Monday 25 December 2017

Gas Detection System (၁) - Not working


[Zawgyi]
 ဒီျပႆနာကေတာ့ Tanker တစ္စီးမွာ ျဖစ္ခဲ့တာပါ။ သူမ်ားလုပ္လက္စကို follow up လုပ္ေပးရတာပါ။ ျပႆနာရဲ႕ အစက Gas Detection System အလုပ္မလုပ္တာပါ။ ၿပီးခဲ့တဲ့ ၆ လေလာက္က ကုလား technician ႏွစ္ေယာက္ တက္စစ္ခဲ့ၿပီး Control main board နဲ႔ relay board အသစ္မွာခိုင္း ခဲ့တယ္ဆိုပါတယ္။ အခု board အသစ္ေတြ လဲၿပီးခ်ိန္မွာ အလုပ္မလုပ္ေသးလို႔ သြားစစ္ေပးရပါတယ္။ ကၽြန္ေတာ္နဲ႔ အတူ အယင္တက္ဖူးတဲ့ ကုလား တစ္ေယာက္ လိုက္လာပါတယ္။
သေဘၤာေပၚေရာက္ေတာ့ အျဖဴ ဓာတ္ႀကိဳးတစ္ေယာက္က ေျပာျပပါတယ္။ Board ႏွစ္ခုလုံး လဲထားၿပီးၿပီ။ System စၿပီး ခဏေလာက္မွာ Alarm တက္လာၿပီး ရပ္သြားတယ္တဲ့။ HC gas sensor ရဲ႕ current ကလည္း 0 mA ဘဲ ျပတယ္တဲ့။ သူေျပာတာမွတ္ထားၿပီး စက္ကို လိုက္ၾကည့္ပါတယ္။
System က Omicron ရဲ႕ OGS 3.0 ပါ။ Ballast tank ေတြရဲ႕ Hydrocarbon (HC) gas ကို detect လုပ္ေပးတာပါ။ ဒီစံနစ္က gas sensor ေတြကို field site ေတြမွာ ထားတဲ့ စံနစ္မ်ဳိး မဟုတ္ပါဘူး။ ဗဟို control cabinet ထဲမွာ gas sensor တစ္ခုဘဲထားပါတယ္။ Field detection point တစ္ခုစီက ေလကိုစုပ္ယူၿပီး gas sensor ထဲကို အလွည့္က် ျဖတ္သြားေစတဲ့ နည္းပါ။ တစ္ခ်ဳိ႕ သေဘၤာေတြမွာေတာ့ pump room ထဲက HC နဲ႔ O2 ကိုပါတိုင္းပါတယ္။ အဲဒါမ်ဳိးက်ေတာ့ Gas sensor တစ္ခုထက္ ပိုသုံးရပါတယ္။ တိုင္းတဲ့ Gas အမ်ဳိးအစား မတူလို႔ပါ။ ဒီသေဘၤာကေတာ့ HC sensor တစ္ခုဘဲရွိေတာ့ ပိုရွင္းပါတယ္။
ဒီစံနစ္ရဲ႕ အဓိက control panel ျဖစ္တဲ့ Detector Cabinet က foam room ထဲမွာရွိပါတယ္။ User interface ျဖစ္တဲ့ Alarm/Control Cabinet ကေတာ့ CCR မွာပါ။
Power ဖြင့္လိုက္ေတာ့ initialize လုပ္ပါတယ္။ မၿပီးခင္မွာ sample flow error တက္လာၿပီး ရပ္သြားပါတယ္။ ဒါနဲ႔ ေအာက္ထပ္ကိုဆင္း Detector Cabinet ကိုသြားၾကည့္ပါတယ္။
Field ဘက္က ေလပိုက္ပိတ္တဲ့ ျပႆနာေတြ နဲ႔ မေရာေအာင္လို႔ cabinet အဝင္ sample ပိုက္ေတြ အကုန္ ျဖဳတ္ထားလိုက္ပါတယ္။ Detector Cabinet ခ်ည္း အလုပ္ လုပ္၊မလုပ္ စမ္းၾကည့္ပါမယ္။
