Wednesday 23 August 2017

Boiler (၅) - Cold Start Up

[zawgyi]
ဒီတစ္ေခါက္တက္ရတာ သိပ္ေတာ့မေခ်ာင္ဘူး။ ပညာေတာ့ ပိုရတာေပါ့။ ေျပာရယင္ ကၽြန္ေတာ္လည္း သင္ယူစရာေတြ ေလ့လာစရာေတြ အမ်ားႀကီး က်န္ပါေသးတယ္။ အဲဒီလို ရခဲ့တဲ့ အေတြ႕အၾကဳံေတြ ဗဟုသုတေတြ ျပန္ေပးရတာလည္း ေပ်ာ္ပါတယ္။ ထားပါေတာ့။ အခုသြားခဲ့တဲ့ သေဘၤာကေတာ့ Container သေဘၤာပါ။ တစ္ႏွစ္ေလာက္ ရပ္ထားတဲ့ သေဘၤာကို ဝယ္လာၿပီး အခု Boiler ျပန္စခ်င္တယ္ေျပာပါတယ္။
Boiler ကေတာ့ Aalborg ရဲ႕ Mission CO အမ်ဳိးအစားပါ။ Boiler တစ္ခုထဲမွာ Combustion boiler နဲ႔ Exhaust gas boiler ႏွစ္မ်ဳိးလုံးပါ ပါတယ္။ Cylinder ပုံ boiler ႀကီးရဲ႕ တစ္ျခမ္းစီမွာ ရွိတာပါ။ Exhaust gas boiler အျခမ္းကေတာ့ ME ေမာင္းမွ အလုပ္လုပ္မွာဆိုေတာ့ ထားလိုက္ပါတယ္။ Combustion boiler အပိုင္းဘဲ လုပ္ရပါတယ္။ Burner ကေတာ့ Rotary cup အမ်ဳိးအစားပါဘဲ။  Boiler ရဲ႕ ေဘးကေနေထာင္လိုက္ တပ္ထားပါတယ္။
မစခင္ Manual စာအုပ္ဖတ္၊ စက္-၃ လိုက္ျပတဲ့ control panel လိုက္ၾကည့္၊ သူနဲ႔အတူ Fuel transfer pump လိုက္ၾကည့္၊ Valve ေတြ ဖြင့္ထားလားစစ္၊ FO/DO three way valve position ေတြ မွန္မမွန္စစ္ေပါ့။ Start up ျဖစ္တဲ့အတြက္ DO နဲ႔ဘဲသုံးမွာပါ။ FO လို preheating အပိုင္းၾကည့္စရာမလိုေတာ့ပါဘူး။ ၿပီးေတာ့ burner ကို ဆြဲဖြင့္ၾကည့္ပါတယ္။ Rotary cup ကို လက္နဲ႔ လွည့္ၾကည့္ေတာ့လည္း ေခ်ာေခ်ာေမြ႕ေမြ႕ လည္ပါတယ္။ Cup နဲ႔ ေဘးက Shroud ၾကားက gap ကို ညီမညီၾကည့္ပါတယ္။
ၿပီးေတာ့ burner ျပန္ပိတ္၊ power On ၿပီး စၾကည့္ပါတယ္။ ဒီ boiler ရဲ႕ control ကေတာ့ Siemens Sequencer LOK 16 နဲ႔ relay logic ေတြပါဘဲ။ Alarm ေတြ reset လုပ္ၿပီးတဲ့ အခ်ိန္ Fuel transfer pump ေမာင္းေတာ့ မရပါဘူး။ Breaker, thermal overload ေတြ စစ္ၾကည့္ေတာ့လည္း ေကာင္းပါတယ္။ စက္-၃ ကသတိရသြားတယ္။ Pump အနားမွာ emergency stop switch မဖြင့္ရေသးဘူး ထင္တယ္တဲ့။ သူနဲ႔အတူ ER ေအာက္ဆုံးက fuel transfer pump ကိုသြားၾကည့္ေတာ့ ဟုတ္ေနတယ္။ အဲဒီ E-stop ကို ျပန္ဆြဲဖြင့္ၿပီး အဲဒီမွာရွိတဲ့ remote start ႏွိပ္ၾကည့္ေတာ့ pump လည္ပါတယ္။ Pressure gauge မွာ 4 bar ေလာက္ျပပါတယ္။
ေနာက္ အေပၚ B deck မွာရွိတဲ့ boiler control panel ဆီ ျပန္တက္ၿပီး burner စေတာ့ မရပါဘူး။ Interlock circuit ေတြလိုက္ၾကည့္ေတာ့ water level too low ဆိုတာနဲ႔ ျဖတ္ခ်ေနတာပါ။ ဒီ boiler မွာ water level တိုင္းဖုိ႔အတြက္ Boiler ေခါင္မိုးမွာ တပ္ထားတဲ့ probe ၃ ခုရွိပါတယ္။ ႏွစ္ခုက NRG-16 အမ်ဳိးအစားပါ။ သူ႔ကို NRS 1-7 level controller တစ္ခုစီက သုံးပါတယ္။ က်န္တဲ့ probe တစ္ခုကေတာ့ NRGT 26-1 level transmitter ပါ။ 4-20 mA ထုတ္ေပးပါတယ္။ အဲဒီ 4-20 mA signal ကို series ခ်ိတ္ၿပီးသုံးထားတဲ့ device ေတြ အမ်ားႀကီးပါ။ Local display ျပဖို႔နဲ႔ feed water valve control အတြက္ KS 42-1 controller တစ္လုံး၊ low level, high level Alarm နဲ႔ too high level shut down ေတြအတြက္ PR 2231 controller ႏွစ္လုံး၊ ECR က water level display တစ္လုံး အားလုံးကို series ခ်ိတ္ေပးထားပါတယ္။ ေစာေစာက NRS 1-7 level controller ေတြကေတာ့ water too low level shutdown အတြက္သုံးထားပါတယ္။ အေရးႀကီးတာမုိ႔ တစ္ခုမေကာင္းယင္ ေနာက္တစ္ခု (redundancy) အေနနဲ႔ ႏွစ္ခု လုံးကုိ safety interlock မွာ series ထည့္ထားပါတယ္။ ျဖစ္ခ်င္ေတာ့ ႏွစ္ခုလုံး ပ်က္ေနပါတယ္။ Alarm indication LED မျပဘဲ output contact က open ျဖစ္ေနပါတယ္။ ယာယီ bypass လုပ္ေပးလိုက္ပါတယ္။ ေနာက္မွ ျပန္ၾကည့္ပါမယ္။

