Friday 15 February 2019

Miscellaneous Equipment (4) - Motor Overheat

ဒီအေၾကာင္းကေတာ့ ႐ိုး႐ိုးေလးပါ။ ဒါေၾကာင့္မို႔ မေရးပဲ ထားခဲ့တာ။ ေနာက္မွ စဥ္းစားမိတယ္။ အေတြ႕အၾကဳံနည္းေသးတဲ့ ညီငယ္ေတြ အတြက္ ေျပာစရာေလး တစ္ခုရွိလို႔ ေရးလိုက္ပါတယ္။ ကၽြန္ေတာ္ မၾကာခဏ ေရာက္တဲ့ ရြက္သေဘၤာေလးမွာပါ။ Mandrel လို႔ ေခၚတဲ့ ရြက္ႀကီးကို ဆြဲလိပ္ေပးတဲ့ ေမာ္တာ အလုပ္မလုပ္လို႔ သြားၾကည့္ရပါတယ္။
ရြက္တိုင္အေျခ နံရံကပ္ အဖုံးကို screw ေတြျဖဳတ္ ဖြင့္ထုတ္လိုက္ေတာ့ control box ေလး ေပၚလာပါတယ္။ အေသးစိတ္ drawing မရွိေတာ့ circuit ကို ၾကည့္ၿပီး စိတ္ကူးနဲ႔ ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားရပါတယ္။ ေမာ္တာဆီက ဆင္းလာတာ ႀကိဳး ၂ စုံရွိပါတယ္။ အတုတ္ 10 mm2 တစ္စုံနဲ႔ ဖုန္းႀကိဳးလို အေသးစားေလး တစ္စုံပါ။ ေမာ္တာက 24VDC နဲ႔ ေမာင္းတာပါ။ ဒီေတာ့ ႀကိဳးအတုတ္ ႏွစ္ေခ်ာင္းက ေမာ္တာကို power ေပးမယ့္ႀကိဳး၊ အေသးတစ္စုံက sensor ႀကိဳး ျဖစ္ႏိုင္ပါတယ္။ Sensor ဆိုေတာ့ ျဖစ္ႏိုင္တာက limit switch လား၊ temperature sensor လား တစ္ခုခုပဲ။ အဲဒီႀကိဳး အေသးတစ္စုံက ေအာက္ဘက္က ဝင္လာတဲ့ 5 core ႀကိဳး တစ္ေခ်ာင္းရဲ႕ ႏွစ္စနဲ႔ ဆက္ထားတယ္။ 5 core ရဲ႕ က်န္တဲ့ ၃ စက relay တစ္လုံးကို ဝင္ထားတာ ေတြ႕ရပါတယ္။ အဲဒီ 5 core ႀကိဳးကို ဆက္လိုက္ၾကည့္ေတာ့ တံခါးတစ္ခုနဲ႔ ပိတ္ထားတဲ့ drawer ေတြရဲ႕ေအာက္မွာ temperature controller တစ္လုံးဆီ ဝင္သြားတာ ေတြ႕ရပါတယ္။ ဒီေတာ့ circuit က နည္းနည္း ႐ုပ္လုံး ေပၚလာၿပီေပါ့။ Temperature sensor ကလာတဲ့ ႏွစ္ေခ်ာင္းက temperature controller ဆီဝင္တယ္။ က်န္တဲ့ ၃ ေခ်ာင္းက power ႏွစ္ေခ်ာင္း output signal တစ္ေခ်ာင္း ျဖစ္မယ္။ အဲဒီ output signal နဲ႔ relay ကိုေမာင္းၿပီး interlock လုပ္မယ္။ ျဖစ္ႏိုင္တာက ေမာ္တာ winding temperature ကို ေစာင့္ၾကည့္ၿပီး အရမ္းပူရင္ ျဖတ္ခ်ေပးတာ ျဖစ္မယ္။
ေနာက္ ဘာႀကိဳးေတြ အဝင္အထြက္ရွိေသးလဲ ၾကည့္ေတာ့ 24V power အဝင္ ႀကိဳး အတုတ္ တစ္စုံရယ္၊ remote control box ကလာတဲ့ ႀကိဳး တစ္စုံရယ္ ရွိေသးတယ္။ ဒီ Main Control Box ထဲမွာ moter driver module တစ္ခု ေတြ႕ရပါတယ္။ ေနာက္ emergency stop တစ္ခု လည္း box ေပၚမွာ တပ္ထားေသးတယ္။ ေရွ႕ဘက္ကေတာ့ Power Switch တစ္ခုေပါ့။
