Saturday 9 March 2019

Generator (20) - Frequency Hunting


ဒီတစ္ခါ Tanker တစ္စီးမွာ AE #1 frequency hunting ျဖစ္ေနတာ သြားၾကည့္ရပါတယ္။ Frequency hunting ဆိုရင္ Engine ဘက္နဲ႔ဆိုင္တာမို႔ သိပ္ေတာ့လုပ္ႏိုင္မယ္ မထင္မိပါဘူး။ ကိုယ္က mechanical ဆိုရင္၊ အထူးသျဖင့္ engine နဲ႔ ပတ္သတ္ရင္ ေတာ္ေတာ္ေလး ေဝးပါတယ္။ ဒါေပမဲ့ governor က electronic governor ဆိုေတာ့ နည္းနည္း စိတ္ဝင္စားသြားပါတယ္။ 
ပထမဆုံး ေနာက္ခံ အေၾကာင္းေလးကို အရင္နားေထာင္ၾကည့္ပါတယ္။ ျဖစ္ပုံက AE#1 မွာ fuel injector လဲတာက စပါတယ္။ တ႐ုတ္ တစ္ဖြဲ႕ လာၿပီး ခ်ိန္ညႇိေပးသြားပါတယ္တဲ့။ အဲဒီေနာက္ စက္က သိပ္မၿငိမ္ေတာ့ပါဘူး။ Frequency က hunting ျဖစ္ျဖစ္ေနပါတယ္တဲ့။ ၾကားျဖတ္ေျပာရရင္ Engine အမ်ဳိးအစားက Cummins ပါ။ ဒါနဲ႔ အစ္ကိုတစ္ေယာက္ တက္ၾကည့္ပါတယ္။ အစဆုံး ေမာင္းၾကည့္ေတာ့ နည္းနည္း ၿငိမ္ပါတယ္။ ေနာက္တစ္ေခါက္ စက္ရပ္ၿပီး ျပန္စေတာ့ ေဖါက္လာပါတယ္။ Idle speed ကလည္း အရင္က 900 rpm မွာခ်ိန္ထားတာ 1300 ေလာက္ ျဖစ္ေနပါတယ္တဲ့။ အဲဒါညႇိဖို႔ ႀကိဳးစားတာလည္း မရပါဘူး။ ေနာက္ rated speed 1800 rpm မွာလည္း hunting ျဖစ္ေနပါတယ္တဲ့။ ဒါနဲ႔ governor control card ေၾကာင့္လား မသကၤာတာနဲ႔ လဲၾကည့္ပါတယ္တဲ့။ ျဖစ္ခ်င္ေတာ့ cummins ရဲ႕ မူရင္း control card အသစ္ မရွိတာနဲ႔ သူနဲ႔ လဲသုံးလို႔ရတဲ့ ေနာက္ အမ်ဳိးအစားတစ္ခုနဲ႔ လဲၾကည့္ပါတယ္။ အဲဒါလည္း အဆင္မေျပဘူးေျပာပါတယ္။ ဒါေၾကာင့္ဒီေန႔ ကၽြန္ေတာ္နဲ႔ အဲဒီအစ္ကို အတူ ထပ္ႀကိဳးစား ညႇိၾကည့္မယ္။ ေနာက္ၿပီး Engine ပိုင္း ကၽြမ္းက်င္တဲ့ အစ္ကိုတစ္ေယာက္ ေန႔လည္ေလာက္မွာ လိုက္လာဖို႔ စီစဥ္ထားပါတယ္။