ဒီတစ္ခါစမ္းေတာ့ Sequencer LOK 16 စပါတယ္။ ခဏေနေတာ့ FD fan နဲ႔ burner fan လည္သံၾကားရပါတယ္။ Burner fan direction လည္းမွန္ပါတယ္။ ၁၅ စကၠန္႔ေလာက္ေနေတာ့ Combustion fan over load alarm ေပၚလာၿပီး ရပ္သြားပါတယ္။ Combustion fan ဆိုတာ FD (forced draft) fan ကုိေခၚတာပါဘဲ။ သူ႔ Magnetic Contactor နဲ႔ တြဲေနတဲ့ Thermal overload က trip ျဖစ္ေနပါတယ္။ အေပၚထပ္မွာရွိတဲ့ FD fan ကိုတက္ၾကည့္ၿပီး ျပန္စမ္းေတာ့ fan က အသံထြက္ေနၿပီး မလည္ပါဘူး။ ထပ္ၿပီး trip ျဖစ္ပါတယ္။ Cover ျဖဳတ္ၿပီး လက္နဲ႔ လွည့္ေတာ့လည္း မရဘူး။ အရမ္းက်ပ္ေနပါတယ္။ တစ္ႏွစ္ေလာက္ မလည္ေတာ့ ကိုက္သြားတာျဖစ္မယ္ထင္ပါတယ္။ စက္ခ်ဳပ္အကူအညီနဲ႔ သေဘၤာသားေတြ လာၿပီး အင္အားသုံး လွည့္၊ က်င့္ေပးလိုက္ေတာ့မွ ေခ်ာင္သြားပါတယ္။ ျပန္စမ္းေတာ့ trip မျဖစ္ေတာ့ပါဘူး။
ေနာက္တစ္ခါျပန္စေတာ့ fan ေတြလည္ၿပီး purging cycle မွာ damper control servo motor က တစ္ဝက္ေလာက္မွာရပ္သြားပါတယ္။ အၾကာႀကီးေစာင့္တဲ့အထိ Lock out လည္းမျဖစ္၊ ဆက္လည္းမသြား hang ေနတာမို႔ ရပ္လိုက္ရပါတယ္။ Sequencer ေၾကာင့္လား၊ servo ေၾကာင့္လား limit switch position ေၾကာင့္လားမသိပါဘူး။ ဒါနဲ႔ Auto mode မဟုတ္ဘဲ manual mode နဲ႔ စမ္းဖို႔လုပ္ပါတယ္။ Auto ကို ေနာက္မွ စစ္ပါမယ္။ မီးေတာက္ဖို႔ အယင္လုပ္ပါမယ္။ 
ဒီ boiler မွာ manual operation အတြက္ သီးျခား mode တစ္ခုရွိပါတယ္။ အဲဒီ mode ေျပာင္းလိုက္တာနဲ႔ fan ေတြလည္ေနပါၿပီ။ Purging time တစ္မိနစ္ေလာက္ေစာင့္ၿပီး boiler နံရံမွာ ကပ္ထားတဲ့ ignition နဲ႔ fuel valve ခလုတ္ကို တစ္ၿပိဳင္ထဲ ၅ စကၠန္႔ေလာက္ ႏွိပ္ထားေတာ့ pilot မီးေတာက္ပါတယ္။ Flame eye လည္း detect လုပ္ၿပီး indicator မီးလင္းပါတယ္။ 
ခဏေနလို႔ main fuel valve ဖြင့္တဲ့အခ်ိန္မီးၿငိမ္းသြားပါတယ္။ ေလနဲ႔ ဆီ အခ်ဳိးမမွန္လို႔လား၊ main valve ဆီမထြက္လို႔လား ၾကည့္ရေတာ့ပါမယ္။ Burner ဆြဲလွန္ဖြင့္ၾကည့္ေတာ့ rotary cup မွာ ဆီရႊဲေနတာမေတြ႕ဘဲ ေျခာက္ေနပါတယ္။ ဆီပိတ္ေနတဲ့ သေဘာပါ။ ဒါနဲ႔ ပုံးတစ္လုံးခံၿပီး main fuel valve solenoid ကို power ေပးၾကည့္ပါတယ္။ ဆီမထြက္လာပါဘူး။ damper နဲ႔ တြဲထားတဲ့ combined modulation valve ကို handle က မၿပီး ဖြင့္ၾကည့္ေပမဲ့ ဆီမထြက္ပါဘူး။ စဥ္းစားရပါၿပီ။ အယင္ ေနာက္ဆုံး ေမာင္းခဲ့တုန္းက HFO လက္က်န္ေတြ ပိတ္ေနတာလားေပါ့။ Valve မတိုင္ခင္ ပိုက္ဆက္ျဖဳတ္ၾကည့္ေတာ့ ဆီလာတယ္။ ဒါနဲ႔ ၾကားထဲက valve ႏွစ္လုံးနဲ႔ ပိုက္ အတြဲလိုက္ ျဖဳတ္ခ်ၿပီး ဖြင့္ၾကည့္ပါတယ္။ ဘာမွ ပိတ္မေနဘူး။ ျပန္တပ္ၿပီး စမ္းေတာ့ လည္း ဆီမထြက္ေသးဘူး။ ေသခ်ာေစ့ေစ့စပ္စပ္ၾကည့္ေတာ့ combined modulation valve မတိုင္ခင္ အဝင္ pressure gauge မွာ 1.5 bar ေလာက္ဘဲရွိပါတယ္။ pressure အရမ္းနည္းေနေတာ့ modulation အၿပီး မထြက္ႏိုင္တာျဖစ္မယ္ထင္ပါတယ္။ Pump အထြက္မွာ 4 bar ျဖစ္ၿပီး ဒီမွာ 1.5 bar ဘဲရတယ္။ မတတ္ႏိုင္ဘူး။ စက္ခ်ဳပ္ႀကီးဆီ အကူအညီ ေတာင္းရေတာ့တယ္။ သူထည့္ေပးလိုက္တဲ့သူက boiler ကၽြမ္းတယ္။ Boiler အေျခက ပိုက္လိုင္းေတြၾကည့္ၿပီး bypass return valve ကို အဖြင့္အပိတ္ညႇိလိုက္တာ 2.5 - 3 bar ေလာက္တက္လာတယ္။ Main fuel valve ကို supply ေပးဖြင့္ၾကည့္ေတာ့ ဆီထြက္လာၿပီ။ Pressure နဲ႔ flow ေတာ့ နည္းေနေသးတယ္။ Flow rate ကို combined modulation valve မွာ ညႇိစရာ ၂ ခုရွိပါတယ္။ Min နဲ႔ Max modulation position ေတြအတြက္ တစ္မ်ဳိးစီညႇိရပါတယ္။ (ပုံမွာၾကည့္ပါ။)
အဲဒီ flow rate ညႇိလိုက္ေတာ့ ဆီထြက္ ေကာင္းလာပါၿပီ။ ဒီ rotary cup ေတြက ပုံမွန္ nozzle burner ေတြလို pressure အရမ္းျမင့္ဖို႔မလိုပါဘူး။ ခြက္ထဲမွာ ဆီထြက္ႏႈံး ေကာင္းေကာင္းရယင္ လည္တဲ့အရွိန္နဲ႔ ေလမႈတ္အားနဲ႔ ကေတာ့ပုံ ျဖာထြက္သြားမွာပါ။
ၿပီးတာနဲ႔ manual ignition ေပးစမ္းၾကည့္ေတာ့ pilot ေရာ main burner မွာပါ မီးေတာက္သြားပါၿပီ။
