Monday 24 July 2017

Fire Alarm (၂) - Power Supply Fault



(Zawgyi)
Container သေဘၤာတစ္စီးမွာပါ။ Fire Alarm ျပႆနာေလး စစ္ေပးဖို႔ေျပာလို႔ သြားခဲ့ ပါတယ္။ ကုန္တင္ကုန္ခ်လုပ္တဲ့ အခ်ိန္တိုေလး အတြင္း ၿပီးေအာင္လုပ္ရမယ္တဲ့။ သေဘၤာေပၚေရာက္ေတာ့ Fire Panel ရွိတဲ့ bridge ကိုတက္သြားၾကည့္ပါတယ္။ Maker က Tyco ပါ။ ဒါေပမဲ့ model ေတာ့ မေတြ႕ဘူး။ Drawing/ manual ေတာင္းေတာ့ Zone map ေလးထုတ္လာတယ္။ တစ္ျခား ဘာ drawing မွမရွိဘူးတဲ့။ မတတ္ႏိုင္ဘူး။ ရွိတာနဲ႔ ျဖစ္သလို လုပ္ရေတာ့မွာေပါ့။ Drawing မရွိယင္ အခ်ိန္ပိုၾကာႏိုင္တယ္ေလ။
Panel မွာၾကည့္ေတာ့ Power Supply Fault နဲ႔ General Fault မီးေလး ႏွစ္လုံး မွိတ္တုတ္မွိတ္တုတ္ လင္းေနတယ္။ Reset လုပ္ၾကည့္ေတာ့လည္း မရပါဘူး။ Power Failure ဆိုေတာ့ Power တစ္ခုခု ေပ်ာက္ေနလို႔ေပါ့။ Fire panel ေတြမွာ AC supply နဲ႔ DC backup battery supply ပါေလ့ ရွိပါတယ္။ တစ္ခုခု မလာလို႔လား စစ္ရမွာေပါ့။ အယင္ဆုံး ႀကိဳး အဝင္အထြက္ေတြၾကည့္ၿပီး ဘယ္ႀကိဳးက ဘာအတြက္ဆိုတာ နားလည္ေအာင္ လုပ္ရပါတယ္။ AC အဝင္ႀကိဳးႏွစ္စုံ ေတြ႕ပါတယ္။ တစ္ခုက MSB က ေနာက္တစ္ခုက ESB ကလာတာပါ။ ႏွစ္စုံလုံး power 220V ရွိပါတယ္။ Backup 12V battery ႏွစ္လုံး Series ခ်ိတ္ၿပီး 24V DC ေပးထားပါတယ္။ အဲဒီ battery အထြက္က (AC 220 to 24 DC) power supply အထြက္နဲ႔ သြား ဆုံၿပီး relay ေတြဆီ loop ေပးထားတာေတြ႕ပါတယ္။ တိုင္းၾကည့္ေတ့ DC 20V ဘဲ ထြက္ပါတယ္။ Isolate လုပ္ၿပီး battery တစ္လုံးစီတိုင္းေတာ့ တစ္လုံးက 12V ေနာက္တစ္လုံးက 8V ပါ။ နည္းေနတဲ့ တစ္လုံးကို ျဖဳတ္ အပိုယူလာတဲ့ 12V battery အသစ္နဲ႔ လဲတပ္ေပးလိုက္ပါတယ္။ အခုေတာ့ 24V အျပည့္ျဖစ္သြားပါၿပီ။ ေစာေစာက power supply အထြက္ကို တိုင္းၾကည့္ေတာ့ 20.4 V DC ဘဲရွိပါတယ္။ ဒီ supply output ကလည္း ပုံမွန္မဟုတ္ပါဘူး။ ဒါေပမဲ့ အဲဒီ ႏွစ္ခု ဆုံၿပီး ဆက္ထားတဲ့ အခါ ပိုမ်ားတဲ့ Battery ရဲ႕ 24V ကဘဲ effective ျဖစ္ေနတာေပါ့။
