Saturday 30 March 2019

Electrical Switch Board (3) - ACB canmot be closed


Tanker တစ္စီးမွာပါ။ ESB ရဲ႕ Tie Breaker close လုပ္မရလို႔ သြားစစ္ခဲ့ရပါတယ္။ သေဘၤာေပၚေရာက္ေတာ့ ဂရိဓာတ္ႀကိဳးႀကီးက ရွင္းျပပါတယ္။ မေန႔က Surveyor လာစစ္ေတာ့ Emergency Generator ကို စမ္းျပရတယ္။ Test mode (Engine +ACB) ကို ေျပာင္းလိုက္ေတာ့ Engine က အလိုအေလ်ာက္ စေမာင္းတယ္။ ACB က မပိတ္သြားဘူး။ ဒါနဲ႔ သူစစ္ၾကည့္ၿပီး Timer တစ္လုံး လဲလိုက္ေတာ့ Generator ACB ပိတ္လို႔ ရသြားတယ္။ Surveyor လည္း လက္ခံသြားပါတယ္။ ဒါေပမဲ့ Nornal mode ကို ျပန္ထားေတာ့ Generator ACB က ပြင့္သြားတယ္။ Bus Tie ACB က မပိတ္ေတာ့ဘူး။ Surveyor ရွိတုန္းေတာ့ ESB က ေပးတဲ့ မီးေတြ ျပန္လင္းေအာင္ ခပ္တည္တည္နဲ႔ E-Gen ေမာင္းၿပီး မီးေပးထားခဲ့ရတယ္တဲ့။ ေနာက္ေတာ့ သူအမ်ဳိးမ်ဳိး ႀကိဳးစားၾကည့္တယ္။ ပိတ္လို႔ မရဘူး။ Manual ပိတ္တာလည္း မရဘူး ဆိုပါတယ္။ ဒါေပမဲ့ တစ္ခါတေလေတာ့ ရသြားတယ္တဲ့။ ထပ္စမ္းရင္ မရျပန္ဘူး ဆိုပါတယ္။ အခါ ၂၀ ေက်ာ္ စမ္းတာ ၂ ခါေလာက္ ပဲ ေကာင္းတယ္ေျပာပါတယ္။

ကၽြန္ေတာ္တို႔နဲ႔အတူ စမ္းျပပါတယ္။ ပထမ Test mode ေရႊ႕လိုက္ေတာ့ စက္ႏိုးတယ္။ Generator ACB close ျဖစ္သြားၿပီး ESB မွာ power ရေနပါတယ္။ ေနာက္ Normal mode ေျပာင္းလိုက္ေတာ့ Generator ACB open ျဖစ္သြားပါတယ္။ Bus Tie ACB ကေတာ့ close မျဖစ္ပါဘူး။ ACB အဝင္ MSB က လာတဲ့ power ရွိလား တိုင္းၾကည့္ေတာ့ 440V ရွိပါတယ္။ ဒါဆို ACB နဲ႔ပဲ ဆိုင္သြားၿပီ။ ACB က Hyundai အမ်ဳိးအစား Draw out type ပါ။ သူ႔ရဲ႕ UVT control supply နည္းနည္းႀကီးတဲ့ ရွည္ေမ်ာမ်ာ ပုံးေလးပါ။ Panel ေအာက္က နံရံမွာ ကပ္ထားပါတယ္။Charging status ကိုၾကည့္လိုက္ေတာ့လည္း Charged လို႔ ျပေနတယ္။ တစ္ကယ္လို႔ UVT coil မဆြဲေနရင္ Charged လို႔ မျပဘူး။ အခု Auto close မျဖစ္ေတာ့ Manual lever ဆြဲၿပီး close လုပ္ၾကည့္တယ္။ မရဘူး။ ACB ေပၚက push button ကို ႏွိပ္ၾကည့္တယ္။ မရျပန္ဘူး။ ဒါဆိုရင္ ACB ထဲက Mechanism ကပ္ေနတာ ျဖစ္ဖို႔ မ်ားသြားၿပီ။
အဝင္ power တိုင္းၾကည့္ေတာ့ 220V AC အထြက္က 14.5 V DC ရွိပါတယ္။ နည္းနည္းေတာ့ နည္းေနတယ္လို႔ ထင္တယ္။ ထားပါေတာ့။ Spring 
ေျပာရရင္ ACB ရဲ႕ Mechanical အပိုင္းကိုင္ဖို႔ confidence မရွိပါဘူး။ ဒါေပမဲ့ တတ္ႏိုင္သေလာက္ ၾကည့္ၾကည့္လိုက္မယ္ စိတ္ကူးပါတယ္။ ACB ကို ေမာင္းတံေလးထည့္ လွည့္ၿပီး rack out လုပ္လိုက္ပါတယ္။ Disvonnect / Isolated ျဖစ္သြားၿပီးမွ ေရွ႕အဖုံးကို ဖြင့္လိုက္ပါတယ္။
အထဲက UVT coil ရဲ႕ အလယ္က ဝင္႐ိုးေလးကို long nose plier ေလးနဲ႔ ဆြဲမၿပီး latch bracket ေလးနဲ႔ ဆြဲေထာက္ထားလိုက္ပါတယ္။

ဒါဆိုရင္ေတာ့ UVT ဆြဲေနတဲ့ သေဘာ simulate လုပ္ထားလိုက္ၿပီေပါ့။ Spring ကလည္း Charged အေနအထားမွာ ရွိေနပါတယ္။ Close (On) ခလုတ္ေလး ဖိမယ့္ေနရာက ပလပ္စတစ္ ေမာင္းတံေလးကို တြန္းၾကည့္ပါတယ္။ မရပါဘူး။ ဓာတ္မီးနဲ႔ ေသခ်ာၾကည့္ေတာ့ အဲဒီ ေမာင္းတံဖိလိုက္ရင္ ခ်ိတ္ၿပီး ဆြဲခ်ရမယ့္ ေနာက္က အဖုေလးနဲ႔ ခ်ိတ္က လြတ္ေနပါတယ္။ Test pen နဲ႔ ထိုးတြန္းၿပီး ခ်ိတ္ကို သူ႔ေနရာေရာက္ေအာင္ တြန္းပို႔ေပးလိုက္ပါတယ္။
ၿပီးေတာ့ ေစာေစာက ေနရာကို တြန္းဖိလိုက္တဲ့အခါ ေဗ်ာင္းကနဲျမည္ၿပီး ACB close ျဖစ္သြားပါတယ္။ ေနာက္ Open (off) ျပန္လုပ္။ လက္နဲ႔ေမာင္းတံကိုဆြဲၿပီး Spring Charge ျပန္လုပ္ပါတယ္။ ေနာက္တစ္ခါ ေသခ်ာထပ္ၾကည့္ေတာ့ ေစာေစာက အတိုင္း ခ်ိတ္ေလးက သူ႔ေနရာျပန္မေရာက္ေနျပန္ဘူး။ အဲဒီ ခ်ိတ္အေနအထားနဲ႔ ေမာင္းတံ ေရြ႕ပုံကို ေလ့လာၾကည့္ေတာ့ တစ္ကယ္ဆို Spring ဆြဲအားနဲ႔ သူ႔ေနရာ ျပန္ေရာက္ရမွာပါ။ ထည့္ထားတဲ့ greese ေတြက ထူျပစ္ေနလို႔ ကပ္ေနၿပီး spring ေပ်ာ့ေပ်ာ့ရဲ႕အားက ျပန္ဆြဲ မတင္ႏိုင္ေတာ့တာပါ။ WD40 ေတာင္းၿပီး နည္းနည္းေဆးလိုက္ပါတယ္။ ၿပီးမွ လႈပ္ရွားမႈ ေခ်ာေမြ႕ေအာင္ ေလ့က်င့္ခန္းလုပ္ေပးလိုက္ေတာ့ သူ႔ေနရာသူ ျပန္တက္သြားႏိုင္ပါၿပီ။ ACB ကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား အဖြင့္အပိတ္လုပ္ၾကည့္ေတာ့ အဆင္ေျပသြားပါၿပီ။
UVT latch ကို မေမ့ေအာင္ ျပန္ခ်ၿပီး ACB ကို rack in ျပန္လုပ္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ အားလုံး ပုံမွန္အလုပ္လုပ္သြားပါၿပီ။ ႏွစ္ခါ သုံးခါ စမ္းျပလိုက္ေတာ့ စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးႀကီးလည္း ေက်နပ္သြားပါေတာ့တယ္။
တစ္ကယ္ဆို ၿပီးခဲ့တဲ့ ၄ လ ေလာက္က တ႐ုတ္မွာ dock ဝင္တုန္းမွာ တ႐ုတ္ technician ေတြ Service လုပ္ခဲ့တယ္ ဆိုပါတယ္။ Greese မထည့္သင့္တဲ့ေနရာ ထည္မိတာ၊ အဲဒီေနရာနဲ႔ မသင့္ေတာ္တဲ့ gresse ထည့္မိတာေၾကာင့္လို႔ ထင္ပါတယ္။

[Unicode]

Tanker တစ်စီးမှာပါ။ ESB ရဲ့ Tie Breaker close လုပ်မရလို့ သွားစစ်ခဲ့ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ ဂရိဓာတ်ကြိုးကြီးက ရှင်းပြပါတယ်။ မနေ့က Surveyor လာစစ်တော့ Emergency Generator ကို စမ်းပြရတယ်။ Test mode (Engine +ACB) ကို ပြောင်းလိုက်တော့ Engine က အလိုအလျောက် စမောင်းတယ်။ ACB က မပိတ်သွားဘူး။ ဒါနဲ့ သူစစ်ကြည့်ပြီး Timer တစ်လုံး လဲလိုက်တော့ Generator ACB ပိတ်လို့ ရသွားတယ်။ Surveyor လည်း လက်ခံသွားပါတယ်။ ဒါပေမဲ့ Nornal mode ကို ပြန်ထားတော့ Generator ACB က ပွင့်သွားတယ်။ Bus Tie ACB က မပိတ်တော့ဘူး။ Surveyor ရှိတုန်းတော့ ESB က ပေးတဲ့ မီးတွေ ပြန်လင်းအောင် ခပ်တည်တည်နဲ့ E-Gen မောင်းပြီး မီးပေးထားခဲ့ရတယ်တဲ့။ နောက်တော့ သူအမျိုးမျိုး ကြိုးစားကြည့်တယ်။ ပိတ်လို့ မရဘူး။ Manual ပိတ်တာလည်း မရဘူး ဆိုပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ ရသွားတယ်တဲ့။ ထပ်စမ်းရင် မရပြန်ဘူး ဆိုပါတယ်။ အခါ ၂၀ ကျော် စမ်းတာ ၂ ခါလောက် ပဲ ကောင်းတယ်ပြောပါတယ်။
ကျွန်တော်တို့နဲ့အတူ စမ်းပြပါတယ်။ ပထမ Test mode ရွှေ့လိုက်တော့ စက်နိုးတယ်။ Generator ACB close ဖြစ်သွားပြီး ESB မှာ power ရနေပါတယ်။ နောက် Normal mode ပြောင်းလိုက်တော့ Generator ACB open ဖြစ်သွားပါတယ်။ Bus Tie ACB ကတော့ close မဖြစ်ပါဘူး။ ACB အဝင် MSB က လာတဲ့ power ရှိလား တိုင်းကြည့်တော့ 440V ရှိပါတယ်။ ဒါဆို ACB နဲ့ပဲ ဆိုင်သွားပြီ။ ACB က Hyundai အမျိုးအစား Draw out type ပါ။ သူ့ရဲ့ UVT control supply နည်းနည်းကြီးတဲ့ ရှည်မျောမျာ ပုံးလေးပါ။ Panel အောက်က နံရံမှာ ကပ်ထားပါတယ်။ အဝင် power တိုင်းကြည့်တော့ 220V AC အထွက်က 14.5 V DC ရှိပါတယ်။ နည်းနည်းတော့ နည်းနေတယ်လို့ ထင်တယ်။ ထားပါတော့။ Spring Charging status ကိုကြည့်လိုက်တော့လည်း Charged လို့ ပြနေတယ်။ တစ်ကယ်လို့ UVT coil မဆွဲနေရင် Charged လို့ မပြဘူး။ အခု Auto close မဖြစ်တော့ Manual lever ဆွဲပြီး close လုပ်ကြည့်တယ်။ မရဘူး။ ACB ပေါ်က push button ကို နှိပ်ကြည့်တယ်။ မရပြန်ဘူး။ ဒါဆိုရင် ACB ထဲက Mechanism ကပ်နေတာ ဖြစ်ဖို့ များသွားပြီ။
ပြောရရင် ACB ရဲ့ Mechanical အပိုင်းကိုင်ဖို့ confidence မရှိပါဘူး။ ဒါပေမဲ့ တတ်နိုင်သလောက် ကြည့်ကြည့်လိုက်မယ် စိတ်ကူးပါတယ်။ ACB ကို မောင်းတံလေးထည့် လှည့်ပြီး rack out လုပ်လိုက်ပါတယ်။ Disvonnect / Isolated ဖြစ်သွားပြီးမှ ရှေ့အဖုံးကို ဖွင့်လိုက်ပါတယ်။ အထဲက UVT coil ရဲ့ အလယ်က ဝင်ရိုးလေးကို long nose plier လေးနဲ့ ဆွဲမပြီး latch bracket လေးနဲ့ ဆွဲထောက်ထားလိုက်ပါတယ်။ ဒါဆိုရင်တော့ UVT ဆွဲနေတဲ့ သဘော simulate လုပ်ထားလိုက်ပြီပေါ့။ Spring ကလည်း Charged အနေအထားမှာ ရှိနေပါတယ်။ Close (On) ခလုတ်လေး ဖိမယ့်နေရာက ပလပ်စတစ် မောင်းတံလေးကို တွန်းကြည့်ပါတယ်။ မရပါဘူး။ ဓာတ်မီးနဲ့ သေချာကြည့်တော့ အဲဒီ မောင်းတံဖိလိုက်ရင် ချိတ်ပြီး ဆွဲချရမယ့် နောက်က အဖုလေးနဲ့ ချိတ်က လွတ်နေပါတယ်။ Test pen နဲ့ ထိုးတွန်းပြီး ချိတ်ကို သူ့နေရာရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ ပြီးတော့ စောစောက နေရာကို တွန်းဖိလိုက်တဲ့အခါ ဗျောင်းကနဲမြည်ပြီး ACB close ဖြစ်သွားပါတယ်။ နောက် Open (off) ပြန်လုပ်။ လက်နဲ့မောင်းတံကိုဆွဲပြီး Spring Charge ပြန်လုပ်ပါတယ်။ နောက်တစ်ခါ သေချာထပ်ကြည့်တော့ စောစောက အတိုင်း ချိတ်လေးက သူ့နေရာပြန်မရောက်နေပြန်ဘူး။ အဲဒီ ချိတ်အနေအထားနဲ့ မောင်းတံ ရွေ့ပုံကို လေ့လာကြည့်တော့ တစ်ကယ်ဆို Spring ဆွဲအားနဲ့ သူ့နေရာ ပြန်ရောက်ရမှာပါ။ ထည့်ထားတဲ့ greese တွေက ထူပြစ်နေလို့ ကပ်နေပြီး spring ပျော့ပျော့ရဲ့အားက ပြန်ဆွဲ မတင်နိုင်တော့တာပါ။ WD40 တောင်းပြီး နည်းနည်းဆေးလိုက်ပါတယ်။ ပြီးမှ လှုပ်ရှားမှု ချောမွေ့အောင် လေ့ကျင့်ခန်းလုပ်ပေးလိုက်တော့ သူ့နေရာသူ ပြန်တက်သွားနိုင်ပါပြီ။ ACB ကို အကြိမ်တော်တော်များများ အဖွင့်အပိတ်လုပ်ကြည့်တော့ အဆင်ပြေသွားပါပြီ။
UVT latch ကို မမေ့အောင် ပြန်ချပြီး ACB ကို rack in ပြန်လုပ်ပါတယ်။ ပြန်စမ်းကြည့်တော့ အားလုံး ပုံမှန်အလုပ်လုပ်သွားပါပြီ။ နှစ်ခါ သုံးခါ စမ်းပြလိုက်တော့ စက်ချုပ်နဲ့ ဓာတ်ကြိုးကြီးလည်း ကျေနပ်သွားပါတော့တယ်။
တစ်ကယ်ဆို ပြီးခဲ့တဲ့ ၄ လ လောက်က တရုတ်မှာ dock ဝင်တုန်းမှာ တရုတ် technician တွေ Service လုပ်ခဲ့တယ် ဆိုပါတယ်။ Greese မထည့်သင့်တဲ့နေရာ ထည်မိတာ၊ အဲဒီနေရာနဲ့ မသင့်တော်တဲ့ gresse ထည့်မိတာကြောင့်လို့ ထင်ပါတယ်။