ပိုက္ျဖဳတ္ၿပီးတာနဲ႔ ေနာက္တစ္ေခါက္ ျပန္စၾကည့္ပါတယ္။ အတူတူပါဘဲ။ Initialization အဆင့္မွာ flow error တက္ပါတယ္။
ဒီစံနစ္မွာ vacuum pump ႏွစ္လုံးရွိပါတယ္။ ပထမ main pump တစ္လုံးက field sensing point ေတြက sample air ကို cabinet ထဲက manifold ထိေရာက္ေအာင္ အၿမဲ စုပ္ယူထားပါတယ္။ ၿပီးမွ ေနာက္ sample pump အေသးတစ္လုံးက manifold ထဲက sample air ကို gas sensor အေရာက္ပို႔ေပးတာပါ။ Manifold ေပၚမွာ solenoid အတန္းလိုက္ ရွိၿပီး တစ္ႀကိမ္မွာ sensing point တစ္ခုအတြက္ ဖြင့္ေပးပါတယ္။ Gas sensor ဆီသြားတဲ့ line မွာ flow meter တစ္ခုရွိၿပီး T-joint နဲ႔ ဆက္ထားတဲ့ tubing ပိုက္ကေလးတစ္ခုက control board ေပၚက pressure sensor ကို ဆက္ထားပါတယ္။ ဆက္မစစ္ခင္ အယင္ ဆက္ထားတဲ့ ႀကိဳးေတြ မွန္၊ မမွန္ drawing နဲ႔ တိုက္ၿပီး စစ္ၾကည့္ပါတယ္။ ၆ လအတြင္း လူေတာ္ေတာ္မ်ားမ်ား ကိုင္ထားတာဆိုေတာ့ ႀကိဳးဆက္တာ အမွားအယြင္း ရွိႏိုင္ပါတယ္။ ထင္တဲ့အတိုင္းဘဲ gas sensor ႀကိဳးက connector ႏွစ္ထပ္ရွိတာကို အေပၚေအာက္ မွားၿပီး တပ္ထားတာ ေတြ႕ရပါတယ္။ ဓာတ္ႀကိဳးေျပာတဲ့ sensor မွာ 0mA ထြက္တာ ဒါေၾကာင့္ျဖစ္ႏိုင္ပါတယ္။ တစ္ကယ္ဆိုယင္ 0 mA မျဖစ္သင့္ပါဘူး။ အနည္းဆုံး 4 mA ရွိရပါမယ္။ 4-20 mA signal ထုတ္ေပးမွာ မဟုတ္လား။ အမွန္အတိုင္း ျပန္တပ္လိုက္ပါတယ္။ 
အခု flow error တက္တဲ့ ကိစၥကေတာ့ ဒါနဲ႔ မဆိုင္ပါဘူး။ စက္ စဖြင့္စမွာ flow meter ျပတဲ့ ball ေလးက တစ္ခ်က္လႈပ္သြားတာ ေတြ႕ရၿပီး ဆက္ run တဲ့ အခ်ိန္မွာ 0 ဘဲျပေနတာ သတိထားမိပါတယ္။ ဒီေတာ့ တစ္ကယ္ flow မရွိတဲ့ သေဘာပါ။ ေသခ်ာေအာင္ ျပန္ run ၿပီး flow meter မွာပါတဲ့ flow rate ညိႇတဲ့ knob ေလးနဲ႔ ႀကိဳးစား ညႇိၾကည့္ေပမဲ့ မရပါဘူး။ ျဖစ္ႏိုင္ေျခေတြ တစ္ခုစီ စစ္ၾကည့္ပါမယ္။ ပထမ sample pump ေကာင္း၊ မေကာင္း သိဖို႔ အဝင္ပိုက္ေလးကို ျဖဳတ္လိုက္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ အဝင္ေလစုပ္ေနတာ လက္နဲ႔စမ္းၾကည့္လို႔ ေတြ႕ရပါတယ္။