ဒီကိစၥ ခဏထားခဲ့ ဦးမယ္။ ျပန္ၿပီးေတာ့ reset လုပ္ၾကည့္ပါတယ္။ မရပါဘူး။ ဒီတစ္ခါ system full reset လုပ္ၾကည့္ခ်င္ပါတယ္။ ဆိုလိုတာက အကုန္ shut down လုပ္ၿပီး ျပန္စဖို႔ပါ။ AC power supply ႏွစ္ခု ပိတ္လိုက္ပါတယ္။ ေနာက္ၿပီး ေစာေစာက battery အထြက္ႀကိဳးႏွစ္စကို ျဖဳတ္လိုက္ပါတယ္။ Panel မွာ မီးလင္းေနတုန္းဘဲ။ ဘယ္လိုျဖစ္တာလဲေပါ့။ AC power ေရာ DC ပါျဖဳတ္ၿပီးတာ၊ ဘယ္က power ရေနလဲ။ ႀကိဳးေတြ ျပန္လိုက္ ဆြဲၾကည့္၊ multimeter နဲ႔ ေထာက္တိုင္းၿပီး ေသခ်ာၾကည့္ေတာ့မွ Main board အထက္မွာ ေနာက္ထပ္ power supply box တစ္ခု ရွိပါေသးတယ္။ အဲဒီ box မွာ အဝင္ ႀကိဳး ၂စုံရွိပါတယ္။ တစ္စုံက ေစာေစာက AC ကို loop လုပ္ၿပီးဝင္ထားတာပါ။ ေနာက္ အနီအနက္တြဲ တစ္စုံရွိပါေသးတယ္။ အဲဒီ တစ္စုံက 24V DC ရွိေနတယ္။ အထြက္ႀကိဳး ၄ ေခ်ာင္းကို connector နဲ႔ Main board ဆီေပးထားပါတယ္။
ဒါနဲ႔ အဝင္ အနီအနက္ ႀကိဳးေနာက္ ဆက္လိုက္ၾကည့္ေတာ့ panel ေအာက္က အကန္႔ေလးထဲ ဝင္သြားပါတယ္။ Screw ေတြျဖဳတ္ၿပီး ဖြင္ၾကည့္ေတာ့ ေနာက္ထပ္ 12V battery ႏွစ္လုံး တစ္စုံ ထပ္ေတြ႕ရပါတယ္။ Volt တိုင္းၾကည့္ေတာ့ 24V ေက်ာ္ေက်ာ္ ရွိပါတယ္။ အဲဒီ ႀကိဳးႏွစ္ေခ်ာင္း ျဖဳတ္လိုက္မွ system black out ျဖစ္သြားေတာ့တယ္။ ဒါေတာင္ buzzer သံစူးစူး ထြက္လာလို႔ ၾကည့္ေတာ့ panel door မွာတပ္ထားတဲ့ display mimic board မွာ ကပ္ထားတဲ့ 9V battery ေလးေထာင့္တုံးေလးတစ္ခု ရွိေနေသးတယ္။ တိုင္းၾကည့္ေတာ့ 9.3 V ဆိုေတာ့ ျပႆနာမရွိဘူးေပါ့။ 
အခုမွ နည္းနည္း သေဘာေပါက္လာတယ္။ ဒီ system က ေတာ္ေတာ္ လုပ္ထားတာပါလား။ AC supply က ၂ခု၊ DC backup battery က system အတြက္တစ္စုံ၊ external device ေတြျဖစ္တဲ့ bell, horn, light အဲဒီ output ေတြ အတြက္ တစ္စုံ ႏွစ္စုံခြဲထားတာပါ။ ဒါ့ အျပင္ supply အကုန္ down သြားယင္ alert လုပ္ဖို႔ 9V battery နဲ႔ buzzer ကို ခ်ိတ္ထားေသးတယ္။
၅ မိနစ္ေလာက္ ေစာင့္ၿပီး power ေတြျပန္ဖြင့္၊ battery ေတြ ျပန္ဆက္လိုက္ေတာ့ system ျပန္စပါတယ္။ Initialize ၿပီး ေတာ့ ဘာ Alarm မွ မရွိေတာ့ပါဘူး။ အင္ဒို ဓာတ္ႀကိဳးႀကီးက ခဏေစာင့္ၾကည့္ပါတဲ့။ ၁၅-၂၀ မိနစ္ေလာက္ၾကာယင္ ျပန္ျဖစ္တတ္တယ္တဲ့။ ဒါနဲ႔ နာရီမွတ္ၿပီး ေစာင့္ၾကည့္တာ နာရီဝက္ ေလာက္မွာ power supply fault နဲ႔ General fault ျပန္တက္လာျပန္ပါတယ္။
