Monday 28 August 2017

Tank Gauging (၂) - Communication Error


[Zawgyi]
Tanker တစ္စီးရဲ႕ Tank Gauging စံနစ္ကိုသြား စစ္ခဲ့ရပါတယ္။ System က Rosemont tank radar star ပါ။ ေရာက္တာနဲ႔ CCR ထဲမွာရွိတဲ့ Control cabinet ကိုလိုက္ျပၿပီး ကုန္းခ်ဳပ္က ေျပာပါတယ္။ Cargo Tank 4P က ဘာဂဏန္းမွ မျပဘဲ Communication error ျပေနပါတယ္။ Level, pressure နဲ႔ temperature ဘာမွ မျပပါဘူး။ Cabinet တံခါးမွာ HMI unit ေလးတစ္ခုရွိပါတယ္။

Control cabinet ကိုဖြင့္ၾကည့္ပါတယ္။ အထဲမွာ power supply, communication module, computer unit နဲ႔ safety barrier card ေတြရွိပါတယ္။ အျပင္ဘက္ Cargo tank ေတြနဲ႔ ဆက္သြယ္တဲ့ ေနာက္ဆုံး connection ကေတာ့ safety barrier ေတြေပါ့။ ျပႆနာက အျပင္မွာလား အတြင္းမွာလား သိရေအာင္ အယင္ဆုံးျဖတ္ရပါမယ္။ အျပင္နဲ႔ အတြင္း ဆက္စပ္ေနတာကေတာ့ safety barrier ေတြေပါ့။ အဲဒီေနရာကေန ျဖဳတ္စမ္းၾကည့္ပါမယ္။ မေကာင္းတဲ့ tank က 4P ဆိုေတာ့ ေကာင္းတဲ့ tank 4S နဲ႔ လဲၾကည့္ပါမယ္။ Barrier card ေတြကို အျပင္ကလာတဲ့ ႀကိဳးေတြနဲ႔ Connector Socket မွာစြပ္ၿပီး ဆက္ထားေတာ့ အလြယ္တကူ လဲၾကည့္လို႔ ရပါတယ္။ 4S ရဲ႕ ႀကိဳးကိုျဖဳတ္လိုက္ေတာ့ HMI မွာ 4S ပါ error တက္လာပါတယ္။ အဲဒီႀကိဳးကို 4P barrier card မွာ တပ္ၾကည့္ၿပီး reset လုပ္လိုက္ေတာ့ 4S ျပန္ေကာင္းသြားပါတယ္။ ဒီေတာ့ အတြင္းပိုင္းက barrier အထိ ေကာင္းေနၿပီလို႔ ယူဆႏိုင္ပါတယ္။ ေသခ်ာေအာင္ 4P ရဲ႕ ႀကိဳးကို 4S barrier မွာတပ္ၾကည့္ေတာ့လည္း အေျပာင္းအလဲ မရွိပါဘူး။ 4P error ျပေနတုန္းပါဘဲ။ ဒီေတာ့ သူ႔ေနရာသူျပန္တပ္လိုက္ပါတယ္။ 4P ရဲ႕ အျပင္ဘက္ျခမ္းကို ရွာရေတာ့ပါမယ္။
ဒီေနရာမွာ သတိထားဖို႔ တစ္ခုေျပာခ်င္ပါတယ္။ ေစာေစာက 4P barrier card မွာ 4S ရဲ႕ႀကိဳးတပ္လိုက္တာ 4S ျပန္ေကာင္းသြားတယ္ဆိုတာပါ။ ဒီေနရာမွာ သာမန္ လွ်ပ္စစ္ပစၥည္းေတြလို ေတြးလို႔မရပါဘူး။ ဒီစံနစ္မွာ RS485 serial communication သုံးထားပါတယ္။ RS485 input ကို multiple sources ကေန Com port တစ္ခုထဲမွာ Serially တန္းစီဝင္လာယင္ system က ဘယ္ data ဘယ္ source ကလာတယ္ဆိုတာ မသိေတာ့ပါဘူး။ ဒါကို ေျဖရွင္းဖို႔က address ေတြထည့္ေပးရပါတယ္။ ဒီေတာ့ Tank တစ္ခုစီရဲ႕ communication module ေတြမွာ ကိုယ္ပိုင္ address ေတြရွိပါတယ္။ အဲဒါေၾကာင့္ 4S tank ရဲ႕ hard wire ကို 4P slot မွာထည့္ေပမဲ့ သူ႔ address ပါလာတာမို႔ 4S လို႔ နားလည္ပါတယ္။