Flow meter ရဲ႕ ball ေလးလည္း တက္သြားပါၿပီ။ 150 ml/ min ေလာက္ ညႇိၾကည့္ေတာ့ stable ျဖစ္ေနပါတယ္။ ဒါဆိုယင္ pump ေကာင္းတယ္။ အဝင္လိုင္း ပိတ္ေနလို႔ဆိုတာ ေကာက္ခ်က္ခ်ႏိုင္ပါၿပီ။ အဝင္လိုင္းကလည္း manifold နဲ႔ solenoid ေတြဘဲရွိေတာ့တယ္။ သူ႔ေရွ႕က field အဝင္ ပိုက္ေတြ ျဖဳတ္ထားတယ္ မဟုတ္လား။
Drawing အရ (ပုံ ၾကည့္ပါ။) control solenoid က P1, P2, P3 ျဖစ္ၿပီး relay board တစ္ခုက ထိန္းခ်ဳပ္ ေပးပါတယ္။ ေနာက္ M1-M12 solenoid ေတြက sample point တစ္ခုစီအတြက္ျဖစ္ၿပီး ေနာက္ထပ္ relay board တစ္ခုက ထိန္းခ်ဳပ္ထားပါတယ္။
P1 က manifold ဆီက sample air ကိုယူပါတယ္။ P2 က calibration span gas ကို ဖြင့္၊ ပိတ္ လုပ္ေပးပါတယ္။ P3 ကေတာ့ purging အတြက္ compressed air အဝင္လိုင္းကို ယူထားတာပါ။ လက္ရွိ span gas bottle ရဲ႕ အထြက္ valve က ဖြင့္ထားၿပီး pressure က 0 ဘဲ ရွိပါေတာ့တယ္။ ဆိုလိုတာက span gas ကုန္ေနပါၿပီ။ Initialization အဆင့္မွာ manifold ဆီက sample air ယူၿပီး gas sensor ဆီပို႔ေပးရမွာဆိုေတာ့ P2 နဲ႔ P3 off ျဖစ္ၿပီး P1 on ရပါမယ္။ ေနာက္တစ္ဆင့္မွာမွ M1 - M12 တစ္ခုၿပီးတစ္ခု on ရမွာပါ။ ျပန္စၿပီး ေသခ်ာ ေစာင့္ၾကည့္ပါတယ္။ အဲဒီမွာ P2 က စၿပီး on တာေတြ႕ရပါတယ္။ Sequence လြဲေနပါတယ္။ ဒါနဲ႔ ႀကိဳးေတြ လိုက္ၾကည့္ေတာ့ relay board မွာ P1 နဲ႔ P2 ႀကိဳး ေျပာင္းျပန္ဆက္ထားတာ ေတြ႕ရပါတယ္။ ႀကိဳးေတြက နံပါတ္မပါဘဲ အေရာင္နဲ႔ ဆိုေတာ့ မွားဆက္မိတာ ျဖစ္ႏိုင္ပါတယ္။ ဒါေၾကာင့္ initialize လုပ္တိုင္း span gas အိုးထဲက gas ေတြ စုပ္ထုတ္ေနေတာ့ ကုန္သြားတာ ျဖစ္မယ္ထင္ပါတယ္။ gas ကုန္သြားေတာ့ flow မရွိႏိုင္ေတာ့တာ ျဖစ္ႏိုင္ပါတယ္။ ဒါက ဒုတိယေျမာက္ ေတြ႕ရတဲ့ အမွား ( human error) ပါ။
P1, P2 ႀကိဳးႏွစ္ေခ်ာင္းကို အမွန္အတိုင္း ျပန္ဆက္၊ sample pump အဝင္ ပိုက္ကိုလည္း ျပန္ဆက္ၿပီး ထပ္စမ္းၾကည့္ပါတယ္။ ဒီတစ္ခါ initialization အဆင့္မွာ Alarm မတက္ဘဲ ၿပီးသြားပါတယ္။ ေနာက္ auto mode ျဖစ္တဲ့အတြက္ sample point တစ္ခုစီ ယူတဲ့ အဆင့္မွာ M1-M12 ဘယ္ solenoid မွ အလုပ္မလုပ္သလို relay board မွာ လည္း အလုပ္မလုပ္ပါဘူး။ Relay board မွာ power led လင္းေနသလို တိုင္းၾကည့္ေတာ့လည္း power