Tuesday 12 March 2019

Generator (21) - KW hunting


ကၽြန္ေတာ္တို႔ေတြ ျပႆနာတစ္ခုကို စဥ္းစားတဲ့ ေနရာမွာ ဘာမွ ႀကိဳထင္မထားပဲ အရွိအတိုင္း အရင္စဥ္းစားသင့္ပါတယ္။ ကိုယ့္ထင္ျမင္ခ်င္ကို ေရွ႕ကတင္ၿပီး အေရာင္ခ်ယ္ စဥ္းစားရင္ လက္ေတြ႕ရလဒ္မွာ လြဲေခ်ာ္တာနဲ႔ ၾကဳံရတဲ့အခါ အမွန္နဲ႔ ပိုေဝးတဲ့ အေနအထား ေရာက္ရတဲ့ အေတြ႕အၾကဳံေလးတစ္ခုပါ။
Bulk Carrier တစ္စီးမွာပါ။ Generator ေတြ parallel ေမာင္းတဲ့အခါ KW hunting ျဖစ္တယ္လို႔ ဆိုပါတယ္။ ႐ုံးကတစ္ဆင့္ သိရတာကေတာ့ Generator ၃ လုံးရွိပါတယ္။ Taiyo အမ်ဳိးအစားေတြပါ။ မူလက Original Digital AVR ပါ။ အဲဒီထဲက ႏွစ္လုံးကို compatible ျဖစ္တဲ့ အမ်ဳိးအစား AVR နဲ႔ လဲထားတယ္ ေျပာပါတယ္။ တစ္လုံးခ်င္း ေမာင္းတဲ့အခါ ျပႆနာ မရွိေပမဲ့ parallel ေမာင္းရင္ KW မီတာက hunting ျဖစ္ေနတယ္ဆိုပါတယ္။
ဒါနဲ႔ ႐ုံးက လိုလိုမယ္မယ္ မူရင္း Digital AVR တစ္ခု ထည့္ေပးလိုက္ပါတယ္။ Super ကလည္း တစ္ပတ္ရစ္ Original Digital AVR တစ္လုံး ယူလာခဲ့ မယ္ဆိုပါတယ္။ 
သေဘၤာေပၚေရာက္ေတာ့ စက္ခ်ဳပ္နဲ႔ စက္-၂ က ဂရိေတြပါ။ Super ကလည္း ဂရိပါပဲ။ သေဘၤာက တ႐ုတ္ကို ေရာင္းထားၿပီးၿပီမို႔ တ႐ုတ္စက္ခ်ဳပ္နဲ႔ ဖားဓာတ္ႀကိဳး အသစ္ကို လႊဲေပးဖို႔ လုပ္ေနတာ ေတြ႕ရပါတယ္။ စက္-၂ ကပဲ ဦးေဆာင္ၿပီး အက်ဳိးအေၾကာင္း ရွင္းျပပါတယ္။ AE 1 နဲ႔ AE 3 က compatible အစားထိုး Analog AVR ေတြပါ။ AE 2 က မူရင္း Digital AVR ပါ။ ေလာေလာဆယ္ AE2 ေမာင္းထားပါတယ္။ Load 300KW ေလာက္မွာ Voltage ေရာ Frequency ပါ ၿငိမ္ေနပါတယ္။ KW မီတာကလည္း ၿငိမ္ပါတယ္။ AE1 ကို ေမာင္းၿပီး idle အေျခအေနမွာ Volt နဲ႔ Frequency တိုင္းၾကည့္ေတာ့ 442V နဲ႔ 60Hz ျဖစ္ၿပီး ၿငိမ္ပါတယ္။
ဒါနဲ႔ AE1 နဲ႔ AE2 ကို parallel ေမာင္းၾကည့္တာ အဆင္ေျပပါတယ္။ Load ေတြကို တင္ၾကည့္တာ တစ္လုံးစီမွာ 250 KW ေလာက္ ေရာက္ေပမဲ့ ဘာျပႆနာမွ မရွိပါဘူး။ ေကာင္းေနပါတယ္။ ဒါေပမဲ့ AE2 ရဲ႕ current က သိသိသာသာမ်ားေနပါတယ္။ အခုအေျခအေနမွာ 120A ေလာက္ ပိုမ်ားေနပါတယ္။ ဒါကေနာက္မွ ရွင္းတာေပါ့လို႔ ေျပာလိုက္တယ္။ 
ေနာက္ထပ္ AE3 ကို ေမာင္းပါတယ္။ သူလည္း တစ္လုံးထဲ idle ေမာင္းတဲ့ အခ်ိန္ V ေရာ Hz ပါ ၿငိမ္ပါတယ္။ ဒါနဲ႔ AE2 နဲ႔ AE3 ခ်ိတ္စမ္းတဲ့အခါမွာလည္း ျပႆနာ မရွိပဲ ေကာင္းေနပါတယ္။ ဒါနဲ႔ AE1 နဲ႔ AE3 ခ်ိတ္တဲ့ အခ်ိန္ KW မီတာရဲ႕ လက္တံက hunting ျဖစ္ၿပီး ခါရမ္းေနပါတယ္။ Load နည္းတဲ့အခ်ိန္ တစ္လုံး 150KW စီေလာက္အထိ ၿငိမ္ပါတယ္။ အဲဒါထက္ ပိုမွ ရမ္းတာပါ။ ရမ္းတဲ့ နႈံးက ေတာ္ေတာ္ေလး ျမန္ပါတယ္။ သတိထားမိတာက Current Ameter ကလည္း လိုက္ရမ္းေနတာကိုပါ။ ဒါနဲ႔ တစ္လုံးထဲ ေမာင္းဖို႔ ေျပာလိုက္ရပါတယ္။ တစ္လုံးထဲဆိုရင္ ဘယ္စက္ျဖစ္ျဖစ္ ၿငိမ္ေနတာပါပဲ။ ေနာက္တစ္ခ်က္က 1-2 နဲ႔ 2-3 ေကာင္းၿပီး 1-3 မွ မေကာင္းတာဆိုေတာ့ ဘုံမေကာင္းတဲ့ တစ္လုံးရယ္လို႔ ခြဲထုတ္လို႔ မရပါဘူး။
အဲဒီေတာ့ စဥ္းစားရပါၿပီ။ ပထမဆုံး ကၽြန္ေတာ္ေတြးမိတာက Load sharing ရဲ႕ သဘာဝပါ။ ကၽြန္ေတာ္ကိုယ္တိုင္ တစ္ဖြဖြ ရွင္းျပခဲ့တာေတြ ေခါင္းထဲ ေရာက္လာပါတယ္။ 

