ Workshop မွာ Service and calibration လုပ္ၿပီး ေနာက္တစ္ေခါက္မွ ျပန္တပ္ဖို႔ေပါ့။ လိုအပ္လာယင္ ဆက္ရွာဖို႔ Hand pump နဲ႔ pressure calibrator ယူသြားဖို႔ သတိေပးလိုက္ပါတယ္။

[Unicode]
မကြာခင်က တစ်ခြား ကုမ္ပဏီတစ်ခုက အကူအညီတောင်းလို့ လိုက်ကူပေးခဲ့တဲ့ အလုပ်လေးပါ။ သူတို့လူ Philippino တစ်ယောက်နဲ့ အတူ သွားခဲ့တာပါ။ Container သင်္ဘောတစ်စီးမှာ Viscosity Control System အလုပ်မလုပ်လို့ သွားစစ်ပေးခဲ့ရတာပါ။ Port ထဲကိုဝင်ဖို့ စာရွက်စာတန်းလုပ်ရတာနဲ့ ဘာနဲ့ အချိန်တော်တော် နည်းနေပါပြီ။ ရောက်တော့ စက်-၂ က လိုက်ပြပါတယ်။ Control က ECR ထဲမှာ ရှိပြီး Valve နဲ့ Sensor ကတော့ အောက်ထပ် purifier room ထဲမှာရှိပါတယ်။ 
အမျိုးအစားက DAEHO Viscosum V15 ပါ။ Pneumatic control type ပါ။ ME အတွက်တစ်ခု Generator အတွက်တစ်ခုပါ။ ပြဿနာက Controller မှာ အနီရောင် pointer နဲ့ set value တစ်ခုပေးလိုက်ပေမဲ့ present value အနက်ရောင် pointer က လိုက်မပြောင်း၊ မညှိပေးဘူးဆိုပါတယ်။
ဒီနေရာမှာ Viscosity Controller အကြောင်း နည်းနည်း ပြောပြချင်ပါတယ်။ HFO လို viscosity မြင့်တဲ့ ဆီတွေကို အင်ဂျင်မှာ တိုက်ရိုက် သုံးလို့မရတာ သိပြီးဖြစ်မှာပါ။ အပူပေးပြီး ဆီကို ကျဲအောင် အယင်လုပ်ရပါတယ်။ ဆီအပြစ်အကျဲ (viscosity) ကို တစ်သမတ်ထဲ ထိန်းဖို့ ဒီလို controller တွေသုံးပါတယ်။ Viscosity Controller မှာ electrical control နဲ့ pneumatic control ကွဲပါသေးတယ်။ အခုစံနစ်က pneumatic control ပါ။ အလုပ်လုပ်ပုံကတော့ သိပ်မရှုပ်ပါဘူး။ controller ကနေ set value (SV) တစ်ခုပေးပါတယ်။ ဥပမာ 22 cSt ထားပါတော့။ သူ့ထက် present value (PV) ကများနေယင် air pressure တစ်ခုပေးပြီး steam / thermal oil valve ကို ဖွင့်ပေးပါတယ်။ ဆီကိုအပူပေးပါမယ်။ ပူလာလိူ့ viscosity ကျလာယင် viscosity sensor က feedback ပြန်ပေးတော့ SV နဲ့ PV နီးလာတာနဲ့ တစ်ဖြည်းဖြည်းပိတ်ပေး ရမှာပါ။ ကြားဖြတ်ပြီး ပြောရယင် သုံးလေ့ရှိတဲ့ viscosity ရဲ့ယူနစ် ကတော့ cSt (centistroke) ဒါမှမဟုတ် mPa.s (millipascal.second) ပါ။
စပြီး စစ်မယ်ဆိုတော့ ECR ထဲက controller ကို အယင်ကြည့်ပါတယ်။ Consoles ပေါ်မှာ controller နှစ်လုံးက ဘေးချင်းယှဉ်ရက် ရှိနေပါတယ်။ ပထမ ME အတွက် controller ကိုစစ်ကြည့်ပါတယ်။ Range ကိုကြည့်တော့ input က 2 bar ဖြစ်ပြီး output က (0.2 - 1) bar ဖြစ်ပါတယ်။ အဝင်လေက 2 bar ရှိပါတယ်။ Set value ကိုပြောင်းပြီး အထွက် လေ pressure ကြည့်ပါတယ်။ SV pointer အနီက PV pointer အနက်ထက် အများကြီးပိုမှ 1.0 bar ရောက်ပါတယ်။ SV လျော့ချတော့လည်း PV ထက် နည်းနည်း လျော့တာနဲ့ 0.2 bar ဖြစ်သွားပါပြီ။ ဒီစံနစ်မှာ positioner မပါ ပါဘူး။ Air pressure အရ diaphragm valve ကို အဖွင့်၊ အပိတ် လုပ်ပေးတာပါ။ 0.2 bar မှာ fully open ဖြစ်ပြီး 1 bar မှာ fully close ဖြစ်ရမှာပါ။
ပါလာတဲ့ အဖေါ်ကို valve position ကြည့်ခိုင်းပြီး output air pressure ကို ကစားပေးပါတယ်။ အဲဒီမှာ သူ့ pressure အလိုက် valve အဖွင့်အပိတ် position စစ်ကြည့်တော့ မှန်ပါတယ်။
Steam valve အဖွင့်အပိတ်လုပ်ပြီး ခဏစောင့်ကြည့်တာတောင် PV value ပြတဲ့ အနက်ရောင် pointer က လုံးဝ မလှုပ်ပါဘူး။ Sensor မကောင်းလို့လား၊ feedback air ပိုက် လမ်းမှာ ပိတ်လို့၊ ပေါက်လို့လား၊ controller အထဲက မကောင်းတာလား တစ်ခုခုဖြစ်နိုင်ပါတယ်။
ဒီနေရာမှာ viscosity sensor အကြောင်း နည်းနည်း ပြောချင်ပါတယ်။ Sensor အမျိုးမျိုး ရှိတဲ့အထဲက ဒီမှာသုံးထားတဲ့ sensor ကတော့ ဆီကို rpm နည်းနည်းနဲ့ လည်နေတဲ့ gear pump ထဲကို ဖြတ်စီးခိုင်းပါတယ်။ ဆီရဲ့ အပြစ်အကျဲပေါ်မူတည်ပြီး ပိုက်နံရံနဲ့ ထိတဲ့ friction force ကွာပါတယ်။ အဲဒီကဖြတ်ထွက်လာတဲ့ pressure နဲ့ မဖြတ်ဘဲထွက်လာတဲ့ pressure ကွာခြားချက်ကို differential pressure sensor ကယှဉ်ကြည့်ပြီး feedback လေ pressures  (0.2-1) bar ပြန်ပေးတာပါ။ စက်-၂ ပြောတာက မနေ့ကဘဲ အဲဒီ differential pressure sensor ကို servicing လုပ်ထားတယ်။ ကောင်းတယ်လို့ ယုံကြည်ချက်အပြည့်နဲ့ ပြောပါတယ်။ ထားပါတော့ ကျန်တဲ့အပိုင်းက စစ်လို့ရတာ ကြည့်တော့ pump ကလည်နေတာမြင်ရတယ်။  sensor အဝင် လေ pressure ရှိနေတယ်။ တစ်ကယ်က sensor အထွက် pressure ကို Gauge / pressure calibrator နဲ့ တိုင်းကြည့်သင့်ပါတာ်။ နောက်ပြီး hand pump နဲ့ sensor အထွက်က ထိုးပြီး feedback line ကို စစ်သင့်ပါတယ်။ ကိုယ်တွေကလည်း hand pump / calibrator မယူလာမိ။ ဒီတော့ ဘာမှဆက်လုပ်လို့ မရတော့ပါဘူး။ ကောက်ချက်ချတော့ controller က output မမှန်တာ သေချာတယ်။ P-I Control နှစ်ခုကို ကစားကြည့်ပေမဲ့ အဆင်မပြေပါဘူး။ feedback ကိစ္စက စစ်လို့ရသလောက်စစ်ပြီးပြီ။ Control ထဲက ပျက်တာ ဟုတ်၊မဟုတ်တော့ မသေချာဘူး။ 
Generator အတွက် နောက် Controller တစ်ခုကလည်း  သိပ်မကွာပါဘူး။ Controller output air pressure က 10-12 cSt လောက်နဲ့ အဖွင့်အပိတ်ပြောင်းနေပါတယ်။ PV က 20 cSt လောက်မှာရှိတာပါ။ 
အတူလာတဲ့ ဖားကလည်း controller တွေဖြုတ်ချပြီး Workshop ယူသွားချင်တယ်။ သူ့ကို super နဲ့ စကားပြောခိုင်းလိုက်တယ်။ သင်္ဘောထွက်ချိန်က နီးနေပါပြီ။ နောက်တစ်ခေါက် ၃ ပတ်လောက်မှာ ပြန်လာမယ် ဆိုပါတယ်။ Super နဲ့ စက်ချုပ်သဘောတူလို့ controller နှစ်လုံး ဖြုတ်ပြီးယူခဲ့ပါတယ်။ သူတို့ Workshop မှာ Service and calibration လုပ်ပြီး နောက်တစ်ခေါက်မှ ပြန်တပ်ဖို့ပေါ့။ လိုအပ်လာယင် ဆက်ရှာဖို့ Hand pump နဲ့ pressure calibrator ယူသွားဖို့ သတိပေးလိုက်ပါတယ်။

Sunday, 31 December 2017

Generator (၁၂) - Engine Cannot Start / Stop

 
[Zawgyi]
ဒီျပႆနာကေတာ့ Generator ထက္ Engine Control နဲ႔ ပိုဆိုင္ပါတယ္။ ေနာက္ၿပီး ဆြမ္းခံယင္း ငွက္သင့္ဆိုသလို ကိုယ့္ scope မဟုတ္ဘဲ ဝင္ပါရတဲ့ case ေလးပါ။ မခက္ေပမဲ့ သိထားေအာင္ ျပန္ေျပာပါရေစ။ 
သြားတုန္းကေတာ့ alternator chemical clean အၿပီး commissioning လုပ္ေပးဖို႔ သြားခဲ့တာပါ။ ကၽြန္ေတာ္တို႔အဖြဲ႕က alternator ကိုင္ေနခ်ိန္မွာ generator ရဲ႕ engine ကိုလည္း maker rep အဖြဲ႕က overhaul လုပ္ေနၾကပါတယ္။ စက္က Cummin engine ပါ။ ကၽြန္ေတာ္တို႔ ၿပီးလို႔ စမ္းဖို႔ အဆင္သင္ျ့ဖစ္တဲ့အခ်ိန္ သူတို႔ engine ျပန္လုံးၿပီး စဖို႔ ေစာင့္ေနၾကရပါတယ္။

