Thursday 17 January 2019

Miscellaneous Equipment (3) - PA system

တစ္ခါတေလ Trouble-shooting လုပ္ရတာက Jigsaw puzzle ကစားရသလိုပဲ။ သိၿပီးသား clue ေလးေတြနဲ႔ ဟိုတစ္စ ဒီတစ္စ အခ်က္အလက္ေလးေတြသုံးၿပီး မွန္းဆ ရွာေဖြရတယ္။ သိရတဲ့ အခ်က္အလက္ကနည္းရင္ျဖစ္ျဖစ္ ကိုယ့္ရဲ႕ knowledge bank မွာ စပ္ဆက္တဲ့ အေၾကာင္း သိပ္မရွိရင္ျဖစ္ျဖစ္ နည္းနည္း ေခါင္းစားတာပါတယ္။ ေတြ႕သြားေတာ့လည္း အေျဖေျပာျပလိုက္တဲ့ ပေဟဠိလို ျဖစ္သြားတယ္။ ဒါေလးမ်ား... ေပါ့။
ကြန္တိန္နာ သေဘၤာတစ္စီးရဲ႕ PA system ျပႆနာ တက္လို႔ သြားၾကည့္ရပါတယ္။ သေဘၤာ အရာရွိပိုင္းက အျဖဴေတြျဖစ္ၿပီး က်န္တာ ဖိလစ္ပိုင္သားေတြပါ။ PA system ဆိုေတာ့ bridge ကိုတက္သြားပါတယ္။ လူျဖဴ ဓာတ္ႀကိဳးႀကီးက Wheel house console မွာရွိတဲ့ PA remote control panel က အလုပ္မလုပ္ဘူး ေျပာပါတယ္။ ၾကည့္လိုက္ေတာ့ တစ္ေပ ဝန္းက်င္ေလာက္ရွိတဲ့ panel ေလးမွာ ခလုတ္ ေလးငါးခုရယ္၊ ႀကိဳးတန္းလန္းနဲ႔ Microphone ေလးရယ္ ေတြ႕ရပါတယ္။ အဲဒီမွာ Power button ေလးေထာင့္ ခလုတ္ေလးကို ႏွိပ္ၾကည့္ေတာ့ မီးမလင္းပါဘူး။ ဒီခလုတ္အမ်ဳိးအစားက momentary switch လို႔ေခၚတဲ့ ႏွိပ္ထားတုန္း ထိေနၿပီး လႊတ္လိုက္ရင္ကြာသြားတာမ်ဳိး မဟုတ္ပါဘူး။ Latching Switch အမ်ဳိးအစားပါ။ တစ္ခ်က္ႏွိပ္လိုက္ရင္ နိမ့္ဝင္သြားၿပီး On ျဖစ္ေနပါတယ္။ ေနာက္တစ္ခ်က္ ႏွိပ္လိုက္ရင္ ျပန္ Off ျဖစ္သြားတဲ့ အမ်ဳိးအစားပါ။ အဲဒီခလုတ္ထဲမွာ မီးလုံးရွိပါတယ္။ ခလုတ္နွိပ္ၿပီး မီးလုံးမလင္းေတာ့ မီးလုံကၽြမ္းလို႔လား စဥ္းစားမိပါတယ္။ ဒါကို သတိထားမိတဲ့ ဓာတ္ႀကိဳးႀကီးက ဝင္ေျပာပါတယ္။ Power ေကာင္းရင္ ဒီမီးလုံးတင္ မဟုတ္ဘူး။ Volume level ျပတဲ့ LED bar ေလးကလည္း လင္းပါတယ္တဲ့။ ေနာက္ၿပီး Mic ကို နွိပ္ၿပီး ေျပာစမ္းၾကည့္တာလည္း ဘာသံမွ မၾကားရပါဘူး။



