Thursday 31 January 2019

Generator (18) - Governor Motor Control Module Failure


Tanker တစ္စီးေပၚက ျပႆနာေလး သြားၾကည့္ ခဲ့ပါတယ္။ Genetator ေတြ parallel ေမာင္းတဲ့အခ်ိန္ Governor Motor Control Module မၾကာခဏ ေလာင္ေနတယ္လို႔ ဆိုပါတယ္။ သေဘၤာေပၚေရာက္ေတာ့ စက္ခန္းထဲ ေခၚသြားၿပီး အိျႏၵိယ စက္ခ်ဳပ္၊ စက္ ၂ နဲ႔ ဓာတ္ႀကိဳး တို႔ ဇာတ္စုံခင္းျပၾကပါတယ္။ ၿပီးခဲ့တဲ့ ၂ ပတ္ အတြင္း ဒီ Control Module ေလာင္တာ ၃ ခါ ရွိၿပီ ဆိုပါတယ္။ ဒါေၾကာင့္ ဒီတစ္ခါ သူတို႔ဘာသာ မလဲရဲလို႔ ကၽြန္ေတာ္တို႔ကို လာ စစ္ခိုင္းတာပါ။ ထပ္ေလာင္မွာ စိုးရိမ္တယ္ ဆိုပါတယ္။ ထူးဆန္းတာက ေလာင္တာ Genset တစ္လုံးထဲက မဟုတ္ပဲ Gen #1 နဲ႔ Gen #2 ႏွစ္ခု မွာ ျဖစ္တာလို႔ ေျပာပါတယ္။ ေလာင္ထားတဲ့ Module ေလး ၂ ခုကိုလည္း ျပပါတယ္။ 
ေရးထားတာကေတာ့ APM motor controller ပါတဲ့။ အဝင္ 110V AC  အထြက္ DC motor အတြက္လို႔ ေရးထားၿပီး ဘယ္ေလာက္ voltage လို႔ မေရးထားပါဘူး။ အသုံးမ်ားတဲ့ 24V DC ျဖစ္ဖို႔ေတာ့ မ်ားပါတယ္။ Motor speed control ညႇိစရာ အဝိုင္းေလး တစ္ခုလည္း ရွိပါတယ္။ တစ္ကယ္ဆို ဒီ controller အလုပ္လုပ္ပုံက ရွင္းရွင္းေလးပါ။ AC input ကို regulated DC output တစ္ခု ထုတ္ေပးတာပါပဲ။ Governor motor က DC motor ဆိုေတာ့ Speed control အတြက္ output DC voltage ကို ညိႇေပးတာပဲေပါ့။ Voltage မ်ားရင္ speed ျမန္မယ္။ Voltage နည္းရင္ speed ေႏွးမယ္။ ဒါပါပဲ။ Controller ထဲက PCB ေလးေပၚမွာ ေလာင္ထားတဲ့ အရာေတြ႕ပါတယ္။ ဓာတ္ႀကိဳးကေျပာတယ္။ တစ္ခုကို သူျပင္ထားတယ္တဲ့။ ေလာင္ထားတဲ့ resistor တစ္ခု လဲၿပီး ခဲေဆာ္ထားတာေတြ႕ပါတယ္။ သူေျပာတာက 110V input ေပးၿပီး စမ္းတာ output 18V ေလာက္ ထြက္တယ္ေျပာပါတယ္။

  
လက္ရွိ Gen #2 က Governor control ကလည္း အလုပ္ မလုပ္ဘူး ေျပာပါတယ္။
အစဆုံး Gen #2 ကို စက္ႏႈိး။ APM controller ေလးကို အဝင္တိုင္းၾကည့္ေတာ့ 110V AC ရွိၿပီး အထြက္က 20V DC ရွိပါတယ္။ ဒါနဲ႔ no load အေနအထားမွာ speed အတင္၊ အခ် လုပ္ၾကည့္ပါတယ္။ Frequency က မေျပာင္းပါဘူး။ ေသခ်ာေအာင္ MSB မွာ speed အတင္အခ်လုပ္ၿပီး၊ ပါလာတဲ့ အေဖၚကို မီးစက္မွာ governor motor လည္သလား ေစာင့္ၾကည့္ခိုင္းပါတယ္။ Walkie Talkie နဲ႔ ဆက္သြယ္ၿပီး စမ္းၾကေတာ့ Governor motor လည္း မလည္ပါဘူး။