 ေနာက္တစ္ခု ဒီ boiler ရဲ႕ ေကာင္းတဲ့အခ်က္က modulation mode ကို manual modulation လုပ္လို႔ရပါတယ္။ Manual modulation ဆိုယင္ low flame ကေန high flame ႀကိဳက္သလို damper position ကို increase / decrease ကစားလို႔ရပါတယ္။ Auto modulation ဆိုယင္ေတာ့ KS 42-1 controller ရဲ႕ pressure set point ေပၚမူတည္ၿပီး PID နဲ႔ auto control လုပ္သြားမွာပါ။ Manuel damper ဖြင့္တဲ့အခ်ိန္ တစ္ဝက္ေလာက္မွာ ဆက္ဖြင့္လို႔မရေတာ့ဘဲ jam ျဖစ္ေနပါတယ္။ လက္နဲ႔ အားထည့္ၿပီး ဖြင့္၊ ပိတ္ ကစားေပးမွ  အဆင္ေျပသြားပါတယ္။ ဒါေၾကာင့္ Auto မွာ hang ေနတာ ျဖစ္ႏိုင္ပါတယ္။ 
အခု low flame မွာ ဆီ/ေလ အခ်ဳိးညႇိေပးၿပီး ခဏေနေတာ့ ပိတ္လိုက္ပါတယ္။
ၾကဳံလို႔ အေရးႀကီးတာတစ္ခု ေျပာရယင္၊ cold start up boiler ေတြကို ခ်က္ခ်င္း မီးျပင္း အၾကာႀကီး မေမာင္းရပါဘူး။ ႐ုတ္တရက္ အပူအေအး ေျပာင္းလဲမႈ (thermal stress) ေၾကာင့္ boiler အက္ကြဲတာျဖစ္ႏိုင္ပါတယ္။ ေနာက္ pressure တက္လာလို႔ consumer ဘက္ကို steam စဖြင့္ယင္လည္း steam hammer မျဖစ္ေအာင္ ျဖည္းျဖည္းဘဲ ဖြင့္ရပါတယ္။ အခု စေမာင္းတဲ့ အခ်ိန္မွာ boiler ရဲ႕ air vent valve ကိုဖြင့္ထားပါတယ္။ အစဆုံး ၁-၂ မိနစ္ေမာင္း၊ ၈-၁၀ မိနစ္နား။ ေနာက္မွ တစ္ျဖည္းျဖည္း ေမာင္းခ်ိန္ တိုး တိုးေပးရပါတယ္။ Air vent မွာ steam ေတြ စထြက္လာမွ valve ကို ပိတ္ၿပီး ေမာင္းတာပါ။ အစပိုင္း cycle ေတြမွာ low flame နဲ႔ ေမာင္းၿပီး ေနာက္ cycle ေတြမွာ တစ္ျဖည္းျဖည္း ျမႇင့္ယူပါတယ္။ Steam pressure 1.5 bar ေလာက္ ေရာက္ေတာ့ auto modulation ေျပာင္းလိုက္ပါတယ္။ မီးခိုးၾကည့္ၿပီး ဆီ/ေလေတာ့ ညႇိေပးရတာေပါ့။
ေနာက္ၿပီးေတာ့ Auto operation mode နဲ႔ ျပန္စမ္းၾကည့္တာ ေကာင္းသြားပါၿပီ။ Safety protection အတြက္ flame eye sensor ျဖဳတ္ၾကည့္ေတာ့ boiler shut down ျဖစ္ပါတယ္၊ ေနာက္ Safety device ျဖစ္တဲ့ Water level too low ကိုေတာ့ စမ္းလို႔ မရေသးပါဘူး။ Level controller NRS 1-7 ႏွစ္ခုလုံးမေကာင္းလို႔ bypass လုပ္ထားခဲ့ရတာေလ။ ေနာက္ေန႔ Surveyor ေခၚျပယင္ ဘယ္လိုလုပ္မလဲ၊ ေရခန္းၿပီး စက္မရပ္ယင္ အႏၲရာယ္လည္းႀကီးတယ္။ စဥ္းစားရပါၿပီ။ 
တစ္ခုသြားေတြ႕တယ္။ low level alarm သုံးထားတဲ့ PR 2231 controller မွာ channel ႏွစ္ခုရွိတာ တစ္ခုပိုေနေသးတယ္။ Setting ေျပာင္းၿပီး Low low level shut down အတြက္သုံးလိုက္တယ္။ Level transmitter ရဲ႕ တန္ဖိုး မွန္မမွန္ စစ္ၾကည့္ေတာ့လည္း မွန္ပါတယ္။ ေရကို ေဖါက္ထုတ္ၾကည့္ေတာ့ Low level alarm ျပပါတယ္။ ထပ္ေဖါက္ၿပီး level ပိုနိမ့္သြားေတာ့ boiler shut down ျဖစ္သြားပါတယ္။ အဆင္ေျပသြားၿပီေပါ့။ 
ေနာက္ျပႆနာတစ္ခုက feed water pump auto fill up ျဖစ္ခ်င္တယ္တဲ့။ ၾကည့္လိုက္ေတာ့ ဒီစံနစ္မွာ water level ကို KS 42-1 controller နဲ႔ Siemens SIPART positioner သုံးၿပီး control လုပ္ပါတယ္။ ေရ level လိုသေလာက္ valve အက်ဥ္းအက်ယ္ ဖြင့္၊ ပိတ္ကို 4-20 mA signal နဲ႔ ထိန္းေပးတာပါ။ အဝင္ပိုက္ရဲ႕ ေရ pressure နည္းသြားယင္ standby feed water pump တစ္လုံး လည္ၿပီးထည့္ေပးမွာပါ။ အခုေတာ့ valve control အပုိင္းက အလုပ္ လုပ္ပါတယ္။ ဒါေပမဲ့ Pressure က်သြားတဲ့အခါ standby pump မလည္ဘူး။ Feed water pump ေဘးနားက pressure switch ရွာၿပီး ဖြင့္ၾကည့္ေတာ့ ေရေတြထြက္က်လာတယ္။ သံေခ်းေတြကိုက္ၿပီး ဆိုးဆိုးရြားရြားပါဘဲ။
Spare လည္းမရွိ။ ဒီေတာ့ ေလာေလာဆယ္ pump တစ္လုံးကို manual နဲ႔ ေတာက္ေလ်ာက္ လည္ထားဖို႔ မွာခဲ့ရတယ္။ ေနာက္မွ pressure switch အသစ္မွာၿပီး လဲဖို႔ ေျပာခဲ့ရပါတယ္။
ျပန္ခါနီးမွ super က ေျပာလာပါတယ္။ Pressure 6 bar မွာ auto cut-off လုပ္ေပးဖို႔ေျပာပါတယ္။ ဒါနဲ႔ ျပန္ၾကည့္ေတာ့ PR 2231 ကို နဲ႔ control လုပ္ထားတာေတြ႕ပါတယ္။ သူ႔ setting ကိုျပင္ၿပီး Cut-off 6 bar နဲ႔ Cut-in 5 bar မွာထားေပးလိုက္ပါတယ္။ ေစာင့္ၾကည့္ေတာ့ အလုပ္လုပ္ပါတယ္။ ဒီေလာက္ပါဘဲ။ စိတ္ရွည္ရွည္နဲ႔ ဖတ္ေပးတာ ေက်းဇူးပါ။