ထုံးစံအတိုင္း Power On ၾကည့္ၿပီး တိုင္းၾကည့္ပါတယ္။ 24VDC ရွိပါတယ္။ Emergency stop အထြက္ ထိ power ရွိပါတယ္။ ေအာက္ဘက္က temperature controller မွာၾကည့္ေတာ့ LED display ေလးနဲ႔ 38  ံC ျပေနပါတယ္။ နည္းနည္းေတာ့ ကစားပါတယ္။ Remote control နဲ႔ ႏွိပ္ၿပီး ေမာင္းၾကည့္ေတာ့ Drive နားက main contactor ႀကီး ဆြဲကပ္သြားပါတယ္။ Contactor အထြက္ထိ 24V ထြက္ပါတယ္။ Motor လည္တဲ့ အသံလည္း ၾကားေနရပါတယ္။ ဒီေတာ့ ေကာင္းေနတာေပါ့။ သူႀကီးကို ေမးၾကည့္ေတာ့ တစ္ခါတေလ မရတာတဲ့။ Temperature controller ကလည္း bazar အသံျမည္ တယ္ေျပာပါတယ္။ ဒါဆိုရင္ေတာ့ overheat interlock နဲ႔ ျဖတ္ခ်တာ ျဖစ္ဖို႔ မ်ားပါတယ္။ အခု temperature conttoller ၾကည့္ေတာ့ 48  ံေလာက္ ေရာက္ေနပါတယ္။ ဘာမွ မဟုတ္ပဲ temperature တက္ေနတာကို မႀကိဳက္ပါဘူး။ Sensor မေကာင္းတာလား၊ controller မေကာင္းတာလား၊ စစ္ရပါမယ္။

Sensor ႀကိဳး ႏွစ္ေခ်ာင္းကို တစ္စျဖဳတ္ တိုင္းၾကည့္ေတာ့ 5k ohm ေလာက္ျပပါတယ္။ ေခါင္းထဲမွာ စဥ္းစားစရာေတြ တန္းစီၿပီး ေရာက္လာပါတယ္။
ပထမ Temperature Sensor အမ်ဳိးအစားေတြ အေၾကာင္း နည္းနည္း ျခဳံၾကည့္ရေအာင္။ အဓိက Thermocouple (TC) နဲ႔ Resistance Temperature Detector (RTD) လို႔ ႏွစ္မ်ဳိး အရင္ခြဲလို႔ရပါတယ္။ TC မွာ  အပူခ်ိန္လိုက္ၿပီး mV တန္ဖိုး ေျပာင္းပါတယ္။ ခုလို power မရွိပဲ (passively) sensor ကို တိုင္းၾကည့္ရင္ resistance တန္ဖိုး အျမင့္ (Maga Ohm) တစ္ခုျပပါတယ္။ အခု 5k ohm ေလာက္ ျပတယ္ဆိုေတာ့ TC မဟုတ္ႏိုင္ေတာ့ပါဘူး။ ဒါဆိုရင္ RTD ျဖစ္ဖို႔ မ်ားပါတယ္။
ေနာက္တစ္ခါ RTD မွာ ႏွစ္မ်ဳိး ထပ္ကြဲျပန္ပါတယ္။ Positive Temperatute Coefficient (PTC) နဲ႔ Negative Temperature Coefficient (NTC) ပါ။ သိလြယ္ေအာင္ ေျပာရရင္ PTC က အပူခ်ိန္မ်ားလာရင္ redistance တက္လာမယ္။ အပူခ်ိန္နည္းရင္ resistance က်လာမယ္။ NTC ကေတာ့ ေျပာင္းျပန္။ အပူခ်ိန္ မ်ားရင္ resistance က်လာမယ္။ အပူခ်ိန္နည္းရင္ resistance တက္လာမွာပါ။ 