အားလုံး အဆင္သင့္ျဖစ္ေတာ့ engine စဖို႔ႀကိဳးစားတာ မရပါဘူး။ သေဘၤာေပၚက ဓာတ္ႀကိဳးနဲ႔ အဖြဲ႕ကလည္း စစ္ၾကည့္ၾကပါတယ္။ Control power လည္းရွိတယ္၊ procedure လည္းမွန္တယ္။ Start လုပ္ခ်ိန္မွာ engine ကလည္သြားေပမဲ့ စက္မႏိုးပါဘူး။ ဒီေတာ့ စက္ overhaul လုပ္တဲ့ Cummin ကပုဂၢိဳလ္ေတြကိုဘဲ ဘာမွားလဲ ၾကည့္ခိုင္းတာေပါ့။ ဒါနဲ႔ သူတို႔ ဟိုနိႈက္ဒီနိႈက္နည္းနည္းပါးပါး ညိႇၿပီးေတာ့ စက္နိႈးလို႔ ရသြားပါတယ္။
ကၽြန္ေတာ္တို႔ အပိုင္း voltage / frequency output ေတြတိုင္းၾကည့္၊ stable ျဖစ္မျဖစ္ စစ္ၿပီးေတာ့ load နဲ႔ မစမ္းခင္ Generator ခဏ ရပ္ပါတယ္။ အဲဒီအခ်ိန္မွာ စက္က ရပ္လို႔ မရေတာ့ပါဘူး။ Stop ခလုတ္ကို အၾကာႀကီး နွိပ္ထားေပမဲ့ slow down ဘဲ ျဖစ္သြားတယ္။ ရပ္မသြားပါဘူး။ ေနာက္ဆုံး စက္-၂ ႀကီးနဲ႔ Cummin က technician ေတြ မရရတဲ့နည္းနဲ႔ ရပ္လိုက္ၾကပါတယ္။ အဲဒီေတာ့ ဓာတ္ႀကိဳးနဲ႔ အဖြဲ႕ေတြ ျပႆနာ အေျဖကို ရွာၾကေဖြၾက စစ္ၾကည့္ၾကပါတယ္။ ကၽြန္ေတာ္လည္း ဝင္ကူၿပီး drawing ဖတ္ၾကည့္ေပးပါတယ္။ 
ဒီစက္မွာ electronic fuel control သုံးထားပါတယ္။ လိုအပ္တဲ့ ဆီ အနည္းအမ်ားကို output voltage အနည္းအမ်ား ေျပာင္းၿပီး proportional valve နဲ႔ control လုပ္သြားပါတယ္။ ေနာက္တစ္ခုက stop valve ကို relay တစ္ခုနဲ႔ ထိန္းထားပါတယ္။ Solenoid က normally close ျဖစ္ပါတယ္။ Start လုပ္တဲ့ အခ်ိန္မွာ relay ဆြဲၿပီး stop solenoid ရဲ႕ valve ကိုဖြင့္ေပးထားတာပါ။ Local panel ထဲမွာရွိတဲ့ ေစာေစာက relay ကို ျဖဳတ္ၾကည့္ေတာ့ contact တစ္ခု ေလာင္ေနတာ ေတြ႕ပါတယ္။ ဒါနဲ႔ stop solenoid ကို ေသခ်ာျပန္ၾကည့္ပါတယ္။ Solenoid ဆီကိုလာတာ ႀကိဳး ႏွစ္စရွိပါတယ္။
Solenoid မွာ terminal ကတစ္ခုဘဲ ရွိပါတယ္။ အမွန္ဆိုယင္ positive တစ္စကို အဲဒီ terminal မွာဆက္ၿပီး negative တစ္စက body ground နဲ႔ ဆက္ရမွာပါ။ အခုေတာ့ ႀကိဳး ႏွစ္စလုံးကို ရွိတဲ့ terminal တစ္ခုမွာ ေပါင္းၿပီးဆက္ထားပါတယ္။ ဒီေတာ့ relay ဆြဲလိုက္တာနဲ႔ short ျဖစ္မွာေပါ့။ ကံေကာင္းလို႔ relay တစ္ခုဘဲပ်က္တာ။ ဒါထက္ဆိုးတာေတြ ျဖစ္ႏိုင္တာေပါ့။ Cummin က ဆရာေတြထဲက လက္သင္၊ လူသစ္ေတြပါလား မသိပါဘူး။ Engine overhaul လုပ္တုန္းက ျဖဳတ္ခ်တဲ့ solenoid ျပန္တပ္ေတာ့ ေသခ်ာ မမွတ္မိလို႔ ထင္ရာတပ္လိုက္တာလို႔ ယူဆရပါတယ္။ ႀကိဳးက ႏွစ္စ terminal ကတစ္ခုထဲဆိုေတာ့ ရွိတဲ့ terminal မွာ ပူးထည့္လိုက္တာထင္တာဘဲ။ ေနာက္ၿပီး စက္နိႈးလို႔ မရေတာ့ solenoid ရဲ႕ mechanical adjustment နဲ႔ ဆီထြက္ေအာင္ ေလွ်ာ့ေပးတာလို႔ထင္ပါတယ္။ Close position မွာ ဆီမထြက္ထြက္ေအာင္ ညိႇထားလိုက္ေတာ့ စက္ေတာ့ နႈိးလို႔ရသြားတယ္။ ျပန္ရပ္လို႔မရေတာ့တာ ျဖစ္ႏိုင္ပါတယ္။
ဒါနဲ႔ solenoid ရဲ႕ wire connection မွန္ေအာင္ျပန္ဆက္၊ ဓာတ္ႀကိဳး ရွာလာတဲ့ relay အသစ္ ျပန္လဲလိုက္ပါတယ္။ Stop solenoid ကိုလည္း ပုံမွန္ျပန္ညိႇခိုင္းၿပီး ျပန္စမ္းၾကပါတယ္။ ဒီတစ္ခါေတာ့ start / stop ေခ်ာေခ်ာေမာေမာ ရသြားပါၿပီ။ က်န္တဲ့ စမ္းတာစစ္တာေတြ လုပ္ၿပီး ျပန္ခဲ့ၾကပါေတာ့တယ္။

[Unicode]

ဒီပြဿနာကတော့ Generator ထက် Engine Control နဲ့ ပိုဆိုင်ပါတယ်။ နောက်ပြီး ဆွမ်းခံယင်း ငှက်သင့်ဆိုသလို ကိုယ့် scope မဟုတ်ဘဲ ဝင်ပါရတဲ့ case လေးပါ။ မခက်ပေမဲ့ သိထားအောင် ပြန်ပြောပါရစေ။ 
သွားတုန်းကတော့ alternator chemical clean အပြီး commissioning လုပ်ပေးဖို့ သွားခဲ့တာပါ။ ကျွန်တော်တို့အဖွဲ့က alternator ကိုင်နေချိန်မှာ generator ရဲ့ engine ကိုလည်း maker rep အဖွဲ့က overhaul လုပ်နေကြပါတယ်။ စက်က Cummin engine ပါ။ ကျွန်တော်တို့ ပြီးလို့ စမ်းဖို့ အဆင်သင်ြ့ဖစ်တဲ့အချိန် သူတို့ engine ပြန်လုံးပြီး စဖို့ စောင့်နေကြရပါတယ်။ 
အားလုံး အဆင်သင့်ဖြစ်တော့ engine စဖို့ကြိုးစားတာ မရပါဘူး။ သင်္ဘောပေါ်က ဓာတ်ကြိုးနဲ့ အဖွဲ့ကလည်း စစ်ကြည့်ကြပါတယ်။ Control power လည်းရှိတယ်၊ procedure လည်းမှန်တယ်။ Start လုပ်ချိန်မှာ engine ကလည်သွားပေမဲ့ စက်မနိုးပါဘူး။ ဒီတော့ စက် overhaul လုပ်တဲ့ Cummin ကပုဂ္ဂိုလ်တွေကိုဘဲ ဘာမှားလဲ ကြည့်ခိုင်းတာပေါ့။ ဒါနဲ့ သူတို့ ဟိုနှိုက်ဒီနှိုက်နည်းနည်းပါးပါး ညှိပြီးတော့ စက်နှိုးလို့ ရသွားပါတယ်။
ကျွန်တော်တို့ အပိုင်း voltage / frequency output တွေတိုင်းကြည့်၊ stable ဖြစ်မဖြစ် စစ်ပြီးတော့ load နဲ့ မစမ်းခင် Generator ခဏ ရပ်ပါတယ်။ အဲဒီအချိန်မှာ စက်က ရပ်လို့ မရတော့ပါဘူး။ Stop ခလုတ်ကို အကြာကြီး နှိပ်ထားပေမဲ့ slow down ဘဲ ဖြစ်သွားတယ်။ ရပ်မသွားပါဘူး။ နောက်ဆုံး စက်-၂ ကြီးနဲ့ Cummin က technician တွေ မရရတဲ့နည်းနဲ့ ရပ်လိုက်ကြပါတယ်။ အဲဒီတော့ ဓာတ်ကြိုးနဲ့ အဖွဲ့တွေ ပြဿနာ အဖြေကို ရှာကြဖွေကြ စစ်ကြည့်ကြပါတယ်။ ကျွန်တော်လည်း ဝင်ကူပြီး drawing ဖတ်ကြည့်ပေးပါတယ်။ 
ဒီစက်မှာ electronic fuel control သုံးထားပါတယ်။ လိုအပ်တဲ့ ဆီ အနည်းအများကို output voltage အနည်းအများ ပြောင်းပြီး proportional valve နဲ့ control လုပ်သွားပါတယ်။ နောက်တစ်ခုက stop valve ကို relay တစ်ခုနဲ့ ထိန်းထားပါတယ်။ Solenoid က normally close ဖြစ်ပါတယ်။ Start လုပ်တဲ့ အချိန်မှာ relay ဆွဲပြီး stop solenoid ရဲ့ valve ကိုဖွင့်ပေးထားတာပါ။ Local panel ထဲမှာရှိတဲ့ စောစောက relay ကို ဖြုတ်ကြည့်တော့ contact တစ်ခု လောင်နေတာ တွေ့ပါတယ်။ ဒါနဲ့ stop solenoid ကို သေချာပြန်ကြည့်ပါတယ်။ Solenoid ဆီကိုလာတာ ကြိုး နှစ်စရှိပါတယ်။ Solenoid မှာ terminal ကတစ်ခုဘဲ ရှိပါတယ်။ အမှန်ဆိုယင် positive တစ်စကို အဲဒီ terminal မှာဆက်ပြီး negative တစ်စက body ground နဲ့ ဆက်ရမှာပါ။ အခုတော့ ကြိုး နှစ်စလုံးကို ရှိတဲ့ terminal တစ်ခုမှာ ပေါင်းပြီးဆက်ထားပါတယ်။ ဒီတော့ relay ဆွဲလိုက်တာနဲ့ short ဖြစ်မှာပေါ့။ ကံကောင်းလို့ relay တစ်ခုဘဲပျက်တာ။ ဒါထက်ဆိုးတာတွေ ဖြစ်နိုင်တာပေါ့။ Cummin က ဆရာတွေထဲက လက်သင်၊ လူသစ်တွေပါလား မသိပါဘူး။ Engine overhaul လုပ်တုန်းက ဖြုတ်ချတဲ့ solenoid ပြန်တပ်တော့ သေချာ မမှတ်မိလို့ ထင်ရာတပ်လိုက်တာလို့ ယူဆရပါတယ်။ ကြိုးက နှစ်စ terminal ကတစ်ခုထဲဆိုတော့ ရှိတဲ့ terminal မှာ ပူးထည့်လိုက်တာထင်တာဘဲ။ နောက်ပြီး စက်နှိုးလို့ မရတော့ solenoid ရဲ့ mechanical adjustment နဲ့ ဆီထွက်အောင် လျှော့ပေးတာလို့ထင်ပါတယ်။ Close position မှာ ဆီမထွက်ထွက်အောင် ညှိထားလိုက်တော့ စက်တော့ နှိုးလို့ရသွားတယ်။ ပြန်ရပ်လို့မရတော့တာ ဖြစ်နိုင်ပါတယ်။
ဒါနဲ့ solenoid ရဲ့ wire connection မှန်အောင်ပြန်ဆက်၊ ဓာတ်ကြိုး ရှာလာတဲ့ relay အသစ် ပြန်လဲလိုက်ပါတယ်။ Stop solenoid ကိုလည်း ပုံမှန်ပြန်ညှိခိုင်းပြီး ပြန်စမ်းကြပါတယ်။ ဒီတစ်ခါတော့ start / stop ချောချောမောမော ရသွားပါပြီ။ ကျန်တဲ့ စမ်းတာစစ်တာတွေ လုပ်ပြီး ပြန်ခဲ့ကြပါတော့တယ်။