ေရာက္တာနဲ႔ AE#1 ရဲ႕ local control panel ကို ဖြင့္ျပပါတယ္။ Governor control card က အရင္ original card ကို ျပန္တပ္ထားပါတယ္။ စက္ခ်ဳပ္ကိုေျပာၿပီး စက္ေမာင္းၾကည့္ေတာ့ idle speed မွာ 300 rpm ေလာက္ပဲ ရွိပါတယ္။ ဒါနဲ႔ idle speed အတြက္ preset ေလးကို ျဖည္းျဖည္းခ်င္း လွည့္ညႇိၿပီး 900 rpm မွာ ခ်ိန္ထားလိုက္ပါတယ္။ ေနာက္ rated speed ေျပာင္းလိုက္ၿပီး 1800 rpm မွာ ခ်ိန္လိုက္ပါတယ္။ ေစာင့္ၾကည့္ေနေပမဲ့ rpm က ၿငိမ္ေနပါတယ္။ Hunting မျဖစ္ေနပါဘူး။ ျပန္ရပ္ၿပီး စက္ျပန္နႈိးၾကည့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါေၾကာင့္ idle ကို ျပန္ေျပာင္းလိုက္တဲ့အခါ rpm က 1300 ေအာက္ မက်ပါဘူူး။ ဒါနဲ႔ idle speed preset ကို ညႇိဖို႔ ႀကိဳးစားေပမဲ့ မရပါဘူး။ ဒါနဲ႔ ရပ္ပစ္လိုက္ၿပီး ခဏၾကာေတာ့ ျပန္နႈိးပါတယ္။ အဲဒီမွာလည္း idle speed 1300 rpm ေလာက္နဲ႔ စၿပီး rated speed မွာလည္း မၿငိမ္ေတာ့ပါဘူး။ 1750 နဲ႔ 1850 rpm ၾကားထဲမွာ ေျပးေနပါတယ္။ Hunting ျဖစ္ပုံက နည္းနည္းေတာ့ ထူးဆန္းတယ္။ စကၠန္႔ပိုင္းအတြင္းမွာ အေပၚေအာက္ လႈပ္ေနတာ မဟုတ္ဘူး။ အနိမ့္ဆုံးကေန အျမင့္ဆုံးေရာက္ဖို႔ ၁၀ - ၁၅ စကၠန္႔ေလာက္ၾကာၾကာ ျဖည္းျဖည္းခ်င္း လႊဲေနပါတယ္။
ဒါနဲ႔ governor control card လဲၾကည့္ဖို႔ စိတ္ကူးလိုက္ပါတယ္။ စက္ကိုရပ္၊ power ေတြပိတ္ၿပီး ကဒ္အသစ္လဲဖို႔ လုပ္ပါတယ္။ 
အမ်ဳိးအစား မတူပါဘူး။ က်န္တဲ့ ႀကိဳးေတြဆက္လိုက္ပါတယ္။ idle - rated ေျပာင္းတဲ့ ခလုတ္ကို ဆက္တဲ့ပုံက မတူပါဘူး။ ဒါနဲ႔ ကဒ္အသစ္မွာ ပါတဲ့ပုံစံအတိုင္း  ဆက္ထားလိုက္ပါတယ္။ ၿပီးတာနဲ႔ စမ္းၾကည့္ေတာ့ local panel မွာ ျပေနက် rpm LED display က မျပေတာ့ပါဘူး။ အေရးထဲ ဘာျဖစ္ျပန္တာလဲေပါ့။ ေစာေစာက ေျပာင္းလိုက္တဲ့ idle speed ေျပာင္းတဲ့ ႀကိဳးကို မူလကဒ္ အေဟာင္းကအတိုင္း ျပန္ဆက္လိုက္ပါတယ္။ စက္နႈိးၾကည့္ေတာ့လည္း rpm မျပေသးပါဘူး။ Pick-up (speed sensor) ကလာတဲ့ ႀကိဳးကို တိုင္းၾကည့္ေတာ့ voltage နဲ႔ AC frequency တစ္ခုထြက္ေနပါတယ္။ စိတ္ကို ေအးေအးထားၿပီး ဘာႀကိဳးေတြမွားလဲ ျပန္စစ္ၾကည့္ေတာ့ သံသယ ျဖစ္တာက pick-up sensor ႀကိဳး။ ဒါနဲ႔ ႀကိဳး အစႏွစ္ခုကို ေျပာင္းျပန္လွန္တပ္လိုက္ၿပီးု ျပန္စမ္းလိုက္ေတာ့ rpm ျပေနပါၿပီ။ ဒါေပမဲ့ idle speed က 1200 rpm ေက်ာ္ေနတုန္းပါပဲ။ ႀကိဳးစားညႇိတာလည္း မရပါဘူး။ ေနာက္ rated sperd မွာလည္း ေစာေစာကအတိုင္း slow swing ပုံစံနဲ႔ hunting ျဖစ္ေနတုန္းပါပဲ။ ဒီကဒ္မွာေတာ့ PID ညႇိစရာပါလို႔ အဲဒါေတြပါႀကိဳးစားခ်ိန္ၾကည့္ပါတယ္။ မထူးပါဘူး။ ကဒ္ႏွစ္ကဒ္လုံး ျဖစ္တဲ့ လကၡဏာတူေနတာမို႔ ကဒ္နဲ႔ေတာ့ မဆိုင္ဘူးလို႔ ယူဆလိုက္ပါတယ္။ ဒါနဲ႔ ျဖစိႏိုင္ေခ်ေတြက fuel pump လား၊ actuator ေၾကာင့္လား၊ cylinder timing ေၾကာင့္လား၊ ဆီမသန္႔လို႔လား တစ္ခုခုပါပဲ။ Fuel filter အသစ္လဲခိုင္းၿပီး စမ္းၾကေတာ့လည္း မထူးပါဘူး။
အဲဒီေတာ့ card အေဟာင္း ျပန္လဲထည့္ၿပီး  Engine ကၽြမ္းက်င္တဲ့ ဆရာသမားလာေအာင္ ေစာင့္ၿပီး စက္အပိုင္းကိုစစ္ဖို႔ ဆုံးျဖတ္လိုက္ၾကပါတယ္။ Fuel injector လဲၿပီးမွ ျဖစ္တာဆိုေတာ့ စက္ဘက္က ျဖစ္ႏိုင္ေခ် ပိုမ်ားတယ္ မဟုတ္လား။ Engine ဆရာ ေရာက္လာၿပီး စစ္ေတာ့ စက္ခ်ိန္ညႇိတဲ့အပိုင္းက မမွန္တာရယ္၊ Nozzle တစ္ခုလည္း ပိတ္ေနတာရယ္ ေတြ႕ပါတယ္။ သူ ျပင္ခ်ိန္ညႇိလိုက္ပါတယ္။ အေသးစိတ္ေတာ့ ကၽြန္ေတာ္ ကၽြမ္းက်င္တဲ့ အပိုင္း မဟုတ္လို႔ မေျပာျပေတာ့ဘူးေနာ္။
ၿပီးတဲ့အခ်ိန္ စမ္းေမာင္းၾကည့္ေတာ့ ျပႆနာ နည္းနည္း ရွိေနေသးတယ္။ ဒါနဲ႔ Acuator ကို ျဖဳတ္စစ္ပါတယ္။ မရရင္ေတာ့ fuel pump လဲမယ္ေပါ့။ Actuator အသစ္ရွိေတာ့ ယွဥ္ၾကည့္ပါတယ္။ Actuator အထဲက plunger ေလးက အသစ္နဲ႔ နည္းနည္း ကြာေနပါတယ္။ ေရြ႕တာကလည္း မေခ်ာေမြ႕ပါဘူး။ တစ္ဘက္ထိပ္ေရာက္ရင္ နည္းနည္း ညပ္သြားတာေတြ႕ရပါတယ္။ အဲဒီ Actuator လဲလိုက္ေတာ့ အားလုံး အဆင္ေျပသြားပါတယ္။