(1) Active load sharing ဆိုတာ KW ကို ခြဲယူတာ။ တစ္လုံးစီက ထုတ္တဲ့ Frequency မတူရင္ KW မတူပါဘူး။ 
(2) Reactive load sharing ဆိုတာက KVAR ခြဲယူတာပါ။ တစ္လုံးစီက ထုတ္တဲ့ Voltage မတူရင္ KVAR မတူပါ။ p.f နဲ႔ current လည္း မတူပါဘူး။

အခု ျမင္ေနရတာက KW hunting ျဖစ္ေနတယ္ဆိုေတာ့ တစ္ကယ္လို႔ တစ္လုံးလုံးက Freq hunting ျဖစ္ခဲ့ရင္ ဒါျဖစ္ႏိုင္ပါတယ္။ တစ္လုံးခ်င္း ေမာင္းတဲ့အခါ မရမ္းပဲ parallel မွ ရမ္းတယ္ဆိုတာကလည္း ထူးျခားခ်က္ပါ။ ဒါေပမဲ့ ကၽြန္ေတာ့ ေခါင္းထဲမွာ Active load (KW) နဲ႔ ဆက္စပ္ေနတဲ့ Frequency ဆိုတာႀကီးက ေနရာယူေနေတာ့ Governor ေတြရဲ႕ အေနအထား၊ Linkage ေရာက္တဲ့ ေနရာ၊ ဘာေတြ ထူးျခားေနတယ္ဆိုတာ စက္တစ္ခုနဲ႔ တစ္ခု နႈိင္းယွဥ္ၾကည့္ပါတယ္။ ဘာမွ ထူးျခားတာ မေတြ႕ရပါဘူး။ တစ္လုံးစီ ၿငိမ္ေပမဲ့ ႏွစ္လုံး အၿပိဳင္ေမာင္းတဲ့အခ်ိန္ Load ဆြဲအားေၾကာင့္ စက္ရဲ႕ တုန္႔ျပန္တဲ့နႈံး မတူရင္လည္း ျဖစ္ႏိုင္ပါတယ္။ Governor ရဲ႕ droop setting ေတြမ်ား မတူလို႔လား။ စဥ္းစားမိျပန္ပါတယ္။ Mechanical governor ျဖစ္တဲ့အတြက္ ကၽြန္ေတာ္ ကၽြမ္းက်င္တဲ့အပိုင္း မဟုတ္ပါဘူး။
 
