Showing posts with label Circuit. Show all posts
Showing posts with label Circuit. Show all posts

Friday, 18 January 2019

Circuit Drawing with variable - ( Explanation)



ေရွ႕က ပို႔စ္မွာ စဥ္းစားၾကည့္ရေအာင္ သဲလြန္စေလာက္ပဲ တင္ခဲ့ပါတယ္။ တစ္ခ်ဳိ႕ နားလည္ရ ခက္တဲ့သူေတြအတြက္ နည္းနည္းပိုၿပီး အေသးစိတ္ ရွင္းျပခ်င္ပါတယ္။

ပထမဆုံး ဇယားမွာ Column ၄ ခုကို သတိထား ၾကည့္ပါ။ 
1) Circuit Type 
2) Relay (Rn)
3) Sensor (Rn or Sn)
4) Timer Relay (Tn)

အဲဒီ ထဲက Circuit Type A (သို႔) B ေပၚမူတည္ၿပီး အေပၚက ပုံမွာ သက္ဆိုင္တဲ့ ပန္းေရာင္ variable ေတြ ေနရာမွာ အစားထိုး ဖတ္ရပါတယ္။ 

ဥပမာ - L. O press low ဆိုၾကပါစို႔။
Circuit Type B ျဖစ္တဲ့အတြက္ Circuit ရဲ႕ ေနာက္ဖ်ားက ပန္းေရာင္ ၃ ခု နဲ႔ ဆိုင္ပါတယ္။ 
အဲဒီထဲက
- (Rn) ေနရာမွာ            (R-SLS) ဆိုတဲ့ Relay နံပါတ္ထည့္
- (Rn or Sn) ေနရာမွာ  (PS-SLS) ဆိုတဲ့ pressure switch နံပါတ္ထည့္
- (Tn) ေနရာမွာ            (T-SLS) ဆိုတဲ့ Timer နံပါတ္ထည့္
အဲလို အစားထိုး ဖတ္ရမွာပါ။

အလုပ္လုပ္ပုံကေတာ့ 
Sensor Terminals C နဲ႔ D ( ဒီေနရာမွာ pressure switch PS-SLS) close ျဖစ္မယ္။ ေနာက္ၿပီး R-HST နဲ႔ R-SPE relay ႏွစ္လုံးက (NC contact ေတြ သုံးထားတဲ့အတြက္) energize မျဖစ္ခဲ့ရင္ Tn (ဒီေနရာမွာ T-SLS) စၿပီး ဆြဲပါမယ္။ ၅ စကၠန္႔ျပည့္ေတာ့ Rn (ဒီေနရာမွာ R-SLS) ဆြဲပါမယ္။ သူ႔ contact တစ္ခုနဲ႔ (latch) ထိန္းထားၿပီး ဆက္ဆြဲေနပါမယ္။ သူ႔ ေနာက္ conract တစ္ခုက Solenoid valve for E/S ကို ဆြဲပိတ္ၿပီး Engine ရပ္လိုက္မွာပါ။
R-HST (သို႔) R-SPE တစ္ခုခု နဲ႔ Reset လုပ္ရပါမယ္။

မရွင္းတာ ေမးႏိုင္ပါတယ္။




[Unicode]

ရှေ့က ပို့စ်မှာ စဉ်းစားကြည့်ရအောင် သဲလွန်စလောက်ပဲ တင်ခဲ့ပါတယ်။ တစ်ချို့ နားလည်ရ ခက်တဲ့သူတွေအတွက် နည်းနည်းပိုပြီး အသေးစိတ် ရှင်းပြချင်ပါတယ်။

ပထမဆုံး ဇယားမှာ Column ၄ ခုကို သတိထား ကြည့်ပါ။ 
1) Circuit Type 
2) Relay (Rn)
3) Sensor (Rn or Sn)
4) Timer Relay (Tn)

အဲဒီ ထဲက Circuit Type A (သို့) B ပေါ်မူတည်ပြီး အပေါ်က ပုံမှာ သက်ဆိုင်တဲ့ ပန်းရောင် variable တွေ နေရာမှာ အစားထိုး ဖတ်ရပါတယ်။ 