ဒီတစ္ခါ ေသခ်ာ ျပန္ေလ့လာၾကည့္ေတာ့ output device ေတြ အတြက္ backup battery က main board ရဲ႕ relay contact နဲ႔ဘဲ ဆက္ထားတာဆိုေတာ့ သူ႔ power ကို system က detect မလုပ္ႏိုင္ေတာ့ဘူး။ ဒီေတာ့ အခု Alarm က အဲဒီ external device ေတြရဲ႕ supply ေတြနဲ႔ မဆိုင္ေတာ့ဘူး။ Display board မွာ တြဲထားတဲ့ 9V battery ကလည္း ေကာင္းေနေတာ့ မျဖစ္ဖို႔မ်ားတယ္။ Main power box တစ္ခုဘဲ က်န္ေတာ့တယ္။ အဲဒီ power box အဝင္ AC 220V နဲ႔ fuse တိုင္းၾကည့္ေတာ့ ေကာင္းေနတယ္။ 24V DC အဝင္တိုင္းေတာ့လည္း ေကာင္းေနျပန္တယ္။ အဲဒီ box မွာ LED မီး ၃ လုံးရွိပါတယ္။ အစိမ္းေရာင္တစ္လုံးနဲ႔ အဝါ ၂ လုံးပါ။ အစိမ္းေရာင္က Power မီး ျဖစ္မွာပါ။ သူက အၿမဲလင္းေနလို႔ပါ။ အဝါမီး ၂ လုံးက fault မတက္ခင္မွာ ႏွစ္ခုလုံး ၿငိမ္းေနၿပီး fault တက္ခ်ိန္မွာ အဝါမီး တစ္လုံး လင္းေနပါတယ္။ ဒီေတာ့ power input တစ္ခုစီအတြက္ fault မီး တစ္လုံးစီထားတာလို႔ ယူဆပါတယ္။ Power box အထြက္ ႀကိဳး ၄ ေခ်ာင္းမွာ ၂ ေခ်ာင္းက 24V supply ျဖစ္ၿပီး က်န္တဲ့ ၂ ေခ်ာင္းက power တစ္ခုခု ေပ်ာက္ေနယင္ fault signal ေပးဖို႔ အတြက္လို႔ ယူဆပါတယ္။
ဒါေပမဲ့ box အဝင္အထိ AC ေရာ DC ပါ power source ႏွစ္ခုလုံး ေရာက္ေနတယ္။  ဘာလို႔ fault မီးလုံး လင္းတာလဲ။ ဒီ power supply box တစ္ခုခု မွားေနၿပီထင္တယ္။ ဖြင့္ ၾကည့္ခ်င္တာနဲ႔ ကပ္ကပ္သတ္သတ္ ျဖဳတ္ခ်လိုက္ပါတယ္။ အဖုံးဖြင့္ဖို႔ ၾကည့္ေတာ့ screw နဲ႔ ပိတ္တာမဟုတ္ဘဲ rivert  နဲ႔ အေသပိတ္ထားတယ္။ ဖြင့္မၾကည့္ေစခ်င္တဲ့ သေဘာ။ ပ်က္ယင္ တစ္ခုလုံး အသစ္လဲ ဆိုတဲ့ အဓိပၸာယ္ေပါ့။ ဝယ္ဖို႔ကလည္း common power supply type မဟုတ္ေတာ့ maker ဆီမွာရမယ္ထင္တယ္။ ဘာျဖစ္ျဖစ္ ဖြင့္စစ္ခ်င္တာနဲ႔ ဓာတ္ႀကိဳးႀကီးကို drill ရယ္ rivert gun ရယ္ယူခိုင္းလိုက္တယ္။ေနာက္ၿပီး DC အဝင္ႀကိဳး ၂ ေခ်ာင္းက 4 mm2 ေတြသုံးထားေတာ့ connector မွာ မဆန္႔မၿပဲနဲ႔ ေၾကးမွ်င္ေလးေတြ အေပါင္းနဲ႔ အႏႈတ္ ထိလုလုျဖစ္ေနတယ္။ အဲဒီႀကိဳးပါ လဲဖို႔ 1.5 mm2 ႀကိဳး ပါယူခိုင္းလိုက္တယ္။ 