PTC အုပ္စုထဲမွာ အက်ယ္ျပန္႔ဆုံး သုံးၾကတာကေတာ့ PT100 ပါ။ Platinum နဲ႔ လုပ္ထားၿပီး 0  ံC မွာ 100 ohm ရွိပါတယ္။ ေနာက္ PT1000 ကလည္း Platinum နဲ႔ လုပ္ထားၿပီး 0  ံC မွာ 1000 ohm ရွိပါတယ္။ PTC Thermistor ေတြကိုေတာ့ Temperature output sensor အေနနဲ႔ သုံးခဲပါတယ္။ Switching function အေနနဲ႔ပဲ သုံးေလ့ရွိပါတယ္။

အခု အပူခ်ိန္ 38  ံ ေလာက္ ျပတဲ့အခ်ိန္မွာ 5000 ohm ဆိုေတာ့ PT100 နဲ႔ PT1000 လည္း မျဖစ္ႏိုင္ေတာ့ပါဘူး။ PTC Thermistor  ကလည္း ဒီလိုေနရာမွာ သုံးေလ့မရွိဘူးဆိုေတာ့ ဖယ္ထားလိုက္ပါမယ္။ ဒါဆိုရင္ ျဖစ္ႏိုင္တာက NTC Thermistor လို႔ထင္လိုက္ပါတယ္။ 
ေသခ်ာေအာင္ Temperature controller ေလးကို ျဖဳတ္ၿပီး ဖတ္ၾကည့္လိုက္ေတာ့ sensor input ေနရာမွာ NTC လို႔ ေရးထားတာ ေတြ႕ရပါတယ္။ ေျပာရရင္ NTC thermistor ေတြက ပိုၿပီး sensitive ျဖစ္ပါတယ္။ Temperature နည္းနည္း ေျပာင္းတာနဲ႔ resistance အမ်ားႀကီးေျပာင္းပါတယ္။

အခု တစ္ခါ Controller ေၾကာင့္လား၊ sensor ေၾကာင့္လား ခြဲသိဖို႔ 10k potentiometer တစ္လုံးကို controller ရဲ႕ sensor အဝင္ေနရာမွာ အစားထိုး ထည့္လိုက္ပါတယ္။ Resistance ကို တင္လိုက္ေတာ့ temperature တန္ဖိုး က်သြားပါတယ္။ 30  ံ ေလာက္ခ်ိန္ထားလိုက္ၿပီး ေစာင့္ၾကည့္ပါတယ္။ နာရီဝက္ေလာက္ထိ ၿငိမ္ၿပီး အေျပာင္းအလဲ မရွိတာမို႔ controller ေကာင္းတယ္လို႔ ဆုံးျဖတ္လိုက္ပါတယ္။ ဒါဆိုရင္ sensor အပိုင္းပဲ က်န္ေတာ့တယ္။ ခက္တာက motor က IP 67 ေရလုံေအာင္ ႀကိဳးအဝင္ေတြပါ အေသပိတ္ထည့္ထားေတာ့ ျဖဳတ္မထုတ္ပဲ အထဲကို မျမင္ရ။ ျဖဳတ္ထုတ္ဖို႔က ရြက္လိပ္တဲ့ တန္းႀကီးတစ္ခုလုံး end bearing ျဖဳတ္ၿပီး ဆြဲထုတ္ရမယ့္ heavy job ။ ဒါနဲ႔ ဘာလုပ္ရမလဲ ၾကံရာမရ ႀကိဳးေတြကို သပ္ရပ္ေအာင္ ပတ္ထားတဲ့ bellow tube ကို ဆြဲခြာထုတ္လိုက္ေတာ့ အထဲမွာ sensor ႀကိဳးကို ဆက္ထားတာ ေတြ႕လိုက္ရတယ္။ အဆက္ေနရာက နည္းနည္း ေခ်ာင္ေနေတာ့ မထိတထိ ျဖစ္ၿပီး ဒုကၡေပးတာျဖစ္ပါမယ္။ အဲဒီေန
ရာကို ေသခ်ာေလး ျပန္ဆက္ေပးလိုက္ေတာ့ အဆင္ေျပသြားပါတယ္။
ဘယ္လိုလဲ။ ျပႆနာ ရွင္းရွင္းေလးကို ရႈပ္ေအာင္ေရးျပထားေတာ့ ဖတ္ရတာ မူးသြားၿပီလား။ နားမလည္ပဲ မ်က္ေစ့လည္သြားရင္၊ ေနာက္တစ္ေခါက္ေလာက္ ထပ္ဖတ္လိုက္ပါဦး။ 