ဥပမာ - L. O press low ဆိုကြပါစို့။
Circuit Type B ဖြစ်တဲ့အတွက် Circuit ရဲ့ နောက်ဖျားက ပန်းရောင် ၃ ခု နဲ့ ဆိုင်ပါတယ်။ 
အဲဒီထဲက
- (Rn) နေရာမှာ            (R-SLS) ဆိုတဲ့ Relay နံပါတ်ထည့်
- (Rn or Sn) နေရာမှာ (PS-SLS) ဆိုတဲ့ pressure switch နံပါတ်ထည့်
- (Tn) နေရာမှာ            (T-SLS) ဆိုတဲ့ Timer နံပါတ်ထည့်
အဲလို အစားထိုး ဖတ်ရမှာပါ။

အလုပ်လုပ်ပုံကတော့ 
Sensor Terminals C နဲ့ D ( ဒီနေရာမှာ pressure switch PS-SLS) close ဖြစ်မယ်။ နောက်ပြီး R-HST နဲ့ R-SPE relay နှစ်လုံးက (NC contact တွေ သုံးထားတဲ့အတွက်) energize မဖြစ်ခဲ့ရင် Tn (ဒီနေရာမှာ T-SLS) စပြီး ဆွဲပါမယ်။ ၅ စက္ကန့်ပြည့်တော့ Rn (ဒီနေရာမှာ R-SLS) ဆွဲပါမယ်။ သူ့ contact တစ်ခုနဲ့ (latch) ထိန်းထားပြီး ဆက်ဆွဲနေပါမယ်။ သူ့ နောက် conract တစ်ခုက Solenoid valve for E/S ကို ဆွဲပိတ်ပြီး Engine ရပ်လိုက်မှာပါ။
R-HST (သို့) R-SPE တစ်ခုခု နဲ့ Reset လုပ်ရပါမယ်။

မရှင်းတာ မေးနိုင်ပါတယ်။

Circuit Drawing with Variable

Circuit Drawing အမ်ဳိးမ်ဳိး ေတြ႕ခဲ့ ဖူးပါတယ္။ စံအမ်ဳိးမ်ဳိး၊ စတိုင္အမ်ဳိးမ်ဳိး၊ သေကၤတ အမ်ဳိးမ်ဳိးပါပဲ။ ဒီတစ္ခါေတြ႕ရတဲ့ Drawing ေလးကေတာ့ သေဘာက်ဖို႔ ေကာင္းလို႔ ျပန္မွ်ေဝလိုက္ပါတယ္။ 
သေဘၤာတစ္စီးက Main Engine Safety Cuicuit ေလးပါ။ ဒီ circuit ဆြဲတဲ့သူက စိတ္ကူးေလး ေကာင္းပါတယ္။

Circuit မွာ ME ကို Shut down လုပ္မယ့္ အေျခအေန ၄ ခု ရွိပါတယ္။ 
အဲဒီထဲမွာ (1) Emergency Stop နွိပ္လိုက္တာ နဲ႔ (2) overspeed ျဖစ္ရင္ ခ်က္ခ်င္း shut down လုပ္မွာပါ (A Type) ။ 
(3) Lube Oil Pressure Low နဲ႔ (4) Exhaust Act. Pressure Low ဆိုရင္ေတာ့ ၅ စကၠန္႔ၾကာ timer ျပည့္မွ shut down လုပ္မွာပါ (B Type)။

ဒါကို circuit မွာ ၂ ခုပဲ ဆြဲထားပါတယ္။ အဲဒီမွာ ပါတဲ့ Relay နံပါတ္ ကို (Rn), Timer ကို (Tn), Sensing / input ကို (Sn or Rn) ဆိုတဲ့ ကိန္းရွင္ (Variable) ေတြနဲ႔ ထည့္ဆြဲထားပါတယ္။ အဲဒီ ကိန္းရွင္ေနရာမွာ အစားထိုးရမယ့္ တစ္ကယ့္ နံပါတ္အမွန္ေတြကိုေတာ့ ေအာက္က ဇယားထဲမွာ ထည့္ထားေပးပါတယ္။