Monday, 25 December 2017

Gas Detection System (၁) - Not working


[Zawgyi]
 ဒီျပႆနာကေတာ့ Tanker တစ္စီးမွာ ျဖစ္ခဲ့တာပါ။ သူမ်ားလုပ္လက္စကို follow up လုပ္ေပးရတာပါ။ ျပႆနာရဲ႕ အစက Gas Detection System အလုပ္မလုပ္တာပါ။ ၿပီးခဲ့တဲ့ ၆ လေလာက္က ကုလား technician ႏွစ္ေယာက္ တက္စစ္ခဲ့ၿပီး Control main board နဲ႔ relay board အသစ္မွာခိုင္း ခဲ့တယ္ဆိုပါတယ္။ အခု board အသစ္ေတြ လဲၿပီးခ်ိန္မွာ အလုပ္မလုပ္ေသးလို႔ သြားစစ္ေပးရပါတယ္။ ကၽြန္ေတာ္နဲ႔ အတူ အယင္တက္ဖူးတဲ့ ကုလား တစ္ေယာက္ လိုက္လာပါတယ္။
သေဘၤာေပၚေရာက္ေတာ့ အျဖဴ ဓာတ္ႀကိဳးတစ္ေယာက္က ေျပာျပပါတယ္။ Board ႏွစ္ခုလုံး လဲထားၿပီးၿပီ။ System စၿပီး ခဏေလာက္မွာ Alarm တက္လာၿပီး ရပ္သြားတယ္တဲ့။ HC gas sensor ရဲ႕ current ကလည္း 0 mA ဘဲ ျပတယ္တဲ့။ သူေျပာတာမွတ္ထားၿပီး စက္ကို လိုက္ၾကည့္ပါတယ္။
System က Omicron ရဲ႕ OGS 3.0 ပါ။ Ballast tank ေတြရဲ႕ Hydrocarbon (HC) gas ကို detect လုပ္ေပးတာပါ။ ဒီစံနစ္က gas sensor ေတြကို field site ေတြမွာ ထားတဲ့ စံနစ္မ်ဳိး မဟုတ္ပါဘူး။ ဗဟို control cabinet ထဲမွာ gas sensor တစ္ခုဘဲထားပါတယ္။ Field detection point တစ္ခုစီက ေလကိုစုပ္ယူၿပီး gas sensor ထဲကို အလွည့္က် ျဖတ္သြားေစတဲ့ နည္းပါ။ တစ္ခ်ဳိ႕ သေဘၤာေတြမွာေတာ့ pump room ထဲက HC နဲ႔ O2 ကိုပါတိုင္းပါတယ္။ အဲဒါမ်ဳိးက်ေတာ့ Gas sensor တစ္ခုထက္ ပိုသုံးရပါတယ္။ တိုင္းတဲ့ Gas အမ်ဳိးအစား မတူလို႔ပါ။ ဒီသေဘၤာကေတာ့ HC sensor တစ္ခုဘဲရွိေတာ့ ပိုရွင္းပါတယ္။
ဒီစံနစ္ရဲ႕ အဓိက control panel ျဖစ္တဲ့ Detector Cabinet က foam room ထဲမွာရွိပါတယ္။ User interface ျဖစ္တဲ့ Alarm/Control Cabinet ကေတာ့ CCR မွာပါ။
Power ဖြင့္လိုက္ေတာ့ initialize လုပ္ပါတယ္။ မၿပီးခင္မွာ sample flow error တက္လာၿပီး ရပ္သြားပါတယ္။ ဒါနဲ႔ ေအာက္ထပ္ကိုဆင္း Detector Cabinet ကိုသြားၾကည့္ပါတယ္။
Field ဘက္က ေလပိုက္ပိတ္တဲ့ ျပႆနာေတြ နဲ႔ မေရာေအာင္လို႔ cabinet အဝင္ sample ပိုက္ေတြ အကုန္ ျဖဳတ္ထားလိုက္ပါတယ္။ Detector Cabinet ခ်ည္း အလုပ္ လုပ္၊မလုပ္ စမ္းၾကည့္ပါမယ္။
ပိုက္ျဖဳတ္ၿပီးတာနဲ႔ ေနာက္တစ္ေခါက္ ျပန္စၾကည့္ပါတယ္။ အတူတူပါဘဲ။ Initialization အဆင့္မွာ flow error တက္ပါတယ္။
ဒီစံနစ္မွာ vacuum pump ႏွစ္လုံးရွိပါတယ္။ ပထမ main pump တစ္လုံးက field sensing point ေတြက sample air ကို cabinet ထဲက manifold ထိေရာက္ေအာင္ အၿမဲ စုပ္ယူထားပါတယ္။ ၿပီးမွ ေနာက္ sample pump အေသးတစ္လုံးက manifold ထဲက sample air ကို gas sensor အေရာက္ပို႔ေပးတာပါ။ Manifold ေပၚမွာ solenoid အတန္းလိုက္ ရွိၿပီး တစ္ႀကိမ္မွာ sensing point တစ္ခုအတြက္ ဖြင့္ေပးပါတယ္။ Gas sensor ဆီသြားတဲ့ line မွာ flow meter တစ္ခုရွိၿပီး T-joint နဲ႔ ဆက္ထားတဲ့ tubing ပိုက္ကေလးတစ္ခုက control board ေပၚက pressure sensor ကို ဆက္ထားပါတယ္။ ဆက္မစစ္ခင္ အယင္ ဆက္ထားတဲ့ ႀကိဳးေတြ မွန္၊ မမွန္ drawing နဲ႔ တိုက္ၿပီး စစ္ၾကည့္ပါတယ္။ ၆ လအတြင္း လူေတာ္ေတာ္မ်ားမ်ား ကိုင္ထားတာဆိုေတာ့ ႀကိဳးဆက္တာ အမွားအယြင္း ရွိႏိုင္ပါတယ္။ ထင္တဲ့အတိုင္းဘဲ gas sensor ႀကိဳးက connector ႏွစ္ထပ္ရွိတာကို အေပၚေအာက္ မွားၿပီး တပ္ထားတာ ေတြ႕ရပါတယ္။ ဓာတ္ႀကိဳးေျပာတဲ့ sensor မွာ 0mA ထြက္တာ ဒါေၾကာင့္ျဖစ္ႏိုင္ပါတယ္။ တစ္ကယ္ဆိုယင္ 0 mA မျဖစ္သင့္ပါဘူး။ အနည္းဆုံး 4 mA ရွိရပါမယ္။ 4-20 mA signal ထုတ္ေပးမွာ မဟုတ္လား။ အမွန္အတိုင္း ျပန္တပ္လိုက္ပါတယ္။ 
အခု flow error တက္တဲ့ ကိစၥကေတာ့ ဒါနဲ႔ မဆိုင္ပါဘူး။ စက္ စဖြင့္စမွာ flow meter ျပတဲ့ ball ေလးက တစ္ခ်က္လႈပ္သြားတာ ေတြ႕ရၿပီး ဆက္ run တဲ့ အခ်ိန္မွာ 0 ဘဲျပေနတာ သတိထားမိပါတယ္။ ဒီေတာ့ တစ္ကယ္ flow မရွိတဲ့ သေဘာပါ။ ေသခ်ာေအာင္ ျပန္ run ၿပီး flow meter မွာပါတဲ့ flow rate ညိႇတဲ့ knob ေလးနဲ႔ ႀကိဳးစား ညႇိၾကည့္ေပမဲ့ မရပါဘူး။ ျဖစ္ႏိုင္ေျခေတြ တစ္ခုစီ စစ္ၾကည့္ပါမယ္။ ပထမ sample pump ေကာင္း၊ မေကာင္း သိဖို႔ အဝင္ပိုက္ေလးကို ျဖဳတ္လိုက္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ အဝင္ေလစုပ္ေနတာ လက္နဲ႔စမ္းၾကည့္လို႔ ေတြ႕ရပါတယ္။
Flow meter ရဲ႕ ball ေလးလည္း တက္သြားပါၿပီ။ 150 ml/ min ေလာက္ ညႇိၾကည့္ေတာ့ stable ျဖစ္ေနပါတယ္။ ဒါဆိုယင္ pump ေကာင္းတယ္။ အဝင္လိုင္း ပိတ္ေနလို႔ဆိုတာ ေကာက္ခ်က္ခ်ႏိုင္ပါၿပီ။ အဝင္လိုင္းကလည္း manifold နဲ႔ solenoid ေတြဘဲရွိေတာ့တယ္။ သူ႔ေရွ႕က field အဝင္ ပိုက္ေတြ ျဖဳတ္ထားတယ္ မဟုတ္လား။
Drawing အရ (ပုံ ၾကည့္ပါ။) control solenoid က P1, P2, P3 ျဖစ္ၿပီး relay board တစ္ခုက ထိန္းခ်ဳပ္ ေပးပါတယ္။ ေနာက္ M1-M12 solenoid ေတြက sample point တစ္ခုစီအတြက္ျဖစ္ၿပီး ေနာက္ထပ္ relay board တစ္ခုက ထိန္းခ်ဳပ္ထားပါတယ္။
P1 က manifold ဆီက sample air ကိုယူပါတယ္။ P2 က calibration span gas ကို ဖြင့္၊ ပိတ္ လုပ္ေပးပါတယ္။ P3 ကေတာ့ purging အတြက္ compressed air အဝင္လိုင္းကို ယူထားတာပါ။ လက္ရွိ span gas bottle ရဲ႕ အထြက္ valve က ဖြင့္ထားၿပီး pressure က 0 ဘဲ ရွိပါေတာ့တယ္။ ဆိုလိုတာက span gas ကုန္ေနပါၿပီ။ Initialization အဆင့္မွာ manifold ဆီက sample air ယူၿပီး gas sensor ဆီပို႔ေပးရမွာဆိုေတာ့ P2 နဲ႔ P3 off ျဖစ္ၿပီး P1 on ရပါမယ္။ ေနာက္တစ္ဆင့္မွာမွ M1 - M12 တစ္ခုၿပီးတစ္ခု on ရမွာပါ။ ျပန္စၿပီး ေသခ်ာ ေစာင့္ၾကည့္ပါတယ္။ အဲဒီမွာ P2 က စၿပီး on တာေတြ႕ရပါတယ္။ Sequence လြဲေနပါတယ္။ ဒါနဲ႔ ႀကိဳးေတြ လိုက္ၾကည့္ေတာ့ relay board မွာ P1 နဲ႔ P2 ႀကိဳး ေျပာင္းျပန္ဆက္ထားတာ ေတြ႕ရပါတယ္။ ႀကိဳးေတြက နံပါတ္မပါဘဲ အေရာင္နဲ႔ ဆိုေတာ့ မွားဆက္မိတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ initialize လုပ္တိုင္း span gas အိုးထဲက gas ေတြ စုပ္ထုတ္ေနေတာ့ ကုန္သြားတာ ျဖစ္မယ္ထင္ပါတယ္။ gas ကုန္သြားေတာ့ flow မရွိႏိုင္ေတာ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါက ဒုတိယေျမာက္ ေတြ႕ရတဲ့ အမွား ( human error) ပါ။
P1, P2 ႀကိဳးႏွစ္ေခ်ာင္းကို အမွန္အတိုင္း ျပန္ဆက္၊ sample pump အဝင္ ပိုက္ကိုလည္း ျပန္ဆက္ၿပီး ထပ္စမ္းၾကည့္ပါတယ္။ ဒီတစ္ခါ initialization အဆင့္မွာ Alarm မတက္ဘဲ ၿပီးသြားပါတယ္။ ေနာက္ auto mode ျဖစ္တဲ့အတြက္ sample point တစ္ခုစီ ယူတဲ့ အဆင့္မွာ M1-M12 ဘယ္ solenoid မွ အလုပ္မလုပ္သလို relay board မွာ လည္း အလုပ္မလုပ္ပါဘူး။ Relay board မွာ power led လင္းေနသလို တိုင္းၾကည့္ေတာ့လည္း power supply 24VDC ရွိပါတယ္။ အခု sample solenoid အလုပ္မလုပ္တဲ့အတြက္ ပထမဆုံး sample ျဖစ္တဲ့ Ballast Tank 1 Port sample error alarm တက္လာပါတယ္။ Manual mode ေျပာင္းၿပီး တစ္ျခား sample point (tank) ေတြေျပာင္းစမ္းေတာ့လည္း အတူတူပါဘဲ။ ဘယ္ relay မွ အလုပ္ မလုပ္ပါဘူး။ ဒီ relay board ကလည္း အသစ္လဲထားတာပါ။ ႀကိဳးေတြ ျပန္စစ္ၾကည့္ေတာ့လည္း ဆက္ထားတာ မွန္ပါတယ္။ Pcb ေပၚက dip switch ေတြျပန္တိုက္ၾကည့္ေတာ့လည္း board အေဟာင္း မွာရွိတဲ့ setting အတိုင္းပါဘဲ။ ဒါဆို ဘာလို႔ အလုပ္မလုပ္ေသးတာလဲ။ Mother board ကလည္း အသစ္၊ software version လည္း အတူတူဆိုေတာ့ စဥ္းစားရ ၾကပ္သြားပါၿပီ။ အမ်ဳိးမ်ဳိး စမ္းၾကည့္တာလည္း မရပါဘူး။ ေနာက္မွ relay board ကို အျပန္ျပန္ အလွန္လွန္ ေသခ်ာၾကည့္ပါတယ္။ အဲဒီေတာ့မွ ျဖစ္ေတာင့္ျဖစ္ခဲ အျပစ္တစ္ခု သြားေတြ႕ပါတယ္။


