Friday, 6 October 2017

Anti-heeling System (၁) - Cannot Stop Pump

[Zawgyi]
ဆိပ္ကမ္းမွာ Container အတင္အခ်လုပ္ေနတဲ့ သေဘၤာတစ္စီးမွာ Anti-heeling system မေကာင္းဘူး ဆိုလို႔ သြားၾကည့္ရပါတယ္။ ခ႐ိုေယးရွား ဓာတ္ႀကိဳးက ရွင္းျပပါတယ္။ 
DCS computer ကေနၿပီး pump start/ stop command ေပးတဲ့ အခါ Stbd to Port သြားတဲ့ pump က start မွာ ျပႆနာ မရွိဘူး။ stop လုပ္ယင္ တစ္ခါတေလ မရပ္ေတာ့ဘူးေျပာပါတယ္။ အဲဒါကို ရွင္းေပးရမွာပါ။
မစခင္ Anti-heeling system အေၾကာင္း နည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ သေဘၤာေတြမွာ တစ္ဘက္ဘက္ကို အေၾကာင္းတစ္ခုခုနဲ႔ (load မညီလို႔၊ ေလျပင္းတိုက္လို႔၊ angle က်ဥ္းက်ဥ္းနဲ႔ ေကြ႕လိုက္လို႔) ေစာင္းသြားၿပီး အခ်ိန္တိုအတြင္း ျပန္ မတည့္ႏိုင္တာမ်ဳိးကို heeling ျဖစ္တယ္လို႔ ေခၚပါတယ္။ အဲလို heeling ျဖစ္တာကို အခ်ိန္မီျပန္မထိန္းႏိုင္ယင္ အႏၲရာယ္ရွိပါတယ္။ အဲလိုအေျခအေနမ်ဳိးမွာ water ballast tank ေတြက ေရကို လိုသလို ေျပာင္းေရႊ႕ၿပီး အလိုအေလ်ာက္ balance လုပ္ေပးတဲ့ စံနစ္ကို anti-heeling system လို႔ ေခၚပါတယ္။ Anti-heeling မွာ ၂ မ်ဳိးရွိပါတယ္။ Pneumatic type နဲ႔ pump type ပါ။ Pneumatic type မွာ ballast tank တစ္ခုကေန တစ္ခုဆီ ေရစီးဖို႔ pressure difference ကို ေလမႈတ္ထည့္ျခင္း၊ ဖြင့္ထုတ္ျခင္း လုပ္ေပးတာပါ။ Pump type မွာေတာ့ pump ေမာင္းၿပီး ေရစီးေအာင္ လုပ္ေပးတာေပါ့။ ဒီသေဘၤာက pump type ပါ။ ဒီမွာ Anti-heeling system set လုပ္ထားတာကေတာ့ 5  ံေစာင္းယင္ water transfer စလုပ္ၿပီး အနီးစပ္ဆုံး 1  ံေရာက္မွ ရပ္ပါတယ္။ ေရကို transfer လုပ္တယ္ဆိုေတာ့ P to S ဒါမွမဟုတ္ S to P ballast tank ေတြကို ဆက္ထားတဲ့ ပိုက္ရဲ႕ valve ေတြကိုလည္း ဖြင့္ေပးပါတယ္။ သူ႔ direction အလိုက္ သက္ဆိုင္တဲ့ pump ကိုလည္း ဖြင့္ေပးပါတယ္။
ECR ေရာက္လို႔ လိုက္ၾကည့္ေတာ့ control က Samsung ရဲ႕ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ္ခုထဲအတြက္ မဟုတ္ပါဘူး။ တစ္ျခား control system ေတာ္ေတာ္မ်ားမ်ားကို ေပါင္းထားတာပါ။ DCS computer ကေန user နဲ႔ အဆက္အသြယ္လုပ္ၿပီး Control cabinet ထဲက PLC ကေတာ့ အဓိက control ေပါ့။ PLC အထြက္မွာ Relay module board ေတြနဲ႔ device ေတြကို ေမာင္းတာပါ။ ER ရဲ႕ ေအာက္ထပ္မွာေတာ့ anti-heeling system အတြက္ pump နဲ႔ starter panel ရွိပါတယ္။ Starter ကိုသြားၾကည့္ေတာ့ P ->S နဲ႔ S ->P အတြက္ pump အႀကီး၂ လုံးကို 440V MC အႀကီးတစ္ခုစီနဲ႔ DOL starter ဘဲသုံးထားပါတယ္။ အဲဒီ starter ရဲ႕ contact ေတြကို စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။ ကပ္ေနတာ ေလာင္ထားတာမ်ဳိး မရွိပါဘူး။ ေနာက္ အဲဒီ MC အႀကီးကို ေမာင္းေပးတဲ့ 24V MC အငယ္ကို လည္းစစ္ၾကည့္ေတာ့ ေကာင္းပါတယ္။

ဒါနဲ႔ ECR ထဲျပန္သြားၿပီး စမ္းၾကည့္ၾကတာေပါ့။ DCS computer ကေန ၾကည့္ေတာ့ heeling indication မွာ -0.6  ံျပေနပါတယ္။ Auto mode မွာ +/- 5  ံ ေက်ာ္မွ anti-heeling ကစ အလုပ္လုပ္မွာဆိုေတာ့ manually ဘဲ pump ကို ေမာင္းၾကည့္ဖို႔ ဆုံးျဖတ္ပါတယ္။ ဒါနဲ႔ manual command ေပးၿပီး S to P ကို start လုပ္လိုက္ပါတယ္။ Screen ေပၚမွာ pump လည္သြားတဲ့ status နဲ႔ valve ေတြ ပြင့္သြားတဲ့ status ကို ျပပါတယ္။
Control cabinet ထဲက PLC မွာ သူနဲ႔ဆိုင္တဲ့ digital output module (DOC4) ရဲ႕ channel 14 က မီးလင္းသြားပါတယ္။ DOC4 ကေန ႀကိဳးအျပားနဲ႔ ထြက္သြားၿပီး relay module board တစ္ခုကိုဝင္သြားပါတယ္။
Relay module အထြက္ terminal မွာ သူနဲ႔ ဆိုင္တဲ့ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ထြက္ပါတယ္။ ဒီႀကိဳးကေန Starter panel ထဲက MC အေသး၊ ေနာက္တစ္ဆင့္ MC အႀကီးကို ေမာင္းၿပီး pump run ေစမွာျဖစ္ပါတယ္။ ေအာက္က တစ္ေယာက္ၾကည့္ခိုင္းေတာ့လည္း pump လည္တယ္တဲ့။ 150A ေလာက္ ဆြဲတယ္ ေျပာပါတယ္။ ခဏေနေတာ့ computer ကေန stop command ေပးလိုက္ပါတယ္။ PLC ေပၚက သူ႔ channel ရဲ႕ LED ၿငိမ္းသြားသလို DCS screen ေပၚမွာ pump ရပ္သြားတာ ျပပါတယ္။ ေအာက္ထပ္ကလည္း pump ရပ္သြားတယ္ေျပာပါတယ္။ တစ္ခါတေလ ျဖစ္တဲ့ ျပႆနာဆိုတာမ်ဳိးက လုပ္ရတာ နည္းနည္း ခက္ပါတယ္။ ျပႆနာ ျဖစ္ေအာင္ အယင္ စိတ္ရွည္ရွည္နဲ႔ ေစာင့္ရတာမို႔ပါ။ အခုလည္း ေကာင္းေနတယ္ေလ။ ဒါနဲ႔ start / stop ေလး၊ ငါးခါေလာက္ လုပ္ၾကည့္ေတာ့မွ တစ္ခါမွာ pump မရပ္ဘဲ ဆက္လည္ေနတာ ေတြ႕ရပါတယ္။ Stop command ကေပးၿပီးပါၿပီ။ Screen မွာ pump run status ျပေနဆဲ ျဖစ္သလို ေအာက္ထပ္မွာလည္း တစ္ကယ္ pump လည္ေနပါတယ္။ 
PLC ရဲ႕ သူ႔ channel မွာ မီးၿငိမ္းေနပါတယ္။ ဒါနဲ႔ relay card ရဲ႕ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ဆက္ထြက္ေနတာေတြ႕ပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးကေျပာပါတယ္။ PLC output card DOC4 ကို လဲၾကည့္ထားၿပီးၿပီတဲ့။ အခု card က အသစ္လို႔ေျပာပါတယ္။ ဒါဆို ျဖစ္ႏိုင္စရာတစ္ခုဘဲ ရွိေတာ့ပါတယ္။ Relay module board မေကာင္းတာပါ။ Spare လည္း မရွိပါဘူး။
Relay module board ကို ျဖဳတ္တိူင္းၾကည့္ေတာ့ NO contact က off line မွာ 16 ohm ေလာက္ျပေနေတာ့ သိပ္မေကာင္းေတာ့ဘူးလို႔ ေကာက္ခ်က္ခ်ပါတယ္။ Board ေပၚမွာ channel  ၁၆ခု မွာ ၁ ခုက အဲလိုျဖစ္ေနပါတယ္။ ေနာက္ တစ္ခုက ေတာ့ 70 ohm ျပၿပီး က်န္တဲ့ channel ေတြက open ျဖစ္ပါတယ္။ ဒါနဲ႔ onboard relay ေတြ လဲၾကည့္ဖို႔ စဥ္းစားမိပါတယ္။ Relay module မွာမယ္ဆိုယင္ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ ၾကာမွရမွာပါ။ Omron onboard Relay ကေတာ့ အလြယ္တကူ ဝယ္လို႔ ရႏိုင္ပါတယ္။ ႐ုံးကို ဖုန္းဆက္ၿပီး လာပို႔ေပးဖို႔ ေျပာလိုက္ပါတယ္။ ေနာက္ ၂ နာရီေလာက္ ေစာင့္ေတာ့ ပစၥည္းေရာက္လာပါတယ္။ ေစာေစာက clear မျဖစ္တဲ့ relay ၂ ခု လဲေပးလိုက္ပါတယ္။ ျပန္တပ္ၿပီး စမ္းၾကည့္ၾကပါတယ္။ Start / stop အႀကိမ္ေတာ္ေတာ္မ်ားမ်ား လုပ္ၾကည့္ေတာ့ ေကာင္းေနတာမို႔ အဆင္ေျပသြားၿပီလို႔ ယူဆရပါတယ္။ Report ေရးၿပီး ျပန္ခဲ့ပါတယ္။