ဒါနဲ႔ ႐ုံးက အစ္ကိုတစ္ေယာက္နဲ႔ ဖုန္းေျပာၿပီး တိုင္ပင္ၾကည့္ပါတယ္။ အဲဒီအစ္ကိုကပဲ အခု စက္ေတြမွာ ထူးျခားတာဆိုလို႔ ထည့္ထားတဲ့ AVR အမ်ဳိးအစားမတူတာပဲ ရွိတယ္။ ဒီေတာ့ ကၽြန္ေတာ္တို႔ယူလာတဲ့ AVR ရယ္၊ super ယူလာတဲ့ AVR ရယ္ original ႏွစ္ခု ေျပာင္းထည့္ စမ္းၾကည့္ပါလားလို႔ အၾကံေပးပါတယ္။ အဲလိုလုပ္ၾကည့္လိုက္လို႔ မရေတာ့မွ Governor ညိႇတဲ့အပိုင္း အၾကံးေပးဖို႔ ေျပာပါတယ္။ 
ဒီ အစီအစဥ္ကို စက္ခ်ဳပ္ကို ေျပာျပေတာ့ Super ရဲ႕ သေဘာတူညီခ်က္ယူရပါတယ္။ Super က သူယူလာတဲ့ AVR ကိုပဲ အရင္လဲၾကည့္ေစခ်င္ပါတယ္။ ဒါနဲ႔ AE3 ကို Super ယူလာတဲ့ Digital AVR နဲ႔ လဲတပ္လိုက္ပါတယ္။ ၿပီးတာနဲ႔ စမ္းၾကည့္လိုက္ေတာ့ အဆင္ေျပပါတယ္။ AE1 နဲ႔ AE3 ကို parallel ေမာင္းၿပီး Load 300KW နီးပါးစီအထိ တင္ၾကည့္တာ ၿငိမ္ေနပါတယ္။ KW လည္းမလႈပ္ Current လည္း မရမ္းေတာ့ပါဘူး။
ဒီေတာ့မွ ျပန္ၿပီး ေတြးယူရပါတယ္။ ဒီ Panel မွာ KW မီတာနဲ႔ Current Ameter ေတြ ရွိေပမဲ့ KVAR မီတာေတာ့ မရွိပါဘူး။ ဒီေတာ့ AVR performance မတူလို႔  တစ္လုံးစီရဲ႕ V output မတူခဲ့ရင္ KVAR ေျပာင္းေနမွာပါ။ အဲဒါဆိုရင္ Current ေျပာင္းေနမွာပါ။ KW မီတာ ဆိုတာ V နဲ႔ I ႏွစ္ခု ေပါင္းၿပီး ျပတဲ့ device ဆိုေတာ့ I လႈပ္တဲ့အတြက္ KW မီတာ ကလည္း လႈပ္ေနတာ ျဖစ္မယ္ထင္ပါတယ္။ အဲဒါကို ကၽြန္ေတာ့္ အေတြးက ပိတ္မိသြားၿပီး စက္ဘက္မွာ သြား အာ႐ုံေရာက္သြားခဲ့မိတာပါ။
အခု Orginal Digital AVR က အတိုင္းအတာ တစ္ခုအထိ tolerance လက္ခံႏိုင္တယ္ ထင္ပါတယ္။ ဒါေၾကာင့္ အနည္းဆုံး original AVR တစ္ခုနဲ႔ အစားထိုး AVR ဆိုရင္ ၿငိမ္တာျဖစ္ပါမယ္။ Compatible AVR ႏွစ္လုံးဆိုရင္ေတာ့ အတိမ္းအေစာင္း မခံပဲ load ဆြဲတဲ့အခါ ရမ္းေနတာ ျဖစ္ပါမယ္။