Wheelhouse ေပၚမွာရွိတဲ့ ေနာက္ဘက္က အခန္းေလးနစ္ခုထဲ ေခၚသြားေတာ့ PA main control rack ႀကီးကို ေတြရပါတယ္။ အဲဒီ Main rack ေပၚက Mic နဲ႔ စမ္းစကားေျပာၾကည့္ေတာ့ အကုန္ အလုပ္ လုပ္ပါတယ္။
ဒီေတာ့ System က ေကာင္းတယ္။ WH condole ေပၚက Remote control ပဲ မေကာင္းတာလို႔ ေကာက္ခ်က္ ခ်ႏိုင္ပါၿပီ။
ေနာက္တစ္ဆင့္ Remote control panel ကိုသြားတဲ့ power က ဒီ main rack ကေနေတာ့ ထြက္သြားရဲ႕လား။ Drawing ရွာၾကည့္ပါတယ္။ Drawing ကလည္း ဆင္းရဲလိုက္တာ။ Manual မွာ ျပထားတာ one line drawing ေလးနဲ႔ Main rack နဲ႔ Remote station ေတြၾကားထဲမွာ ႀကိဳး ၁၉ ေခ်ာင္း ေျပးထားတယ္ဆိုတာပဲ ျပထားတယ္။ ဘယ္ terminal က ဘာဆိုတာ မပါဘူး။ ျဖစ္ေလ့ရွိတဲ့ ေရွ႕ဆုံ ႏွစ္ေခ်ာင္ ေနာက္ဆုံး ႏွစ္ေခ်ာင္း တိုင္းၾကည့္ေတာ့လည္း power မရွိပါဘူး။
ဒီေတာ့ main rack ကို ဖြင့္လို႔ရသေလာက္ တစ္လႊာစီဖြင့္ၾကည့္ပါတယ္။ အဝင္အထြက္ fuse ေတြ တိုင္းၾကည့္ေတာ့လည္း အေကာင္း။ ဒီလိုနဲ႔ ျပဴးၿပဲၿပီး ဘာ သဲလြန္စ ရမလဲၾကည့္လိုက္တာ တစ္ဆင့္မွာေတာ့ Remote panel ဆီထြက္သြားတဲ့ terminal လို႔ ယူဆရတဲ့ terminal တစ္ခု back plate ကေန ထြက္ထားတာ ေတြ႕ရပါတယ္။ ႀကိဳး ၁၉ ေခ်ာင္းဆိုေတာ့ ျဖစ္ဖို႔ မ်ားပါတယ္။ အဲဒီ terminal ေတြက back plate PCB ေပၚကေန တိုက္႐ိုက္ထြက္ထားတာပါ။ အဲဒီ PCB ေပၚက စာလုံးေတြကို သတိထားၾကည့္လိုက္ေတာ့ terminal 14-15 မွာ အေပါင္းနဲ႔ အနႈတ္လကၡဏာေလး ေတြ႕ရပါတယ္။ ဒါဆိုရင္ေတာ့ power supply က ဒီႏွစ္စျဖစ္ပါမယ္။ တိုင္းၾကည့္ေတာ့ 24V DC ရွိပါတယ္။ ဒါဆို main rack ကေတာ့ power ထြက္သြားတာ ေသခ်ာၿပီ။ WH console က အဝင္ terminal ေတြထဲက 14-15 ကို သြားၿပီး တိုင္းၾကည့္ေတာ့ 24V ရွိပါတယ္။ ဒါဆိုရင္ေတာ့ ဒီ unit ထဲက ျဖစ္ေနတာေပါ့။
ဘာပ်က္တာလဲ။ ဘယ္ေလာက္ထိ လုပ္ၾကည့္လို႔ ရမလဲ ဆိုတာ စဥ္းစားၾကည့္ပါတယ္။ အဆိုးဆုံးက ဒီ unit တစ္ခုလုံး လဲရမွာေပါ့။ ဒါနဲ႔ အဖုံးဖြင့္ ႀကိဳးေတြကို လိုက္ၾကည့္ပါတယ္။ အလြယ္ဆုံးက စရမွာေပါ့။ Power ခလုတ္ေလ။ အဝင္မွာ တိုင္းၾကည့္ေတာ့ 24V ရွိပါတယ္။ အထြက္တိုင္းထားၿပီး ခလုတ္ႏွိပ္ၾကည့္ေတာ့ မရွိဘူး။ သံေခ်းကပ္ေနလို႔ probe မထိတာလား ထင္ၿပီး နည္းနည္း ျခစ္ၾကည့္ ထိုးၾကည့္ၿပီး တိုင္းလိုက္ေတာ့ Volt ထြက္လာတယ္။ Power မီးပါ လင္းသြားတယ္။ Testing 1,2,3 ေတြဘာေတြ ေအာ္ၾကည့္ေတာ့ အဆင္ေျပတယ္။ ဖြင့္လိုက္ ပိတ္လိုက္ ၂ ခါေလာက္ လုပ္ၾကည့္ေတာ့ မလာျပန္ဘူး။ ခလုတ္ေၾကာင္ေနတာေပါ့။ လဲဖို႔ ေမးၾကည့္ေတာ့ သေဘၤာေပၚမွာ အပိုမရွိဘူးတဲ့။ On လို႔ရတဲ့ အေနအထားမွာ ဖြင့္ေပးခဲ့ၿပီး အဲဒီခလုတ္ကို မထိဖို႔ ဖြင့္၊ ပိတ္ မလုပ္ဖို႔ မွာခဲ့ပါတယ္။

