Saturday 30 March 2019

Electrical Switch Board (3) - ACB canmot be closed


Tanker တစ္စီးမွာပါ။ ESB ရဲ႕ Tie Breaker close လုပ္မရလို႔ သြားစစ္ခဲ့ရပါတယ္။ သေဘၤာေပၚေရာက္ေတာ့ ဂရိဓာတ္ႀကိဳးႀကီးက ရွင္းျပပါတယ္။ မေန႔က Surveyor လာစစ္ေတာ့ Emergency Generator ကို စမ္းျပရတယ္။ Test mode (Engine +ACB) ကို ေျပာင္းလိုက္ေတာ့ Engine က အလိုအေလ်ာက္ စေမာင္းတယ္။ ACB က မပိတ္သြားဘူး။ ဒါနဲ႔ သူစစ္ၾကည့္ၿပီး Timer တစ္လုံး လဲလိုက္ေတာ့ Generator ACB ပိတ္လို႔ ရသြားတယ္။ Surveyor လည္း လက္ခံသြားပါတယ္။ ဒါေပမဲ့ Nornal mode ကို ျပန္ထားေတာ့ Generator ACB က ပြင့္သြားတယ္။ Bus Tie ACB က မပိတ္ေတာ့ဘူး။ Surveyor ရွိတုန္းေတာ့ ESB က ေပးတဲ့ မီးေတြ ျပန္လင္းေအာင္ ခပ္တည္တည္နဲ႔ E-Gen ေမာင္းၿပီး မီးေပးထားခဲ့ရတယ္တဲ့။ ေနာက္ေတာ့ သူအမ်ဳိးမ်ဳိး ႀကိဳးစားၾကည့္တယ္။ ပိတ္လို႔ မရဘူး။ Manual ပိတ္တာလည္း မရဘူး ဆိုပါတယ္။ ဒါေပမဲ့ တစ္ခါတေလေတာ့ ရသြားတယ္တဲ့။ ထပ္စမ္းရင္ မရျပန္ဘူး ဆိုပါတယ္။ အခါ ၂၀ ေက်ာ္ စမ္းတာ ၂ ခါေလာက္ ပဲ ေကာင္းတယ္ေျပာပါတယ္။

ကၽြန္ေတာ္တို႔နဲ႔အတူ စမ္းျပပါတယ္။ ပထမ Test mode ေရႊ႕လိုက္ေတာ့ စက္ႏိုးတယ္။ Generator ACB close ျဖစ္သြားၿပီး ESB မွာ power ရေနပါတယ္။ ေနာက္ Normal mode ေျပာင္းလိုက္ေတာ့ Generator ACB open ျဖစ္သြားပါတယ္။ Bus Tie ACB ကေတာ့ close မျဖစ္ပါဘူး။ ACB အဝင္ MSB က လာတဲ့ power ရွိလား တိုင္းၾကည့္ေတာ့ 440V ရွိပါတယ္။ ဒါဆို ACB နဲ႔ပဲ ဆိုင္သြားၿပီ။ ACB က Hyundai အမ်ဳိးအစား Draw out type ပါ။ သူ႔ရဲ႕ UVT control supply နည္းနည္းႀကီးတဲ့ ရွည္ေမ်ာမ်ာ ပုံးေလးပါ။ Panel ေအာက္က နံရံမွာ ကပ္ထားပါတယ္။Charging status ကိုၾကည့္လိုက္ေတာ့လည္း Charged လို႔ ျပေနတယ္။ တစ္ကယ္လို႔ UVT coil မဆြဲေနရင္ Charged လို႔ မျပဘူး။ အခု Auto close မျဖစ္ေတာ့ Manual lever ဆြဲၿပီး close လုပ္ၾကည့္တယ္။ မရဘူး။ ACB ေပၚက push button ကို ႏွိပ္ၾကည့္တယ္။ မရျပန္ဘူး။ ဒါဆိုရင္ ACB ထဲက Mechanism ကပ္ေနတာ ျဖစ္ဖို႔ မ်ားသြားၿပီ။
အဝင္ power တိုင္းၾကည့္ေတာ့ 220V AC အထြက္က 14.5 V DC ရွိပါတယ္။ နည္းနည္းေတာ့ နည္းေနတယ္လို႔ ထင္တယ္။ ထားပါေတာ့။ Spring 
ေျပာရရင္ ACB ရဲ႕ Mechanical အပိုင္းကိုင္ဖို႔ confidence မရွိပါဘူး။ ဒါေပမဲ့ တတ္ႏိုင္သေလာက္ ၾကည့္ၾကည့္လိုက္မယ္ စိတ္ကူးပါတယ္။ ACB ကို ေမာင္းတံေလးထည့္ လွည့္ၿပီး rack out လုပ္လိုက္ပါတယ္။ Disvonnect / Isolated ျဖစ္သြားၿပီးမွ ေရွ႕အဖုံးကို ဖြင့္လိုက္ပါတယ္။
အထဲက UVT coil ရဲ႕ အလယ္က ဝင္႐ိုးေလးကို long nose plier ေလးနဲ႔ ဆြဲမၿပီး latch bracket ေလးနဲ႔ ဆြဲေထာက္ထားလိုက္ပါတယ္။