Sunday 24 March 2019

Generator (22) - Current not equal at same KW


ဒီအေၾကာင္းက fault finding ေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ droop မခ်ိန္ဖူးဘူးဆိုတဲ့ သူငယ္ခ်င္းေတြ ဖတ္ရေအာင္ ေရးေပးလိုက္ပါတယ္။
အင္ဒိုနီးရွား Tanker တစ္စီးမွာ Tank radar ကိစၥနဲ႔ တက္ေနတုန္း super က အကူအညီေတာင္းလာပါတယ္။ Generator # 2 နဲ႔ #3 parallel ေမာင္းေနတာ kW ညီၿပီး current မညီလို႔ ကူရွင္းေပးဖို႔ ေျပာပါတယ္။ ဒီမွာေတာ့ တစ္ခိုင္လုံးေရႊ မဟုတ္ဘူး။ တစ္စီးလုံး 'အ' ေတြခ်ည္းပါ။ စက္ခန္းထဲမွာ သေဘၤာသားေတြ တစ္ျပဳံႀကီးရယ္၊ Super နဲ႔ သူေခၚလာခဲ့တဲ့ 'အ' shore technician ႏွစ္ေယာက္ကို ေတြ႕ရပါတယ္။ အဲဒီ technician ႏွစ္ေယာက္မွာ တစ္ေယာက္က အသက္ ခပ္ႀကီးႀကီး အဘိုးႀကီးပါ။ သူတို႔ ဒီမီးစက္ေတြကို နႈိက္ထား၊ ကလိထားၿပီးပါၿပီ။ သူတို႔ ႀကိဳးစားၿပီး မရေတာ့တဲ့အဆုံးမွ super က တစ္ဆင့္ အကူအညီေတာင္းလာတာပါ။
သူတို႔ေျပာျပပါတယ္။ Voltage နဲ႔ Frequency တူေအာင္ ညႇိထားၿပီးၿပီ။ Auto mode load sharing မွာ kW ညီပါတယ္။ Current က ကြာေနပါတယ္။ Load မ်ားတဲ့အခါ ပိုကြာတယ္ ဆိုပါတယ္။ လက္ရွိ AE #1 က overhaul လုပ္ေနလို႔ ေမာင္းမရပါဘူး။ AE# 2 နဲ႔ AE# 3 တြဲထားပါတယ္။ လက္ရွိ တစ္လုံးကို 250 kW စီေလာက္ ရွိပါတယ္။ current မွာ AE#2 က 100A ေလာက္ပိုေနပါတယ္။
Generator ေတြက Hyundai အမ်ဳိးအစားေတြပါ။ Drawing ဖတ္ၾကည့္လိုက္ေတာ့ သုံးထားတာ CCC မဟုတ္ပဲ Droop compensation နဲ႔ သုံးထားပါတယ္။ ဒါဆိုရင္ Droop ခ်ိန္လိုက္ရင္ ရၿပီလို႔ ေကာက္ခ်က္ခ်လိုက္ပါတယ္။ သုံးထားတဲ့ AVR အမ်ဳိးအစားက 6GA2 490 ႏွစ္ထပ္ AVR အမ်ဳိးအစားပါ။ ဒီ AVR မွာ preset ၃ ခု ပဲ ရွိပါတယ္။ တစ္ခုက Voltage အတြက္။ က်န္တဲ့ ႏွစ္ခုက Gain အတြက္။ Droop ခ်ိန္တာက AVR ေပၚမွာ မရွိဘူး။ R2 ဆိုတဲ့ Potentiometer ႏွစ္ခုတြဲေလးပါ။ Excitation circuit ထဲမွာ ရွိပါတယ္။ ရွာၾကည့္ရမွာပဲ။
AE #2 အေပၚဖုံးဖြင့္ၿပီး တက္ၾကည့္ပါတယ္။ T4, T5 transformer ေတြနဲ႔ AVR ၾကားထဲက ႀကိဳးေတြအတိုင္း ရွာလိုက္ေတာ့ R2 ကို ေတြ႕ပါတယ္။ Pot ႏွစ္လုံးတြဲကို shaft တစ္ခုထဲနဲ႔ ဆက္ထားတာပါ။ စက္ေမာင္းေနတဲ့အခ်ိန္ ဒီေပၚမွာတက္၊ ႀကိဳးေတြၾကားထဲက လက္နႈိက္ၿပီး ညႇိရမွာ သိပ္ေတာ့ မေခ်ာင္လွပါဘူး။ တစ္ျခား ႀကိဳးေတြကို မထိေအာင္ ဂ႐ုစိုက္ရပါလိမ့္မယ္။
တစ္ခု ေတာ္ေသးတာက excitation circuit ဆိုေတာ့ အဲဒီေနရာက voltage သိပ္ မျမင့္လို႔ေပါ့။
အေနအထား သိသြားၿပီဆိုေတာ့ Droop ညႇိတာ စပါေတာ့မယ္။ ဒီေတာ့ အေျခခံ အဆင့္က စပါမယ္။ 
(၁) No load voltage တူေအာင္ ညႇိရပါမယ္။ AE #2 ကို load ျဖဳတ္ခ်လိုက္ၿပီး No load အေနအထားမွာ Volt တိုင္းၾကည့္ပါတယ္။ 442V ရွိပါတယ္။ Operating voltage က 440V ဆိုေတာ့ idle run မွာ ဒီေလာက္က အဆင္ေျပပါတယ္။ 
ဒါနဲ႔ parallel ျပန္ခ်ိတ္။ Load ကို AE #2 ေပၚ ျပန္ေရႊ႕ၿပီး AE #3 ကို off-load ျဖဳတ္ခ်လိုက္ပါတယ္။ AE #3 မွာေတာ့ no load မွာ 445V ျဖစ္ေနတာနဲ႔ 442V ရေအာင္ MSB ေပၚက trimmer pot ေလးနဲ႔ ညႇိလိုက္ပါတယ္။ ဒါဆိုရင္ ပထမအဆင့္ No load voltage ေတာ့ ညီသြားပါၿပီ။
(၂) Droop ကိုညႇိၿပီး current / p.f တူေအာင္ ခ်ိန္ရပါမယ္။ ဒီေတာ့ ႏွစ္လုံး parallel ျပန္တြဲၿပီး Load ကို တင္ႏိုင္သမွ် တင္ခိုင္းလိုက္တာ 300 kW စီေလာက္ ျဖစ္သြားပါတယ္။ သူ႔ full load 700 kW နဲ႔ဆိုရင္ 45% ေလာက္ ရွိပါတယ္။ KW ညီၿပီး stable ျဖစ္တဲ့အခ်ိန္မွာ AE #2 က current 120A ေလာက္ ပိုပါတယ္။
အဲဒီအေနအထားမွာ Radio ယူသြားၿပီး AE #2 အေပၚတက္သြားပါတယ္။ တစ္ေယာက္ကို ECR ထဲမွာ ေစာင့္ၾကည့္ၿပီး radio နဲ႔ ဆက္သြယ္ေျပာေပးခိုင္းပါတယ္။ R2 ထိပ္က Lock nut ကိုလွည့္ ေလွ်ာ့လိုက္ပါတယ္။ ၿပီးမွ shaft ထိပ္က slot ထဲ test pen ေလးထည့္ၿပီး ျဖည္းျဖည္းခ်င္း လွည့္ေပးပါတယ္။ Current ညီသြားမွ lock ျပန္လုပ္ၿပီး အဖုံးပိတ္လိုက္ပါတယ္။ 
MSB မွာ ေစာင့္ၾကည့္ၿပီး load အတင္အခ် လုပ္ၾကည့္ပါတယ္။ အခုေတာ့ Generator ႏွစ္လုံး kW ေရာ Current ေရာ ညီသြားပါၿပီ။ ဘယ္လိုလဲ။ Voltage Droop ညႇိတာ မခက္ပါဘူးေနာ္။ တစ္ျခား AVR အမ်ားစုမွာေတာ့ Droop ညႇိတဲ့ preset က AVR ေပၚမွာပဲရွိလို႔ ပိုလြယ္ပါတယ္။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။

[Unicode]

ဒီအကြောင်းက fault finding တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ droop မချိန်ဖူးဘူးဆိုတဲ့ သူငယ်ချင်းတွေ ဖတ်ရအောင် ရေးပေးလိုက်ပါတယ်။
အင်ဒိုနီးရှား Tanker တစ်စီးမှာ Tank radar ကိစ္စနဲ့ တက်နေတုန်း super က အကူအညီတောင်းလာပါတယ်။ Generator # 2 နဲ့ #3 parallel မောင်းနေတာ kW ညီပြီး current မညီလို့ ကူရှင်းပေးဖို့ ပြောပါတယ်။ ဒီမှာတော့ တစ်ခိုင်လုံးရွှေ မဟုတ်ဘူး။ တစ်စီးလုံး 'အ' တွေချည်းပါ။ စက်ခန်းထဲမှာ သင်္ဘောသားတွေ တစ်ပြုံကြီးရယ်၊ Super နဲ့ သူခေါ်လာခဲ့တဲ့ 'အ' shore technician နှစ်ယောက်ကို တွေ့ရပါတယ်။ အဲဒီ technician နှစ်ယောက်မှာ တစ်ယောက်က အသက် ခပ်ကြီးကြီး အဘိုးကြီးပါ။ သူတို့ ဒီမီးစက်တွေကို နှိုက်ထား၊ ကလိထားပြီးပါပြီ။ သူတို့ ကြိုးစားပြီး မရတော့တဲ့အဆုံးမှ super က တစ်ဆင့် အကူအညီတောင်းလာတာပါ။
သူတို့ပြောပြပါတယ်။ Voltage နဲ့ Frequency တူအောင် ညှိထားပြီးပြီ။ Auto mode load sharing မှာ kW ညီပါတယ်။ Current က ကွာနေပါတယ်။ Load များတဲ့အခါ ပိုကွာတယ် ဆိုပါတယ်။ လက်ရှိ AE #1 က overhaul လုပ်နေလို့ မောင်းမရပါဘူး။ AE# 2 နဲ့ AE# 3 တွဲထားပါတယ်။ လက်ရှိ တစ်လုံးကို 250 kW စီလောက် ရှိပါတယ်။ current မှာ AE#2 က 100A လောက်ပိုနေပါတယ်။
Generator တွေက Hyundai အမျိုးအစားတွေပါ။ Drawing ဖတ်ကြည့်လိုက်တော့ သုံးထားတာ CCC မဟုတ်ပဲ Droop compensation နဲ့ သုံးထားပါတယ်။ ဒါဆိုရင် Droop ချိန်လိုက်ရင် ရပြီလို့ ကောက်ချက်ချလိုက်ပါတယ်။ သုံးထားတဲ့ AVR အမျိုးအစားက 6GA2 490 နှစ်ထပ် AVR အမျိုးအစားပါ။ ဒီ AVR မှာ preset ၃ ခု ပဲ ရှိပါတယ်။ တစ်ခုက Voltage အတွက်။ ကျန်တဲ့ နှစ်ခုက Gain အတွက်။ Droop ချိန်တာက AVR ပေါ်မှာ မရှိဘူး။ R2 ဆိုတဲ့ Potentiometer နှစ်ခုတွဲလေးပါ။ Excitation circuit ထဲမှာ ရှိပါတယ်။ ရှာကြည့်ရမှာပဲ။
AE #2 အပေါ်ဖုံးဖွင့်ပြီး တက်ကြည့်ပါတယ်။ T4, T5 transformer တွေနဲ့ AVR ကြားထဲက ကြိုးတွေအတိုင်း ရှာလိုက်တော့ R2 ကို တွေ့ပါတယ်။ Pot နှစ်လုံးတွဲကို shaft တစ်ခုထဲနဲ့ ဆက်ထားတာပါ။ စက်မောင်းနေတဲ့အချိန် ဒီပေါ်မှာတက်၊ ကြိုးတွေကြားထဲက လက်နှိုက်ပြီး ညှိရမှာ သိပ်တော့ မချောင်လှပါဘူး။ တစ်ခြား ကြိုးတွေကို မထိအောင် ဂရုစိုက်ရပါလိမ့်မယ်။ တစ်ခု တော်သေးတာက excitation circuit ဆိုတော့ အဲဒီနေရာက voltage သိပ် မမြင့်လို့ပေါ့။
အနေအထား သိသွားပြီဆိုတော့ Droop ညှိတာ စပါတော့မယ်။ ဒီတော့ အခြေခံ အဆင့်က စပါမယ်။ 
(၁) No load voltage တူအောင် ညှိရပါမယ်။ AE #2 ကို load ဖြုတ်ချလိုက်ပြီး No load အနေအထားမှာ Volt တိုင်းကြည့်ပါတယ်။ 442V ရှိပါတယ်။ Operating voltage က 440V ဆိုတော့ idle run မှာ ဒီလောက်က အဆင်ပြေပါတယ်။ 
ဒါနဲ့ parallel ပြန်ချိတ်။ Load ကို AE #2 ပေါ် ပြန်ရွှေ့ပြီး AE #3 ကို off-load ဖြုတ်ချလိုက်ပါတယ်။ AE #3 မှာတော့ no load မှာ 445V ဖြစ်နေတာနဲ့ 442V ရအောင် MSB ပေါ်က trimmer pot လေးနဲ့ ညှိလိုက်ပါတယ်။ ဒါဆိုရင် ပထမအဆင့် No load voltage တော့ ညီသွားပါပြီ။
(၂) Droop ကိုညှိပြီး current / p.f တူအောင် ချိန်ရပါမယ်။ ဒီတော့ နှစ်လုံး parallel ပြန်တွဲပြီး Load ကို တင်နိုင်သမျှ တင်ခိုင်းလိုက်တာ 300 kW စီလောက် ဖြစ်သွားပါတယ်။ သူ့ full load 700 kW နဲ့ဆိုရင် 45% လောက် ရှိပါတယ်။ KW ညီပြီး stable ဖြစ်တဲ့အချိန်မှာ AE #2 က current 120A လောက် ပိုပါတယ်။
အဲဒီအနေအထားမှာ Radio ယူသွားပြီး AE #2 အပေါ်တက်သွားပါတယ်။ တစ်ယောက်ကို ECR ထဲမှာ စောင့်ကြည့်ပြီး radio နဲ့ ဆက်သွယ်ပြောပေးခိုင်းပါတယ်။ R2 ထိပ်က Lock nut ကိုလှည့် လျှော့လိုက်ပါတယ်။ ပြီးမှ shaft ထိပ်က slot ထဲ test pen လေးထည့်ပြီး ဖြည်းဖြည်းချင်း လှည့်ပေးပါတယ်။ Current ညီသွားမှ lock ပြန်လုပ်ပြီး အဖုံးပိတ်လိုက်ပါတယ်။ 
MSB မှာ စောင့်ကြည့်ပြီး load အတင်အချ လုပ်ကြည့်ပါတယ်။ အခုတော့ Generator နှစ်လုံး kW ရော Current ရော ညီသွားပါပြီ။ ဘယ်လိုလဲ။ Voltage Droop ညှိတာ မခက်ပါဘူးနော်။ တစ်ခြား AVR အများစုမှာတော့ Droop ညှိတဲ့ preset က AVR ပေါ်မှာပဲရှိလို့ ပိုလွယ်ပါတယ်

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

Saturday 16 March 2019

Main Engine Control (5) - Remote Control CsnnotbTransfer to CCR


တစ္ခါတေလ ျပႆနာက ေသးေသးေလး။ ဒါေပမဲ့ Drawing မျပည့္စုံတဲ့အခါ ေတာ္ေတာ္ေလး ဒုကၡေရာက္ရပါတယ္။ Common sense သုံးၿပီး အေျဖရွာခဲ့ရပါတယ္။ အခုျပႆနာက Bunker Barge တစ္စီးရဲ႕ ME remote control ကို CCR console ဆီ transfer လုပ္မရတာလို႔ ဆိုပါတယ္။
သေဘၤာေပၚေရာက္ေတာ့ အင္ဒို စက္ခ်ဳပ္က ရွင္းျပပါတယ္။ ဒီသေဘၤာမွာ cargo pump ကို Main Engine နဲ႔ ေမာင္းပါတယ္။ Main Engine ႏွစ္လုံး ရဲ႕ေဘးမွာ Local Control Panel တစ္ခုစီရွိပါတယ္။ အခု ME ကို Local မွာ ထားၿပီး ေမာင္းလို႔ရတယ္။ Selector Switch နဲ႔ remote ထားမယ္ဆိုရင္ WH နဲ႔ CCR ႏွစ္ေနရာ ကိုလႊဲႏိုင္ပါတယ္။ ဒါေပမဲ့ အခု WH ကို လႊဲလို႔ ရေပမဲ့ CCR ကိုလႊဲလို႔ မရဘူးေျပာပါတယ္။ လက္ေတြ႕လည္း စမ္းျပပါတယ္။ Port ME ေဘးက Conttol Panel မွာပါ။ Selector ခလုတ္က ေရြးစရာ ၃ ခုရွိပါတယ္။ Local ၊ Cargo Control နဲ႔ WHC ပါ။ အခု Local မွာ ေရြးထားၿပီး Local မီးကလည္း လင္းေနပါတယ္။ WHC ကို ေရြးလိုက္ေတာ့ WHC မီးေလးက မွိတ္တုတ္မွိတ္တုတ္ ျဖစ္ေနပါတယ္။ အခုအခ်ိန္ WH console မွာလည္း မီး မွိတ္တုတ္မွိတ္တုတ္ လင္းၿပီး Buzzer အသံျမည္ေနတယ္ ေျပာပါတယ္။ WH က တစ္ေယာက္က accept လုပ္လိုက္ေတာ့ WHC မီးလုံး ၿငိမ္ၿပီး လင္းသြားပါတယ္။ ေနာက္ Cargo Control ကို ေရြးလိုက္ေတာ့ Cargo Control မီးက မလင္းလာပါဘူး။ CCR က panel မွာလည္း ဘာမွ မလာဘူး ေျပာပါတယ္။ ဒါနဲ႔ Local မွာ ျပန္ထားလိုက္ပါတယ္။ Lamp test ႏွိပ္ၾကည့္ေတာ့လည္း Cargo Control မီးလုံးက ေကာင္းပါတယ္။ ေနာက္ Stbd ဘက္က Panel မွာစမ္းေတာ့လည္း အတူတူပါပဲ။ Port ေရာ Stbd ေရာ ME ႏွစ္ဘက္လုံးမွာ မရတာဆိုေတာ့ စဥ္းစားစရာပါ။
ဒါနဲ႔ Drawing ေတာင္းေတာ့ one line drawing ေလး တစ္ခု ယူလာပါတယ္။ ဒါပဲ ရွိတယ္တဲ့။ အဲဒီ Dwg ကို အျပန္ျပန္အလွန္လွန္ၾကည့္ၿပီး ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားၾကည့္ပါတယ္။ One line ဆိုေတာ့လည္း အေသးစိတ္ဘာမွမပါ။ ဘယ္ အခန္း ဘယ္ panel ကေန ဘယ္ panel အထိ ႀကိဳးဘယ္ႏွစ္ေခ်ာင္း ေျပးထားတယ္ဆိုတာပဲ ပါတယ္။
CCR ကိုသြား console အဖုံးလွႏ္ုၿပီး ႀကိဳးေတြ ဘယ္ကိုသြားတယ္ ဘာ ပစၥည္းေတြနဲ႔ ဆက္ထားတယ္ဆိုတာ လိုက္ၾကည့္ပါတယ္။ ဒါေပမဲ့ drawing မရွိလို႔ အေသးစိတ္ေတာ့ မသိရပါဘူး။ ႀကိဳးေတြလည္း Cable trunking ထဲမွာ ေရာေထြးကုန္ေတာ့ အၾကမ္းဖ်င္းပဲ သိႏိုင္ပါတယ္။ ျပႆနာျဖစ္တဲ့ Control ႏွစ္ခုလုံး ဒီအခန္းကို လႊဲမရဘူးဆိုေတာ့ root cause က ဒီအခန္းထဲကပဲ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။ ဒါနဲ႔ Power supply ေတြ၊ breaker ေတြ fuse ေတြ လိုက္ၾကည့္ တိုင္းၾကည့္ေပမဲ့ အကုန္ ေကာင္းေနပါတယ္။ mini panel ေလးေပၚက ER - CCC selector ေလးကို လွည့္ၾကည့္ေတာ့လည္း ဘာ response မွ မရွိပါဘူး။ တစ္ကယ္ဆိုရင္ ER ဘက္က စၿပီး မေရႊ႕ပဲ ဒီ selector ကို လွည့္မိရင္ buzzer ျမည္ပါတယ္။ အခုေတာ့ အလုပ္ မလုပ္ဘူး ျဖစ္ေနပါတယ္။