[unicode]
 ဒီတစ်ခေါက်တက်ရတာ သိပ်တော့မချောင်ဘူး။ ပညာတော့ ပိုရတာပေါ့။ ပြောရယင် ကျွန်တော်လည်း သင်ယူစရာတွေ လေ့လာစရာတွေ အများကြီး ကျန်ပါသေးတယ်။ အဲဒီလို ရခဲ့တဲ့ အတွေ့အကြုံတွေ ဗဟုသုတတွေ ပြန်ပေးရတာလည်း ပျော်ပါတယ်။ ထားပါတော့။ အခုသွားခဲ့တဲ့ သင်္ဘောကတော့ Container သင်္ဘောပါ။ တစ်နှစ်လောက် ရပ်ထားတဲ့ သင်္ဘောကို ဝယ်လာပြီး အခု Boiler ပြန်စချင်တယ်ပြောပါတယ်။

Boiler ကတော့ Aalborg ရဲ့ Mission CO အမျိုးအစားပါ။ Boiler တစ်ခုထဲမှာ Combustion boiler နဲ့ Exhaust gas boiler နှစ်မျိုးလုံးပါ ပါတယ်။ Cylinder ပုံ boiler ကြီးရဲ့ တစ်ခြမ်းစီမှာ ရှိတာပါ။ Exhaust gas boiler အခြမ်းကတော့ ME မောင်းမှ အလုပ်လုပ်မှာဆိုတော့ ထားလိုက်ပါတယ်။ Combustion boiler အပိုင်းဘဲ လုပ်ရပါတယ်။ Burner ကတော့ Rotary cup အမျိုးအစားပါဘဲ။  Boiler ရဲ့ ဘေးကနေထောင်လိုက် တပ်ထားပါတယ်။

