Thursday 7 December 2017

Generator (၁၁-ဂ) - No Output Voltage

[Zawgyi]
ဒီတစ္ခါ အေတြ႕အၾကဳံကေတာ့ ကၽြန္ေတာ္ရဲ႕ မေအာင္ျမင္တဲ့ ေျဖရွင္းခ်က္ တစ္ခုပါ။ သခၤန္းစာ ယူႏိုင္ေအာင္ ေရးျပလိုက္ပါတယ္။ Container သေဘၤာတစ္စီးမွာပါ။ Generator output voltage မထြက္တဲ့ ျပႆနာပါဘဲ။ သေဘၤာသား အမ်ားစုက အျဖဴေတြပါ။ ခပ္ငယ္ငယ္ ဓာတ္ႀကိဳးက ရွင္းျပၿပီး ကူလုပ္ေပးပါတယ္။ တ႐ုတ္ စက္-၄ ကလည္း စက္ေမာင္းတဲ့ေနရာမွာ ကူေပးပါတယ္။ Generator က Hyundai အမ်ဳိးအစားပါ။ Compound type ျဖစ္ၿပီး 1800 kW ေလာက္ရွိပါတယ္။ ဓာတ္ႀကိဳးေျပာျပတာေတာ့ မၾကာခင္ကဘဲ Voltage မထြက္တာပါတဲ့။ သူတတ္ႏိုင္သေလာက္ စစ္ၾကည့္ထားပါတယ္တဲ့။ သူေျပာျပတာတစ္ခုက rotating rectifier မွာ ပစၥည္းတစ္ခု ေလာင္ေနတာ ေတြ႕ပါတယ္တဲ့။ ဒါနဲ႔ rotating rectifier ကို အယင္သြားၾကည့္ပါတယ္။ Diode ေတြ တစ္ခုၿပီးတစ္ခု တိုင္းၾကည့္ေတာ့ အကုန္ေကာင္းေနတာေတြ႕ပါတယ္။ ဒါေပမဲ့ varistor ၂ လုံးကေတာ့ ေလာင္ေနတာ ေတြ႕ရပါတယ္။
ဒါနဲ႔ အဲဒီ varistor ႏွစ္ခုလုံးကို ျဖဳတ္လိုက္ၿပီး ျပန္စမ္းၾကည့္ဖို႔ လုပ္ပါတယ္။ တစ္ကယ္ဆိုယင္ varistor ေတြက surge current protection အေနနဲ႔ ထည့္ထားတာပါ။ သူမပါယင္လည္း alternator ရဲ႕ function အေပၚ မသက္ေရာက္ပါဘူး။ Voltage ထြက္မထြက္ စမ္းယုံဘဲဆိုေတာ့ risk နည္းနည္းယူၿပီး စမ္းေမာင္းဘို႔ ဆုံးျဖတ္လိုက္တာပါ။ ျပန္မစမ္းခင္ Megger test တိုင္းၾကည့္ေတာ့ exciter stator, exciter rotor, main stator နဲ႔ main rotor coil ၄ ခုလုံး ေကာင္းပါတယ္။
ဒါေၾကာင့္ ဓာတ္ႀကိဳးနဲ႔ စက္-၄ ရဲ႕ အကူအညီနဲ႔ စက္ေမာင္းၾကည့္ပါတယ္။ Output voltage က မထြက္သေလာက္ပါဘဲ။ 30V ေလာက္ျပပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးေလးက ေျပာပါတယ္။ External excitation ေပးယင္ Volt တက္လာတယ္ ေျပာပါတယ္။ ဒီစက္ရဲ႕ control circuit မွာ (ပုံ ၾကည့္ပါ) external excitation ေပးတဲ့ အပိုင္းပါ ပါတယ္။ 24V supply ကို push button နဲ႔ အဆင္သင့္ေပးထားပါတယ္။
ဒီေတာ့ စက္လည္ေနတုန္းမွာဘဲ ခလုတ္နွိပ္ၿပီး 24V excitation ေပးလိုက္ပါတယ္။ Output voltage က 440V ထိတက္လာပါတယ္။ ျပန္လႊတ္လိုက္ေတာ့ 30V ကို ျပန္က်သြားပါတယ္။ 
ဒီေတာ့ စဥ္းစားရပါၿပီ။ ဒီလို အမ်ဳိးအစား generator ေတြက AVR နဲ႔ voltage build up လုပ္ယူတာမဟုတ္ပါဘူး။ Compound transformer နဲ႔ reactor ေတြသုံးၿပီး excitation circuit ရွိၿပီးသားပါ။ ဒီေတာ့ AVR မပါယင္ output voltage ထြက္ၿပီး ပိုျမင့္ေနေလ့ရွိပါတယ္။ ၿပီးမွ AVR နဲ႔ diversion လုပ္ၿပီး voltage ျပန္ခ်ယူရတာပါ။
ေျပာရယင္ အပိုင္း ၃ ပိုင္း ခြဲစဥ္းစားလို႔ရပါတယ္။ (၁) Generator အပိုင္း၊ (၂) excitation circuit အပိုင္း၊ (၃) voltage regulation အပိုင္းတို႔ ျဖစ္ပါတယ္။ အခု အျပင္ကေန excitation ေပးေတာ့ voltage ထြက္တယ္ ဆိုတဲ့အတြက္ varistor ၂ ခု ေလာင္သြားေပမဲ့ က်န္တဲ့ winding ေတြ rotating rectifier ေတြ စတဲ့ generator အပိုင္းက ေကာင္းတယ္လို႔ ယူဆလိုက္ပါတယ္။ ေနာက္ၿပီး external excitation နဲ႔ field flashing ေပးၿပီး 440V ထြက္ထားတဲ့ အတြက္ residual magnetism ေပ်ာက္တာလည္း မဟုတ္ေတာ့ပါဘူး။ 
ေနာက္ အပိုင္း ၂ ခုမွာ ေသခ်ာ ကြဲျပားေအာင္ voltage regulation အပိုင္း ျဖဳတ္ၾကည့္ဘို႔ လုပ္ပါတယ္။ ဒီေတာ့ AVR နဲ႔ Thyristor (SCR) ကို connection ျဖဳတ္လိုက္ပါတယ္။ၿပီးေတာ့ ေနာက္တစ္ေခါက္ ထပ္စမ္းပါတယ္။ ဒါေပမဲ့ ရလာဒ္က အတူတူပါဘဲ။
 ေနာက္တစ္ခုက de-excitation contact (287X) ရွိေနေသးတယ္။ အဲဒီ contactor နဲ႔ contact point ေတြကိုတိုင္းၾကည့္ေတာ့လည္း ေကာင္းပါတယ္။ ဒီလိုဆိုေတာ့ တစ္ခု ေကာက္ခ်က္ခ်ႏိုင္ပါၿပီ။ AVR circuit မပါဘဲနဲ႔ေတာင္ voltage မထြက္တဲ့အတြက္ excitation circuit မေကာင္းတာ ေသခ်ာသေလာက္ ျဖစ္ေနပါၿပီ။ 
အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးက ဝင္ေျပာပါတယ္။ Excitation circuit ထဲက component ေတြ သူစစ္ၾကည့္ထားတယ္ ေျပာပါတယ္။ သူေျပာမွ နည္းနည္း ပိုစိုးရိမ္သြားၿပီး connection ေတြမွန္မမွန္ drawing နဲ႔ တိုက္ၿပီး ျပန္စစ္ပါတယ္။ အားလုံး ပုံမွန္ပါဘဲ။ ေနာက္ excitation circuit မွာပါတဲ့ reactor coil (L1), capacitor bridge (C1), CT compound transformer (T1,T2,T3), rectifier transformer (T6), rectifier diode bridge (V1)  အဲဒါေတြကို တိုင္းၾကည့္ စစ္ၾကည့္ေတာ့လည္း ေကာင္းေနပါတယ္။ Multimeter နဲ႔ resistance ဘဲ တိုင္းရတာဆိုေတာ့ transformer ေတြ တစ္ကယ္ output ထြက္၊ မထြက္ေတာ့ ေသခ်ာ မသိႏိုင္ပါဘူး။