သူ႔ကိုေစာင့္ေနတုန္း လဲမယ့္ႀကိဳးကို ရွင္းလင္းေရးလုပ္၊ ျဖဳတ္ခ်ပါတယ္။ အဲဒီမွာ ႀကိဳးကိုဆြဲထုတ္လိုက္ေတာ့ tape နဲ႔ ပတ္ထားတဲ့ အဆက္တစ္ခု ေတြ႕ပါတယ္။ tape ခြာၾကည့္ေတာ့ pvc connector အဝင္မွာ ႀကိဳးတစ္စက အထဲထိမေရာက္ဘဲ ထိ႐ုံေလး ေတ့ဆက္ျဖစ္ေနတာေတြ႕ပါတယ္။ ဒါေၾကာင့္ဆိုတာ ခ်က္ခ်င္းသိလိုက္ပါၿပီ။ ကံေကာင္းလို႔ေပါ့ power supply box ကို ဖြင့္ထုတ္တာေတြမလုပ္ရေသးလို႔။ ေစာေစာက တိုင္းလို႔ ရတဲ့ 24V က stray voltage လို႔ ေခၚတဲ့ မထိတထိနဲ႔ ျဖစ္လာတဲ့ voltage ျဖစ္မွာပါ။ တစ္ကယ္ sensing circuit မွာ current နဲ႔ ျဖတ္ေတာ့ မရႏိုင္တာျဖစ္ႏိုင္ပါတယ္။ ေနာက္ DC အဝင္ႀကိဳးကို 1.5 mm2 နဲ႔လဲ၊ ေသခ်ာဆက္၊ အကုန္ျပန္ဆင္ၿပီးေတာ့ ျပန္စမ္းၾကည့္ပါတယ္။ Power supply box မွာ အဝါေရာင္ fault မီးမလင္းေတာ့သလို power supply fault နဲ႔ general fault လည္း မတက္ေတာ့ပါဘူး။ ေသခ်ာေအာင္ တစ္နာရီနီးပါး ေစာင့္ၾကည့္ေတာ့လည္း အဆင္ေျပပါတယ္။ ထုံးစံအတိုင္း fire alarm functionality test ေတြလုပ္ျပစမ္းျပခဲ့ပါတယ္။ အားလုံး အဆင္ေျပပါတယ္။
External device ေတြအတြက္ AC to DC power supply ကိုေတာ့ မွာၿပီး လဲဖို႔ ေျပာခဲ့ပါတယ္။ အဲဒီ supply ကေတာ့ အလြယ္ေတြ႕ေနက် အမ်ဳိးအစားပါ။ 20.4V ဘဲ ထြက္ေတာ့ ၾကာယင္ battery ျမန္ျမန္ကုန္မွာေၾကာင့္ပါ။

(Unicode)

Container သင်္ဘောတစ်စီးမှာပါ။ Fire Alarm ပြဿနာလေး စစ်ပေးဖို့ပြောလို့ သွားခဲ့ ပါတယ်။ ကုန်တင်ကုန်ချလုပ်တဲ့ အချိန်တိုလေး အတွင်း ပြီးအောင်လုပ်ရမယ်တဲ့။ သင်္ဘောပေါ်ရောက်တော့ Fire Panel ရှိတဲ့ bridge ကိုတက်သွားကြည့်ပါတယ်။ Maker က Tyco ပါ။ ဒါပေမဲ့ model တော့ မတွေ့ဘူး။ Drawing/ manual တောင်းတော့ Zone map လေးထုတ်လာတယ်။ တစ်ခြား ဘာ drawing မှမရှိဘူးတဲ့။ မတတ်နိုင်ဘူး။ ရှိတာနဲ့ ဖြစ်သလို လုပ်ရတော့မှာပေါ့။ Drawing မရှိယင် အချိန်ပိုကြာနိုင်တယ်လေ။ 
Panel မှာကြည့်တော့ Power Supply Fault နဲ့ General Fault မီးလေး နှစ်လုံး မှိတ်တုတ်မှိတ်တုတ် လင်းနေတယ်။ Reset လုပ်ကြည့်တော့လည်း မရပါဘူး။ Power Failure ဆိုတော့ Power တစ်ခုခု ပျောက်နေလို့ပေါ့။ Fire panel တွေမှာ AC supply နဲ့ DC backup battery supply ပါလေ့ ရှိပါတယ်။ တစ်ခုခု မလာလို့လား စစ်ရမှာပေါ့။ အယင်ဆုံး ကြိုး အဝင်အထွက်တွေကြည့်ပြီး ဘယ်ကြိုးက ဘာအတွက်ဆိုတာ နားလည်အောင် လုပ်ရပါတယ်။ AC အဝင်ကြိုးနှစ်စုံ တွေ့ပါတယ်။ တစ်ခုက