supply 24VDC ရွိပါတယ္။ အခု sample solenoid အလုပ္မလုပ္တဲ့အတြက္ ပထမဆုံး sample ျဖစ္တဲ့ Ballast Tank 1 Port sample error alarm တက္လာပါတယ္။ Manual mode ေျပာင္းၿပီး တစ္ျခား sample point (tank) ေတြေျပာင္းစမ္းေတာ့လည္း အတူတူပါဘဲ။ ဘယ္ relay မွ အလုပ္ မလုပ္ပါဘူး။ ဒီ relay board ကလည္း အသစ္လဲထားတာပါ။ ႀကိဳးေတြ ျပန္စစ္ၾကည့္ေတာ့လည္း ဆက္ထားတာ မွန္ပါတယ္။ Pcb ေပၚက dip switch ေတြျပန္တိုက္ၾကည့္ေတာ့လည္း board အေဟာင္း မွာရွိတဲ့ setting အတိုင္းပါဘဲ။ ဒါဆို ဘာလို႔ အလုပ္မလုပ္ေသးတာလဲ။ Mother board ကလည္း အသစ္၊ software version လည္း အတူတူဆိုေတာ့ စဥ္းစားရ ၾကပ္သြားပါၿပီ။ အမ်ဳိးမ်ဳိး စမ္းၾကည့္တာလည္း မရပါဘူး။ ေနာက္မွ relay board ကို အျပန္ျပန္ အလွန္လွန္ ေသခ်ာၾကည့္ပါတယ္။ အဲဒီေတာ့မွ ျဖစ္ေတာင့္ျဖစ္ခဲ အျပစ္တစ္ခု သြားေတြ႕ပါတယ္။


Dip switch ေတြရဲ႕ အနီေရာင္ ခုံေလးက ေျပာင္းျပန္ျဖစ္ေနပါတယ္။ PCB မွာ ေရးထားတာက ON position က ညာဘက္မွာပါ။ အနီေရာင္ ခုံေပၚမွာ ေတြ ON ဆိုတဲ့ စာတန္းေလးက ဘယ္ဘက္မွာ ေရာက္ေနပါတယ္။ ေသခ်ာေအာင္ relay board အေဟာင္း နဲ႔ ယွဥ္ၾကည့္ေတာ့ အေဟာင္းနဲ႔ အသစ္ ေျပာင္းျပန္ျဖစ္ေနတာ ေတြ႕ရပါတယ္။ ဒါကေတာ့ PCB ဆင္တဲ့ manufacturer ရဲ႕ အမွားပါ။ Dip sw ခုံကို ေျပာင္းျပန္ တပ္ထားေတာ့ ညာဘက္ထားယင္ open ျဖစ္ၿပီး ဘယ္ဘက္ထားေတာ့ close ျဖစ္ေနတာေပါ့။ ဒါနဲ႔ Dip Sw setting ကို original နဲ႔ ေျပာင္းျပန္ set လုပ္လိုက္ၿပီး ျပန္စမ္းပါတယ္။ 
အခုေတာ့ အားလုံး အဆင္ေျပသြားပါၿပီ။  ပိုက္ေတြ အကုန္ျပန္တပ္၊ Auto /Manual mode မ်ဳိးစုံ စမ္းၿပီး ကုန္းခ်ဳပ္ကို ျပပါတယ္။ ေနာက္ calibration အတြက္ span gas ဝယ္ထားဖို႔ ေျပာထားခဲ့ပါတယ္။ 
တစ္ခါတေလ မထင္မွတ္ထားတဲ့ ျပႆနာေလးေတြ ရွိတတ္တာ ေစ့ေစ့စပ္စပ္ ၾကည့္ဖို႔ လိုပါတယ္။ ၾကဳံလို႔ ေျပာရယင္ dip sw ေလးေတြက သူ႔ position မွာ ရွိတယ္ထင္ရေပမဲ့ ေသခ်ာ မက်တာမ်ဳိးေတြ မၾကာခဏ ၾကဳံုရတတ္ပါတယ္။ ကၽြန္ေတာ္ကေတာ့ မ်က္ျမင္သာမက ေသခ်ာေအာင္ on/off ေရႊ႕ၾကည့္တာ လုပ္ေလ့ရွိပါတယ္။ Run ေနတဲ့ အခ်ိန္မွာေတာ့ မေရႊ႕သင့္ပါဘူး။ အားလုံး အဆင္ေျပၾကပါေစ။