 ေစာေစာကေတာ့ output voltage ထြက္ေနတာပဲ။ Motor မေကာင္းလို႔လား၊ ႀကိဳးျပတ္ေနတာလား သိရေအာင္ Fwd / Rev ေျပာင္းေပးတဲ့ Magnetic Contactor (MC) အထြက္ကေန ေမာ္တာဘက္ကို ohm တိုင္းၾကည့္ေတာ့ motor resistance တစ္ခု ေတြ႕ရပါတယ္။
ဒါဆိုရင္ motor မေလာင္ဘူး ႀကိဳး မျပတ္ဘူး လို႔ ေကာက္ခ်က္ခ်လို႔ ရၿပီေပါ့။ ဒါဆိုရင္ MC contact ေတြ မေကာင္းလို႔လား။ Speed အတင္အခ် လုပ္ၿပီး MC အထြက္က Voltage တိုင္းၾကည့္ပါတယ္။ MC ဆြဲကပ္သြားေပမဲ့ အထြက္မွာ voltage မထြက္ ပါဘူး။ MC မေကာင္းတာလား။ ေသခ်ာေအာင္ MC အဝင္ Voltage ကို တိုင္းၾကည့္ပါတယ္။ MC မဆြဲခင္က 20V ပါ။ ဒါေပမဲ့ MC ဆြဲကပ္သြားတဲ့အခ်ိန္ အဝင္ဘက္မွာလည္း 0V ျဖစ္သြားပါတယ္။ ဒီေတာ့မွ သေဘာေပါက္သြားတယ္။ Controller က Load မဆြဲခင္ 20V ထုတ္ေပးႏိုင္တယ္။ Load (motor) ဆြဲလိုက္ေတာ့မွ voltage ကိူ regulate လုပ္မေပးႏိုင္ေတာ့ပဲ က်သြားေတာ့ governor motor မလည္ႏိုင္ေတာ့တာပါ။ ဒါဆို ဒီ controller လည္းႂကြသြားၿပီေပါ့။
အပိုရွိလားေမးၾကည့္ေတာ့ ဓာတ္ႀကိဳး ျပင္ထားတယ္ဆိုတဲ့ တစ္ပတ္ရစ္ပဲ ရွိတယ္။ အသစ္က ေန႔ခင္းေလာက္မွ ပို႔ေပးလာမယ္ဆိုပါတယ္။ ဒီေတာ့ ရွိတဲ့ တစ္ပတ္ရစ္နဲ႔ စမ္းလဲၾကည့္တာေပါ့။
ႀကိဳးေတြမွတ္ၿပီး Controller ေလး လဲလိုက္ပါတယ္။ မစမ္းခင္ အထြက္ဘက္မွာ Short တို႔ Earth Leakage တို႔ မရွိတာ ေသခ်ာေအာင္ စစ္ပါတယ္။ ေနာက္ၿပီး ေကာင္းေနတဲ့ Gen #3 ရဲ႕ output voltage နဲ႔ ယွဥ္ၿပီး 18 V ေလာက္ ညိႇထားလိုက္ပါတယ္။ ၿပီးေတာ့ စမ္းၾကည့္တဲ့အခါ Motor ဆြဲလိုက္ရင္ 18V ေလာက္ကေန 10V ေလာက္အထိ က်သြားပါတယ္။ Motor ကလည္း မလည္ပါဘူး။ ဒါဆိုရင္ ဓာတ္ႀကိဳး ျပင္ထားတာ မေကာင္းေသးဘူးလို႔ ဆိုႏိုင္ပါတယ္။ Voltage regulator အပိုင္းထိထားတယ္ ထင္ပါတယ္။ အသစ္ေရာက္လာမယ့္ controller ကိုပဲ ေစာင့္ဖို႔ ဆုံးျဖတ္လိုက္ပါတယ္။