MSB က နောက်တစ်ခုက ESB ကလာတာပါ။ နှစ်စုံလုံး power 220V ရှိပါတယ်။ Backup 12V battery နှစ်လုံး Series ချိတ်ပြီး 24V DC ပေးထားပါတယ်။ အဲဒီ battery အထွက်က (AC 220 to 24 DC) power supply အထွက်နဲ့ သွား ဆုံပြီး relay တွေဆီ loop ပေးထားတာတွေ့ပါတယ်။ တိုင်းကြည့်တေ့ DC 20V ဘဲ ထွက်ပါတယ်။ Isolate လုပ်ပြီး battery တစ်လုံးစီတိုင်းတော့ တစ်လုံးက 12V နောက်တစ်လုံးက 8V ပါ။ နည်းနေတဲ့ တစ်လုံးကို ဖြုတ် အပိုယူလာတဲ့ 12V battery အသစ်နဲ့ လဲတပ်ပေးလိုက်ပါတယ်။ အခုတော့ 24V အပြည့်ဖြစ်သွားပါပြီ။ စောစောက power supply အထွက်ကို တိုင်းကြည့်တော့ 20.4 V DC ဘဲရှိပါတယ်။ ဒီ supply output ကလည်း ပုံမှန်မဟုတ်ပါဘူး။ ဒါပေမဲ့ အဲဒီ နှစ်ခု ဆုံပြီး ဆက်ထားတဲ့ အခါ ပိုများတဲ့ Battery ရဲ့ 24V ကဘဲ effective ဖြစ်နေတာပေါ့။ 
ဒီကိစ္စ ခဏထားခဲ့ ဦးမယ်။ ပြန်ပြီးတော့ reset လုပ်ကြည့်ပါတယ်။ မရပါဘူး။ ဒီတစ်ခါ system full reset လုပ်ကြည့်ချင်ပါတယ်။ ဆိုလိုတာက အကုန် shut down လုပ်ပြီး ပြန်စဖို့ပါ။ AC power supply နှစ်ခု ပိတ်လိုက်ပါတယ်။ နောက်ပြီး စောစောက battery အထွက်ကြိုးနှစ်စကို ဖြုတ်လိုက်ပါတယ်။ Panel မှာ မီးလင်းနေတုန်းဘဲ။ ဘယ်လိုဖြစ်တာလဲပေါ့။ AC power ရော DC ပါဖြုတ်ပြီးတာ၊ ဘယ်က power ရနေလဲ။ ကြိုးတွေ ပြန်လိုက် ဆွဲကြည့်၊ multimeter နဲ့ ထောက်တိုင်းပြီး သေချာကြည့်တော့မှ Main board အထက်မှာ နောက်ထပ် power supply box တစ်ခု ရှိပါသေးတယ်။ အဲဒီ box မှာ အဝင် ကြိုး ၂စုံရှိပါတယ်။ တစ်စုံက စောစောက AC ကို loop လုပ်ပြီးဝင်ထားတာပါ။ နောက် အနီအနက်တွဲ တစ်စုံရှိပါသေးတယ်။ အဲဒီ တစ်စုံက 24V DC ရှိနေတယ်။ အထွက်ကြိုး ၄ ချောင်းကို connector နဲ့ Main board ဆီပေးထားပါတယ်။ ဒါနဲ့ အဝင် အနီအနက် ကြိုးနောက် ဆက်လိုက်ကြည့်တော့ panel အောက်က အကန့်လေးထဲ ဝင်သွားပါတယ်။ Screw တွေဖြုတ်ပြီး ဖွင်ကြည့်တော့ နောက်ထပ် 12V battery နှစ်လုံး တစ်စုံ ထပ်တွေ့ရပါတယ်။ Volt တိုင်းကြည့်တော့ 24V ကျော်ကျော် ရှိပါတယ်။ အဲဒီ ကြိုးနှစ်ချောင်း ဖြုတ်လိုက်မှ system black out ဖြစ်သွားတော့တယ်။ ဒါတောင် buzzer သံစူးစူး ထွက်လာလို့ ကြည့်တော့ panel door မှာတပ်ထားတဲ့ display mimic board မှာ ကပ်ထားတဲ့ 9V battery လေးထောင့်တုံးလေးတစ်ခု ရှိနေသေးတယ်။ တိုင်းကြည့်တော့ 9.3 V ဆိုတော့ ပြဿနာမရှိဘူးပေါ့။ 