ျပန္ၾကည့္ရရင္ စက္ဘက္က ခ်ိန္ညႇိတာ မကိုက္တဲ့အတြက္ governor ရဲ႕ actuator ပုံမွန္ထက္ အလုပ္ပိုလုပ္ရၿပီး ကပ္သြားတာ ျဖစ္ႏိုင္မယ္ထင္ပါတယ္။ ဒါေၾကာင့္ အစဆုံး တစ္ေခါက္ actuator သိပ္မဖြင့္ရခင္ အဆင္ေျပေသးတယ္။ တစ္ခါ rated speed ေမာင္းၿပီး actuator က တစ္ဘက္ အစြန္ထိ ေရာက္သြားလို႔ ကပ္သြား၊ ညပ္သြားတဲ့အခါ idle speed ျပန္ခ် မရတာ ေခ်ာေခ်ာေမြ႕ေမြ႕ မျဖစ္ေတာ့တာ ျဖစ္ႏိုင္ပါတယ္။

[Unicode]

Generator (20) - Frequency hunting

ဒီတစ်ခါ Tanker တစ်စီးမှာ AE #1 frequency hunting ဖြစ်နေတာ သွားကြည့်ရပါတယ်။ Frequency hunting ဆိုရင် Engine ဘက်နဲ့ဆိုင်တာမို့ သိပ်တော့လုပ်နိုင်မယ် မထင်မိပါဘူး။ ကိုယ်က mechanical ဆိုရင်၊ အထူးသဖြင့် engine နဲ့ ပတ်သတ်ရင် တော်တော်လေး ဝေးပါတယ်။ ဒါပေမဲ့ governor က electronic governor ဆိုတော့ နည်းနည်း စိတ်ဝင်စားသွားပါတယ်။ 
ပထမဆုံး နောက်ခံ အကြောင်းလေးကို အရင်နားထောင်ကြည့်ပါတယ်။ ဖြစ်ပုံက AE#1 မှာ fuel injector လဲတာက စပါတယ်။ တရုတ် တစ်ဖွဲ့ လာပြီး ချိန်ညှိပေးသွားပါတယ်တဲ့။ အဲဒီနောက် စက်က သိပ်မငြိမ်တော့ပါဘူး။ Frequency က hunting ဖြစ်ဖြစ်နေပါတယ်တဲ့။ ကြားဖြတ်ပြောရရင် Engine အမျိုးအစားက Cummins ပါ။ ဒါနဲ့ အစ်ကိုတစ်ယောက် တက်ကြည့်ပါတယ်။ အစဆုံး မောင်းကြည့်တော့ နည်းနည်း ငြိမ်ပါတယ်။ နောက်တစ်ခေါက် စက်ရပ်ပြီး ပြန်စတော့ ဖေါက်လာပါတယ်။ Idle speed ကလည်း အရင်က 900 rpm မှာချိန်ထားတာ 1300 လောက် ဖြစ်နေပါတယ်တဲ့။ အဲဒါညှိဖို့ ကြိုးစားတာလည်း မရပါဘူး။ နောက် rated speed 1800 rpm မှာလည်း hunting ဖြစ်နေပါတယ်တဲ့။ ဒါနဲ့ governor control card ကြောင့်လား မသင်္ကာတာနဲ့ လဲကြည့်ပါတယ်တဲ့။ ဖြစ်ချင်တော့ cummins ရဲ့ မူရင်း control card အသစ် မရှိတာနဲ့ သူနဲ့ လဲသုံးလို့ရတဲ့ နောက် အမျိုးအစားတစ်ခုနဲ့ လဲကြည့်ပါတယ်။ အဲဒါလည်း အဆင်မပြေဘူးပြောပါတယ်။ ဒါကြောင့်ဒီနေ့ ကျွန်တော်နဲ့ အဲဒီအစ်ကို အတူ ထပ်ကြိုးစား ညှိကြည့်မယ်။ နောက်ပြီး Engine ပိုင်း ကျွမ်းကျင်တဲ့ အစ်ကိုတစ်ယောက် နေ့လည်လောက်မှာ လိုက်လာဖို့ စီစဉ်ထားပါတယ်။