အခု အျပင္ဘက္ main deck ကိုသြား 4P tank အဝင္မွာရွိတဲ့ Tank radar module ရဲ႕ အဖုံးကို ဖြင့္ၾကည့္ပါတယ္။ အဲဒီမွာ main control unit တစ္ခုရွိပါတယ္။ အဝင္အထြက္ႀကိဳးေတြကို ေလ့လာၾကည့္ေတာ့ barrier ဆီကလာတာ ႀကိဳး ၄ ေခ်ာင္းရွိပါတယ္။ 24V supply ႏွစ္ေခ်ာင္းနဲ႔ RS485 ႏွစ္ေခ်ာင္းပါ။ Tank ဘက္အျခမ္းက level radar က ႏွစ္ေခ်ာင္း၊ pressure sensor က ႏွစ္ေခ်ာင္း၊ ေနာက္ ၄ ေခ်ာင္းက တစ္ေနရာကေန ဝင္လာပါတယ္။ အဲဒီပိုက္တစ္ေလ်ာက္ လိုက္ၾကည့္ေတာ့ junction box တစ္ခုေတြ႕ပါတယ္။
JB ကေန  tank ထဲဆင္းတဲ့ ပိုက္နဲ႔ temperatures sensor ၃ စုံရွိပါတယ္။ Top, Middle, Bottom temperature ၃ ခုကို serial data ေျပာင္းၿပီး main unit ဆီပို႔ေပးတာပါ။ ၂ ေခ်ာင္းက 24V ၂ ေခ်ာင္းက data ေပါ့။ Main unit ကမွ temperature ၃ခု၊ pressure နဲ႔ level စုစုေပါင္း data ၅ ခုကို RS485 နဲ႔ CCR မွာရွိတဲ့  panel ဆီျပန္ပို႔ေပးတာပါ။ တိုင္းၾကည့္ေတာ့ အဝင္ DC 24V ႀကိဳးမွာ voltage မရွိပါဘူး။ CCR ျပန္သြားၿပီး terminal block မွာတိုင္းေတာ့ 24V ရွိတယ္။ ႀကိဳးမွားတာ မဟုတ္ယင္ လမ္းမွာ ႀကိဳးျပတ္ေနတာ ျဖစ္ႏိုင္ပါတယ္။ ဒါနဲ႔ terminal block က ႀကိဳး ၄ ေခ်ာင္းလုံးျဖဳတ္၊ တစ္ေခ်ာင္းစီ loop check လုပ္ရပါေတာ့တယ္။ ဒီေတာ့မွ 0V ႀကိဳးတစ္ေခ်ာင္း လမ္းမွာျပတ္ေနတာ ေတြ႕ရပါတယ္။ ကံေကာင္းေတာ့ ဒီ multi-core ႀကိဳးမွာ အပို ႏွစ္ေခ်ာင္းပါ ပါတယ္။ တစ္ခ်ာင္းကို continuity စမ္းၿပီး ယူသုံးလိုက္ပါတယ္။ 
ႀကိဳးေတြ အကုန္ျပန္တပ္ၿပီးေတာ့ CCR မွာ ေစာင့္ၾကည့္ေပးတဲ့ အေဖၚက radio နဲ႔ လွမ္းေျပာပါတယ္။ Level နဲ႔ Pressure က တန္ဖိုးေတြျပေနၿပီး Temperature ၃ ခုက တန္ဖိုးမျပဘဲ error ရွိေနတုန္းလို႔ဆိုပါတယ္။ ဒါဆို temperature sensor junction box ထဲက PCB ေလး မေကာင္းတာလားမသိဘူး။ Confirm လုပ္ခ်င္လို႔ အနားမွာရွိတဲ့ 5P tank ရဲ႕ PCB ကိုျဖဳတ္ယူၿပီး လဲတပ္လိုက္ပါတယ္။ 5P က ကဒ္ကို 4P မွာတပ္၊ 4P က ကဒ္ကို 5P မွာတပ္လိုက္ပါတယ္။ လွမ္းေမးၾကည့္ေတာ့ 4P ေရာ 5P ပါ temperature error ျဖစ္သြားၿပီလို႔ ေျပာပါတယ္။ ကၽြန္ေတာ္လည္း စိတ္ေတာ္ေတာ္ ညစ္သြားတယ္။ ဘာျဖစ္တာလဲေပါ့။ PCB ပ်က္သြားတာေတာ့ မျဖစ္ႏိုင္ဘူး။ မလဲခင္ တိုင္းၾကည့္ေတာ့ voltage ကလည္းပုံမွန္ပါ။ ဒါနဲ႔ CCR ကိုသြားၾကည့္ေတာ့၊ HMI မွာ 4P နဲ႔ 5P အတြက္ temperature ေတြ error ျပေနတာ ေတြ႕ပါတယ္။ Reset လုပ္လိုက္ေတာ့ အကုန္ေကာင္းသြားပါတယ္။ ဪ ဒုကၡပါဘဲ။ Error ကို reset မွ မလုပ္တာ။ ဒါနဲ႔ PCB ကို အယင္အတိုင္း ျပန္လဲလိုက္ေတာ့လည္း ေကာင္းပါတယ္။ ကၽြန္ေတာ့္ အေဖၚကိုေတာ့ အျပစ္မေျပာေတာ့ပါဘူး။ ဘာဘဲျဖစ္ျဖစ္ ေျပလည္သြားတယ္ေပါ့ဗ်ာ။