[Unicode]
ဆိပ်ကမ်းမှာ Container အတင်အချလုပ်နေတဲ့ သင်္ဘောတစ်စီးမှာ Anti-heeling system မကောင်းဘူး ဆိုလို့ သွားကြည့်ရပါတယ်။ ခရိုယေးရှား ဓာတ်ကြိုးက ရှင်းပြပါတယ်။ 
DCS computer ကနေပြီး pump start/ stop command ပေးတဲ့ အခါ Stbd to Port သွားတဲ့ pump က start မှာ ပြဿနာ မရှိဘူး။ stop လုပ်ယင် တစ်ခါတလေ မရပ်တော့ဘူးပြောပါတယ်။ အဲဒါကို ရှင်းပေးရမှာပါ။
မစခင် Anti-heeling system အကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ သင်္ဘောတွေမှာ တစ်ဘက်ဘက်ကို အကြောင်းတစ်ခုခုနဲ့ (load မညီလို့၊ လေပြင်းတိုက်လို့၊ angle ကျဉ်းကျဉ်းနဲ့ ကွေ့လိုက်လို့) စောင်းသွားပြီး အချိန်တိုအတွင်း ပြန် မတည့်နိုင်တာမျိုးကို heeling ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲလို heeling ဖြစ်တာကို အချိန်မီပြန်မထိန်းနိုင်ယင် အန္တရာယ်ရှိပါတယ်။ အဲလိုအခြေအနေမျိုးမှာ water ballast tank တွေက ရေကို လိုသလို ပြောင်းရွှေ့ပြီး အလိုအလျောက် balance လုပ်ပေးတဲ့ စံနစ်ကို anti-heeling system လို့ ခေါ်ပါတယ်။ Anti-heeling မှာ ၂ မျိုးရှိပါတယ်။ Pneumatic type နဲ့ pump type ပါ။ Pneumatic type မှာ ballast tank တစ်ခုကနေ တစ်ခုဆီ ရေစီးဖို့ pressure difference ကို လေမှုတ်ထည့်ခြင်း၊ ဖွင့်ထုတ်ခြင်း လုပ်ပေးတာပါ။ Pump type မှာတော့ pump မောင်းပြီး ရေစီးအောင် လုပ်ပေးတာပေါ့။ ဒီသင်္ဘောက pump type ပါ။ ဒီမှာ Anti-heeling system set လုပ်ထားတာကတော့ 5  ံစောင်းယင် water transfer စလုပ်ပြီး အနီးစပ်ဆုံး 1  ံရောက်မှ ရပ်ပါတယ်။ ရေကို transfer လုပ်တယ်ဆိုတော့ P to S ဒါမှမဟုတ် S to P ballast tank တွေကို ဆက်ထားတဲ့ ပိုက်ရဲ့ valve တွေကိုလည်း ဖွင့်ပေးပါတယ်။ သူ့ direction အလိုက် သက်ဆိုင်တဲ့ pump ကိုလည်း ဖွင့်ပေးပါတယ်။
ECR ရောက်လို့ လိုက်ကြည့်တော့ control က Samsung ရဲ့ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ်ခုထဲအတွက် မဟုတ်ပါဘူး။ တစ်ခြား control system တော်တော်များများကို ပေါင်းထားတာပါ။ DCS computer ကနေ user နဲ့ အဆက်အသွယ်လုပ်ပြီး Control cabinet ထဲက PLC ကတော့ အဓိက control ပေါ့။ PLC အထွက်မှာ Relay module board တွေနဲ့ device တွေကို မောင်းတာပါ။ ER ရဲ့ အောက်ထပ်မှာတော့ anti-heeling system အတွက် pump နဲ့ starter panel ရှိပါတယ်။ Starter ကိုသွားကြည့်တော့ P ->S နဲ့ S ->P အတွက် pump အကြီး၂ လုံးကို 440V MC အကြီးတစ်ခုစီနဲ့ DOL starter ဘဲသုံးထားပါတယ်။ အဲဒီ starter ရဲ့ contact တွေကို စစ်ကြည့်တော့လည်း ကောင်းပါတယ်။ ကပ်နေတာ လောင်ထားတာမျိုး မရှိပါဘူး။ နောက် အဲဒီ MC အကြီးကို မောင်းပေးတဲ့ 24V MC အငယ်ကို လည်းစစ်ကြည့်တော့ ကောင်းပါတယ်။
ဒါနဲ့ ECR ထဲပြန်သွားပြီး စမ်းကြည့်ကြတာပေါ့။ DCS computer ကနေ ကြည့်တော့ heeling indication မှာ -0.6  ံပြနေပါတယ်။ Auto mode မှာ +/- 5  ံ ကျော်မှ anti-heeling ကစ အလုပ်လုပ်မှာဆိုတော့ manually ဘဲ pump ကို မောင်းကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါနဲ့ manual command ပေးပြီး S to P ကို start လုပ်လိုက်ပါတယ်။ Screen ပေါ်မှာ pump လည်သွားတဲ့ status နဲ့ valve တွေ ပွင့်သွားတဲ့ status ကို ပြပါတယ်။ Control cabinet ထဲက PLC မှာ သူနဲ့ဆိုင်တဲ့ digital output module (DOC4) ရဲ့ channel 14 က မီးလင်းသွားပါတယ်။ DOC4 ကနေ ကြိုးအပြားနဲ့ ထွက်သွားပြီး relay module board တစ်ခုကိုဝင်သွားပါတယ်။ Relay module အထွက် terminal မှာ သူနဲ့ ဆိုင်တဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ထွက်ပါတယ်။ ဒီကြိုးကနေ Starter panel ထဲက MC အသေး၊ နောက်တစ်ဆင့် MC အကြီးကို မောင်းပြီး pump run စေမှာဖြစ်ပါတယ်။ အောက်က တစ်ယောက်ကြည့်ခိုင်းတော့လည်း pump လည်တယ်တဲ့။ 150A လောက် ဆွဲတယ် ပြောပါတယ်။ ခဏနေတော့ computer ကနေ stop command ပေးလိုက်ပါတယ်။ PLC ပေါ်က သူ့ channel ရဲ့ LED ငြိမ်းသွားသလို DCS screen ပေါ်မှာ pump ရပ်သွားတာ ပြပါတယ်။ အောက်ထပ်ကလည်း pump ရပ်သွားတယ်ပြောပါတယ်။ တစ်ခါတလေ ဖြစ်တဲ့ ပြဿနာဆိုတာမျိုးက လုပ်ရတာ နည်းနည်း ခက်ပါတယ်။ ပြဿနာ ဖြစ်အောင် အယင် စိတ်ရှည်ရှည်နဲ့ စောင့်ရတာမို့ပါ။ အခုလည်း ကောင်းနေတယ်လေ။ ဒါနဲ့ start / stop လေး၊ ငါးခါလောက် လုပ်ကြည့်တော့မှ တစ်ခါမှာ pump မရပ်ဘဲ ဆက်လည်နေတာ တွေ့ရပါတယ်။ Stop command ကပေးပြီးပါပြီ။ Screen မှာ pump run status ပြနေဆဲ ဖြစ်သလို အောက်ထပ်မှာလည်း တစ်ကယ် pump လည်နေပါတယ်။ 
PLC ရဲ့ သူ့ channel မှာ မီးငြိမ်းနေပါတယ်။ ဒါနဲ့ relay card ရဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ဆက်ထွက်နေတာတွေ့ပါတယ်။ အဲဒီအချိန်မှာ ဓာတ်ကြိုးကပြောပါတယ်။ PLC output card DOC4 ကို လဲကြည့်ထားပြီးပြီတဲ့။ အခု card က အသစ်လို့ပြောပါတယ်။ ဒါဆို ဖြစ်နိုင်စရာတစ်ခုဘဲ ရှိတော့ပါတယ်။ Relay module board မကောင်းတာပါ။ Spare လည်း မရှိပါဘူး။ Relay module board ကို ဖြုတ်တိူင်းကြည့်တော့ NO contact က off line မှာ 16 ohm လောက်ပြနေတော့ သိပ်မကောင်းတော့ဘူးလို့ ကောက်ချက်ချပါတယ်။ Board ပေါ်မှာ channel  ၁၆ခု မှာ ၁ ခုက အဲလိုဖြစ်နေပါတယ်။ နောက် တစ်ခုက တော့ 70 ohm ပြပြီး ကျန်တဲ့ channel တွေက open ဖြစ်ပါတယ်။ ဒါနဲ့ onboard relay တွေ လဲကြည့်ဖို့ စဉ်းစားမိပါတယ်။ Relay module မှာမယ်ဆိုယင် တစ်ပတ်၊ နှစ်ပတ်လောက် ကြာမှရမှာပါ။ Omron onboard Relay ကတော့ အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ်။ ရုံးကို ဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောလိုက်ပါတယ်။ နောက် ၂ နာရီလောက် စောင့်တော့ ပစ္စည်းရောက်လာပါတယ်။ စောစောက clear မဖြစ်တဲ့ relay ၂ ခု လဲပေးလိုက်ပါတယ်။ ပြန်တပ်ပြီး စမ်းကြည့်ကြပါတယ်။ Start / stop အကြိမ်တော်တော်များများ လုပ်ကြည့်တော့ ကောင်းနေတာမို့ အဆင်ပြေသွားပြီလို့ ယူဆရပါတယ်။ Report ရေးပြီး ပြန်ခဲ့ပါတယ်။

Wednesday, 4 October 2017

Generator (၉ - ဃ) - Emergency Generator ACB cannot be closed (Quiz)


[Zawgyi]

ဒီတစ္ခါမွာေတာ့ လူသစ္တန္း ညီငယ္ေတြ စဥ္းစားဖို႔ case study ေမခြန္းေမးထားပါတယ္။ Drawing ဖတ္တာလည္း က်င့္ၿပီးသား ျဖစ္တာေပါ့။ ေရွ႕မွာလည္း ဆင္တူ ျပႆနာ ၃ ခု ေျပာျပထားၿပီးလို႔ စဥ္းစားႏိုင္မယ္ထင္ပါတယ္။
Tanker တစ္စီးမွာပါ။ ျပႆနာက အတူတူပါဘဲ။ E-gen ACB close မရလို႔တဲ့။ ယူကရိန္းဓာတ္ႀကိဳးက လိုက္ျပေပးပါတယ္။ သူေျပာတာက Test mode (Eg & ACB) ေျပာင္းလိုက္ေတာ့ engine auto start ျဖစ္တယ္။ ဒါေပမဲ့ generator ACB က close မျဖစ္ဘူး။ ဒါနဲ႔ ESB panel ေပၚမွာရွိတဲ့ manual close switch/ lever ေလးနဲ႔ သုံးလိုက္ေတာ့ ACB close ျဖစ္သြားတယ္ ေျပာပါတယ္။ (ACB ေပၚမွာရွိတဲ့ close push button မဟုတ္ဘူးေနာ္။) 
ကၽြန္ေတာ္တို႔ကို လက္ေတြ႕စမ္းျပေတာ့လည္း အတူတူပါဘဲ။ Generator output ကလည္း 440V ေလာက္မွာ stable ျဖစ္ပါတယ္။ Generator local panel မွာ လည္း Auto Mode မွာထားေတာ့ contactor E43X ကလည္း ဆြဲကပ္ေနပါတယ္။ 
Drawing ဖတ္ၾကည့္ၿပီး ပစၥည္းတစ္ခု မေကာင္းတာ သိသြားပါတယ္။ Confirmation တိုင္းၾကည့္ေတာ့လည္း မွန္ပါတယ္။ အဲဒီပစၥည္း အသစ္လဲလိုက္ေတာ့ အဆင္ေျပသြားပါတယ္။ Troubleshooting အခ်ိန္ နာရီဝက္ေလာက္ဘဲၾကာပါတယ္။ လြယ္လြယ္နဲ႔ ၿပီးသြားတဲ့ ျပႆနာေလး တစ္ခုေပါ့။

ေမးခြန္းက - ဘယ္ပစၥည္း ပ်က္တယ္ထင္ပါသလဲ။  
(လိုအပ္တဲ့ Drawing အကုန္ တင္ေပးထားပါတယ္။ ထင္တဲ့ အေျဖ comment မွာ ေရးေပးၾကည့္ပါ။ မၾကာခင္ အေျဖ ေျပာျပေပးပါမယ္။ )






[Unicode]

ဒီတစ်ခါမှာတော့ လူသစ်တန်း ညီငယ်တွေ စဉ်းစားဖို့ case study မေခွန်းမေးထားပါတယ်။ Drawing ဖတ်တာလည်း ကျင့်ပြီးသား ဖြစ်တာပေါ့။ ရှေ့မှာလည်း ဆင်တူ ပြဿနာ ၃ ခု ပြောပြထားပြီးလို့ စဉ်းစားနိုင်မယ်ထင်ပါတယ်။
Tanker တစ်စီးမှာပါ။ ပြဿနာက အတူတူပါဘဲ။ E-gen ACB close မရလို့တဲ့။ ယူကရိန်းဓာတ်ကြိုးက လိုက်ပြပေးပါတယ်။ သူပြောတာက Test mode (Eg & ACB) ပြောင်းလိုက်တော့ engine auto start ဖြစ်တယ်။ ဒါပေမဲ့ generator ACB က close မဖြစ်ဘူး။ ဒါနဲ့ ESB panel ပေါ်မှာရှိတဲ့ manual close switch/ lever လေးနဲ့ သုံးလိုက်တော့ ACB close ဖြစ်သွားတယ် ပြောပါတယ်။ (ACB ပေါ်မှာရှိတဲ့ close push button မဟုတ်ဘူးနော်။) 
ကျွန်တော်တို့ကို လက်တွေ့စမ်းပြတော့လည်း အတူတူပါဘဲ။ Generator output ကလည်း 440V လောက်မှာ stable ဖြစ်ပါတယ်။ Generator local panel မှာ လည်း Auto Mode မှာထားတော့ contactor E43X ကလည်း ဆွဲကပ်နေပါတယ်။ 
Drawing ဖတ်ကြည့်ပြီး ပစ္စည်းတစ်ခု မကောင်းတာ သိသွားပါတယ်။ Confirmation တိုင်းကြည့်တော့လည်း မှန်ပါတယ်။ အဲဒီပစ္စည်း အသစ်လဲလိုက်တော့ အဆင်ပြေသွားပါတယ်။ Troubleshooting အချိန် နာရီဝက်လောက်ဘဲကြာပါတယ်။ လွယ်လွယ်နဲ့ ပြီးသွားတဲ့ ပြဿနာလေး တစ်ခုပေါ့။

မေးခွန်းက - ဘယ်ပစ္စည်း ပျက်တယ်ထင်ပါသလဲ။  
(လိုအပ်တဲ့ Drawing အကုန် တင်ပေးထားပါတယ်။ ထင်တဲ့ အဖြေ comment မှာ ရေးပေးကြည့်ပါ။ မကြာခင် အဖြေ ပြောပြပေးပါမယ်။ )