ေနာက္ေတာ့ varistor အသစ္ ႏွစ္ခုရလာလို႔ ျပန္တပ္ၾကည့္ေတာ့လည္း မထူးပါဘူး။ သေဘၤာ ထြက္ေတာ့မွာမို႔ အေျဖမေပၚဘဲ ျပန္ဆင္းခဲ့ရပါတယ္။ ေနာက္ထပ္ ျပန္တက္ယင္ လဲၾကည့္ဘို႔ လိုအပ္မယ္ထင္တဲ့ excitation circuit ထဲက component ေတြ spare မွာထားဘို႔ ေျပာခဲ့ပါတယ္။
ေနာက္ေတာ့ သေဘၤာ super က အေၾကာင္းၾကားလာပါတယ္။ အဆင္ေျပသြားၿပီတဲ့။ excitation circuit ထဲက loose contact လို႔ေျပာပါတယ္။ ဘာ component မွ မလဲရဘဲ ျပန္ေကာင္းသြားတယ္တဲ့။
ကၽြန္ေတာ္ ေတာ္ေတာ္ေလး ခံစားလိုက္ရပါတယ္။ ကိုယ့္ကိုယ္ကို မေက်နပ္မႈမ်ားနဲ႔ေပါ့။ Component ေတြေကာင္းမေကာင္း အာ႐ုံစိုက္ေနေတာ့ loose connection ကို ေသခ်ာ မစစ္ၾကည့္မိတာပါ။ အားလုံး သတိထားႏိုင္ဘို႔ ဒီစာေလး ေရးလိုက္ရျခင္းပါ။ အဆင္ေျပၾကပါေစ။

