Monday 4 December 2017

Generator (၁၁-ခ) - No Output Voltage

[Zawgyi]

ဒီတစ္ခါ Tanker တစ္စီးမွာပါ။ Generator Output Voltage မထြက္တာပါဘဲ။ အင္ဒို စက္ခ်ဳပ္က ရွင္းျပပါတယ္။ အဲဒီ generator က vibration မ်ားတယ္တဲ့။ ၿပီးခဲ့တဲ့ ၆ လေက်ာ္ထဲက super ကို ေျပာျပေပမဲ့ ဘာမွလုပ္မေပးခဲ့ဘူးတဲ့။ ဒီရက္ပိုင္းမွာ ပိုဆိုးလာၿပီး အခုဆို လုံးဝ Voltage မထြက္ေတာ့ဘူး ေျပာပါတယ္။

စိတ္ထဲမွာေတာ့ အယင္အေတြ႕အၾကဳံေတြနဲ႔ ယွဥ္ၿပီး ျဖစ္ႏိုင္ေခ်ေတြ စဥ္းစားၾကည့္မိပါတယ္။ Vibration မ်ားတယ္ဆိုေတာ့ alignment မွာျပႆနာရွိမယ္ထင္ပါတယ္။ ဒါေပမဲ့ alignment က ကိုယ္ကၽြမ္းက်င္တဲ့ အပိုင္းမဟုတ္ပါဘူး။ အတူလိုက္လာတဲ့ mechanical section က ကုလားတစ္ေယာက္ ကူၾကည့္ေပးပါလိမ့္မယ္။ Alignment မေကာင္းလို႔ vibration မ်ားယင္ Non-driven End (NDE) ဘက္က bearing ေတြ ၾကာလာေတာ့ wear off ျဖစ္ႏိုင္ပါတယ္။ Bearing support လုပ္ေပးတဲ့ level နိမ့္က်လာယင္ rotor winding ေတြ ပြတ္တိုက္မိၿပီး turn short / ground short ျဖစ္ႏိုင္ပါတယ္။ ဒါဆို Voltage ထြက္ေတာ့မွာ မဟုတ္ပါဘူး။
ဒါကေတာ့ ျဖစ္ႏိုင္ေခ်တစ္ခုေပါ့။ တစ္ျခား ျဖစ္ႏိုင္ေခ်ေတြလည္း ရွိဦးမွာပါ။
အစဆုံး စက္ခ်ဳပ္ကို ခဏေမာင္းၾကည့္ဖို႔ ခိုင္းလိုက္ပါတယ္။ Terminal box ကိုေတာ့ ဖြင့္ထားၿပီး ေစာင့္ၾကည့္ပါတယ္။ စက္စလည္တာနဲ႔ တုန္ခါေနတာ အျပင္ တစ္ခုခု ပြတ္တိုက္မိတဲ့ အသံၾကားရပါတယ္။ Voltage လည္း မထြက္ပါဘူး။ ခ်က္ခ်င္း ရပ္ခိုင္းလိုက္ပါတယ္။ အဖုံးဖြင့္ visual check ေလွ်ာက္ၾကည့္လိုက္ေတာ့ exciter ဘက္နားမွာ သံ၊ သတၱဳ အမႈန္ေလးေတြ ေအာက္ဘက္မွာ ေတြ႕ရပါတယ္။ ဒါဆိုယင္ေတာ့ ထင္တာ မွန္ဖို႔ မ်ားပါတယ္။ ေသခ်ာေအာင္ Winding ေတြ အားလုံးကို တစ္ခုစီ Megger တိုင္း၊ coil resistance တိုင္းၾကည့္ပါတယ္။ အဲဒီမွာ exciter rotor coil က 0 M ohm ဘဲရွိပါတယ္။ က်န္တဲ့ main stator, main rotor, exciter stator ေတြရဲ႕ Megger test result က ေကာင္းပါတယ္။ ပုံမွန္အားျဖင့္ rotor ေတြရဲ႕ Megger test က ျမင့္ေလ့ရွိပါတယ္။ အခု 0 ေတာင္ျပတယ္ဆိုေတာ့ မေကာင္းတာ ေသခ်ာသေလာက္ျဖစ္ေနပါၿပီ။ Coil resistance ကေတာ့ multimeter နဲ႔ဘဲ တိုင္းၾကည့္ေတာ့ သိပ္မကြာတာမို႔ သိသိသာသာ ေကာက္ခ်က္ခ်လို႔ မရပါဘူး။ ေနာက္ rotating diode ေတြတိုင္းၾကည့္ေတာ့ အကုန္ေကာင္းပါတယ္။
ဒါနဲ႔ စက္ခ်ဳပ္ကိုရွင္းျပ။ super ကို အေၾကာင္းၾကားၿပီး winding ျပန္ပတ္ရမယ္ ေျပာလိုက္ပါတယ္။ ေနာက္တစ္ပတ္မွာ rewinding section ကတစ္ဖြဲ႕ alternator ျဖဳတ္ခ်လာၿပီး ျပန္ပတ္ၾကပါတယ္။ သုတို႔ျပန္ေျပာျပတာေတာ့ exciter rotor တစ္ခုဘဲ မေကာင္းေတာ့လို႔ ျပန္ပတ္ရတယ္ ေျပာပါတယ္။ 
ေနာက္ ႏွစ္ပတ္ေလာက္အၾကာ alternator ျပန္ install လုပ္ေတာ့ ျပန္လိုက္သြားၿပီး commissioning လုပ္ေပးရပါတယ္။ အားလုံး တပ္ဆင္ၿပီး run ၾကည့္ေတာ့ အကုန္ေကာင္း သြားပါၿပီ။ Mechanical ဘက္ကႀကိဳးစားၿပီး align လုပ္ေပမဲ့ ေကာင္းတဲ့  AE နဲ႔ ယွဥ္လိုက္ယင္ vibration က နည္းနည္းေတာ့ ပိုေနပါေသးတယ္။ Maker ရဲ႕ acceptable range ထဲမွာ ရွိတယ္လို႔ ေျပာပါတယ္။ Stand alone, parallel, load test အမ်ဳိးမ်ဳိးစမ္းၾကည့္ၿပီး super နဲ႔ စက္ခ်ဳပ္ လက္ခံသြားပါတယ္။