အဲလို ေလွ်ာက္ၾကည့္ရင္း ေအာက္ဘက္မွာ PLC ေလး ႏွစ္ခုကို သတိထားမိလိုက္ပါတယ္။ အဲဒီ PLC ႏွစ္လုံးစလုံးမွာ ဘာမီးမွ မလင္းပါဘူး။ ဒီႏွစ္ခုနဲ႔မ်ား ဆိုင္သလား၊ ဒီ PLC ေတြက တစ္ျခား system ေတြအတြက္လား မသိပါဘူး။ တစ္ခု နႈိင္းယွဥ္ၾကည့္လို႔ရတာက Wheelhouse ေပၚက console ပါ။ အဲဒီ စိတ္ကူးေလးရတာနဲ႔ bridge ကို တက္သြားၿပီး console ကို လွန္ရွာၾကည့္တဲ့အခါ PLC တစ္ခု ေတြ႕ပါတယ္။ အဲဒီ PLC ကေတာ့ run ေနပါတယ္။ IO အဝင္ LED မီးေလးေတြလည္း လင္းေနပါတယ္။ အဲဒီ PLC နဲ႔ remote control ဆက္စပ္ေနသလား သိခ်င္ေနတာနဲ႔ control transfer selector switch ေလးကို လွည့္ၾကည့္ေတာ့ PLC ရဲ႕ IO မီးတစ္ခု လင္းလာတာေတြ႕ရပါတယ္။ ျပန္လွည့္လိုက္ေတာ့ ျပန္ၿငိမ္းသြားတယ္။ ဒါဆိုရင္ေတာ့ ဒီ PLC ေတြက remote control နဲ႔ ဆက္သြယ္ေနၿပီဆိုတာ ေသခ်ာသြားပါတယ္။
ဒါနဲ႔ CCR ကို ျပန္ဆင္း ေစာေစာက PLC ႏွစ္လုံး ဘာလို႔ black out ျဖစ္ေနတာလဲ စစ္ပါတယ္။ အဝင္ power ႀကိဳး ႏွစ္ေခ်ာင္းကို တိုင္းၾကည့္ေတာ့ 24V DC ရွိေနပါတယ္။ အိုး ဒုကၡပါဘဲ။ စိတ္ထဲမွာ ေမွ်ာ္လင့္ထားတာက အဝင္ power တစ္ခုခု ျပတ္သြားႏိုင္တာမို႔ power အပိုင္း ေျဖရွင္းေပးႏိုင္ရင္ အဆင္ေျပၿပီေပါ့လို႔။ အခုေတာ့ power ရွိေနရက္နဲ႔ PLC က dead ျဖစ္ေနတာဆိုေတာ့ PLC မ်ား ႂကြသြားၿပီလား စိတ္ပူသြားပါတယ္။ ဘယ္လို recover ျဖစ္ေအာင္ လုပ္ရမလဲ။ ေလာေလာဆယ္ hard reset လုပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ၿပီး powrer ႀကိဳး တစ္စကို ျဖဳတ္လိုက္ပါတယ္။ ခဏေနေတာ့ ျပန္တပ္ၾကည့္လိုက္ပါတယ္။ PLC initialize ၿပီး run ျဖစ္သြားပါတယ္။ ER - CCC selector ေလးကို လွည့္ၾကည့္ေတာ့ buzzer ျမည္သြားပါၿပီ။ ဒါဆို အဆင္ေျပသြားၿပီလို႔ ထင္ပါတယ္။

က်န္တဲ့ PLC တစ္လုံးကိုလည္း hard reset လုပ္ေပးေတာ့ run သြားပါတယ္။ ER မွာ သြားၿပီး စမ္းၾကည့္ေတာ့ အားလုံး အဆင္ေျပသြားပါေတာ့တယ္။ သိသြားေတာ့လည္း လြယ္လြယ္ေလး  မဟုတ္လား။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။

[Unicode]

တစ်ခါတလေ ပြဿနာက သေးသေးလေး။ ဒါပေမဲ့ Drawing မပြည့်စုံတဲ့အခါ တော်တော်လေး ဒုက္ခရောက်ရပါတယ်။ Common sense သုံးပြီး အဖြေရှာခဲ့ရပါတယ်။ အခုပြဿနာက Bunker Barge တစ်စီးရဲ့ ME remote control ကို CCR console ဆီ transfer လုပ်မရတာလို့ ဆိုပါတယ်။
သင်္ဘောပေါ်ရောက်တော့ အင်ဒို စက်ချုပ်က ရှင်းပြပါတယ်။ ဒီသင်္ဘောမှာ cargo pump ကို Main Engine နဲ့ မောင်းပါတယ်။ Main Engine နှစ်လုံး ရဲ့ဘေးမှာ Local Control Panel တစ်ခုစီရှိပါတယ်။ အခု ME ကို Local မှာ ထားပြီး မောင်းလို့ရတယ်။ Selector Switch နဲ့ remote ထားမယ်ဆိုရင် WH နဲ့ CCR နှစ်နေရာ ကိုလွှဲနိုင်ပါတယ်။ ဒါပေမဲ့ အခု WH ကို လွှဲလို့ ရပေမဲ့ CCR ကိုလွှဲလို့ မရဘူးပြောပါတယ်။ လက်တွေ့လည်း စမ်းပြပါတယ်။ Port ME ဘေးက Conttol Panel မှာပါ။ Selector ခလုတ်က ရွေးစရာ ၃ ခုရှိပါတယ်။ Local ၊ Cargo Control နဲ့ WHC ပါ။ အခု Local မှာ ရွေးထားပြီး Local မီးကလည်း လင်းနေပါတယ်။ WHC ကို ရွေးလိုက်တော့ WHC မီးလေးက မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါတယ်။ အခုအချိန် WH console မှာလည်း မီး မှိတ်တုတ်မှိတ်တုတ် လင်းပြီး Buzzer အသံမြည်နေတယ် ပြောပါတယ်။ WH က တစ်ယောက်က accept လုပ်လိုက်တော့ WHC မီးလုံး ငြိမ်ပြီး လင်းသွားပါတယ်။ နောက် Cargo Control ကို ရွေးလိုက်တော့ Cargo Control မီးက မလင်းလာပါဘူး။ CCR က panel မှာလည်း ဘာမှ မလာဘူး ပြောပါတယ်။ ဒါနဲ့ Local မှာ ပြန်ထားလိုက်ပါတယ်။ Lamp test နှိပ်ကြည့်တော့လည်း Cargo Control မီးလုံးက ကောင်းပါတယ်။ နောက် Stbd ဘက်က Panel မှာစမ်းတော့လည်း အတူတူပါပဲ။ Port ရော Stbd ရော ME နှစ်ဘက်လုံးမှာ မရတာဆိုတော့ စဉ်းစားစရာပါ။
ဒါနဲ့ Drawing တောင်းတော့ one line drawing လေး တစ်ခု ယူလာပါတယ်။ ဒါပဲ ရှိတယ်တဲ့။ အဲဒီ Dwg ကို အပြန်ပြန်အလှန်လှန်ကြည့်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်ပါတယ်။ One line ဆိုတော့လည်း အသေးစိတ်ဘာမှမပါ။ ဘယ် အခန်း ဘယ် panel ကနေ ဘယ် panel အထိ ကြိုးဘယ်နှစ်ချောင်း ပြေးထားတယ်ဆိုတာပဲ ပါတယ်။
CCR ကိုသွား console အဖုံးလှန်ုပြီး ကြိုးတွေ ဘယ်ကိုသွားတယ် ဘာ ပစ္စည်းတွေနဲ့ ဆက်ထားတယ်ဆိုတာ လိုက်ကြည့်ပါတယ်။ ဒါပေမဲ့ drawing မရှိလို့ အသေးစိတ်တော့ မသိရပါဘူး။ ကြိုးတွေလည်း Cable trunking ထဲမှာ ရောထွေးကုန်တော့ အကြမ်းဖျင်းပဲ သိနိုင်ပါတယ်။ ပြဿနာဖြစ်တဲ့ Control နှစ်ခုလုံး ဒီအခန်းကို လွှဲမရဘူးဆိုတော့ root cause က ဒီအခန်းထဲကပဲ ဖြစ်နိုင်ချေများပါတယ်။ ဒါနဲ့ Power supply တွေ၊ breaker တွေ fuse တွေ လိုက်ကြည့် တိုင်းကြည့်ပေမဲ့ အကုန် ကောင်းနေပါတယ်။ mini panel လေးပေါ်က ER - CCC selector လေးကို လှည့်ကြည့်တော့လည်း ဘာ response မှ မရှိပါဘူး။ တစ်ကယ်ဆိုရင် ER ဘက်က စပြီး မရွှေ့ပဲ ဒီ selector ကို လှည့်မိရင် buzzer မြည်ပါတယ်။ အခုတော့ အလုပ် မလုပ်ဘူး ဖြစ်နေပါတယ်။
အဲလို လျှောက်ကြည့်ရင်း အောက်ဘက်မှာ PLC လေး နှစ်ခုကို သတိထားမိလိုက်ပါတယ်။ အဲဒီ PLC နှစ်လုံးစလုံးမှာ ဘာမီးမှ မလင်းပါဘူး။ ဒီနှစ်ခုနဲ့များ ဆိုင်သလား၊ ဒီ PLC တွေက တစ်ခြား system တွေအတွက်လား မသိပါဘူး။ တစ်ခု နှိုင်းယှဉ်ကြည့်လို့ရတာက Wheelhouse ပေါ်က console ပါ။ အဲဒီ စိတ်ကူးလေးရတာနဲ့ bridge ကို တက်သွားပြီး console ကို လှန်ရှာကြည့်တဲ့အခါ PLC တစ်ခု တွေ့ပါတယ်။ အဲဒီ PLC ကတော့ run နေပါတယ်။ IO အဝင် LED မီးလေးတွေလည်း လင်းနေပါတယ်။ အဲဒီ PLC နဲ့ remote control ဆက်စပ်နေသလား သိချင်နေတာနဲ့ control transfer selector switch လေးကို လှည့်ကြည့်တော့ PLC ရဲ့ IO မီးတစ်ခု လင်းလာတာတွေ့ရပါတယ်။ ပြန်လှည့်လိုက်တော့ ပြန်ငြိမ်းသွားတယ်။ ဒါဆိုရင်တော့ ဒီ PLC တွေက remote control နဲ့ ဆက်သွယ်နေပြီဆိုတာ သေချာသွားပါတယ်။
ဒါနဲ့ CCR ကို ပြန်ဆင်း စောစောက PLC နှစ်လုံး ဘာလို့ black out ဖြစ်နေတာလဲ စစ်ပါတယ်။ အဝင် power ကြိုး နှစ်ချောင်းကို တိုင်းကြည့်တော့ 24V DC ရှိနေပါတယ်။ အိုး ဒုက္ခပါဘဲ။ စိတ်ထဲမှာ မျှော်လင့်ထားတာက အဝင် power တစ်ခုခု ပြတ်သွားနိုင်တာမို့ power အပိုင်း ဖြေရှင်းပေးနိုင်ရင် အဆင်ပြေပြီပေါ့လို့။ အခုတော့ power ရှိနေရက်နဲ့ PLC က dead ဖြစ်နေတာဆိုတော့ PLC များ ကြွသွားပြီလား စိတ်ပူသွားပါတယ်။ ဘယ်လို recover ဖြစ်အောင် လုပ်ရမလဲ။ လောလောဆယ် hard reset လုပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပြီး powrer ကြိုး တစ်စကို ဖြုတ်လိုက်ပါတယ်။ ခဏနေတော့ ပြန်တပ်ကြည့်လိုက်ပါတယ်။ PLC initialize ပြီး run ဖြစ်သွားပါတယ်။ ER - CCC selector လေးကို လှည့်ကြည့်တော့ buzzer မြည်သွားပါပြီ။ ဒါဆို အဆင်ပြေသွားပြီလို့ ထင်ပါတယ်။ ကျန်တဲ့ PLC တစ်လုံးကိုလည်း hard reset လုပ်ပေးတော့ run သွားပါတယ်။ ER မှာ သွားပြီး စမ်းကြည့်တော့ အားလုံး အဆင်ပြေသွားပါတော့တယ်။ သိသွားတော့လည်း လွယ်လွယ်လေး  မဟုတ်လား။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