ဒီအခ်ိန္အတြင္း Gen #1 ကို ေမာင္းၿပီး စမ္းၾကည့္ပါတယ္။ အဲဒီမွာ Frequency က hunting ျဖစ္ေနပါတယ္။ ဒါဆိုရင္ စက္အပိုင္းနဲ႔ ဆိုင္သြားၿပီ။ ကၽြန္ေတာ္တို႔အတြက္ ကံေကာင္းတယ္ ေျပာရမယ္။ အဲဒီအေျခအေနကိုလည္း သူတို႔က ႀကိဳသိထားတဲ့အတြက္ Woodward Governor company က Specialist ႏွစ္ေယာက္ကို Super က ေခၚထားၿပီး ျဖစ္ပါတယ္။ ဒါနဲ႔ သူတို႔ကို Governor စစ္ဖို႔ေျပာလိုက္ပါတယ္။ သူတို႔ ျပင္ဆင္ ခ်ိန္ညႇိၿပီး စက္က ၿငိမ္သြားၿပီဆိုေတာ့မွ Parallel စမ္းေမာင္းၾကည့္ပါတယ္။ Load sharing အတင္အခ် အားလုံး အဆင္ေျပပါတယ္။
ပစၥည္း ေရာက္လာတဲ့အထိ ေစာင့္ၿပီး ေရာက္လာတာနဲ႔ လဲတပ္လိုက္ပါတယ္။ စက္ေမာင္းၿပီး Voltage output ကိုလည္း 18V ေလာက္မွာ ထားလိုက္ပါတယ္။ Governor motor ကို အတင္ အခ်လွည့္ၾကည့္ေတာ့ လည္ပါတယ္။ အဲလို စမ္းၾကတဲ့ အခ်ိန္မွာ Woodward က ပုဂၢိဳလ္ေတြက ခဏ ျပန္ရပ္ခိုင္းပါတယ္။ Gen #2 ရဲ႕ governor motor လည္တာ မေခ်ာေမြ႕ဘူးဆိုပါတယ္။ အသံလည္း ထြက္ေနတယ္တဲ့။ သူတို႔ယူဆတာက bearing မေကာင္းေတာ့ဘူး။ Motor အသစ္လဲရမယ္ ေျပာပါတယ္။ အဆင္ေျပခ်င္ေတာ့ သူတို႔မွာထားတဲ့ motor အသစ္ကလည္း ေရာက္ေနပါၿပီ။ ဒါနဲ႔ governor motor အသစ္လဲၿပီး ျပန္စမ္းၾကပါတယ္။ ဒီတစ္ခါ ေမာင္းေတာ့ ေတာ္ေတာ္ေလး အဆင္ေျပပါတယ္။
ဒါနဲ႔ Governor response တူေအာင္ ညႇိေပးပါတယ္။ ဘယ္လို ညႇိတာလဲဆိုေတာ့ တစ္ျခားမဟုတ္ပါဘူး။ No load အေျခအေနမွာ Frequency 1Hz ေျပာင္းဖို႔ governor motor ကို ဆက္တိုက္ ဆြဲတင္ၿပီး အခ်ိန္မွတ္ထားပါတယ္။ ဆိုပါေတာ့။ ၈ စကၠန္႔ ၾကာတယ္ဆိုရင္ တစ္ျခား Genset ေတြလည္း တူေအာင္ governor motor speed ကို လိုက္ညႇိေပးတာပါပဲ။
အဲလို ညႇိေပးၿပီး အားလုံး ညီၿပီဆိုေတာ့မွ parallel operation တို႔ load sharing တို႔ကို စမ္းၾကည့္ပါတယ္။ အားလုံး အဆင္ေျပပါတယ္။ Report ေရးေနတဲ့ အခ်ိန္မွာ စက္ခ်ဳပ္က အရင္ controller ေတြ ဘာလို႔ ခဏခဏ ေလာင္တာလဲဆိုတာ ထည့္ေရးေပးပါလို႔ ေတာင္းဆိုလာပါတယ္။ ကၽြန္ေတာ္လည္း အတိအက်ေတာ့ မေျပာႏိုင္ဘူး။ ျဖစ္ႏိုင္ေခ် အခ်က္ေတြကို ေရးေပးမယ္လို႔ ေျပာလိုက္ပါတယ္။
ျဖစ္ႏိုင္ေခ်ေတြ ျပန္စဥ္းစားေတာ့ Gen #2 က motor bearing သိပ္မေကာင္းေတာ့ load ပိုဆြဲၿပီး controller ေလာင္ႏိုင္ပါတယ္။ ေနာက္တစ္ခုက Gen #1 က freq hunting ျဖစ္ေနတဲ့အတြက္ PMS က load ညီေအာင္ အၿမဲ လိုက္ၿပီး အတင္အခ် လုပ္ေပးေနရပါမယ္။ ဒီေတာ့ Gen #1 ရဲ႕ controller လည္း အလုပ္လုပ္ခ်ိန္မ်ားၿပီး ပူလာလို႔ ေလာင္တာ ျဖစ္ႏိုင္ပါတယ္လို႔ ေရးေပးခဲ့ပါတယ္။