Dip switch ေတြရဲ႕ အနီေရာင္ ခုံေလးက ေျပာင္းျပန္ျဖစ္ေနပါတယ္။ PCB မွာ ေရးထားတာက ON position က ညာဘက္မွာပါ။ အနီေရာင္ ခုံေပၚမွာ ေတြ ON ဆိုတဲ့ စာတန္းေလးက ဘယ္ဘက္မွာ ေရာက္ေနပါတယ္။ ေသခ်ာေအာင္ relay board အေဟာင္း နဲ႔ ယွဥ္ၾကည့္ေတာ့ အေဟာင္းနဲ႔ အသစ္ ေျပာင္းျပန္ျဖစ္ေနတာ ေတြ႕ရပါတယ္။ ဒါကေတာ့ PCB ဆင္တဲ့ manufacturer ရဲ႕ အမွားပါ။ Dip sw ခုံကို ေျပာင္းျပန္ တပ္ထားေတာ့ ညာဘက္ထားယင္ open ျဖစ္ၿပီး ဘယ္ဘက္ထားေတာ့ close ျဖစ္ေနတာေပါ့။ ဒါနဲ႔ Dip Sw setting ကို original နဲ႔ ေျပာင္းျပန္ set လုပ္လိုက္ၿပီး ျပန္စမ္းပါတယ္။ 
အခုေတာ့ အားလုံး အဆင္ေျပသြားပါၿပီ။  ပိုက္ေတြ အကုန္ျပန္တပ္၊ Auto /Manual mode မ်ဳိးစုံ စမ္းၿပီး ကုန္းခ်ဳပ္ကို ျပပါတယ္။ ေနာက္ calibration အတြက္ span gas ဝယ္ထားဖို႔ ေျပာထားခဲ့ပါတယ္။ 
တစ္ခါတေလ မထင္မွတ္ထားတဲ့ ျပႆနာေလးေတြ ရွိတတ္တာ ေစ့ေစ့စပ္စပ္ ၾကည့္ဖို႔ လိုပါတယ္။ ၾကဳံလို႔ ေျပာရယင္ dip sw ေလးေတြက သူ႔ position မွာ ရွိတယ္ထင္ရေပမဲ့ ေသခ်ာ မက်တာမ်ဳိးေတြ မၾကာခဏ ၾကဳံုရတတ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ မ်က္ျမင္သာမက ေသခ်ာေအာင္ on/off ေရႊ႕ၾကည့္တာ လုပ္ေလ့ရွိပါတယ္။ Run ေနတဲ့ အခ်ိန္မွာေတာ့ မေရႊ႕သင့္ပါဘူး။ အားလုံး အဆင္ေျပၾကပါေစ။

[Unicode]