Tuesday 12 March 2019

Generator (21) - KW hunting


ကၽြန္ေတာ္တို႔ေတြ ျပႆနာတစ္ခုကို စဥ္းစားတဲ့ ေနရာမွာ ဘာမွ ႀကိဳထင္မထားပဲ အရွိအတိုင္း အရင္စဥ္းစားသင့္ပါတယ္။ ကိုယ့္ထင္ျမင္ခ်င္ကို ေရွ႕ကတင္ၿပီး အေရာင္ခ်ယ္ စဥ္းစားရင္ လက္ေတြ႕ရလဒ္မွာ လြဲေခ်ာ္တာနဲ႔ ၾကဳံရတဲ့အခါ အမွန္နဲ႔ ပိုေဝးတဲ့ အေနအထား ေရာက္ရတဲ့ အေတြ႕အၾကဳံေလးတစ္ခုပါ။
Bulk Carrier တစ္စီးမွာပါ။ Generator ေတြ parallel ေမာင္းတဲ့အခါ KW hunting ျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ုံးကတစ္ဆင့္ သိရတာကေတာ့ Generator ၃ လုံးရွိပါတယ္။ Taiyo အမ်ဳိးအစားေတြပါ။ မူလက Original Digital AVR ပါ။ အဲဒီထဲက ႏွစ္လုံးကို compatible ျဖစ္တဲ့ အမ်ဳိးအစား AVR နဲ႔ လဲထားတယ္ ေျပာပါတယ္။ တစ္လုံးခ်င္း ေမာင္းတဲ့အခါ ျပႆနာ မရွိေပမဲ့ parallel ေမာင္းရင္ KW မီတာက hunting ျဖစ္ေနတယ္ဆိုပါတယ္။
ဒါနဲ႔ ႐ုံးက လိုလိုမယ္မယ္ မူရင္း Digital AVR တစ္ခု ထည့္ေပးလိုက္ပါတယ္။ Super ကလည္း တစ္ပတ္ရစ္ Original Digital AVR တစ္လုံး ယူလာခဲ့ မယ္ဆိုပါတယ္။ 
သေဘၤာေပၚေရာက္ေတာ့ စက္ခ်ဳပ္နဲ႔ စက္-၂ က ဂရိေတြပါ။ Super ကလည္း ဂရိပါပဲ။ သေဘၤာက တ႐ုတ္ကို ေရာင္းထားၿပီးၿပီမို႔ တ႐ုတ္စက္ခ်ဳပ္နဲ႔ ဖားဓာတ္ႀကိဳး အသစ္ကို လႊဲေပးဖို႔ လုပ္ေနတာ ေတြ႕ရပါတယ္။ စက္-၂ ကပဲ ဦးေဆာင္ၿပီး အက်ဳိးအေၾကာင္း ရွင္းျပပါတယ္။ AE 1 နဲ႔ AE 3 က compatible အစားထိုး Analog AVR ေတြပါ။ AE 2 က မူရင္း Digital AVR ပါ။ ေလာေလာဆယ္ AE2 ေမာင္းထားပါတယ္။ Load 300KW ေလာက္မွာ Voltage ေရာ Frequency ပါ ၿငိမ္ေနပါတယ္။ KW မီတာကလည္း ၿငိမ္ပါတယ္။ AE1 ကို ေမာင္းၿပီး idle အေျခအေနမွာ Volt နဲ႔ Frequency တိုင္းၾကည့္ေတာ့ 442V နဲ႔ 60Hz ျဖစ္ၿပီး ၿငိမ္ပါတယ္။
ဒါနဲ႔ AE1 နဲ႔ AE2 ကို parallel ေမာင္းၾကည့္တာ အဆင္ေျပပါတယ္။ Load ေတြကို တင္ၾကည့္တာ တစ္လုံးစီမွာ 250 KW ေလာက္ ေရာက္ေပမဲ့ ဘာျပႆနာမွ မရွိပါဘူး။ ေကာင္းေနပါတယ္။ ဒါေပမဲ့ AE2 ရဲ႕ current က သိသိသာသာမ်ားေနပါတယ္။ အခုအေျခအေနမွာ 120A ေလာက္ ပိုမ်ားေနပါတယ္။ ဒါကေနာက္မွ ရွင္းတာေပါ့လို႔ ေျပာလိုက္တယ္။ 
ေနာက္ထပ္ AE3 ကို ေမာင္းပါတယ္။ သူလည္း တစ္လုံးထဲ idle ေမာင္းတဲ့ အခ်ိန္ V ေရာ Hz ပါ ၿငိမ္ပါတယ္။ ဒါနဲ႔ AE2 နဲ႔ AE3 ခ်ိတ္စမ္းတဲ့အခါမွာလည္း ျပႆနာ မရွိပဲ ေကာင္းေနပါတယ္။ ဒါနဲ႔ AE1 နဲ႔ AE3 ခ်ိတ္တဲ့ အခ်ိန္ KW မီတာရဲ႕ လက္တံက hunting ျဖစ္ၿပီး ခါရမ္းေနပါတယ္။ Load နည္းတဲ့အခ်ိန္ တစ္လုံး 150KW စီေလာက္အထိ ၿငိမ္ပါတယ္။ အဲဒါထက္ ပိုမွ ရမ္းတာပါ။ ရမ္းတဲ့ နႈံးက ေတာ္ေတာ္ေလး ျမန္ပါတယ္။ သတိထားမိတာက Current Ameter ကလည္း လိုက္ရမ္းေနတာကိုပါ။ ဒါနဲ႔ တစ္လုံးထဲ ေမာင္းဖို႔ ေျပာလိုက္ရပါတယ္။ တစ္လုံးထဲဆိုရင္ ဘယ္စက္ျဖစ္ျဖစ္ ၿငိမ္ေနတာပါပဲ။ ေနာက္တစ္ခ်က္က 1-2 နဲ႔ 2-3 ေကာင္းၿပီး 1-3 မွ မေကာင္းတာဆိုေတာ့ ဘုံမေကာင္းတဲ့ တစ္လုံးရယ္လို႔ ခြဲထုတ္လို႔ မရပါဘူး။
အဲဒီေတာ့ စဥ္းစားရပါၿပီ။ ပထမဆုံး ကၽြန္ေတာ္ေတြးမိတာက Load sharing ရဲ႕ သဘာဝပါ။ ကၽြန္ေတာ္ကိုယ္တိုင္ တစ္ဖြဖြ ရွင္းျပခဲ့တာေတြ ေခါင္းထဲ ေရာက္လာပါတယ္။ 

(1) Active load sharing ဆိုတာ KW ကို ခြဲယူတာ။ တစ္လုံးစီက ထုတ္တဲ့ Frequency မတူရင္ KW မတူပါဘူး။ 
(2) Reactive load sharing ဆိုတာက KVAR ခြဲယူတာပါ။ တစ္လုံးစီက ထုတ္တဲ့ Voltage မတူရင္ KVAR မတူပါ။ p.f နဲ႔ current လည္း မတူပါဘူး။

အခု ျမင္ေနရတာက KW hunting ျဖစ္ေနတယ္ဆိုေတာ့ တစ္ကယ္လို႔ တစ္လုံးလုံးက Freq hunting ျဖစ္ခဲ့ရင္ ဒါျဖစ္ႏိုင္ပါတယ္။ တစ္လုံးခ်င္း ေမာင္းတဲ့အခါ မရမ္းပဲ parallel မွ ရမ္းတယ္ဆိုတာကလည္း ထူးျခားခ်က္ပါ။ ဒါေပမဲ့ ကၽြန္ေတာ့ ေခါင္းထဲမွာ Active load (KW) နဲ႔ ဆက္စပ္ေနတဲ့ Frequency ဆိုတာႀကီးက ေနရာယူေနေတာ့ Governor ေတြရဲ႕ အေနအထား၊ Linkage ေရာက္တဲ့ ေနရာ၊ ဘာေတြ ထူးျခားေနတယ္ဆိုတာ စက္တစ္ခုနဲ႔ တစ္ခု နႈိင္းယွဥ္ၾကည့္ပါတယ္။ ဘာမွ ထူးျခားတာ မေတြ႕ရပါဘူး။ တစ္လုံးစီ ၿငိမ္ေပမဲ့ ႏွစ္လုံး အၿပိဳင္ေမာင္းတဲ့အခ်ိန္ Load ဆြဲအားေၾကာင့္ စက္ရဲ႕ တုန္႔ျပန္တဲ့နႈံး မတူရင္လည္း ျဖစ္ႏိုင္ပါတယ္။ Governor ရဲ႕ droop setting ေတြမ်ား မတူလို႔လား။ စဥ္းစားမိျပန္ပါတယ္။ Mechanical governor ျဖစ္တဲ့အတြက္ ကၽြန္ေတာ္ ကၽြမ္းက်င္တဲ့အပိုင္း မဟုတ္ပါဘူး။
 
ဒါနဲ႔ ႐ုံးက အစ္ကိုတစ္ေယာက္နဲ႔ ဖုန္းေျပာၿပီး တိုင္ပင္ၾကည့္ပါတယ္။ အဲဒီအစ္ကိုကပဲ အခု စက္ေတြမွာ ထူးျခားတာဆိုလို႔ ထည့္ထားတဲ့ AVR အမ်ဳိးအစားမတူတာပဲ ရွိတယ္။ ဒီေတာ့ ကၽြန္ေတာ္တို႔ယူလာတဲ့ AVR ရယ္၊ super ယူလာတဲ့ AVR ရယ္ original ႏွစ္ခု ေျပာင္းထည့္ စမ္းၾကည့္ပါလားလို႔ အၾကံေပးပါတယ္။ အဲလိုလုပ္ၾကည့္လိုက္လို႔ မရေတာ့မွ Governor ညိႇတဲ့အပိုင္း အၾကံးေပးဖို႔ ေျပာပါတယ္။ 
ဒီ အစီအစဥ္ကို စက္ခ်ဳပ္ကို ေျပာျပေတာ့ Super ရဲ႕ သေဘာတူညီခ်က္ယူရပါတယ္။ Super က သူယူလာတဲ့ AVR ကိုပဲ အရင္လဲၾကည့္ေစခ်င္ပါတယ္။ ဒါနဲ႔ AE3 ကို Super ယူလာတဲ့ Digital AVR နဲ႔ လဲတပ္လိုက္ပါတယ္။ ၿပီးတာနဲ႔ စမ္းၾကည့္လိုက္ေတာ့ အဆင္ေျပပါတယ္။ AE1 နဲ႔ AE3 ကို parallel ေမာင္းၿပီး Load 300KW နီးပါးစီအထိ တင္ၾကည့္တာ ၿငိမ္ေနပါတယ္။ KW လည္းမလႈပ္ Current လည္း မရမ္းေတာ့ပါဘူး။
ဒီေတာ့မွ ျပန္ၿပီး ေတြးယူရပါတယ္။ ဒီ Panel မွာ KW မီတာနဲ႔ Current Ameter ေတြ ရွိေပမဲ့ KVAR မီတာေတာ့ မရွိပါဘူး။ ဒီေတာ့ AVR performance မတူလို႔  တစ္လုံးစီရဲ႕ V output မတူခဲ့ရင္ KVAR ေျပာင္းေနမွာပါ။ အဲဒါဆိုရင္ Current ေျပာင္းေနမွာပါ။ KW မီတာ ဆိုတာ V နဲ႔ I ႏွစ္ခု ေပါင္းၿပီး ျပတဲ့ device ဆိုေတာ့ I လႈပ္တဲ့အတြက္ KW မီတာ ကလည္း လႈပ္ေနတာ ျဖစ္မယ္ထင္ပါတယ္။ အဲဒါကို ကၽြန္ေတာ့္ အေတြးက ပိတ္မိသြားၿပီး စက္ဘက္မွာ သြား အာ႐ုံေရာက္သြားခဲ့မိတာပါ။
အခု Orginal Digital AVR က အတိုင္းအတာ တစ္ခုအထိ tolerance လက္ခံႏိုင္တယ္ ထင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံး original AVR တစ္ခုနဲ႔ အစားထိုး AVR ဆိုရင္ ၿငိမ္တာျဖစ္ပါမယ္။ Compatible AVR ႏွစ္လုံးဆိုရင္ေတာ့ အတိမ္းအေစာင္း မခံပဲ load ဆြဲတဲ့အခါ ရမ္းေနတာ ျဖစ္ပါမယ္။

ထားပါေတာ့။ ေနာက္ ျပႆနာတစ္ခု က်န္ပါေသးတယ္။ အဲဒါက current မညီတာပါ။ အဲဒါညႇိဖို႔ လုပ္ပါတယ္။ အစဆုံး AE ၃ လုံးစလုံးရဲ႕ no load Voltage ေတြ ညီေအာင္ ညႇိပါတယ္။ ၿပီးတာနဲ႔ AE1 နဲ႔ AE2 ကို ခ်ိတ္လိုက္ၿပီး KW ညီတဲ့အထိ ေစာင့္လိုက္ပါတယ္။ 200KW ေလာက္စီ ညီသြားတဲ့အခါ AE1 က current 100A ေလာက္ နည္းေနပါတယ္။ လက္ရွိ AE1 က Analog AVR ျဖစ္ၿပီး AE2 က digital AVR ပါ။ ေနာက္ၿပီး ေစာေစာက ၃ လုံးၿပိဳင္ခ်ိတ္တုန္းမွာ AE2 နဲ႔ AE3 ရဲ႕ current က သိပ္မကြာပါဘူး။ ဒါေၾကာင့္ ညႇိမယ္ဆိုရင္ AE1 ရဲ႕ droop ကို ကစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီသေဘၤာမွာ AVR ေတြကို MSB မွာ ထားေတာ့ လုပ္ရတာ ပိုလြယ္ပါတယ္။ Current ကို ၾကည့္ထားၿပီး AE1 AVR ေပၚက droop preset ေလးကို တစ္ျဖည္းျဖည္းခ်င္း လွည့္ပါတယ္။ ဒါေပမဲ့ ဆုံးသြားတဲ့ အထိ current က မေျပာင္းပါဘူး။ ေနာက္တစ္ခါ ေျပာင္းျပန္ လွည့္တာလည္း ေနာက္ တစ္ဘက္ အဆုံးသာ ေရာက္သြားတယ္ မေျပာင္းပါဘူး။
ဘာျဖစ္တာပါလိမ့္ဆိုတာ စဥ္းစားရင္း AVR ေပၚမွာ ေလွ်ာက္ၾကည့္ေတာ့ droop CT က လာတဲ့ L2, K2 terminal ႏွစ္ခုမွာ တပ္ထားတဲ့ ႀကိဳးေတြကို သတိထားမိပါတယ္။ terminal တစ္ခုမွာ ႀကိဳးႏွစ္စစီဝင္ေနပါတယ္။ ဒါဆို looping လုပ္ထားတာေပါ့။ CT ကလာတဲ့ ႀကိဳးကို looping လုပ္ၿပီး တစ္ေနရာသြားတယ္ဆိုေတာ့ စိတ္ထဲမွာ တစ္ခု သတိရသြားပါတယ္။ ဒါ CCC မ်ားလားလို႔။ 
ကၽြန္ေတာ္တို႔ generator ႏွစ္လုံးရဲ႕ reactive load ညီမွ်ေအာင္ ညႇိေပးတဲ့ နည္း ႏွစ္ခုရွိပါတယ္။ 
(1) Reactive Droop Compensation နည္းနဲ႔
(2) Cross Current Compensation (CCC) နည္းပါ။
အခု ဒီနည္းက CCC နည္း ျဖစ္ဖို႔ မ်ားပါတယ္။ CCC ဆိုရင္ CT ကေန AVR ကို current feedback ျပန္ေပးေနတဲ့ အခ်ိန္မွာ သူနဲ႔ အၿပိဳင္ တစ္ျခားစက္ရဲ႕ AVR ကို terminal ေျပာင္းျပန္ဆက္ၿပီး negative feedback ျပန္ေပးတဲ့ နည္းပါ။
ေသခ်ာေအာင္ ႀကိဳးေတြလိုက္ၾကည့္ေတာ့ AE1 ရဲ႕ L2 ႀကိဳးက AE2 ရဲ႕ K2 မွာ ဝင္ထားပါတယ္။ AE2 ရဲ႕ L2 က AE3 ရဲ႕ K2 ၊ AE3 ရဲ႕ L2 က AE1 ရဲ႕ K2 မွာ အျပန္အလွန္ ဆက္ထားတာ ေတြ႕ရပါတယ္။ ဒါဆို CCC ေသခ်ာၿပီေပါ့။ CCC နည္းဆိုရင္ Droop က သက္ေရာက္မႈ မရွိပါဘူး။ ဒါေၾကာင့္ ေစာေစာက droop လွည့္တဲ့အခါ current လိုက္မေျပာင္းတာပါ။ 
CCC နည္းမွာ ကၽြန္ေတာ္တို႔ ညႇိေပးစရာ မရွိေတာ့ပါဘူး။ AVR မ်ဳိးတူေတြပဲ သုံးသင့္ပါတယ္။ မတူလို႔ respond ကြာသြားတာနဲ႔ current ကြာသြားမွာပါ။
အဲဒီအေၾကာင္း စက္ခ်ဳပ္နဲ႔ super ကို ရွင္းျပရပါတယ္။ သူတို႔ သေဘာတူရင္ AE1 ကို ကၽြန္ေတာ္တို႔ AVR လဲထည့္ေပးမယ္ေျပာပါတယ္။ ဒါေပမဲ့ ႐ုံးကေျပာတဲ့ ေစ်းကို ညႇိလို႔ မရတာနဲ႔ မလဲပဲ ျပန္ဆင္းခဲ့ပါတယ္။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။


[Unicode]


ကျွန်တော်တို့တွေ ပြဿနာတစ်ခုကို စဉ်းစားတဲ့ နေရာမှာ ဘာမှ ကြိုထင်မထားပဲ အရှိအတိုင်း အရင်စဉ်းစားသင့်ပါတယ်။ ကိုယ့်ထင်မြင်ချင်ကို ရှေ့ကတင်ပြီး အရောင်ချယ် စဉ်းစားရင် လက်တွေ့ရလဒ်မှာ လွဲချော်တာနဲ့ ကြုံရတဲ့အခါ အမှန်နဲ့ ပိုဝေးတဲ့ အနေအထား ရောက်ရတဲ့ အတွေ့အကြုံလေးတစ်ခုပါ။
Bulk Carrier တစ်စီးမှာပါ။ Generator တွေ parallel မောင်းတဲ့အခါ KW hunting ဖြစ်တယ်လို့ ဆိုပါတယ်။ ရုံးကတစ်ဆင့် သိရတာကတော့ Generator ၃ လုံးရှိပါတယ်။ Taiyo အမျိုးအစားတွေပါ။ မူလက Original Digital AVR ပါ။ အဲဒီထဲက နှစ်လုံးကို compatible ဖြစ်တဲ့ အမျိုးအစား AVR နဲ့ လဲထားတယ် ပြောပါတယ်။ တစ်လုံးချင်း မောင်းတဲ့အခါ ပြဿနာ မရှိပေမဲ့ parallel မောင်းရင် KW မီတာက hunting ဖြစ်နေတယ်ဆိုပါတယ်။ 
ဒါနဲ့ ရုံးက လိုလိုမယ်မယ် မူရင်း Digital AVR တစ်ခု ထည့်ပေးလိုက်ပါတယ်။ Super ကလည်း တစ်ပတ်ရစ် Original Digital AVR တစ်လုံး ယူလာခဲ့ မယ်ဆိုပါတယ်။ 
သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ စက်-၂ က ဂရိတွေပါ။ Super ကလည်း ဂရိပါပဲ။ သင်္ဘောက တရုတ်ကို ရောင်းထားပြီးပြီမို့ တရုတ်စက်ချုပ်နဲ့ ဖားဓာတ်ကြိုး အသစ်ကို လွှဲပေးဖို့ လုပ်နေတာ တွေ့ရပါတယ်။ စက်-၂ ကပဲ ဦးဆောင်ပြီး အကျိုးအကြောင်း ရှင်းပြပါတယ်။ AE 1 နဲ့ AE 3 က compatible အစားထိုး Analog AVR တွေပါ။ AE 2 က မူရင်း Digital AVR ပါ။ လောလောဆယ် AE2 မောင်းထားပါတယ်။ Load 300KW လောက်မှာ Voltage ရော Frequency ပါ ငြိမ်နေပါတယ်။ KW မီတာကလည်း ငြိမ်ပါတယ်။ AE1 ကို မောင်းပြီး idle အခြေအနေမှာ Volt နဲ့ Frequency တိုင်းကြည့်တော့ 442V နဲ့ 60Hz ဖြစ်ပြီး ငြိမ်ပါတယ်။
ဒါနဲ့ AE1 နဲ့ AE2 ကို parallel မောင်းကြည့်တာ အဆင်ပြေပါတယ်။ Load တွေကို တင်ကြည့်တာ တစ်လုံးစီမှာ 250 KW လောက် ရောက်ပေမဲ့ ဘာပြဿနာမှ မရှိပါဘူး။ ကောင်းနေပါတယ်။ ဒါပေမဲ့ AE2 ရဲ့ current က သိသိသာသာများနေပါတယ်။ အခုအခြေအနေမှာ 120A လောက် ပိုများနေပါတယ်။ ဒါကနောက်မှ ရှင်းတာပေါ့လို့ ပြောလိုက်တယ်။ 
နောက်ထပ် AE3 ကို မောင်းပါတယ်။ သူလည်း တစ်လုံးထဲ idle မောင်းတဲ့ အချိန် V ရော Hz ပါ ငြိမ်ပါတယ်။ ဒါနဲ့ AE2 နဲ့ AE3 ချိတ်စမ်းတဲ့အခါမှာလည်း ပြဿနာ မရှိပဲ ကောင်းနေပါတယ်။ ဒါနဲ့ AE1 နဲ့ AE3 ချိတ်တဲ့ အချိန် KW မီတာရဲ့ လက်တံက hunting ဖြစ်ပြီး ခါရမ်းနေပါတယ်။ Load နည်းတဲ့အချိန် တစ်လုံး 150KW စီလောက်အထိ ငြိမ်ပါတယ်။ အဲဒါထက် ပိုမှ ရမ်းတာပါ။ ရမ်းတဲ့ နှုံးက တော်တော်လေး မြန်ပါတယ်။ သတိထားမိတာက Current Ameter ကလည်း လိုက်ရမ်းနေတာကိုပါ။ ဒါနဲ့ တစ်လုံးထဲ မောင်းဖို့ ပြောလိုက်ရပါတယ်။ တစ်လုံးထဲဆိုရင် ဘယ်စက်ဖြစ်ဖြစ် ငြိမ်နေတာပါပဲ။ နောက်တစ်ချက်က 1-2 နဲ့ 2-3 ကောင်းပြီး 1-3 မှ မကောင်းတာဆိုတော့ ဘုံမကောင်းတဲ့ တစ်လုံးရယ်လို့ ခွဲထုတ်လို့ မရပါဘူး။
အဲဒီတော့ စဉ်းစားရပါပြီ။ ပထမဆုံး ကျွန်တော်တွေးမိတာက Load sharing ရဲ့ သဘာဝပါ။ ကျွန်တော်ကိုယ်တိုင် တစ်ဖွဖွ ရှင်းပြခဲ့တာတွေ ခေါင်းထဲ ရောက်လာပါတယ်။ 