ဒါဆိုရင္ေတာ့ UVT ဆြဲေနတဲ့ သေဘာ simulate လုပ္ထားလိုက္ၿပီေပါ့။ Spring ကလည္း Charged အေနအထားမွာ ရွိေနပါတယ္။ Close (On) ခလုတ္ေလး ဖိမယ့္ေနရာက ပလပ္စတစ္ ေမာင္းတံေလးကို တြန္းၾကည့္ပါတယ္။ မရပါဘူး။ ဓာတ္မီးနဲ႔ ေသခ်ာၾကည့္ေတာ့ အဲဒီ ေမာင္းတံဖိလိုက္ရင္ ခ်ိတ္ၿပီး ဆြဲခ်ရမယ့္ ေနာက္က အဖုေလးနဲ႔ ခ်ိတ္က လြတ္ေနပါတယ္။ Test pen နဲ႔ ထိုးတြန္းၿပီး ခ်ိတ္ကို သူ႔ေနရာေရာက္ေအာင္ တြန္းပို႔ေပးလိုက္ပါတယ္။
ၿပီးေတာ့ ေစာေစာက ေနရာကို တြန္းဖိလိုက္တဲ့အခါ ေဗ်ာင္းကနဲျမည္ၿပီး ACB close ျဖစ္သြားပါတယ္။ ေနာက္ Open (off) ျပန္လုပ္။ လက္နဲ႔ေမာင္းတံကိုဆြဲၿပီး Spring Charge ျပန္လုပ္ပါတယ္။ ေနာက္တစ္ခါ ေသခ်ာထပ္ၾကည့္ေတာ့ ေစာေစာက အတိုင္း ခ်ိတ္ေလးက သူ႔ေနရာျပန္မေရာက္ေနျပန္ဘူး။ အဲဒီ ခ်ိတ္အေနအထားနဲ႔ ေမာင္းတံ ေရြ႕ပုံကို ေလ့လာၾကည့္ေတာ့ တစ္ကယ္ဆို Spring ဆြဲအားနဲ႔ သူ႔ေနရာ ျပန္ေရာက္ရမွာပါ။ ထည့္ထားတဲ့ greese ေတြက ထူျပစ္ေနလို႔ ကပ္ေနၿပီး spring ေပ်ာ့ေပ်ာ့ရဲ႕အားက ျပန္ဆြဲ မတင္ႏိုင္ေတာ့တာပါ။ WD40 ေတာင္းၿပီး နည္းနည္းေဆးလိုက္ပါတယ္။ ၿပီးမွ လႈပ္ရွားမႈ ေခ်ာေမြ႕ေအာင္ ေလ့က်င့္ခန္းလုပ္ေပးလိုက္ေတာ့ သူ႔ေနရာသူ ျပန္တက္သြားႏိုင္ပါၿပီ။ ACB ကို အႀကိမ္ေတာ္ေတာ္မ်ားမ်ား အဖြင့္အပိတ္လုပ္ၾကည့္ေတာ့ အဆင္ေျပသြားပါၿပီ။
UVT latch ကို မေမ့ေအာင္ ျပန္ခ်ၿပီး ACB ကို rack in ျပန္လုပ္ပါတယ္။ ျပန္စမ္းၾကည့္ေတာ့ အားလုံး ပုံမွန္အလုပ္လုပ္သြားပါၿပီ။ ႏွစ္ခါ သုံးခါ စမ္းျပလိုက္ေတာ့ စက္ခ်ဳပ္နဲ႔ ဓာတ္ႀကိဳးႀကီးလည္း ေက်နပ္သြားပါေတာ့တယ္။
တစ္ကယ္ဆို ၿပီးခဲ့တဲ့ ၄ လ ေလာက္က တ႐ုတ္မွာ dock ဝင္တုန္းမွာ တ႐ုတ္ technician ေတြ Service လုပ္ခဲ့တယ္ ဆိုပါတယ္။ Greese မထည့္သင့္တဲ့ေနရာ ထည္မိတာ၊ အဲဒီေနရာနဲ႔ မသင့္ေတာ္တဲ့ gresse ထည့္မိတာေၾကာင့္လို႔ ထင္ပါတယ္။

