Friday 18 January 2019

Circuit Drawing with variable - ( Explanation)



ေရွ႕က ပို႔စ္မွာ စဥ္းစားၾကည့္ရေအာင္ သဲလြန္စေလာက္ပဲ တင္ခဲ့ပါတယ္။ တစ္ခ်ဳိ႕ နားလည္ရ ခက္တဲ့သူေတြအတြက္ နည္းနည္းပိုၿပီး အေသးစိတ္ ရွင္းျပခ်င္ပါတယ္။

ပထမဆုံး ဇယားမွာ Column ၄ ခုကို သတိထား ၾကည့္ပါ။ 
1) Circuit Type 
2) Relay (Rn)
3) Sensor (Rn or Sn)
4) Timer Relay (Tn)

အဲဒီ ထဲက Circuit Type A (သို႔) B ေပၚမူတည္ၿပီး အေပၚက ပုံမွာ သက္ဆိုင္တဲ့ ပန္းေရာင္ variable ေတြ ေနရာမွာ အစားထိုး ဖတ္ရပါတယ္။ 

ဥပမာ - L. O press low ဆိုၾကပါစို႔။
Circuit Type B ျဖစ္တဲ့အတြက္ Circuit ရဲ႕ ေနာက္ဖ်ားက ပန္းေရာင္ ၃ ခု နဲ႔ ဆိုင္ပါတယ္။ 
အဲဒီထဲက
- (Rn) ေနရာမွာ            (R-SLS) ဆိုတဲ့ Relay နံပါတ္ထည့္
- (Rn or Sn) ေနရာမွာ  (PS-SLS) ဆိုတဲ့ pressure switch နံပါတ္ထည့္
- (Tn) ေနရာမွာ            (T-SLS) ဆိုတဲ့ Timer နံပါတ္ထည့္
အဲလို အစားထိုး ဖတ္ရမွာပါ။

အလုပ္လုပ္ပုံကေတာ့ 
Sensor Terminals C နဲ႔ D ( ဒီေနရာမွာ pressure switch PS-SLS) close ျဖစ္မယ္။ ေနာက္ၿပီး R-HST နဲ႔ R-SPE relay ႏွစ္လုံးက (NC contact ေတြ သုံးထားတဲ့အတြက္) energize မျဖစ္ခဲ့ရင္ Tn (ဒီေနရာမွာ T-SLS) စၿပီး ဆြဲပါမယ္။ ၅ စကၠန္႔ျပည့္ေတာ့ Rn (ဒီေနရာမွာ R-SLS) ဆြဲပါမယ္။ သူ႔ contact တစ္ခုနဲ႔ (latch) ထိန္းထားၿပီး ဆက္ဆြဲေနပါမယ္။ သူ႔ ေနာက္ conract တစ္ခုက Solenoid valve for E/S ကို ဆြဲပိတ္ၿပီး Engine ရပ္လိုက္မွာပါ။
R-HST (သို႔) R-SPE တစ္ခုခု နဲ႔ Reset လုပ္ရပါမယ္။

မရွင္းတာ ေမးႏိုင္ပါတယ္။




[Unicode]

ရှေ့က ပို့စ်မှာ စဉ်းစားကြည့်ရအောင် သဲလွန်စလောက်ပဲ တင်ခဲ့ပါတယ်။ တစ်ချို့ နားလည်ရ ခက်တဲ့သူတွေအတွက် နည်းနည်းပိုပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။

ပထမဆုံး ဇယားမှာ Column ၄ ခုကို သတိထား ကြည့်ပါ။ 
1) Circuit Type 
2) Relay (Rn)
3) Sensor (Rn or Sn)
4) Timer Relay (Tn)

အဲဒီ ထဲက Circuit Type A (သို့) B ပေါ်မူတည်ပြီး အပေါ်က ပုံမှာ သက်ဆိုင်တဲ့ ပန်းရောင် variable တွေ နေရာမှာ အစားထိုး ဖတ်ရပါတယ်။ 

ဥပမာ - L. O press low ဆိုကြပါစို့။
Circuit Type B ဖြစ်တဲ့အတွက် Circuit ရဲ့ နောက်ဖျားက ပန်းရောင် ၃ ခု နဲ့ ဆိုင်ပါတယ်။ 
အဲဒီထဲက
- (Rn) နေရာမှာ            (R-SLS) ဆိုတဲ့ Relay နံပါတ်ထည့်
- (Rn or Sn) နေရာမှာ (PS-SLS) ဆိုတဲ့ pressure switch နံပါတ်ထည့်
- (Tn) နေရာမှာ            (T-SLS) ဆိုတဲ့ Timer နံပါတ်ထည့်
အဲလို အစားထိုး ဖတ်ရမှာပါ။

အလုပ်လုပ်ပုံကတော့ 
Sensor Terminals C နဲ့ D ( ဒီနေရာမှာ pressure switch PS-SLS) close ဖြစ်မယ်။ နောက်ပြီး R-HST နဲ့ R-SPE relay နှစ်လုံးက (NC contact တွေ သုံးထားတဲ့အတွက်) energize မဖြစ်ခဲ့ရင် Tn (ဒီနေရာမှာ T-SLS) စပြီး ဆွဲပါမယ်။ ၅ စက္ကန့်ပြည့်တော့ Rn (ဒီနေရာမှာ R-SLS) ဆွဲပါမယ်။ သူ့ contact တစ်ခုနဲ့ (latch) ထိန်းထားပြီး ဆက်ဆွဲနေပါမယ်။ သူ့ နောက် conract တစ်ခုက Solenoid valve for E/S ကို ဆွဲပိတ်ပြီး Engine ရပ်လိုက်မှာပါ။
R-HST (သို့) R-SPE တစ်ခုခု နဲ့ Reset လုပ်ရပါမယ်။

မရှင်းတာ မေးနိုင်ပါတယ်။

No comments:

Post a Comment