[Unicode]

ဒီတစ်ခါ Tanker တစ်စီးမှာပါ။ Generator Output Voltage မထွက်တာပါဘဲ။ အင်ဒို စက်ချုပ်က ရှင်းပြပါတယ်။ အဲဒီ generator က vibration များတယ်တဲ့။ ပြီးခဲ့တဲ့ ၆ လကျော်ထဲက super ကို ပြောပြပေမဲ့ ဘာမှလုပ်မပေးခဲ့ဘူးတဲ့။ ဒီရက်ပိုင်းမှာ ပိုဆိုးလာပြီး အခုဆို လုံးဝ Voltage မထွက်တော့ဘူး ပြောပါတယ်။
စိတ်ထဲမှာတော့ အယင်အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး ဖြစ်နိုင်ချေတွေ စဉ်းစားကြည့်မိပါတယ်။ Vibration များတယ်ဆိုတော့ alignment မှာပြဿနာရှိမယ်ထင်ပါတယ်။ ဒါပေမဲ့ alignment က ကိုယ်ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ပါဘူး။ အတူလိုက်လာတဲ့ mechanical section က ကုလားတစ်ယောက် ကူကြည့်ပေးပါလိမ့်မယ်။ Alignment မကောင်းလို့ vibration များယင် Non-driven End (NDE) ဘက်က bearing တွေ ကြာလာတော့ wear off ဖြစ်နိုင်ပါတယ်။ Bearing support လုပ်ပေးတဲ့ level နိမ့်ကျလာယင် rotor winding တွေ ပွတ်တိုက်မိပြီး turn short / ground short ဖြစ်နိုင်ပါတယ်။ ဒါဆို Voltage ထွက်တော့မှာ မဟုတ်ပါဘူး။
ဒါကတော့ ဖြစ်နိုင်ချေတစ်ခုပေါ့။ တစ်ခြား ဖြစ်နိုင်ချေတွေလည်း ရှိဦးမှာပါ။ 
အစဆုံး စက်ချုပ်ကို ခဏမောင်းကြည့်ဖို့ ခိုင်းလိုက်ပါတယ်။ Terminal box ကိုတော့ ဖွင့်ထားပြီး စောင့်ကြည့်ပါတယ်။ စက်စလည်တာနဲ့ တုန်ခါနေတာ အပြင် တစ်ခုခု ပွတ်တိုက်မိတဲ့ အသံကြားရပါတယ်။ Voltage လည်း မထွက်ပါဘူး။ ချက်ချင်း ရပ်ခိုင်းလိုက်ပါတယ်။ အဖုံးဖွင့် visual check လျှောက်ကြည့်လိုက်တော့ exciter ဘက်နားမှာ သံ၊ သတ္တု အမှုန်လေးတွေ အောက်ဘက်မှာ တွေ့ရပါတယ်။ ဒါဆိုယင်တော့ ထင်တာ မှန်ဖို့ များပါတယ်။ သေချာအောင် Winding တွေ အားလုံးကို တစ်ခုစီ Megger တိုင်း၊ coil resistance တိုင်းကြည့်ပါတယ်။ အဲဒီမှာ exciter rotor coil က 0 M ohm ဘဲရှိပါတယ်။ ကျန်တဲ့ main stator, main rotor, exciter stator တွေရဲ့ Megger test result က ကောင်းပါတယ်။ ပုံမှန်အားဖြင့် rotor တွေရဲ့ Megger test က မြင့်လေ့ရှိပါတယ်။ အခု 0 တောင်ပြတယ်ဆိုတော့ မကောင်းတာ သေချာသလောက်ဖြစ်နေပါပြီ။ Coil resistance ကတော့ multimeter နဲ့ဘဲ တိုင်းကြည့်တော့ သိပ်မကွာတာမို့ သိသိသာသာ ကောက်ချက်ချလို့ မရပါဘူး။ နောက် rotating diode တွေတိုင်းကြည့်တော့ အကုန်ကောင်းပါတယ်။ 
ဒါနဲ့ စက်ချုပ်ကိုရှင်းပြ။ super ကို အကြောင်းကြားပြီး winding ပြန်ပတ်ရမယ် ပြောလိုက်ပါတယ်။ နောက်တစ်ပတ်မှာ rewinding section ကတစ်ဖွဲ့ alternator ဖြုတ်ချလာပြီး ပြန်ပတ်ကြပါတယ်။ သုတို့ပြန်ပြောပြတာတော့ exciter rotor တစ်ခုဘဲ မကောင်းတော့လို့ ပြန်ပတ်ရတယ် ပြောပါတယ်။ 
နောက် နှစ်ပတ်လောက်အကြာ alternator ပြန် install လုပ်တော့ ပြန်လိုက်သွားပြီး commissioning လုပ်ပေးရပါတယ်။ အားလုံး တပ်ဆင်ပြီး run ကြည့်တော့ အကုန်ကောင်း သွားပါပြီ။ Mechanical ဘက်ကကြိုးစားပြီး align လုပ်ပေမဲ့ ကောင်းတဲ့  AE နဲ့ ယှဉ်လိုက်ယင် vibration က နည်းနည်းတော့ ပိုနေပါသေးတယ်။ Maker ရဲ့ acceptable range ထဲမှာ ရှိတယ်လို့ ပြောပါတယ်။ Stand alone, parallel, load test အမျိုးမျိုးစမ်းကြည့်ပြီး super နဲ့ စက်ချုပ် လက်ခံသွားပါတယ်။

No comments:

Post a Comment