Sunday, 1 October 2017

Generator (၉ - ဂ) - Bus Tie Breaker cannot be closed


[Zawgyi]
ဒီတစ္ခါ သေဘၤာက tanker ခပ္ငယ္ငယ္ တစ္စီးပါ။ သေဘၤာသားေတြက ေရႊေတြေတာ္ေတာ္မ်ားမ်ားပါ ပါတယ္။ Super က ေျပာေတာ့ သေဘၤာမွာ power က တစ္ျခမ္းဘဲရတယ္ တစ္ျခမ္းက မရဘူးေျပာပါတယ္။ ညဘက္ႀကီး လာေခၚလို႔ လိုက္သြားရတယ္။ မနက္ျဖန္ တိုင္ဝမ္သြားမယ့္ သေဘၤာတဲ့။ သိပ္ေတာ့ ရွင္းရွင္းလင္းလင္း မသိဘူး။ ခန္႔မွန္းၾကည့္တာေတာ့ Bus Tie Breaker အလုပ္မလုပ္တာ ျဖစ္ႏိုင္တယ္ေပါ့။ ဘာလို႔လဲဆိုေတာ့ သူက MSB နဲ႔ ESB ကို ဆက္ေပးတဲ့ link ျဖစ္ေနလို႔ပါဘဲ။ တစ္ခ်ဳိ႕ switchboard ေတြမွာေတာ့ MSB ကို တစ္ပိုင္းစီ ထားၿပီး link လုပ္ေပးတာလည္း ရွိပါတယ္။ ဘာဘဲျဖစ္ျဖစ္ တက္ၾကည့္လိုက္တာေပါ့။ 
သေဘၤာေပၚမွာ ဓာတ္ႀကိဳး မပါဘူး။ ေရာက္သြားေတာ့ သေဘၤာကလည္း လင္းတဲ့ေနရာလင္း၊ ေမွာင္တဲ့ေနရာေမွာင္လို႔။ ျမန္မာစက္-၂ ႀကီးက ECR ထဲေခၚသြားၿပီး သူနားလည္သလို ေျပာျပတယ္။ သေဘၤာတစ္ခ်ဳိ႕ေနရာေတြမွာ power မေရာက္ဘူး ေျပာပါတယ္။ Black out ျဖစ္ယင္ေတာ့ Emergency generator က auto လည္တယ္တဲ့။ E-gen လည္ယင္ MSB ကို power ျပန္ပို႔ေပးတယ္တဲ့။ ကၽြန္ေတာ္လည္း နားမလည္ဘဲ မ်က္ေစ့လည္သြားတယ္။ E-gen က MSB ကို ျပန္ၿပီး power ေပးတယ္လို႔ တစ္ခါမွေတာ့ မၾကားဖူးဘူး။ သေဘၤာေဟာင္းလို႔ design မတူတာလားေပါ့။ MSB မွာ လိုက္ ၾကည့္လိုက္ေတာ့လည္း Bus ကိုတစ္ပိုင္းစီခြဲထားတာမ်ဳိး မေတြ႕ပါဘူး။ အျဖစ္ႏိုင္ဆုံးကေတာ့ ESB မွာရွိေလ့ရွိတဲ့ Bus Tie breaker ျပႆနာ လို႔ဘဲထင္ပါတယ္။ ထားပါေတာ့။ ေနာက္ၿပီးမွ စစ္ၾကည့္ပါမယ္။ သေဘၤာက ေဟာင္းတဲ့အျပင္ drawing ေတြလည္း မရွိဘူးေျပာပါတယ္။ ဓာတ္ႀကိဳးမရွိေတာ့ drawing ရဲ႕ အေရးႀကီးတာကို မသိတာလား မေျပာတတ္ပါဘူး။ လက္ရွိ AE ၂ လုံးရွိတာ တစ္လုံးကပ်က္ေနတယ္။ Engine overhaul လုပ္ရမယ္တဲ့။ ေကာင္းတဲ့ AE တစ္လုံးထဲ run ေနရပါတယ္။
သေဘၤာ မနက္ထြက္လို႔ ရေအာင္ လိုတာေလာက္ လုပ္ေပးၿပီး က်န္တာ ဟိုေရာက္လို႔ Dock ဝင္မွ အကုန္ျပင္မယ္ ေျပာပါတယ္။ ေလာေလာဆယ္ အေရးတႀကီး Air compressor ေတြလည္ေအာင္လုပ္ေပးဖို႔ ေျပာပါတယ္။  Air မရွိယင္ ME ႏႈိးမရမွာစိုးလို႔တဲ့ေလ။ အဲဒီ ျပႆနာ အယင္ သြားၾကည့္ပါတယ္။ Compressor 1 ကို တိုင္းၾကည့္လိုက္ေတာ့ အဝင္ power ကို မရွိတာပါ။ အဝင္ Breaker ဘယ္မွာလဲေမးေတာ့ MSB က Breaker ကိုျပတယ္ On ထားတယ္တဲ့။ compressor 2 က power ရွိေတာ့ အဲဒါ အယင္စစ္ၾကည့္ပါတယ္။ DOL starter ဆိုေတာ့ ရွင္းပါတယ္။ Magnetic Contactor မေကာင္းတာ ေတြ႕လို႔ spare ရွာၿပီး လဲေပးလိုက္ပါတယ္။ ဒီေတာ့ ေမာင္းလို႔ရသြားတယ္။
အဲဒီအခ်ိန္မွာဘဲ တစ္လုံးထဲေသာ ေမာင္းေနတဲ့ AE က ေရေတြယိုလို႔ ရပ္လိုက္ရပါတယ္။ စက္-၂ နဲ႔ စက္-၃ ကျပင္ဖို႔လုပ္ၾကတာေပါ့။ Engine Room ထဲက AE ေတြတစ္လုံးမွ မလည္ေတာ့ black out ျဖစ္သြားတာေပါ့။ အဲဒီမွာ e-gen ထလည္ၿပီး မီးတစ္ခ်ဳိ႕ ျပန္လာပါတယ္။ ေစာေစာက power မရွိတဲ့ compressor 1 ကလည္း power မီးလင္းေနတာေတြ႕တယ္။ စမ္းၾကည့္ေတာ့ ေကာင္းေနတယ္။ ဒီေတာ့မွ သေဘာေပါက္သြားတယ္။ သူတို႔ ေျပာတဲ့ power တစ္ျခမ္းမရဘူးဆိုတာ ESB ရဲ႕ bus tie breaker အလုပ္မလုပ္လို႔ ဆိုတာ ေသခ်ာသြားၿပီေပါ့။ 
ESB မွာရွိတဲ့ distribution panel က critical ျဖစ္တဲ့ tools ေတြ နဲ႔ lighting တစ္ခ်ဳိ႕ကို Power ေပးဖို႔ ခြဲထားေလ့ရွိပါတယ္။ MSB မွာ power ရွိယင္ bus tie breaker close လုပ္ေပးမွာပါ။ ဒီေတာ့မွ MSB ရဲ႕ power ESB ေပၚေရာက္ၿပီး ေစာေစာက ခြဲထားတဲ့ tools ေတြဆီ power ေရာက္မွာပါ။ MSB black out ျဖစ္ယင္ bus tie breaker open ျဖစ္ၿပီး E-gen က power ကို E-gen ACB က တစ္ဆင့္ ESB ကို ေပး ေတာ့ ESB ေပၚက tools ေတြမွာ power ရွိတာပါ။ ေစာေစာက compressor 1 ရဲ႕ breaker က ESB မွာ ရွိလို႔ျဖစ္မွာပါ။ ဒါေၾကာင့္ MSB power ရွိခ်ိန္ bus tie breaker အလုပ္မလုပ္လို႔ ESB မွာ power မရွိတာပါ။ အခု E-gen လည္ေတာ့မွ ESB မွာ power ေရာက္ၿပီး Compressor 1 ဆီ power ေရာက္တာပါ။ Compressor 1 ရဲ႕ Starter က ဘာမွ မပ်က္ပါဘူး။ 
ဒီေတာ့ E-gen room ကိုသြားၿပီး bus tie breaker ကိုၾကည့္ရပါတယ္။ Merlin gerin ရဲ႕ Compact type breaker ပါ။ AE ျပင္ၿပီး MSB power ရတဲ့အထိေစာင့္ပါတယ္။ MSB power ေရာက္ေတာ့ ESB မွာ သြားၾကည့္ပါတယ္။ E-gen breaker ကေတာ့ open ျဖစ္သြားပါတယ္။ Voltage sensing relay နဲ႔ timer အလုပ္လုပ္သြားပါတယ္။ ဒါေပမဲ့ bus tie breaker က close ျဖစ္မသြားပါဘူး။ Timer အထြက္ကို volt တိုင္းၾကည့္ေတာ့ 220V ရွိပါတယ္။ Breaker ရဲ႕ close coil အဝင္ terminal မွာလည္း 220V ရွိပါတယ္။ Breaker ေပၚက mode ကို Manual ေျပာင္းလိုက္ၿပီး close push button ကို နွိပ္လိုက္ေတာ့ breaker close ျဖစ္သြားပါတယ္။ ဒီေတာ့ UVT လည္း ေကာင္းတာေပါ့။ UVT မေကာင္းယင္ close လုပ္လို႔ မရႏိုင္ပါဘူး။ ေနာက္ၿပီး closing mechanism လည္း ေကာင္းတယ္လို႔ ေျပာႏိုင္ပါတယ္။ အဲဒီေတာ့ close coil မေကာင္းတာလို႔ ယူဆပါတယ္။ ေလာေလာဆယ္ သုံးရဖို႔ေတာ့ ဒီ Manual mode နဲ႔ဘဲ operate လုပ္ဖို႔ အၾကံေပးခဲ့ပါတယ္။ Dock ဝင္ေတာ့မွ breaker ျပင္ဖို႔ ဒါမွမဟုတ္ အသစ္လဲဖို႔ ေျပာခဲ့ပါတယ္။ Super လည္း သေဘာတူပါတယ္။ စက္ခ်ဳပ္ကို ရွင္းျပၿပီး ဘယ္လို operate လုပ္ရတယ္ဆိုတာ သင္ေပးခဲ့ပါတယ္။

[Unicode]