မစခင် Manual စာအုပ်ဖတ်၊ စက်-၃ လိုက်ပြတဲ့ control panel လိုက်ကြည့်၊ သူနဲ့အတူ Fuel transfer pump လိုက်ကြည့်၊ Valve တွေ ဖွင့်ထားလားစစ်၊ FO/DO three way valve position တွေ မှန်မမှန်စစ်ပေါ့။ Start up ဖြစ်တဲ့အတွက် DO နဲ့ဘဲသုံးမှာပါ။ FO လို preheating အပိုင်းကြည့်စရာမလိုတော့ပါဘူး။ ပြီးတော့ burner ကို ဆွဲဖွင့်ကြည့်ပါတယ်။ Rotary cup ကို လက်နဲ့ လှည့်ကြည့်တော့လည်း ချောချောမွေ့မွေ့ လည်ပါတယ်။ Cup နဲ့ ဘေးက Shroud ကြားက gap ကို ညီမညီကြည့်ပါတယ်။ ပြီးတော့ burner ပြန်ပိတ်၊ power On ပြီး စကြည့်ပါတယ်။ ဒီ boiler ရဲ့ control ကတော့ Siemens Sequencer LOK 16 နဲ့ relay logic တွေပါဘဲ။ Alarm တွေ reset လုပ်ပြီးတဲ့ အချိန် Fuel transfer pump မောင်းတော့ မရပါဘူး။ Breaker, thermal overload တွေ စစ်ကြည့်တော့လည်း ကောင်းပါတယ်။ စက်-၃ ကသတိရသွားတယ်။ Pump အနားမှာ emergency stop switch မဖွင့်ရသေးဘူး ထင်တယ်တဲ့။ သူနဲ့အတူ ER အောက်ဆုံးက fuel transfer pump ကိုသွားကြည့်တော့ ဟုတ်နေတယ်။ အဲဒီ E-stop ကို ပြန်ဆွဲဖွင့်ပြီး အဲဒီမှာရှိတဲ့ remote start နှိပ်ကြည့်တော့ pump လည်ပါတယ်။ Pressure gauge မှာ 4 bar လောက်ပြပါတယ်။