ေနာက္တစ္ပတ္ သေဘၤာဝင္မွ ပစၥည္းယူသြားၿပီး လဲေပးလိုက္ရပါတယ္။ ေျပာရရင္ေတာ့ PCB အထြက္ terminal ေပၚက + / - သေကၤတေလး သဲလြန္စရသြားလို႔ လုပ္ရတာ ပိုအဆင္ေျပသြားတာေပါ့။ 

[Unicode]


တစ်ခါတလေ Trouble-shooting လုပ်ရတာက Jigsaw puzzle ကစားရသလိုပဲ။ သိပြီးသား clue လေးတွေနဲ့ ဟိုတစ်စ ဒီတစ်စ အချက်အလက်လေးတွေသုံးပြီး မှန်းဆ ရှာဖွေရတယ်။ သိရတဲ့ အချက်အလက်ကနည်းရင်ဖြစ်ဖြစ် ကိုယ့်ရဲ့ knowledge bank မှာ စပ်ဆက်တဲ့ အကြောင်း သိပ်မရှိရင်ဖြစ်ဖြစ် နည်းနည်း ခေါင်းစားတာပါတယ်။ တွေ့သွားတော့လည်း အဖြေပြောပြလိုက်တဲ့ ပဟေဠိလို ဖြစ်သွားတယ်။ ဒါလေးများ... ပေါ့။
ကွန်တိန်နာ သင်္ဘောတစ်စီးရဲ့ PA system ပြဿနာ တက်လို့ သွားကြည့်ရပါတယ်။ သင်္ဘော အရာရှိပိုင်းက အဖြူတွေဖြစ်ပြီး ကျန်တာ ဖိလစ်ပိုင်သားတွေပါ။ PA system ဆိုတော့ bridge ကိုတက်သွားပါတယ်။ လူဖြူ ဓာတ်ကြိုးကြီးက Wheel house console မှာရှိတဲ့ PA remote control panel က အလုပ်မလုပ်ဘူး ပြောပါတယ်။ ကြည့်လိုက်တော့ တစ်ပေ ဝန်းကျင်လောက်ရှိတဲ့ panel လေးမှာ ခလုတ် လေးငါးခုရယ်၊ ကြိုးတန်းလန်းနဲ့ Microphone လေးရယ် တွေ့ရပါတယ်။ အဲဒီမှာ Power button လေးထောင့် ခလုတ်လေးကို နှိပ်ကြည့်တော့ မီးမလင်းပါဘူး။ ဒီခလုတ်အမျိုးအစားက momentary switch လို့ခေါ်တဲ့ နှိပ်ထားတုန်း ထိနေပြီး လွှတ်လိုက်ရင်ကွာသွားတာမျိုး မဟုတ်ပါဘူး။ Latching Switch အမျိုးအစားပါ။ တစ်ချက်နှိပ်လိုက်ရင် နိမ့်ဝင်သွားပြီး On ဖြစ်နေပါတယ်။ နောက်တစ်ချက် နှိပ်လိုက်ရင် ပြန် Off ဖြစ်သွားတဲ့ အမျိုးအစားပါ။ အဲဒီခလုတ်ထဲမှာ မီးလုံးရှိပါတယ်။ ခလုတ်နှိပ်ပြီး မီးလုံးမလင်းတော့ မီးလုံကျွမ်းလို့လား စဉ်းစားမိပါတယ်။ ဒါကို သတိထားမိတဲ့ ဓာတ်ကြိုးကြီးက ဝင်ပြောပါတယ်။ Power ကောင်းရင် ဒီမီးလုံးတင် မဟုတ်ဘူး။ Volume level ပြတဲ့ LED bar လေးကလည်း လင်းပါတယ်တဲ့။ နောက်ပြီး Mic ကို နှိပ်ပြီး ပြောစမ်းကြည့်တာလည်း ဘာသံမှ မကြားရပါဘူး။
Wheelhouse ပေါ်မှာရှိတဲ့ နောက်ဘက်က အခန်းလေးနစ်ခုထဲ ခေါ်သွားတော့ PA main control rack ကြီးကို တွေရပါတယ်။ အဲဒီ Main rack ပေါ်က Mic နဲ့ စမ်းစကားပြောကြည့်တော့ အကုန် အလုပ် လုပ်ပါတယ်။
ဒီတော့ System က ကောင်းတယ်။ WH condole ပေါ်က Remote control ပဲ မကောင်းတာလို့ ကောက်ချက် ချနိုင်ပါပြီ။