ဒီတစ်ခါ သင်္ဘောက tanker ခပ်ငယ်ငယ် တစ်စီးပါ။ သင်္ဘောသားတွေက ရွှေတွေတော်တော်များများပါ ပါတယ်။ Super က ပြောတော့ သင်္ဘောမှာ power က တစ်ခြမ်းဘဲရတယ် တစ်ခြမ်းက မရဘူးပြောပါတယ်။ ညဘက်ကြီး လာခေါ်လို့ လိုက်သွားရတယ်။ မနက်ဖြန် တိုင်ဝမ်သွားမယ့် သင်္ဘောတဲ့။ သိပ်တော့ ရှင်းရှင်းလင်းလင်း မသိဘူး။ ခန့်မှန်းကြည့်တာတော့ Bus Tie Breaker အလုပ်မလုပ်တာ ဖြစ်နိုင်တယ်ပေါ့။ ဘာလို့လဲဆိုတော့ သူက MSB နဲ့ ESB ကို ဆက်ပေးတဲ့ link ဖြစ်နေလို့ပါဘဲ။ တစ်ချို့ switchboard တွေမှာတော့ MSB ကို တစ်ပိုင်းစီ ထားပြီး link လုပ်ပေးတာလည်း ရှိပါတယ်။ ဘာဘဲဖြစ်ဖြစ် တက်ကြည့်လိုက်တာပေါ့။ 
သင်္ဘောပေါ်မှာ ဓာတ်ကြိုး မပါဘူး။ ရောက်သွားတော့ သင်္ဘောကလည်း လင်းတဲ့နေရာလင်း၊ မှောင်တဲ့နေရာမှောင်လို့။ မြန်မာစက်-၂ ကြီးက ECR ထဲခေါ်သွားပြီး သူနားလည်သလို ပြောပြတယ်။ သင်္ဘောတစ်ချို့နေရာတွေမှာ power မရောက်ဘူး ပြောပါတယ်။ Black out ဖြစ်ယင်တော့ Emergency generator က auto လည်တယ်တဲ့။ E-gen လည်ယင် MSB ကို power ပြန်ပို့ပေးတယ်တဲ့။ ကျွန်တော်လည်း နားမလည်ဘဲ မျက်စေ့လည်သွားတယ်။ E-gen က MSB ကို ပြန်ပြီး power ပေးတယ်လို့ တစ်ခါမှတော့ မကြားဖူးဘူး။ သင်္ဘောဟောင်းလို့ design မတူတာလားပေါ့။ MSB မှာ လိုက် ကြည့်လိုက်တော့လည်း Bus ကိုတစ်ပိုင်းစီခွဲထားတာမျိုး မတွေ့ပါဘူး။ အဖြစ်နိုင်ဆုံးကတော့ ESB မှာရှိလေ့ရှိတဲ့ Bus Tie breaker ပြဿနာ လို့ဘဲထင်ပါတယ်။ ထားပါတော့။ နောက်ပြီးမှ စစ်ကြည့်ပါမယ်။ သင်္ဘောက ဟောင်းတဲ့အပြင် drawing တွေလည်း မရှိဘူးပြောပါတယ်။ ဓာတ်ကြိုးမရှိတော့ drawing ရဲ့ အရေးကြီးတာကို မသိတာလား မပြောတတ်ပါဘူး။ လက်ရှိ AE ၂ လုံးရှိတာ တစ်လုံးကပျက်နေတယ်။ Engine overhaul လုပ်ရမယ်တဲ့။ ကောင်းတဲ့ AE တစ်လုံးထဲ run နေရပါတယ်။
သင်္ဘော မနက်ထွက်လို့ ရအောင် လိုတာလောက် လုပ်ပေးပြီး ကျန်တာ ဟိုရောက်လို့ Dock ဝင်မှ အကုန်ပြင်မယ် ပြောပါတယ်။ လောလောဆယ် အရေးတကြီး Air compressor တွေလည်အောင်လုပ်ပေးဖို့ ပြောပါတယ်။  Air မရှိယင် ME နှိုးမရမှာစိုးလို့တဲ့လေ။ အဲဒီ ပြဿနာ အယင် သွားကြည့်ပါတယ်။ Compressor 1 ကို တိုင်းကြည့်လိုက်တော့ အဝင် power ကို မရှိတာပါ။ အဝင် Breaker ဘယ်မှာလဲမေးတော့ MSB က Breaker ကိုပြတယ် On ထားတယ်တဲ့။ compressor 2 က power ရှိတော့ အဲဒါ အယင်စစ်ကြည့်ပါတယ်။ DOL starter ဆိုတော့ ရှင်းပါတယ်။ Magnetic Contactor မကောင်းတာ တွေ့လို့ spare ရှာပြီး လဲပေးလိုက်ပါတယ်။ ဒီတော့ မောင်းလို့ရသွားတယ်။ အဲဒီအချိန်မှာဘဲ တစ်လုံးထဲသော မောင်းနေတဲ့ AE က ရေတွေယိုလို့ ရပ်လိုက်ရပါတယ်။ စက်-၂ နဲ့ စက်-၃ ကပြင်ဖို့လုပ်ကြတာပေါ့။ Engine Room ထဲက AE တွေတစ်လုံးမှ မလည်တော့ black out ဖြစ်သွားတာပေါ့။ အဲဒီမှာ e-gen ထလည်ပြီး မီးတစ်ချို့ ပြန်လာပါတယ်။ စောစောက power မရှိတဲ့ compressor 1 ကလည်း power မီးလင်းနေတာတွေ့တယ်။ စမ်းကြည့်တော့ ကောင်းနေတယ်။ ဒီတော့မှ သဘောပေါက်သွားတယ်။ သူတို့ ပြောတဲ့ power တစ်ခြမ်းမရဘူးဆိုတာ ESB ရဲ့ bus tie breaker အလုပ်မလုပ်လို့ ဆိုတာ သေချာသွားပြီပေါ့။ 
ESB မှာရှိတဲ့ distribution panel က critical ဖြစ်တဲ့ tools တွေ နဲ့ lighting တစ်ချို့ကို Power ပေးဖို့ ခွဲထားလေ့ရှိပါတယ်။ MSB မှာ power ရှိယင် bus tie breaker close လုပ်ပေးမှာပါ။ ဒီတော့မှ MSB ရဲ့ power ESB ပေါ်ရောက်ပြီး စောစောက ခွဲထားတဲ့ tools တွေဆီ power ရောက်မှာပါ။ MSB black out ဖြစ်ယင် bus tie breaker open ဖြစ်ပြီး E-gen က power ကို E-gen ACB က တစ်ဆင့် ESB ကို ပေး တော့ ESB ပေါ်က tools တွေမှာ power ရှိတာပါ။ စောစောက compressor 1 ရဲ့ breaker က ESB မှာ ရှိလို့ဖြစ်မှာပါ။ ဒါကြောင့် MSB power ရှိချိန် bus tie breaker အလုပ်မလုပ်လို့ ESB မှာ power မရှိတာပါ။ အခု E-gen လည်တော့မှ ESB မှာ power ရောက်ပြီး Compressor 1 ဆီ power ရောက်တာပါ။ Compressor 1 ရဲ့ Starter က ဘာမှ မပျက်ပါဘူး။ 
ဒီတော့ E-gen room ကိုသွားပြီး bus tie breaker ကိုကြည့်ရပါတယ်။ Merlin gerin ရဲ့ Compact type breaker ပါ။ AE ပြင်ပြီး MSB power ရတဲ့အထိစောင့်ပါတယ်။ MSB power ရောက်တော့ ESB မှာ သွားကြည့်ပါတယ်။ E-gen breaker ကတော့ open ဖြစ်သွားပါတယ်။ Voltage sensing relay နဲ့ timer အလုပ်လုပ်သွားပါတယ်။ ဒါပေမဲ့ bus tie breaker က close ဖြစ်မသွားပါဘူး။ Timer အထွက်ကို volt တိုင်းကြည့်တော့ 220V ရှိပါတယ်။ Breaker ရဲ့ close coil အဝင် terminal မှာလည်း 220V ရှိပါတယ်။ Breaker ပေါ်က mode ကို Manual ပြောင်းလိုက်ပြီး close push button ကို နှိပ်လိုက်တော့ breaker close ဖြစ်သွားပါတယ်။ ဒီတော့ UVT လည်း ကောင်းတာပေါ့။ UVT မကောင်းယင် close လုပ်လို့ မရနိုင်ပါဘူး။ နောက်ပြီး closing mechanism လည်း ကောင်းတယ်လို့ ပြောနိုင်ပါတယ်။ အဲဒီတော့ close coil မကောင်းတာလို့ ယူဆပါတယ်။ လောလောဆယ် သုံးရဖို့တော့ ဒီ Manual mode နဲ့ဘဲ operate လုပ်ဖို့ အကြံပေးခဲ့ပါတယ်။ Dock ဝင်တော့မှ breaker ပြင်ဖို့ ဒါမှမဟုတ် အသစ်လဲဖို့ ပြောခဲ့ပါတယ်။ Super လည်း သဘောတူပါတယ်။ စက်ချုပ်ကို ရှင်းပြပြီး ဘယ်လို operate လုပ်ရတယ်ဆိုတာ သင်ပေးခဲ့ပါတယ်။

Monday, 25 September 2017

Generator (၉-ခ) - Emergency Generator ACB Cannot be Closed


[Zawgyi]
ဒီတစ္ခါလည္း container သေဘၤာ တစ္စီးမွာပါဘဲ။ ျပႆနာက အတူတူေပါ့။ E-gen ACB close မရတာပါ။ အိျႏၵိယ စက္ခ်ဳပ္က ရွင္းျပၿပီး စမ္းျပပါတယ္။ ဒီ ESB ကေတာ့ test mode မွာ Engine run နဲ႔ test load ႏွစ္မ်ဳိးလုံးပါေတာ့ အလြယ္ စမ္းလို႔ ရပါတယ္။ ACB ေတြကေတာ့ Hyundai အမ်ဳိးအစား draw-out type တြပါ။
ဒါနဲ႔ စမ္းၾကည့္ေတာ့ bus tie ACB ပြင့္သြားၿပီး generator auto start လည္ပါတယ္။ ေတာ္ေတာ္ၾကာ ေစာင့္ၾကည့္ေပမဲ့ generator ACB On မသြားပါဘူး။ ဒါနဲ႔ drawing ဖတ္ component ေတြၾကည့္ထားၿပီး ထပ္စမ္းပါတယ္။ Generator stable ျဖစ္သြားတဲ့ အခ်ိန္ voltage က 440V ေလာက္ရွိၿပီး stable ျဖစ္ပါတယ္။ Voltage sensing relay on သြားၿပီး timer လည္း အလုပ္လုပ္တာ ေတြ႕ရပါတယ္။ ဒါဆို ဘာလို႔ ACB close မျဖစ္တာလဲ။ UVT ေၾကာင့္လား၊ close relay လား၊ ACB ေၾကာင့္လား စစ္ရပါေတာ့မယ္။ ဒီ ACB circuit မွာ UVT controller ဆိုတဲ့ external unit တစ္ခုရွိပါတယ္။ အဲဒီ unit က ႀကိဳး ၆ ေခ်ာင္းရွိပါတယ္။ Power supply (AC220V) ၂ ေခ်ာင္း၊ Output (DC24V) ၂ ေခ်ာင္း နဲ႔ interlock signal input ၂ ေခ်ာင္း ျဖစ္ပါတယ္။ ( ပုံမွာ ၾကည့္ပါ။)

တစ္ကယ္လို႔ interlock input ၂ ေခ်ာင္းကို short ေပးလိုက္ယင္ output ကို ျဖတ္လိုက္မွာျဖစ္တဲ့အတြက္ ACB open ျဖစ္ေနပါမယ္။ Interlock signal မွာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal ေတြ parallel ဝင္ထားပါတယ္။ ဒီေတာ့ interlock တစ္ခုစီ မစစ္ေတာ့ဘဲ input နဲ႔ output power ဘဲ တိုင္းၾကည့္လိုက္ပါတယ္။ Input 220VAC ရွိၿပီး output ကလည္း 20VDC ေလာက္ ရွိပါတယ္။ ဒါေလာက္ဆို အလုပ္လုပ္သင့္ပါတယ္။ ဒီမွာ ေကာက္ခ်က္ခ်လို႔ရတာက UVT controller unit ေကာင္းတယ္၊ interlock signal ေတြ ျပႆနာ မရွိဘူး ဆိုတာပါဘဲ။ ေနာက္တစ္ဆင့္ 20V DC က နည္းေနလို႔လား ဆိုတာ ေသခ်ာေအာင္ ACB ေပၚမွာရွိတဲ့ close push button ကို manual ဘဲ ႏွိပ္လိုက္ပါတယ္။ အဲဒီေတာ့ ACB close ျဖစ္ၿပီး အလုပ္လုပ္ပါတယ္။ ဒါဆို UVT ရဲ႕ 20V ကလည္း ျပႆနာ မရွိဘူးေပါ့။ ACB close mechanism လည္း ေကာင္းတယ္လို႔ သိႏိုင္ပါၿပီ။ စဥ္းစားစရာ သိပ္မက်န္ေတာ့ပါဘူး။ ACB close signal မေရာက္လို႔လား သိရေအာင္ ACB ရဲ႕ terminal 3-4 ကို တိုင္းၾကည့္ေတာ့ 220V ရွိပါတယ္။ ဒါဆို Control circuit က မဟုတ္ေတာ့ဘူးေပါ့။ ACB ထဲက close coil (LRC) အလုပ္မလုပ္တာပါ။


ဒါနဲ႔ ACB ကို draw out လုပ္ၿပီး terminal 3-4 ကေန resistance တိုင္းေတာ့ high ohm ျဖစ္ေနပါတယ္။ Coil မေကာင္းေတာ့ဘူးလို႔ ယူဆရပါတယ္။ ACB ရဲ႕ အျပင္ cover ကို ဖြင့္ၿပီး ၾကည့္ေတာ့ 3-4 ႀကိဳးက close coil ကို တိုက္႐ိုက္မသြားဘဲ PCB အေသးေလးတစ္ခု ခံၿပီး coil ကိုဆက္ထားပါတယ္။ Coil က 220VAC မဟုတ္လို႔ ျပန္ေျပာင္းထားတာျဖစ္ႏိုင္ပါတယ္။ Coil ဘက္ အထြက္တိုင္းၾကည့္ေတာ့ low ohm resistance တစ္ခုျပေတာ့ close coil ေကာင္းတယ္လို႔ ယူဆပါတယ္။ PCB အဝင္ႀကိဳး socket က နည္းနည္း ေခ်ာင္ေနတာမို႔ plier နဲ႔ ညႇပ္ေပးလိုက္ပါတယ္။ Terminal 3-4 ျပန္တိုင္းေတာ့ ohm တစ္ခုျပပါတယ္။ ဒါနဲ႔ ျပန္ပိတ္၊ ACB ကို rack-in ျပန္လုပ္ၿပီး ျပန္စမ္းၾကပါတယ္။ ဒီတစ္ခါ ACB လည္း auto close ျဖစ္သြားပါၿပီ။ စက္ခ်ဳပ္နဲ႔ ၃-၄ ခါေလာက္ စမ္းၾကည့္ၿပီး ေက်နပ္ေတာ့ ျပန္ခဲ့ၾကပါတယ္။
 