(1) Active load sharing ဆိုတာ KW ကို ခွဲယူတာ။ တစ်လုံးစီက ထုတ်တဲ့ Frequency မတူရင် KW မတူပါဘူး။ 
(2) Reactive load sharing ဆိုတာက KVAR ခွဲယူတာပါ။ တစ်လုံးစီက ထုတ်တဲ့ Voltage မတူရင် KVAR မတူပါ။ p.f နဲ့ current လည်း မတူပါဘူး။

အခု မြင်နေရတာက KW hunting ဖြစ်နေတယ်ဆိုတော့ တစ်ကယ်လို့ တစ်လုံးလုံးက Freq hunting ဖြစ်ခဲ့ရင် ဒါဖြစ်နိုင်ပါတယ်။ တစ်လုံးချင်း မောင်းတဲ့အခါ မရမ်းပဲ parallel မှ ရမ်းတယ်ဆိုတာကလည်း ထူးခြားချက်ပါ။ ဒါပေမဲ့ ကျွန်တော့ ခေါင်းထဲမှာ Active load (KW) နဲ့ ဆက်စပ်နေတဲ့ Frequency ဆိုတာကြီးက နေရာယူနေတော့ Governor တွေရဲ့ အနေအထား၊ Linkage ရောက်တဲ့ နေရာ၊ ဘာတွေ ထူးခြားနေတယ်ဆိုတာ စက်တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ကြည့်ပါတယ်။ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး။ တစ်လုံးစီ ငြိမ်ပေမဲ့ နှစ်လုံး အပြိုင်မောင်းတဲ့အချိန် Load ဆွဲအားကြောင့် စက်ရဲ့ တုန့်ပြန်တဲ့နှုံး မတူရင်လည်း ဖြစ်နိုင်ပါတယ်။ Governor ရဲ့ droop setting တွေများ မတူလို့လား။ စဉ်းစားမိပြန်ပါတယ်။ Mechanical governor ဖြစ်တဲ့အတွက် ကျွန်တော် ကျွမ်းကျင်တဲ့အပိုင်း မဟုတ်ပါဘူး။ 
ဒါနဲ့ ရုံးက အစ်ကိုတစ်ယောက်နဲ့ ဖုန်းပြောပြီး တိုင်ပင်ကြည့်ပါတယ်။ အဲဒီအစ်ကိုကပဲ အခု စက်တွေမှာ ထူးခြားတာဆိုလို့ ထည့်ထားတဲ့ AVR အမျိုးအစားမတူတာပဲ ရှိတယ်။ ဒီတော့ ကျွန်တော်တို့ယူလာတဲ့ AVR ရယ်၊ super ယူလာတဲ့ AVR ရယ် original နှစ်ခု ပြောင်းထည့် စမ်းကြည့်ပါလားလို့ အကြံပေးပါတယ်။ အဲလိုလုပ်ကြည့်လိုက်လို့ မရတော့မှ Governor ညှိတဲ့အပိုင်း အကြံးပေးဖို့ ပြောပါတယ်။ 
ဒီ အစီအစဉ်ကို စက်ချုပ်ကို ပြောပြတော့ Super ရဲ့ သဘောတူညီချက်ယူရပါတယ်။ Super က သူယူလာတဲ့ AVR ကိုပဲ အရင်လဲကြည့်စေချင်ပါတယ်။ ဒါနဲ့ AE3 ကို Super ယူလာတဲ့ Digital AVR နဲ့ လဲတပ်လိုက်ပါတယ်။ ပြီးတာနဲ့ စမ်းကြည့်လိုက်တော့ အဆင်ပြေပါတယ်။ AE1 နဲ့ AE3 ကို parallel မောင်းပြီး Load 300KW နီးပါးစီအထိ တင်ကြည့်တာ ငြိမ်နေပါတယ်။ KW လည်းမလှုပ် Current လည်း မရမ်းတော့ပါဘူး။
ဒီတော့မှ ပြန်ပြီး တွေးယူရပါတယ်။ ဒီ Panel မှာ KW မီတာနဲ့ Current Ameter တွေ ရှိပေမဲ့ KVAR မီတာတော့ မရှိပါဘူး။ ဒီတော့ AVR performance မတူလို့  တစ်လုံးစီရဲ့ V output မတူခဲ့ရင် KVAR ပြောင်းနေမှာပါ။ အဲဒါဆိုရင် Current ပြောင်းနေမှာပါ။ KW မီတာ ဆိုတာ V နဲ့ I နှစ်ခု ပေါင်းပြီး ပြတဲ့ device ဆိုတော့ I လှုပ်တဲ့အတွက် KW မီတာ ကလည်း လှုပ်နေတာ ဖြစ်မယ်ထင်ပါတယ်။ အဲဒါကို ကျွန်တော့် အတွေးက ပိတ်မိသွားပြီး စက်ဘက်မှာ သွား အာရုံရောက်သွားခဲ့မိတာပါ။
အခု Orginal Digital AVR က အတိုင်းအတာ တစ်ခုအထိ tolerance လက်ခံနိုင်တယ် ထင်ပါတယ်။ ဒါကြောင့် အနည်းဆုံး original AVR တစ်ခုနဲ့ အစားထိုး AVR ဆိုရင် ငြိမ်တာဖြစ်ပါမယ်။ Compatible AVR နှစ်လုံးဆိုရင်တော့ အတိမ်းအစောင်း မခံပဲ load ဆွဲတဲ့အခါ ရမ်းနေတာ ဖြစ်ပါမယ်။

ထားပါတော့။ နောက် ပြဿနာတစ်ခု ကျန်ပါသေးတယ်။ အဲဒါက current မညီတာပါ။ အဲဒါညှိဖို့ လုပ်ပါတယ်။ အစဆုံး AE ၃ လုံးစလုံးရဲ့ no load Voltage တွေ ညီအောင် ညှိပါတယ်။ ပြီးတာနဲ့ AE1 နဲ့ AE2 ကို ချိတ်လိုက်ပြီး KW ညီတဲ့အထိ စောင့်လိုက်ပါတယ်။ 200KW လောက်စီ ညီသွားတဲ့အခါ AE1 က current 100A လောက် နည်းနေပါတယ်။ လက်ရှိ AE1 က Analog AVR ဖြစ်ပြီး AE2 က digital AVR ပါ။ နောက်ပြီး စောစောက ၃ လုံးပြိုင်ချိတ်တုန်းမှာ AE2 နဲ့ AE3 ရဲ့ current က သိပ်မကွာပါဘူး။ ဒါကြောင့် ညှိမယ်ဆိုရင် AE1 ရဲ့ droop ကို ကစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသင်္ဘောမှာ AVR တွေကို MSB မှာ ထားတော့ လုပ်ရတာ ပိုလွယ်ပါတယ်။ Current ကို ကြည့်ထားပြီး AE1 AVR ပေါ်က droop preset လေးကို တစ်ဖြည်းဖြည်းချင်း လှည့်ပါတယ်။ ဒါပေမဲ့ ဆုံးသွားတဲ့ အထိ current က မပြောင်းပါဘူး။ နောက်တစ်ခါ ပြောင်းပြန် လှည့်တာလည်း နောက် တစ်ဘက် အဆုံးသာ ရောက်သွားတယ် မပြောင်းပါဘူး။
ဘာဖြစ်တာပါလိမ့်ဆိုတာ စဉ်းစားရင်း AVR ပေါ်မှာ လျှောက်ကြည့်တော့ droop CT က လာတဲ့ L2, K2 terminal နှစ်ခုမှာ တပ်ထားတဲ့ ကြိုးတွေကို သတိထားမိပါတယ်။ terminal တစ်ခုမှာ ကြိုးနှစ်စစီဝင်နေပါတယ်။ ဒါဆို looping လုပ်ထားတာပေါ့။ CT ကလာတဲ့ ကြိုးကို looping လုပ်ပြီး တစ်နေရာသွားတယ်ဆိုတော့ စိတ်ထဲမှာ တစ်ခု သတိရသွားပါတယ်။ ဒါ CCC များလားလို့။ 
ကျွန်တော်တို့ generator နှစ်လုံးရဲ့ reactive load ညီမျှအောင် ညှိပေးတဲ့ နည်း နှစ်ခုရှိပါတယ်။ 
(1) Reactive Droop Compensation နည်းနဲ့
(2) Cross Current Compensation (CCC) နည်းပါ။
အခု ဒီနည်းက CCC နည်း ဖြစ်ဖို့ များပါတယ်။ CCC ဆိုရင် CT ကနေ AVR ကို current feedback ပြန်ပေးနေတဲ့ အချိန်မှာ သူနဲ့ အပြိုင် တစ်ခြားစက်ရဲ့ AVR ကို terminal ပြောင်းပြန်ဆက်ပြီး negative feedback ပြန်ပေးတဲ့ နည်းပါ။
သေချာအောင် ကြိုးတွေလိုက်ကြည့်တော့ AE1 ရဲ့ L2 ကြိုးက AE2 ရဲ့ K2 မှာ ဝင်ထားပါတယ်။ AE2 ရဲ့ L2 က AE3 ရဲ့ K2 ၊ AE3 ရဲ့ L2 က AE1 ရဲ့ K2 မှာ အပြန်အလှန် ဆက်ထားတာ တွေ့ရပါတယ်။ ဒါဆို CCC သေချာပြီပေါ့။ CCC နည်းဆိုရင် Droop က သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် စောစောက droop လှည့်တဲ့အခါ current လိုက်မပြောင်းတာပါ။ 
CCC နည်းမှာ ကျွန်တော်တို့ ညှိပေးစရာ မရှိတော့ပါဘူး။ AVR မျိုးတူတွေပဲ သုံးသင့်ပါတယ်။ မတူလို့ respond ကွာသွားတာနဲ့ current ကွာသွားမှာပါ။
အဲဒီအကြောင်း စက်ချုပ်နဲ့ super ကို ရှင်းပြရပါတယ်။ သူတို့ သဘောတူရင် AE1 ကို ကျွန်တော်တို့ AVR လဲထည့်ပေးမယ်ပြောပါတယ်။ ဒါပေမဲ့ ရုံးကပြောတဲ့ ဈေးကို ညှိလို့ မရတာနဲ့ မလဲပဲ ပြန်ဆင်းခဲ့ပါတယ်။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

Sunday 10 March 2019

Miscellaneous Equipment (5) - Exhaust Fan Not Working


Tanker တစ္စီးမွာပါ။ တစ္ျခားျပႆနာတစ္ခုအတြက္လာရင္း ၾကဳံခဲ့တာေလးပါ။ ခပ္ရွင္းရွင္းေလးမို႔ မေရးေတာ့ဘူး စိတ္ကူထားတာ။ ဟိုေန႔က ညီေလး စိုးမိုးေက်ာ္ရဲ႕ ပို႔စ္ေတြေတာ့ ေရးခ်င္စိတ္ ေပၚလာတာနဲ႔ ေရးလိုက္တာပါ။
အမ်ားသုံး အိမ္သာ exh fan မလည္လို႔တဲ့။ ေအာက္ထပ္မွာ တစ္ျခားကိစၥရွိေနလို႔ အေဖၚတစ္ေယာက္ သြားၾကည့္ခိုင္းလိုက္ပါတယ္။ ေနာက္ၿပီး လိုက္သြားေတာ့ တပ္ထားတာ ရွင္းရွင္းေလး။ Single phase 220V ကို Starter မပါပဲ ခလုတ္နဲ႔ DOL တပ္ထားတယ္။ ေရာက္သြားေတာ့ အဲဒီ အစ္ကိုကေျပာတယ္ အခုႀကိဳးေျပာင္းတပ္ၿပီးစမ္းတာ exhaust မရပဲ supply လည္ေနတယ္တဲ့။ Supply coil ကေကာင္းေနၿပီး Exhaust coil ပ်က္ေနတယ္ထင္တယ္တဲ့။ ဘယ္လို direction ေျပာင္းၿပီး ယာယီသုံးလို႔ရေအာင္ လုပ္ေပးလို႔ရေအာင္ လုပ္ေပးႏိုင္မလဲတဲ့။ ကၽြန္ေတာ္ေၾကာင္သြားတယ္။ Single phase မွာ Supply coil / Exhaust coil လို႔ direction သီျခားခြဲထားတာ မဟုတ္။ ေနာက္ၿပီး ထပ္ရွင္းျပပါမယ္။
ခလုတ္ကိုၾကည့္ေတာ့ forward / reverse selector switch လည္းမဟုတ္။ ႐ိုး႐ိုး On / Off rotary switch ေလးပဲ။ အဲဒီအစ္ကို ကို ေမးၾကည့္တယ္။ ဘာေၾကာင့္အဲလို ေျပာတာလဲ ဆိုေတာ့ သူရွင္းျပပါတယ္။ Junction box ထဲမွာ terminal ၃ ခုရွိပါတယ္။ ေမာ္တာဆီက ႀကိဳး ၄ ေခ်ာင္းလာတယ္။ 1 မွာ တစ္ေခ်ာင္း၊ 2 မွာ တစ္ေခ်ာင္း နဲ႔ 3 မွာ ႏွစ္ေခ်ာင္းပူး ဆက္ထားတယ္။ 1 နဲ႔ 2 ကို ခြၿပီး capacitor တစ္လုံး တပ္ထားတယ္။ Power supply ႀကိဳး ႏွစ္ေခ်ာင္းက 1 နဲ႔ 3 မွာ ဆက္ထားတယ္။ ခလုတ္ဖြင့္ရင္လည္း 220V လာတယ္။ ေမာ္တာဘက္က ႀကိဳးေတြကို coil resistance တိုင္းၾကည့္ေတာ့ 2 နဲ႔ 3 ၾကားမွာပဲ resistance ရွိတယ္။
ဒါနဲ႔ supply ႀကိဳးကို 2 နဲ႔ 3 မွာ ေျပာင္းဆက္ၿပီး ခလုတ္ ဖြင့္လိုက္ေတာ့ ေမာ္တာ လည္တယ္။ ဒါေပမဲ့ supply direction ပဲ လည္တယ္တဲ့။ Capacitor တိုင္းၾကည့္ေတာ့ 40 MicroF ေရးထားေပမဲ့ 0.5 MicroF ေလာက္ပဲ ရွိတယ္။
ကၽြန္ေတာ့္ကိုယ္တိုင္ ေမာ္တာ coil ေတြတိုင္းၾကည့္ေတာ့လည္း သူေျပာတဲ့ အတိုင္းပါပဲ။ ဒီေတာ့ coil တစ္ခု open ျဖစ္သြားၿပီး capacitor လည္း မေကာင္းဘူး။ ေမာ္တာတစ္ခုလုံး ျဖဳတ္လဲဖို႔ စီစဥ္လိုက္ပါတယ္။ 
ၿပီးေတာ့ ရွင္းျပရပါတယ္။ Single phase induction motor ေတြမွာ coil ႏွစ္စုံ ပါေလ့ရွိပါတယ္။ အဲဒီ coil ႏွစ္စုံက in phase ျဖစ္ေနခဲ့ရင္၊ တစ္နည္းအားျဖင့္ phase shift မရွိရင္ မလည္ႏိုင္ပါဘူး။ ဒီေတာ့ coil တစ္ခုကို phase shift ျဖစ္ေအာင္ လုပ္ေပးရပါတယ္။ မ်ားေသာအားျဖင့္ capacitor နဲ႔ ခံေပးရပါတယ္။ (တစ္ခ်ဳိ႕ resistance split type ေတြမွာေတာ့ capacitor မပါပဲ ရပါတယ္။) 
တစ္ကယ္လို႔ direction ေျပာင္းခ်င္ရင္ phase shift ျဖစ္ရမယ့္ coil ကိုေျပာင္းေပးလိုက္ရပါတယ္။ ရွင္းေအာင္ေျပာရရင္ အစက main coil ကို တိုက္႐ိုက္ဆက္ၿပီး aux coil ကို capacitor နဲ႔ series ဆက္ထားတယ္ဆိုပါေတာ့။ တစ္ကယ္လို႔ direction ေျပာင္းခ်င္ရင္ aux coil ကို တိုက္႐ိုက္ဆက္ၿပီး main coil ကို capacitor နဲ႔ series ဆက္ေပးရပါတယ္။ (ပုံမွာ ၾကည့္ပါ။)
ကဲ အခု ျပႆနာကို ျပန္ၾကည့္ရေအာင္။ အစက main coil ကို တိုက္႐ိုက္ဆက္ထားၿပီး aux coil ကို capacitor နဲ႔ series ဆက္ထားတဲ့ သေဘာပါ။ Main coil ေလာင္သြား / open ျဖစ္သြားတယ္။ Capacitor လည္း မေကာင္းေတာ့ မလည္ႏိုင္ေတာ့ပါဘူး။ 2-3  aux coil ကို power ေပးစမ္းတဲ့အခါ သူ႔အတိုင္းဆို မလည္ႏိုင္ပါဘူး။ ဒါေပမဲ့ starting torque တစ္ဘက္ဘက္ကို စလွည့္ေပးလိုက္ရင္ေတာ့ လွည့္တဲ့ direction ဘက္ လည္သြားမွပါ။ 
ျဖစ္ခ်င္ေတာ့ ေလက အျပင္ဘက္ကေန အထဲကို ဝင္တဲ့ flow ျဖစ္ေနေတာ့ propeller ကို တိုးၿပီး supply direction အတိုင္း နည္းနည္း လည္ေနေတာ့ ေမာ္တာ အဲဒီ direction အတိုင္း ဆက္လည္သြားတာပါ။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။

