Friday 18 January 2019

Circuit Drawing with Variable

Circuit Drawing အမ်ဳိးမ်ဳိး ေတြ႕ခဲ့ ဖူးပါတယ္။ စံအမ်ဳိးမ်ဳိး၊ စတိုင္အမ်ဳိးမ်ဳိး၊ သေကၤတ အမ်ဳိးမ်ဳိးပါပဲ။ ဒီတစ္ခါေတြ႕ရတဲ့ Drawing ေလးကေတာ့ သေဘာက်ဖို႔ ေကာင္းလို႔ ျပန္မွ်ေဝလိုက္ပါတယ္။ 
သေဘၤာတစ္စီးက Main Engine Safety Cuicuit ေလးပါ။ ဒီ circuit ဆြဲတဲ့သူက စိတ္ကူးေလး ေကာင္းပါတယ္။

Circuit မွာ ME ကို Shut down လုပ္မယ့္ အေျခအေန ၄ ခု ရွိပါတယ္။ 
အဲဒီထဲမွာ (1) Emergency Stop နွိပ္လိုက္တာ နဲ႔ (2) overspeed ျဖစ္ရင္ ခ်က္ခ်င္း shut down လုပ္မွာပါ (A Type) ။ 
(3) Lube Oil Pressure Low နဲ႔ (4) Exhaust Act. Pressure Low ဆိုရင္ေတာ့ ၅ စကၠန္႔ၾကာ timer ျပည့္မွ shut down လုပ္မွာပါ (B Type)။

ဒါကို circuit မွာ ၂ ခုပဲ ဆြဲထားပါတယ္။ အဲဒီမွာ ပါတဲ့ Relay နံပါတ္ ကို (Rn), Timer ကို (Tn), Sensing / input ကို (Sn or Rn) ဆိုတဲ့ ကိန္းရွင္ (Variable) ေတြနဲ႔ ထည့္ဆြဲထားပါတယ္။ အဲဒီ ကိန္းရွင္ေနရာမွာ အစားထိုးရမယ့္ တစ္ကယ့္ နံပါတ္အမွန္ေတြကိုေတာ့ ေအာက္က ဇယားထဲမွာ ထည့္ထားေပးပါတယ္။

အစကေတာ့ လက္ေတြ႕ control panel ထဲက label တပ္ထားတဲ့ Relay နံပါတ္ေတြကို drawing ထဲမွာ ရွာတာ မေတြ႕လို႔။ ေသခ်ာၾကည့္ေတာ့မွ drawing က ဒီလို ကိန္းရွင္သုံး ဆြဲထားတာ ေတြ႕ရတယ္။ သေဘာက်လို႔ပါ။ 

C++ ေလ့လာတုန္းက OOP ရဲ႕ သေဘာေလးေတြေတာင္ သတိရမိတယ္။ တူေနတဲ့ code ေတြကို ထပ္ခ်ည္းတစ္လဲလဲ ျပန္မေရးပဲ object / function/ subroutine ေလးေတြ ေရးၿပီး argument ေျပာင္းထည့္ သုံးရတာမ်ဳိးေပါ့။ Drawing ေလး ေသခ်ာ ဖတ္ၾကည့္လိုက္ၾကပါဦး။ နည္းနည္းေတာ့ စဥ္းစားစရာေလးေတြ ပါတာေပါ့ဗ်ာ။



[Unicode]

Circuit Drawing အမျိုးမျိုး တွေ့ခဲ့ ဖူးပါတယ်။ စံအမျိုးမျိုး၊ စတိုင်အမျိုးမျိုး၊ သင်္ကေတ အမျိုးမျိုးပါပဲ။ ဒီတစ်ခါတွေ့ရတဲ့ Drawing လေးကတော့ သဘောကျဖို့ ကောင်းလို့ ပြန်မျှဝေလိုက်ပါတယ်။ 
သင်္ဘောတစ်စီးက Main Engine Safety Cuicuit လေးပါ။ ဒီ circuit ဆွဲတဲ့သူက စိတ်ကူးလေး ကောင်းပါတယ်။

Circuit မှာ ME ကို Shut down လုပ်မယ့် အခြေအနေ ၄ ခု ရှိပါတယ်။ 
အဲဒီထဲမှာ (1) Emergency Stop နှိပ်လိုက်တာ နဲ့ (2) overspeed ဖြစ်ရင် ချက်ချင်း shut down လုပ်မှာပါ (A Type) ။ 
(3) Lube Oil Pressure Low နဲ့ (4) Exhaust Act. Pressure Low ဆိုရင်တော့ ၅ စက္ကန့်ကြာ timer ပြည့်မှ shut down လုပ်မှာပါ (B Type)။

ဒါကို circuit မှာ ၂ ခုပဲ ဆွဲထားပါတယ်။ အဲဒီမှာ ပါတဲ့ Relay နံပါတ် ကို (Rn), Timer ကို (Tn), Sensing / input ကို (Sn or Rn) ဆိုတဲ့ ကိန်းရှင် (Variable) တွေနဲ့ ထည့်ဆွဲထားပါတယ်။ အဲဒီ ကိန်းရှင်နေရာမှာ အစားထိုးရမယ့် တစ်ကယ့် နံပါတ်အမှန်တွေကိုတော့ အောက်က ဇယားထဲမှာ ထည့်ထားပေးပါတယ်။

အစကတော့ လက်တွေ့ control panel ထဲက label တပ်ထားတဲ့ Relay နံပါတ်တွေကို drawing ထဲမှာ ရှာတာ မတွေ့လို့။ သေချာကြည့်တော့မှ drawing က ဒီလို ကိန်းရှင်သုံး ဆွဲထားတာ တွေ့ရတယ်။ သဘောကျလို့ပါ။ 

C++ လေ့လာတုန်းက OOP ရဲ့ သဘောလေးတွေတောင် သတိရမိတယ်။ တူနေတဲ့ code တွေကို ထပ်ချည်းတစ်လဲလဲ ပြန်မရေးပဲ object / function/ subroutine လေးတွေ ရေးပြီး argument ပြောင်းထည့် သုံးရတာမျိုးပေါ့။ Drawing လေး သေချာ ဖတ်ကြည့်လိုက်ကြပါဦး။ နည်းနည်းတော့ စဉ်းစားစရာလေးတွေ ပါတာပေါ့ဗျာ။

No comments:

Post a Comment