Friday 6 October 2017

Anti-heeling System (၁) - Cannot Stop Pump

[Zawgyi]
ဆိပ္ကမ္းမွာ Container အတင္အခ်လုပ္ေနတဲ့ သေဘၤာတစ္စီးမွာ Anti-heeling system မေကာင္းဘူး ဆိုလို႔ သြားၾကည့္ရပါတယ္။ ခ႐ိုေယးရွား ဓာတ္ႀကိဳးက ရွင္းျပပါတယ္။ 
DCS computer ကေနၿပီး pump start/ stop command ေပးတဲ့ အခါ Stbd to Port သြားတဲ့ pump က start မွာ ျပႆနာ မရွိဘူး။ stop လုပ္ယင္ တစ္ခါတေလ မရပ္ေတာ့ဘူးေျပာပါတယ္။ အဲဒါကို ရွင္းေပးရမွာပါ။
မစခင္ Anti-heeling system အေၾကာင္း နည္းနည္းေလာက္ ေျပာခ်င္ပါတယ္။ သေဘၤာေတြမွာ တစ္ဘက္ဘက္ကို အေၾကာင္းတစ္ခုခုနဲ႔ (load မညီလို႔၊ ေလျပင္းတိုက္လို႔၊ angle က်ဥ္းက်ဥ္းနဲ႔ ေကြ႕လိုက္လို႔) ေစာင္းသြားၿပီး အခ်ိန္တိုအတြင္း ျပန္ မတည့္ႏိုင္တာမ်ဳိးကို heeling ျဖစ္တယ္လို႔ ေခၚပါတယ္။ အဲလို heeling ျဖစ္တာကို အခ်ိန္မီျပန္မထိန္းႏိုင္ယင္ အႏၲရာယ္ရွိပါတယ္။ အဲလိုအေျခအေနမ်ဳိးမွာ water ballast tank ေတြက ေရကို လိုသလို ေျပာင္းေရႊ႕ၿပီး အလိုအေလ်ာက္ balance လုပ္ေပးတဲ့ စံနစ္ကို anti-heeling system လို႔ ေခၚပါတယ္။ Anti-heeling မွာ ၂ မ်ဳိးရွိပါတယ္။ Pneumatic type နဲ႔ pump type ပါ။ Pneumatic type မွာ ballast tank တစ္ခုကေန တစ္ခုဆီ ေရစီးဖို႔ pressure difference ကို ေလမႈတ္ထည့္ျခင္း၊ ဖြင့္ထုတ္ျခင္း လုပ္ေပးတာပါ။ Pump type မွာေတာ့ pump ေမာင္းၿပီး ေရစီးေအာင္ လုပ္ေပးတာေပါ့။ ဒီသေဘၤာက pump type ပါ။ ဒီမွာ Anti-heeling system set လုပ္ထားတာကေတာ့ 5  ံေစာင္းယင္ water transfer စလုပ္ၿပီး အနီးစပ္ဆုံး 1  ံေရာက္မွ ရပ္ပါတယ္။ ေရကို transfer လုပ္တယ္ဆိုေတာ့ P to S ဒါမွမဟုတ္ S to P ballast tank ေတြကို ဆက္ထားတဲ့ ပိုက္ရဲ႕ valve ေတြကိုလည္း ဖြင့္ေပးပါတယ္။ သူ႔ direction အလိုက္ သက္ဆိုင္တဲ့ pump ကိုလည္း ဖြင့္ေပးပါတယ္။
ECR ေရာက္လို႔ လိုက္ၾကည့္ေတာ့ control က Samsung ရဲ႕ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ္ခုထဲအတြက္ မဟုတ္ပါဘူး။ တစ္ျခား control system ေတာ္ေတာ္မ်ားမ်ားကို ေပါင္းထားတာပါ။ DCS computer ကေန user နဲ႔ အဆက္အသြယ္လုပ္ၿပီး Control cabinet ထဲက PLC ကေတာ့ အဓိက control ေပါ့။ PLC အထြက္မွာ Relay module board ေတြနဲ႔ device ေတြကို ေမာင္းတာပါ။ ER ရဲ႕ ေအာက္ထပ္မွာေတာ့ anti-heeling system