[Unicode]

Tanker တစ်စီးမှာပါ။ တစ်ခြားပြဿနာတစ်ခုအတွက်လာရင်း ကြုံခဲ့တာလေးပါ။ ခပ်ရှင်းရှင်းလေးမို့ မရေးတော့ဘူး စိတ်ကူထားတာ။ ဟိုနေ့က ညီလေး စိုးမိုးကျော်ရဲ့ ပို့စ်တွေတော့ ရေးချင်စိတ် ပေါ်လာတာနဲ့ ရေးလိုက်တာပါ။
အများသုံး အိမ်သာ exh fan မလည်လို့တဲ့။ အောက်ထပ်မှာ တစ်ခြားကိစ္စရှိနေလို့ အဖေါ်တစ်ယောက် သွားကြည့်ခိုင်းလိုက်ပါတယ်။ နောက်ပြီး လိုက်သွားတော့ တပ်ထားတာ ရှင်းရှင်းလေး။ Single phase 220V ကို Starter မပါပဲ ခလုတ်နဲ့ DOL တပ်ထားတယ်။ ရောက်သွားတော့ အဲဒီ အစ်ကိုကပြောတယ် အခုကြိုးပြောင်းတပ်ပြီးစမ်းတာ exhaust မရပဲ supply လည်နေတယ်တဲ့။ Supply coil ကကောင်းနေပြီး Exhaust coil ပျက်နေတယ်ထင်တယ်တဲ့။ ဘယ်လို direction ပြောင်းပြီး ယာယီသုံးလို့ရအောင် လုပ်ပေးလို့ရအောင် လုပ်ပေးနိုင်မလဲတဲ့။ ကျွန်တော်ကြောင်သွားတယ်။ Single phase မှာ Supply coil / Exhaust coil လို့ direction သီခြားခွဲထားတာ မဟုတ်။ နောက်ပြီး ထပ်ရှင်းပြပါမယ်။
ခလုတ်ကိုကြည့်တော့ forward / reverse selector switch လည်းမဟုတ်။ ရိုးရိုး On / Off rotary switch လေးပဲ။ အဲဒီအစ်ကို ကို မေးကြည့်တယ်။ ဘာကြောင့်အဲလို ပြောတာလဲ ဆိုတော့ သူရှင်းပြပါတယ်။ Junction box ထဲမှာ terminal ၃ ခုရှိပါတယ်။ မော်တာဆီက ကြိုး ၄ ချောင်းလာတယ်။ 1 မှာ တစ်ချောင်း၊ 2 မှာ တစ်ချောင်း နဲ့ 3 မှာ နှစ်ချောင်းပူး ဆက်ထားတယ်။ 1 နဲ့ 2 ကို ခွပြီး capacitor တစ်လုံး တပ်ထားတယ်။ Power supply ကြိုး နှစ်ချောင်းက 1 နဲ့ 3 မှာ ဆက်ထားတယ်။ ခလုတ်ဖွင့်ရင်လည်း 220V လာတယ်။ မော်တာဘက်က ကြိုးတွေကို coil resistance တိုင်းကြည့်တော့ 2 နဲ့ 3 ကြားမှာပဲ resistance ရှိတယ်။
ဒါနဲ့ supply ကြိုးကို 2 နဲ့ 3 မှာ ပြောင်းဆက်ပြီး ခလုတ် ဖွင့်လိုက်တော့ မော်တာ လည်တယ်။ ဒါပေမဲ့ supply direction ပဲ လည်တယ်တဲ့။ Capacitor တိုင်းကြည့်တော့ 40 MicroF ရေးထားပေမဲ့ 0.5 MicroF လောက်ပဲ ရှိတယ်။
ကျွန်တော့်ကိုယ်တိုင် မော်တာ coil တွေတိုင်းကြည့်တော့လည်း သူပြောတဲ့ အတိုင်းပါပဲ။ ဒီတော့ coil တစ်ခု open ဖြစ်သွားပြီး capacitor လည်း မကောင်းဘူး။ မော်တာတစ်ခုလုံး ဖြုတ်လဲဖို့ စီစဉ်လိုက်ပါတယ်။ 
ပြီးတော့ ရှင်းပြရပါတယ်။ Single phase induction motor တွေမှာ coil နှစ်စုံ ပါလေ့ရှိပါတယ်။ အဲဒီ coil နှစ်စုံက in phase ဖြစ်နေခဲ့ရင်၊ တစ်နည်းအားဖြင့် phase shift မရှိရင် မလည်နိုင်ပါဘူး။ ဒီတော့ coil တစ်ခုကို phase shift ဖြစ်အောင် လုပ်ပေးရပါတယ်။ များသောအားဖြင့် capacitor နဲ့ ခံပေးရပါတယ်။ (တစ်ချို့ resistance split type တွေမှာတော့ capacitor မပါပဲ ရပါတယ်။) 
တစ်ကယ်လို့ direction ပြောင်းချင်ရင် phase shift ဖြစ်ရမယ့် coil ကိုပြောင်းပေးလိုက်ရပါတယ်။ ရှင်းအောင်ပြောရရင် အစက main coil ကို တိုက်ရိုက်ဆက်ပြီး aux coil ကို capacitor နဲ့ series ဆက်ထားတယ်ဆိုပါတော့။ တစ်ကယ်လို့ direction ပြောင်းချင်ရင် aux coil ကို တိုက်ရိုက်ဆက်ပြီး main coil ကို capacitor နဲ့ series ဆက်ပေးရပါတယ်။ (ပုံမှာ ကြည့်ပါ။)
ကဲ အခု ပြဿနာကို ပြန်ကြည့်ရအောင်။ အစက main coil ကို တိုက်ရိုက်ဆက်ထားပြီး aux coil ကို capacitor နဲ့ series ဆက်ထားတဲ့ သဘောပါ။ Main coil လောင်သွား / open ဖြစ်သွားတယ်။ Capacitor လည်း မကောင်းတော့ မလည်နိုင်တော့ပါဘူး။ 2-3  aux coil ကို power ပေးစမ်းတဲ့အခါ သူ့အတိုင်းဆို မလည်နိုင်ပါဘူး။ ဒါပေမဲ့ starting torque တစ်ဘက်ဘက်ကို စလှည့်ပေးလိုက်ရင်တော့ လှည့်တဲ့ direction ဘက် လည်သွားမှပါ။ 
ဖြစ်ချင်တော့ လေက အပြင်ဘက်ကနေ အထဲကို ဝင်တဲ့ flow ဖြစ်နေတော့ propeller ကို တိုးပြီး supply direction အတိုင်း နည်းနည်း လည်နေတော့ မော်တာ အဲဒီ direction အတိုင်း ဆက်လည်သွားတာပါ။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

Saturday 9 March 2019

Generator (20) - Frequency Hunting


ဒီတစ္ခါ Tanker တစ္စီးမွာ AE #1 frequency hunting ျဖစ္ေနတာ သြားၾကည့္ရပါတယ္။ Frequency hunting ဆိုရင္ Engine ဘက္နဲ႔ဆိုင္တာမို႔ သိပ္ေတာ့လုပ္ႏိုင္မယ္ မထင္မိပါဘူး။ ကိုယ္က mechanical ဆိုရင္၊ အထူးသျဖင့္ engine နဲ႔ ပတ္သတ္ရင္ ေတာ္ေတာ္ေလး ေဝးပါတယ္။ ဒါေပမဲ့ governor က electronic governor ဆိုေတာ့ နည္းနည္း စိတ္ဝင္စားသြားပါတယ္။ 
ပထမဆုံး ေနာက္ခံ အေၾကာင္းေလးကို အရင္နားေထာင္ၾကည့္ပါတယ္။ ျဖစ္ပုံက AE#1 မွာ fuel injector လဲတာက စပါတယ္။ တ႐ုတ္ တစ္ဖြဲ႕ လာၿပီး ခ်ိန္ညႇိေပးသြားပါတယ္တဲ့။ အဲဒီေနာက္ စက္က သိပ္မၿငိမ္ေတာ့ပါဘူး။ Frequency က hunting ျဖစ္ျဖစ္ေနပါတယ္တဲ့။ ၾကားျဖတ္ေျပာရရင္ Engine အမ်ဳိးအစားက Cummins ပါ။ ဒါနဲ႔ အစ္ကိုတစ္ေယာက္ တက္ၾကည့္ပါတယ္။ အစဆုံး ေမာင္းၾကည့္ေတာ့ နည္းနည္း ၿငိမ္ပါတယ္။ ေနာက္တစ္ေခါက္ စက္ရပ္ၿပီး ျပန္စေတာ့ ေဖါက္လာပါတယ္။ Idle speed ကလည္း အရင္က 900 rpm မွာခ်ိန္ထားတာ 1300 ေလာက္ ျဖစ္ေနပါတယ္တဲ့။ အဲဒါညႇိဖို႔ ႀကိဳးစားတာလည္း မရပါဘူး။ ေနာက္ rated speed 1800 rpm မွာလည္း hunting ျဖစ္ေနပါတယ္တဲ့။ ဒါနဲ႔ governor control card ေၾကာင့္လား မသကၤာတာနဲ႔ လဲၾကည့္ပါတယ္တဲ့။ ျဖစ္ခ်င္ေတာ့ cummins ရဲ႕ မူရင္း control card အသစ္ မရွိတာနဲ႔ သူနဲ႔ လဲသုံးလို႔ရတဲ့ ေနာက္ အမ်ဳိးအစားတစ္ခုနဲ႔ လဲၾကည့္ပါတယ္။ အဲဒါလည္း အဆင္မေျပဘူးေျပာပါတယ္။ ဒါေၾကာင့္ဒီေန႔ ကၽြန္ေတာ္နဲ႔ အဲဒီအစ္ကို အတူ ထပ္ႀကိဳးစား ညႇိၾကည့္မယ္။ ေနာက္ၿပီး Engine ပိုင္း ကၽြမ္းက်င္တဲ့ အစ္ကိုတစ္ေယာက္ ေန႔လည္ေလာက္မွာ လိုက္လာဖို႔ စီစဥ္ထားပါတယ္။

ေရာက္တာနဲ႔ AE#1 ရဲ႕ local control panel ကို ဖြင့္ျပပါတယ္။ Governor control card က အရင္ original card ကို ျပန္တပ္ထားပါတယ္။ စက္ခ်ဳပ္ကိုေျပာၿပီး စက္ေမာင္းၾကည့္ေတာ့ idle speed မွာ 300 rpm ေလာက္ပဲ ရွိပါတယ္။ ဒါနဲ႔ idle speed အတြက္ preset ေလးကို ျဖည္းျဖည္းခ်င္း လွည့္ညႇိၿပီး 900 rpm မွာ ခ်ိန္ထားလိုက္ပါတယ္။ ေနာက္ rated speed ေျပာင္းလိုက္ၿပီး 1800 rpm မွာ ခ်ိန္လိုက္ပါတယ္။ ေစာင့္ၾကည့္ေနေပမဲ့ rpm က ၿငိမ္ေနပါတယ္။ Hunting မျဖစ္ေနပါဘူး။ ျပန္ရပ္ၿပီး စက္ျပန္နႈိးၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေၾကာင့္ idle ကို ျပန္ေျပာင္းလိုက္တဲ့အခါ rpm က 1300 ေအာက္ မက်ပါဘူူး။ ဒါနဲ႔ idle speed preset ကို ညႇိဖို႔ ႀကိဳးစားေပမဲ့ မရပါဘူး။ ဒါနဲ႔ ရပ္ပစ္လိုက္ၿပီး ခဏၾကာေတာ့ ျပန္နႈိးပါတယ္။ အဲဒီမွာလည္း idle speed 1300 rpm ေလာက္နဲ႔ စၿပီး rated speed မွာလည္း မၿငိမ္ေတာ့ပါဘူး။ 1750 နဲ႔ 1850 rpm ၾကားထဲမွာ ေျပးေနပါတယ္။ Hunting ျဖစ္ပုံက နည္းနည္းေတာ့ ထူးဆန္းတယ္။ စကၠန္႔ပိုင္းအတြင္းမွာ အေပၚေအာက္ လႈပ္ေနတာ မဟုတ္ဘူး။ အနိမ့္ဆုံးကေန အျမင့္ဆုံးေရာက္ဖို႔ ၁၀ - ၁၅ စကၠန္႔ေလာက္ၾကာၾကာ ျဖည္းျဖည္းခ်င္း လႊဲေနပါတယ္။
ဒါနဲ႔ governor control card လဲၾကည့္ဖို႔ စိတ္ကူးလိုက္ပါတယ္။ စက္ကိုရပ္၊ power ေတြပိတ္ၿပီး ကဒ္အသစ္လဲဖို႔ လုပ္ပါတယ္။ 
အမ်ဳိးအစား မတူပါဘူး။ က်န္တဲ့ ႀကိဳးေတြဆက္လိုက္ပါတယ္။ idle - rated ေျပာင္းတဲ့ ခလုတ္ကို ဆက္တဲ့ပုံက မတူပါဘူး။ ဒါနဲ႔ ကဒ္အသစ္မွာ ပါတဲ့ပုံစံအတိုင္း  ဆက္ထားလိုက္ပါတယ္။ ၿပီးတာနဲ႔ စမ္းၾကည့္ေတာ့ local panel မွာ ျပေနက် rpm LED display က မျပေတာ့ပါဘူး။ အေရးထဲ ဘာျဖစ္ျပန္တာလဲေပါ့။ ေစာေစာက ေျပာင္းလိုက္တဲ့ idle speed ေျပာင္းတဲ့ ႀကိဳးကို မူလကဒ္ အေဟာင္းကအတိုင္း ျပန္ဆက္လိုက္ပါတယ္။ စက္နႈိးၾကည့္ေတာ့လည္း rpm မျပေသးပါဘူး။ Pick-up (speed sensor) ကလာတဲ့ ႀကိဳးကို တိုင္းၾကည့္ေတာ့ voltage နဲ႔ AC frequency တစ္ခုထြက္ေနပါတယ္။ စိတ္ကို ေအးေအးထားၿပီး ဘာႀကိဳးေတြမွားလဲ ျပန္စစ္ၾကည့္ေတာ့ သံသယ ျဖစ္တာက pick-up sensor ႀကိဳး။ ဒါနဲ႔ ႀကိဳး အစႏွစ္ခုကို ေျပာင္းျပန္လွန္တပ္လိုက္ၿပီးု ျပန္စမ္းလိုက္ေတာ့ rpm ျပေနပါၿပီ။ ဒါေပမဲ့ idle speed က 1200 rpm ေက်ာ္ေနတုန္းပါပဲ။ ႀကိဳးစားညႇိတာလည္း မရပါဘူး။ ေနာက္ rated sperd မွာလည္း ေစာေစာကအတိုင္း slow swing ပုံစံနဲ႔ hunting ျဖစ္ေနတုန္းပါပဲ။ ဒီကဒ္မွာေတာ့ PID ညႇိစရာပါလို႔ အဲဒါေတြပါႀကိဳးစားခ်ိန္ၾကည့္ပါတယ္။ မထူးပါဘူး။ ကဒ္ႏွစ္ကဒ္လုံး ျဖစ္တဲ့ လကၡဏာတူေနတာမို႔ ကဒ္နဲ႔ေတာ့ မဆိုင္ဘူးလို႔ ယူဆလိုက္ပါတယ္။ ဒါနဲ႔ ျဖစိႏိုင္ေခ်ေတြက fuel pump လား၊ actuator ေၾကာင့္လား၊ cylinder timing ေၾကာင့္လား၊ ဆီမသန္႔လို႔လား တစ္ခုခုပါပဲ။ Fuel filter အသစ္လဲခိုင္းၿပီး စမ္းၾကေတာ့လည္း မထူးပါဘူး။
အဲဒီေတာ့ card အေဟာင္း ျပန္လဲထည့္ၿပီး  Engine ကၽြမ္းက်င္တဲ့ ဆရာသမားလာေအာင္ ေစာင့္ၿပီး စက္အပိုင္းကိုစစ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ Fuel injector လဲၿပီးမွ ျဖစ္တာဆိုေတာ့ စက္ဘက္က ျဖစ္ႏိုင္ေခ် ပိုမ်ားတယ္ မဟုတ္လား။ Engine ဆရာ ေရာက္လာၿပီး စစ္ေတာ့ စက္ခ်ိန္ညႇိတဲ့အပိုင္းက မမွန္တာရယ္၊ Nozzle တစ္ခုလည္း ပိတ္ေနတာရယ္ ေတြ႕ပါတယ္။ သူ ျပင္ခ်ိန္ညႇိလိုက္ပါတယ္။ အေသးစိတ္ေတာ့ ကၽြန္ေတာ္ ကၽြမ္းက်င္တဲ့ အပိုင္း မဟုတ္လို႔ မေျပာျပေတာ့ဘူးေနာ္။
ၿပီးတဲ့အခ်ိန္ စမ္းေမာင္းၾကည့္ေတာ့ ျပႆနာ နည္းနည္း ရွိေနေသးတယ္။ ဒါနဲ႔ Acuator ကို ျဖဳတ္စစ္ပါတယ္။ မရရင္ေတာ့ fuel pump လဲမယ္ေပါ့။ Actuator အသစ္ရွိေတာ့ ယွဥ္ၾကည့္ပါတယ္။ Actuator အထဲက plunger ေလးက အသစ္နဲ႔ နည္းနည္း ကြာေနပါတယ္။ ေရြ႕တာကလည္း မေခ်ာေမြ႕ပါဘူး။ တစ္ဘက္ထိပ္ေရာက္ရင္ နည္းနည္း ညပ္သြားတာေတြ႕ရပါတယ္။ အဲဒီ Actuator လဲလိုက္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္။