ရောက်တာနဲ့ AE#1 ရဲ့ local control panel ကို ဖွင့်ပြပါတယ်။ Governor control card က အရင် original card ကို ပြန်တပ်ထားပါတယ်။ စက်ချုပ်ကိုပြောပြီး စက်မောင်းကြည့်တော့ idle speed မှာ 300 rpm လောက်ပဲ ရှိပါတယ်။ ဒါနဲ့ idle speed အတွက် preset လေးကို ဖြည်းဖြည်းချင်း လှည့်ညှိပြီး 900 rpm မှာ ချိန်ထားလိုက်ပါတယ်။ နောက် rated speed ပြောင်းလိုက်ပြီး 1800 rpm မှာ ချိန်လိုက်ပါတယ်။ စောင့်ကြည့်နေပေမဲ့ rpm က ငြိမ်နေပါတယ်။ Hunting မဖြစ်နေပါဘူး။ ပြန်ရပ်ပြီး စက်ပြန်နှိုးကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါကြောင့် idle ကို ပြန်ပြောင်းလိုက်တဲ့အခါ rpm က 1300 အောက် မကျပါဘူူး။ ဒါနဲ့ idle speed preset ကို ညှိဖို့ ကြိုးစားပေမဲ့ မရပါဘူး။ ဒါနဲ့ ရပ်ပစ်လိုက်ပြီး ခဏကြာတော့ ပြန်နှိုးပါတယ်။ အဲဒီမှာလည်း idle speed 1300 rpm လောက်နဲ့ စပြီး rated speed မှာလည်း မငြိမ်တော့ပါဘူး။ 1750 နဲ့ 1850 rpm ကြားထဲမှာ ပြေးနေပါတယ်။ Hunting ဖြစ်ပုံက နည်းနည်းတော့ ထူးဆန်းတယ်။ စက္ကန့်ပိုင်းအတွင်းမှာ အပေါ်အောက် လှုပ်နေတာ မဟုတ်ဘူး။ အနိမ့်ဆုံးကနေ အမြင့်ဆုံးရောက်ဖို့ ၁၀ - ၁၅ စက္ကန့်လောက်ကြာကြာ ဖြည်းဖြည်းချင်း လွှဲနေပါတယ်။
ဒါနဲ့ governor control card လဲကြည့်ဖို့ စိတ်ကူးလိုက်ပါတယ်။ စက်ကိုရပ်၊ power တွေပိတ်ပြီး ကဒ်အသစ်လဲဖို့ လုပ်ပါတယ်။ အမျိုးအစား မတူပါဘူး။ ကျန်တဲ့ ကြိုးတွေဆက်လိုက်ပါတယ်။ idle - rated ပြောင်းတဲ့ ခလုတ်ကို ဆက်တဲ့ပုံက မတူပါဘူး။ ဒါနဲ့ ကဒ်အသစ်မှာ ပါတဲ့ပုံစံအတိုင်း  ဆက်ထားလိုက်ပါတယ်။ ပြီးတာနဲ့ စမ်းကြည့်တော့ local panel မှာ ပြနေကျ rpm LED display က မပြတော့ပါဘူး။ အရေးထဲ ဘာဖြစ်ပြန်တာလဲပေါ့။ စောစောက ပြောင်းလိုက်တဲ့ idle speed ပြောင်းတဲ့ ကြိုးကို မူလကဒ် အဟောင်းကအတိုင်း ပြန်ဆက်လိုက်ပါတယ်။ စက်နှိုးကြည့်တော့လည်း rpm မပြသေးပါဘူး။ Pick-up (speed sensor) ကလာတဲ့ ကြိုးကို တိုင်းကြည့်တော့ voltage နဲ့ AC frequency တစ်ခုထွက်နေပါတယ်။ စိတ်ကို အေးအေးထားပြီး ဘာကြိုးတွေမှားလဲ ပြန်စစ်ကြည့်တော့ သံသယ ဖြစ်တာက pick-up sensor ကြိုး။ ဒါနဲ့ ကြိုး အစနှစ်ခုကို