အတြက္ pump နဲ႔ starter panel ရွိပါတယ္။ Starter ကိုသြားၾကည့္ေတာ့ P ->S နဲ႔ S ->P အတြက္ pump အႀကီး၂ လုံးကို 440V MC အႀကီးတစ္ခုစီနဲ႔ DOL starter ဘဲသုံးထားပါတယ္။ အဲဒီ starter ရဲ႕ contact ေတြကို စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။ ကပ္ေနတာ ေလာင္ထားတာမ်ဳိး မရွိပါဘူး။ ေနာက္ အဲဒီ MC အႀကီးကို ေမာင္းေပးတဲ့ 24V MC အငယ္ကို လည္းစစ္ၾကည့္ေတာ့ ေကာင္းပါတယ္။

ဒါနဲ႔ ECR ထဲျပန္သြားၿပီး စမ္းၾကည့္ၾကတာေပါ့။ DCS computer ကေန ၾကည့္ေတာ့ heeling indication မွာ -0.6  ံျပေနပါတယ္။ Auto mode မွာ +/- 5  ံ ေက်ာ္မွ anti-heeling ကစ အလုပ္လုပ္မွာဆိုေတာ့ manually ဘဲ pump ကို ေမာင္းၾကည့္ဖို႔ ဆုံးျဖတ္ပါတယ္။ ဒါနဲ႔ manual command ေပးၿပီး S to P ကို start လုပ္လိုက္ပါတယ္။ Screen ေပၚမွာ pump လည္သြားတဲ့ status နဲ႔ valve ေတြ ပြင့္သြားတဲ့ status ကို ျပပါတယ္။
Control cabinet ထဲက PLC မွာ သူနဲ႔ဆိုင္တဲ့ digital output module (DOC4) ရဲ႕ channel 14 က မီးလင္းသြားပါတယ္။ DOC4 ကေန ႀကိဳးအျပားနဲ႔ ထြက္သြားၿပီး relay module board တစ္ခုကိုဝင္သြားပါတယ္။
Relay module အထြက္ terminal မွာ သူနဲ႔ ဆိုင္တဲ့ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ထြက္ပါတယ္။ ဒီႀကိဳးကေန Starter panel ထဲက MC အေသး၊ ေနာက္တစ္ဆင့္ MC အႀကီးကို ေမာင္းၿပီး pump run ေစမွာျဖစ္ပါတယ္။ ေအာက္က တစ္ေယာက္ၾကည့္ခိုင္းေတာ့လည္း pump လည္တယ္တဲ့။ 150A ေလာက္ ဆြဲတယ္ ေျပာပါတယ္။ ခဏေနေတာ့ computer ကေန stop command ေပးလိုက္ပါတယ္။ PLC ေပၚက သူ႔ channel ရဲ႕ LED ၿငိမ္းသြားသလို DCS screen ေပၚမွာ pump ရပ္သြားတာ ျပပါတယ္။ ေအာက္ထပ္ကလည္း pump ရပ္သြားတယ္ေျပာပါတယ္။ တစ္ခါတေလ ျဖစ္တဲ့ ျပႆနာဆိုတာမ်ဳိးက လုပ္ရတာ နည္းနည္း ခက္ပါတယ္။ ျပႆနာ ျဖစ္ေအာင္ အယင္ စိတ္ရွည္ရွည္နဲ႔ ေစာင့္ရတာမို႔ပါ။ အခုလည္း ေကာင္းေနတယ္ေလ။ ဒါနဲ႔ start / stop ေလး၊ ငါးခါေလာက္ လုပ္ၾကည့္ေတာ့မွ တစ္ခါမွာ pump မရပ္ဘဲ ဆက္လည္ေနတာ ေတြ႕ရပါတယ္။ Stop command ကေပးၿပီးပါၿပီ။ Screen မွာ pump run status ျပေနဆဲ ျဖစ္သလို ေအာက္ထပ္မွာလည္း တစ္ကယ္ pump လည္ေနပါတယ္။ 