[Unicode]

 ဒီပြဿနာကတော့ Tanker တစ်စီးမှာ ဖြစ်ခဲ့တာပါ။ သူများလုပ်လက်စကို follow up လုပ်ပေးရတာပါ။ ပြဿနာရဲ့ အစက Gas Detection System အလုပ်မလုပ်တာပါ။ ပြီးခဲ့တဲ့ ၆ လလောက်က ကုလား technician နှစ်ယောက် တက်စစ်ခဲ့ပြီး Control main board နဲ့ relay board အသစ်မှာခိုင်း ခဲ့တယ်ဆိုပါတယ်။ အခု board အသစ်တွေ လဲပြီးချိန်မှာ အလုပ်မလုပ်သေးလို့ သွားစစ်ပေးရပါတယ်။ ကျွန်တော်နဲ့ အတူ အယင်တက်ဖူးတဲ့ ကုလား တစ်ယောက် လိုက်လာပါတယ်။
သင်္ဘောပေါ်ရောက်တော့ အဖြူ ဓာတ်ကြိုးတစ်ယောက်က ပြောပြပါတယ်။ Board နှစ်ခုလုံး လဲထားပြီးပြီ။ System စပြီး ခဏလောက်မှာ Alarm တက်လာပြီး ရပ်သွားတယ်တဲ့။ HC gas sensor ရဲ့ current ကလည်း 0 mA ဘဲ ပြတယ်တဲ့။ သူပြောတာမှတ်ထားပြီး စက်ကို လိုက်ကြည့်ပါတယ်။
System က Omicron ရဲ့ OGS 3.0 ပါ။ Ballast tank တွေရဲ့ Hydrocarbon (HC) gas ကို detect လုပ်ပေးတာပါ။ ဒီစံနစ်က gas sensor တွေကို field site တွေမှာ ထားတဲ့ စံနစ်မျိုး မဟုတ်ပါဘူး။ ဗဟို control cabinet ထဲမှာ gas sensor တစ်ခုဘဲထားပါတယ်။ Field detection point တစ်ခုစီက လေကိုစုပ်ယူပြီး gas sensor ထဲကို အလှည့်ကျ ဖြတ်သွားစေတဲ့ နည်းပါ။ တစ်ချို့ သင်္ဘောတွေမှာတော့ pump room ထဲက HC နဲ့ O2 ကိုပါတိုင်းပါတယ်။ အဲဒါမျိုးကျတော့ Gas sensor တစ်ခုထက် ပိုသုံးရပါတယ်။ တိုင်းတဲ့ Gas အမျိုးအစား မတူလို့ပါ။ ဒီသင်္ဘောကတော့ HC sensor တစ်ခုဘဲရှိတော့ ပိုရှင်းပါတယ်။
ဒီစံနစ်ရဲ့ အဓိက control panel ဖြစ်တဲ့ Detector Cabinet က foam room ထဲမှာရှိပါတယ်။ User interface ဖြစ်တဲ့ Alarm/Control Cabinet ကတော့ CCR မှာပါ။ Power ဖွင့်လိုက်တော့ initialize လုပ်ပါတယ်။ မပြီးခင်မှာ sample flow error တက်လာပြီး ရပ်သွားပါတယ်။ ဒါနဲ့ အောက်ထပ်ကိုဆင်း Detector Cabinet ကိုသွားကြည့်ပါတယ်။ Field ဘက်က လေပိုက်ပိတ်တဲ့ ပြဿနာတွေ နဲ့ မရောအောင်လို့ cabinet အဝင် sample ပိုက်တွေ အကုန် ဖြုတ်ထားလိုက်ပါတယ်။ Detector Cabinet ချည်း အလုပ် လုပ်၊မလုပ် စမ်းကြည့်ပါမယ်။ ပိုက်ဖြုတ်ပြီးတာနဲ့ နောက်တစ်ခေါက် ပြန်စကြည့်ပါတယ်။ အတူတူပါဘဲ။ Initialization အဆင့်မှာ flow error တက်ပါတယ်။ ဒီစံနစ်မှာ vacuum pump နှစ်လုံးရှိပါတယ်။ ပထမ main pump တစ်လုံးက field sensing point တွေက sample air ကို cabinet ထဲက manifold ထိရောက်အောင် အမြဲ စုပ်ယူထားပါတယ်။ ပြီးမှ နောက် sample pump အသေးတစ်လုံးက manifold ထဲက sample air ကို gas sensor အရောက်ပို့ပေးတာပါ။ Manifold ပေါ်မှာ solenoid အတန်းလိုက် ရှိပြီး တစ်ကြိမ်မှာ sensing point တစ်ခုအတွက် ဖွင့်ပေးပါတယ်။ Gas sensor ဆီသွားတဲ့ line မှာ flow meter တစ်ခုရှိပြီး T-joint နဲ့ ဆက်ထားတဲ့ tubing ပိုက်ကလေးတစ်ခုက control board ပေါ်က pressure sensor ကို ဆက်ထားပါတယ်။ ဆက်မစစ်ခင် အယင် ဆက်ထားတဲ့ ကြိုးတွေ မှန်၊ မမှန် drawing နဲ့ တိုက်ပြီး စစ်ကြည့်ပါတယ်။ ၆ လအတွင်း လူတော်တော်များများ ကိုင်ထားတာဆိုတော့ ကြိုးဆက်တာ အမှားအယွင်း ရှိနိုင်ပါတယ်။ ထင်တဲ့အတိုင်းဘဲ gas sensor ကြိုးက connector နှစ်ထပ်ရှိတာကို အပေါ်အောက် မှားပြီး တပ်ထားတာ တွေ့ရပါတယ်။ ဓာတ်ကြိုးပြောတဲ့ sensor မှာ 0mA ထွက်တာ ဒါကြောင့်ဖြစ်နိုင်ပါတယ်။ တစ်ကယ်ဆိုယင် 0 mA မဖြစ်သင့်ပါဘူး။ အနည်းဆုံး 4 mA ရှိရပါမယ်။ 4-20 mA signal ထုတ်ပေးမှာ မဟုတ်လား။ အမှန်အတိုင်း ပြန်တပ်လိုက်ပါတယ်။ 
အခု flow error တက်တဲ့ ကိစ္စကတော့ ဒါနဲ့ မဆိုင်ပါဘူး။ စက် စဖွင့်စမှာ flow meter ပြတဲ့ ball လေးက တစ်ချက်လှုပ်သွားတာ တွေ့ရပြီး ဆက် run တဲ့ အချိန်မှာ 0 ဘဲပြနေတာ သတိထားမိပါတယ်။ ဒီတော့ တစ်ကယ် flow မရှိတဲ့ သဘောပါ။ သေချာအောင် ပြန် run ပြီး flow meter မှာပါတဲ့ flow rate ညှိတဲ့ knob လေးနဲ့ ကြိုးစား ညှိကြည့်ပေမဲ့ မရပါဘူး။ ဖြစ်နိုင်ခြေတွေ တစ်ခုစီ စစ်ကြည့်ပါမယ်။ ပထမ sample pump ကောင်း၊ မကောင်း သိဖို့ အဝင်ပိုက်လေးကို ဖြုတ်လိုက်ပါတယ်။ ပြန်စမ်းကြည့်တော့ အဝင်လေစုပ်နေတာ လက်နဲ့စမ်းကြည့်လို့ တွေ့ရပါတယ်။ Flow meter ရဲ့ ball လေးလည်း တက်သွားပါပြီ။ 150 ml/ min လောက် ညှိကြည့်တော့ stable ဖြစ်နေပါတယ်။ ဒါဆိုယင် pump ကောင်းတယ်။ အဝင်လိုင်း ပိတ်နေလို့ဆိုတာ ကောက်ချက်ချနိုင်ပါပြီ။ အဝင်လိုင်းကလည်း manifold နဲ့ solenoid တွေဘဲရှိတော့တယ်။ သူ့ရှေ့က field အဝင် ပိုက်တွေ ဖြုတ်ထားတယ် မဟုတ်လား။ Drawing အရ (ပုံ ကြည့်ပါ။) control solenoid က P1, P2, P3 ဖြစ်ပြီး relay board တစ်ခုက ထိန်းချုပ် ပေးပါတယ်။ နောက် M1-M12 solenoid တွေက sample point တစ်ခုစီအတွက်ဖြစ်ပြီး နောက်ထပ် relay board တစ်ခုက ထိန်းချုပ်ထားပါတယ်။
P1 က manifold ဆီက sample air ကိုယူပါတယ်။ P2 က calibration span gas ကို ဖွင့်၊ ပိတ် လုပ်ပေးပါတယ်။ P3 ကတော့ purging အတွက် compressed air အဝင်လိုင်းကို ယူထားတာပါ။ လက်ရှိ span gas bottle ရဲ့ အထွက် valve က ဖွင့်ထားပြီး pressure က 0 ဘဲ ရှိပါတော့တယ်။ ဆိုလိုတာက span gas ကုန်နေပါပြီ။ Initialization အဆင့်မှာ manifold ဆီက sample air ယူပြီး gas sensor ဆီပို့ပေးရမှာဆိုတော့ P2 နဲ့ P3 off ဖြစ်ပြီး P1 on ရပါမယ်။ နောက်တစ်ဆင့်မှာမှ M1 - M12 တစ်ခုပြီးတစ်ခု on ရမှာပါ။ ပြန်စပြီး သေချာ စောင့်ကြည့်ပါတယ်။ အဲဒီမှာ P2 က စပြီး on တာတွေ့ရပါတယ်။ Sequence လွဲနေပါတယ်။ ဒါနဲ့ ကြိုးတွေ လိုက်ကြည့်တော့ relay board မှာ P1 နဲ့ P2 ကြိုး ပြောင်းပြန်ဆက်ထားတာ တွေ့ရပါတယ်။ ကြိုးတွေက နံပါတ်မပါဘဲ အရောင်နဲ့ ဆိုတော့ မှားဆက်မိတာ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် initialize လုပ်တိုင်း span gas အိုးထဲက gas တွေ စုပ်ထုတ်နေတော့ ကုန်သွားတာ ဖြစ်မယ်ထင်ပါတယ်။ gas ကုန်သွားတော့ flow မရှိနိုင်တော့တာ ဖြစ်နိုင်ပါတယ်။ ဒါက ဒုတိယမြောက် တွေ့ရတဲ့ အမှား ( human error) ပါ။
P1, P2 ကြိုးနှစ်ချောင်းကို အမှန်အတိုင်း ပြန်ဆက်၊ sample pump အဝင် ပိုက်ကိုလည်း ပြန်ဆက်ပြီး ထပ်စမ်းကြည့်ပါတယ်။ ဒီတစ်ခါ initialization အဆင့်မှာ Alarm မတက်ဘဲ ပြီးသွားပါတယ်။ နောက် auto mode ဖြစ်တဲ့အတွက် sample point တစ်ခုစီ ယူတဲ့ အဆင့်မှာ M1-M12 ဘယ် solenoid မှ အလုပ်မလုပ်သလို relay board မှာ လည်း အလုပ်မလုပ်ပါဘူး။ Relay board မှာ power led လင်းနေသလို တိုင်းကြည့်တော့လည်း power supply 24VDC ရှိပါတယ်။ အခု sample solenoid