နောက်တစ်ဆင့် Remote control panel ကိုသွားတဲ့ power က ဒီ main rack ကနေတော့ ထွက်သွားရဲ့လား။ Drawing ရှာကြည့်ပါတယ်။ Drawing ကလည်း ဆင်းရဲလိုက်တာ။ Manual မှာ ပြထားတာ one line drawing လေးနဲ့ Main rack နဲ့ Remote station တွေကြားထဲမှာ ကြိုး ၁၉ ချောင်း ပြေးထားတယ်ဆိုတာပဲ ပြထားတယ်။ ဘယ် terminal က ဘာဆိုတာ မပါဘူး။ ဖြစ်လေ့ရှိတဲ့ ရှေ့ဆုံ နှစ်ချောင် နောက်ဆုံး နှစ်ချောင်း တိုင်းကြည့်တော့လည်း power မရှိပါဘူး။
ဒီတော့ main rack ကို ဖွင့်လို့ရသလောက် တစ်လွှာစီဖွင့်ကြည့်ပါတယ်။ အဝင်အထွက် fuse တွေ တိုင်းကြည့်တော့လည်း အကောင်း။ ဒီလိုနဲ့ ပြူးပြဲပြီး ဘာ သဲလွန်စ ရမလဲကြည့်လိုက်တာ တစ်ဆင့်မှာတော့ Remote panel ဆီထွက်သွားတဲ့ terminal လို့ ယူဆရတဲ့ terminal တစ်ခု back plate ကနေ ထွက်ထားတာ တွေ့ရပါတယ်။ ကြိုး ၁၉ ချောင်းဆိုတော့ ဖြစ်ဖို့ များပါတယ်။ အဲဒီ terminal တွေက back plate PCB ပေါ်ကနေ တိုက်ရိုက်ထွက်ထားတာပါ။ အဲဒီ PCB ပေါ်က စာလုံးတွေကို သတိထားကြည့်လိုက်တော့ terminal 14-15 မှာ အပေါင်းနဲ့ အနှုတ်လက္ခဏာလေး တွေ့ရပါတယ်။ ဒါဆိုရင်တော့ power supply က ဒီနှစ်စဖြစ်ပါမယ်။ တိုင်းကြည့်တော့ 24V DC ရှိပါတယ်။ ဒါဆို main rack ကတော့ power ထွက်သွားတာ သေချာပြီ။ WH console က အဝင် terminal တွေထဲက 14-15 ကို သွားပြီး တိုင်းကြည့်တော့ 24V ရှိပါတယ်။ ဒါဆိုရင်တော့ ဒီ unit ထဲက ဖြစ်နေတာပေါ့။
ဘာပျက်တာလဲ။ ဘယ်လောက်ထိ လုပ်ကြည့်လို့ ရမလဲ ဆိုတာ စဉ်းစားကြည့်ပါတယ်။ အဆိုးဆုံးက ဒီ unit တစ်ခုလုံး လဲရမှာပေါ့။ ဒါနဲ့ အဖုံးဖွင့် ကြိုးတွေကို လိုက်ကြည့်ပါတယ်။ အလွယ်ဆုံးက စရမှာပေါ့။ Power ခလုတ်လေ။ အဝင်မှာ တိုင်းကြည့်တော့ 24V ရှိပါတယ်။ အထွက်တိုင်းထားပြီး ခလုတ်နှိပ်ကြည့်တော့ မရှိဘူး။ သံချေးကပ်နေလို့ probe မထိတာလား ထင်ပြီး နည်းနည်း ခြစ်ကြည့် ထိုးကြည့်ပြီး တိုင်းလိုက်တော့ Volt ထွက်လာတယ်။ Power မီးပါ လင်းသွားတယ်။ Testing 1,2,3 တွေဘာတွေ အော်ကြည့်တော့ အဆင်ပြေတယ်။ ဖွင့်လိုက် ပိတ်လိုက် ၂ ခါလောက် လုပ်ကြည့်တော့ မလာပြန်ဘူး။ ခလုတ်ကြောင်နေတာပေါ့။ လဲဖို့ မေးကြည့်တော့ သင်္ဘောပေါ်မှာ အပိုမရှိဘူးတဲ့။ On လို့ရတဲ့ အနေအထားမှာ ဖွင့်ပေးခဲ့ပြီး အဲဒီခလုတ်ကို မထိဖို့ ဖွင့်၊ ပိတ် မလုပ်ဖို့ မှာခဲ့ပါတယ်။ 
နောက်တစ်ပတ် သင်္ဘောဝင်မှ ပစ္စည်းယူသွားပြီး လဲပေးလိုက်ရပါတယ်။ ပြောရရင်တော့ PCB အထွက် terminal ပေါ်က + / - သင်္ကေတလေး သဲလွန်စရသွားလို့ လုပ်ရတာ ပိုအဆင်ပြေသွားတာပေါ့။ 

No comments:

Post a Comment