 ဒီပြဿနာကတော့ Tanker တစ်စီးမှာ ဖြစ်ခဲ့တာပါ။ သူများလုပ်လက်စကို follow up လုပ်ပေးရတာပါ။ ပြဿနာရဲ့ အစက Gas Detection System အလုပ်မလုပ်တာပါ။ ပြီးခဲ့တဲ့ ၆ လလောက်က ကုလား technician နှစ်ယောက် တက်စစ်ခဲ့ပြီး Control main board နဲ့ relay board အသစ်မှာခိုင်း ခဲ့တယ်ဆိုပါတယ်။ အခု board အသစ်တွေ လဲပြီးချိန်မှာ အလုပ်မလုပ်သေးလို့ သွားစစ်ပေးရပါတယ်။ ကျွန်တော်နဲ့ အတူ အယင်တက်ဖူးတဲ့ ကုလား တစ်ယောက် လိုက်လာပါတယ်။
သင်္ဘောပေါ်ရောက်တော့ အဖြူ ဓာတ်ကြိုးတစ်ယောက်က ပြောပြပါတယ်။ Board နှစ်ခုလုံး လဲထားပြီးပြီ။ System စပြီး ခဏလောက်မှာ Alarm တက်လာပြီး ရပ်သွားတယ်တဲ့။ HC gas sensor ရဲ့ current ကလည်း 0 mA ဘဲ ပြတယ်တဲ့။ သူပြောတာမှတ်ထားပြီး စက်ကို လိုက်ကြည့်ပါတယ်။
System က Omicron ရဲ့ OGS 3.0 ပါ။ Ballast tank တွေရဲ့ Hydrocarbon (HC) gas ကို detect လုပ်ပေးတာပါ။ ဒီစံနစ်က gas sensor တွေကို field site တွေမှာ ထားတဲ့ စံနစ်မျိုး မဟုတ်ပါဘူး။ ဗဟို control cabinet ထဲမှာ gas sensor တစ်ခုဘဲထားပါတယ်။ Field detection point တစ်ခုစီက လေကိုစုပ်ယူပြီး gas sensor ထဲကို အလှည့်ကျ ဖြတ်သွားစေတဲ့ နည်းပါ။ တစ်ချို့ သင်္ဘောတွေမှာတော့ pump room ထဲက HC နဲ့ O2 ကိုပါတိုင်းပါတယ်။ အဲဒါမျိုးကျတော့ Gas sensor တစ်ခုထက် ပိုသုံးရပါတယ်။ တိုင်းတဲ့ Gas အမျိုးအစား မတူလို့ပါ။ ဒီသင်္ဘောကတော့ HC sensor တစ်ခုဘဲရှိတော့ ပိုရှင်းပါတယ်။
ဒီစံနစ်ရဲ့ အဓိက control panel ဖြစ်တဲ့ Detector Cabinet က foam room ထဲမှာရှိပါတယ်။ User interface ဖြစ်တဲ့ Alarm/Control Cabinet ကတော့ CCR မှာပါ။ Power ဖွင့်လိုက်တော့ initialize လုပ်ပါတယ်။ မပြီးခင်မှာ sample flow error တက်လာပြီး ရပ်သွားပါတယ်။ ဒါနဲ့ အောက်ထပ်ကိုဆင်း Detector Cabinet ကိုသွားကြည့်ပါတယ်။ Field ဘက်က လေပိုက်ပိတ်တဲ့ ပြဿနာတွေ နဲ့ မရောအောင်လို့ cabinet အဝင် sample ပိုက်တွေ အကုန် ဖြုတ်ထားလိုက်ပါတယ်။ Detector Cabinet ချည်း အလုပ် လုပ်၊မလုပ် စမ်းကြည့်ပါမယ်။ ပိုက်ဖြုတ်ပြီးတာနဲ့ နောက်တစ်ခေါက် ပြန်စကြည့်ပါတယ်။ အတူတူပါဘဲ။ Initialization အဆင့်မှာ flow error တက်ပါတယ်။ ဒီစံနစ်မှာ vacuum pump နှစ်လုံးရှိပါတယ်။ ပထမ main pump တစ်လုံးက field sensing point တွေက sample air ကို cabinet ထဲက manifold ထိရောက်အောင် အမြဲ စုပ်ယူထားပါတယ်။ ပြီးမှ နောက် sample pump အသေးတစ်လုံးက manifold ထဲက sample air ကို gas sensor အရောက်ပို့ပေးတာပါ။ Manifold ပေါ်မှာ solenoid အတန်းလိုက် ရှိပြီး တစ်ကြိမ်မှာ sensing point တစ်ခုအတွက် ဖွင့်ပေးပါတယ်။ Gas sensor ဆီသွားတဲ့ line မှာ flow meter တစ်ခုရှိပြီး T-joint နဲ့ ဆက်ထားတဲ့ tubing ပိုက်ကလေးတစ်ခုက control board ပေါ်က pressure sensor ကို ဆက်ထားပါတယ်။ ဆက်မစစ်ခင် အယင် ဆက်ထားတဲ့ ကြိုးတွေ မှန်၊ မမှန် drawing နဲ့ တိုက်ပြီး စစ်ကြည့်ပါတယ်။ ၆ လအတွင်း လူတော်တော်များများ ကိုင်ထားတာဆိုတော့ ကြိုးဆက်တာ အမှားအယွင်း ရှိနိုင်ပါတယ်။ ထင်တဲ့အတိုင်းဘဲ gas sensor ကြိုးက connector နှစ်ထပ်ရှိတာကို အပေါ်အောက် မှားပြီး တပ်ထားတာ တွေ့ရပါတယ်။ ဓာတ်ကြိုးပြောတဲ့ sensor မှာ 0mA ထွက်တာ ဒါကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ကယ်ဆိုယင် 0 mA မဖြစ်သင့်ပါဘူး။ အနည်းဆုံး 4 mA ရှိရပါမယ်။ 4-20 mA signal ထုတ်ပေးမှာ မဟုတ်လား။ အမှန်အတိုင်း ပြန်တပ်လိုက်ပါတယ်။ 
အခု flow error တက်တဲ့ ကိစ္စကတော့ ဒါနဲ့ မဆိုင်ပါဘူး။ စက် စဖွင့်စမှာ flow meter ပြတဲ့ ball လေးက တစ်ချက်လှုပ်သွားတာ တွေ့ရပြီး ဆက် run တဲ့ အချိန်မှာ 0 ဘဲပြနေတာ သတိထားမိပါတယ်။ ဒီတော့ တစ်ကယ် flow မရှိတဲ့ သဘောပါ။ သေချာအောင် ပြန် run ပြီး flow meter မှာပါတဲ့ flow rate ညှိတဲ့ knob လေးနဲ့ ကြိုးစား ညှိကြည့်ပေမဲ့ မရပါဘူး။ ဖြစ်နိုင်ခြေတွေ တစ်ခုစီ စစ်ကြည့်ပါမယ်။ ပထမ sample pump ကောင်း၊ မကောင်း သိဖို့ အဝင်ပိုက်လေးကို ဖြုတ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ အဝင်လေစုပ်နေတာ လက်နဲ့စမ်းကြည့်လို့ တွေ့ရပါတယ်။ Flow meter ရဲ့ ball လေးလည်း တက်သွားပါပြီ။ 150 ml/ min လောက် ညှိကြည့်တော့ stable ဖြစ်နေပါတယ်။ ဒါဆိုယင် pump ကောင်းတယ်။ အဝင်လိုင်း ပိတ်နေလို့ဆိုတာ ကောက်ချက်ချနိုင်ပါပြီ။ အဝင်လိုင်းကလည်း manifold နဲ့ solenoid တွေဘဲရှိတော့တယ်။ သူ့ရှေ့က field အဝင် ပိုက်တွေ ဖြုတ်ထားတယ် မဟုတ်လား။ Drawing အရ (ပုံ ကြည့်ပါ။) control solenoid က P1, P2, P3 ဖြစ်ပြီး relay board တစ်ခုက ထိန်းချုပ် ပေးပါတယ်။ နောက် M1-M12 solenoid တွေက sample point တစ်ခုစီအတွက်ဖြစ်ပြီး နောက်ထပ် relay board တစ်ခုက ထိန်းချုပ်ထားပါတယ်။
P1 က manifold ဆီက sample air ကိုယူပါတယ်။ P2 က calibration span gas ကို ဖွင့်၊ ပိတ် လုပ်ပေးပါတယ်။ P3 ကတော့ purging အတွက် compressed air အဝင်လိုင်းကို ယူထားတာပါ။ လက်ရှိ span gas bottle ရဲ့ အထွက် valve က ဖွင့်ထားပြီး pressure က 0 ဘဲ ရှိပါတော့တယ်။ ဆိုလိုတာက span gas ကုန်နေပါပြီ။ Initialization အဆင့်မှာ manifold ဆီက sample air ယူပြီး gas sensor ဆီပို့ပေးရမှာဆိုတော့ P2 နဲ့ P3 off ဖြစ်ပြီး P1 on ရပါမယ်။ နောက်တစ်ဆင့်မှာမှ M1 - M12 တစ်ခုပြီးတစ်ခု on ရမှာပါ။ ပြန်စပြီး သေချာ စောင့်ကြည့်ပါတယ်။ အဲဒီမှာ P2 က စပြီး on တာတွေ့ရပါတယ်။ Sequence လွဲနေပါတယ်။ ဒါနဲ့ ကြိုးတွေ လိုက်ကြည့်တော့ relay board မှာ P1 နဲ့ P2 ကြိုး ပြောင်းပြန်ဆက်ထားတာ တွေ့ရပါတယ်။ ကြိုးတွေက နံပါတ်မပါဘဲ အရောင်နဲ့ ဆိုတော့ မှားဆက်မိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် initialize လုပ်တိုင်း span gas အိုးထဲက gas တွေ စုပ်ထုတ်နေတော့ ကုန်သွားတာ ဖြစ်မယ်ထင်ပါတယ်။ gas ကုန်သွားတော့ flow မရှိနိုင်တော့တာ ဖြစ်နိုင်ပါတယ်။ ဒါက ဒုတိယမြောက် တွေ့ရတဲ့ အမှား ( human error) ပါ။
P1, P2 ကြိုးနှစ်ချောင်းကို အမှန်အတိုင်း ပြန်ဆက်၊ sample pump အဝင် ပိုက်ကိုလည်း ပြန်ဆက်ပြီး ထပ်စမ်းကြည့်ပါတယ်။ ဒီတစ်ခါ initialization အဆင့်မှာ Alarm မတက်ဘဲ ပြီးသွားပါတယ်။ နောက် auto mode ဖြစ်တဲ့အတွက် sample point တစ်ခုစီ ယူတဲ့ အဆင့်မှာ M1-M12 ဘယ် solenoid မှ အလုပ်မလုပ်သလို relay board မှာ လည်း အလုပ်မလုပ်ပါဘူး။ Relay board မှာ power led လင်းနေသလို တိုင်းကြည့်တော့လည်း power supply 24VDC ရှိပါတယ်။ အခု sample solenoid အလုပ်မလုပ်တဲ့အတွက် ပထမဆုံး sample ဖြစ်တဲ့ Ballast Tank 1 Port sample error alarm တက်လာပါတယ်။ Manual mode ပြောင်းပြီး တစ်ခြား sample point (tank) တွေပြောင်းစမ်းတော့လည်း အတူတူပါဘဲ။ ဘယ် relay မှ အလုပ် မလုပ်ပါဘူး။ ဒီ relay board ကလည်း အသစ်လဲထားတာပါ။ ကြိုးတွေ ပြန်စစ်ကြည့်တော့လည်း ဆက်ထားတာ မှန်ပါတယ်။ Pcb ပေါ်က dip switch တွေပြန်တိုက်ကြည့်တော့လည်း board အဟောင်း မှာရှိတဲ့ setting အတိုင်းပါဘဲ။ ဒါဆို ဘာလို့ အလုပ်မလုပ်သေးတာလဲ။ Mother board ကလည်း အသစ်၊ software version လည်း အတူတူဆိုတော့ စဉ်းစားရ ကြပ်သွားပါပြီ။ အမျိုးမျိုး စမ်းကြည့်တာလည်း မရပါဘူး။ နောက်မှ relay board ကို အပြန်ပြန် အလှန်လှန် သေချာကြည့်ပါတယ်။ အဲဒီတော့မှ ဖြစ်တောင့်ဖြစ်ခဲ အပြစ်တစ်ခု သွားတွေ့ပါတယ်။ Dip switch တွေရဲ့ အနီရောင် ခုံလေးက ပြောင်းပြန်ဖြစ်နေပါတယ်။ PCB မှာ ရေးထားတာက ON position က ညာဘက်မှာပါ။ အနီရောင် ခုံပေါ်မှာ တွေ ON ဆိုတဲ့ စာတန်းလေးက ဘယ်ဘက်မှာ ရောက်နေပါတယ်။ သေချာအောင် relay board အဟောင်း နဲ့ ယှဉ်ကြည့်တော့ အဟောင်းနဲ့ အသစ် ပြောင်းပြန်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကတော့ PCB ဆင်တဲ့ manufacturer ရဲ့ အမှားပါ။ Dip sw ခုံကို ပြောင်းပြန် တပ်ထားတော့ ညာဘက်ထားယင် open ဖြစ်ပြီး ဘယ်ဘက်ထားတော့ close ဖြစ်နေတာပေါ့။ ဒါနဲ့ Dip Sw setting ကို original နဲ့ ပြောင်းပြန် set လုပ်လိုက်ပြီး ပြန်စမ်းပါတယ်။ 
အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။  ပိုက်တွေ အကုန်ပြန်တပ်၊ Auto /Manual mode မျိုးစုံ စမ်းပြီး ကုန်းချုပ်ကို ပြပါတယ်။ နောက် calibration အတွက် span gas ဝယ်ထားဖို့ ပြောထားခဲ့ပါတယ်။ 
တစ်ခါတလေ မထင်မှတ်ထားတဲ့ ပြဿနာလေးတွေ ရှိတတ်တာ စေ့စေ့စပ်စပ် ကြည့်ဖို့ လိုပါတယ်။ ကြုံလို့ ပြောရယင် dip sw လေးတွေက သူ့ position မှာ ရှိတယ်ထင်ရပေမဲ့ သေချာ မကျတာမျိုးတွေ မကြာခဏ ကြုုံရတတ်ပါတယ်။ ကျွန်တော်ကတော့ မျက်မြင်သာမက သေချာအောင် on/off ရွှေ့ကြည့်တာ လုပ်လေ့ရှိပါတယ်။ Run နေတဲ့ အချိန်မှာတော့ မရွှေ့သင့်ပါဘူး။ အားလုံး အဆင်ပြေကြပါစေ။

Tuesday, 19 December 2017

Generator (၁၁-ဃ) - No Output Voltage


[Zawgyi]
ဒီတစ္ခါ passenger သေဘၤာ တစ္စီးက အေတြ႕အၾကဳံပါ။ အစက ကၽြန္ေတာ္တို႔ ႐ုံးက တစ္ဖြဲ႕ သြားၿပီး deck generator ကို chemical cleaning သြားလုပ္ၾကပါတယ္။ Chemical cleaning လုပ္ေတာ့ generator ထိပ္ဘက္က အဖုံးဖြင့္၊ rotating rectifier plate ျဖဳတ္၊ chemical ကို pressure နဲ႔ မႈတ္ၿပီး winding ေတြကို clean လုပ္တာပါ။ ၿပီးမွ vanish မႈတ္၊ hot blower မႈတ္ၿပီး အေျခာက္ခံတာပါ။ သူတို႔နဲ႔အတူ အိျႏၵိယကုလား electrician တစ္ေယာက္လိုက္ကူေပးပါတယ္။ လိုအပ္တဲ့ control cable ေတြကို သူကကူၿပီး ျဖဳတ္၊ တပ္ လုပ္ေပး ပါတယ္။ ေနာက္ ၃ ရက္ေလာက္ေနေတာ့ generator ျပန္စတာ voltage မထြက္ေတာ့လို႔ ကၽြန္ေတာ့္ကို လိုက္ၾကည့္ေပးဘို႔ ေခၚတာနဲ႔ လိုက္သြား ရပါတယ္။ 
က်န္တဲ့ အဖြဲ႕ေတြ ျပန္သြားၾကပါၿပီ။ ကၽြန္ေတာ္နဲ႔ mechanical section က philippino တစ္ေယာက္နဲ႔ စစ္ၾကပါတယ္။ Generator အမ်ဳိးအစားက Meccalte ပါ။ 1200 kVA ေလာက္ ရွိပါတယ္။ အစဆုံး AVR အဝင္အထြက္ ႀကိဳးေတြ မွန္ရဲ႕လား စစ္ၾကည့္ပါတယ္။  ေနာက္ rotating rectifier ႀကိဳးေတြ စစ္ၾကည့္ပါတယ္။ 
Megger တိုင္းၾကည့္ေတာ့ 0.3 MOhm ေလာက္ဘဲရွိလို႔ ေလပူ နဲ႔ မႈတ္ၿပီး ထားပါတယ္။ Chemical clean လုပ္ၿပီးစမွာ moisture ရွိေတာ့ low insulation ျဖစ္ေလ့ရွိပါတယ္။
အေတာ္ေလးၾကာလို႔ Megger ျပန္တိုင္းၾကည့္ေတာ့ 20 MOhm ေလာက္ရွိသြားပါၿပီ။ အဲဒီေတာ့မွ စက္ေမာင္းခိုင္းၿပီး output voltage ကို ေစာင့္ၾကည့္ပါတယ္။ 0V ဘဲထြက္ပါတယ္။ ျဖစ္ႏိုင္ေခ်တစ္ခုက residual magnetism ေပ်ာက္သြားတာပါ။ ဒါေၾကာင့္ field flashing လုပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ Portable 9V battery မပါလာလို႔ သူတို႔ engine starting မွာသုံးတဲ့ battery ေတြနဲ႔ excitation ေပးဖို႔ ျပင္ဆင္ပါတယ္။ Wire ႀကိဳး အေသး ၂ ေခ်ာင္းကို AVR အထြက္ F+, F- နဲ႔ ဆက္လိုက္ပါတယ္။ ၿပီးေတာ့ 12 V battery ရဲ႕ terminal ေတြနဲ႔ ဆက္လို႔ရေအာင္ အဆင္သင့္ လုပ္ထားပါတယ္။ ေနာက္ၿပီး စက္ကို ေမာင္းခိုင္းလိုက္ပါတယ္။ Idle speed ကေန rated speed တင္ၿပီး RPM 1500 ျပည့္တဲ့ အခ်ိန္မွာ ေစာေစာက excitation coil နဲ႔ ဆက္ထားတဲ့ ႀကိဳးႏွစ္ေခ်ာင္းကို + , - မွန္ေအာင္ 12V battery နဲ႔ ဆက္ေပးလိုက္ေတာ့ 400V ထြက္ပါတယ္။ ျပန္လႊတ္လိုက္ေတာ့ voltage ျပန္က်သြားပါတယ္။
ဒီ generator က AVR နဲ႔ voltage build up လုပ္ေပးတဲ့ အမ်ဳိးအစားပါ။ အခု field flashing  လုပ္ေပးတဲ့ အခ်ိန္မွာ voltage တက္လာတယ္ဆိုေတာ့ generator အပိုင္းကေကာင္းေနတဲ့ သေဘာပါ။ ဒါဆိုယင္ AVR က excitation ထုတ္မေပးတာေပါ့။ AVR က ဘာလို႔ excitation မထြက္တာလဲ ဆိုတာ ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားၾကည့္ပါတယ္။ ၁) AVR မေကာင္းလို႔လား ၂) AVR power supply မရလို႔လား။ ၃) AVR ရဲ႕ interlock ေတြက ျဖတ္ခ်ေနလို႔လား။ တစ္ခုခုေပါ့။
 AVR ေကာင္းမေကာင္း မသိႏိုင္ခင္ အလြယ္စစ္လို႔ရတဲ့ AVR ေပၚက fuse ကိုစစ္ၾကည့္ေတာ့ ျပတ္ေနတာ ေတြ႕ပါတယ္။ ဒါနဲ႔ F+, F- ႀကိဳးကို ျဖဳတ္ၿပီး short ရွိမရွိ တိုင္းၾကည့္ေတာ့လည္း ေကာင္းပါတယ္။ Ground နဲ႔ Megger test လုပ္ေတာ့လည္း clear ျဖစ္တယ္ဆိုေတာ့ fuse လဲၿပီး ျပန္စမ္းၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါနဲ႔ Ampere တူတဲ့ fuse လဲတပ္လိုက္ပါတယ္။ ၿပီးတာနဲ႔ စက္ေမာင္းလိုက္ေတာ့ fuse ျပတ္သြားပါတယ္။ ဒါနဲ႔ ေသခ်ာေအာင္ exciter ကိုစစ္ၾကည့္ေတာ့ rotating rectifier ထဲက diode အထြက္ ႀကိဳးတစ္ေခ်ာင္းက diode ရဲ႕ နႈတ္ခမ္းသားနဲ႔ ထိေပါက္ၿပီး arc ျဖစ္ထားတဲ့ အရာေတြ႕ရပါတယ္။ ေတြ႕တဲ့ အခ်ိန္မွာေတာ့ ထိေန၊ short circuit ျဖစ္ေနတာ မရွိဘဲ လြတ္ေနပါတယ္။ External excitation ေပးလို႔ output voltage ထြက္တဲ့အတြက္ diode ေကာင္းမယ္လို႔ ယူဆပါတယ္။ ေသခ်ာေအာင္ diode ကို connection ျဖဳတ္ၿပီး diode ကို စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။
Insulation tape နဲ႔ ေသခ်ာေအာင္ပတ္၊ ျပန္တပ္ၿပီး ႀကိဳးေတြမထိေအာင္ေသခ်ာစီစဥ္ လိုက္ပါတယ္။ Fuse လဲၿပီး ထပ္စမ္းၾကည့္ေတာ့လည္း ထပ္ျပတ္ပါတယ္။
ဒါနဲ႔ ျပန္စဥ္းစားၾကည့္ပါတယ္။ Excitation current ကဘဲ ျမင့္ေနလို႔လား၊ AVR ထဲက မေကာင္းတာလား ကြဲျပားေအာင္ လုပ္ရပါေတာ့မယ္။ အလြယ္ဆုံးျဖစ္တဲ့ AVR excitation output ျဖစ္တဲ့ F+ , F- ႀကိဳးႏွစ္ေခ်ာင္းကို ျဖဳတ္လိုက္ပါတယ္။ ေနာက္တစ္ေခါက္ စက္ေမာင္းၾကည့္ေတာ့ fuse ထပ္ၿပီး ျပတ္ပါတယ္။ ဒီေတာ့ AVR မေကာင္းလို႔ဆိုတာ ဆုံးျဖတ္ႏိုင္ပါၿပီ။
ေသခ်ာေအာင္လို႔ battery နဲ႔ externally excitation ေပးၿပီး ထပ္စမ္းပါတယ္။ ဒီတစ္ခါ excitation current ကို တိုင္းထားၾကည့္ပါတယ္။ 400V output ထြက္တဲ့အခ်ိန္မွာ 2.4A ဘဲရွိပါတယ္။ သူ႔ name plate မွာရွိတဲ့ spec 2.6A အရ current မမ်ားပါဘူး။
ေနာက္တစ္ခုက ဒီ generator မွာ AVR ကို Auxiliary Winding ကေန power ေပးထားတာ ျဖစ္တဲ့အတြက္ ေသခ်ာေအာင္ Aux winding ကို open / short ရွိမရွိ တိုင္းၾကည့္ပါတယ္။ အဲဒါလည္း ေကာင္းေနပါတယ္။
ဒီေတာ့ စက္ခ်ဳပ္ကို အက်ဳိးအေၾကာင္း ရွင္းျပၿပီး ႐ုံးကို လွမ္းေျပာထားလိုက္ပါတယ္။ ဒီ AVR မ်ဳိး  spare ရွာထားဖို႔ေပါ့။ ျဖစ္ႏိုင္တဲ့ root cause ကို ေတြးၾကည့္ရယင္ ပထမ rectifier plate ျဖဳတ္၊ တပ္လုပ္တုန္းက မေသသပ္တဲ့အတြက္ diode ႀကိဳး မထိတထိ short ျဖစ္ၿပီး AVR ထိသြားတာ ျဖစ္ပါလိမ့္မယ္။ ေနာက္ external excitation ေပးတဲ့အခ်ိန္မွာ diode ႀကိဳးက ျပန္လြတ္သြားလို႔ output voltage ထြက္ႏိုင္တာ ျဖစ္မယ္လို႔ ဟူဆပါတယ္။
ေနာက္ရက္ AVR အသစ္ယူသြားၿပီး လဲေပးလိုက္ပါတယ္။ စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပပါတယ္။ Voltage လည္း ပုံမွန္ထြက္ပါတယ္။ Voltage / Frequency Hunting မရွိပါဘူး။ Load နဲ႔ စက္ခ်ဳပ္စိတ္ႀကိဳက္ စမ္းေပးခဲ့ပါတယ္။