[Unicode]


ဒီအကြောင်းကတော့ ရိုးရိုးလေးပါ။ ဒါကြောင့်မို့ မရေးပဲ ထားခဲ့တာ။ နောက်မှ စဉ်းစားမိတယ်။ အတွေ့အကြုံနည်းသေးတဲ့ ညီငယ်တွေ အတွက် ပြောစရာလေး တစ်ခုရှိလို့ ရေးလိုက်ပါတယ်။ ကျွန်တော် မကြာခဏ ရောက်တဲ့ ရွက်သင်္ဘောလေးမှာပါ။ Mandrel လို့ ခေါ်တဲ့ ရွက်ကြီးကို ဆွဲလိပ်ပေးတဲ့ မော်တာ အလုပ်မလုပ်လို့ သွားကြည့်ရပါတယ်။
ရွက်တိုင်အခြေ နံရံကပ် အဖုံးကို screw တွေဖြုတ် ဖွင့်ထုတ်လိုက်တော့ control box လေး ပေါ်လာပါတယ်။ အသေးစိတ် drawing မရှိတော့ circuit ကို ကြည့်ပြီး စိတ်ကူးနဲ့ ဖြစ်နိုင်ချေတွေ စဉ်းစားရပါတယ်။ မော်တာဆီက ဆင်းလာတာ ကြိုး ၂ စုံရှိပါတယ်။ အတုတ် 10 mm2 တစ်စုံနဲ့ ဖုန်းကြိုးလို အသေးစားလေး တစ်စုံပါ။ မော်တာက 24VDC နဲ့ မောင်းတာပါ။ ဒီတော့ ကြိုးအတုတ် နှစ်ချောင်းက မော်တာကို power ပေးမယ့်ကြိုး၊ အသေးတစ်စုံက sensor ကြိုး ဖြစ်နိုင်ပါတယ်။ Sensor ဆိုတော့ ဖြစ်နိုင်တာက limit switch လား၊ temperature sensor လား တစ်ခုခုပဲ။ အဲဒီကြိုး အသေးတစ်စုံက အောက်ဘက်က ဝင်လာတဲ့ 5 core ကြိုး တစ်ချောင်းရဲ့ နှစ်စနဲ့ ဆက်ထားတယ်။ 5 core ရဲ့ ကျန်တဲ့ ၃ စက relay တစ်လုံးကို ဝင်ထားတာ တွေ့ရပါတယ်။ အဲဒီ 5 core ကြိုးကို ဆက်လိုက်ကြည့်တော့ တံခါးတစ်ခုနဲ့ ပိတ်ထားတဲ့ drawer တွေရဲ့အောက်မှာ temperature controller တစ်လုံးဆီ ဝင်သွားတာ တွေ့ရပါတယ်။ ဒီတော့ circuit က နည်းနည်း ရုပ်လုံး ပေါ်လာပြီပေါ့။ Temperature sensor ကလာတဲ့ နှစ်ချောင်းက temperature controller ဆီဝင်တယ်။ ကျန်တဲ့ ၃ ချောင်းက power နှစ်ချောင်း output signal တစ်ချောင်း ဖြစ်မယ်။ အဲဒီ output signal နဲ့ relay ကိုမောင်းပြီး interlock လုပ်မယ်။ ဖြစ်နိုင်တာက မော်တာ winding temperature ကို စောင့်ကြည့်ပြီး အရမ်းပူရင် ဖြတ်ချပေးတာ ဖြစ်မယ်။
နောက် ဘာကြိုးတွေ အဝင်အထွက်ရှိသေးလဲ ကြည့်တော့ 24V power အဝင် ကြိုး အတုတ် တစ်စုံရယ်၊ remote control box ကလာတဲ့ ကြိုး တစ်စုံရယ် ရှိသေးတယ်။ ဒီ Main Control Box ထဲမှာ moter driver module တစ်ခု တွေ့ရပါတယ်။ နောက် emergency stop တစ်ခု လည်း box ပေါ်မှာ တပ်ထားသေးတယ်။ ရှေ့ဘက်ကတော့ Power Switch တစ်ခုပေါ့။