နောက် အပေါ် B deck မှာရှိတဲ့ boiler control panel ဆီ ပြန်တက်ပြီး burner စတော့ မရပါဘူး။ Interlock circuit တွေလိုက်ကြည့်တော့ water level too low ဆိုတာနဲ့ ဖြတ်ချနေတာပါ။ ဒီ boiler မှာ water level တိုင်းဖို့အတွက် Boiler ခေါင်မိုးမှာ တပ်ထားတဲ့ probe ၃ ခုရှိပါတယ်။ နှစ်ခုက NRG-16 အမျိုးအစားပါ။ သူ့ကို NRS 1-7 level controller တစ်ခုစီက သုံးပါတယ်။ ကျန်တဲ့ probe တစ်ခုကတော့ NRGT 26-1 level transmitter ပါ။ 4-20 mA ထုတ်ပေးပါတယ်။ အဲဒီ 4-20 mA signal ကို series ချိတ်ပြီးသုံးထားတဲ့ device တွေ အများကြီးပါ။ Local display ပြဖို့နဲ့ feed water valve control အတွက် KS 42-1 controller တစ်လုံး၊ low level, high level Alarm နဲ့ too high level shut down တွေအတွက် PR 2231 controller နှစ်လုံး၊ ECR က water level display တစ်လုံး အားလုံးကို series ချိတ်ပေးထားပါတယ်။ စောစောက NRS 1-7 level controller တွေကတော့ water too low level shutdown အတွက်သုံးထားပါတယ်။ အရေးကြီးတာမို့ တစ်ခုမကောင်းယင် နောက်တစ်ခု (redundancy) အနေနဲ့ နှစ်ခု လုံးကို safety interlock မှာ series ထည့်ထားပါတယ်။ ဖြစ်ချင်တော့ နှစ်ခုလုံး ပျက်နေပါတယ်။ Alarm indication LED မပြဘဲ output contact က open ဖြစ်နေပါတယ်။ ယာယီ bypass လုပ်ပေးလိုက်ပါတယ်။ နောက်မှ ပြန်ကြည့်ပါမယ်။

ဒီတစ်ခါစမ်းတော့ Sequencer LOK 16 စပါတယ်။ ခဏနေတော့ FD fan နဲ့ burner fan လည်သံကြားရပါတယ်။ Burner fan direction လည်းမှန်ပါတယ်။ ၁၅ စက္ကန့်လောက်နေတော့ Combustion fan over load alarm ပေါ်လာပြီး ရပ်သွားပါတယ်။ Combustion fan ဆိုတာ FD (forced draft) fan ကိုခေါ်တာပါဘဲ။ သူ့ Magnetic Contactor နဲ့ တွဲနေတဲ့ Thermal overload က trip ဖြစ်နေပါတယ်။ အပေါ်ထပ်မှာရှိတဲ့ FD fan ကိုတက်ကြည့်ပြီး ပြန်စမ်းတော့ fan က အသံထွက်နေပြီး မလည်ပါဘူး။ ထပ်ပြီး trip ဖြစ်ပါတယ်။ Cover ဖြုတ်ပြီး လက်နဲ့ လှည့်တော့လည်း မရဘူး။ အရမ်းကျပ်နေပါတယ်။ တစ်နှစ်လောက် မလည်တော့ ကိုက်သွားတာဖြစ်မယ်ထင်ပါတယ်။ စက်ချုပ်အကူအညီနဲ့ သင်္ဘောသားတွေ လာပြီး အင်အားသုံး လှည့်၊ ကျင့်ပေးလိုက်တော့မှ ချောင်သွားပါတယ်။ ပြန်စမ်းတော့ trip မဖြစ်တော့ပါဘူး။

နောက်တစ်ခါပြန်စတော့ fan တွေလည်ပြီး purging cycle မှာ damper control servo motor က တစ်ဝက်လောက်မှာရပ်သွားပါတယ်။ အကြာကြီးစောင့်တဲ့အထိ Lock out လည်းမဖြစ်၊ ဆက်လည်းမသွား hang နေတာမို့ ရပ်လိုက်ရပါတယ်။ Sequencer ကြောင့်လား၊ servo ကြောင့်လား limit switch position ကြောင့်လားမသိပါဘူး။ ဒါနဲ့ Auto mode မဟုတ်ဘဲ manual mode နဲ့ စမ်းဖို့လုပ်ပါတယ်။ Auto ကို နောက်မှ စစ်ပါမယ်။ မီးတောက်ဖို့ အယင်လုပ်ပါမယ်။