[Unicode]

Tanker တစ်စီးမှာပါ။ ESB ရဲ့ Tie Breaker close လုပ်မရလို့ သွားစစ်ခဲ့ရပါတယ်။ သင်္ဘောပေါ်ရောက်တော့ ဂရိဓာတ်ကြိုးကြီးက ရှင်းပြပါတယ်။ မနေ့က Surveyor လာစစ်တော့ Emergency Generator ကို စမ်းပြရတယ်။ Test mode (Engine +ACB) ကို ပြောင်းလိုက်တော့ Engine က အလိုအလျောက် စမောင်းတယ်။ ACB က မပိတ်သွားဘူး။ ဒါနဲ့ သူစစ်ကြည့်ပြီး Timer တစ်လုံး လဲလိုက်တော့ Generator ACB ပိတ်လို့ ရသွားတယ်။ Surveyor လည်း လက်ခံသွားပါတယ်။ ဒါပေမဲ့ Nornal mode ကို ပြန်ထားတော့ Generator ACB က ပွင့်သွားတယ်။ Bus Tie ACB က မပိတ်တော့ဘူး။ Surveyor ရှိတုန်းတော့ ESB က ပေးတဲ့ မီးတွေ ပြန်လင်းအောင် ခပ်တည်တည်နဲ့ E-Gen မောင်းပြီး မီးပေးထားခဲ့ရတယ်တဲ့။ နောက်တော့ သူအမျိုးမျိုး ကြိုးစားကြည့်တယ်။ ပိတ်လို့ မရဘူး။ Manual ပိတ်တာလည်း မရဘူး ဆိုပါတယ်။ ဒါပေမဲ့ တစ်ခါတလေတော့ ရသွားတယ်တဲ့။ ထပ်စမ်းရင် မရပြန်ဘူး ဆိုပါတယ်။ အခါ ၂၀ ကျော် စမ်းတာ ၂ ခါလောက် ပဲ ကောင်းတယ်ပြောပါတယ်။
ကျွန်တော်တို့နဲ့အတူ စမ်းပြပါတယ်။ ပထမ Test mode ရွှေ့လိုက်တော့ စက်နိုးတယ်။ Generator ACB close ဖြစ်သွားပြီး ESB မှာ power ရနေပါတယ်။ နောက် Normal mode ပြောင်းလိုက်တော့ Generator ACB open ဖြစ်သွားပါတယ်။ Bus Tie ACB ကတော့ close မဖြစ်ပါဘူး။ ACB အဝင် MSB က လာတဲ့ power ရှိလား တိုင်းကြည့်တော့ 440V ရှိပါတယ်။ ဒါဆို ACB နဲ့ပဲ ဆိုင်သွားပြီ။ ACB က Hyundai အမျိုးအစား Draw out type ပါ။ သူ့ရဲ့ UVT control supply နည်းနည်းကြီးတဲ့ ရှည်မျောမျာ ပုံးလေးပါ။ Panel အောက်က နံရံမှာ ကပ်ထားပါတယ်။ အဝင် power တိုင်းကြည့်တော့ 220V AC အထွက်က 14.5 V DC ရှိပါတယ်။ နည်းနည်းတော့ နည်းနေတယ်လို့ ထင်တယ်။ ထားပါတော့။ Spring Charging status ကိုကြည့်လိုက်တော့လည်း Charged လို့ ပြနေတယ်။ တစ်ကယ်လို့ UVT coil မဆွဲနေရင် Charged လို့ မပြဘူး။ အခု Auto close မဖြစ်တော့ Manual lever ဆွဲပြီး close လုပ်ကြည့်တယ်။ မရဘူး။ ACB ပေါ်က push button ကို နှိပ်ကြည့်တယ်။ မရပြန်ဘူး။ ဒါဆိုရင် ACB ထဲက Mechanism ကပ်နေတာ ဖြစ်ဖို့ များသွားပြီ။