ျပန္ၾကည့္ရရင္ စက္ဘက္က ခ်ိန္ညႇိတာ မကိုက္တဲ့အတြက္ governor ရဲ႕ actuator ပုံမွန္ထက္ အလုပ္ပိုလုပ္ရၿပီး ကပ္သြားတာ ျဖစ္ႏိုင္မယ္ထင္ပါတယ္။ ဒါေၾကာင့္ အစဆုံး တစ္ေခါက္ actuator သိပ္မဖြင့္ရခင္ အဆင္ေျပေသးတယ္။ တစ္ခါ rated speed ေမာင္းၿပီး actuator က တစ္ဘက္ အစြန္ထိ ေရာက္သြားလို႔ ကပ္သြား၊ ညပ္သြားတဲ့အခါ idle speed ျပန္ခ် မရတာ ေခ်ာေခ်ာေမြ႕ေမြ႕ မျဖစ္ေတာ့တာ ျဖစ္ႏိုင္ပါတယ္။

[Unicode]

Generator (20) - Frequency hunting

ဒီတစ်ခါ Tanker တစ်စီးမှာ AE #1 frequency hunting ဖြစ်နေတာ သွားကြည့်ရပါတယ်။ Frequency hunting ဆိုရင် Engine ဘက်နဲ့ဆိုင်တာမို့ သိပ်တော့လုပ်နိုင်မယ် မထင်မိပါဘူး။ ကိုယ်က mechanical ဆိုရင်၊ အထူးသဖြင့် engine နဲ့ ပတ်သတ်ရင် တော်တော်လေး ဝေးပါတယ်။ ဒါပေမဲ့ governor က electronic governor ဆိုတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။ 
ပထမဆုံး နောက်ခံ အကြောင်းလေးကို အရင်နားထောင်ကြည့်ပါတယ်။ ဖြစ်ပုံက AE#1 မှာ fuel injector လဲတာက စပါတယ်။ တရုတ် တစ်ဖွဲ့ လာပြီး ချိန်ညှိပေးသွားပါတယ်တဲ့။ အဲဒီနောက် စက်က သိပ်မငြိမ်တော့ပါဘူး။ Frequency က hunting ဖြစ်ဖြစ်နေပါတယ်တဲ့။ ကြားဖြတ်ပြောရရင် Engine အမျိုးအစားက Cummins ပါ။ ဒါနဲ့ အစ်ကိုတစ်ယောက် တက်ကြည့်ပါတယ်။ အစဆုံး မောင်းကြည့်တော့ နည်းနည်း ငြိမ်ပါတယ်။ နောက်တစ်ခေါက် စက်ရပ်ပြီး ပြန်စတော့ ဖေါက်လာပါတယ်။ Idle speed ကလည်း အရင်က 900 rpm မှာချိန်ထားတာ 1300 လောက် ဖြစ်နေပါတယ်တဲ့။ အဲဒါညှိဖို့ ကြိုးစားတာလည်း မရပါဘူး။ နောက် rated speed 1800 rpm မှာလည်း hunting ဖြစ်နေပါတယ်တဲ့။ ဒါနဲ့ governor control card ကြောင့်လား မသင်္ကာတာနဲ့ လဲကြည့်ပါတယ်တဲ့။ ဖြစ်ချင်တော့ cummins ရဲ့ မူရင်း control card အသစ် မရှိတာနဲ့ သူနဲ့ လဲသုံးလို့ရတဲ့ နောက် အမျိုးအစားတစ်ခုနဲ့ လဲကြည့်ပါတယ်။ အဲဒါလည်း အဆင်မပြေဘူးပြောပါတယ်။ ဒါကြောင့်ဒီနေ့ ကျွန်တော်နဲ့ အဲဒီအစ်ကို အတူ ထပ်ကြိုးစား ညှိကြည့်မယ်။ နောက်ပြီး Engine ပိုင်း ကျွမ်းကျင်တဲ့ အစ်ကိုတစ်ယောက် နေ့လည်လောက်မှာ လိုက်လာဖို့ စီစဉ်ထားပါတယ်။

ရောက်တာနဲ့ AE#1 ရဲ့ local control panel ကို ဖွင့်ပြပါတယ်။ Governor control card က အရင် original card ကို ပြန်တပ်ထားပါတယ်။ စက်ချုပ်ကိုပြောပြီး စက်မောင်းကြည့်တော့ idle speed မှာ 300 rpm လောက်ပဲ ရှိပါတယ်။ ဒါနဲ့ idle speed အတွက် preset လေးကို ဖြည်းဖြည်းချင်း လှည့်ညှိပြီး 900 rpm မှာ ချိန်ထားလိုက်ပါတယ်။ နောက် rated speed ပြောင်းလိုက်ပြီး 1800 rpm မှာ ချိန်လိုက်ပါတယ်။ စောင့်ကြည့်နေပေမဲ့ rpm က ငြိမ်နေပါတယ်။ Hunting မဖြစ်နေပါဘူး။ ပြန်ရပ်ပြီး စက်ပြန်နှိုးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် idle ကို ပြန်ပြောင်းလိုက်တဲ့အခါ rpm က 1300 အောက် မကျပါဘူူး။ ဒါနဲ့ idle speed preset ကို ညှိဖို့ ကြိုးစားပေမဲ့ မရပါဘူး။ ဒါနဲ့ ရပ်ပစ်လိုက်ပြီး ခဏကြာတော့ ပြန်နှိုးပါတယ်။ အဲဒီမှာလည်း idle speed 1300 rpm လောက်နဲ့ စပြီး rated speed မှာလည်း မငြိမ်တော့ပါဘူး။ 1750 နဲ့ 1850 rpm ကြားထဲမှာ ပြေးနေပါတယ်။ Hunting ဖြစ်ပုံက နည်းနည်းတော့ ထူးဆန်းတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အပေါ်အောက် လှုပ်နေတာ မဟုတ်ဘူး။ အနိမ့်ဆုံးကနေ အမြင့်ဆုံးရောက်ဖို့ ၁၀ - ၁၅ စက္ကန့်လောက်ကြာကြာ ဖြည်းဖြည်းချင်း လွှဲနေပါတယ်။
ဒါနဲ့ governor control card လဲကြည့်ဖို့ စိတ်ကူးလိုက်ပါတယ်။ စက်ကိုရပ်၊ power တွေပိတ်ပြီး ကဒ်အသစ်လဲဖို့ လုပ်ပါတယ်။ အမျိုးအစား မတူပါဘူး။ ကျန်တဲ့ ကြိုးတွေဆက်လိုက်ပါတယ်။ idle - rated ပြောင်းတဲ့ ခလုတ်ကို ဆက်တဲ့ပုံက မတူပါဘူး။ ဒါနဲ့ ကဒ်အသစ်မှာ ပါတဲ့ပုံစံအတိုင်း  ဆက်ထားလိုက်ပါတယ်။ ပြီးတာနဲ့ စမ်းကြည့်တော့ local panel မှာ ပြနေကျ rpm LED display က မပြတော့ပါဘူး။ အရေးထဲ ဘာဖြစ်ပြန်တာလဲပေါ့။ စောစောက ပြောင်းလိုက်တဲ့ idle speed ပြောင်းတဲ့ ကြိုးကို မူလကဒ် အဟောင်းကအတိုင်း ပြန်ဆက်လိုက်ပါတယ်။ စက်နှိုးကြည့်တော့လည်း rpm မပြသေးပါဘူး။ Pick-up (speed sensor) ကလာတဲ့ ကြိုးကို တိုင်းကြည့်တော့ voltage နဲ့ AC frequency တစ်ခုထွက်နေပါတယ်။ စိတ်ကို အေးအေးထားပြီး ဘာကြိုးတွေမှားလဲ ပြန်စစ်ကြည့်တော့ သံသယ ဖြစ်တာက pick-up sensor ကြိုး။ ဒါနဲ့ ကြိုး အစနှစ်ခုကို ပြောင်းပြန်လှန်တပ်လိုက်ပြီးု ပြန်စမ်းလိုက်တော့ rpm ပြနေပါပြီ။ ဒါပေမဲ့ idle speed က 1200 rpm ကျော်နေတုန်းပါပဲ။ ကြိုးစားညှိတာလည်း မရပါဘူး။ နောက် rated sperd မှာလည်း စောစောကအတိုင်း slow swing ပုံစံနဲ့ hunting ဖြစ်နေတုန်းပါပဲ။ ဒီကဒ်မှာတော့ PID ညှိစရာပါလို့ အဲဒါတွေပါကြိုးစားချိန်ကြည့်ပါတယ်။ မထူးပါဘူး။ ကဒ်နှစ်ကဒ်လုံး ဖြစ်တဲ့ လက္ခဏာတူနေတာမို့ ကဒ်နဲ့တော့ မဆိုင်ဘူးလို့ ယူဆလိုက်ပါတယ်။ ဒါနဲ့ ဖြစိနိုင်ချေတွေက fuel pump လား၊ actuator ကြောင့်လား၊ cylinder timing ကြောင့်လား၊ ဆီမသန့်လို့လား တစ်ခုခုပါပဲ။ Fuel filter အသစ်လဲခိုင်းပြီး စမ်းကြတော့လည်း မထူးပါဘူး။
အဲဒီတော့ card အဟောင်း ပြန်လဲထည့်ပြီး  Engine ကျွမ်းကျင်တဲ့ ဆရာသမားလာအောင် စောင့်ပြီး စက်အပိုင်းကိုစစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Fuel injector လဲပြီးမှ ဖြစ်တာဆိုတော့ စက်ဘက်က ဖြစ်နိုင်ချေ ပိုများတယ် မဟုတ်လား။ Engine ဆရာ ရောက်လာပြီး စစ်တော့ စက်ချိန်ညှိတဲ့အပိုင်းက မမှန်တာရယ်၊ Nozzle တစ်ခုလည်း ပိတ်နေတာရယ် တွေ့ပါတယ်။ သူ ပြင်ချိန်ညှိလိုက်ပါတယ်။ အသေးစိတ်တော့ ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်း မဟုတ်လို့ မပြောပြတော့ဘူးနော်။
ပြီးတဲ့အချိန် စမ်းမောင်းကြည့်တော့ ပြဿနာ နည်းနည်း ရှိနေသေးတယ်။ ဒါနဲ့ Acuator ကို ဖြုတ်စစ်ပါတယ်။ မရရင်တော့ fuel pump လဲမယ်ပေါ့။ Actuator အသစ်ရှိတော့ ယှဉ်ကြည့်ပါတယ်။ Actuator အထဲက plunger လေးက အသစ်နဲ့ နည်းနည်း ကွာနေပါတယ်။ ရွေ့တာကလည်း မချောမွေ့ပါဘူး။ တစ်ဘက်ထိပ်ရောက်ရင် နည်းနည်း ညပ်သွားတာတွေ့ရပါတယ်။ အဲဒီ Actuator လဲလိုက်တော့ အားလုံး အဆင်ပြေသွားပါတယ်။

ပြန်ကြည့်ရရင် စက်ဘက်က ချိန်ညှိတာ မကိုက်တဲ့အတွက် governor ရဲ့ actuator ပုံမှန်ထက် အလုပ်ပိုလုပ်ရပြီး ကပ်သွားတာ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့် အစဆုံး တစ်ခေါက် actuator သိပ်မဖွင့်ရခင် အဆင်ပြေသေးတယ်။ တစ်ခါ rated speed မောင်းပြီး actuator က တစ်ဘက် အစွန်ထိ ရောက်သွားလို့ ကပ်သွား၊ ညပ်သွားတဲ့အခါ idle speed ပြန်ချ မရတာ ချောချောမွေ့မွေ့ မဖြစ်တော့တာ ဖြစ်နိုင်ပါတယ်။

