Wednesday 9 August 2017

Fire Alarm (၅) - Fire Fighting System Problem

[zawgyi]

ဒီတစ္ခါေတာ့ supply vessel တစ္စီး ရဲ႕ Fire Fighting system (FIFI) မွာ ျပႆနာရွိလို႔ သြား စစ္ေပးရပါတယ္။ မေလးရွား အေရွ႕ဘက္ ကမ္းေျခက Kemaman ဆိုတဲ့ ေနရာမွာေပါ့။ ဒီတစ္ခါေတာ့ ျပႆနာက Technical ပိုင္း မရႈပ္ေထြးဘဲ ရယ္စရာလို အေတြ႕အၾကံဳေလးမို႔ ျပန္ေျပာျပတာပါ။ 
စကၤာပူကေန ကား ၇ နာရီေလာက္ ကားစီးၿပီးသြားခဲ့ရတဲ့ ေနရာပါ။ အေရွ႕ဘက္ကမ္း႐ိုးတစ္ေလ်ာက္ဆိုေတာ့ တစ္ခ်ဳိ႕ေနရာေတြမွာ သာသာယာယာနဲ႔ မ်ားေသာအားျဖင့္ ဆီအုန္းျခံေတြနဲ႔။ လမ္းေဘးမွာ တစ္ခါတေလ ေမ်ာက္ကေလးေတြ ျမင္ရတယ္။ လမ္းတစ္ေနရာမွာ ေအာက္ခ်င္းငွက္ (Horn bill) တစ္စုံေတာင္ ေတြ႕ခဲ့ေသးတယ္။ 
သေဘၤာေပၚ ေရာက္ေတာ့ အင္ဒိုစက္ခ်ဳပ္က ေျပာျပတယ္။ Fire Fighting စံနစ္ရဲ႕ Starboard side က unit ကို up/down ေရႊ႕လို႔ရတယ္။ left/right ေရႊ႕လို႔ မရဘူးေျပာပါတယ္။ ဒီစံနစ္မွာ မီးေလာင္ယင္ ၿငိႇမ္းဖို႔ မီးသတ္ပိုက္ (deluge spray / fire monitor) ႏွစ္ခုကို bridge အထက္က monkey island မွာ တပ္ထားပါတယ္။ Stbd တစ္ခု Port တစ္ခုေပါ့။
Remote operation နဲ႔ control room/ bridge ကေန ပိုက္ေခါင္းကို အထက္ေအာက္၊ ဘယ္ညာ ေရႊ႕လို႔ရပါတယ္။ အခု Stbd unit က ဘယ္ညာ ေရႊ႕မရဘူးဆိုေတာ့ ပထမ Mechanically jam မျဖစ္တာ ေသခ်ာေအာင္ လက္နဲ႔ ေရႊ႕ၾကည့္ေတာ့ ရပါတယ္။ ေခ်ာေခ်ာေမြ႕ေမြ႕ပါဘဲ။ ဒါဆိုယင္ electrical ဘက္က အျပစ္ရွာရေတာ့မွာေပါ့။ Control station ၂ ခုရွိပါတယ္။ Control ၂ ခုလုံးကေန Stbd unit ကို ဘယ္ညာ ေရႊ႕မရဘူးဆိုေတာ့ joy stick input ေၾကာင့္ မျဖစ္ႏိုင္ေတာ့ပါဘူး။ Drawing ဖတ္ၾကည့္ေတာ့ Motor ႏွစ္လုံး ရဲ႕ ေရွ႕မွာ Siemens motor drive ႏွစ္ခုရွိပါတယ္။ အဲဒီ drive အဝင္နဲ႔ အထြက္ power ကိုစစ္ၾကည့္ဖို႔ စဥ္းစားၿပီး control panel ကို ရွာပါတယ္။ Control station ႏွစ္ခုလုံးရဲ႕ေအာက္မွာလည္း ဘာပစၥည္းမွ သိပ္မရွိဘူး connection  terminal ေတြနဲ႔ breaker တစ္ခ်ဳိ႕ဘဲရွိတယ္။ Motor drive ေတြလည္း မေတြ႕ဘူး။ Control panel တစ္ခု သက္သက္ရွိရမယ္။ Bridge