[Unicode]

Tanker တစ်စီးပေါ်က ပြဿနာလေး သွားကြည့် ခဲ့ပါတယ်။ Genetator တွေ parallel မောင်းတဲ့အချိန် Governor Motor Control Module မကြာခဏ လောင်နေတယ်လို့ ဆိုပါတယ်။ သင်္ဘောပေါ်ရောက်တော့ စက်ခန်းထဲ ခေါ်သွားပြီး အိန္ဒြိယ စက်ချုပ်၊ စက် ၂ နဲ့ ဓာတ်ကြိုး တို့ ဇာတ်စုံခင်းပြကြပါတယ်။ ပြီးခဲ့တဲ့ ၂ ပတ် အတွင်း ဒီ Control Module လောင်တာ ၃ ခါ ရှိပြီ ဆိုပါတယ်။ ဒါကြောင့် ဒီတစ်ခါ သူတို့ဘာသာ မလဲရဲလို့ ကျွန်တော်တို့ကို လာ စစ်ခိုင်းတာပါ။ ထပ်လောင်မှာ စိုးရိမ်တယ် ဆိုပါတယ်။ ထူးဆန်းတာက လောင်တာ Genset တစ်လုံးထဲက မဟုတ်ပဲ Gen #1 နဲ့ Gen #2 နှစ်ခု မှာ ဖြစ်တာလို့ ပြောပါတယ်။ လောင်ထားတဲ့ Module လေး ၂ ခုကိုလည်း ပြပါတယ်။ 
ရေးထားတာကတော့ APM motor controller ပါတဲ့။ အဝင် 110V AC  အထွက် DC motor အတွက်လို့ ရေးထားပြီး ဘယ်လောက် voltage လို့ မရေးထားပါဘူး။ အသုံးများတဲ့ 24V DC ဖြစ်ဖို့တော့ များပါတယ်။ Motor speed control ညှိစရာ အဝိုင်းလေး တစ်ခုလည်း ရှိပါတယ်။ တစ်ကယ်ဆို ဒီ controller အလုပ်လုပ်ပုံက ရှင်းရှင်းလေးပါ။ AC input ကို regulated DC output တစ်ခု ထုတ်ပေးတာပါပဲ။ Governor motor က DC motor ဆိုတော့ Speed control အတွက် output DC voltage ကို ညှိပေးတာပဲပေါ့။ Voltage များရင် speed မြန်မယ်။ Voltage နည်းရင် speed နှေးမယ်။ ဒါပါပဲ။ Controller ထဲက PCB လေးပေါ်မှာ လောင်ထားတဲ့ အရာတွေ့ပါတယ်။ ဓာတ်ကြိုးကပြောတယ်။ တစ်ခုကို သူပြင်ထားတယ်တဲ့။ လောင်ထားတဲ့ resistor တစ်ခု လဲပြီး ခဲဆော်ထားတာတွေ့ပါတယ်။ သူပြောတာက 110V input ပေးပြီး စမ်းတာ output 18V လောက် ထွက်တယ်ပြောပါတယ်။
လက်ရှိ Gen #2 က Governor control ကလည်း အလုပ် မလုပ်ဘူး ပြောပါတယ်။
အစဆုံး Gen #2 ကို စက်နှိုး။ APM controller လေးကို အဝင်တိုင်းကြည့်တော့ 110V AC ရှိပြီး အထွက်က 20V DC ရှိပါတယ်။ ဒါနဲ့ no load အနေအထားမှာ speed အတင်၊ အချ လုပ်ကြည့်ပါတယ်။ Frequency က မပြောင်းပါဘူး။ သေချာအောင် MSB မှာ speed အတင်အချလုပ်ပြီး၊ ပါလာတဲ့ အဖေါ်ကို မီးစက်မှာ governor motor လည်သလား စောင့်ကြည့်ခိုင်းပါတယ်။ Walkie Talkie နဲ့ ဆက်သွယ်ပြီး စမ်းကြတော့ Governor motor လည်း