ပြောင်းပြန်လှန်တပ်လိုက်ပြီးု ပြန်စမ်းလိုက်တော့ rpm ပြနေပါပြီ။ ဒါပေမဲ့ idle speed က 1200 rpm ကျော်နေတုန်းပါပဲ။ ကြိုးစားညှိတာလည်း မရပါဘူး။ နောက် rated sperd မှာလည်း စောစောကအတိုင်း slow swing ပုံစံနဲ့ hunting ဖြစ်နေတုန်းပါပဲ။ ဒီကဒ်မှာတော့ PID ညှိစရာပါလို့ အဲဒါတွေပါကြိုးစားချိန်ကြည့်ပါတယ်။ မထူးပါဘူး။ ကဒ်နှစ်ကဒ်လုံး ဖြစ်တဲ့ လက္ခဏာတူနေတာမို့ ကဒ်နဲ့တော့ မဆိုင်ဘူးလို့ ယူဆလိုက်ပါတယ်။ ဒါနဲ့ ဖြစိနိုင်ချေတွေက fuel pump လား၊ actuator ကြောင့်လား၊ cylinder timing ကြောင့်လား၊ ဆီမသန့်လို့လား တစ်ခုခုပါပဲ။ Fuel filter အသစ်လဲခိုင်းပြီး စမ်းကြတော့လည်း မထူးပါဘူး။
အဲဒီတော့ card အဟောင်း ပြန်လဲထည့်ပြီး  Engine ကျွမ်းကျင်တဲ့ ဆရာသမားလာအောင် စောင့်ပြီး စက်အပိုင်းကိုစစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။ Fuel injector လဲပြီးမှ ဖြစ်တာဆိုတော့ စက်ဘက်က ဖြစ်နိုင်ချေ ပိုများတယ် မဟုတ်လား။ Engine ဆရာ ရောက်လာပြီး စစ်တော့ စက်ချိန်ညှိတဲ့အပိုင်းက မမှန်တာရယ်၊ Nozzle တစ်ခုလည်း ပိတ်နေတာရယ် တွေ့ပါတယ်။ သူ ပြင်ချိန်ညှိလိုက်ပါတယ်။ အသေးစိတ်တော့ ကျွန်တော် ကျွမ်းကျင်တဲ့ အပိုင်း မဟုတ်လို့ မပြောပြတော့ဘူးနော်။
ပြီးတဲ့အချိန် စမ်းမောင်းကြည့်တော့ ပြဿနာ နည်းနည်း ရှိနေသေးတယ်။ ဒါနဲ့ Acuator ကို ဖြုတ်စစ်ပါတယ်။ မရရင်တော့ fuel pump လဲမယ်ပေါ့။ Actuator အသစ်ရှိတော့ ယှဉ်ကြည့်ပါတယ်။ Actuator အထဲက plunger လေးက အသစ်နဲ့ နည်းနည်း ကွာနေပါတယ်။ ရွေ့တာကလည်း မချောမွေ့ပါဘူး။ တစ်ဘက်ထိပ်ရောက်ရင် နည်းနည်း ညပ်သွားတာတွေ့ရပါတယ်။ အဲဒီ Actuator လဲလိုက်တော့ အားလုံး အဆင်ပြေသွားပါတယ်။

ပြန်ကြည့်ရရင် စက်ဘက်က ချိန်ညှိတာ မကိုက်တဲ့အတွက် governor ရဲ့ actuator ပုံမှန်ထက် အလုပ်ပိုလုပ်ရပြီး ကပ်သွားတာ ဖြစ်နိုင်မယ်ထင်ပါတယ်။ ဒါကြောင့် အစဆုံး တစ်ခေါက် actuator သိပ်မဖွင့်ရခင် အဆင်ပြေသေးတယ်။ တစ်ခါ rated speed မောင်းပြီး actuator က တစ်ဘက် အစွန်ထိ ရောက်သွားလို့ ကပ်သွား၊ ညပ်သွားတဲ့အခါ idle speed ပြန်ချ မရတာ ချောချောမွေ့မွေ့ မဖြစ်တော့တာ ဖြစ်နိုင်ပါတယ်။

No comments:

Post a Comment