အခုမှ နည်းနည်း သဘောပေါက်လာတယ်။ ဒီ system က တော်တော် လုပ်ထားတာပါလား။ AC supply က ၂ခု၊ DC backup battery က system အတွက်တစ်စုံ၊ external device တွေဖြစ်တဲ့ bell, horn, light အဲဒီ output တွေ အတွက် တစ်စုံ နှစ်စုံခွဲထားတာပါ။ ဒါ့ အပြင် supply အကုန် down သွားယင် alert လုပ်ဖို့ 9V battery နဲ့ buzzer ကို ချိတ်ထားသေးတယ်။
၅ မိနစ်လောက် စောင့်ပြီး power တွေပြန်ဖွင့်၊ battery တွေ ပြန်ဆက်လိုက်တော့ system ပြန်စပါတယ်။ Initialize ပြီး တော့ ဘာ Alarm မှ မရှိတော့ပါဘူး။ အင်ဒို ဓာတ်ကြိုးကြီးက ခဏစောင့်ကြည့်ပါတဲ့။ ၁၅-၂၀ မိနစ်လောက်ကြာယင် ပြန်ဖြစ်တတ်တယ်တဲ့။ ဒါနဲ့ နာရီမှတ်ပြီး စောင့်ကြည့်တာ နာရီဝက် လောက်မှာ power supply fault နဲ့ General fault ပြန်တက်လာပြန်ပါတယ်။
ဒီတစ်ခါ သေချာ ပြန်လေ့လာကြည့်တော့ output device တွေ အတွက် backup battery က main board ရဲ့ relay contact နဲ့ဘဲ ဆက်ထားတာဆိုတော့ သူ့ power ကို system က detect မလုပ်နိုင်တော့ဘူး။ ဒီတော့ အခု Alarm က အဲဒီ external device တွေရဲ့ supply တွေနဲ့ မဆိုင်တော့ဘူး။ Display board မှာ တွဲထားတဲ့ 9V battery ကလည်း ကောင်းနေတော့ မဖြစ်ဖို့များတယ်။ Main power box တစ်ခုဘဲ ကျန်တော့တယ်။ အဲဒီ power box အဝင် AC 220V နဲ့ fuse တိုင်းကြည့်တော့ ကောင်းနေတယ်။ 24V DC အဝင်တိုင်းတော့လည်း ကောင်းနေပြန်တယ်။ အဲဒီ box မှာ LED မီး ၃ လုံးရှိပါတယ်။ အစိမ်းရောင်တစ်လုံးနဲ့ အဝါ ၂ လုံးပါ။ အစိမ်းရောင်က Power မီး ဖြစ်မှာပါ။ သူက အမြဲလင်းနေလို့ပါ။ အဝါမီး ၂ လုံးက fault မတက်ခင်မှာ နှစ်ခုလုံး ငြိမ်းနေပြီး fault တက်ချိန်မှာ အဝါမီး တစ်လုံး လင်းနေပါတယ်။ ဒီတော့ power input တစ်ခုစီအတွက် fault မီး တစ်လုံးစီထားတာလို့ ယူဆပါတယ်။ Power box အထွက် ကြိုး ၄ ချောင်းမှာ ၂ ချောင်းက 24V supply ဖြစ်ပြီး ကျန်တဲ့ ၂ ချောင်းက power တစ်ခုခု ပျောက်နေယင် fault signal ပေးဖို့ အတွက်လို့ ယူဆပါတယ်။ 