မလည်ပါဘူး။ စောစောကတော့ output voltage ထွက်နေတာပဲ။ Motor မကောင်းလို့လား၊ ကြိုးပြတ်နေတာလား သိရအောင် Fwd / Rev ပြောင်းပေးတဲ့ Magnetic Contactor (MC) အထွက်ကနေ မော်တာဘက်ကို ohm တိုင်းကြည့်တော့ motor resistance တစ်ခု တွေ့ရပါတယ်။ ဒါဆိုရင် motor မလောင်ဘူး ကြိုး မပြတ်ဘူး လို့ ကောက်ချက်ချလို့ ရပြီပေါ့။ ဒါဆိုရင် MC contact တွေ မကောင်းလို့လား။ Speed အတင်အချ လုပ်ပြီး MC အထွက်က Voltage တိုင်းကြည့်ပါတယ်။ MC ဆွဲကပ်သွားပေမဲ့ အထွက်မှာ voltage မထွက် ပါဘူး။ MC မကောင်းတာလား။ သေချာအောင် MC အဝင် Voltage ကို တိုင်းကြည့်ပါတယ်။ MC မဆွဲခင်က 20V ပါ။ ဒါပေမဲ့ MC ဆွဲကပ်သွားတဲ့အချိန် အဝင်ဘက်မှာလည်း 0V ဖြစ်သွားပါတယ်။ ဒီတော့မှ သဘောပေါက်သွားတယ်။ Controller က Load မဆွဲခင် 20V ထုတ်ပေးနိုင်တယ်။ Load (motor) ဆွဲလိုက်တော့မှ voltage ကိူ regulate လုပ်မပေးနိုင်တော့ပဲ ကျသွားတော့ governor motor မလည်နိုင်တော့တာပါ။ ဒါဆို ဒီ controller လည်းကြွသွားပြီပေါ့။
အပိုရှိလားမေးကြည့်တော့ ဓာတ်ကြိုး ပြင်ထားတယ်ဆိုတဲ့ တစ်ပတ်ရစ်ပဲ ရှိတယ်။ အသစ်က နေ့ခင်းလောက်မှ ပို့ပေးလာမယ်ဆိုပါတယ်။ ဒီတော့ ရှိတဲ့ တစ်ပတ်ရစ်နဲ့ စမ်းလဲကြည့်တာပေါ့။
ကြိုးတွေမှတ်ပြီး Controller လေး လဲလိုက်ပါတယ်။ မစမ်းခင် အထွက်ဘက်မှာ Short တို့ Earth Leakage တို့ မရှိတာ သေချာအောင် စစ်ပါတယ်။ နောက်ပြီး ကောင်းနေတဲ့ Gen #3 ရဲ့ output voltage နဲ့ ယှဉ်ပြီး 18 V လောက် ညှိထားလိုက်ပါတယ်။ ပြီးတော့ စမ်းကြည့်တဲ့အခါ Motor ဆွဲလိုက်ရင် 18V လောက်ကနေ 10V လောက်အထိ ကျသွားပါတယ်။ Motor ကလည်း မလည်ပါဘူး။ ဒါဆိုရင် ဓာတ်ကြိုး ပြင်ထားတာ မကောင်းသေးဘူးလို့ ဆိုနိုင်ပါတယ်။ Voltage regulator အပိုင်းထိထားတယ် ထင်ပါတယ်။ အသစ်ရောက်လာမယ့် controller ကိုပဲ စောင့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီအချိန်အတွင်း Gen #1 ကို မောင်းပြီး စမ်းကြည့်ပါတယ်။ အဲဒီမှာ Frequency က hunting ဖြစ်နေပါတယ်။ ဒါဆိုရင် စက်အပိုင်းနဲ့ ဆိုင်သွားပြီ။ ကျွန်တော်တို့အတွက် ကံကောင်းတယ် ပြောရမယ်။ အဲဒီအခြေအနေကိုလည်း သူတို့က ကြိုသိထားတဲ့အတွက် Woodward Governor company က Specialist နှစ်ယောက်ကို Super က ခေါ်ထားပြီး ဖြစ်ပါတယ်။ ဒါနဲ့ သူတို့ကို Governor စစ်ဖို့ပြောလိုက်ပါတယ်။ သူတို့ ပြင်ဆင် ချိန်ညှိပြီး စက်က ငြိမ်သွားပြီဆိုတော့မှ Parallel စမ်းမောင်းကြည့်ပါတယ်။ Load sharing အတင်အချ အားလုံး အဆင်ပြေပါတယ်။