Saturday 2 March 2019

Fire Alarm (7) - Water Mist Sytem Fault


ဒီတစ္ေခါက္ သေဘၤာေပၚသြားခဲ့ရတာ ေပ်ာ္ပါတယ္။ သူ႔စာေတြကို fb ေပၚမွာ ဖတ္ရၿပီး ေလးစားခဲ့တဲ့ ေနာင္ေတာ္ တစ္ေယာက္နဲ႔ ဆုံခြင့္ရခဲ့လို႔ပါ။ ဒီကၽြန္းေသးေသးေလးမွာ ဒီေလာက္ၾကာၾကာ ေနခဲ့ေပမဲ့ မဆုံျဖစ္ခဲ့ဘူး။ ခုဆုံရေတာ့ သူတာဝန္ယူထားတဲ့ သေဘၤာတစ္စီးမွာ Water Mist system ကို စစ္ေပးဖို႔ တက္ခဲ့ရပါတယ္။ ဒါေပမဲ့ .. ဒါေပမဲ့ေပါ့။ ေနာက္ၿပီးမွ အေၾကာင္းစုံ ေျပာျပပါမယ္။ သေဘၤာမွာ ဓာတ္ႀကိဳးမရွိ။ စက္ခ်ဳပ္က အင္ဒိုပါ။
Super ျဖစ္တဲ့ အစ္ကိုကပဲ အက်ဳိးအေၾကာင္း ရွင္းျပပါတယ္။ ၿပီးခဲ့တဲ့ လအနည္းငယ္က Water Mist system မွာ fault တစ္ခုတက္လို႔ တ႐ုတ္ shore technician တစ္ေယာက္ လာစစ္တယ္။ Card မေကာင္းဘူးဆိုပါတယ္။ ေနာက္တစ္ေခါက္ သူတို႔အဖြဲ႕က တစ္ေယာက္ ျပန္တက္ၿပီး ကဒ္တစ္ခု ယာယီ လဲေပးခဲ့တယ္။ မေကာင္းတဲ့ ကဒ္ ေနာက္တစ္ခု ျဖဳတ္ယူသြားတယ္တဲ့။ 
အခု Surveyor စစ္ကာနီးေတာ့ သူတို႔ကလည္း မအားတာနဲ႔ သူတို႔ျဖဳတ္ယူသြားခဲ့တဲ့ ကဒ္တစ္ကဒ္ ျပန္ယူလာၿပီး အေရးေပၚ လာလုပ္ရတာပါ။ ေလာေလာဆယ္ fault မရွိေအာင္ အရင္ေဖ်ာက္ဖို႔ရယ္၊ ဘာေတြ ပ်က္လို႔ ဘာေတြ လိုတယ္ဆိုတာရယ္ စစ္ေပးဖို႔ ေျပာပါတယ္။
ECR ထဲမွာရွိတဲ့ control panel ကိုအရင္ၾကည့္ပါတယ္။ တ႐ုတ္ကထုတ္တဲ့ Bright Sky အမ်ဳိးအစားပါ။ Power ဖြင့္ၾကည့္ေတာ့ initialize လုပ္အၿပီး Generator #3 point fault (address 020) လာပါတယ္။
 ေနာက္ ER ထဲမွာရွိတဲ့ Panel ႏွစ္ခုကို သြားၾကည့္ပါတယ္။ Pump နဲ႔ solenoid ေတြကို control လုပ္တဲ့ panel ရယ္၊ Sensor IO card ေတြရွိတဲ့ panel ရယ္ပါ။ ဒုတိယ panel ဖြင့္ၾကည့္လိုက္ေတာ့ Sensor တစ္ခုစီအတြက္ IO card တစ္ခုစီ ထိုင္ထားတာ ေတြ႕ရပါတယ္။ ဒီသေဘၤာမွာေတာ့ water mist အတြက္ Sensor ၅ ခုပဲ ရွိပါတယ္။ တစ္ခုစီရဲ႕ address ေတြကို ေဘးမွာ လက္ေရးနဲ႔ ေရးထားတာ ေတြရပါတယ္။ 16 ကေန 20 ထိပါ။ ႀကိဳးေတြက ဟိုတစ္စ ဒီတစ္စ ျဖဳတ္ထားလို႔ တို႔လို႔ တန္းလန္းပါ။ အစဆုံး အဝင္ Power တိုင္းၾကည့္ေတာ့ 24V DC ရွိပါတယ္။
ဘယ္ႀကိဳးက ဘာလဲ အရင္ နားလည္ေအာင္ ၾကည့္ပါတယ္။ အဝင္ Main panel ဆီက လာတဲ့ power ႀကိဳး ႏွစ္ေခ်ာင္း ရွိတယ္။ Power ႀကိဳး ႏွစ္စကိုမွ looping လုပ္ၿပီး ကဒ္ ၅ ခုကို ေပးထားပါတယ္။ ေနာက္ ကဒ္တစ္ခုစီက Sensor အတြက္ ႀကိဳး ႏွစ္ေခ်ာင္းစီ ထြက္လာပါတယ္။ ေနာက္ထပ္ အနီအနက္ ႀကိဳ ၂ ေခ်ာင္းစီလည္း ရွိပါေသးတယ္။ ဘာအတြက္ရယ္ေတာ့ မသိေသးပါဘူး။
လက္ရွိ ကဒ္ ႏွစ္ခု ျဖဳတ္ထားတာ ေတြ႕ရၿပီး အမ်ဳိးအစားမတူတဲ့ IO ကဒ္တစ္ခုကို အဝင္ main power supply 24V မွာ ႀကိဳး ႏွစ္ေခ်ာင္းပဲ ခြဆက္ထားတာ ေတြ႕ရပါတယ္။ ဒီေတာ့ အခု fault ျပေနတဲ့ address 20 ကို ျပန္ယူလာတဲ့ ကဒ္ တပ္ၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ မတပ္ခင္ short နဲ႔ earth fault ရွိမရွိ အထြက္ႀကိဳးေတြကို စစ္ပါတယ္။ ၿပီးမွ ႀကိဳးေတြျပန္တပ္လိုက္ပါတယ္။ ေနာက္ထပ္ ကဒ္ 19 မွာလည္း sensor ႀကိဳး တစ္စ ျဖဳတ္ထားလို႔ ျပန္တပ္လိုက္ပါတယ္။ ဒါဆို မတပ္ရေသးတာ Address 17 ကဒ္ တစ္ခုပဲ က်န္ပါေတာ့တယ္။
ECR ထဲျပန္သြားၿပီး main panel မွာ reset လုပ္လိုက္ေတာ့ ဘာ fault မွ မက်န္ေတာ့ပါဘူး။ ဒီေလာက္ဆို ေလာေလာဆယ္ ေျပလည္သြားၿပီေပါ့။ ဒါေပမဲ့ ဒီစံနစ္ကို နားလည္ေအာင္ေတာ့ လုပ္ၾကည့္ရဦးမွာပါ။ ပထမဆုံး Sensor point ေတြနဲ႔ address ေတြ ဘယ္လို အလုပ္လုပ္သလဲ သိဖို႔ လိုပါတယ္။ Address က sensor မွာရွိတာ မဟုတ္ပဲ IO card ေတြေပၚမွာ ရွိတယ္လို႔ ထင္ပါတယ္။ ဘာလို႔လဲဆိုေတာ့ နံပါတ္ 16 sensor ႀကိဳး ျဖဳတ္ထားတာေတြ႕ေပမဲ့ သူ႔အတြက္ fault မေပၚေနလို႔ပါ။ ဒါဆိုေတာ့ ကဒ္တစ္ခုစီမွာ address တစ္ခုစီရွိေနၿပီး အဲဒီကဒ္ကေန sensor တစ္ခုစီကို ျပန္ဆက္ထားေပးတာျဖစ္ပါမယ္။ ေနာက္ၿပီး addressable fire alarm ေတြရဲ႕ ထုံးစံအတိုင္း loop တစ္ခုအတြင္းမွာျဖစ္တဲ့အတြက္ ကဒ္အားလုံးကို parallel ခ်ိတ္ထားလိုက္တဲ့ သေဘာပါ။
ဒါဆိုရင္ အမ်ဳိးအစားမတူတဲ့ ကဒ္တစ္ခု parallel ခ်ိတ္ထားတာရယ္၊ နံပါတ္ 17 မွာ မူလ IO card မရွိေပမဲ့ fault မျပေတာ့တာရယ္ေၾကာင့္ အဲဒီ မတူတဲ့ ကဒ္က address 17 ထည့္ထားတဲ့သေဘာ။ ေလာေလာဆယ္ fault မရွိေအာင္ bypass လုပ္ထားတာလို႔ ထင္ပါတယ္။ ေသခ်ာေအာင္ အဲဒီကဒ္ကို ျဖဳတ္ၾကည့္လိုက္ေတာ့ address 17 နဲ႔ ဆိုင္တဲ့ point အတြက္ fault တက္လာပါတယ္။ ဒါဆို ကၽြန္ေတာ္ေတြးတာ မွန္တယ္ေပါ့။ ဒါနဲ႔ ျပန္တပ္ထားလိုက္ပါတယ္။ (ကံေကာင္းေထာက္မစြာနဲ႔ ျပန္ယူလာတဲ့ ကဒ္က address 20 ရွိတဲ့ ကဒ္ ျဖစ္ေနေပလို႔ေပါ့။)
လက္ရွိအေနအထားကို super အစ္ကို နဲ႔ စက္ခ်ဳပ္ကို ျပလိုက္ပါတယ္။Fault မရွိေတာ့ဘူး။ 17 အတြက္ ကဒ္ ျဖဳတ္ထားၿပီး ယာယီ အမ်ဳိးမတူတဲ့ ကဒ္နဲ႔ ထည့္ၿပီး ေက်ာ္ထားတယ္။ ဒီေတာ့ ကဒ္တစ္ခု မွာရမယ္ေပါ့။ Sensor ေတြ ေကာင္း၊ မေကာင္း Simulation test လုပ္ၾကည့္မယ္ဆိုေတာ့ ကဒ္အသစ္ ရတဲ့အခ်ိန္မွ တစ္ခါထဲ စမ္းမယ္ဆိုပါတယ္။ ေလာေလာဆယ္ Surveyor ကို ျပလိုရရင္ အဆင္ေျပတယ္ဆိုလို႔ ထားခဲ့ပါတယ္။ IO card အသစ္မွာတဲ့အခါ address 20 ကို တစ္ခါထဲ program ထည့္ေပးဖို႔ သတိေပးလိုက္ပါတယ္။ မဟုတ္ရင္ address ထည့္ဖို႔က တစ္ဒုကၡပါ။ ဒီအမ်ဳိးအစားက address ကို software coding ထည့္ရတဲ့ အမ်ဳိးအစားမို႔ပါ။ 
အားလုံး ျပန္ၾကည့္ရရင္ ကၽြန္ေတာ္ ဘာမွ ေထြေထြထူးထူး လုပ္မေပးခဲ့ရပဲ ႀကိဳးျပန္တပ္ေပးၿပီး ျပန္ခဲ့တဲ့အလုပ္ေလး တစ္ခုေပါ့ဗ်ာ။ Super အစ္ကိုကေတာ့ တ႐ုတ္ေတြမ်ား သူ႔ကို ဂ်င္းထည့္သလား မသိဘူး ဆိုပဲ။ 

[Unicode]

ဒီတစ်ခေါက် သင်္ဘောပေါ်သွားခဲ့ရတာ ပျော်ပါတယ်။ သူ့စာတွေကို fb ပေါ်မှာ ဖတ်ရပြီး လေးစားခဲ့တဲ့ နောင်တော် တစ်ယောက်နဲ့ ဆုံခွင့်ရခဲ့လို့ပါ။ ဒီကျွန်းသေးသေးလေးမှာ ဒီလောက်ကြာကြာ နေခဲ့ပေမဲ့ မဆုံဖြစ်ခဲ့ဘူး။ ခုဆုံရတော့ သူတာဝန်ယူထားတဲ့ သင်္ဘောတစ်စီးမှာ Water Mist system ကို စစ်ပေးဖို့ တက်ခဲ့ရပါတယ်။ ဒါပေမဲ့ .. ဒါပေမဲ့ပေါ့။ နောက်ပြီးမှ အကြောင်းစုံ ပြောပြပါမယ်။ သင်္ဘောမှာ ဓာတ်ကြိုးမရှိ။ စက်ချုပ်က အင်ဒိုပါ။
Super ဖြစ်တဲ့ အစ်ကိုကပဲ အကျိုးအကြောင်း ရှင်းပြပါတယ်။ ပြီးခဲ့တဲ့ လအနည်းငယ်က Water Mist system မှာ fault တစ်ခုတက်လို့ တရုတ် shore technician တစ်ယောက် လာစစ်တယ်။ Card မကောင်းဘူးဆိုပါတယ်။ နောက်တစ်ခေါက် သူတို့အဖွဲ့က တစ်ယောက် ပြန်တက်ပြီး ကဒ်တစ်ခု ယာယီ လဲပေးခဲ့တယ်။ မကောင်းတဲ့ ကဒ် နောက်တစ်ခု ဖြုတ်ယူသွားတယ်တဲ့။ 
အခု Surveyor စစ်ကာနီးတော့ သူတို့ကလည်း မအားတာနဲ့ သူတို့ဖြုတ်ယူသွားခဲ့တဲ့ ကဒ်တစ်ကဒ် ပြန်ယူလာပြီး အရေးပေါ် လာလုပ်ရတာပါ။ လောလောဆယ် fault မရှိအောင် အရင်ဖျောက်ဖို့ရယ်၊ ဘာတွေ ပျက်လို့ ဘာတွေ လိုတယ်ဆိုတာရယ် စစ်ပေးဖို့ ပြောပါတယ်။
ECR ထဲမှာရှိတဲ့ control panel ကိုအရင်ကြည့်ပါတယ်။ တရုတ်ကထုတ်တဲ့ Bright Sky အမျိုးအစားပါ။ Power ဖွင့်ကြည့်တော့ initialize လုပ်အပြီး Generator #3 point fault (address 020) လာပါတယ်။ နောက် ER ထဲမှာရှိတဲ့ Panel နှစ်ခုကို သွားကြည့်ပါတယ်။ Pump နဲ့ solenoid တွေကို control လုပ်တဲ့ panel ရယ်၊ Sensor IO card တွေရှိတဲ့ panel ရယ်ပါ။ ဒုတိယ panel ဖွင့်ကြည့်လိုက်တော့ Sensor တစ်ခုစီအတွက် IO card တစ်ခုစီ ထိုင်ထားတာ တွေ့ရပါတယ်။ ဒီသင်္ဘောမှာတော့ water mist အတွက် Sensor ၅ ခုပဲ ရှိပါတယ်။ တစ်ခုစီရဲ့ address တွေကို ဘေးမှာ လက်ရေးနဲ့ ရေးထားတာ တွေရပါတယ်။ 16 ကနေ 20 ထိပါ။ ကြိုးတွေက ဟိုတစ်စ ဒီတစ်စ ဖြုတ်ထားလို့ တို့လို့ တန်းလန်းပါ။ အစဆုံး အဝင် Power တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဘယ်ကြိုးက ဘာလဲ အရင် နားလည်အောင် ကြည့်ပါတယ်။ အဝင် Main panel ဆီက လာတဲ့ power ကြိုး နှစ်ချောင်း ရှိတယ်။ Power ကြိုး နှစ်စကိုမှ looping လုပ်ပြီး ကဒ် ၅ ခုကို ပေးထားပါတယ်။ နောက် ကဒ်တစ်ခုစီက Sensor အတွက် ကြိုး နှစ်ချောင်းစီ ထွက်လာပါတယ်။ နောက်ထပ် အနီအနက် ကြို ၂ ချောင်းစီလည်း ရှိပါသေးတယ်။ ဘာအတွက်ရယ်တော့ မသိသေးပါဘူး။
လက်ရှိ ကဒ် နှစ်ခု ဖြုတ်ထားတာ တွေ့ရပြီး အမျိုးအစားမတူတဲ့ IO ကဒ်တစ်ခုကို အဝင် main power supply 24V မှာ ကြိုး နှစ်ချောင်းပဲ ခွဆက်ထားတာ တွေ့ရပါတယ်။ ဒီတော့ အခု fault ပြနေတဲ့ address 20 ကို ပြန်ယူလာတဲ့ ကဒ် တပ်ကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ မတပ်ခင် short နဲ့ earth fault ရှိမရှိ အထွက်ကြိုးတွေကို စစ်ပါတယ်။ ပြီးမှ ကြိုးတွေပြန်တပ်လိုက်ပါတယ်။ နောက်ထပ် ကဒ် 19 မှာလည်း sensor ကြိုး တစ်စ ဖြုတ်ထားလို့ ပြန်တပ်လိုက်ပါတယ်။ ဒါဆို မတပ်ရသေးတာ Address 17 ကဒ် တစ်ခုပဲ ကျန်ပါတော့တယ်။
ECR ထဲပြန်သွားပြီး main panel မှာ reset လုပ်လိုက်တော့ ဘာ fault မှ မကျန်တော့ပါဘူး။ ဒီလောက်ဆို လောလောဆယ် ပြေလည်သွားပြီပေါ့။ ဒါပေမဲ့ ဒီစံနစ်ကို နားလည်အောင်တော့ လုပ်ကြည့်ရဦးမှာပါ။ ပထမဆုံး Sensor point တွေနဲ့ address တွေ ဘယ်လို အလုပ်လုပ်သလဲ သိဖို့ လိုပါတယ်။ Address က sensor မှာရှိတာ မဟုတ်ပဲ IO card တွေပေါ်မှာ ရှိတယ်လို့ ထင်ပါတယ်။ ဘာလို့လဲဆိုတော့ နံပါတ် 16 sensor ကြိုး ဖြုတ်ထားတာတွေ့ပေမဲ့ သူ့အတွက် fault မပေါ်နေလို့ပါ။ ဒါဆိုတော့ ကဒ်တစ်ခုစီမှာ address တစ်ခုစီရှိနေပြီး အဲဒီကဒ်ကနေ sensor တစ်ခုစီကို ပြန်ဆက်ထားပေးတာဖြစ်ပါမယ်။ နောက်ပြီး addressable fire alarm တွေရဲ့ ထုံးစံအတိုင်း loop တစ်ခုအတွင်းမှာဖြစ်တဲ့အတွက် ကဒ်အားလုံးကို parallel ချိတ်ထားလိုက်တဲ့ သဘောပါ။
ဒါဆိုရင် အမျိုးအစားမတူတဲ့ ကဒ်တစ်ခု parallel ချိတ်ထားတာရယ်၊ နံပါတ် 17 မှာ မူလ IO card မရှိပေမဲ့ fault မပြတော့တာရယ်ကြောင့် အဲဒီ မတူတဲ့ ကဒ်က address 17 ထည့်ထားတဲ့သဘော။ လောလောဆယ် fault မရှိအောင် bypass လုပ်ထားတာလို့ ထင်ပါတယ်။ သေချာအောင် အဲဒီကဒ်ကို ဖြုတ်ကြည့်လိုက်တော့ address 17 နဲ့ ဆိုင်တဲ့ point အတွက် fault တက်လာပါတယ်။ ဒါဆို ကျွန်တော်တွေးတာ မှန်တယ်ပေါ့။ ဒါနဲ့ ပြန်တပ်ထားလိုက်ပါတယ်။ (ကံကောင်းထောက်မစွာနဲ့ ပြန်ယူလာတဲ့ ကဒ်က address 20 ရှိတဲ့ ကဒ် ဖြစ်နေပေလို့ပေါ့။)
လက်ရှိအနေအထားကို super အစ်ကို နဲ့ စက်ချုပ်ကို ပြလိုက်ပါတယ်။Fault မရှိတော့ဘူး။ 17 အတွက် ကဒ် ဖြုတ်ထားပြီး ယာယီ အမျိုးမတူတဲ့ ကဒ်နဲ့ ထည့်ပြီး ကျော်ထားတယ်။ ဒီတော့ ကဒ်တစ်ခု မှာရမယ်ပေါ့။ Sensor တွေ ကောင်း၊ မကောင်း Simulation test လုပ်ကြည့်မယ်ဆိုတော့ ကဒ်အသစ် ရတဲ့အချိန်မှ တစ်ခါထဲ စမ်းမယ်ဆိုပါတယ်။ လောလောဆယ် Surveyor ကို ပြလိုရရင် အဆင်ပြေတယ်ဆိုလို့ ထားခဲ့ပါတယ်။ IO card အသစ်မှာတဲ့အခါ address 20 ကို တစ်ခါထဲ program ထည့်ပေးဖို့ သတိပေးလိုက်ပါတယ်။ မဟုတ်ရင် address ထည့်ဖို့က တစ်ဒုက္ခပါ။ ဒီအမျိုးအစားက address ကို software coding ထည့်ရတဲ့ အမျိုးအစားမို့ပါ။ 
အားလုံး ပြန်ကြည့်ရရင် ကျွန်တော် ဘာမှ ထွေထွေထူးထူး လုပ်မပေးခဲ့ရပဲ ကြိုးပြန်တပ်ပေးပြီး ပြန်ခဲ့တဲ့အလုပ်လေး တစ်ခုပေါ့ဗျာ။ Super အစ်ကိုကတော့ တရုတ်တွေများ သူ့ကို ဂျင်းထည့်သလား မသိဘူး ဆိုပဲ။