[Unicode]

ဒီတစ်ခါ အတွေ့အကြုံကတော့ ကျွန်တော်ရဲ့ မအောင်မြင်တဲ့ ဖြေရှင်းချက် တစ်ခုပါ။ သင်္ခန်းစာ ယူနိုင်အောင် ရေးပြလိုက်ပါတယ်။ Container သင်္ဘောတစ်စီးမှာပါ။ Generator output voltage မထွက်တဲ့ ပြဿနာပါဘဲ။ သင်္ဘောသား အများစုက အဖြူတွေပါ။ ခပ်ငယ်ငယ် ဓာတ်ကြိုးက ရှင်းပြပြီး ကူလုပ်ပေးပါတယ်။ တရုတ် စက်-၄ ကလည်း စက်မောင်းတဲ့နေရာမှာ ကူပေးပါတယ်။ Generator က Hyundai အမျိုးအစားပါ။ Compound type ဖြစ်ပြီး 1800 kW လောက်ရှိပါတယ်။ ဓာတ်ကြိုးပြောပြတာတော့ မကြာခင်ကဘဲ Voltage မထွက်တာပါတဲ့။ သူတတ်နိုင်သလောက် စစ်ကြည့်ထားပါတယ်တဲ့။ သူပြောပြတာတစ်ခုက rotating rectifier မှာ ပစ္စည်းတစ်ခု လောင်နေတာ တွေ့ပါတယ်တဲ့။ ဒါနဲ့ rotating rectifier ကို အယင်သွားကြည့်ပါတယ်။ Diode တွေ တစ်ခုပြီးတစ်ခု တိုင်းကြည့်တော့ အကုန်ကောင်းနေတာတွေ့ပါတယ်။ ဒါပေမဲ့ varistor ၂ လုံးကတော့ လောင်နေတာ တွေ့ရပါတယ်။ ဒါနဲ့ အဲဒီ varistor နှစ်ခုလုံးကို ဖြုတ်လိုက်ပြီး ပြန်စမ်းကြည့်ဖို့ လုပ်ပါတယ်။ တစ်ကယ်ဆိုယင် varistor တွေက surge current protection အနေနဲ့ ထည့်ထားတာပါ။ သူမပါယင်လည်း alternator ရဲ့ function အပေါ် မသက်ရောက်ပါဘူး။ Voltage ထွက်မထွက် စမ်းယုံဘဲဆိုတော့ risk နည်းနည်းယူပြီး စမ်းမောင်းဘို့ ဆုံးဖြတ်လိုက်တာပါ။ ပြန်မစမ်းခင် Megger test တိုင်းကြည့်တော့ exciter stator, exciter rotor, main stator နဲ့ main rotor coil ၄ ခုလုံး ကောင်းပါတယ်။ 
ဒါကြောင့် ဓာတ်ကြိုးနဲ့ စက်-၄ ရဲ့ အကူအညီနဲ့ စက်မောင်းကြည့်ပါတယ်။ Output voltage က မထွက်သလောက်ပါဘဲ။ 30V လောက်ပြပါတယ်။ အဲဒီအချိန်မှာ ဓာတ်ကြိုးလေးက ပြောပါတယ်။ External excitation ပေးယင် Volt တက်လာတယ် ပြောပါတယ်။ ဒီစက်ရဲ့ control circuit မှာ (ပုံ ကြည့်ပါ) external excitation ပေးတဲ့ အပိုင်းပါ ပါတယ်။ 24V supply ကို push button နဲ့ အဆင်သင့်ပေးထားပါတယ်။ ဒီတော့ စက်လည်နေတုန်းမှာဘဲ ခလုတ်နှိပ်ပြီး 24V excitation ပေးလိုက်ပါတယ်။ Output voltage က 440V ထိတက်လာပါတယ်။ ပြန်လွှတ်လိုက်တော့ 30V ကို ပြန်ကျသွားပါတယ်။ 
ဒီတော့ စဉ်းစားရပါပြီ။ ဒီလို အမျိုးအစား generator တွေက AVR နဲ့ voltage build up လုပ်ယူတာမဟုတ်ပါဘူး။ Compound transformer နဲ့ reactor တွေသုံးပြီး excitation circuit ရှိပြီးသားပါ။ ဒီတော့ AVR မပါယင် output voltage ထွက်ပြီး ပိုမြင့်နေလေ့ရှိပါတယ်။ ပြီးမှ AVR နဲ့ diversion လုပ်ပြီး voltage ပြန်ချယူရတာပါ။