တစ္ခုလုံးလည္း ႏွံ႔သြားၿပီ။ မေတြ႕ေသဘူး။ ဒါနဲ႔ ေအာက္ထပ္ေတြမွာ လိုက္ရွာတယ္။ ေနာက္ဆုံး သေဘၤာတစ္စီးလုံး ကုန္သြားတယ္။ မေတြ႕ဘူး။ သေဘၤာေပၚက စက္ခ်ဳပ္အပါအဝင္ crew ေတြကို ေမးၾကည့္ေတာ့လည္း ဘယ္သူမွ မသိၾကဘူး။ ဒုကၡပါဘဲ။ Supply vessel ဆိုေတာ့ သေဘၤာက ငယ္ငယ္ေလးပါ။ ေနရာအႏွံ႔ ေမႊၾကည့္ၿပီးၿပီ။ Drawing ကို အျပန္ျပန္ အလွန္လွန္ဖတ္ၾကည့္တယ္။ ဘယ္ေနရာဆိုတာ clue ေလးမ်ားရမလားလို႔။ မရေတာ့၊ အျဖစ္ႏိုင္ဆုံး bridge မွာဘဲ ေျမလွန္ရွာဖို႔ ဆုံးျဖတ္ၿပီး၊ အကုန္ ဖြင့္ထုတ္ လွန္ေလွာၾကည့္ပါတယ္။ အဲဒီမွာ စာရြက္စာတမ္းေတြ ထည့္တဲ့ ဘီ႐ိုကိုဖြင့္၊ အထဲက file ေတြ ဆြဲထုတ္လိုက္ေတာ့ ေနာက္ဖက္မွာ တံခါးတစ္ခုေတြ႕ပါတယ္။ ဖြင့္လိုက္ေတာ့မွ control panel ေပၚလာတယ္။ ေအာင္မယ္ေလး။ ဘာစိတ္ကူးနဲ႔ ဒီလို ခက္ခက္ခဲခဲ တပ္ထားတယ္မသိဘူး။ အထဲမွာ motor drive ေတြေတြ႕ပါတယ္။ တစ္လုံးက overload trip ျဖစ္ေနတာေတြ႕ရတယ္။ Reset လုပ္ၿပီး ျပန္စမ္းေတာ့ ရသြားပါၿပီ။ ျပန္ၿပီး trip ျဖစ္မလားလို႔ အႀကိမ္ႀကိမ္စမ္းေတာ့လည္း ထပ္မျဖစ္ေတာ့တာမို႔ ထားလိုက္ေတာ့ပါတယ္။ ဘာမဟုတ္တဲ့ ျပႆနာက အေျဖရွာရတာထက္ ေနရာရွာရတာ ပိုၾကာခဲ့တာပါ။ ဒါေၾကာင့္ ေျပာမိေသးတယ္။ ဒီတစ္ခါ လာတာ trouble-shoot မလုပ္ရဘဲ treasure hunt ကစားေနရတယ္လို႔။
ျဖစ္ခ်င္ေတာ့ တစ္ျခားျပႆနာတစ္ခု။ အဲဒီမွာ Fire Alarm panel က power supply failure ျပေနပါတယ္။ AC power တိုင္းၾကည့္ေတာ့ 220V ရွိေနပါတယ္
 Back up battery က 12 V ႏွစ္လုံး series ခ်ိတ္ထားပါတယ္။ ျဖဳတ္ၿပီး တိုင္းၾကည့္ေတာ့ 19V ေလာက္ဘဲရွိပါတယ္။ Spare ရွိလားေမးေတာ့ မရွိဘူး ေျပာပါတယ္။ ဒီေတာ့ အဲဒီ back up battery က ဒုကၡေပးတယ္ဆိုတာ ေသခ်ာေအာင္စမ္းၾကည့္ပါမယ္။ 9V battery အေသး ၃ လုံးကို ရွာၿပီး series ခ်ိတ္ၿပီး backup battery ေနရာမွာ တပ္ၾကည့္လိုက္ေတာ့ Fault ေပ်ာက္သြားပါတယ္။ တစ္ကယ္သုံးဖို႔ မဟုတ္ပါဘူး။ Voltage sensing အတြက္ signal ေပးၾကည့္႐ုံပါဘဲ။ စက္ခ်ဳပ္ကို backup Battery မွာၿပီး လဲဖို႔ ေျပာခဲ့ပါတယ္။ 
က်န္တာ ေထြေထြထူးထူး မရွိေတာ့ Report ေရးၿပီ ျပန္ခဲ့ၾကပါေတာ့တယ္။