အစကေတာ့ လက္ေတြ႕ control panel ထဲက label တပ္ထားတဲ့ Relay နံပါတ္ေတြကို drawing ထဲမွာ ရွာတာ မေတြ႕လို႔။ ေသခ်ာၾကည့္ေတာ့မွ drawing က ဒီလို ကိန္းရွင္သုံး ဆြဲထားတာ ေတြ႕ရတယ္။ သေဘာက်လို႔ပါ။ 

C++ ေလ့လာတုန္းက OOP ရဲ႕ သေဘာေလးေတြေတာင္ သတိရမိတယ္။ တူေနတဲ့ code ေတြကို ထပ္ခ်ည္းတစ္လဲလဲ ျပန္မေရးပဲ object / function/ subroutine ေလးေတြ ေရးၿပီး argument ေျပာင္းထည့္ သုံးရတာမ်ဳိးေပါ့။ Drawing ေလး ေသခ်ာ ဖတ္ၾကည့္လိုက္ၾကပါဦး။ နည္းနည္းေတာ့ စဥ္းစားစရာေလးေတြ ပါတာေပါ့ဗ်ာ။



[Unicode]

Circuit Drawing အမျိုးမျိုး တွေ့ခဲ့ ဖူးပါတယ်။ စံအမျိုးမျိုး၊ စတိုင်အမျိုးမျိုး၊ သင်္ကေတ အမျိုးမျိုးပါပဲ။ ဒီတစ်ခါတွေ့ရတဲ့ Drawing လေးကတော့ သဘောကျဖို့ ကောင်းလို့ ပြန်မျှဝေလိုက်ပါတယ်။ 
သင်္ဘောတစ်စီးက Main Engine Safety Cuicuit လေးပါ။ ဒီ circuit ဆွဲတဲ့သူက စိတ်ကူးလေး ကောင်းပါတယ်။

Circuit မှာ ME ကို Shut down လုပ်မယ့် အခြေအနေ ၄ ခု ရှိပါတယ်။ 
အဲဒီထဲမှာ (1) Emergency Stop နှိပ်လိုက်တာ နဲ့ (2) overspeed ဖြစ်ရင် ချက်ချင်း shut down လုပ်မှာပါ (A Type) ။ 
(3) Lube Oil Pressure Low နဲ့ (4) Exhaust Act. Pressure Low ဆိုရင်တော့ ၅ စက္ကန့်ကြာ timer ပြည့်မှ shut down လုပ်မှာပါ (B Type)။

ဒါကို circuit မှာ ၂ ခုပဲ ဆွဲထားပါတယ်။ အဲဒီမှာ ပါတဲ့ Relay နံပါတ် ကို (Rn), Timer ကို (Tn), Sensing / input ကို (Sn or Rn) ဆိုတဲ့ ကိန်းရှင် (Variable) တွေနဲ့ ထည့်ဆွဲထားပါတယ်။ အဲဒီ ကိန်းရှင်နေရာမှာ အစားထိုးရမယ့် တစ်ကယ့် နံပါတ်အမှန်တွေကိုတော့ အောက်က ဇယားထဲမှာ ထည့်ထားပေးပါတယ်။

အစကတော့ လက်တွေ့ control panel ထဲက label တပ်ထားတဲ့ Relay နံပါတ်တွေကို drawing ထဲမှာ ရှာတာ မတွေ့လို့။ သေချာကြည့်တော့မှ drawing က ဒီလို ကိန်းရှင်သုံး ဆွဲထားတာ တွေ့ရတယ်။ သဘောကျလို့ပါ။ 

C++ လေ့လာတုန်းက OOP ရဲ့ သဘောလေးတွေတောင် သတိရမိတယ်။ တူနေတဲ့ code တွေကို ထပ်ချည်းတစ်လဲလဲ ပြန်မရေးပဲ object / function/ subroutine လေးတွေ ရေးပြီး argument ပြောင်းထည့် သုံးရတာမျိုးပေါ့။ Drawing လေး သေချာ ဖတ်ကြည့်လိုက်ကြပါဦး။ နည်းနည်းတော့ စဉ်းစားစရာလေးတွေ ပါတာပေါ့ဗျာ။