[Unicode]
ဒီတစ်ခါလည်း container သင်္ဘော တစ်စီးမှာပါဘဲ။ ပြဿနာက အတူတူပေါ့။ E-gen ACB close မရတာပါ။ အိန္ဒြိယ စက်ချုပ်က ရှင်းပြပြီး စမ်းပြပါတယ်။ ဒီ ESB ကတော့ test mode မှာ Engine run နဲ့ test load နှစ်မျိုးလုံးပါတော့ အလွယ် စမ်းလို့ ရပါတယ်။ ACB တွေကတော့ Hyundai အမျိုးအစား draw-out type တွပါ။ ဒါနဲ့ စမ်းကြည့်တော့ bus tie ACB ပွင့်သွားပြီး generator auto start လည်ပါတယ်။ တော်တော်ကြာ စောင့်ကြည့်ပေမဲ့ generator ACB On မသွားပါဘူး။
ဒါနဲ့ drawing ဖတ် component တွေကြည့်ထားပြီး ထပ်စမ်းပါတယ်။ Generator stable ဖြစ်သွားတဲ့ အချိန် voltage က 440V လောက်ရှိပြီး stable ဖြစ်ပါတယ်။ Voltage sensing relay on သွားပြီး timer လည်း အလုပ်လုပ်တာ တွေ့ရပါတယ်။ ဒါဆို ဘာလို့ ACB close မဖြစ်တာလဲ။ UVT ကြောင့်လား၊ close relay လား၊ ACB ကြောင့်လား စစ်ရပါတော့မယ်။ ဒီ ACB circuit မှာ UVT controller ဆိုတဲ့ external unit တစ်ခုရှိပါတယ်။ အဲဒီ unit က ကြိုး ၆ ချောင်းရှိပါတယ်။ Power supply (AC220V) ၂ ချောင်း၊ Output (DC24V) ၂ ချောင်း နဲ့ interlock signal input ၂ ချောင်း ဖြစ်ပါတယ်။ ( ပုံမှာ ကြည့်ပါ။) တစ်ကယ်လို့ interlock input ၂ ချောင်းကို short ပေးလိုက်ယင် output ကို ဖြတ်လိုက်မှာဖြစ်တဲ့အတွက် ACB open ဖြစ်နေပါမယ်။ Interlock signal မှာ Voltage sensing, manual open switch, bus tie breaker interlock, engine trouble စတဲ့ signal တွေ parallel ဝင်ထားပါတယ်။ ဒီတော့ interlock တစ်ခုစီ မစစ်တော့ဘဲ input နဲ့ output power ဘဲ တိုင်းကြည့်လိုက်ပါတယ်။ Input 220VAC ရှိပြီး output ကလည်း 20VDC လောက် ရှိပါတယ်။ ဒါလောက်ဆို အလုပ်လုပ်သင့်ပါတယ်။ ဒီမှာ ကောက်ချက်ချလို့ရတာက UVT controller unit ကောင်းတယ်၊ interlock signal တွေ ပြဿနာ မရှိဘူး ဆိုတာပါဘဲ။ နောက်တစ်ဆင့် 20V DC က နည်းနေလို့လား ဆိုတာ သေချာအောင် ACB ပေါ်မှာရှိတဲ့ close push button ကို manual ဘဲ နှိပ်လိုက်ပါတယ်။ အဲဒီတော့ ACB close ဖြစ်ပြီး အလုပ်လုပ်ပါတယ်။ ဒါဆို UVT ရဲ့ 20V ကလည်း ပြဿနာ မရှိဘူးပေါ့။ ACB close mechanism လည်း ကောင်းတယ်လို့ သိနိုင်ပါပြီ။ စဉ်းစားစရာ သိပ်မကျန်တော့ပါဘူး။ ACB close signal မရောက်လို့လား သိရအောင် ACB ရဲ့ terminal 3-4 ကို တိုင်းကြည့်တော့ 220V ရှိပါတယ်။ ဒါဆို Control circuit က မဟုတ်တော့ဘူးပေါ့။ ACB ထဲက close coil (LRC) အလုပ်မလုပ်တာပါ။
ဒါနဲ့ ACB ကို draw out လုပ်ပြီး terminal 3-4 ကနေ resistance တိုင်းတော့ high ohm ဖြစ်နေပါတယ်။ Coil မကောင်းတော့ဘူးလို့ ယူဆရပါတယ်။ ACB ရဲ့ အပြင် cover ကို ဖွင့်ပြီး ကြည့်တော့ 3-4 ကြိုးက close coil ကို တိုက်ရိုက်မသွားဘဲ PCB အသေးလေးတစ်ခု ခံပြီး coil ကိုဆက်ထားပါတယ်။ Coil က 220VAC မဟုတ်လို့ ပြန်ပြောင်းထားတာဖြစ်နိုင်ပါတယ်။ Coil ဘက် အထွက်တိုင်းကြည့်တော့ low ohm resistance တစ်ခုပြတော့ close coil ကောင်းတယ်လို့ ယူဆပါတယ်။ PCB အဝင်ကြိုး socket က နည်းနည်း ချောင်နေတာမို့ plier နဲ့ ညှပ်ပေးလိုက်ပါတယ်။ Terminal 3-4 ပြန်တိုင်းတော့ ohm တစ်ခုပြပါတယ်။ ဒါနဲ့ ပြန်ပိတ်၊ ACB ကို rack-in ပြန်လုပ်ပြီး ပြန်စမ်းကြပါတယ်။ ဒီတစ်ခါ ACB လည်း auto close ဖြစ်သွားပါပြီ။ စက်ချုပ်နဲ့ ၃-၄ ခါလောက် စမ်းကြည့်ပြီး ကျေနပ်တော့ ပြန်ခဲ့ကြပါတယ်။

Saturday, 23 September 2017

Generator (၉-က) - Emergency Generator ACB Cannot be Closed

[Zawgyi]
ဒီျပႆနာက မၾကာခဏ ၾကဳံရပါတယ္။ ကၽြန္ေတာ္ၾကဳံခဲ့တဲ့ သေဘၤာ ၄ စီးက ျပႆနာေလးေတြကို တစ္ခုၿပီးတစ္ခု ေျပာျပပါမယ္။ 
ပထမတစ္စီးက container သေဘၤာပါ။ သေဘၤာေပၚေရာက္ေတာ့ အင္ဒို ဓာတ္ႀကိဳး ေျပာျပခ်က္အရ black out test စမ္းေတာ့ Emergency generator auto-start က အလုပ္လုပ္ပါတယ္။
ဒါေပမဲ့ Generator အတြက္ ACB က close လုပ္မေပးဘူး ေျပာပါတယ္။ Manual ေတာင္းၿပီး drawing ဖတ္ၾကည့္ပါတယ္။ ျဖစ္ႏိုင္ေခ်ရွိတဲ့ component ေတြကို မွတ္ထားလိုက္ပါတယ္။ ACB မွာ spring status ကိုၾကည့္ေတာ့ charged ကို ျပေနပါတယ္။ တစ္ကယ္စမ္းယင္ ၾကည့္ရမယ့္ အခ်က္ေတြနဲ႔ တိုင္းရမယ့္ ေနရာေတြကို ေလွ်ာက္ၾကည့္ထားလိုက္ပါတယ္။ ၿပီးမွ စမ္းဖို႔ ဓာတ္ႀကိဳးကို အကူအညီ ေတာင္းရပါတယ္။

ဒီ switch board က ေတာ္ေတာ္ေလး ေဟာင္းေနပါၿပီ။ ACB ကလည္း Hyundai အမ်ဳိးအစား fix mounting ပါ။ တစ္ခုခုဆို လုပ္ရမွာ မေခ်ာင္ပါဘူး။ ေနာက္ၿပီး Test mode selector switch က Generator ကို လည္မလည္စစ္တဲ့ option ဘဲပါ ပါတယ္။ Power On တဲ့ အပိုင္းမပါ ပါဘူး။ ဒီေတာ့ စမ္းခ်င္ယင္ MSB ကေန ESB ဆီသြားတဲ့ feeder breaker ကို ျဖတ္ၿပီး simulation black out လုပ္ေပးရပါတယ္။ MSB ကေန အဝင္ power ျပတ္သြားေတာ့ bus tier breaker ျပဳတ္သြားပါတယ္။ ခဏအၾကာမွာ emergency generator က auto ထ လည္ပါတယ္။ ေတာ္ေတာ္ေလး ၾကာတဲ့ အထိ generator ACB On မသြား ပါဘူး။ အဲဒီမွာ သတိထားတာက Voltage sensing relay က On မသြားပါဘူး။ အဲဒီ relay on ယင္ သူ႔အေပၚမွာရွိတဲ့ LED ေလး လင္း သြားရမွာပါ။ Voltage တိုင္းထားတာလည္း 360 V  ေတာင္ မျပည့္ပါဘူး။ Frequency က 60 Hz အျပည့္ထြက္ပါတယ္။ Volt ေရာ Freq ပါ ၿငိမ္ပါတယ္။ Hunting မျဖစ္ပါဘူး။ သူ႔ operation voltage က 440V ပါ။
85% ဆိုယင္ 374 V အနည္းဆုံးရွိမွ voltage sensing relay က output ထုတ္ေပးမွာပါ။ ဒီေတာ့မွ ACB close signal ရမွာပါ။ ဒီေတာ့ voltage ကို တင္ေပးဖို႔လုပ္ပါတယ္။  ESB panel ထဲက trimmer pot ေလးကို လွည့္ၾကည့္ေတာ့ Max ျဖစ္ေနပါၿပီ။ ဆက္တင္လို႔ မရေတာ့ပါဘူး။ ဒါနဲ႔ generator terminal cover ဖြင့္ၿပီး AVR က preset နဲ႔ တင္ေပးပါတယ္။ ဒါေတာင္ အမ်ားဆုံး 390V ဘဲရပါတယ္။ 390V တင္လိုက္ေတာ့ voltage sensing relay ON သြားၿပီး စကၠန္႔ပိုင္းအတြင္း ACB လည္း on သြားပါေတာ့တယ္။ 
ျပႆနာ ေျပလည္သြားပါၿပီ။

ဒါေပမဲ့ Voltage နည္းေနတာေတာ့ AVR အသစ္လဲဖို႔ အၾကံေပးခဲ့ပါတယ္။ ဒါေတာင္ ဓာတ္ႀကိဳးက BCD source abnormal ဆိုတဲ့ alarm မီးလင္းေနလို႔ ျပႆနာရွာေနတာနဲ႔ နည္းနည္း ၾကည့္ေပးရပါေသးတယ္။ BCD ဆိုတာ Battery Charging Discharging unit ေပါ့။ ESB ရဲ႕ main panel မွာ reset လုပ္လည္း မရေတာ့ drawing ဖတ္ၿပီး လိုက္ရွာရပါတယ္။ BCD unit မွာ တိုင္းၾကည့္ေတာ့ အဝင္ power source ကရွိေနပါတယ္။ ေနာက္ ေသခ်ာၾကည့္ေတာ့မွ အဲဒီ BCD panel က reset လုပ္ေပးမွ alarm ေပ်ာက္သြားပါတယ္။ ဒီ ဓာတ္ႀကိဳးက ESB ကို သိပ္မထိထားဘူး ထင္တယ္။ တစ္ကယ္ဆို သူက ပိုသိသင့္တာေပါ့ေနာ္။ ESB black out ျဖစ္တဲ့အခ်ိန္ BCD source ေပ်ာက္သြားလို႔ alarm ေပၚလာတာ။ Power ျပန္လာေပမဲ့ reset မလုပ္ယင္ alarm မေပ်ာက္ဘူးေပါ့။ 

ေနာက္ဆက္တြဲအေနနဲ႔ အဲဒီသေဘၤာ ေနာက္တစ္ေခါက္ ဝင္လာေတာ့ AVR အသစ္ယူသြားၿပီး လဲေပးလိုက္ပါတယ္။ Voltage လည္း 440V ညႇိေပးခဲ့ပါတယ္။ ေနာက္ထပ္ black out test ထပ္စမ္းေတာ့လည္း အားလုံး အဆင္ေျပပါတယ္။