ထားပါေတာ့။ ေနာက္ ျပႆနာတစ္ခု က်န္ပါေသးတယ္။ အဲဒါက current မညီတာပါ။ အဲဒါညႇိဖို႔ လုပ္ပါတယ္။ အစဆုံး AE ၃ လုံးစလုံးရဲ႕ no load Voltage ေတြ ညီေအာင္ ညႇိပါတယ္။ ၿပီးတာနဲ႔ AE1 နဲ႔ AE2 ကို ခ်ိတ္လိုက္ၿပီး KW ညီတဲ့အထိ ေစာင့္လိုက္ပါတယ္။ 200KW ေလာက္စီ ညီသြားတဲ့အခါ AE1 က current 100A ေလာက္ နည္းေနပါတယ္။ လက္ရွိ AE1 က Analog AVR ျဖစ္ၿပီး AE2 က digital AVR ပါ။ ေနာက္ၿပီး ေစာေစာက ၃ လုံးၿပိဳင္ခ်ိတ္တုန္းမွာ AE2 နဲ႔ AE3 ရဲ႕ current က သိပ္မကြာပါဘူး။ ဒါေၾကာင့္ ညႇိမယ္ဆိုရင္ AE1 ရဲ႕ droop ကို ကစားၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒီသေဘၤာမွာ AVR ေတြကို MSB မွာ ထားေတာ့ လုပ္ရတာ ပိုလြယ္ပါတယ္။ Current ကို ၾကည့္ထားၿပီး AE1 AVR ေပၚက droop preset ေလးကို တစ္ျဖည္းျဖည္းခ်င္း လွည့္ပါတယ္။ ဒါေပမဲ့ ဆုံးသြားတဲ့ အထိ current က မေျပာင္းပါဘူး။ ေနာက္တစ္ခါ ေျပာင္းျပန္ လွည့္တာလည္း ေနာက္ တစ္ဘက္ အဆုံးသာ ေရာက္သြားတယ္ မေျပာင္းပါဘူး။
ဘာျဖစ္တာပါလိမ့္ဆိုတာ စဥ္းစားရင္း AVR ေပၚမွာ ေလွ်ာက္ၾကည့္ေတာ့ droop CT က လာတဲ့ L2, K2 terminal ႏွစ္ခုမွာ တပ္ထားတဲ့ ႀကိဳးေတြကို သတိထားမိပါတယ္။ terminal တစ္ခုမွာ ႀကိဳးႏွစ္စစီဝင္ေနပါတယ္။ ဒါဆို looping လုပ္ထားတာေပါ့။ CT ကလာတဲ့ ႀကိဳးကို looping လုပ္ၿပီး တစ္ေနရာသြားတယ္ဆိုေတာ့ စိတ္ထဲမွာ တစ္ခု သတိရသြားပါတယ္။ ဒါ CCC မ်ားလားလို႔။ 
ကၽြန္ေတာ္တို႔ generator ႏွစ္လုံးရဲ႕ reactive load ညီမွ်ေအာင္ ညႇိေပးတဲ့ နည္း ႏွစ္ခုရွိပါတယ္။ 
(1) Reactive Droop Compensation နည္းနဲ႔
(2) Cross Current Compensation (CCC) နည္းပါ။
အခု ဒီနည္းက CCC နည္း ျဖစ္ဖို႔ မ်ားပါတယ္။ CCC ဆိုရင္ CT ကေန AVR ကို current feedback ျပန္ေပးေနတဲ့ အခ်ိန္မွာ သူနဲ႔ အၿပိဳင္ တစ္ျခားစက္ရဲ႕ AVR ကို terminal ေျပာင္းျပန္ဆက္ၿပီး negative feedback ျပန္ေပးတဲ့ နည္းပါ။
ေသခ်ာေအာင္ ႀကိဳးေတြလိုက္ၾကည့္ေတာ့ AE1 ရဲ႕ L2 ႀကိဳးက AE2 ရဲ႕ K2 မွာ ဝင္ထားပါတယ္။ AE2 ရဲ႕ L2 က AE3 ရဲ႕ K2 ၊ AE3 ရဲ႕ L2 က AE1 ရဲ႕ K2 မွာ အျပန္အလွန္ ဆက္ထားတာ ေတြ႕ရပါတယ္။ ဒါဆို CCC ေသခ်ာၿပီေပါ့။ CCC နည္းဆိုရင္ Droop က သက္ေရာက္မႈ မရွိပါဘူး။ ဒါေၾကာင့္ ေစာေစာက droop လွည့္တဲ့အခါ current လိုက္မေျပာင္းတာပါ။ 
CCC နည္းမွာ ကၽြန္ေတာ္တို႔ ညႇိေပးစရာ မရွိေတာ့ပါဘူး။ AVR မ်ဳိးတူေတြပဲ သုံးသင့္ပါတယ္။ မတူလို႔ respond ကြာသြားတာနဲ႔ current ကြာသြားမွာပါ။
အဲဒီအေၾကာင္း စက္ခ်ဳပ္နဲ႔ super ကို ရွင္းျပရပါတယ္။ သူတို႔ သေဘာတူရင္ AE1 ကို ကၽြန္ေတာ္တို႔ AVR လဲထည့္ေပးမယ္ေျပာပါတယ္။ ဒါေပမဲ့ ႐ုံးကေျပာတဲ့ ေစ်းကို ညႇိလို႔ မရတာနဲ႔ မလဲပဲ ျပန္ဆင္းခဲ့ပါတယ္။