[Unicode]
Tanker တစ်စီးရဲ့ Tank Gauging စံနစ်ကိုသွား စစ်ခဲ့ရပါတယ်။ System က Rosemont tank radar star ပါ။ ရောက်တာနဲ့ CCR ထဲမှာရှိတဲ့ Control cabinet ကိုလိုက်ပြပြီး ကုန်းချုပ်က ပြောပါတယ်။ Cargo Tank 4P က ဘာဂဏန်းမှ မပြဘဲ Communication error ပြနေပါတယ်။ Level, pressure နဲ့ temperature ဘာမှ မပြပါဘူး။ Cabinet တံခါးမှာ HMI unit လေးတစ်ခုရှိပါတယ်။

Control cabinet ကိုဖွင့်ကြည့်ပါတယ်။ အထဲမှာ power supply, communication module, computer unit နဲ့ safety barrier card တွေရှိပါတယ်။ အပြင်ဘက် Cargo tank တွေနဲ့ ဆက်သွယ်တဲ့ နောက်ဆုံး connection ကတော့ safety barrier တွေပေါ့။ ပြဿနာက အပြင်မှာလား အတွင်းမှာလား သိရအောင် အယင်ဆုံးဖြတ်ရပါမယ်။ အပြင်နဲ့ အတွင်း ဆက်စပ်နေတာကတော့ safety barrier တွေပေါ့။ အဲဒီနေရာကနေ ဖြုတ်စမ်းကြည့်ပါမယ်။ မကောင်းတဲ့ tank က 4P ဆိုတော့ ကောင်းတဲ့ tank 4S နဲ့ လဲကြည့်ပါမယ်။ Barrier card တွေကို အပြင်ကလာတဲ့ ကြိုးတွေနဲ့ Connector Socket မှာစွပ်ပြီး ဆက်ထားတော့ အလွယ်တကူ လဲကြည့်လို့ ရပါတယ်။ 4S ရဲ့ ကြိုးကိုဖြုတ်လိုက်တော့ HMI မှာ 4S ပါ error တက်လာပါတယ်။ အဲဒီကြိုးကို 4P barrier card မှာ တပ်ကြည့်ပြီး reset လုပ်လိုက်တော့ 4S ပြန်ကောင်းသွားပါတယ်။ ဒီတော့ အတွင်းပိုင်းက barrier အထိ ကောင်းနေပြီလို့ ယူဆနိုင်ပါတယ်။ သေချာအောင် 4P ရဲ့ ကြိုးကို 4S barrier မှာတပ်ကြည့်တော့လည်း အပြောင်းအလဲ မရှိပါဘူး။ 4P error ပြနေတုန်းပါဘဲ။ ဒီတော့ သူ့နေရာသူပြန်တပ်လိုက်ပါတယ်။ 4P ရဲ့ အပြင်ဘက်ခြမ်းကို ရှာရတော့ပါမယ်။

ဒီနေရာမှာ သတိထားဖို့ တစ်ခုပြောချင်ပါတယ်။ စောစောက 4P barrier card မှာ 4S ရဲ့ကြိုးတပ်လိုက်တာ 4S ပြန်ကောင်းသွားတယ်ဆိုတာပါ။ ဒီနေရာမှာ သာမန် လျှပ်စစ်ပစ္စည်းတွေလို တွေးလို့မရပါဘူး။ ဒီစံနစ်မှာ RS485 serial communication သုံးထားပါတယ်။ RS485 input ကို multiple sources ကနေ Com port တစ်ခုထဲမှာ Serially တန်းစီဝင်လာယင် system က ဘယ် data ဘယ် source ကလာတယ်ဆိုတာ မသိတော့ပါဘူး။ ဒါကို ဖြေရှင်းဖို့က address တွေထည့်ပေးရပါတယ်။ ဒီတော့ Tank တစ်ခုစီရဲ့ communication module တွေမှာ ကိုယ်ပိုင် address တွေရှိပါတယ်။ အဲဒါကြောင့် 4S tank ရဲ့ hard wire ကို 4P slot မှာထည့်ပေမဲ့ သူ့ address ပါလာတာမို့ 4S လို့ နားလည်ပါတယ်။