ထုံးစံအတိုင်း Power On ကြည့်ပြီး တိုင်းကြည့်ပါတယ်။ 24VDC ရှိပါတယ်။ Emergency stop အထွက် ထိ power ရှိပါတယ်။ အောက်ဘက်က temperature controller မှာကြည့်တော့ LED display လေးနဲ့ 38  ံC ပြနေပါတယ်။ နည်းနည်းတော့ ကစားပါတယ်။ Remote control နဲ့ နှိပ်ပြီး မောင်းကြည့်တော့ Drive နားက main contactor ကြီး ဆွဲကပ်သွားပါတယ်။ Contactor အထွက်ထိ 24V ထွက်ပါတယ်။ Motor လည်တဲ့ အသံလည်း ကြားနေရပါတယ်။ ဒီတော့ ကောင်းနေတာပေါ့။ သူကြီးကို မေးကြည့်တော့ တစ်ခါတလေ မရတာတဲ့။ Temperature controller ကလည်း bazar အသံမြည် တယ်ပြောပါတယ်။ ဒါဆိုရင်တော့ overheat interlock နဲ့ ဖြတ်ချတာ ဖြစ်ဖို့ များပါတယ်။ အခု temperature conttoller ကြည့်တော့ 48  ံလောက် ရောက်နေပါတယ်။ ဘာမှ မဟုတ်ပဲ temperature တက်နေတာကို မကြိုက်ပါဘူး။ Sensor မကောင်းတာလား၊ controller မကောင်းတာလား၊ စစ်ရပါမယ်။
Sensor ကြိုး နှစ်ချောင်းကို တစ်စဖြုတ် တိုင်းကြည့်တော့ 5k ohm လောက်ပြပါတယ်။ ခေါင်းထဲမှာ စဉ်းစားစရာတွေ တန်းစီပြီး ရောက်လာပါတယ်။
ပထမ Temperature Sensor အမျိုးအစားတွေ အကြောင်း နည်းနည်း ခြုံကြည့်ရအောင်။ အဓိက Thermocouple (TC) နဲ့ Resistance Temperature Detector (RTD) လို့ နှစ်မျိုး အရင်ခွဲလို့ရပါတယ်။ TC မှာ  အပူချိန်လိုက်ပြီး mV တန်ဖိုး ပြောင်းပါတယ်။ ခုလို power မရှိပဲ (passively) sensor ကို တိုင်းကြည့်ရင် resistance တန်ဖိုး အမြင့် (Maga Ohm) တစ်ခုပြပါတယ်။ အခု 5k ohm လောက် ပြတယ်ဆိုတော့ TC မဟုတ်နိုင်တော့ပါဘူး။ ဒါဆိုရင် RTD ဖြစ်ဖို့ များပါတယ်။
နောက်တစ်ခါ RTD မှာ နှစ်မျိုး ထပ်ကွဲပြန်ပါတယ်။ Positive Temperatute Coefficient (PTC) နဲ့ Negative Temperature Coefficient (NTC) ပါ။ သိလွယ်အောင် ပြောရရင် PTC က အပူချိန်များလာရင် redistance တက်လာမယ်။ အပူချိန်နည်းရင် resistance ကျလာမယ်။ NTC ကတော့ ပြောင်းပြန်။ အပူချိန် များရင် resistance ကျလာမယ်။ အပူချိန်နည်းရင် resistance တက်လာမှာပါ။ 