မွတ္ခ်က္။ ။ ၂၀၁၉ ဇြန္လ ၁ ရက္မွစၿပီး ကၽြန္ေတာ့္စာေတြကို ယူနီကုဒ္က အေပၚ၊ ေဇာ္ဂ်ီေဖာင့္ကေအာက္ ေျပာင္းလဲ ပါမယ္။ ၂၀၂၀ ဇႏၷဝါရီ ၁ ရက္မွ စၿပီး ယူနီကုဒ္ တစ္မ်ဳိးထဲ ေရးပါေတာ့မယ္။ ကၽြန္ေတာ္တို႔ေတြ ယူနီကုဒ္ကို ေျပာင္းၾကဖို႔ တိုက္တြန္းပါတယ္။


[Unicode]


ကျွန်တော်တို့တွေ ပြဿနာတစ်ခုကို စဉ်းစားတဲ့ နေရာမှာ ဘာမှ ကြိုထင်မထားပဲ အရှိအတိုင်း အရင်စဉ်းစားသင့်ပါတယ်။ ကိုယ့်ထင်မြင်ချင်ကို ရှေ့ကတင်ပြီး အရောင်ချယ် စဉ်းစားရင် လက်တွေ့ရလဒ်မှာ လွဲချော်တာနဲ့ ကြုံရတဲ့အခါ အမှန်နဲ့ ပိုဝေးတဲ့ အနေအထား ရောက်ရတဲ့ အတွေ့အကြုံလေးတစ်ခုပါ။
Bulk Carrier တစ်စီးမှာပါ။ Generator တွေ parallel မောင်းတဲ့အခါ KW hunting ဖြစ်တယ်လို့ ဆိုပါတယ်။ ရုံးကတစ်ဆင့် သိရတာကတော့ Generator ၃ လုံးရှိပါတယ်။ Taiyo အမျိုးအစားတွေပါ။ မူလက Original Digital AVR ပါ။ အဲဒီထဲက နှစ်လုံးကို compatible ဖြစ်တဲ့ အမျိုးအစား AVR နဲ့ လဲထားတယ် ပြောပါတယ်။ တစ်လုံးချင်း မောင်းတဲ့အခါ ပြဿနာ မရှိပေမဲ့ parallel မောင်းရင် KW မီတာက hunting ဖြစ်နေတယ်ဆိုပါတယ်။ 
ဒါနဲ့ ရုံးက လိုလိုမယ်မယ် မူရင်း Digital AVR တစ်ခု ထည့်ပေးလိုက်ပါတယ်။ Super ကလည်း တစ်ပတ်ရစ် Original Digital AVR တစ်လုံး ယူလာခဲ့ မယ်ဆိုပါတယ်။ 
သင်္ဘောပေါ်ရောက်တော့ စက်ချုပ်နဲ့ စက်-၂ က ဂရိတွေပါ။ Super ကလည်း ဂရိပါပဲ။ သင်္ဘောက တရုတ်ကို ရောင်းထားပြီးပြီမို့ တရုတ်စက်ချုပ်နဲ့ ဖားဓာတ်ကြိုး အသစ်ကို လွှဲပေးဖို့ လုပ်နေတာ တွေ့ရပါတယ်။ စက်-၂ ကပဲ ဦးဆောင်ပြီး အကျိုးအကြောင်း ရှင်းပြပါတယ်။ AE 1 နဲ့ AE 3 က compatible အစားထိုး Analog AVR