ပြောရရင် ACB ရဲ့ Mechanical အပိုင်းကိုင်ဖို့ confidence မရှိပါဘူး။ ဒါပေမဲ့ တတ်နိုင်သလောက် ကြည့်ကြည့်လိုက်မယ် စိတ်ကူးပါတယ်။ ACB ကို မောင်းတံလေးထည့် လှည့်ပြီး rack out လုပ်လိုက်ပါတယ်။ Disvonnect / Isolated ဖြစ်သွားပြီးမှ ရှေ့အဖုံးကို ဖွင့်လိုက်ပါတယ်။ အထဲက UVT coil ရဲ့ အလယ်က ဝင်ရိုးလေးကို long nose plier လေးနဲ့ ဆွဲမပြီး latch bracket လေးနဲ့ ဆွဲထောက်ထားလိုက်ပါတယ်။ ဒါဆိုရင်တော့ UVT ဆွဲနေတဲ့ သဘော simulate လုပ်ထားလိုက်ပြီပေါ့။ Spring ကလည်း Charged အနေအထားမှာ ရှိနေပါတယ်။ Close (On) ခလုတ်လေး ဖိမယ့်နေရာက ပလပ်စတစ် မောင်းတံလေးကို တွန်းကြည့်ပါတယ်။ မရပါဘူး။ ဓာတ်မီးနဲ့ သေချာကြည့်တော့ အဲဒီ မောင်းတံဖိလိုက်ရင် ချိတ်ပြီး ဆွဲချရမယ့် နောက်က အဖုလေးနဲ့ ချိတ်က လွတ်နေပါတယ်။ Test pen နဲ့ ထိုးတွန်းပြီး ချိတ်ကို သူ့နေရာရောက်အောင် တွန်းပို့ပေးလိုက်ပါတယ်။ ပြီးတော့ စောစောက နေရာကို တွန်းဖိလိုက်တဲ့အခါ ဗျောင်းကနဲမြည်ပြီး ACB close ဖြစ်သွားပါတယ်။ နောက် Open (off) ပြန်လုပ်။ လက်နဲ့မောင်းတံကိုဆွဲပြီး Spring Charge ပြန်လုပ်ပါတယ်။ နောက်တစ်ခါ သေချာထပ်ကြည့်တော့ စောစောက အတိုင်း ချိတ်လေးက သူ့နေရာပြန်မရောက်နေပြန်ဘူး။ အဲဒီ ချိတ်အနေအထားနဲ့ မောင်းတံ ရွေ့ပုံကို လေ့လာကြည့်တော့ တစ်ကယ်ဆို Spring ဆွဲအားနဲ့ သူ့နေရာ ပြန်ရောက်ရမှာပါ။ ထည့်ထားတဲ့ greese တွေက ထူပြစ်နေလို့ ကပ်နေပြီး spring ပျော့ပျော့ရဲ့အားက ပြန်ဆွဲ မတင်နိုင်တော့တာပါ။ WD40 တောင်းပြီး နည်းနည်းဆေးလိုက်ပါတယ်။ ပြီးမှ လှုပ်ရှားမှု ချောမွေ့အောင် လေ့ကျင့်ခန်းလုပ်ပေးလိုက်တော့ သူ့နေရာသူ ပြန်တက်သွားနိုင်ပါပြီ။ ACB ကို အကြိမ်တော်တော်များများ အဖွင့်အပိတ်လုပ်ကြည့်တော့ အဆင်ပြေသွားပါပြီ။
UVT latch ကို မမေ့အောင် ပြန်ချပြီး ACB ကို rack in ပြန်လုပ်ပါတယ်။ ပြန်စမ်းကြည့်တော့ အားလုံး ပုံမှန်အလုပ်လုပ်သွားပါပြီ။ နှစ်ခါ သုံးခါ စမ်းပြလိုက်တော့ စက်ချုပ်နဲ့ ဓာတ်ကြိုးကြီးလည်း ကျေနပ်သွားပါတော့တယ်။
တစ်ကယ်ဆို ပြီးခဲ့တဲ့ ၄ လ လောက်က တရုတ်မှာ dock ဝင်တုန်းမှာ တရုတ် technician တွေ Service လုပ်ခဲ့တယ် ဆိုပါတယ်။ Greese မထည့်သင့်တဲ့နေရာ ထည်မိတာ၊ အဲဒီနေရာနဲ့ မသင့်တော်တဲ့ gresse ထည့်မိတာကြောင့်လို့ ထင်ပါတယ်။

No comments:

Post a Comment