ဒါပေမဲ့ box အဝင်အထိ AC ရော DC ပါ power source နှစ်ခုလုံး ရောက်နေတယ်။  ဘာလို့ fault မီးလုံး လင်းတာလဲ။ ဒီ power supply box တစ်ခုခု မှားနေပြီထင်တယ်။ ဖွင့် ကြည့်ချင်တာနဲ့ ကပ်ကပ်သတ်သတ် ဖြုတ်ချလိုက်ပါတယ်။ အဖုံးဖွင့်ဖို့ ကြည့်တော့ screw နဲ့ ပိတ်တာမဟုတ်ဘဲ rivert  နဲ့ အသေပိတ်ထားတယ်။ ဖွင့်မကြည့်စေချင်တဲ့ သဘော။ ပျက်ယင် တစ်ခုလုံး အသစ်လဲ ဆိုတဲ့ အဓိပ္ပာယ်ပေါ့။ ဝယ်ဖို့ကလည်း common power supply type မဟုတ်တော့ maker ဆီမှာရမယ်ထင်တယ်။ ဘာဖြစ်ဖြစ် ဖွင့်စစ်ချင်တာနဲ့ ဓာတ်ကြိုးကြီးကို drill ရယ် rivert gun ရယ်ယူခိုင်းလိုက်တယ်။နောက်ပြီး DC အဝင်ကြိုး ၂ ချောင်းက 4 mm2 တွေသုံးထားတော့ connector မှာ မဆန့်မပြဲနဲ့ ကြေးမျှင်လေးတွေ အပေါင်းနဲ့ အနှုတ် ထိလုလုဖြစ်နေတယ်။ အဲဒီကြိုးပါ လဲဖို့ 1.5 mm2 ကြိုး ပါယူခိုင်းလိုက်တယ်။ 
သူ့ကိုစောင့်နေတုန်း လဲမယ့်ကြိုးကို ရှင်းလင်းရေးလုပ်၊ ဖြုတ်ချပါတယ်။ အဲဒီမှာ ကြိုးကိုဆွဲထုတ်လိုက်တော့ tape နဲ့ ပတ်ထားတဲ့ အဆက်တစ်ခု တွေ့ပါတယ်။ tape ခွာကြည့်တော့ pvc connector အဝင်မှာ ကြိုးတစ်စက အထဲထိမရောက်ဘဲ ထိရုံလေး တေ့ဆက်ဖြစ်နေတာတွေ့ပါတယ်။ ဒါကြောင့်ဆိုတာ ချက်ချင်းသိလိုက်ပါပြီ။ ကံကောင်းလို့ပေါ့ power supply box ကို ဖွင့်ထုတ်တာတွေမလုပ်ရသေးလို့။ စောစောက တိုင်းလို့ ရတဲ့ 24V က stray voltage လို့ ခေါ်တဲ့ မထိတထိနဲ့ ဖြစ်လာတဲ့ voltage ဖြစ်မှာပါ။ တစ်ကယ် sensing circuit မှာ current နဲ့ ဖြတ်တော့ မရနိုင်တာဖြစ်နိုင်ပါတယ်။ နောက် DC အဝင်ကြိုးကို 1.5 mm2 နဲ့လဲ၊ သေချာဆက်၊ အကုန်ပြန်ဆင်ပြီးတော့ ပြန်စမ်းကြည့်ပါတယ်။ Power supply box မှာ အဝါရောင် fault မီးမလင်းတော့သလို power supply fault နဲ့ general fault လည်း မတက်တော့ပါဘူး။ သေချာအောင် တစ်နာရီနီးပါး စောင့်ကြည့်တော့လည်း အဆင်ပြေပါတယ်။ ထုံးစံအတိုင်း fire alarm functionality test တွေလုပ်ပြစမ်းပြခဲ့ပါတယ်။ အားလုံး အဆင်ပြေပါတယ်။
External device တွေအတွက် AC to DC power supply ကိုတော့ မှာပြီး လဲဖို့ ပြောခဲ့ပါတယ်။ အဲဒီ supply ကတော့ အလွယ်တွေ့နေကျ အမျိုးအစားပါ။ 20.4V ဘဲ ထွက်တော့ ကြာယင် battery မြန်မြန်ကုန်မှာကြောင့်ပါ။

No comments:

Post a Comment