[Unicode]
 ဒီပြဿနာက မကြာခဏ ကြုံရပါတယ်။ ကျွန်တော်ကြုံခဲ့တဲ့ သင်္ဘော ၄ စီးက ပြဿနာလေးတွေကို တစ်ခုပြီးတစ်ခု ပြောပြပါမယ်။ 
ပထမတစ်စီးက container သင်္ဘောပါ။ သင်္ဘောပေါ်ရောက်တော့ အင်ဒို ဓာတ်ကြိုး ပြောပြချက်အရ black out test စမ်းတော့ Emergency generator auto-start က အလုပ်လုပ်ပါတယ်။ ဒါပေမဲ့ Generator အတွက် ACB က close လုပ်မပေးဘူး ပြောပါတယ်။ Manual တောင်းပြီး drawing ဖတ်ကြည့်ပါတယ်။ ဖြစ်နိုင်ချေရှိတဲ့ component တွေကို မှတ်ထားလိုက်ပါတယ်။ ACB မှာ spring status ကိုကြည့်တော့ charged ကို ပြနေပါတယ်။ တစ်ကယ်စမ်းယင် ကြည့်ရမယ့် အချက်တွေနဲ့ တိုင်းရမယ့်နေရာတွေကို လျှောက်ကြည့်ထားလိုက်ပါတယ်။ ပြီးမှ စမ်းဖို့ ဓာတ်ကြိုးကို အကူအညီတောင်းရပါတယ်။ ဒီ switch board က တော်တော်လေး ဟောင်းနေပါပြီ။ ACB ကလည်း Hyundai အမျိုးအစား fix mounting ပါ။ တစ်ခုခုဆို လုပ်ရမှာ မချောင်ပါဘူး။ နောက်ပြီး Test mode selector switch က Generator ကို လည်မလည်စစ်တဲ့ option ဘဲပါ ပါတယ်။ Power On တဲ့ အပိုင်းမပါ ပါဘူး။ ဒီတော့ စမ်းချင်ယင် MSB ကနေ ESB ဆီသွားတဲ့ feeder breaker ကို ဖြတ်ပြီး simulation black out လုပ်ပေးရပါတယ်။ MSB ကနေ အဝင် power ပြတ်သွားတော့ bus tier breaker ပြုတ်သွားပါတယ်။ ခဏအကြာမှာ emergency generator က auto ထ လည်ပါတယ်။ တော်တော်လေး ကြာတဲ့ အထိ generator ACB On မသွား ပါဘူး။ အဲဒီမှာ သတိထားတာက Voltage sensing relay က On မသွားပါဘူး။ အဲဒီ relay on ယင် သူ့အပေါ်မှာရှိတဲ့ LED လေး လင်း သွားရမှာပါ။ Voltage တိုင်းထားတာလည်း 360 V  တောင် မပြည့်ပါဘူး။ Frequency က 60 Hz အပြည့်ထွက်ပါတယ်။ Volt ရော Freq ပါ ငြိမ်ပါတယ်။ Hunting မဖြစ်ပါဘူး။ သူ့ operation voltage က 440V ပါ။ 85% ဆိုယင် 374 V အနည်းဆုံးရှိမှ voltage sensing relay က output ထုတ်ပေးမှာပါ။ ဒီတော့မှ ACB close signal ရမှာပါ။ ဒီတော့ voltage ကို တင်ပေးဖို့လုပ်ပါတယ်။  ESB panel ထဲက trimmer pot လေးကို လှည့်ကြည့်တော့ Max ဖြစ်နေပါပြီ။ ဆက်တင်လို့ မရတော့ပါဘူး။ ဒါနဲ့ generator terminal cover ဖွင့်ပြီး AVR က preset နဲ့ တင်ပေးပါတယ်။ ဒါတောင် အများဆုံး 390V ဘဲရပါတယ်။ 390V တင်လိုက်တော့ voltage sensing relay ON သွားပြီး စက္ကန့်ပိုင်းအတွင်း ACB လည်း on သွားပါတော့တယ်။ 
ပြဿနာ ပြေလည်သွားပါပြီ။ ဒါပေမဲ့ Voltage နည်းနေတာတော့ AVR အသစ်လဲဖို့ အကြံပေးခဲ့ပါတယ်။ ဒါတောင် ဓာတ်ကြိုးက BCD source abnormal ဆိုတဲ့ alarm မီးလင်းနေလို့ ပြဿနာရှာနေတာနဲ့ နည်းနည်း ကြည့်ပေးရပါသေးတယ်။ BCD ဆိုတာ Battery Charging Discharging unit ပေါ့။ ESB ရဲ့ main panel မှာ reset လုပ်လည်း မရတော့ drawing ဖတ်ပြီး လိုက်ရှာရပါတယ်။ BCD unit မှာ တိုင်းကြည့်တော့ အဝင် power source ကရှိနေပါတယ်။ နောက် သေချာကြည့်တော့မှ အဲဒီ BCD panel က reset လုပ်ပေးမှ alarm ပျောက်သွားပါတယ်။ ဒီ ဓာတ်ကြိုးက ESB ကို သိပ်မထိထားဘူး ထင်တယ်။ တစ်ကယ်ဆို သူက ပိုသိသင့်တာပေါ့နော်။ ESB black out ဖြစ်တဲ့အချိန် BCD source ပျောက်သွားလို့ alarm ပေါ်လာတာ။ Power ပြန်လာပေမဲ့ reset မလုပ်ယင် alarm မပျောက်ဘူးပေါ့။ 

နောက်ဆက်တွဲအနေနဲ့ အဲဒီသင်္ဘော နောက်တစ်ခေါက် ဝင်လာတော့ AVR အသစ်ယူသွားပြီး လဲပေးလိုက်ပါတယ်။ Voltage လည်း 440V ညှိပေးခဲ့ပါတယ်။ နောက်ထပ် black out test ထပ်စမ်းတော့လည်း အားလုံး အဆင်ပြေပါတယ်။

Monday, 18 September 2017

Windlass / Winch (၂) - Not turning



[Zawgyi]
Bulk carrier တစ္စီး Anchorage ကထြက္ကာနီးမွ ေက်ာက္ဆူးတင္လို႔ မရလို႔ အေရးေပၚေခၚတာနဲ႔ သြားလုပ္ခဲ့ရတာပါ။ သေဘၤာေပၚေရာက္ေတာ့ ဖိလစ္ပိုင္ ဓာတ္ႀကိဳးက fore castle ကိုေခၚသြားၿပီး လိုက္ျပပါတယ္။ Winch ၂ ခုရွိတာမွာ Starboard ဘက္က အလုပ္လုပ္ၿပီး၊ Port ဘက္က winch က မလည္ဘူးေျပာပါတယ္။

Control cabinet ကိုဖြင့္ၾကည့္ေတာ့ inverter ၂ ခုေတြ႕ပါတယ္။ ဒါဆို electric motor နဲ႔ ေမာင္းတဲ့ winch ေပါ့။ Hydraulic အမ်ဳိးအစားမဟုတ္ပါဘူး။ Winch ေနရာကို သြားၾကည့္ေတာ့ break ပါတဲ့ electric motor တစ္လုံးစီေတြ႕ပါတယ္။ Port ဘက္က shaft ကို drum နဲ႔မတြဲေအာင္ျဖဳတ္ထားပါတယ္။ No load နဲ႔ စမ္းၾကည့္ၾကပါတယ္။ စတဲ့အခ်ိန္မွာ break ကြာသြားတဲ့ အသံၾကားရပါတယ္။ Shaft ကေတာ့ မလည္ပါဘူး။ Starboard ဘက္က winch ကိုစမ္းေတာ့ လည္ပါတယ္။ Drum နဲ႔ တစ္တြဲထဲကို ေအးေအးေဆးေဆး လည္ပါတယ္။ ဓာတ္ႀကိဳးက inverter ကို ျဖဳတ္ၿပီး Starboard ဘက္နဲ႔ လဲထားတယ္ေျပာပါတယ္။ ဆိုလိုတာက မလဲခင္ေရာ လဲၿပီးေရာ မေကာင္းဘူးဆိုတဲ့ သေဘာေပါ့။ ဒါနဲ႔ Drawing ဖတ္ၿပီး control panel မွာ အျပစ္ရွာၾကပါတယ္။ အဝင္ voltage တိုင္းေတာ့ 440V ပါ။ အထြက္ motor coil တိုင္းၾကည့္ေတာ့ လည္း 3 phase လုံးမွာ 0.3 ohm နဲ႔ ညီေနတာ ေတြ႕ပါတယ္။ Stbd ဘက္က motor နဲ႔ ယွဥ္ၾကည့္ေတာ့လည္း တူပါတယ္။ ဒီေတာ့ motor coil ေကာင္းတယ္ေပါ့။ စၿပီး run တဲ့ အခ်ိန္မွာ brake ဆြဲသံၾကားရေတာ့ brake coil ေကာင္းတယ္လို႔ ယူဆပါတယ္။ 
ေနာက္တစ္ခါ ထပ္စမ္းပါတယ္။ ေကာင္းတဲ့ Stbd ဘက္နဲ႔ ယွဥ္ၾကည့္ပါတယ္။ Inverter မွာရွိတဲ့ display က output တန္ဖိုးေတြက speed အတင္အခ် အလိုက္ ေျပာင္းေနတာ ေတြ႕ရပါတယ္။ ၂ ဘက္စလုံး သိပ္မကြာပါဘူး။ ဒါေပမဲ့ Magnetic Contactor (MC) အထြက္မွာ တိုင္းၾကည့္ေတာ့ ေကာင္းတဲ့ ဘက္က 450V ေလာက္ထြက္ပါတယ္။ Frequency က 150Hz ေလာက္ထိတက္ပါတယ္။ မေကာင္းတဲ့ PS ဘက္မွာေတာ့ 100 V ေလာက္ဘဲထြက္ၿပီး Freq က 500 Hz လာက္ထိ တက္ေနပါတယ္။ တစ္ခုခုေတာ့ လြဲေနပါၿပီ။ ဓာတ္ႀကိဳးရဲ႕ အေျပာအရ inverter လည္း လဲထားၿပီးသားလို႔ေျပာပါတယ္။ ဒါေပမဲ့ ေသခ်ာေအာင္ စမ္းၾကည့္ပါဦးမယ္။
Drawing အရ inverter ၂ ခုရဲ႕ အထြက္မွာ MC ၄ လုံးရွိပါတယ္။ Inv 1 အထြက္မွာ ၂ လုံး၊ inv 2 အထြက္မွာ ၂ လုံးပါ။ တစ္ခါ အဲဒီ MC ၂ ခုစီရဲ႕ အထြက္ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ႔ တစ္ခုစီ ဆက္ထားျပန္ပါတယ္။ ဆိုလိုတာက inverter တစ္ခုစီက PS ေရာ Stbd က motor ကိုပါ တစ္ခုစီေမာင္းလို႔ရပါတယ္။ MC ေရြးတဲ့အေပၚမူတည္ၿပီး ေမာင္းတာေပါ့။ အဲဒီ MC ေရြးတာကလည္း PS / Stbd အဝင္ power နဲ႔ winch operation console active ျဖစ္တဲ့ အေပၚမွာ မူတည္ပါတယ္။ ဒီေတာ့ power အဝင္ breaker အဖြင့္၊ အပိတ္လုပ္ၿပီး PS / Stbd ေရြးၿပီး ထပ္စမ္းပါတယ္။ Inverter 1 ကို သုံးၿပီး motor တစ္ခုစီကို ေမာင္းၾကည့္ပါတယ္။ ေနာက္ၿပီး inverter 2 ကို သုံးၿပီး motor တစ္လုံးစီကို ေမာင္းၾကည့္ပါတယ္။ ရလာဒ္က အတူတူပါဘဲ။ ျပႆနာက PS motor ဘက္ကဘဲ ျဖစ္ေနတာပါ။ ဒါဆို inverter ေၾကာင့္ မဟုတ္တာ ေသခ်ာသြားပါၿပီ။ ဘာက်န္ေသးလဲ။ ေနာက္တစ္ခု စဥ္းစားမိတာက drawing အရ winch ရဲ႕ speed ကို feedback ေပးတဲ့ encoder တစ္ခုစီ ရွိပါတယ္။ Encoder က မွန္မွန္ကန္ကန္ feedback မေပးယင္ inverter output ကိုမွန္မွန္ကန္ကန္ထြက္မွာမဟုတ္ပါဘူး။ Winch ဆီကိုသြားၿပီး motor brake ေနာက္ဖက္ တစ္ဆက္ထဲထြက္ေနတဲ့ shaft အဆုံးက frame အဖုံးဖြင့္ၾကည့္ေတာ့ encoder unit တစ္ခုေတြ႕ပါတယ္။