ဒီ boiler မှာ manual operation အတွက် သီးခြား mode တစ်ခုရှိပါတယ်။ အဲဒီ mode ပြောင်းလိုက်တာနဲ့ fan တွေလည်နေပါပြီ။ Purging time တစ်မိနစ်လောက်စောင့်ပြီး boiler နံရံမှာ ကပ်ထားတဲ့ ignition နဲ့ fuel valve ခလုတ်ကို တစ်ပြိုင်ထဲ ၅ စက္ကန့်လောက် နှိပ်ထားတော့ pilot မီးတောက်ပါတယ်။ Flame eye လည်း detect လုပ်ပြီး indicator မီးလင်းပါတယ်။ ခဏနေလို့ main fuel valve ဖွင့်တဲ့အချိန်မီးငြိမ်းသွားပါတယ်။ လေနဲ့ ဆီ အချိုးမမှန်လို့လား၊ main valve ဆီမထွက်လို့လား ကြည့်ရတော့ပါမယ်။ Burner ဆွဲလှန်ဖွင့်ကြည့်တော့ rotary cup မှာ ဆီရွှဲနေတာမတွေ့ဘဲ ခြောက်နေပါတယ်။ ဆီပိတ်နေတဲ့ သဘောပါ။ ဒါနဲ့ ပုံးတစ်လုံးခံပြီး main fuel valve solenoid ကို power ပေးကြည့်ပါတယ်။ ဆီမထွက်လာပါဘူး။ damper နဲ့ တွဲထားတဲ့ combined modulation valve ကို handle က မပြီး ဖွင့်ကြည့်ပေမဲ့ ဆီမထွက်ပါဘူး။ စဉ်းစားရပါပြီ။ အယင် နောက်ဆုံး မောင်းခဲ့တုန်းက HFO လက်ကျန်တွေ ပိတ်နေတာလားပေါ့။ Valve မတိုင်ခင် ပိုက်ဆက်ဖြုတ်ကြည့်တော့ ဆီလာတယ်။ ဒါနဲ့ ကြားထဲက valve နှစ်လုံးနဲ့ ပိုက် အတွဲလိုက် ဖြုတ်ချပြီး ဖွင့်ကြည့်ပါတယ်။ ဘာမှ ပိတ်မနေဘူး။ ပြန်တပ်ပြီး စမ်းတော့ လည်း ဆီမထွက်သေးဘူး။ သေချာစေ့စေ့စပ်စပ်ကြည့်တော့ combined modulation valve မတိုင်ခင် အဝင် pressure gauge မှာ 1.5 bar လောက်ဘဲရှိပါတယ်။ pressure အရမ်းနည်းနေတော့ modulation အပြီး မထွက်နိုင်တာဖြစ်မယ်ထင်ပါတယ်။ Pump အထွက်မှာ 4 bar ဖြစ်ပြီး ဒီမှာ 1.5 bar ဘဲရတယ်။ မတတ်နိုင်ဘူး။ စက်ချုပ်ကြီးဆီ အကူအညီ တောင်းရတော့တယ်။ သူထည့်ပေးလိုက်တဲ့သူက boiler ကျွမ်းတယ်။ Boiler အခြေက ပိုက်လိုင်းတွေကြည့်ပြီး bypass return valve ကို အဖွင့်အပိတ်ညှိလိုက်တာ 2.5 - 3 bar လောက်တက်လာတယ်။ Main fuel valve ကို supply ပေးဖွင့်ကြည့်တော့ ဆီထွက်လာပြီ။ Pressure နဲ့ flow တော့ နည်းနေသေးတယ်။ Flow rate ကို combined modulation valve မှာ ညှိစရာ ၂ ခုရှိပါတယ်။ Min နဲ့ Max modulation position တွေအတွက် တစ်မျိုးစီညှိရပါတယ်။ (ပုံမှာကြည့်ပါ။) အဲဒီ flow rate ညှိလိုက်တော့ ဆီထွက် ကောင်းလာပါပြီ။ ဒီ rotary cup တွေက ပုံမှန် nozzle burner တွေလို pressure အရမ်းမြင့်ဖို့မလိုပါဘူး။ ခွက်ထဲမှာ ဆီထွက်နှုံး ကောင်းကောင်းရယင် လည်တဲ့အရှိန်နဲ့ လေမှုတ်အားနဲ့ ကတော့ပုံ ဖြာထွက်သွားမှာပါ။

ပြီးတာနဲ့ manual ignition ပေးစမ်းကြည့်တော့ pilot ရော main burner မှာပါ မီးတောက်သွားပါပြီ။ နောက်တစ်ခု ဒီ boiler ရဲ့ ကောင်းတဲ့အချက်က modulation mode ကို manual modulation လုပ်လို့ရပါတယ်။ Manual modulation ဆိုယင် low flame ကနေ high flame ကြိုက်သလို damper position ကို increase / decrease ကစားလို့ရပါတယ်။ Auto modulation ဆိုယင်တော့ KS 42-1 controller ရဲ့ pressure set point ပေါ်မူတည်ပြီး PID နဲ့ auto control လုပ်သွားမှာပါ။ Manuel damper ဖွင့်တဲ့အချိန် တစ်ဝက်လောက်မှာ ဆက်ဖွင့်လို့မရတော့ဘဲ jam ဖြစ်နေပါတယ်။ လက်နဲ့ အားထည့်ပြီး ဖွင့်၊ ပိတ် ကစားပေးမှ  အဆင်ပြေသွားပါတယ်။ ဒါကြောင့် Auto မှာ hang နေတာ ဖြစ်နိုင်ပါတယ်။