ပစ္စည်း ရောက်လာတဲ့အထိ စောင့်ပြီး ရောက်လာတာနဲ့ လဲတပ်လိုက်ပါတယ်။ စက်မောင်းပြီး Voltage output ကိုလည်း 18V လောက်မှာ ထားလိုက်ပါတယ်။ Governor motor ကို အတင် အချလှည့်ကြည့်တော့ လည်ပါတယ်။ အဲလို စမ်းကြတဲ့ အချိန်မှာ Woodward က ပုဂ္ဂိုလ်တွေက ခဏ ပြန်ရပ်ခိုင်းပါတယ်။ Gen #2 ရဲ့ governor motor လည်တာ မချောမွေ့ဘူးဆိုပါတယ်။ အသံလည်း ထွက်နေတယ်တဲ့။ သူတို့ယူဆတာက bearing မကောင်းတော့ဘူး။ Motor အသစ်လဲရမယ် ပြောပါတယ်။ အဆင်ပြေချင်တော့ သူတို့မှာထားတဲ့ motor အသစ်ကလည်း ရောက်နေပါပြီ။ ဒါနဲ့ governor motor အသစ်လဲပြီး ပြန်စမ်းကြပါတယ်။ ဒီတစ်ခါ မောင်းတော့ တော်တော်လေး အဆင်ပြေပါတယ်။
ဒါနဲ့ Governor response တူအောင် ညှိပေးပါတယ်။ ဘယ်လို ညှိတာလဲဆိုတော့ တစ်ခြားမဟုတ်ပါဘူး။ No load အခြေအနေမှာ Frequency 1Hz ပြောင်းဖို့ governor motor ကို ဆက်တိုက် ဆွဲတင်ပြီး အချိန်မှတ်ထားပါတယ်။ ဆိုပါတော့။ ၈ စက္ကန့် ကြာတယ်ဆိုရင် တစ်ခြား Genset တွေလည်း တူအောင် governor motor speed ကို လိုက်ညှိပေးတာပါပဲ။
အဲလို ညှိပေးပြီး အားလုံး ညီပြီဆိုတော့မှ parallel operation တို့ load sharing တို့ကို စမ်းကြည့်ပါတယ်။ အားလုံး အဆင်ပြေပါတယ်။ Report ရေးနေတဲ့ အချိန်မှာ စက်ချုပ်က အရင် controller တွေ ဘာလို့ ခဏခဏ လောင်တာလဲဆိုတာ ထည့်ရေးပေးပါလို့ တောင်းဆိုလာပါတယ်။ ကျွန်တော်လည်း အတိအကျတော့ မပြောနိုင်ဘူး။ ဖြစ်နိုင်ချေ အချက်တွေကို ရေးပေးမယ်လို့ ပြောလိုက်ပါတယ်။
ဖြစ်နိုင်ချေတွေ ပြန်စဉ်းစားတော့ Gen #2 က motor bearing သိပ်မကောင်းတော့ load ပိုဆွဲပြီး controller လောင်နိုင်ပါတယ်။ နောက်တစ်ခုက Gen #1 က freq hunting ဖြစ်နေတဲ့အတွက် PMS က load ညီအောင် အမြဲ လိုက်ပြီး အတင်အချ လုပ်ပေးနေရပါမယ်။ ဒီတော့ Gen #1 ရဲ့ controller လည်း အလုပ်လုပ်ချိန်များပြီး ပူလာလို့ လောင်တာ ဖြစ်နိုင်ပါတယ်လို့ ရေးပေးခဲ့ပါတယ်။

No comments:

Post a Comment