တွေပါ။ AE 2 က မူရင်း Digital AVR ပါ။ လောလောဆယ် AE2 မောင်းထားပါတယ်။ Load 300KW လောက်မှာ Voltage ရော Frequency ပါ ငြိမ်နေပါတယ်။ KW မီတာကလည်း ငြိမ်ပါတယ်။ AE1 ကို မောင်းပြီး idle အခြေအနေမှာ Volt နဲ့ Frequency တိုင်းကြည့်တော့ 442V နဲ့ 60Hz ဖြစ်ပြီး ငြိမ်ပါတယ်။
ဒါနဲ့ AE1 နဲ့ AE2 ကို parallel မောင်းကြည့်တာ အဆင်ပြေပါတယ်။ Load တွေကို တင်ကြည့်တာ တစ်လုံးစီမှာ 250 KW လောက် ရောက်ပေမဲ့ ဘာပြဿနာမှ မရှိပါဘူး။ ကောင်းနေပါတယ်။ ဒါပေမဲ့ AE2 ရဲ့ current က သိသိသာသာများနေပါတယ်။ အခုအခြေအနေမှာ 120A လောက် ပိုများနေပါတယ်။ ဒါကနောက်မှ ရှင်းတာပေါ့လို့ ပြောလိုက်တယ်။ 
နောက်ထပ် AE3 ကို မောင်းပါတယ်။ သူလည်း တစ်လုံးထဲ idle မောင်းတဲ့ အချိန် V ရော Hz ပါ ငြိမ်ပါတယ်။ ဒါနဲ့ AE2 နဲ့ AE3 ချိတ်စမ်းတဲ့အခါမှာလည်း ပြဿနာ မရှိပဲ ကောင်းနေပါတယ်။ ဒါနဲ့ AE1 နဲ့ AE3 ချိတ်တဲ့ အချိန် KW မီတာရဲ့ လက်တံက hunting ဖြစ်ပြီး ခါရမ်းနေပါတယ်။ Load နည်းတဲ့အချိန် တစ်လုံး 150KW စီလောက်အထိ ငြိမ်ပါတယ်။ အဲဒါထက် ပိုမှ ရမ်းတာပါ။ ရမ်းတဲ့ နှုံးက တော်တော်လေး မြန်ပါတယ်။ သတိထားမိတာက Current Ameter ကလည်း လိုက်ရမ်းနေတာကိုပါ။ ဒါနဲ့ တစ်လုံးထဲ မောင်းဖို့ ပြောလိုက်ရပါတယ်။ တစ်လုံးထဲဆိုရင် ဘယ်စက်ဖြစ်ဖြစ် ငြိမ်နေတာပါပဲ။ နောက်တစ်ချက်က 1-2 နဲ့ 2-3 ကောင်းပြီး 1-3 မှ မကောင်းတာဆိုတော့ ဘုံမကောင်းတဲ့ တစ်လုံးရယ်လို့ ခွဲထုတ်လို့ မရပါဘူး။
အဲဒီတော့ စဉ်းစားရပါပြီ။ ပထမဆုံး ကျွန်တော်တွေးမိတာက Load sharing ရဲ့ သဘာဝပါ။ ကျွန်တော်ကိုယ်တိုင် တစ်ဖွဖွ ရှင်းပြခဲ့တာတွေ ခေါင်းထဲ ရောက်လာပါတယ်။ 