[Unicode]
ဒီတစ်ခါ passenger သင်္ဘော တစ်စီးက အတွေ့အကြုံပါ။ အစက ကျွန်တော်တို့ ရုံးက တစ်ဖွဲ့ သွားပြီး deck generator ကို chemical cleaning သွားလုပ်ကြပါတယ်။ Chemical cleaning လုပ်တော့ generator ထိပ်ဘက်က အဖုံးဖွင့်၊ rotating rectifier plate ဖြုတ်၊ chemical ကို pressure နဲ့ မှုတ်ပြီး winding တွေကို clean လုပ်တာပါ။ ပြီးမှ vanish မှုတ်၊ hot blower မှုတ်ပြီး အခြောက်ခံတာပါ။ သူတို့နဲ့အတူ အိန္ဒြိယကုလား electrician တစ်ယောက်လိုက်ကူပေးပါတယ်။ လိုအပ်တဲ့ control cable တွေကို သူကကူပြီး ဖြုတ်၊ တပ် လုပ်ပေး ပါတယ်။ နောက် ၃ ရက်လောက်နေတော့ generator ပြန်စတာ voltage မထွက်တော့လို့ ကျွန်တော့်ကို လိုက်ကြည့်ပေးဘို့ ခေါ်တာနဲ့ လိုက်သွား ရပါတယ်။
ကျန်တဲ့ အဖွဲ့တွေ ပြန်သွားကြပါပြီ။ ကျွန်တော်နဲ့ mechanical section က philippino တစ်ယောက်နဲ့ စစ်ကြပါတယ်။ Generator အမျိုးအစားက Meccalte ပါ။ 1200 kVA လောက် ရှိပါတယ်။ အစဆုံး AVR အဝင်အထွက် ကြိုးတွေ မှန်ရဲ့လား စစ်ကြည့်ပါတယ်။  နောက် rotating rectifier ကြိုးတွေ စစ်ကြည့်ပါတယ်။ Megger တိုင်းကြည့်တော့ 0.3 MOhm လောက်ဘဲရှိလို့ လေပူ နဲ့ မှုတ်ပြီး ထားပါတယ်။ Chemical clean လုပ်ပြီးစမှာ moisture ရှိတော့ low insulation ဖြစ်လေ့ရှိပါတယ်။
အတော်လေးကြာလို့ Megger ပြန်တိုင်းကြည့်တော့ 20 MOhm လောက်ရှိသွားပါပြီ။ အဲဒီတော့မှ စက်မောင်းခိုင်းပြီး output voltage ကို စောင့်ကြည့်ပါတယ်။ 0V ဘဲထွက်ပါတယ်။ ဖြစ်နိုင်ချေတစ်ခုက residual magnetism ပျောက်သွားတာပါ။ ဒါကြောင့် field flashing လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ Portable 9V battery မပါလာလို့ သူတို့ engine starting မှာသုံးတဲ့ battery တွေနဲ့ excitation ပေးဖို့ ပြင်ဆင်ပါတယ်။ Wire ကြိုး အသေး ၂ ချောင်းကို AVR အထွက် F+, F- နဲ့ ဆက်လိုက်ပါတယ်။ ပြီးတော့ 12 V battery ရဲ့ terminal တွေနဲ့ ဆက်လို့ရအောင် အဆင်သင့် လုပ်ထားပါတယ်။ နောက်ပြီး စက်ကို မောင်းခိုင်းလိုက်ပါတယ်။ Idle speed ကနေ rated speed တင်ပြီး RPM 1500 ပြည့်တဲ့ အချိန်မှာ စောစောက excitation coil နဲ့ ဆက်ထားတဲ့ ကြိုးနှစ်ချောင်းကို + , - မှန်အောင် 12V battery နဲ့ ဆက်ပေးလိုက်တော့ 400V ထွက်ပါတယ်။ ပြန်လွှတ်လိုက်တော့ voltage ပြန်ကျသွားပါတယ်။
ဒီ generator က AVR နဲ့ voltage build up လုပ်ပေးတဲ့ အမျိုးအစားပါ။ အခု field flashing  လုပ်ပေးတဲ့ အချိန်မှာ voltage တက်လာတယ်ဆိုတော့ generator အပိုင်းကကောင်းနေတဲ့ သဘောပါ။ ဒါဆိုယင် AVR က excitation ထုတ်မပေးတာပေါ့။ AVR က ဘာလို့ excitation မထွက်တာလဲ ဆိုတာ ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်ပါတယ်။ ၁) AVR မကောင်းလို့လား ၂) AVR power supply မရလို့လား။ ၃) AVR ရဲ့ interlock တွေက ဖြတ်ချနေလို့လား။ တစ်ခုခုပေါ့။
 AVR ကောင်းမကောင်း မသိနိုင်ခင် အလွယ်စစ်လို့ရတဲ့ AVR ပေါ်က fuse ကိုစစ်ကြည့်တော့ ပြတ်နေတာ တွေ့ပါတယ်။ ဒါနဲ့ F+, F- ကြိုးကို ဖြုတ်ပြီး short ရှိမရှိ တိုင်းကြည့်တော့လည်း ကောင်းပါတယ်။ Ground နဲ့ Megger test လုပ်တော့လည်း clear ဖြစ်တယ်ဆိုတော့ fuse လဲပြီး ပြန်စမ်းကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါနဲ့ Ampere တူတဲ့ fuse လဲတပ်လိုက်ပါတယ်။ ပြီးတာနဲ့ စက်မောင်းလိုက်တော့ fuse ပြတ်သွားပါတယ်။ ဒါနဲ့ သေချာအောင် exciter ကိုစစ်ကြည့်တော့ rotating rectifier ထဲက diode အထွက် ကြိုးတစ်ချောင်းက diode ရဲ့ နှုတ်ခမ်းသားနဲ့ ထိပေါက်ပြီး arc ဖြစ်ထားတဲ့ အရာတွေ့ရပါတယ်။ တွေ့တဲ့ အချိန်မှာတော့ ထိနေ၊ short circuit ဖြစ်နေတာ မရှိဘဲ လွတ်နေပါတယ်။ External excitation ပေးလို့ output voltage ထွက်တဲ့အတွက် diode ကောင်းမယ်လို့ ယူဆပါတယ်။ သေချာအောင် diode ကို connection ဖြုတ်ပြီး diode ကို စစ်ကြည့်တော့လည်း ကောင်းပါတယ်။ Insulation tape နဲ့ သေချာအောင်ပတ်၊ ပြန်တပ်ပြီး ကြိုးတွေမထိအောင်သေချာစီစဉ် လိုက်ပါတယ်။ Fuse လဲပြီး ထပ်စမ်းကြည့်တော့လည်း ထပ်ပြတ်ပါတယ်။
ဒါနဲ့ ပြန်စဉ်းစားကြည့်ပါတယ်။ Excitation current ကဘဲ မြင့်နေလို့လား၊ AVR ထဲက မကောင်းတာလား ကွဲပြားအောင် လုပ်ရပါတော့မယ်။ အလွယ်ဆုံးဖြစ်တဲ့ AVR excitation output ဖြစ်တဲ့ F+ , F- ကြိုးနှစ်ချောင်းကို ဖြုတ်လိုက်ပါတယ်။ နောက်တစ်ခေါက် စက်မောင်းကြည့်တော့ fuse ထပ်ပြီး ပြတ်ပါတယ်။ ဒီတော့ AVR မကောင်းလို့ဆိုတာ ဆုံးဖြတ်နိုင်ပါပြီ။
သေချာအောင်လို့ battery နဲ့ externally excitation ပေးပြီး ထပ်စမ်းပါတယ်။ ဒီတစ်ခါ excitation current ကို တိုင်းထားကြည့်ပါတယ်။ 400V output ထွက်တဲ့အချိန်မှာ 2.4A ဘဲရှိပါတယ်။ သူ့ name plate မှာရှိတဲ့ spec 2.6A အရ current မများပါဘူး။
နောက်တစ်ခုက ဒီ generator မှာ AVR ကို Auxiliary Winding ကနေ power ပေးထားတာ ဖြစ်တဲ့အတွက် သေချာအောင် Aux winding ကို open / short ရှိမရှိ တိုင်းကြည့်ပါတယ်။ အဲဒါလည်း ကောင်းနေပါတယ်။
ဒီတော့ စက်ချုပ်ကို အကျိုးအကြောင်း ရှင်းပြပြီး ရုံးကို လှမ်းပြောထားလိုက်ပါတယ်။ ဒီ AVR မျိုး  spare ရှာထားဖို့ပေါ့။ ဖြစ်နိုင်တဲ့ root cause ကို တွေးကြည့်ရယင် ပထမ rectifier plate ဖြုတ်၊ တပ်လုပ်တုန်းက မသေသပ်တဲ့အတွက် diode ကြိုး မထိတထိ short ဖြစ်ပြီး AVR ထိသွားတာ ဖြစ်ပါလိမ့်မယ်။ နောက် external excitation ပေးတဲ့အချိန်မှာ diode ကြိုးက ပြန်လွတ်သွားလို့ output voltage ထွက်နိုင်တာ ဖြစ်မယ်လို့ ဟူဆပါတယ်။
နောက်ရက် AVR အသစ်ယူသွားပြီး လဲပေးလိုက်ပါတယ်။ စမ်းကြည့်တော့ အားလုံး အဆင်ပြေပါတယ်။ Voltage လည်း ပုံမှန်ထွက်ပါတယ်။ Voltage / Frequency Hunting မရှိပါဘူး။ Load နဲ့ စက်ချုပ်စိတ်ကြိုက် စမ်းပေးခဲ့ပါတယ်။

Thursday, 7 December 2017

Generator (၁၁-ဂ) - No Output Voltage

[Zawgyi]
ဒီတစ္ခါ အေတြ႕အၾကဳံကေတာ့ ကၽြန္ေတာ္ရဲ႕ မေအာင္ျမင္တဲ့ ေျဖရွင္းခ်က္ တစ္ခုပါ။ သခၤန္းစာ ယူႏိုင္ေအာင္ ေရးျပလိုက္ပါတယ္။ Container သေဘၤာတစ္စီးမွာပါ။ Generator output voltage မထြက္တဲ့ ျပႆနာပါဘဲ။ သေဘၤာသား အမ်ားစုက အျဖဴေတြပါ။ ခပ္ငယ္ငယ္ ဓာတ္ႀကိဳးက ရွင္းျပၿပီး ကူလုပ္ေပးပါတယ္။ တ႐ုတ္ စက္-၄ ကလည္း စက္ေမာင္းတဲ့ေနရာမွာ ကူေပးပါတယ္။ Generator က Hyundai အမ်ဳိးအစားပါ။ Compound type ျဖစ္ၿပီး 1800 kW ေလာက္ရွိပါတယ္။ ဓာတ္ႀကိဳးေျပာျပတာေတာ့ မၾကာခင္ကဘဲ Voltage မထြက္တာပါတဲ့။ သူတတ္ႏိုင္သေလာက္ စစ္ၾကည့္ထားပါတယ္တဲ့။ သူေျပာျပတာတစ္ခုက rotating rectifier မွာ ပစၥည္းတစ္ခု ေလာင္ေနတာ ေတြ႕ပါတယ္တဲ့။ ဒါနဲ႔ rotating rectifier ကို အယင္သြားၾကည့္ပါတယ္။ Diode ေတြ တစ္ခုၿပီးတစ္ခု တိုင္းၾကည့္ေတာ့ အကုန္ေကာင္းေနတာေတြ႕ပါတယ္။ ဒါေပမဲ့ varistor ၂ လုံးကေတာ့ ေလာင္ေနတာ ေတြ႕ရပါတယ္။
ဒါနဲ႔ အဲဒီ varistor ႏွစ္ခုလုံးကို ျဖဳတ္လိုက္ၿပီး ျပန္စမ္းၾကည့္ဖို႔ လုပ္ပါတယ္။ တစ္ကယ္ဆိုယင္ varistor ေတြက surge current protection အေနနဲ႔ ထည့္ထားတာပါ။ သူမပါယင္လည္း alternator ရဲ႕ function အေပၚ မသက္ေရာက္ပါဘူး။ Voltage ထြက္မထြက္ စမ္းယုံဘဲဆိုေတာ့ risk နည္းနည္းယူၿပီး စမ္းေမာင္းဘို႔ ဆုံးျဖတ္လိုက္တာပါ။ ျပန္မစမ္းခင္ Megger test တိုင္းၾကည့္ေတာ့ exciter stator, exciter rotor, main stator နဲ႔ main rotor coil ၄ ခုလုံး ေကာင္းပါတယ္။
ဒါေၾကာင့္ ဓာတ္ႀကိဳးနဲ႔ စက္-၄ ရဲ႕ အကူအညီနဲ႔ စက္ေမာင္းၾကည့္ပါတယ္။ Output voltage က မထြက္သေလာက္ပါဘဲ။ 30V ေလာက္ျပပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးေလးက ေျပာပါတယ္။ External excitation ေပးယင္ Volt တက္လာတယ္ ေျပာပါတယ္။ ဒီစက္ရဲ႕ control circuit မွာ (ပုံ ၾကည့္ပါ) external excitation ေပးတဲ့ အပိုင္းပါ ပါတယ္။ 24V supply ကို push button နဲ႔ အဆင္သင့္ေပးထားပါတယ္။
ဒီေတာ့ စက္လည္ေနတုန္းမွာဘဲ ခလုတ္နွိပ္ၿပီး 24V excitation ေပးလိုက္ပါတယ္။ Output voltage က 440V ထိတက္လာပါတယ္။ ျပန္လႊတ္လိုက္ေတာ့ 30V ကို ျပန္က်သြားပါတယ္။ 
ဒီေတာ့ စဥ္းစားရပါၿပီ။ ဒီလို အမ်ဳိးအစား generator ေတြက AVR နဲ႔ voltage build up လုပ္ယူတာမဟုတ္ပါဘူး။ Compound transformer နဲ႔ reactor ေတြသုံးၿပီး excitation circuit ရွိၿပီးသားပါ။ ဒီေတာ့ AVR မပါယင္ output voltage ထြက္ၿပီး ပိုျမင့္ေနေလ့ရွိပါတယ္။ ၿပီးမွ AVR နဲ႔ diversion လုပ္ၿပီး voltage ျပန္ခ်ယူရတာပါ။
ေျပာရယင္ အပိုင္း ၃ ပိုင္း ခြဲစဥ္းစားလို႔ရပါတယ္။ (၁) Generator အပိုင္း၊ (၂) excitation circuit အပိုင္း၊ (၃) voltage regulation အပိုင္းတို႔ ျဖစ္ပါတယ္။ အခု အျပင္ကေန excitation ေပးေတာ့ voltage ထြက္တယ္ ဆိုတဲ့အတြက္ varistor ၂ ခု ေလာင္သြားေပမဲ့ က်န္တဲ့ winding ေတြ rotating rectifier ေတြ စတဲ့ generator အပိုင္းက ေကာင္းတယ္လို႔ ယူဆလိုက္ပါတယ္။ ေနာက္ၿပီး external excitation နဲ႔ field flashing ေပးၿပီး 440V ထြက္ထားတဲ့ အတြက္ residual magnetism ေပ်ာက္တာလည္း မဟုတ္ေတာ့ပါဘူး။ 
ေနာက္ အပိုင္း ၂ ခုမွာ ေသခ်ာ ကြဲျပားေအာင္ voltage regulation အပိုင္း ျဖဳတ္ၾကည့္ဘို႔ လုပ္ပါတယ္။ ဒီေတာ့ AVR နဲ႔ Thyristor (SCR) ကို connection ျဖဳတ္လိုက္ပါတယ္။ၿပီးေတာ့ ေနာက္တစ္ေခါက္ ထပ္စမ္းပါတယ္။ ဒါေပမဲ့ ရလာဒ္က အတူတူပါဘဲ။
 ေနာက္တစ္ခုက de-excitation contact (287X) ရွိေနေသးတယ္။ အဲဒီ contactor နဲ႔ contact point ေတြကိုတိုင္းၾကည့္ေတာ့လည္း ေကာင္းပါတယ္။ ဒီလိုဆိုေတာ့ တစ္ခု ေကာက္ခ်က္ခ်ႏိုင္ပါၿပီ။ AVR circuit မပါဘဲနဲ႔ေတာင္ voltage မထြက္တဲ့အတြက္ excitation circuit မေကာင္းတာ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ။ 
အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးက ဝင္ေျပာပါတယ္။ Excitation circuit ထဲက component ေတြ သူစစ္ၾကည့္ထားတယ္ ေျပာပါတယ္။ သူေျပာမွ နည္းနည္း ပိုစိုးရိမ္သြားၿပီး connection ေတြမွန္မမွန္ drawing နဲ႔ တိုက္ၿပီး ျပန္စစ္ပါတယ္။ အားလုံး ပုံမွန္ပါဘဲ။ ေနာက္ excitation circuit မွာပါတဲ့ reactor coil (L1), capacitor bridge (C1), CT compound transformer (T1,T2,T3), rectifier transformer (T6), rectifier diode bridge (V1)  အဲဒါေတြကို တိုင္းၾကည့္ စစ္ၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ Multimeter နဲ႔ resistance ဘဲ တိုင္းရတာဆိုေတာ့ transformer ေတြ တစ္ကယ္ output ထြက္၊ မထြက္ေတာ့ ေသခ်ာ မသိႏိုင္ပါဘူး။