အခု အပြင်ဘက် main deck ကိုသွား 4P tank အဝင်မှာရှိတဲ့ Tank radar module ရဲ့ အဖုံးကို ဖွင့်ကြည့်ပါတယ်။ အဲဒီမှာ main control unit တစ်ခုရှိပါတယ်။ အဝင်အထွက်ကြိုးတွေကို လေ့လာကြည့်တော့ barrier ဆီကလာတာ ကြိုး ၄ ချောင်းရှိပါတယ်။ 24V supply နှစ်ချောင်းနဲ့ RS485 နှစ်ချောင်းပါ။ Tank ဘက်အခြမ်းက level radar က နှစ်ချောင်း၊ pressure sensor က နှစ်ချောင်း၊ နောက် ၄ ချောင်းက တစ်နေရာကနေ ဝင်လာပါတယ်။ အဲဒီပိုက်တစ်လျောက် လိုက်ကြည့်တော့ junction box တစ်ခုတွေ့ပါတယ်။ JB ကနေ  tank ထဲဆင်းတဲ့ ပိုက်နဲ့ temperatures sensor ၃ စုံရှိပါတယ်။ Top, Middle, Bottom temperature ၃ ခုကို serial data ပြောင်းပြီး main unit ဆီပို့ပေးတာပါ။ ၂ ချောင်းက 24V ၂ ချောင်းက data ပေါ့။ Main unit ကမှ temperature ၃ခု၊ pressure နဲ့ level စုစုပေါင်း data ၅ ခုကို RS485 နဲ့ CCR မှာရှိတဲ့  panel ဆီပြန်ပို့ပေးတာပါ။ တိုင်းကြည့်တော့ အဝင် DC 24V ကြိုးမှာ voltage မရှိပါဘူး။ CCR ပြန်သွားပြီး terminal block မှာတိုင်းတော့ 24V ရှိတယ်။ ကြိုးမှားတာ မဟုတ်ယင် လမ်းမှာ ကြိုးပြတ်နေတာ ဖြစ်နိုင်ပါတယ်။ ဒါနဲ့ terminal block က ကြိုး ၄ ချောင်းလုံးဖြုတ်၊ တစ်ချောင်းစီ loop check လုပ်ရပါတော့တယ်။ ဒီတော့မှ 0V ကြိုးတစ်ချောင်း လမ်းမှာပြတ်နေတာ တွေ့ရပါတယ်။ ကံကောင်းတော့ ဒီ multi-core ကြိုးမှာ အပို နှစ်ချောင်းပါ ပါတယ်။ တစ်ချာင်းကို continuity စမ်းပြီး ယူသုံးလိုက်ပါတယ်။

ကြိုးတွေ အကုန်ပြန်တပ်ပြီးတော့ CCR မှာ စောင့်ကြည့်ပေးတဲ့ အဖေါ်က radio နဲ့ လှမ်းပြောပါတယ်။ Level နဲ့ Pressure က တန်ဖိုးတွေပြနေပြီး Temperature ၃ ခုက တန်ဖိုးမပြဘဲ error ရှိနေတုန်းလို့ဆိုပါတယ်။ ဒါဆို temperature sensor junction box ထဲက PCB လေး မကောင်းတာလားမသိဘူး။ Confirm လုပ်ချင်လို့ အနားမှာရှိတဲ့ 5P tank ရဲ့ PCB ကိုဖြုတ်ယူပြီး လဲတပ်လိုက်ပါတယ်။ 5P က ကဒ်ကို 4P မှာတပ်၊ 4P က ကဒ်ကို 5P မှာတပ်လိုက်ပါတယ်။ လှမ်းမေးကြည့်တော့ 4P ရော 5P ပါ temperature error ဖြစ်သွားပြီလို့ ပြောပါတယ်။ ကျွန်တော်လည်း စိတ်တော်တော် ညစ်သွားတယ်။ ဘာဖြစ်တာလဲပေါ့။ PCB ပျက်သွားတာတော့ မဖြစ်နိုင်ဘူး။ မလဲခင် တိုင်းကြည့်တော့ voltage ကလည်းပုံမှန်ပါ။ ဒါနဲ့ CCR ကိုသွားကြည့်တော့၊ HMI မှာ 4P နဲ့ 5P အတွက် temperature တွေ error ပြနေတာ တွေ့ပါတယ်။ Reset လုပ်လိုက်တော့ အကုန်ကောင်းသွားပါတယ်။ ဪ ဒုက္ခပါဘဲ။ Error ကို reset မှ မလုပ်တာ။ ဒါနဲ့ PCB ကို အယင်အတိုင်း ပြန်လဲလိုက်တော့လည်း ကောင်းပါတယ်။ ကျွန်တော့် အဖေါ်ကိုတော့ အပြစ်မပြောတော့ပါဘူး။ ဘာဘဲဖြစ်ဖြစ် ပြေလည်သွားတယ်ပေါ့ဗျာ။ 

No comments:

Post a Comment