(1) Active load sharing ဆိုတာ KW ကို ခွဲယူတာ။ တစ်လုံးစီက ထုတ်တဲ့ Frequency မတူရင် KW မတူပါဘူး။ 
(2) Reactive load sharing ဆိုတာက KVAR ခွဲယူတာပါ။ တစ်လုံးစီက ထုတ်တဲ့ Voltage မတူရင် KVAR မတူပါ။ p.f နဲ့ current လည်း မတူပါဘူး။

အခု မြင်နေရတာက KW hunting ဖြစ်နေတယ်ဆိုတော့ တစ်ကယ်လို့ တစ်လုံးလုံးက Freq hunting ဖြစ်ခဲ့ရင် ဒါဖြစ်နိုင်ပါတယ်။ တစ်လုံးချင်း မောင်းတဲ့အခါ မရမ်းပဲ parallel မှ ရမ်းတယ်ဆိုတာကလည်း ထူးခြားချက်ပါ။ ဒါပေမဲ့ ကျွန်တော့ ခေါင်းထဲမှာ Active load (KW) နဲ့ ဆက်စပ်နေတဲ့ Frequency ဆိုတာကြီးက နေရာယူနေတော့ Governor တွေရဲ့ အနေအထား၊ Linkage ရောက်တဲ့ နေရာ၊ ဘာတွေ ထူးခြားနေတယ်ဆိုတာ စက်တစ်ခုနဲ့ တစ်ခု နှိုင်းယှဉ်ကြည့်ပါတယ်။ ဘာမှ ထူးခြားတာ မတွေ့ရပါဘူး။ တစ်လုံးစီ ငြိမ်ပေမဲ့ နှစ်လုံး အပြိုင်မောင်းတဲ့အချိန် Load ဆွဲအားကြောင့် စက်ရဲ့ တုန့်ပြန်တဲ့နှုံး မတူရင်လည်း ဖြစ်နိုင်ပါတယ်။ Governor ရဲ့ droop setting တွေများ မတူလို့လား။ စဉ်းစားမိပြန်ပါတယ်။ Mechanical governor ဖြစ်တဲ့အတွက် ကျွန်တော် ကျွမ်းကျင်တဲ့အပိုင်း မဟုတ်ပါဘူး။ 
ဒါနဲ့ ရုံးက အစ်ကိုတစ်ယောက်နဲ့ ဖုန်းပြောပြီး တိုင်ပင်ကြည့်ပါတယ်။ အဲဒီအစ်ကိုကပဲ အခု စက်တွေမှာ ထူးခြားတာဆိုလို့ ထည့်ထားတဲ့ AVR အမျိုးအစားမတူတာပဲ ရှိတယ်။ ဒီတော့ ကျွန်တော်တို့ယူလာတဲ့ AVR ရယ်၊ super ယူလာတဲ့ AVR ရယ် original နှစ်ခု ပြောင်းထည့် စမ်းကြည့်ပါလားလို့ အကြံပေးပါတယ်။ အဲလိုလုပ်ကြည့်လိုက်လို့ မရတော့မှ Governor ညှိတဲ့အပိုင်း အကြံးပေးဖို့ ပြောပါတယ်။ 
ဒီ အစီအစဉ်ကို စက်ချုပ်ကို ပြောပြတော့ Super ရဲ့ သဘောတူညီချက်ယူရပါတယ်။ Super က သူယူလာတဲ့ AVR ကိုပဲ အရင်လဲကြည့်စေချင်ပါတယ်။ ဒါနဲ့ AE3 ကို Super ယူလာတဲ့ Digital AVR နဲ့ လဲတပ်လိုက်ပါတယ်။ ပြီးတာနဲ့ စမ်းကြည့်လိုက်တော့ အဆင်ပြေပါတယ်။ AE1 နဲ့ AE3 ကို parallel မောင်းပြီး Load 300KW နီးပါးစီအထိ တင်ကြည့်တာ ငြိမ်နေပါတယ်။ KW လည်းမလှုပ် Current လည်း မရမ်းတော့ပါဘူး။
ဒီတော့မှ ပြန်ပြီး တွေးယူရပါတယ်။ ဒီ Panel မှာ KW မီတာနဲ့ Current Ameter တွေ ရှိပေမဲ့ KVAR မီတာတော့ မရှိပါဘူး။ ဒီတော့ AVR performance မတူလို့  တစ်လုံးစီရဲ့ V output မတူခဲ့ရင် KVAR ပြောင်းနေမှာပါ။ အဲဒါဆိုရင် Current ပြောင်းနေမှာပါ။ KW မီတာ ဆိုတာ V နဲ့ I နှစ်ခု ပေါင်းပြီး ပြတဲ့ device ဆိုတော့ I လှုပ်တဲ့အတွက် KW မီတာ ကလည်း လှုပ်နေတာ ဖြစ်မယ်ထင်ပါတယ်။ အဲဒါကို ကျွန်တော့် အတွေးက ပိတ်မိသွားပြီး စက်ဘက်မှာ သွား အာရုံရောက်သွားခဲ့မိတာပါ။
အခု Orginal Digital AVR က အတိုင်းအတာ တစ်ခုအထိ tolerance လက်ခံနိုင်တယ် ထင်ပါတယ်။ ဒါကြောင့် အနည်းဆုံး original AVR တစ်ခုနဲ့ အစားထိုး AVR ဆိုရင် ငြိမ်တာဖြစ်ပါမယ်။ Compatible AVR နှစ်လုံးဆိုရင်တော့ အတိမ်းအစောင်း မခံပဲ load ဆွဲတဲ့အခါ ရမ်းနေတာ ဖြစ်ပါမယ်။