အခု low flame မှာ ဆီ/လေ အချိုးညှိပေးပြီး ခဏနေတော့ ပိတ်လိုက်ပါတယ်။

ကြုံလို့ အရေးကြီးတာတစ်ခု ပြောရယင်၊ cold start up boiler တွေကို ချက်ချင်း မီးပြင်း အကြာကြီး မမောင်းရပါဘူး။ ရုတ်တရက် အပူအအေး ပြောင်းလဲမှု (thermal stress) ကြောင့် boiler အက်ကွဲတာဖြစ်နိုင်ပါတယ်။ နောက် pressure တက်လာလို့ consumer ဘက်ကို steam စဖွင့်ယင်လည်း steam hammer မဖြစ်အောင် ဖြည်းဖြည်းဘဲ ဖွင့်ရပါတယ်။ အခု စမောင်းတဲ့ အချိန်မှာ boiler ရဲ့ air vent valve ကိုဖွင့်ထားပါတယ်။ အစဆုံး ၁-၂ မိနစ်မောင်း၊ ၈-၁၀ မိနစ်နား။ နောက်မှ တစ်ဖြည်းဖြည်း မောင်းချိန် တိုး တိုးပေးရပါတယ်။ Air vent မှာ steam တွေ စထွက်လာမှ valve ကို ပိတ်ပြီး မောင်းတာပါ။ အစပိုင်း cycle တွေမှာ low flame နဲ့ မောင်းပြီး နောက် cycle တွေမှာ တစ်ဖြည်းဖြည်း မြှင့်ယူပါတယ်။ Steam pressure 1.5 bar လောက် ရောက်တော့ auto modulation ပြောင်းလိုက်ပါတယ်။ မီးခိုးကြည့်ပြီး ဆီ/လေတော့ ညှိပေးရတာပေါ့။

နောက်ပြီးတော့ Auto operation mode နဲ့ ပြန်စမ်းကြည့်တာ ကောင်းသွားပါပြီ။ Safety protection အတွက် flame eye sensor ဖြုတ်ကြည့်တော့ boiler shut down ဖြစ်ပါတယ်၊ နောက် Safety device ဖြစ်တဲ့ Water level too low ကိုတော့ စမ်းလို့ မရသေးပါဘူး။ Level controller NRS 1-7 နှစ်ခုလုံးမကောင်းလို့ bypass လုပ်ထားခဲ့ရတာလေ။ နောက်နေ့ Surveyor ခေါ်ပြယင် ဘယ်လိုလုပ်မလဲ၊ ရေခန်းပြီး စက်မရပ်ယင် အန္တရာယ်လည်းကြီးတယ်။ စဉ်းစားရပါပြီ။

တစ်ခုသွားတွေ့တယ်။ low level alarm သုံးထားတဲ့ PR 2231 controller မှာ channel နှစ်ခုရှိတာ တစ်ခုပိုနေသေးတယ်။ Setting ပြောင်းပြီး Low low level shut down အတွက်သုံးလိုက်တယ်။ Level transmitter ရဲ့ တန်ဖိုး မှန်မမှန် စစ်ကြည့်တော့လည်း မှန်ပါတယ်။ ရေကို ဖေါက်ထုတ်ကြည့်တော့ Low level alarm ပြပါတယ်။ ထပ်ဖေါက်ပြီး level ပိုနိမ့်သွားတော့ boiler shut down ဖြစ်သွားပါတယ်။ အဆင်ပြေသွားပြီပေါ့။

နောက်ပြဿနာတစ်ခုက feed water pump auto fill up ဖြစ်ချင်တယ်တဲ့။ ကြည့်လိုက်တော့ ဒီစံနစ်မှာ water level ကို KS 42-1 controller နဲ့ Siemens SIPART positioner သုံးပြီး control လုပ်ပါတယ်။ ရေ level လိုသလောက် valve အကျဉ်းအကျယ် ဖွင့်၊ ပိတ်ကို 4-20 mA signal နဲ့ ထိန်းပေးတာပါ။ အဝင်ပိုက်ရဲ့ ရေ pressure နည်းသွားယင် standby feed water pump တစ်လုံး လည်ပြီးထည့်ပေးမှာပါ။ အခုတော့ valve control အပိုင်းက အလုပ် လုပ်ပါတယ်။ ဒါပေမဲ့ Pressure ကျသွားတဲ့အခါ standby pump မလည်ဘူး။ Feed water pump ဘေးနားက pressure switch ရှာပြီး ဖွင့်ကြည့်တော့ ရေတွေထွက်ကျလာတယ်။ သံချေးတွေကိုက်ပြီး ဆိုးဆိုးရွားရွားပါဘဲ။ Spare လည်းမရှိ။ ဒီတော့ လောလောဆယ် pump တစ်လုံးကို manual နဲ့ တောက်လျောက် လည်ထားဖို့ မှာခဲ့ရတယ်။ နောက်မှ pressure switch အသစ်မှာပြီး လဲဖို့ ပြောခဲ့ရပါတယ်။

ပြန်ခါနီးမှ super က ပြောလာပါတယ်။ Pressure 6 bar မှာ auto cut-off လုပ်ပေးဖို့ပြောပါတယ်။ ဒါနဲ့ ပြန်ကြည့်တော့ PR 2231 ကို နဲ့ control လုပ်ထားတာတွေ့ပါတယ်။ သူ့ setting ကိုပြင်ပြီး Cut-off 6 bar နဲ့ Cut-in 5 bar မှာထားပေးလိုက်ပါတယ်။ စောင့်ကြည့်တော့ အလုပ်လုပ်ပါတယ်။ ဒီလောက်ပါဘဲ။ စိတ်ရှည်ရှည်နဲ့ ဖတ်ပေးတာ ကျေးဇူးပါ။

No comments:

Post a Comment