ပြောရယင် အပိုင်း ၃ ပိုင်း ခွဲစဉ်းစားလို့ရပါတယ်။ (၁) Generator အပိုင်း၊ (၂) excitation circuit အပိုင်း၊ (၃) voltage regulation အပိုင်းတို့ ဖြစ်ပါတယ်။ အခု အပြင်ကနေ excitation ပေးတော့ voltage ထွက်တယ် ဆိုတဲ့အတွက် varistor ၂ ခု လောင်သွားပေမဲ့ ကျန်တဲ့ winding တွေ rotating rectifier တွေ စတဲ့ generator အပိုင်းက ကောင်းတယ်လို့ ယူဆလိုက်ပါတယ်။ နောက်ပြီး external excitation နဲ့ field flashing ပေးပြီး 440V ထွက်ထားတဲ့ အတွက် residual magnetism ပျောက်တာလည်း မဟုတ်တော့ပါဘူး။ 
နောက် အပိုင်း ၂ ခုမှာ သေချာ ကွဲပြားအောင် voltage regulation အပိုင်း ဖြုတ်ကြည့်ဘို့ လုပ်ပါတယ်။ ဒီတော့ AVR နဲ့ Thyristor (SCR) ကို connection ဖြုတ်လိုက်ပါတယ်။ပြီးတော့ နောက်တစ်ခေါက် ထပ်စမ်းပါတယ်။ ဒါပေမဲ့ ရလာဒ်က အတူတူပါဘဲ။ နောက်တစ်ခုက de-excitation contact (287X) ရှိနေသေးတယ်။ အဲဒီ contactor နဲ့ contact point တွေကိုတိုင်းကြည့်တော့လည်း ကောင်းပါတယ်။ ဒီလိုဆိုတော့ တစ်ခု ကောက်ချက်ချနိုင်ပါပြီ။ AVR circuit မပါဘဲနဲ့တောင် voltage မထွက်တဲ့အတွက် excitation circuit မကောင်းတာ သေချာသလောက် ဖြစ်နေပါပြီ။ 
အဲဒီအချိန်မှာ ဓာတ်ကြိုးက ဝင်ပြောပါတယ်။ Excitation circuit ထဲက component တွေ သူစစ်ကြည့်ထားတယ် ပြောပါတယ်။ သူပြောမှ နည်းနည်း ပိုစိုးရိမ်သွားပြီး connection တွေမှန်မမှန် drawing နဲ့ တိုက်ပြီး ပြန်စစ်ပါတယ်။ အားလုံး ပုံမှန်ပါဘဲ။ နောက် excitation circuit မှာပါတဲ့ reactor coil (L1), capacitor bridge (C1), CT compound transformer (T1,T2,T3), rectifier transformer (T6), rectifier diode bridge (V1)  အဲဒါတွေကို တိုင်းကြည့် စစ်ကြည့်တော့လည်း ကောင်းနေပါတယ်။ Multimeter နဲ့ resistance ဘဲ တိုင်းရတာဆိုတော့ transformer တွေ တစ်ကယ် output ထွက်၊ မထွက်တော့ သေချာ မသိနိုင်ပါဘူး။
နောက်တော့ varistor အသစ် နှစ်ခုရလာလို့ ပြန်တပ်ကြည့်တော့လည်း မထူးပါဘူး။ သင်္ဘော ထွက်တော့မှာမို့ အဖြေမပေါ်ဘဲ ပြန်ဆင်းခဲ့ရပါတယ်။ နောက်ထပ် ပြန်တက်ယင် လဲကြည့်ဘို့ လိုအပ်မယ်ထင်တဲ့ excitation circuit ထဲက component တွေ spare မှာထားဘို့ ပြောခဲ့ပါတယ်။
နောက်တော့ သင်္ဘော super က အကြောင်းကြားလာပါတယ်။ အဆင်ပြေသွားပြီတဲ့။ excitation circuit ထဲက loose contact လို့ပြောပါတယ်။ ဘာ component မှ မလဲရဘဲ ပြန်ကောင်းသွားတယ်တဲ့။
ကျွန်တော် တော်တော်လေး ခံစားလိုက်ရပါတယ်။ ကိုယ့်ကိုယ်ကို မကျေနပ်မှုများနဲ့ပေါ့။ Component တွေကောင်းမကောင်း အာရုံစိုက်နေတော့ loose connection ကို သေချာ မစစ်ကြည့်မိတာပါ။ အားလုံး သတိထားနိုင်ဘို့ ဒီစာလေး ရေးလိုက်ရခြင်းပါ။ အဆင်ပြေကြပါစေ။

No comments:

Post a Comment