Sunday 27 August 2017

Double Winding Induction Motors

 
[Zawgyi]
ညီတစ္ေယာက္က ေမးလာတဲ့ အေၾကာင္းေျဖေပးၿပီးတဲ့ေနာက္၊ တစ္ျခားမသိေသးတဲ့ သူေတြပါသိရေအာင္ ေရးတင္လိုက္တာပါ။ Double Winding Induction Motor (DWIM) ဒါမွမဟုတ္ Dual Stator Winding Induction Motor (DSIM) ဆိုတာကေတာ့ Stator Winding ႏွစ္ခုပါတဲ့ Motor ေတြပါ။ ဒီ motor ေတြကို တစ္ခ်ဳိ႕ကေတာ့ Pole မေရအတြက္ မတူတဲ့ သီးျခား winding ႏွစ္စုံမွာ Speed ႏွစ္မ်ိဳး ေျပာင္းဖို႔သုံးပါတယ္။ တစ္ခ်ဳိက်ေတာ့ power factor ပိုေကာင္းဖို႔ design လုပ္ထားတာလို႔ဆိုပါတယ္။ 
ကၽြန္ေတာ့္ကို ေမးလာတဲ့ ညီေလးေပးတဲ့ spec မွာ (3 phase 230 YY, 440 Y V) လို႔ေရးထားတာ ေတြ႕ရပါတယ္။ YY ဆိုတာ double winding star connection ေတြမွာ သုံးၾကတာပါ။ 
3phase Double winding Induction motor ေတြမွာ terminal box ကို ဖြင့္ၾကည့္ယင္ 9 pin နဲ႔ 12 pin ဆိုၿပီး ႏွစ္မ်ဳိးရွိပါတယ္။ ( အားလုံးသိၿပီးတဲ့ ေတြ႕ေနက် 3phase Single winding မွာေတာ့ 6 pin ဘဲရွိတာပါ။) Power supply က 3 phase 230V လား၊ 3 phase 440V လား ၾကည့္ရမွာေပါ့။ 230V ကို low voltage 440V ကို high voltage လို႔ ေျပာၾကပါတယ္။ 
9 pin မွာေတာင္ ႏွစ္မ်ဳိးရွိပါတယ္။ fixed  star (Y) connected 9 pin နဲ႔ fixed delta connected 9 pin လို႔ ရွိပါတယ္။ ဘာလို႔လဲဆိုေတာ့ ဒုတိယ winding တစ္စုံရဲ႕ က်န္တဲ့ ၃ စ က Star (Y) ဒါမွမဟုတ္ Delta အျဖစ္  အေသ ဆက္ထား ၿပီးျဖစ္လို႔ပါ။
12 Pin motor ေတြကေတာ့ ပိုၿပီး flexible ျဖစ္ေအာင္ လုပ္ထားပါတယ္။ Low voltage မွာေရာ high voltage မွာပါ Star နဲ delta ႏွစ္မ်ဳိးလုံး ဆက္လို႔ရေအာင္ လုပ္ေပးထားပါတယ္။

Linkage ဆက္သြယ္ပုံေတြနဲ႔ winding diagram ေတြကို နမူနာ ပုံေတြမွာျပထားပါတယ္။

Terminal ေတြမွာ NMEA နဲ႔ IEC နံပါတ္တပ္ပုံ မတူပါဘူး။ NMEA က 1 - 12 တပ္ၿပီး IEC က U, V,  W တပ္ပါတယ္။ NMEA က အေမရိကန္က စံ အသုံးအႏႈံးပါ။ 

ပုံေလးေတြၾကည့္ၿပီး ေလ့လာၾကပါ။

[Unicode]
ညီတစ်ယောက်က မေးလာတဲ့ အကြောင်းဖြေပေးပြီးတဲ့နောက်၊ တစ်ခြားမသိသေးတဲ့ သူတွေပါသိရအောင် ရေးတင်လိုက်တာပါ။ Double Winding Induction Motor (DWIM) ဒါမှမဟုတ် Dual Stator Winding Induction Motor (DSIM) ဆိုတာကတော့ Stator Winding နှစ်ခုပါတဲ့ Motor တွေပါ။ ဒီ motor တွေကို တစ်ချို့ကတော့ Pole မရေအတွက် မတူတဲ့ သီးခြား winding နှစ်စုံမှာ Speed နှစ်မျိုး ပြောင်းဖို့သုံးပါတယ်။ တစ်ချိုကျတော့ power factor ပိုကောင်းဖို့ design လုပ်ထားတာလို့ဆိုပါတယ်။ 
ကျွန်တော့်ကို မေးလာတဲ့ ညီလေးပေးတဲ့ spec မှာ (3 phase 230 YY, 440 Y V) လို့ရေးထားတာ တွေ့ရပါတယ်။ YY ဆိုတာ double winding star connection တွေမှာ သုံးကြတာပါ။ 
3phase Double winding Induction motor တွေမှာ terminal box ကို ဖွင့်ကြည့်ယင် 9 pin နဲ့ 12 pin ဆိုပြီး နှစ်မျိုးရှိပါတယ်။ ( အားလုံးသိပြီးတဲ့ တွေ့နေကျ 3phase Single winding မှာတော့ 6 pin ဘဲရှိတာပါ။) Power supply က 3 phase 230V လား၊ 3 phase 440V လား ကြည့်ရမှာပေါ့။ 230V ကို low voltage 440V ကို high voltage လို့ ပြောကြပါတယ်။ 
9 pin မှာတောင် နှစ်မျိုးရှိပါတယ်။ fixed  star (Y) connected 9 pin နဲ့ fixed delta connected 9 pin လို့ ရှိပါတယ်။ ဘာလို့လဲဆိုတော့ ဒုတိယ winding တစ်စုံရဲ့ ကျန်တဲ့ ၃ စ က Star (Y) ဒါမှမဟုတ် Delta အဖြစ်  အသေ ဆက်ထား ပြီးဖြစ်လို့ပါ။

12 Pin motor တွေကတော့ ပိုပြီး flexible ဖြစ်အောင် လုပ်ထားပါတယ်။ Low voltage မှာရော high voltage မှာပါ Star နဲ delta နှစ်မျိုးလုံး ဆက်လို့ရအောင် လုပ်ပေးထားပါတယ်။ 
Linkage ဆက်သွယ်ပုံတွေနဲ့ winding diagram တွေကို နမူနာ ပုံတွေမှာပြထားပါတယ်။ 

Terminal တွေမှာ NMEA နဲ့ IEC နံပါတ်တပ်ပုံ မတူပါဘူး။ NMEA က 1 - 12 တပ်ပြီး IEC က U, V,  W တပ်ပါတယ်။ NMEA က အမေရိကန်က စံ အသုံးအနှုံးပါ။ 

ပုံလေးတွေကြည့်ပြီး လေ့လာကြပါ။

No comments:

Post a Comment