Terminal connection ကိုစစ္ၾကည့္ေတာ့လည္း ေခ်ာင္ေနျပဳတ္ေနတာ မေတြ႕ပါဘူး။ ဒါနဲ႔ Stbd ဘက္က encoder နဲ႔ ျဖဳတ္လဲၾကည့္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ ေကာင္းသြားပါၿပီ။ တစ္ခု သတိထားမိတာက PS encoder ရဲ႕ bracket က အထိုင္နဲ႔ နည္းနည္းေဝးေနေတာ့ bolt နဲ႔ ဆြဲၾကပ္ထားပါတယ္။ ဒီေတာ့ encoder အလယ္ bush နဲ႔ shaft ပြတ္ေနၿပီး wear off ျဖစ္တာ ျဖစ္ႏိုင္ပါတယ္။ အသစ္မွာဖို႔ အၾကံေပးခဲ့ၿပီး mounting bracket ကို ေသခ်ာ ျပန္ထိုင္ဖို႔ မွာခဲ့ပါတယ္။ 

[Unicode]
Bulk carrier တစ်စီး Anchorage ကထွက်ကာနီးမှ ကျောက်ဆူးတင်လို့ မရလို့ အရေးပေါ်ခေါ်တာနဲ့ သွားလုပ်ခဲ့ရတာပါ။ သင်္ဘောပေါ်ရောက်တော့ ဖိလစ်ပိုင် ဓာတ်ကြိုးက fore castle ကိုခေါ်သွားပြီး လိုက်ပြပါတယ်။ Winch ၂ ခုရှိတာမှာ Starboard ဘက်က အလုပ်လုပ်ပြီး၊ Port ဘက်က winch က မလည်ဘူးပြောပါတယ်။
Control cabinet ကိုဖွင့်ကြည့်တော့ inverter ၂ ခုတွေ့ပါတယ်။ ဒါဆို electric motor နဲ့ မောင်းတဲ့ winch ပေါ့။ Hydraulic အမျိုးအစားမဟုတ်ပါဘူး။ Winch နေရာကို သွားကြည့်တော့ break ပါတဲ့ electric motor တစ်လုံးစီတွေ့ပါတယ်။ Port ဘက်က shaft ကို drum နဲ့မတွဲအောင်ဖြုတ်ထားပါတယ်။ No load နဲ့ စမ်းကြည့်ကြပါတယ်။ စတဲ့အချိန်မှာ break ကွာသွားတဲ့ အသံကြားရပါတယ်။ Shaft ကတော့ မလည်ပါဘူး။ Starboard ဘက်က winch ကိုစမ်းတော့ လည်ပါတယ်။ Drum နဲ့ တစ်တွဲထဲကို အေးအေးဆေးဆေး လည်ပါတယ်။ ဓာတ်ကြိုးက inverter ကို ဖြုတ်ပြီး Starboard ဘက်နဲ့ လဲထားတယ်ပြောပါတယ်။ ဆိုလိုတာက မလဲခင်ရော လဲပြီးရော မကောင်းဘူးဆိုတဲ့ သဘောပေါ့။ ဒါနဲ့ Drawing ဖတ်ပြီး control panel မှာ အပြစ်ရှာကြပါတယ်။ အဝင် voltage တိုင်းတော့ 440V ပါ။ အထွက် motor coil တိုင်းကြည့်တော့ လည်း 3 phase လုံးမှာ 0.3 ohm နဲ့ ညီနေတာ တွေ့ပါတယ်။ Stbd ဘက်က motor နဲ့ ယှဉ်ကြည့်တော့လည်း တူပါတယ်။ ဒီတော့ motor coil ကောင်းတယ်ပေါ့။ စပြီး run တဲ့ အချိန်မှာ brake ဆွဲသံကြားရတော့ brake coil ကောင်းတယ်လို့ ယူဆပါတယ်။ 
နောက်တစ်ခါ ထပ်စမ်းပါတယ်။ ကောင်းတဲ့ Stbd ဘက်နဲ့ ယှဉ်ကြည့်ပါတယ်။ Inverter မှာရှိတဲ့ display က output တန်ဖိုးတွေက speed အတင်အချ အလိုက် ပြောင်းနေတာ တွေ့ရပါတယ်။ ၂ ဘက်စလုံး သိပ်မကွာပါဘူး။ ဒါပေမဲ့ Magnetic Contactor (MC) အထွက်မှာ တိုင်းကြည့်တော့ ကောင်းတဲ့ ဘက်က 450V လောက်ထွက်ပါတယ်။ Frequency က 150Hz လောက်ထိတက်ပါတယ်။ မကောင်းတဲ့ PS ဘက်မှာတော့ 100 V လောက်ဘဲထွက်ပြီး Freq က 500 Hz လာက်ထိ တက်နေပါတယ်။ တစ်ခုခုတော့ လွဲနေပါပြီ။ ဓာတ်ကြိုးရဲ့ အပြောအရ inverter လည်း လဲထားပြီးသားလို့ပြောပါတယ်။ ဒါပေမဲ့ သေချာအောင် စမ်းကြည့်ပါဦးမယ်။ Drawing အရ inverter ၂ ခုရဲ့ အထွက်မှာ MC ၄ လုံးရှိပါတယ်။ Inv 1 အထွက်မှာ ၂ လုံး၊ inv 2 အထွက်မှာ ၂ လုံးပါ။ တစ်ခါ အဲဒီ MC ၂ ခုစီရဲ့ အထွက်ကို Motor ၂ လုံး (PS & Stbd) စလုံး နဲ့ တစ်ခုစီ ဆက်ထားပြန်ပါတယ်။ ဆိုလိုတာက inverter တစ်ခုစီက PS ရော Stbd က motor ကိုပါ တစ်ခုစီမောင်းလို့ရပါတယ်။ MC ရွေးတဲ့အပေါ်မူတည်ပြီး မောင်းတာပေါ့။ အဲဒီ MC ရွေးတာကလည်း PS / Stbd အဝင် power နဲ့ winch operation console active ဖြစ်တဲ့ အပေါ်မှာ မူတည်ပါတယ်။ ဒီတော့ power အဝင် breaker အဖွင့်၊ အပိတ်လုပ်ပြီး PS / Stbd ရွေးပြီး ထပ်စမ်းပါတယ်။ Inverter 1 ကို သုံးပြီး motor တစ်ခုစီကို မောင်းကြည့်ပါတယ်။ နောက်ပြီး inverter 2 ကို သုံးပြီး motor တစ်လုံးစီကို မောင်းကြည့်ပါတယ်။ ရလာဒ်က အတူတူပါဘဲ။ ပြဿနာက PS motor ဘက်ကဘဲ ဖြစ်နေတာပါ။ ဒါဆို inverter ကြောင့် မဟုတ်တာ သေချာသွားပါပြီ။ ဘာကျန်သေးလဲ။ နောက်တစ်ခု စဉ်းစားမိတာက drawing အရ winch ရဲ့ speed ကို feedback ပေးတဲ့ encoder တစ်ခုစီ ရှိပါတယ်။ Encoder က မှန်မှန်ကန်ကန် feedback မပေးယင် inverter output ကိုမှန်မှန်ကန်ကန်ထွက်မှာမဟုတ်ပါဘူး။ Winch ဆီကိုသွားပြီး motor brake နောက်ဖက် တစ်ဆက်ထဲထွက်နေတဲ့ shaft အဆုံးက frame အဖုံးဖွင့်ကြည့်တော့ encoder unit တစ်ခုတွေ့ပါတယ်။ Terminal connection ကိုစစ်ကြည့်တော့လည်း ချောင်နေပြုတ်နေတာ မတွေ့ပါဘူး။ ဒါနဲ့ Stbd ဘက်က encoder နဲ့ ဖြုတ်လဲကြည့်ပါတယ်။ ပြန်စမ်းကြည့်တော့ ကောင်းသွားပါပြီ။ တစ်ခု သတိထားမိတာက PS encoder ရဲ့ bracket က အထိုင်နဲ့ နည်းနည်းဝေးနေတော့ bolt နဲ့ ဆွဲကြပ်ထားပါတယ်။ ဒီတော့ encoder အလယ် bush နဲ့ shaft ပွတ်နေပြီး wear off ဖြစ်တာ ဖြစ်နိုင်ပါတယ်။ အသစ်မှာဖို့ အကြံပေးခဲ့ပြီး mounting bracket ကို သေချာ ပြန်ထိုင်ဖို့ မှာခဲ့ပါတယ်။ 

Wednesday, 13 September 2017

Main Engine Control (၃) - Jacket Cooling Water Temperature Control

[Zawgyi]