အလုပ်မလုပ်တဲ့အတွက် ပထမဆုံး sample ဖြစ်တဲ့ Ballast Tank 1 Port sample error alarm တက်လာပါတယ်။ Manual mode ပြောင်းပြီး တစ်ခြား sample point (tank) တွေပြောင်းစမ်းတော့လည်း အတူတူပါဘဲ။ ဘယ် relay မှ အလုပ် မလုပ်ပါဘူး။ ဒီ relay board ကလည်း အသစ်လဲထားတာပါ။ ကြိုးတွေ ပြန်စစ်ကြည့်တော့လည်း ဆက်ထားတာ မှန်ပါတယ်။ Pcb ပေါ်က dip switch တွေပြန်တိုက်ကြည့်တော့လည်း board အဟောင်း မှာရှိတဲ့ setting အတိုင်းပါဘဲ။ ဒါဆို ဘာလို့ အလုပ်မလုပ်သေးတာလဲ။ Mother board ကလည်း အသစ်၊ software version လည်း အတူတူဆိုတော့ စဉ်းစားရ ကြပ်သွားပါပြီ။ အမျိုးမျိုး စမ်းကြည့်တာလည်း မရပါဘူး။ နောက်မှ relay board ကို အပြန်ပြန် အလှန်လှန် သေချာကြည့်ပါတယ်။ အဲဒီတော့မှ ဖြစ်တောင့်ဖြစ်ခဲ အပြစ်တစ်ခု သွားတွေ့ပါတယ်။ Dip switch တွေရဲ့ အနီရောင် ခုံလေးက ပြောင်းပြန်ဖြစ်နေပါတယ်။ PCB မှာ ရေးထားတာက ON position က ညာဘက်မှာပါ။ အနီရောင် ခုံပေါ်မှာ တွေ ON ဆိုတဲ့ စာတန်းလေးက ဘယ်ဘက်မှာ ရောက်နေပါတယ်။ သေချာအောင် relay board အဟောင်း နဲ့ ယှဉ်ကြည့်တော့ အဟောင်းနဲ့ အသစ် ပြောင်းပြန်ဖြစ်နေတာ တွေ့ရပါတယ်။ ဒါကတော့ PCB ဆင်တဲ့ manufacturer ရဲ့ အမှားပါ။ Dip sw ခုံကို ပြောင်းပြန် တပ်ထားတော့ ညာဘက်ထားယင် open ဖြစ်ပြီး ဘယ်ဘက်ထားတော့ close ဖြစ်နေတာပေါ့။ ဒါနဲ့ Dip Sw setting ကို original နဲ့ ပြောင်းပြန် set လုပ်လိုက်ပြီး ပြန်စမ်းပါတယ်။ 
အခုတော့ အားလုံး အဆင်ပြေသွားပါပြီ။  ပိုက်တွေ အကုန်ပြန်တပ်၊ Auto /Manual mode မျိုးစုံ စမ်းပြီး ကုန်းချုပ်ကို ပြပါတယ်။ နောက် calibration အတွက် span gas ဝယ်ထားဖို့ ပြောထားခဲ့ပါတယ်။ 
တစ်ခါတလေ မထင်မှတ်ထားတဲ့ ပြဿနာလေးတွေ ရှိတတ်တာ စေ့စေ့စပ်စပ် ကြည့်ဖို့ လိုပါတယ်။ ကြုံလို့ ပြောရယင် dip sw လေးတွေက သူ့ position မှာ ရှိတယ်ထင်ရပေမဲ့ သေချာ မကျတာမျိုးတွေ မကြာခဏ ကြုုံရတတ်ပါတယ်။ ကျွန်တော်ကတော့ မျက်မြင်သာမက သေချာအောင် on/off ရွှေ့ကြည့်တာ လုပ်လေ့ရှိပါတယ်။ Run နေတဲ့ အချိန်မှာတော့ မရွှေ့သင့်ပါဘူး။ အားလုံး အဆင်ပြေကြပါစေ။

No comments:

Post a Comment