ထားပါတော့။ နောက် ပြဿနာတစ်ခု ကျန်ပါသေးတယ်။ အဲဒါက current မညီတာပါ။ အဲဒါညှိဖို့ လုပ်ပါတယ်။ အစဆုံး AE ၃ လုံးစလုံးရဲ့ no load Voltage တွေ ညီအောင် ညှိပါတယ်။ ပြီးတာနဲ့ AE1 နဲ့ AE2 ကို ချိတ်လိုက်ပြီး KW ညီတဲ့အထိ စောင့်လိုက်ပါတယ်။ 200KW လောက်စီ ညီသွားတဲ့အခါ AE1 က current 100A လောက် နည်းနေပါတယ်။ လက်ရှိ AE1 က Analog AVR ဖြစ်ပြီး AE2 က digital AVR ပါ။ နောက်ပြီး စောစောက ၃ လုံးပြိုင်ချိတ်တုန်းမှာ AE2 နဲ့ AE3 ရဲ့ current က သိပ်မကွာပါဘူး။ ဒါကြောင့် ညှိမယ်ဆိုရင် AE1 ရဲ့ droop ကို ကစားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီသင်္ဘောမှာ AVR တွေကို MSB မှာ ထားတော့ လုပ်ရတာ ပိုလွယ်ပါတယ်။ Current ကို ကြည့်ထားပြီး AE1 AVR ပေါ်က droop preset လေးကို တစ်ဖြည်းဖြည်းချင်း လှည့်ပါတယ်။ ဒါပေမဲ့ ဆုံးသွားတဲ့ အထိ current က မပြောင်းပါဘူး။ နောက်တစ်ခါ ပြောင်းပြန် လှည့်တာလည်း နောက် တစ်ဘက် အဆုံးသာ ရောက်သွားတယ် မပြောင်းပါဘူး။
ဘာဖြစ်တာပါလိမ့်ဆိုတာ စဉ်းစားရင်း AVR ပေါ်မှာ လျှောက်ကြည့်တော့ droop CT က လာတဲ့ L2, K2 terminal နှစ်ခုမှာ တပ်ထားတဲ့ ကြိုးတွေကို သတိထားမိပါတယ်။ terminal တစ်ခုမှာ ကြိုးနှစ်စစီဝင်နေပါတယ်။ ဒါဆို looping လုပ်ထားတာပေါ့။ CT ကလာတဲ့ ကြိုးကို looping လုပ်ပြီး တစ်နေရာသွားတယ်ဆိုတော့ စိတ်ထဲမှာ တစ်ခု သတိရသွားပါတယ်။ ဒါ CCC များလားလို့။ 
ကျွန်တော်တို့ generator နှစ်လုံးရဲ့ reactive load ညီမျှအောင် ညှိပေးတဲ့ နည်း နှစ်ခုရှိပါတယ်။ 
(1) Reactive Droop Compensation နည်းနဲ့
(2) Cross Current Compensation (CCC) နည်းပါ။
အခု ဒီနည်းက CCC နည်း ဖြစ်ဖို့ များပါတယ်။ CCC ဆိုရင် CT ကနေ AVR ကို current feedback ပြန်ပေးနေတဲ့ အချိန်မှာ သူနဲ့ အပြိုင် တစ်ခြားစက်ရဲ့ AVR ကို terminal ပြောင်းပြန်ဆက်ပြီး negative feedback ပြန်ပေးတဲ့ နည်းပါ။
သေချာအောင် ကြိုးတွေလိုက်ကြည့်တော့ AE1 ရဲ့ L2 ကြိုးက AE2 ရဲ့ K2 မှာ ဝင်ထားပါတယ်။ AE2 ရဲ့ L2 က AE3 ရဲ့ K2 ၊ AE3 ရဲ့ L2 က AE1 ရဲ့ K2 မှာ အပြန်အလှန် ဆက်ထားတာ တွေ့ရပါတယ်။ ဒါဆို CCC သေချာပြီပေါ့။ CCC နည်းဆိုရင် Droop က သက်ရောက်မှု မရှိပါဘူး။ ဒါကြောင့် စောစောက droop လှည့်တဲ့အခါ current လိုက်မပြောင်းတာပါ။ 
CCC နည်းမှာ ကျွန်တော်တို့ ညှိပေးစရာ မရှိတော့ပါဘူး။ AVR မျိုးတူတွေပဲ သုံးသင့်ပါတယ်။ မတူလို့ respond ကွာသွားတာနဲ့ current ကွာသွားမှာပါ။
အဲဒီအကြောင်း စက်ချုပ်နဲ့ super ကို ရှင်းပြရပါတယ်။ သူတို့ သဘောတူရင် AE1 ကို ကျွန်တော်တို့ AVR လဲထည့်ပေးမယ်ပြောပါတယ်။ ဒါပေမဲ့ ရုံးကပြောတဲ့ ဈေးကို ညှိလို့ မရတာနဲ့ မလဲပဲ ပြန်ဆင်းခဲ့ပါတယ်။

မှတ်ချက်။ ။ ၂၀၁၉ ဇွန်လ ၁ ရက်မှစပြီး ကျွန်တော့်စာတွေကို ယူနီကုဒ်က အပေါ်၊ ဇော်ဂျီဖောင့်ကအောက် ပြောင်းလဲ ပါမယ်။ ၂၀၂၀ ဇန္နဝါရီ ၁ ရက်မှ စပြီး ယူနီကုဒ် တစ်မျိုးထဲ ရေးပါတော့မယ်။ ကျွန်တော်တို့တွေ ယူနီကုဒ်ကို ပြောင်းကြဖို့ တိုက်တွန်းပါတယ်။

No comments:

Post a Comment