Car carrier တစ္စီးရဲ႕ME Jacket Cooling Water Temperature Controller အလုပ္မလုပ္လို႔ သြားၾကည့္ခဲ့ရပါတယ္။ Nakakita အမ်ဳိးအစား controller ပါ။ ဒီ controller က electrical နဲ႔ pneumatic ေရာၿပီးတည္ေဆာက္ထားတာပါ။ သေဘာၤေပၚေရာက္ေတာ့ စက္-၂ က ရွင္းျပပါတယ္။ Auto ထားယင္ Set temperature မွာ မရဘူးေျပာပါတယ္။ ဒီေတာ့ manually valve ကို ဖြင့္၊ပိတ္လုပ္ၿပီး လိုခ်င္တဲ့ temperature အနီးဆုံးရေအာင္ လုပ္ေပးရတယ္ဆိုပါတယ္။ သူေျပာတာက controller ထဲက တစ္ခုခုျဖစ္ေနတယ္လို႔ ထင္တယ္တဲ့။  Controller ထဲက pneumatic relay unit ကို အသစ္လဲၿပီးတာေတာင္ မေကာင္းဘူး ဆိုပါတယ္။ ME နားက Controller ရွိတဲ့ေနရာနဲ႔ valve ကို လိုက္ျပပါတယ္။ 
ဒီစံနစ္မွာက Jacket cooling water temperature ကို ပုံေသရေအာင္ ထိန္းထားတာပါ။ Engine run လို႔ ပူလာယင္ cooling water ကို ပိုဖြင့္ေပးၿပီး set point ထက္ အပူခ်ိန္ပိုနည္းသြားယင္ valve ကို ျပန္ပိတ္ေပးတာပါ။ Circulation pump ကေတာ့ အၿမဲ run ေနမွာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ႔ Valve က ပြင့္ေနၿပီး ပိတ္ခ်င္မွ ေလနဲ႔ diaphragm အေပၚကဖိခ်ၿပီး ပိတ္ေအာင္ လုပ္ေပးရတာပါ။ Controller က ေပးလိုက္တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖြင့္၊ပိတ္ လုပ္ေပးပါတယ္။ Valve position feedback ကို mechanical arm တစ္ခုနဲ႔ link လုပ္ၿပီး positioner ကိုျပန္ေပးထားပါတယ္။
ပထမဆုံး controller ကို စစ္ၾကည့္ပါတယ္။ Controller မွာ လက္တံ pointer ႏွစ္ခု ရွိပါတယ္။ အနီေရာင္က set value ျဖစ္ၿပီး အနက္ေရာင္က current value ျဖစ္ပါတယ္။ ေနာက္ၿပီး ေအာက္ေျခ ညာဘက္မွာ output pressure ျပတဲ့ mechanical gauge display အေသးေလး တစ္ခုရွိပါေသးတယ္။ ဒီ controller ရဲ႕ output range က (0.2 - 1) bar ျဖစ္ပါတယ္။လက္ရွိ output value က min ျဖစ္တဲ့ 0.2 bar ျပေနပါတယ္။ Set value နဲ႔ current value က ညီေနတာကိုး။ Set value ကို အနီေရာင္ knob ေလးလွည့္ၿပီး ေျပာင္းေပးေတာ့ current value နဲ႔ ကြာလာတာနဲ႔ အမွ် output pressure တစ္ျဖည္းျဖည္းတက္လာပါတယ္။ ေနာက္ဆုံး max ျဖစ္တဲ့ 1 bar အထိေရာက္ပါတယ္။ Controller မွာပါတဲ့ P, I, D တန္ဖိုးေတြကို set လုပ္ထားတဲ့ knob ၃ ခုက တန္ဖိုးေတြကိုၾကည့္ေတာ့လည္း manual ထဲက recommended value တြနဲ႔ တူပါတယ္။ ခုအေနအထားအရ controller က ေကာင္းေနတဲ့ သေဘာပါ။ (0.2 - 1) bar output လည္းထြက္ေနတာဘဲ။ ဒါဆိုယင္ positioner နဲ႔ valve assembly ဘက္ကဘဲ ျဖစ္ႏိုင္တာေပါ့။ အဲဒါနဲ႔ valve ဆီကိုသြားၾကည့္ပါတယ္။ ဒီ positioner က pneumatic နဲ႔ဘဲ လုပ္တာပါ။ Electrical positioner ေတြမွာဆိုယင္ input က (4-20)mA သုံးၿပီး valve အက်ဥ္းအက်ယ္ ဖြင့္ေပးတာပါ။ ဒီမွာေတာ့ pneumatic control ဆိုေတာ့ input value က ( 0.2 - 1) bar ျဖစ္ပါတယ္။ အဲဒီ pressure တန္ဖိုးအရ valve ကို အက်ဥ္းအက်ယ္ ဖြင့္ေပးမွာပါ။ ဒီေတာ့ controller ကထုတ္ေပးလိုက္တဲ့ (0.2 - 1) bar က positioner ဆီေရာက္မေရာက္ၾကည့္ပါတယ္။ Positioner မွာ pressure gauge အေသးေလး ၃ ခုရွိပါတယ္။ ပထမတစ္ခုက input signal pressure ပါ။
ေနာက္ဆုံးတစ္ခုက Compressed air source ရဲ႕ pressure ပါ။ အလယ္တစ္ခုက output pressure တန္ဖိုးပါ။ Controller ကေန set value ေျပာင္းၿပီး controller output pressure ကို ကစားၾကည့္ေတာ့ positioner ရဲ႕ ပထမဆုံး gauge မွာ (0.2 - 1)bar လိုက္ေျပာင္းပါတယ္။ ဒါဆို signal pressure လည္း positioner အထိ ေရာက္တယ္။ လမ္းမွာ ယိုတာ၊ ပိတ္တာ မရွိဘူးေပါ့။ Valve ကိုၾကည့္ေတာ့ သူတို႔ manually လွည့္ၿပီး ပိတ္ထားေတာ့ မေရြ႕ဘူးေပါ့။ စက္-၂ ကို ေျပာၿပီး ဖြင့္လိုက္ပါတယ္။ ေနာက္ၿပီး controller ကေန signal ေပးၿပီး ကစားၾကည့္ေတာ့ ေရြ႕ပါတယ္။ ဒါေပမဲ့ max signal ျဖစ္တဲ့ 1 bar ေပးေတာ့ fully close မျဖစ္ဘဲ တစ္ဝက္ဘဲပိတ္ပါတယ္။ 0.2 bar မွာေတာ့ အျပည့္ ပြင့္ပါတယ္။
Valve ကေရြ႕တယ္ဆိုေတာ့ jam မျဖစ္ေလာက္ဘူး။ ဘာလို႔ တစ္ဝက္ဘဲေရြ႕တာလဲ။ Actuator diaphragm မေကာင္းတာလား၊ pressure မလုံေလာက္လို႔လား ၾကည့္ရပါမယ္။ Name plate ကိုၾကည့္ေတာ့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို႔ ေရးထားပါတယ္။ Air supply က 2.6 bar ေတာင္ရွိတယ္ ဆိုေတာ့ လုံေလာက္ပါတယ္။ Name plate က range ကို ယွဥ္ၾကည့္ေတာ့ output pressure က input ရဲ႕ ၂ ဆရွိရမွာပါ။ ျပန္စမ္းၿပီး output pressure gauge ကို ၾကည့္ထားေတာ့ input 0.4 bar မွာ output 0.6 bar ေလာက္ဘဲရွိပါတယ္။ Max မွာေတာင္မွ 1.4 bar ေလာက္ဘဲ output ထြက္ေနတာ ေတြ႕ရပါတယ္။ တစ္ကယ္ဆို 2 bar ရွိရမွာပါ။ ဒါဆို positioner ျပႆနာေပါ့။ ေနာက္မွ positioner ထဲက pneumatic lead relay တစ္ခု spare ရွိတာနဲ႔ လဲၾကည့္ေတာ့ output pressure အျပည့္ထြက္လာပါတယ္။ Valve ကလည္း အစအဆုံး အလုပ္လုပ္သြားပါတယ္။ Temperature Set value ေျပာင္းတဲ့အတိုင္း current value ကို မွန္မွန္ကန္ကန္ control လုပ္ႏိုင္ သြားပါၿပီ။
ေျပာရယင္ေတာ့ wire တစ္စမွ မကိုင္လိုက္ရတဲ့ control အလုပ္တစ္ခုေပါ့ဗ်ာ။

[Unicode]

Car carrier တစ်စီးရဲ့ME Jacket Cooling Water Temperature Controller အလုပ်မလုပ်လို့ သွားကြည့်ခဲ့ရပါတယ်။ Nakakita အမျိုးအစား controller ပါ။ ဒီ controller က electrical နဲ့ pneumatic ရောပြီးတည်ဆောက်ထားတာပါ။ သဘောင်္ပေါ်ရောက်တော့ စက်-၂ က ရှင်းပြပါတယ်။ Auto ထားယင် Set temperature မှာ မရဘူးပြောပါတယ်။ ဒီတော့ manually valve ကို ဖွင့်၊ပိတ်လုပ်ပြီး လိုချင်တဲ့ temperature အနီးဆုံးရအောင် လုပ်ပေးရတယ်ဆိုပါတယ်။ သူပြောတာက controller ထဲက တစ်ခုခုဖြစ်နေတယ်လို့ ထင်တယ်တဲ့။  Controller ထဲက pneumatic relay unit ကို အသစ်လဲပြီးတာတောင် မကောင်းဘူး ဆိုပါတယ်။ ME နားက Controller ရှိတဲ့နေရာနဲ့ valve ကို လိုက်ပြပါတယ်။ 
ဒီစံနစ်မှာက Jacket cooling water temperature ကို ပုံသေရအောင် ထိန်းထားတာပါ။ Engine run လို့ ပူလာယင် cooling water ကို ပိုဖွင့်ပေးပြီး set point ထက် အပူချိန်ပိုနည်းသွားယင် valve ကို ပြန်ပိတ်ပေးတာပါ။ Circulation pump ကတော့ အမြဲ run နေမှာပါ။ အဲဒီ valve က air actuated diaphragm valve ပါ။ Spring return နဲ့ Valve က ပွင့်နေပြီး ပိတ်ချင်မှ လေနဲ့ diaphragm အပေါ်ကဖိချပြီး ပိတ်အောင် လုပ်ပေးရတာပါ။ Controller က ပေးလိုက်တဲ့ signal အရ pneumatic positioner က valve actuator ကိုလိုသလို ဖွင့်၊ပိတ် လုပ်ပေးပါတယ်။ Valve position feedback ကို mechanical arm တစ်ခုနဲ့ link လုပ်ပြီး positioner ကိုပြန်ပေးထားပါတယ်။
ပထမဆုံး controller ကို စစ်ကြည့်ပါတယ်။ Controller မှာ လက်တံ pointer နှစ်ခု ရှိပါတယ်။ အနီရောင်က set value ဖြစ်ပြီး အနက်ရောင်က current value ဖြစ်ပါတယ်။ နောက်ပြီး အောက်ခြေ ညာဘက်မှာ output pressure ပြတဲ့ mechanical gauge display အသေးလေး တစ်ခုရှိပါသေးတယ်။ ဒီ controller ရဲ့ output range က (0.2 - 1) bar ဖြစ်ပါတယ်။လက်ရှိ output value က min ဖြစ်တဲ့ 0.2 bar ပြနေပါတယ်။ Set value နဲ့ current value က ညီနေတာကိုး။ Set value ကို အနီရောင် knob လေးလှည့်ပြီး ပြောင်းပေးတော့ current value နဲ့ ကွာလာတာနဲ့ အမျှ output pressure တစ်ဖြည်းဖြည်းတက်လာပါတယ်။ နောက်ဆုံး max ဖြစ်တဲ့ 1 bar အထိရောက်ပါတယ်။ Controller မှာပါတဲ့ P, I, D တန်ဖိုးတွေကို set လုပ်ထားတဲ့ knob ၃ ခုက တန်ဖိုးတွေကိုကြည့်တော့လည်း manual ထဲက recommended value တွနဲ့ တူပါတယ်။ ခုအနေအထားအရ controller က ကောင်းနေတဲ့ သဘောပါ။ (0.2 - 1) bar output လည်းထွက်နေတာဘဲ။ ဒါဆိုယင် positioner နဲ့ valve assembly ဘက်ကဘဲ ဖြစ်နိုင်တာပေါ့။ အဲဒါနဲ့ valve ဆီကိုသွားကြည့်ပါတယ်။ ဒီ positioner က pneumatic နဲ့ဘဲ လုပ်တာပါ။ Electrical positioner တွေမှာဆိုယင် input က (4-20)mA သုံးပြီး valve အကျဉ်းအကျယ် ဖွင့်ပေးတာပါ။ ဒီမှာတော့ pneumatic control ဆိုတော့ input value က ( 0.2 - 1) bar ဖြစ်ပါတယ်။ အဲဒီ pressure တန်ဖိုးအရ valve ကို အကျဉ်းအကျယ် ဖွင့်ပေးမှာပါ။ ဒီတော့ controller ကထုတ်ပေးလိုက်တဲ့ (0.2 - 1) bar က positioner ဆီရောက်မရောက်ကြည့်ပါတယ်။ Positioner မှာ pressure gauge အသေးလေး ၃ ခုရှိပါတယ်။ ပထမတစ်ခုက input signal pressure ပါ။ နောက်ဆုံးတစ်ခုက Compressed air source ရဲ့ pressure ပါ။ အလယ်တစ်ခုက output pressure တန်ဖိုးပါ။ Controller ကနေ set value ပြောင်းပြီး controller output pressure ကို ကစားကြည့်တော့ positioner ရဲ့ ပထမဆုံး gauge မှာ (0.2 - 1)bar လိုက်ပြောင်းပါတယ်။ ဒါဆို signal pressure လည်း positioner အထိ ရောက်တယ်။ လမ်းမှာ ယိုတာ၊ ပိတ်တာ မရှိဘူးပေါ့။ Valve ကိုကြည့်တော့ သူတို့ manually လှည့်ပြီး ပိတ်ထားတော့ မရွေ့ဘူးပေါ့။ စက်-၂ ကို ပြောပြီး ဖွင့်လိုက်ပါတယ်။ နောက်ပြီး controller ကနေ signal ပေးပြီး ကစားကြည့်တော့ ရွေ့ပါတယ်။ ဒါပေမဲ့ max signal ဖြစ်တဲ့ 1 bar ပေးတော့ fully close မဖြစ်ဘဲ တစ်ဝက်ဘဲပိတ်ပါတယ်။ 0.2 bar မှာတော့ အပြည့် ပွင့်ပါတယ်။ 
Valve ကရွေ့တယ်ဆိုတော့ jam မဖြစ်လောက်ဘူး။ ဘာလို့ တစ်ဝက်ဘဲရွေ့တာလဲ။ Actuator diaphragm မကောင်းတာလား၊ pressure မလုံလောက်လို့လား ကြည့်ရပါမယ်။ Name plate ကိုကြည့်တော့ input က (0.2-1) bar, air supply က 2.4 bar, output က (0.4-2) bar လို့ ရေးထားပါတယ်။ Air supply က 2.6 bar တောင်ရှိတယ် ဆိုတော့ လုံလောက်ပါတယ်။ Name plate က range ကို ယှဉ်ကြည့်တော့ output pressure က input ရဲ့ ၂ ဆရှိရမှာပါ။ ပြန်စမ်းပြီး output pressure gauge ကို ကြည့်ထားတော့ input 0.4 bar မှာ output 0.6 bar လောက်ဘဲရှိပါတယ်။ Max မှာတောင်မှ 1.4 bar လောက်ဘဲ output ထွက်နေတာ တွေ့ရပါတယ်။ တစ်ကယ်ဆို 2 bar ရှိရမှာပါ။ ဒါဆို positioner ပြဿနာပေါ့။ နောက်မှ positioner ထဲက pneumatic lead relay တစ်ခု spare ရှိတာနဲ့ လဲကြည့်တော့ output pressure အပြည့်ထွက်လာပါတယ်။ Valve ကလည်း အစအဆုံး အလုပ်လုပ်သွားပါတယ်။ Temperature Set value ပြောင်းတဲ့အတိုင်း current value ကို မှန်မှန်ကန်ကန် control လုပ်နိုင် သွားပါပြီ။
ပြောရယင်တော့ wire တစ်စမှ မကိုင်လိုက်ရတဲ့ control အလုပ်တစ်ခုပေါ့ဗျာ။