PLC ရဲ႕ သူ႔ channel မွာ မီးၿငိမ္းေနပါတယ္။ ဒါနဲ႔ relay card ရဲ႕ အထြက္ႀကိဳးကို တိုင္းၾကည့္ေတာ့ 24VDC ဆက္ထြက္ေနတာေတြ႕ပါတယ္။ အဲဒီအခ်ိန္မွာ ဓာတ္ႀကိဳးကေျပာပါတယ္။ PLC output card DOC4 ကို လဲၾကည့္ထားၿပီးၿပီတဲ့။ အခု card က အသစ္လို႔ေျပာပါတယ္။ ဒါဆို ျဖစ္ႏိုင္စရာတစ္ခုဘဲ ရွိေတာ့ပါတယ္။ Relay module board မေကာင္းတာပါ။ Spare လည္း မရွိပါဘူး။
Relay module board ကို ျဖဳတ္တိူင္းၾကည့္ေတာ့ NO contact က off line မွာ 16 ohm ေလာက္ျပေနေတာ့ သိပ္မေကာင္းေတာ့ဘူးလို႔ ေကာက္ခ်က္ခ်ပါတယ္။ Board ေပၚမွာ channel  ၁၆ခု မွာ ၁ ခုက အဲလိုျဖစ္ေနပါတယ္။ ေနာက္ တစ္ခုက ေတာ့ 70 ohm ျပၿပီး က်န္တဲ့ channel ေတြက open ျဖစ္ပါတယ္။ ဒါနဲ႔ onboard relay ေတြ လဲၾကည့္ဖို႔ စဥ္းစားမိပါတယ္။ Relay module မွာမယ္ဆိုယင္ တစ္ပတ္၊ ႏွစ္ပတ္ေလာက္ ၾကာမွရမွာပါ။ Omron onboard Relay ကေတာ့ အလြယ္တကူ ဝယ္လို႔ ရႏိုင္ပါတယ္။ ႐ုံးကို ဖုန္းဆက္ၿပီး လာပို႔ေပးဖို႔ ေျပာလိုက္ပါတယ္။ ေနာက္ ၂ နာရီေလာက္ ေစာင့္ေတာ့ ပစၥည္းေရာက္လာပါတယ္။ ေစာေစာက clear မျဖစ္တဲ့ relay ၂ ခု လဲေပးလိုက္ပါတယ္။ ျပန္တပ္ၿပီး စမ္းၾကည့္ၾကပါတယ္။ Start / stop အႀကိမ္ေတာ္ေတာ္မ်ားမ်ား လုပ္ၾကည့္ေတာ့ ေကာင္းေနတာမို႔ အဆင္ေျပသြားၿပီလို႔ ယူဆရပါတယ္။ Report ေရးၿပီး ျပန္ခဲ့ပါတယ္။

[Unicode]
ဆိပ်ကမ်းမှာ Container အတင်အချလုပ်နေတဲ့ သင်္ဘောတစ်စီးမှာ Anti-heeling system မကောင်းဘူး ဆိုလို့ သွားကြည့်ရပါတယ်။ ခရိုယေးရှား ဓာတ်ကြိုးက ရှင်းပြပါတယ်။ 
DCS computer ကနေပြီး pump start/ stop command ပေးတဲ့ အခါ Stbd to Port သွားတဲ့ pump က start မှာ ပြဿနာ မရှိဘူး။ stop လုပ်ယင် တစ်ခါတလေ မရပ်တော့ဘူးပြောပါတယ်။ အဲဒါကို ရှင်းပေးရမှာပါ။
မစခင် Anti-heeling system အကြောင်း နည်းနည်းလောက် ပြောချင်ပါတယ်။ သင်္ဘောတွေမှာ တစ်ဘက်ဘက်ကို အကြောင်းတစ်ခုခုနဲ့ (load မညီလို့၊ လေပြင်းတိုက်လို့၊ angle ကျဉ်းကျဉ်းနဲ့ ကွေ့လိုက်လို့) စောင်းသွားပြီး အချိန်တိုအတွင်း ပြန် မတည့်နိုင်တာမျိုးကို heeling ဖြစ်တယ်လို့ ခေါ်ပါတယ်။ အဲလို heeling ဖြစ်တာကို အချိန်မီပြန်မထိန်းနိုင်ယင် အန္တရာယ်ရှိပါတယ်။ အဲလိုအခြေအနေမျိုးမှာ water ballast tank တွေက ရေကို လိုသလို ပြောင်းရွှေ့ပြီး အလိုအလျောက် balance လုပ်ပေးတဲ့ စံနစ်ကို anti-heeling system လို့ ခေါ်ပါတယ်။ Anti-heeling မှာ ၂ မျိုးရှိပါတယ်။ Pneumatic type နဲ့ pump type ပါ။ Pneumatic type မှာ ballast tank တစ်ခုကနေ တစ်ခုဆီ ရေစီးဖို့ pressure difference ကို လေမှုတ်ထည့်ခြင်း၊ ဖွင့်ထုတ်ခြင်း လုပ်ပေးတာပါ။ Pump type မှာတော့ pump မောင်းပြီး ရေစီးအောင် လုပ်ပေးတာပေါ့။ ဒီသင်္ဘောက pump type ပါ။ ဒီမှာ Anti-heeling system set လုပ်ထားတာကတော့ 5  ံစောင်းယင် water transfer စလုပ်ပြီး အနီးစပ်ဆုံး 1  ံရောက်မှ ရပ်ပါတယ်။ ရေကို transfer လုပ်တယ်ဆိုတော့ P to S ဒါမှမဟုတ် S to P ballast tank တွေကို ဆက်ထားတဲ့ ပိုက်ရဲ့ valve တွေကိုလည်း ဖွင့်ပေးပါတယ်။ သူ့ direction အလိုက် သက်ဆိုင်တဲ့ pump ကိုလည်း ဖွင့်ပေးပါတယ်။
ECR ရောက်လို့ လိုက်ကြည့်တော့ control က Samsung ရဲ့ ICMS (Integrated Control and Monitoring System) ပါ။ ဒီ system က anti-heeling တစ်ခုထဲအတွက် မဟုတ်ပါဘူး။ တစ်ခြား control system တော်တော်များများကို ပေါင်းထားတာပါ။ DCS computer ကနေ user နဲ့ အဆက်အသွယ်လုပ်ပြီး Control cabinet ထဲက PLC ကတော့ အဓိက control ပေါ့။ PLC အထွက်မှာ Relay module board တွေနဲ့ device တွေကို မောင်းတာပါ။ ER ရဲ့ အောက်ထပ်မှာတော့ anti-heeling system အတွက် pump နဲ့ starter panel ရှိပါတယ်။ Starter ကိုသွားကြည့်တော့ P ->S နဲ့ S ->P အတွက် pump အကြီး၂ လုံးကို 440V MC အကြီးတစ်ခုစီနဲ့ DOL starter ဘဲသုံးထားပါတယ်။ အဲဒီ starter ရဲ့ contact တွေကို စစ်ကြည့်တော့လည်း ကောင်းပါတယ်။ ကပ်နေတာ လောင်ထားတာမျိုး မရှိပါဘူး။ နောက် အဲဒီ MC အကြီးကို မောင်းပေးတဲ့ 24V MC အငယ်ကို လည်းစစ်ကြည့်တော့ ကောင်းပါတယ်။
ဒါနဲ့ ECR ထဲပြန်သွားပြီး စမ်းကြည့်ကြတာပေါ့။ DCS computer ကနေ ကြည့်တော့ heeling indication မှာ -0.6  ံပြနေပါတယ်။ Auto mode မှာ +/- 5  ံ ကျော်မှ anti-heeling ကစ အလုပ်လုပ်မှာဆိုတော့ manually ဘဲ pump ကို မောင်းကြည့်ဖို့ ဆုံးဖြတ်ပါတယ်။ ဒါနဲ့ manual command ပေးပြီး S to P ကို start လုပ်လိုက်ပါတယ်။ Screen ပေါ်မှာ pump လည်သွားတဲ့ status နဲ့ valve တွေ ပွင့်သွားတဲ့ status ကို ပြပါတယ်။ Control cabinet ထဲက PLC မှာ သူနဲ့ဆိုင်တဲ့ digital output module (DOC4) ရဲ့ channel 14 က မီးလင်းသွားပါတယ်။ DOC4 ကနေ ကြိုးအပြားနဲ့ ထွက်သွားပြီး relay module board တစ်ခုကိုဝင်သွားပါတယ်။ Relay module အထွက် terminal မှာ သူနဲ့ ဆိုင်တဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ထွက်ပါတယ်။ ဒီကြိုးကနေ Starter panel ထဲက MC အသေး၊ နောက်တစ်ဆင့် MC အကြီးကို မောင်းပြီး pump run စေမှာဖြစ်ပါတယ်။ အောက်က တစ်ယောက်ကြည့်ခိုင်းတော့လည်း pump လည်တယ်တဲ့။ 150A လောက် ဆွဲတယ် ပြောပါတယ်။ ခဏနေတော့ computer ကနေ stop command ပေးလိုက်ပါတယ်။ PLC ပေါ်က သူ့ channel ရဲ့ LED ငြိမ်းသွားသလို DCS screen ပေါ်မှာ pump ရပ်သွားတာ ပြပါတယ်။ အောက်ထပ်ကလည်း pump ရပ်သွားတယ်ပြောပါတယ်။ တစ်ခါတလေ ဖြစ်တဲ့ ပြဿနာဆိုတာမျိုးက လုပ်ရတာ နည်းနည်း ခက်ပါတယ်။ ပြဿနာ ဖြစ်အောင် အယင် စိတ်ရှည်ရှည်နဲ့ စောင့်ရတာမို့ပါ။ အခုလည်း ကောင်းနေတယ်လေ။ ဒါနဲ့ start / stop လေး၊ ငါးခါလောက် လုပ်ကြည့်တော့မှ တစ်ခါမှာ pump မရပ်ဘဲ ဆက်လည်နေတာ တွေ့ရပါတယ်။ Stop command ကပေးပြီးပါပြီ။ Screen မှာ pump run status ပြနေဆဲ ဖြစ်သလို အောက်ထပ်မှာလည်း တစ်ကယ် pump လည်နေပါတယ်။ 
PLC ရဲ့ သူ့ channel မှာ မီးငြိမ်းနေပါတယ်။ ဒါနဲ့ relay card ရဲ့ အထွက်ကြိုးကို တိုင်းကြည့်တော့ 24VDC ဆက်ထွက်နေတာတွေ့ပါတယ်။ အဲဒီအချိန်မှာ ဓာတ်ကြိုးကပြောပါတယ်။ PLC output card DOC4 ကို လဲကြည့်ထားပြီးပြီတဲ့။ အခု card က အသစ်လို့ပြောပါတယ်။ ဒါဆို ဖြစ်နိုင်စရာတစ်ခုဘဲ ရှိတော့ပါတယ်။ Relay module board မကောင်းတာပါ။ Spare လည်း မရှိပါဘူး။ Relay module board ကို ဖြုတ်တိူင်းကြည့်တော့ NO contact က off line မှာ 16 ohm လောက်ပြနေတော့ သိပ်မကောင်းတော့ဘူးလို့ ကောက်ချက်ချပါတယ်။ Board ပေါ်မှာ channel  ၁၆ခု မှာ ၁ ခုက အဲလိုဖြစ်နေပါတယ်။ နောက် တစ်ခုက တော့ 70 ohm ပြပြီး ကျန်တဲ့ channel တွေက open ဖြစ်ပါတယ်။ ဒါနဲ့ onboard relay တွေ လဲကြည့်ဖို့ စဉ်းစားမိပါတယ်။ Relay module မှာမယ်ဆိုယင် တစ်ပတ်၊ နှစ်ပတ်လောက် ကြာမှရမှာပါ။ Omron onboard Relay ကတော့ အလွယ်တကူ ဝယ်လို့ ရနိုင်ပါတယ်။ ရုံးကို ဖုန်းဆက်ပြီး လာပို့ပေးဖို့ ပြောလိုက်ပါတယ်။ နောက် ၂ နာရီလောက် စောင့်တော့ ပစ္စည်းရောက်လာပါတယ်။ စောစောက clear မဖြစ်တဲ့ relay ၂ ခု လဲပေးလိုက်ပါတယ်။ ပြန်တပ်ပြီး စမ်းကြည့်ကြပါတယ်။ Start / stop အကြိမ်တော်တော်များများ လုပ်ကြည့်တော့ ကောင်းနေတာမို့ အဆင်ပြေသွားပြီလို့ ယူဆရပါတယ်။ Report ရေးပြီး ပြန်ခဲ့ပါတယ်။

No comments:

Post a Comment