[unicode]

ဒီတစ်ခါတော့ supply vessel တစ်စီး ရဲ့ Fire Fighting system (FIFI) မှာ ပြဿနာရှိလို့ သွား စစ်ပေးရပါတယ်။ မလေးရှား အရှေ့ဘက် ကမ်းခြေက Kemaman ဆိုတဲ့ နေရာမှာပေါ့။ ဒီတစ်ခါတော့ ပြဿနာက Technical ပိုင်း မရှုပ်ထွေးဘဲ ရယ်စရာလို အတွေ့အကြုံလေးမို့ ပြန်ပြောပြတာပါ။ 
စင်္ကာပူကနေ ကား ရ နာရီလောက် ကားစီးပြီးသွားခဲ့ရတဲ့ နေရာပါ။ အရှေ့ဘက်ကမ်းရိုးတစ်လျောက်ဆိုတော့ တစ်ချို့နေရာတွေမှာ သာသာယာယာနဲ့ များသောအားဖြင့် ဆီအုန်းခြံတွေနဲ့။ လမ်းဘေးမှာ တစ်ခါတလေ မျောက်ကလေးတွေ မြင်ရတယ်။ လမ်းတစ်နေရာမှာ အောက်ချင်းငှက် (Horn bill) တစ်စုံတောင် တွေ့ခဲ့သေးတယ်။ 
သင်္ဘောပေါ် ရောက်တော့ အင်ဒိုစက်ချုပ်က ပြောပြတယ်။ Fire Fighting စံနစ်ရဲ့ Starboard side က unit ကို up/down ရွှေ့လို့ရတယ်။ left/right ရွှေ့လို့ မရဘူးပြောပါတယ်။ ဒီစံနစ်မှာ မီးလောင်ယင် ငြိှမ်းဖို့ မီးသတ်ပိုက် (deluge spray / fire monitor) နှစ်ခုကို bridge အထက်က monkey island မှာ တပ်ထားပါတယ်။ Stbd တစ်ခု Port တစ်ခုပေါ့။ Remote operation နဲ့ control room/ bridge ကနေ ပိုက်ခေါင်းကို အထက်အောက်၊ ဘယ်ညာ ရွှေ့လို့ရပါတယ်။ အခု Stbd unit က ဘယ်ညာ ရွှေ့မရဘူးဆိုတော့ ပထမ Mechanically jam မဖြစ်တာ သေချာအောင် လက်နဲ့ ရွှေ့ကြည့်တော့ ရပါတယ်။ ချောချောမွေ့မွေ့ပါဘဲ။ ဒါဆိုယင် electrical ဘက်က အပြစ်ရှာရတော့မှာပေါ့။ Control station ၂ ခုရှိပါတယ်။ Control ၂ ခုလုံးကနေ Stbd unit ကို ဘယ်ညာ ရွှေ့မရဘူးဆိုတော့ joy stick input ကြောင့် မဖြစ်နိုင်တော့ပါဘူး။ Drawing ဖတ်ကြည့်တော့ Motor နှစ်လုံး ရဲ့ ရှေ့မှာ Siemens motor drive နှစ်ခုရှိပါတယ်။ အဲဒီ drive အဝင်နဲ့ အထွက် power ကိုစစ်ကြည့်ဖို့ စဉ်းစားပြီး control panel ကို ရှာပါတယ်။ Control station နှစ်ခုလုံးရဲ့အောက်မှာလည်း ဘာပစ္စည်းမှ သိပ်မရှိဘူး connection  terminal တွေနဲ့ breaker တစ်ချို့ဘဲရှိတယ်။ Motor drive တွေလည်း မတွေ့ဘူး။ Control panel တစ်ခု သက်သက်ရှိရမယ်။ Bridge တစ်ခုလုံးလည်း နှံ့သွားပြီ။ မတွေ့သေဘူး။ ဒါနဲ့ အောက်ထပ်တွေမှာ လိုက်ရှာတယ်။ နောက်ဆုံး သင်္ဘောတစ်စီးလုံး ကုန်သွားတယ်။ မတွေ့ဘူး။ သင်္ဘောပေါ်က စက်ချုပ်အပါအဝင် crew တွေကို မေးကြည့်တော့လည်း ဘယ်သူမှ မသိကြဘူး။ ဒုက္ခပါဘဲ။ Supply vessel ဆိုတော့ သင်္ဘောက ငယ်ငယ်လေးပါ။ နေရာအနှံ့ မွှေကြည့်ပြီးပြီ။ Drawing ကို အပြန်ပြန် အလှန်လှန်ဖတ်ကြည့်တယ်။ ဘယ်နေရာဆိုတာ clue လေးများရမလားလို့။ မရတော့၊ အဖြစ်နိုင်ဆုံး bridge မှာဘဲ မြေလှန်ရှာဖို့ ဆုံးဖြတ်ပြီး၊ အကုန် ဖွင့်ထုတ် လှန်လှောကြည့်ပါတယ်။ အဲဒီမှာ စာရွက်စာတမ်းတွေ ထည့်တဲ့ ဘီရိုကိုဖွင့်၊ အထဲက file တွေ ဆွဲထုတ်လိုက်တော့ နောက်ဖက်မှာ တံခါးတစ်ခုတွေ့ပါတယ်။ ဖွင့်လိုက်တော့မှ control panel ပေါ်လာတယ်။ အောင်မယ်လေး။ ဘာစိတ်ကူးနဲ့ ဒီလို ခက်ခက်ခဲခဲ တပ်ထားတယ်မသိဘူး။ အထဲမှာ motor drive တွေတွေ့ပါတယ်။ တစ်လုံးက overload trip ဖြစ်နေတာတွေ့ရတယ်။ Reset လုပ်ပြီး ပြန်စမ်းတော့ ရသွားပါပြီ။ ပြန်ပြီး trip ဖြစ်မလားလို့ အကြိမ်ကြိမ်စမ်းတော့လည်း ထပ်မဖြစ်တော့တာမို့ ထားလိုက်တော့ပါတယ်။ ဘာမဟုတ်တဲ့ ပြဿနာက အဖြေရှာရတာထက် နေရာရှာရတာ ပိုကြာခဲ့တာပါ။ ဒါကြောင့် ပြောမိသေးတယ်။ ဒီတစ်ခါ လာတာ trouble-shoot မလုပ်ရဘဲ treasure hunt ကစားနေရတယ်လို့။
ဖြစ်ချင်တော့ တစ်ခြားပြဿနာတစ်ခု။ အဲဒီမှာ Fire Alarm panel က power supply failure ပြနေပါတယ်။ AC power တိုင်းကြည့်တော့ 220V ရှိနေပါတယ်
 Back up battery က 12 V နှစ်လုံး series ချိတ်ထားပါတယ်။ ဖြုတ်ပြီး တိုင်းကြည့်တော့ 19V လောက်ဘဲရှိပါတယ်။ Spare ရှိလားမေးတော့ မရှိဘူး ပြောပါတယ်။ ဒီတော့ အဲဒီ back up battery က ဒုက္ခပေးတယ်ဆိုတာ သေချာအောင်စမ်းကြည့်ပါမယ်။ 9V battery အသေး ၃ လုံးကို ရှာပြီး series ချိတ်ပြီး backup battery နေရာမှာ တပ်ကြည့်လိုက်တော့ Fault ပျောက်သွားပါတယ်။ တစ်ကယ်သုံးဖို့ မဟုတ်ပါဘူး။ Voltage sensing အတွက် signal ပေးကြည့်ရုံပါဘဲ။ စက်ချုပ်ကို backup Battery မှာပြီး လဲဖို့ ပြောခဲ့ပါတယ်။ 
ကျန်တာ ထွေထွေထူးထူး မရှိတော့ Report ရေးပြီ ပြန်ခဲ့ကြပါတော့တယ်။

No comments:

Post a Comment