ေနာက္ေတာ့ varistor အသစ္ ႏွစ္ခုရလာလို႔ ျပန္တပ္ၾကည့္ေတာ့လည္း မထူးပါဘူး။ သေဘၤာ ထြက္ေတာ့မွာမို႔ အေျဖမေပၚဘဲ ျပန္ဆင္းခဲ့ရပါတယ္။ ေနာက္ထပ္ ျပန္တက္ယင္ လဲၾကည့္ဘို႔ လိုအပ္မယ္ထင္တဲ့ excitation circuit ထဲက component ေတြ spare မွာထားဘို႔ ေျပာခဲ့ပါတယ္။
ေနာက္ေတာ့ သေဘၤာ super က အေၾကာင္းၾကားလာပါတယ္။ အဆင္ေျပသြားၿပီတဲ့။ excitation circuit ထဲက loose contact လို႔ေျပာပါတယ္။ ဘာ component မွ မလဲရဘဲ ျပန္ေကာင္းသြားတယ္တဲ့။
ကၽြန္ေတာ္ ေတာ္ေတာ္ေလး ခံစားလိုက္ရပါတယ္။ ကိုယ့္ကိုယ္ကို မေက်နပ္မႈမ်ားနဲ႔ေပါ့။ Component ေတြေကာင္းမေကာင္း အာ႐ုံစိုက္ေနေတာ့ loose connection ကို ေသခ်ာ မစစ္ၾကည့္မိတာပါ။ အားလုံး သတိထားႏိုင္ဘို႔ ဒီစာေလး ေရးလိုက္ရျခင္းပါ။ အဆင္ေျပၾကပါေစ။

[Unicode]

ဒီတစ်ခါ အတွေ့အကြုံကတော့ ကျွန်တော်ရဲ့ မအောင်မြင်တဲ့ ဖြေရှင်းချက် တစ်ခုပါ။ သင်္ခန်းစာ ယူနိုင်အောင် ရေးပြလိုက်ပါတယ်။ Container သင်္ဘောတစ်စီးမှာပါ။ Generator output voltage မထွက်တဲ့ ပြဿနာပါဘဲ။ သင်္ဘောသား အများစုက အဖြူတွေပါ။ ခပ်ငယ်ငယ် ဓာတ်ကြိုးက ရှင်းပြပြီး ကူလုပ်ပေးပါတယ်။ တရုတ် စက်-၄ ကလည်း စက်မောင်းတဲ့နေရာမှာ ကူပေးပါတယ်။ Generator က Hyundai အမျိုးအစားပါ။ Compound type ဖြစ်ပြီး 1800 kW လောက်ရှိပါတယ်။ ဓာတ်ကြိုးပြောပြတာတော့ မကြာခင်ကဘဲ Voltage မထွက်တာပါတဲ့။ သူတတ်နိုင်သလောက် စစ်ကြည့်ထားပါတယ်တဲ့။ သူပြောပြတာတစ်ခုက rotating rectifier မှာ ပစ္စည်းတစ်ခု လောင်နေတာ တွေ့ပါတယ်တဲ့။ ဒါနဲ့ rotating rectifier ကို အယင်သွားကြည့်ပါတယ်။ Diode တွေ တစ်ခုပြီးတစ်ခု တိုင်းကြည့်တော့ အကုန်ကောင်းနေတာတွေ့ပါတယ်။ ဒါပေမဲ့ varistor ၂ လုံးကတော့ လောင်နေတာ တွေ့ရပါတယ်။ ဒါနဲ့ အဲဒီ varistor နှစ်ခုလုံးကို ဖြုတ်လိုက်ပြီး ပြန်စမ်းကြည့်ဖို့ လုပ်ပါတယ်။ တစ်ကယ်ဆိုယင် varistor တွေက surge current protection အနေနဲ့ ထည့်ထားတာပါ။ သူမပါယင်လည်း alternator ရဲ့ function အပေါ် မသက်ရောက်ပါဘူး။ Voltage ထွက်မထွက် စမ်းယုံဘဲဆိုတော့ risk နည်းနည်းယူပြီး စမ်းမောင်းဘို့ ဆုံးဖြတ်လိုက်တာပါ။ ပြန်မစမ်းခင် Megger test တိုင်းကြည့်တော့ exciter stator, exciter rotor, main stator နဲ့ main rotor coil ၄ ခုလုံး ကောင်းပါတယ်။ 
ဒါကြောင့် ဓာတ်ကြိုးနဲ့ စက်-၄ ရဲ့ အကူအညီနဲ့ စက်မောင်းကြည့်ပါတယ်။ Output voltage က မထွက်သလောက်ပါဘဲ။ 30V လောက်ပြပါတယ်။ အဲဒီအချိန်မှာ ဓာတ်ကြိုးလေးက ပြောပါတယ်။ External excitation ပေးယင် Volt တက်လာတယ် ပြောပါတယ်။ ဒီစက်ရဲ့ control circuit မှာ (ပုံ ကြည့်ပါ) external excitation ပေးတဲ့ အပိုင်းပါ ပါတယ်။ 24V supply ကို push button နဲ့ အဆင်သင့်ပေးထားပါတယ်။ ဒီတော့ စက်လည်နေတုန်းမှာဘဲ ခလုတ်နှိပ်ပြီး 24V excitation ပေးလိုက်ပါတယ်။ Output voltage က 440V ထိတက်လာပါတယ်။ ပြန်လွှတ်လိုက်တော့ 30V ကို ပြန်ကျသွားပါတယ်။ 
ဒီတော့ စဉ်းစားရပါပြီ။ ဒီလို အမျိုးအစား generator တွေက AVR နဲ့ voltage build up လုပ်ယူတာမဟုတ်ပါဘူး။ Compound transformer နဲ့ reactor တွေသုံးပြီး excitation circuit ရှိပြီးသားပါ။ ဒီတော့ AVR မပါယင် output voltage ထွက်ပြီး ပိုမြင့်နေလေ့ရှိပါတယ်။ ပြီးမှ AVR နဲ့ diversion လုပ်ပြီး voltage ပြန်ချယူရတာပါ။
ပြောရယင် အပိုင်း ၃ ပိုင်း ခွဲစဉ်းစားလို့ရပါတယ်။ (၁) Generator အပိုင်း၊ (၂) excitation circuit အပိုင်း၊ (၃) voltage regulation အပိုင်းတို့ ဖြစ်ပါတယ်။ အခု အပြင်ကနေ excitation ပေးတော့ voltage ထွက်တယ် ဆိုတဲ့အတွက် varistor ၂ ခု လောင်သွားပေမဲ့ ကျန်တဲ့ winding တွေ rotating rectifier တွေ စတဲ့ generator အပိုင်းက ကောင်းတယ်လို့ ယူဆလိုက်ပါတယ်။ နောက်ပြီး external excitation နဲ့ field flashing ပေးပြီး 440V ထွက်ထားတဲ့ အတွက် residual magnetism ပျောက်တာလည်း မဟုတ်တော့ပါဘူး။ 
နောက် အပိုင်း ၂ ခုမှာ သေချာ ကွဲပြားအောင် voltage regulation အပိုင်း ဖြုတ်ကြည့်ဘို့ လုပ်ပါတယ်။ ဒီတော့ AVR နဲ့ Thyristor (SCR) ကို connection ဖြုတ်လိုက်ပါတယ်။ပြီးတော့ နောက်တစ်ခေါက် ထပ်စမ်းပါတယ်။ ဒါပေမဲ့ ရလာဒ်က အတူတူပါဘဲ။ နောက်တစ်ခုက de-excitation contact (287X) ရှိနေသေးတယ်။ အဲဒီ contactor နဲ့ contact point တွေကိုတိုင်းကြည့်တော့လည်း ကောင်းပါတယ်။ ဒီလိုဆိုတော့ တစ်ခု ကောက်ချက်ချနိုင်ပါပြီ။ AVR circuit မပါဘဲနဲ့တောင် voltage မထွက်တဲ့အတွက် excitation circuit မကောင်းတာ သေချာသလောက် ဖြစ်နေပါပြီ။ 
အဲဒီအချိန်မှာ ဓာတ်ကြိုးက ဝင်ပြောပါတယ်။ Excitation circuit ထဲက component တွေ သူစစ်ကြည့်ထားတယ် ပြောပါတယ်။ သူပြောမှ နည်းနည်း ပိုစိုးရိမ်သွားပြီး connection တွေမှန်မမှန် drawing နဲ့ တိုက်ပြီး ပြန်စစ်ပါတယ်။ အားလုံး ပုံမှန်ပါဘဲ။ နောက် excitation circuit မှာပါတဲ့ reactor coil (L1), capacitor bridge (C1), CT compound transformer (T1,T2,T3), rectifier transformer (T6), rectifier diode bridge (V1)  အဲဒါတွေကို တိုင်းကြည့် စစ်ကြည့်တော့လည်း ကောင်းနေပါတယ်။ Multimeter နဲ့ resistance ဘဲ တိုင်းရတာဆိုတော့ transformer တွေ တစ်ကယ် output ထွက်၊ မထွက်တော့ သေချာ မသိနိုင်ပါဘူး။
နောက်တော့ varistor အသစ် နှစ်ခုရလာလို့ ပြန်တပ်ကြည့်တော့လည်း မထူးပါဘူး။ သင်္ဘော ထွက်တော့မှာမို့ အဖြေမပေါ်ဘဲ ပြန်ဆင်းခဲ့ရပါတယ်။ နောက်ထပ် ပြန်တက်ယင် လဲကြည့်ဘို့ လိုအပ်မယ်ထင်တဲ့ excitation circuit ထဲက component တွေ spare မှာထားဘို့ ပြောခဲ့ပါတယ်။
နောက်တော့ သင်္ဘော super က အကြောင်းကြားလာပါတယ်။ အဆင်ပြေသွားပြီတဲ့။ excitation circuit ထဲက loose contact လို့ပြောပါတယ်။ ဘာ component မှ မလဲရဘဲ ပြန်ကောင်းသွားတယ်တဲ့။
ကျွန်တော် တော်တော်လေး ခံစားလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကို မကျေနပ်မှုများနဲ့ပေါ့။ Component တွေကောင်းမကောင်း အာရုံစိုက်နေတော့ loose connection ကို သေချာ မစစ်ကြည့်မိတာပါ။ အားလုံး သတိထားနိုင်ဘို့ ဒီစာလေး ရေးလိုက်ရခြင်းပါ။ အဆင်ပြေကြပါစေ။