PTC အုပ်စုထဲမှာ အကျယ်ပြန့်ဆုံး သုံးကြတာကတော့ PT100 ပါ။ Platinum နဲ့ လုပ်ထားပြီး 0  ံC မှာ 100 ohm ရှိပါတယ်။ နောက် PT1000 ကလည်း Platinum နဲ့ လုပ်ထားပြီး 0  ံC မှာ 1000 ohm ရှိပါတယ်။ PTC Thermistor တွေကိုတော့ Temperature output sensor အနေနဲ့ သုံးခဲပါတယ်။ Switching function အနေနဲ့ပဲ သုံးလေ့ရှိပါတယ်။
အခု အပူချိန် 38  ံ လောက် ပြတဲ့အချိန်မှာ 5000 ohm ဆိုတော့ PT100 နဲ့ PT1000 လည်း မဖြစ်နိုင်တော့ပါဘူး။ PTC Thermistor  ကလည်း ဒီလိုနေရာမှာ သုံးလေ့မရှိဘူးဆိုတော့ ဖယ်ထားလိုက်ပါမယ်။ ဒါဆိုရင် ဖြစ်နိုင်တာက NTC Thermistor လို့ထင်လိုက်ပါတယ်။ 
သေချာအောင် Temperature controller လေးကို ဖြုတ်ပြီး ဖတ်ကြည့်လိုက်တော့ sensor input နေရာမှာ NTC လို့ ရေးထားတာ တွေ့ရပါတယ်။ ပြောရရင် NTC thermistor တွေက ပိုပြီး sensitive ဖြစ်ပါတယ်။ Temperature နည်းနည်း ပြောင်းတာနဲ့ resistance အများကြီးပြောင်းပါတယ်။
အခု တစ်ခါ Controller ကြောင့်လား၊ sensor ကြောင့်လား ခွဲသိဖို့ 10k potentiometer တစ်လုံးကို controller ရဲ့ sensor အဝင်နေရာမှာ အစားထိုး ထည့်လိုက်ပါတယ်။ Resistance ကို တင်လိုက်တော့ temperature တန်ဖိုး ကျသွားပါတယ်။ 30  ံ လောက်ချိန်ထားလိုက်ပြီး စောင့်ကြည့်ပါတယ်။ နာရီဝက်လောက်ထိ ငြိမ်ပြီး အပြောင်းအလဲ မရှိတာမို့ controller ကောင်းတယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒါဆိုရင် sensor အပိုင်းပဲ ကျန်တော့တယ်။ ခက်တာက motor က IP 67 ရေလုံအောင် ကြိုးအဝင်တွေပါ အသေပိတ်ထည့်ထားတော့ ဖြုတ်မထုတ်ပဲ အထဲကို မမြင်ရ။ ဖြုတ်ထုတ်ဖို့က ရွက်လိပ်တဲ့ တန်းကြီးတစ်ခုလုံး end bearing ဖြုတ်ပြီး ဆွဲထုတ်ရမယ့် heavy job ။ ဒါနဲ့ ဘာလုပ်ရမလဲ ကြံရာမရ ကြိုးတွေကို သပ်ရပ်အောင် ပတ်ထားတဲ့ bellow tube ကို ဆွဲခွာထုတ်လိုက်တော့ အထဲမှာ sensor ကြိုးကို ဆက်ထားတာ တွေ့လိုက်ရတယ်။ အဆက်နေရာက နည်းနည်း ချောင်နေတော့ မထိတထိ ဖြစ်ပြီး ဒုက္ခပေးတာဖြစ်ပါမယ်။ အဲဒီနေ
ရာကို သေချာလေး ပြန်ဆက်ပေးလိုက်တော့ အဆင်ပြေသွားပါတယ်။
ဘယ်လိုလဲ။ ပြဿနာ ရှင်းရှင်းလေးကို ရှုပ်အောင်ရေးပြထားတော့ ဖတ်ရတာ မူးသွားပြီလား။ နားမလည်ပဲ မျက်စေ့လည်သွားရင်၊ နောက်တစ်ခေါက်လောက် ထပ်ဖတ်လိုက်ပါဦး။ 

No comments:

Post a Comment